Channel Myanmar

Comedy

Fit Check: Confessions of an Ukay Queen (2023) Complete 10
Fit Check: Confessions of an Ukay Queen (2023) Complete Fit Check: Confessions of An Ukay Queen (2023) IMDb-8.5/10အခုတစ်ခေါက်မှာတော့ ဖက်ရှင်ကိုအရမ်းရူးသွပ်တဲ့ကောင်မလေးတစ်ယောက်ရဲ့ အိပ်မက်တွေလက်တွေဖြစ်လာဖို့ ကြိုးစားတာကို ကြည့်ရှုခံစားရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်သလို ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းနေရင်း အခက်အခဲတွေ ကြုံတွေလာလို့ ပင်ပန်းနေတဲ့အခါမျိုးမှာ ကြည့်သင့်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်လည်းပဲ ဖြစ်ပါတယ်။ငယ်စဉ်ကတည်းက အဖေဖြစ်သူရဲ့အဝတ်အစားဘေထုပ်ရောင်းတဲ့ဆိုင်မှာ ကြီးပြင်းလာခဲ့တဲ့သူတစ်ယောက်ဖြစ်ပြီး ဖက်ရှင်တွေကို ရူးသွပ်နေတဲ့ ကောင်မလေး မယ်လန်နီ။ အဖေဖြစ်သူဆုံးပါးသွားပြီးနောက်ပိုင်းမှာတော့ အဖေ့လက်ကျန်စီးပွားရေးလေးကို ဆက်လုပ်ကိုင်နေခဲ့ပေမဲ့ ကံမကောင်းစွာဘဲ ဘေထုပ်ဆိုင်လေးကို ဆုံးရှုံးခဲ့ရပါတယ်။ဒီလိုနဲ့ပဲ တစ်နေ့မှာတော့ SFXဥက္ကဌရဲ့ သားဖြစ်သူ ခရစ်ဘလန်ကိုရဲ့ဖိတ်ခေါ်မှုနဲ့အတူ ဖက်ရှင်လောကထဲကို ဝင်ရောက်ဖို့ ‌အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီလိုနဲ့ စတင်လာခဲ့တဲ့ အိပ်မက်တို့ ဦးတည်ရာဆီကို ကိုယ်စီသွားနေကြတဲ့ သူတွေနဲ့ ရင်ဆိုင်လာကြရတဲ့အခါမှာတော့ ဘယ်လိုခံယူချက်မျိုးနဲ့ ဖြတ်သန်းသွားကြမလဲ.... မယ်လန်နီတစ်ယောက်ရော ဘဝရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်ပါ့မလား ....ဘယ်လိုအခက်အခဲဆူးလမ်းတွေကို ကျော်ဖြတ်ရမလဲ... စတာတွေကို ခံစားနိုင်ဖို့အတွက် ဒီဇာတ်လမ်းကို ကြည့်ရှုလိုက်ကြပါဦး...(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ Dee ~ BpL ~Yunni~ Zwe ~ Cherry ~ YH တို့ပဲဖြစ်ပါတယ်)Quality : 1080p WEB ...
10
TMDb: 10/10 1 votes
tv

Fit Check: Confessions of an Ukay Queen (2023) Complete

2023
Minato’s Laundromat S2(2023)
Minato’s Laundromat S2(2023) Minato's Laundromat S2(2023)*****************************အပိုင်း  (၁ မှ ၁၂ ) အထိ  စ / ဆုံးSeason1မှာ အချိုတွေကဲပြီးရိုခဲ့တဲ့ ကိုကိုMinatoနဲ့အဆိုးလေး Shinတို့ကတော့Season2နဲ့အတူ Bl ပရိသတ်တွေဆီပြန်ရောက်လာပါပြီSeason2မှာတော့ Minatoနဲ့အတူ ဘဝတစ်ခုကိုအတူဖြတ်သန်းချင်တဲ့Shinဟာ တစ်မိုးအောက်တည်းမှာ Minatoနဲ့ အတူနေဖို့ ကြိုးစားခဲ့ပါတယ်S1တုန်းက အရိမ်အမြွက်လောက်သာ ပါခဲ့တဲ့ Asukaနဲ့ Hiiragiတို့ရဲ့ ချစ်ငုံဖူးစအချစ်အရေးဟာလည်းရှုပ်ထွေးတဲ့အပြောင်းအလဲတွေရှိလာပါတယ်Minatoနဲ့ Shinတို့ နှစ်ဦးတူတူနေတဲ့အခါ ဘယ်လိုတွေရိုပြီး ဘယ်လိုစိန်ခေါ်မှုတွေရှိလာမလဲ…Asuka နဲ့ Hiiragiတို့ရဲ့ အချစ်ရေးကရော ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကိုတော့…အတွဲနှစ်တွဲကြားမှာ စောင်လေးကိုက်ပြီး ခံစားကြည့်ရှုကြပါဦးEpisodes: 12Aired:  Jul 5, 2023 - Sep 20, 2023Aired On:  WednesdayFile Size: 415MBQuality :Web-DL 1080pGenres: Drama, Comedy, Life, RomanceTranslated by  Khine Khine Wai , Miri & Hay Thar ...

Minato’s Laundromat S2(2023)

2023
Cunk on Britain (2018) 8.3
Cunk on Britain (2018) Cunk on Britain (2018) Complete ~ IMDb rating - 8.3/10 ~ "နယူတန် ကမ္ဘာ့မြေဆွဲအားကို မတီထွင်ခင်တုန်းက လူတွေက လေပေါ်မှာဝဲနေမှာပဲ..." အဲဒီလို ဂေါက်တိဂေါက်တောက်စဉ်းစားမိကြဖူးလား။ အမှောင်ခေတ်ဆိုတာ မီးပြတ်နေတဲ့ခေတ်လို့ တွေးမိကြဖူးလား။ ကပ်ရောဂါက မကောင်းဘူးဆိုရင် ဘာလို့ဖြစ်ကြတာလဲ။ အချင်းချင်းမေးရင်တောင် ဂေါက်နေတာလားလို့ ပြန်မေးခံရမယ့် မေးခွန်းတွေကို ဒီမမကြီးက ဒီလိုမေးခွန်းတွေကို သက်ဆိုင်ရာ ပညာရှင်တွေဆီကို သွားမေးပါတယ်။ သူကတော့ ဖီလိုမီနာကန့်ခ်ပါ။ ဒီတစ်ခါမှာတော့ သူက ဗြိတိန်နိုင်ငံရဲ့ သမိုင်းကြောင်းကို ပေါက်ကရလေးဆယ် တင်ပြသွားမှာပါ။ ဗြိတိန်သမိုင်းကို ခွီရင်းနဲ့ လေ့လာနိုင်ပါလိမ့်မယ်။ ကြည့်နေရင်း မေးခံရတဲ့ ပညာရှင်တွေက ထရိုက်ချင်စိတ်ပေါက်နေတာ၊ ရယ်ချင်စိတ်ပေါက်နေတာကို မနည်းထိန်းနေရတာကို တွေ့ရမှာပါ။ ပြီးတော့ မေးတဲ့မေးခွန်းက ကြောင်တောင်တောင်နိုင်လွန်းလို့ ပညာရှင်တွေ ဖြေရကြပ်သွားတာကို ကြည့်ရတာလည်း ခွီချင်စရာပါပဲ။ ဗြိတိန်သမိုင်းကို အမှန်အကန်လေ့လာနေတဲ့သူတွေအတွက်လည်း ဇဝေဇဝါဖြစ်စရာ မေးခွန်းတွေကို ဘာမှန်းမသိ ဖြစ်သွားအောင်လုပ်ပေးပါလိမ့်မယ်။ ဒါကတော့ ကန့်ခ်ပြောတဲ့ ဗြိတိန်အကြောင်းပါ။ (ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ ...
8.3
TMDb: 8.3/10 58 votes
tv

Cunk on Britain (2018)

2018
Feels Like Home(2023) Season2 Complete 6.5
Feels Like Home(2023) Season2 Complete Feels Like Home Season 2 (2023)IMDb-8.3/10ဇာတိမြေ မိဘရင်ခွင်ကနေခွဲထွက်လာကြတဲ့ လူငယ်လေးယောက်ရဲ့ဘဝခရီးမှာ တစ်ယောက်တစ်လှည့်အားပေးကူညီကြရင်း ရုန်းကန်လှုပ်ရှားကြရင်းပေါ့သူငယ်ချင်းတွေကိုပဲ သံယောဇဉ်တွယ်လွန်းတဲ့ကောင်လေးတစ်ယောက် ၊ ခရစ်ကတ်ကိုသာဘဝ ခရစ်ကတ်သာဘဝ သတ်မှတ်ထားတဲ့ လူငယ်တစ်ယောက် ၊ ကဗျာသာရေးနေရရင် အရာအားလုံးမေ့ပြီး ပျော်ရွှင်နေရသူတစ်ယောက် ၊ အနားမှာရှိနေတဲ့သူတွေကို အမြဲပျော်အောင်စိတ်ချမ်းသာအောင်ထားချင်သူတစ်ယောက်ဒီလေးယောက်ကြား လူမှုကိစ္စတွေ အချစ်ရေးတွေ ပတ်ဝန်းကျင်ရိုက်ခတ်မှုတွေရှိလာချိန်မှာ ဒီသူငယ်ချင်းလေးယောက်အချင်းချင်းထွေးပွေ့ကြ ရှေ့ဆက်ကြနဲ့ နွေးထွေးတဲ့ဂေဟာလေးအဖြစ် တည်ဆောက်ကြတာတွေကို ရှုစားရမှာဖြစ်ပါတယ် (အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ YH ~ Zwe ~ Yunni တို့ပဲဖြစ်ပါတယ်)Quality : 1080p WEB DL / 720pTotal Episodes : 6EpsFormat : mp4Genres : ComedyDuration : 35min 36minsSubtitle : Myanmar Subtitle ( Hardsub )Translated by BpL ...
6.5
TMDb: 6.5/10 2 votes
tv

Feels Like Home(2023) Season2 Complete

2022
Miracle Workers – Season (01),(02),(03),(04) 7.1
Miracle Workers – Season (01),(02),(03),(04) Miracle Workers - Season (01),(02),(03),(04) ================================ IMDb Rating - 7.1/10 Comedy, Drama, FantasyIMDB 7.1 ထိရထားပြီး ဟယ်ရီပေါ်တာမင်းသား Daniel Radcliffe ဦးဆောင် ပါဝင်ထားတဲ့ Comedy, Fantasy ဇာတ်လမ်းတွဲကောင်းလေးဖြစ်ပါတယ်။ Season 4 ခုထိထွက်ရှိမှာဖြစ်ပြီး CM မှ ဆက်တိုက်တင်ဆက်သွားပါမယ်။ကမ္ဘာပေါ်က လူသားတွေဟာ ဘုရားသခင်ကို အယုံမကြည်ရှိသူတွေ များသထက် ပိုများလာပါတယ်။ လူ့အကြိုက် နတ်မလိုက်နိုင် ဆိုသလို လူတွေရဲ့ လိုအင်ဆန္ဒတွေ ကလည်း ဘုရားသခင်တောင် လက်မြှောက်အရှုံးပေးပြီး ထိုင်ကြည့်နေရပါတယ်။ ဘုရားသခင်ဖြစ်သူက သူဖန်တီးထားတဲ့ လူသားကမ္ဘာကြီးကို စိတ်ပျက်ငြီးငွေ့လာတဲ့ အခါမှာ အလုံးစုံဖျက်စီးလိုက်ဖို့ ကြေငြာလိုက်ပါတယ်။ ဒါကို ဆုတောင်းဖြည့်နတ်သူ ငယ်ရာထူးတာဝန်ယူထားတဲ့ အီဇီကရယ် ( Daniel Radcliffe ) နဲ့ အသစ်ဝန်လာတဲ့ နတ်သူငယ်ဝန်ထမ်းလေး အလက်ဇန်းဒါးက လူသားမျိုးနွယ်ကို ကူညီကယ်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဆုတောင်းဖြည့်တာဝန်ယူထားရတယ်ဆိုပေမယ့် သူတို့ဆီကို ဆုတောင်းလာတဲ့ စာတွေက တစ်နေ့ကို သန်းနဲ့ချီရှိပေမယ့် ဖြည့်ပေးနိုင်တဲ့ဆုက ကား သော့ပျောက်လို့ ...
7.1
TMDb: 7.1/10 16000 votes
tv

Miracle Workers – Season (01),(02),(03),(04)

2019
Feels Like Home (2022) S1 Complete 6.5
Feels Like Home (2022) S1 Complete Feels Like Home 2022 Season -1 IMDb - 8.3/10Feels Like Home စီးရီးဟာဆိုရင် အိမ်နှင့်ခွဲခွာပြီး အလုပ်ကိစ္စကိုယ်စီနဲ့မြို့ပေါ်တက်လာတဲ့ ကောင်လေးလေးယောက်က တစ်အိမ်ထဲမှာစုပြီး ငှားနေရင်း ပြဿနာပေါင်းသောင်းခြောက်ထောင် ဘယ်လိုဖန်တီးကြတယ်ဆိုတာ ကြည့်ရှုရမှာပါ။ပြဿနာကိုယ်စီနဲ့ တစ်အိမ်တည်းမှာ ပါတီတွေ၊ လိင်မှုကိစ္စတွေ၊ ရန်ပွဲတွေ၊ ဒရာမာတွေနဲ့ ယောက်ျားသားလေး ၄ ယောက် ပေါင်းစည်းလိုက်တဲ့အခါမှာတော့ သူတို့ရဲ့နေ့စဉ်ဘ၀ပါ ဟန်ချက်ညီအောင်ထိန်းဖို့ထိ ခက်ခဲလာပါတယ်။ သို့ပေမဲ့လည်း ညီကိုတွေဒီလိုနေဆိုပြီး အချင်းချင်း ဗရုတ်ကျရင်း ဖေးမကြရင်း ပြဿနာရှာတတ်တဲ့ လူငယ်တွေကနေ ရင့်ကျက်တဲ့ လူကြီးတွေဖြစ်လာအောင် သူတို့ဘယ်လိုသင်ယူကြမယ် အခက်အခဲတွေ မလုံခြုံမှုတွေကို ဘယ်လိုကူညီကြမယ်ဆိုတာ တင်ဆက်ထားပါတယ်။တစ်ချို့အတွက်တော့ မိသားစုစုံစုံညီညီ ချစ်ရခင်ရတဲ့သူတွေနဲ့အတူနေရရင် အိမ်လိုခေါ်ကြသလို တစ်ချို့ကျတော့ ဒုတိယမိသားစုလို ဘော်ဒါအချင်းချင်းနဲ့လည်း အိမ်လိုခံစားစေရပါတယ်။ ကိုယ့်အတွက်ရော ကိုယ့်အိမ်ကိုယ့်ရာလို သဘောထားရတဲ့နေရာက ဘယ်နေရာမျိုးလဲဆိုတာ အဖြေရှာရင်း Feels like home ဆိုတဲ့ စီးရီးကို အပန်းဖြေကြည့်ရှုလိုက်ရအောင်ပါ။Review နဲ့ ဘာသာပြန်ကတော့ Moon~Zwe~BpL~V~Yunni~YH တို့ပဲဖြစ်ပါတယ်။Quality – 1080p WEB ...
6.5
TMDb: 6.5/10 2 votes
tv

Feels Like Home (2022) S1 Complete

2022
You Are Beautiful (2009) 7.47
You Are Beautiful (2009)  အိန်ဂျယ်ချစ်သူဆိုပြီး လူသိများတဲ့ You're Beautifulလေးကို ပြန်တင်ဆက်ပေးလိုက်ပါပြီရှင်ဂိုမီညော (Park Shinhye)ဟာ သီလရှင်ဖြစ်ဖို့ ရည်မှန်းချက်ရှိခဲ့တဲ့သူတစ်ယောက်ပါ။တစ်နေ့တော့ အစ်ကိုဖြစ်သူ ဂိုမီနမ်ရဲ့နေရာ A.N.JELLဆိုတဲ့ boy bandတစ်ခုကိုအစားထိုး၀င်ဖို့ ဖြစ်ခဲ့ပါတယ်။ ဟွမ်ထယ်ဂယောင်း(Jang Keun Suk)ကတော့ A.N JELLရဲ့ အဖွဲ့ခေါင်းဆောင်ကပ်သီးကပ်ဖဲ့နိုင်ပြီး မောက်မာတဲ့အကျင့်စရိုက်ရှိသူတစ်ယောက်ပါ။ ဂိုမီ‌နမ်ရဲ့ အဖြစ်မှန်ကိုမတော်တဆသိသွားပြီး အဖွဲ့ကနေ နှင်ထုတ်ဖို့ လုပ်ခဲ့ပေမဲ့ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ။ဂန်ရှင်းဝူ(Jang Yong Hwa)ကတော့ ဘာမှ စိတ်‌မ၀င်စားတဲ့ အေးဆေးသမား။ ဒါပေမဲ့အသစ်၀င်လာတဲ့ အဖွဲ့၀င် ဂိုမီနမ်ကိုတော့ စိတ်၀င်စားပြီး ဘယ်သူမှ မသိအောင်အနောက်ကနေ တိတ်တိတ်လေး ကူညီပေးတတ်သူ။ဂျယ်ရမီ(Lee Hoon Ki)ကတော့ အင်္ဂလန် ကိုရီးယားကပြားလေးဖြစ်ပြီး အမြဲတမ်းနေရောင်ခြည်လေးလို တက်ကြွနေတဲ့သူ။ဒီကောင်လေးလေးသုံးယောက်လုံးဟာ ယောက်ျားလေးဟန်ဆောင်ထားတဲ့ ဂိုမီနမ်အပေါ်မှာဘယ်လိုခံစားချက်တွေရှိကြမလဲ။ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကို Park Shinhye,Jang Keun Suk, Jang Yonghwa, Lee Hoon kiစတဲ့ ...
7.47
TMDb: 7.47/10 66 votes
tv

You Are Beautiful (2009)

2009
Barry (2018) 7.9
Barry (2018)  တူညီတဲ့လူတစ်ယောက်က ဆန့်ကျင်ဘက်လောကနှစ်ခုမှာ တစ်ပြိုင်နက်ရှင်သန်ဖိုဆိုတာ ဖြစ်နိုင်မှာတဲ့လား။ ဦးနှောက်က အမှောင်လောကမှာနေဖို ခိုင်းစေနေပေမယ့် နှလုံးသားကတော့ ပျော်ရွှင်မှုဆိုတဲ့မက်လုံးပေးပြီး အလင်းဘက်ကို ဆွဲခေါ်နေတဲ့အခါ... သင်သာဆိုရင် ဘယ်တစ်ခုကို‌ရွေးချယ်မှာလဲ။ ဒါမှမဟုတ် နှစ်ခုလုံးမှာမရမကရှင်သန်ဖိုလုပ်မှာလား။ ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ စီးရီးလေးကတော့ HBO ရဲ့ IMDB 8.4/10, Rotten Tomatoes 98% ရရှိထားတဲ့ Dark Comedy/Crime/Drama အမျိုးအစားစီးရီးလေးပါ။ စီးရီးရော သရုပ်ဆောင်တွေရောက Primetime Emmy Awards မှာ ဆု ၉ ခုနဲ့ တခြား Awards တွေမှာ ဆုပေါင်း ၅၀ နဲ့ အကြိမ် ၁၆၀ကျော် ဇကာတင်စာရင်းဝင်ခဲ့တာပါ။ ဘယ်ရီအဖြစ်သရုပ်ဆောင်တဲ့ မင်းသား Bill Hader (It Chapter Two) ဟာဆိုရင်လည်း ဒီကားကို ပူးတွဲဖန်တီးခဲ့တာဖြစ်ပြီး ဒီကားနဲ့ပဲ "ဟာသစီးရီးမှာ အကောင်းဆုံးသရုပ်ဆောင်မင်းသားဆု"ကို ...
7.9
TMDb: 7.9/10 650 votes
tv

Barry (2018)

2018
[18+] High (School) On Sex (2023) Season 02 Complete 6.7
[18+] High (School) On Sex (2023) Season 02 Complete High (School) On Sex (2023) Season 02 Completed Mini Series မနှစ်ကအောင်မြင်မှုတွေ အများကြီးရခဲ့တဲ့ Vivamax ရဲ့ပေါက်စီးရီးတွေထဲက တစ်ခုဖြစ်တဲ့ High (School) On Sex က Season 2 အဖြစ် ပြန်လာပါပြီ။ Season 1 မကြည့်ရသေးရင်လည်း ပြေးကြည့်လိုက်ကြပါဦး။ ဒီတစ်ကြိမ်မှာတော့ ကျောင်းအသစ်မှာ၊ ကျောင်းသားအသစ်တွေ၊ ဒရာမာအသစ်တွေနဲ့ ဇာတ်လမ်းအသစ်အသစ်တွေကိုခံစားရမှာပါ။ ရင်ခုန်တတ်စ၊ စူးစမ်းတတ်စအသက်အရွယ် ကျောင်းသားကျောင်းသူလေးတွေရဲ့ လောကကြီးအပေါ် တစ်လှမ်းတိုးဝင်မယ့် စမ်းသပ်မှုတွေ၊ သင်ယူမှုတွေနဲ့အတူ အကြမ်းစားအတွေ့အကြုံတွေကို ထုံးစံမပျက်တွေ့မြင်ရဦးမှာဖြစ်ပါတယ်။ စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့ မကြာသေးခင်ကမှ ပြီးဆုံးခဲ့တဲ့ Vivamax ရဲ့မျက်နှာသစ်ရွေးချယ်ပွဲ Talent show ဖြစ်တဲ့ Pantaxa Laiya ရဲ့ Winner နှစ်ယောက် Angelica Hart နဲ့ Aiko Garcia တို့အပြင် တခြားဆုရှင်လေးတွေဖြစ်တဲ့ Apple ...
6.7
TMDb: 6.7/10 14 votes
tv

[18+] High (School) On Sex (2023) Season 02 Complete

2022
Playful Kiss (2010) [Complete] 7.794
Playful Kiss (2010) [Complete] Playful Kiss (2010)*********************အပိုင်း (၁ မှ ၁၆) စ/ဆုံး လူကြီးမင်းတို့ဘဝမှာ ငယ်စဉ်က တိတ်တခိုးနဲ့တဖက်သတ်ချစ်ခဲ့ရတဲ့ အချစ်ဦးကိုယ်စီရှိခဲ့ကြဖူးတယ်မလား….?ကဲ ခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကိုလည်း ငယ်ဘဝတုန်းကစောင်ကိုက်ပေါင်ရိုက်ပြီး အူးတယားယားနဲ့ကြည့်ပြီးတော့Crush ကြီးနဲ့ စိတ်ကူးပင်လယ်အတွေးကြီးထဲ တဖြီးဖြီးနဲ့လက်ပစ်ကူးခဲ့ဖူးသေးတယ်မလား….?တော်တော်များများရဲ့ငယ်ဘဝမှာ အသည်းကျော်ပဲလှော်နာမည်ကြီးခဲ့တဲ့ဒီဇာတ်ကားလေးကို အကုန်သိကြပြီးသားဆိုပေမဲ့ဇာတ်လမ်းလေးကို ပြန်နွှေးပေးရရင်...“ဘဲ့ဆွန်းဂျို” ဆိုတာ ကျောင်းစာလည်းတော် ရုပ်လည်းချောသလိုအားကစားမှာလည်း ထူးချွန်တဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီပေါ့….ပျိုတိုင်းကြိုက်ကြတဲ့အထဲမှာမှ “အိုဟာနီ”ဆိုတဲ့ ရုပ်ကလည်း သာမန်ကျောင်းစာဆို ဘိတ်ချီး ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်တဲ့ကောင်မလေးကတော့အသည်းအသန် ခဲမှန်သလို “ဆွန်းဂျို” ကို အချစ်နတ်သားတစ်ပါးအလားတက်မက်စွဲလမ်းချစ်ခင်နေမိတဲ့သူပါ….တစ်ရက်တော့ ကံတရားရဲ့ မျက်နှာသာပေးမှုကြောင့်“ဟာနီ”ဟာ “ဆွန်းဂျို” တို့အိမ်မှာသွားနေရတဲ့နောက်အချစ်နတ်သားလေးက ဘယ်လိုချစ်ကြိုးသွယ်လာမလဲဆိုတာကိုတော့……..အသည်းတယားယားနဲ့ပဲ ဝင်ကြည့်လိုက်ကြပါတော့နော်...။ Genres: Comedy, Romance, Drama Duration: 65 mins Episodes: 16 Original Network: MBC File Size: 720p(~775MB) , 1080p(2.25GB) Translated by  Thinn, Hay Thar Oo, Khine Khine Wai, ...
7.794
TMDb: 7.794/10 355 votes
tv

Playful Kiss (2010) [Complete]

2010
Thirty But Seventeen (2018)[Complete] 8.115
Thirty But Seventeen (2018)[Complete] Thirty But Seventeen (2018)**************************အပိုင်း (၁ မှ ၁၆) အထိ   စ/ဆုံး အူဆောရီ ဆိုတဲ့ကောင်မလေးဟာ တယောတီးခတ်တဲ့နေရာမှာ ပါရမီပါတယ်..သူကိုယ်တိုင်လည်း အအသက် ငယ်လင့်ပင်ကစား  ဂီတကိုပဲ နှစ်မြုတ်ထားတယ်...အရာအားလုံးဟာ ဂီတသင်္ကေတတွေ နှုတ်တွေလို့ပဲမြင်နေတတ်တဲ့သူ... သူ့ရဲ့ တက်လမ်းဆိုတာလည်းအညွှန့်တလူလူလို့ပြောရလောက်အောင် ထူးချွန်ထက်မြက်တဲကလေးတစ်ယောက်...ဒီလိုနဲ့ အသက်၁၇နှစ်မှာ ကံဆိုးစွာပဲ  ကားအက်ဆီးဒန့်ကြောင့်ဆေးရုံမှာ ကိုမာဝင်နေခဲ့တယ်.... သူမဟာ  ၁၃ နှစ်ကြာပြီးတဲ့နောက်မှာ သတိရလာခဲ့တယ်..ပြောရရင် အသက် ၃၀ဖြစ်သော်ငြား အသိဉာဏ်ကတော့ ၁၇ နှစ်အရွယ်ကောင်မလေးသာရှိပါသေးတယ်..ဆယ်စုတစ်တစ်ခုကျော်ကြာတဲ့ကာလမှာ အရာအားလုံးဟာ အများကြီးပြောင်းလဲနေပြီ...အဲ့ဒီနောက်မှာတော့ သူမ ဘယ်လိုတွေ လှုပ်ရှားရုန်းကန်မလဲဆိုတာကိုတော့..Main Lead တွေအနေနဲ့ကဝောာ့Mr Queen , See You In My 19th Life စတဲ့ ဇာတ်လမ်းတွဲတွေထဲမှာကျရာဇာတ်ရုပ်ကို အံဝင်ဂွင်ကျဖြစ်အောင် စီးမျောသရုပ်ဆောင်နိုင်တဲ့ မင်းသမီး Shin Hye SunTemperature of Love , ...
8.115
TMDb: 8.115/10 39 votes
tv

Thirty But Seventeen (2018)[Complete]

2018
Get Rich (2023)
Get Rich (2023) Get Rich / သ - သူဌေးလောင်း ငါတို့ကျောင်း (2023)ထိုင်းကျောင်းသားကားလေးတွေ မျှော်နေတဲ့ ထိုင်းပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမယ့် School drama‌ ကောင်းလေးတစ်ကားဖြစ်တဲ့ Get richကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ကျောင်းသားကားရဲ့ထုံးစံအတိုင်း ဟိုက်ပါတွေကတစ်ဖွဲ့၊ ရွှေဇွန်းကိုက်ပြီးမွှေးလာတဲ့ ဘောစိကိုကိုမမများကတစ်ဖွဲ့၊ ချောင်ကပ်နေတဲ့ဟိုက်ပိုလေးတို့ကတစ်ဖွဲ့နဲ့ ကျောင်းသားအချင်းချင်းကြားကပြိုင်ဆိုင်မှုတွေကို မရိုးအောင်ကြည့်ရမှာပါ။Money is the second godလို့ပြောရင် လူတွေက အပြင်ပိုင်းကတော့ လက်မခံချင်ပေမဲ့ အတွင်းစိတ်ကငြင်းမရတဲ့အရာပေါ့။ ကျောင်းသားအရွယ်ကစလို့ နေရာမရွေး အချိန်မရွေး ငွေဆိုတဲ့အရာက စကားပြောတယ်လို့ပြောရင် ဘယ်သူမှ စောဒကတက်နိုင်မှာမဟုတ်ပါဘူး။ ဒီ ဆင်းရဲချမ်းသာအလွှာနှစ်ခုကြားက ကွာခြားချက်ကို လက်တွေ့ခံစားနေရတာကတော့ ရိုဆာရင်းတို့ ပညာသင်ဆုကျောင်းသားတစ်သိုက်ပေါ့။ဆူရူထိုင်းကျောင်းဆိုတာ နိုင်ငံတွင်းမှာ အကျော်ကြားဆုံး အကောင်းဆုံးကျောင်းတွေထဲကတစ်ကျောင်း၊ အဆက်အသွယ်များတဲ့ကျောင်းဖြစ်လို့ ရည်မှန်းချက်ကြီးတဲ့ ကျောင်းသားတွေအတွက် ဒီမှာတက်ရဖို့က အိပ်မက်တစ်ခုပေါ့။ နာမည်ကြီးကျောင်းပီပီ စရိတ်စကများပြီးတော့ မိုးကျရွှေကိုယ်တွေလည်းမနည်းလှတဲ့ကျောင်းပါ။ ဒါပေမဲ့ ဒီကျောင်းရဲ့အားသာချက်ကတော့ ထူးချွန်ကျောင်းသားတွေကို နှစ်စဉ်ပညာသင်ဆုချီးမြှင့်ခြင်းပါပဲ။ဒီလိုနဲ့ပဲ ပညာသင်ဆုနဲ့ ဆူရူထိုင်းကျောင်းကိုရောက်လာတဲ့ ရိုဆာရင်းတစ်ယောက် သဘောတူညီချက်လက်မှတ်ရေးထိုးရခါနီးမှ ပညာသင်ဆုဟာ ဆုကြေး၊ ထောက်ပံ့ကြေးဆိုတာထက် student loanနဲ့ ...

Get Rich (2023)

2023
My Dad the Bounty Hunter Season2 8.4
My Dad the Bounty Hunter Season2 ဒီကားလေးက စွန့်စားခန်းဆန်ဆန် မိသားစုလိုက်ကြည့်လို့ရတဲ့ ချစ်စရာကောင်းတဲ့ animation series လေးဖြစ်ပါတယ်။ Season 1 တုန်းက စကြာဝဠာတခွင် လူဆိုးဖမ်းတဲ့ ဆေဘိုဘရာ့ခ်ရဲ့ သားနဲ့သမီးက သူ့‌အဖေ နောက်‌‌လိုက်ရင်း စွန့်စားခန်းဖွင့်ခဲ့ကြတာ မှတ်မိကြမယ်ထင်ပါတယ်။Season 1ကိုတော့ ဒီလင့်ကိုနိုပ်ပြီး ကြည့်ပါ CLICK HERE!ခု Season 2မှာတော့ကလေးတွေဟာ သာမန်ဘဝမှာပဲ ကျင်လည်ရင်း သူတို့ရဲ့ စွန့်စားခန်းဖွင့်ချင်စိတ်တွေကို သူတို့နည်းသူတို့ဟန်နဲ့ ဖွင့်ထုတ်ရင်း ပြဿနာကိုယ်စီတက် နေကြပါတယ်။ အဲ့မှာ သူတို့အဖေဖြစ်သူဟာ ရုတ်တရက် ပျောက်သွားတာကြောင့် လီဆာနဲ့ ရှောင် မောင်နှမ၂ ယောက် ဘယ်လို စွန့်စားခန်း တွေ ဖွင့်ကြမှန်း‌‌ဆိုတာ ကြည့်ရှုလိုက်ကြပါဦးဗျာ။Quality – 1080p NF WEB DL / 720pDuration – 45minsTotal Episodes: 9EpsSubtitle – Myanmar HardsubFormat – Mp4Genre : Action & Adventure, Comedy, Animation, FamilyTranslator ...
8.4
TMDb: 8.4/10 23 votes
tv

My Dad the Bounty Hunter Season2

2023
Love on Delivery (2023) 8.5
Love on Delivery (2023)  "ဒယ်လီအိမ်ဖော်မလေးအချစ်" မြန်မာစာတန်းထိုး Love On Delivery 2023ရဝစ် အဖြစ် Mek juti Jumroenketpratipe ထိဒါ အဖြစ် Praew Chermawee Suwanpanuchokeဝရစ်ဟာ ငယ်ငယ်ကတည်းက မိဘတွေကွဲခဲ့ကြပြီး ပြဿနာရှိတဲ့ကလေးတစ်ယောက်အနေနဲ့ကြီးပျင်းခဲ့ပြီး ဘာမှအသုံးမကျတဲ့ကောင်လေးပေါ့ထိဒါကတော့ ရဝစ်အိမ်ဖော်ဟောင်းရဲ့သမီးလေးပါ ဖြစ်ချင်တော့ ဝရစ်နဲ့ထိဒါဟာ ကျောင်းတုန်းကချစ်သူတွေဖြစ်ခဲ့ပြီး ပြတ်ခဲ့ပါတယ်အခုချိန်မှာတော့ ထိဒါအမေဟာ "Maid to Your Home " ဆိုတဲ့ ဒယ်လီအိမ်ဖော်မလေးကုမ္ပဏီကိုပိုင်ဆိုင်ထားပါတယ်ထိဒါအမေဟာ ဝရစ်အိမ်ကနေထွက်မလာခင်က ဝရစ်ကိုပေးထားတဲ့ကတိရှိတာရယ်ထိဒါကို ကုမ္ပဏီစီမံအုပ်ချုပ်နိုင်မလားဆိုတာသိချင်တာရယ်ကြောင့်ထိဒါကို ၅ လအတွင်း ရဝစ်အိမ်မှာအိမ်ဖော်မလေးလုပ်ဖို့ လွှတ်ခဲ့ပါတယ်ထိဒါ ရဝစ်အိမ်မှာ အိမ်ဖော်မလေးလုပ်နိုင်မလား Ex ဖြစ်တဲ့ရဝစ်နဲ့ရောဆက်ဆံရေးဘယ်လိုဖြစ်သွားမလဲဆိုတာ ဇာတ်ကားထဲကြည့်လိုက်ရအောင်နော်(အညွှန်းရေးသားသူမှာ Nang Mwe Kham ဖြစ်ပါတယ်)Native Title: สาวใช้ดิลิเวอรี Episodes: 24 Aired: Jul 3, 2023 - ? Aired On: Monday, Tuesday, Wednesday, Thursday, Friday Original Network: ...
8.5
TMDb: 8.5/10 votes
tv

Love on Delivery (2023)

Guns & Gulaabs (2023) 8.7
Guns & Gulaabs (2023) Guns & Gulaabs 2023 IMDb - 8.1/10The Family Man, Farzi တို့လို အိန္ဒိယစီးရီးမှာ မြင်တွေ့နေကျပုံစံမဟုတ်ဘဲ ဆန်းသစ်တဲ့တင်ဆက်မှုတွေနဲ့ အမြဲဖန်တီးတတ်တဲ့ Raj & DK တို့ရဲ့လက်ရာအသစ်ကို Netflix ကနေပူပူနွေးနွေးထွက်ရှိထားလို့ တင်ဆက်ပေးလိုက်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့က‌တော့ Rajkummar Rao, Dulquer Salmaan တို့အပြင် The White Tiger ဇာတ်ကားထဲက Adarsh Gourav စတဲ့ နာမည်ကြီးမင်းသားတွေ အများကြီးနဲ့ရှယ်ကြမ်းထားပြီး casts တွေနဲ့တင်ကြည့်ရတန်နေပါပြီ။ဇာတ်လမ်းကတော့ ၁၉၉၀ ဝန်းကျင်ခုနှစ်တွေတုန်းကအငွေ့အသက်တွေ ပြန်ရစေတဲ့အပြင် ဆန်းသစ်တဲ့ ဇာတ်လမ်းတင်ဆက်ပုံတွေကြောင့် rating အများကြီးရထားတဲ့ black comedy, crime, thriller စီးရီးတစ်ခုဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ဂူလာ့ဘ်ဂျီဆိုတဲ့မြို့ငယ်လေးထဲမှာ ဂန်ချီဆိုတဲ့ဆရာကြီး လက်ဝါးကြီးအုပ်နေပြီး အိန္ဒိယရဲ့ဒုတိယအကြီးဆုံး ဘိန်းချက်စက်ရုံရှိတဲ့နေရာလည်းဖြစ်ပါတယ်။တစ်နေ့မှာ မြို့ထဲကိုမူးယစ်ဆေးဝါးထိန်းချုပ်ရေးအရာရှိ အသစ်ပြောင်းလာပြီး သူတို့စက်ရုံမှာလုပ်နေကျ အညှီအဟောက်တွေကို ရှာတွေ့သွားတဲ့အခါ.... တစ်ဖက်မှာလည်း သာမန်စက်ပြင်ဆရာလေးက ဂန်ချီလက်အောက်မှာအလုပ်လုပ်နေတဲ့ အဖေဖြစ်သူ ရုတ်တရက်အသတ်ခံလိုက်ရတာကိုလိုက်လံစုံစမ်းရင်း ဖုံးကွယ်တဲ့အမှန်တရားတွေ တစ်စတစ်စပေါ်လာတဲ့ချိန်မှာတော့ ဘယ်နေရာမဆို ဂန်ချီရဲ့နား၊ မျက်စိဖြစ်နေတဲ့ မြို့သေးသေးလေးထဲမှာ သူတို့ဘယ်လို စုံစမ်းရှာဖွေမယ်ဆိုတာကို action vibe အပြည့်အဝခံစားနိုင်မှာမို့ မလွှတ်တမ်းကြည့်ရှုသင့်တဲ့ ...
8.7
TMDb: 8.7/10 3 votes
tv

Guns & Gulaabs (2023)

2023
Miraculous Brothers (2023)
Miraculous Brothers (2023) Miraculous Brothers (2023)ယွန်းဒုံဂျူ... နာမည်ကြီးကဗျာဆရာယွန်းဒုံဂျူကိုကြိုက်လို့ နာမည်ကိုပါတူတူပေးထားခံရတာဆိုပေမယ့် လက်တွေ့ဘဝက ယွန်းဒုံဂျူကတော့ စာရေးဆရာအမည်ခံပြီး ၇ နှစ်ကြာတာတောင် ဝတ္တုတစ်ပုဒ်ဖြစ်မြောက်အောင် မထုတ်နိုင်တဲ့လူတစ်ယောက်ပါပဲ။ အချိန်ပိုင်းလုပ်လိုက် စာလေးရေးလိုက်နဲ့ ပေါ့ပေါ့ပါးပါးသူ့ဘဝဟာ လူတစ်ယောက်ကို ကားနဲ့တိုက်မိပြီးနောက် အပြောင်းလဲကြီးပြောင်းလဲသွားပါတော့တယ်...။ဂန်ဆန်း....ယာဉ်တိုက်မှုဖြစ်ပြီး နှစ်လကြာပိုင်ရှင်မဲ့လူနာအဖြစ် သတိမေ့နေခဲ့အပြီးမှာတော့ ထူးဆန်းတဲ့အသံတွေ၊ မြင်ကွင်းတွေမြင်လာရတဲ့ဂန်ဆန်းတစ်ယောက် လူတွေကိုထိလိုက်တာနဲ့ သူတို့ရင်ထဲကနာကျင်မှု‌တွေကိုပါ မြင်နိုင်ကြားနိုင်သွားခဲ့ပါတယ်။ တရားခံက နစ်နာသူကိုစောင့်ရှောက်ရင်း ယာဉ်တိုက်မှုဖြစ်တဲ့ကာလကအမှုကွင်းဆက်တွေနဲ့ အခြားသော မတရားမှုတွေထဲ ဂန်ဆန်းတစ်ယောက် ဝင်ပါမိလိုက်တဲ့အခါ .. ။ထူးခြားတဲ့စွမ်းရည်နဲ့ညီလေးနဲ့ ယာယီအုပ်ထိန်းသူအစ်ကိုကြီးတို့ ဘယ်လိုနှစ်ပါးသွားမလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမယ့် Bromance ကားသစ်လေးပဲဖြစ်ပါတယ်။ Mental Coach ကားထဲက နည်းပြကြီးနဲ့ Gaus Electronic ထဲက အသန့်ကြိုက်သူဌေးသားလေး Bae HyunSung တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး အပတ်စဉ်ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တိုင်း CM မှ ဘာသာပြန်တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်အားပေးကြပါဦးနော်။Quality : 108op / 720pTotal Episodes : 16EpsFormat : mp4 Genres :Mystery, Drama, Sci-Fi & Fantasy, ComedyDuration :Subtitle : ...

Miraculous Brothers (2023)

2023
HeartBeat(2023)[Complete]
HeartBeat(2023)[Complete] HeartBeat(2023)***************အပိုင်း ( ၁ မှ ၁၆) ထိ စ/ဆုံးဆွန်းအူဟျော(Ok Taec Yeon) ဆိုတာ တကယ်တော့ လူသွေးတွေသောက်ပြီးရှင်သန်နေရတဲ့သွေးစုပ်ဖုတ်ကောင်တစ်ဦး....ဒီဘဝကြီးကိုစက်ဆုတ်လွန်းတော့စစ်မှန်တဲ့လူသားဘဝကို အသွင်ပြောင်းဖို့ကြိုးစားနေတယ်....သူဟာ လူသားစင်စစ်ဖြစ်ဖို့နှစ်ပေါင်း ၁၀၀တိုင်အောင်ကြိုးစားခဲ့ပြီး ပြည့်ဖို့တစ်ရက်အလိုမှာပဲမမျှော်လင့်ဘဲပြဿနာတစ်ရပ်နဲ့ကြုံခဲ့ရပါတယ်...လူသားတစ်ယောက်နီးပါးဖြစ်သွားပေမဲ့  တစ်ချို့ မကောင်းတဲ့အချက်တွေကျန်သေးသလို အဲ့ဒီအချက်တွေကြောင့်ပဲလူသားကမ္ဘာမှာနေထိုင်ဖို့ အတော်ဒုက္ခရောက်ရပါတော့တယ်...ဒီလိုနဲ့  လူသားတွေဆိုတာစက်ဆုတ်စရာလိုမြင်နေတဲ့ ခပ်စွာစွာကောင်မလေးနဲ့ကြုံလာရတဲ့အခါမှာတော့...သူတို့ဘယ်လိုဆက်ဖြစ်ကြမလဲ.....သွေးစုပ်ဖုတ်ကောင်ကရောအရင်ရန်သူတွေထပ်ပေါ်လာဦးမလား..လက်ရှိလူသားဘဝမှာရော ဘယ်လိုစိန်ခေါ်မှုတွေကြုံတွေ့ရမလဲဆိုတာကတော့....Heartbeat (2023)ကို အပတ်စဉ် တနင်္လာနဲ့ အင်္ဂါနေ့မှာ ကြည့်ရှူလို့ ရတော့မှာပဲ ဖြစ်ပါတယ်ရှင်။Aired:Jun 26, 2023 -  Aug 15, 2023 Aired On:Monday, Tuesday Genres: Comedy, Romance, Fantasy Duration: 60mins Episodes: 16 Original Network:KBS2 File Size: 1080p(~850MB) , 720p(~300MB) Translated Khine Khine Wai,  Hay Thar Oo , AHtet, Chuu & Thinn Thinzar Encoded by Phyo ...

HeartBeat(2023)[Complete]

2023
Hostel Days (2023)
Hostel Days (2023) Hostel Days(TV Series)(2023) IMDb-8.1/10အင်ယာကျောင်းတော်ကြီးကို အလွမ်းသယ်ဖို့နောက်ထပ်စီးရီးအသစ်လေးတခုလာပါပြီ။ ဒီလိုဇာတ်လမ်းတွေကြည့်ရင် တချိန်ကတက္ကသိုလ်ကိုသတိရမိတာအမှန်ပဲ။ကျောင်းတက်ဘဲလ်မြည်တဲ့အသံလေးရယ် ဘဲလ်ပျက်နေရင် ကျောင်းတက်ရမှာမသိတာလိုလို ယောင်လည်လည်နဲ့ အတန်းနောက်ကျခဲ့တာတွေ။ ရိုးကောလ်မပြည့်လို့ မိသားစုဆရာမနောက် တကောက်ကောက်လိုက်ပြီး အပူကပ်ရတာတွေ။ သူငယ်ချင်းနှစ်ယောက်စကားများပြီး ကျောင်းနားကလယ်ကွင်းထဲ ဆိုင်ကယ်တစီးတည်းစီးသွား မောနေအောင်နပမ်းလုံးပြီး အတူတူကျောင်းကိုပြန်လာခဲ့ကြတာတွေ။တညလုံးမအိပ်ဘဲ မိန်းကလေးဆောင်တွေဂစ်တာလိုက်တီးပြီး အလင်းဆိုင်လေးမှာထမင်းဆီဆမ်းနဲ့ကြက်ဥခေါက်ကြော်စားခဲ့တာတွေ။ တညအိပ်နှစ်ရက်ဖဲထိုင်ရိုက်ခဲ့တာတွေ။ စနေ၊တနင်္ဂနွေ နှစ်ရက်လုံး ထန်းရည်ဆိုင်ကမပြန်ခဲ့တာတွေ။ အဲဒီလို စတာတွေက အဆောင်နေကျောင်းသားတွေအတွက်တော့ ပြန်တမ်းတအောက်မေ့မိတဲ့အတိတ်ကပုံရိပ်တွေပေါ့။ ကြည့်နေရင်း ကြည့်နေရင်း ငါတို့တုန်းကလည်း ဒါမျိုးတွေလုပ်ခဲ့တာလေဆိုတဲ့ဇာတ်ဝင်ခန်းတွေနဲ့။ဗရုတ်တကောင်ပါမယ်။စာကြမ်းပိုးတကောင်ပါမယ်။ဖွန်ကြောင်တဲ့တကောင်ရှိမယ်။နှစ်ဆွေးအရက်သမားကြီးတကောင်ပါမယ်။ ဒါဆိုကျောင်းသားကားတစ်ကားအတွက်က ပြည့်စုံနေပါပြီ။တစ်ခန်းကို လူနှစ်ယောက်ပဲနေရပေမယ့် အခန်းနံပါတ် ၂၀၉မှာ ယာဒါ့ဗ်၊ချီတာ၊စိုင်းဆိုတဲ့ ဒီသုံးယောက်ကဘာလို့အတူနေရတာလဲဆိုတာကအစ၊ သုံယောက်ပေါင်းပြီး ဘယ်လိုတွေဗရုတ်ကျကြမလဲ၊အမေဖြစ်သူရဲ့ချုပ်ချယ်မှုအောက်ကနေ လွတ်မြောက်လာဖို့အတွက် အင်ဂျင်နီယာကျောင်းတော်ကြီးကို လာတက်တဲ့ကာဗယာတယောက် သူလိုချင်တဲ့လွပ်လပ်မှုတွေရမှာလား။ သေးသေးမွှားမွှားကိစ္စလေးကအစ အဖေဖြစ်သူနဲ့တိုင်ပင်တတ်တဲ့ ရီသီကာတစ်ယောက်ကရော သမီးအလိမ္မာလေးအဖြစ်နဲ့ဆက်ရှိနေမှာလားဆိုတာ။ အပိုင်းငါးပိုင်းပဲပါတဲ့ ဒီစီးရီးလေးကိုကြည့်ရင်း ကျောင်းသားဘ၀ကိုပြန်လည်အောက်မေ့လိုက်ကြတာပေါ့။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~Moon~Yunni~BpLတို့ပဲဖြစ်ပါတယ်)File Size – 500MB / 250MBQuality – 1080p / 720pDuration – 33minsTotal Episodes: 5EpsSubtitle – Myanmar HardsubFormat – Mp4Genre : ...

Hostel Days (2023)

2023
Only Murders in the Building (2022) – Season 02 8.6
Only Murders in the Building (2022) – Season 02 Only Murders in the Building (2022) - Season 02 =========================== IMDb Rating - 8.1/10Season 01 မကြည့်ရသေးသူများအတွက် ခုအညွှန်းက Spoilerတွေ ပါပါတယ်။ Season 01 >>> Click Here *********************************** ဝါရင့် အနုပညာရှင်ကြီးတွေဖြစ်တဲ့ Steve Martin နဲ့ Martin Short တို့ ပါ၀င်တာကတစ်ကြောင်း၊ Selenators တို့ရဲ့ အချစ်တော် Selena Gomez ပါ၀င်နေတာကတစ်ကြောင်း မထွက်ခင်ကတည်းက ခေတ်ထနေတဲ့ စီးရီးပါ ။ (၁၀) ပိုင်းပါ၀င်ပြီး ပွဲဦးထွက် ၂ ပိုင်းထွက်ချလာပါတယ်။စုံထောက်ကြီး 3 ယောက်ပြန်လာပါပြီ။ ပြီးခဲ့တဲ့ စီစန် အဆုံးသတ်မှာ ပြဿနာရှင်းပြီလို့ ယူဆရင်း အောင်ပွဲခံနေတဲ့ မေဘယ်၊ ချားလ်နဲ့ အိုလီဗာတို့ ပြီးအောင်တောင် မပျော်လိုက်ရဘဲ ဒုက္ခနဲ့လှလှတွေ့သွားတာကို မှတ်မိကြသေးရဲ့လား မသိဘူး....အခုတော့ အဲဒီ ဒုက္ခရဲ့ နောက်ဆက်တွဲအနေနဲ့ စီစန် 2 ...
8.6
TMDb: 8.6/10 620 votes
tv

Only Murders in the Building (2022) – Season 02

2022