Channel Myanmar

Crime

Bang Bang Baby (2022) 7.8
Bang Bang Baby (2022) Bang Bang Baby (2022)ဒီဇာတ်လမ်းတွဲလေးကတော့ အီတလီ ဇာတ်လမ်းတွဲ Crime Drama အမျိုးအစားဖြစ်ပါတယ် ဇာတ်လမ်းကတော့ စိတ်အားငယ်တတ်တဲ့ အဲလစ်ဆိုတဲ့ သာမန်ကောင်မလေးတစ်ယောက် ပေါ်အခြေခံထားပါတယ်အမေနဲ့ပဲ ကြီး​​ပြင်းခဲ့ရပြီး အဖေက​တော့သေသွားခဲ့ပါပြီ သူအဖေက ရာဇဝတ်သားတစ်ယောက်ပါ အဲလစ်က သူ့အဖေကိုပဲ အမြဲသတိရနေခဲ့ပြီး သေသွားပြီဆိုတာကိုလည်း မယုံနိုင်ဖြစ်နေခဲ့ပါတယ် တစ်ရက်မှာ​​ သူငယ်ချင်းတစ်ယောက်နဲ့ သူ့အဖေရဲ့ အမျိုးတွေရှိတဲ့ မြို့ဆီသွားပြီး သူအဖေအကြောင်းစုံစမ်းခဲ့ကြပါတယ် အဲမှာ သူ မယုံကြည်နိုင်လောက်တဲ့ကိစ္စဖြစ်ခဲ့ပြီး အများကြီး ပြောင်းလဲသွားခဲ့ရပါတယ်။ ဘာကိစ္စတွေ ဖြစ်လို့ သူ ဒီလောက်ထိ ပြောင်းလဲသွားခဲ့ရလဲ ဘယ်လိုတွေ ပြောင်းလဲသွားခဲ့တာလဲ ဆိုတာကတော့ ဒီဇာတ်လမ်းတွဲထဲမှာ ဆက်လက်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။စုစုပေါင်း ၁၀ ပိုင်းတိတိ ပါဝင်မှာ ဖြစ်ပြီးတော့ ဆက်တိုက်ဆိုသလို တင်ပေးသွားမှာပဲ ဖြစ်ပါတယ်။Genre.....Drama, Crime Quality…. 1080p | 720p File size… 400MB | 200MB Format… mp4 Duration…. 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kuz, Leonard ...
7.8
TMDb: 7.8/10 14 votes
tv

Bang Bang Baby (2022)

2022
Doctor Lawyer (2022)
Doctor Lawyer (2022) ထိပ်သီးဆေးကျောင်းတွေကနေ ဘွဲ့ရခဲ့ပြီး ထိပ်တန်းဆေးရုံကြီးရဲ့ နာမည်ကြီးရင်ခေါင်းခွဲစိတ်ဆရာဝန်ဖြစ်တဲ့ ဟန်ရီဟန် (ဆိုဂျီဆပ်)၊ ခွဲစိတ်ပညာမှာ အင်မတန်ပါရမီထူးပြီး ထိလိုက်တိုင်း ​​​ရွှေဖြစ်ကာ လုပ်​ဖော်ကိုင်ဖက်​တွေကပါ နတ်ဘုရားအဖြစ် တင်စားခံရသူဟာ တစ်​နေ့မှာ​ သူ့ရဲ့ဆရာဝန်သက်တမ်းတ​လျောက် ဖြစ်​တောင့်ဖြစ်ခဲ နှလုံးအစားထိုး ခွဲစိတ်ကုသရင်း လူနာဆုံးပါးသွားခဲ့ပါတယ်။ ဆုံးပါးသွားသူဟာ တခြားမဟုတ်ဘဲ သူ့ရဲ့ချစ်သူ အစိုးရအမှုစစ် ဂွမ်​ဆော့ဂ​ယောင်း (အင်ဆူဟျန်း)ရဲ့ ​မောင်​လေး ဖြစ်​နေတာပါ။ ဒီဖြစ်ရပ်အတွက် ဟန်ရီဟန်ဟာ ​ဆမသိမ်းခံရကာ ​ဆေး​လောက ကို ​ခြေချခွင့်မရှိ​တော့သူ ဖြစ်သွားပါတယ်။ လူက​နေ​ပေမယ့် ပညာကမ​နေတဲ့ ဟန်ရီဟန်ဟာ ရှေ့နေအဖြစ်နဲ့ ပြန်ပေါ်လာ​ပေမယ့် ​ဆေး​သေတ္တာတစ်လုံးကို အချိန်ပြည့်​ဆောင် ထားပါ​သေးတယ်။ ဒီလိုနဲ့ပဲ တစ်​နေ့မှာ​ နာမည်​ကျော် ဘန်း​ဆော့ တက္ကသိုလ်​ဆေးရုံကြီးက ဆရာဝန်တစ်​ယောက်ရဲ့သမားဝတ္တရား ပျက်ကွက်မှု တရားခွင်မှာ မ​မျှော်လင့်ထားတဲ့ အ​ခြေအ​နေတစ်ခု ထဖြစ်ပြီး ဟန်ရီဟန်အ​နေနဲ့ အစွမ်းပြချိန် ရောက်လာခဲ့ပါတယ်။ မတတ်သာလို့ ​ရှေ့​နေဖြစ်​နေ​ပေမယ့် သူ့စိတ်ထဲမှာ​တော့ လိုင်စင် သိမ်းခံလိုက်ရတဲ့ ခွဲစိတ်မှုနဲ့ပတ်သတ်ပြီး အခဲမ​ကြေဆဲပါ။ ဒီလိုနဲ့ပဲ သူ့အရည်အချင်းနဲ့ ယှဉ်လိုက်ရင် ဖြစ်ခဲလှတဲ့ ခွဲစိတ်ပြီး​ လူနာဆုံးပါးမှုဟာ သွေးရိုးသားရိုး​ရော ဟုတ်ရဲ့လားဆ်ိုတာ စုံစမ်း ​ဖော်ထုတ်ဖို့အတွက် ရှေ့​နေတဖြစ်လဲ ဆရာဝန်ကြီးအ​နေနဲ့ ချစ်သူ ဖြစ်တဲ့ အမှုစစ်မလေးနဲ့ ပူး​ပေါင်းခဲ့ပါတယ်။ ထိုအမှုအပြင် တခြား ဆေးပညာဆိုင်ရာမသမာမှုတွေနဲ့ ...

Doctor Lawyer (2022)

2022
The Boys Season 1+2+3 8.4
The Boys Season 1+2+3 The Boys(2020) Season (2)အညွှန်း******************************အပိုင်း( ၁ မှ ၈ )ထိ စ/ဆုံးဒီစီးရီးက 2019 မှာ အပိုင်း(၈)ပိုင်းထွက်ရှိထားပြီးသလို တင်လည်းထားပြီးပါပြီ....ဇာတ်လမ်းတွဲအညွှန်းက ထွေထွေထူးထူးတော့ထပ်ပြောစရာမရှိဘူး...စူပါ ပါဝါရြပီး လူတွေကိုအကျိုးပြုနေတဲ့ Hero တွေရှိသလို အနိုင့်ကျင်ပြီး ကိုယ်ကျိုးအတွက်အသုံးချနေတဲ့ သူရဲကောင်းဟန်ဆောင်ထားတဲ့ မိစ္ဆာလိုကောင်တွေလည်းအများကြီးရှိပါတယ်...ဒီလိုကောင်တွေကြောင့် တစ်ချို့သောသူတွေ အများစွာထိခိုက်နေပေမယ့်လည်းSupervillain လိုကောင်တွေဟာ အင်အားကြီးတာရော အဖွဲ့အစည်းတစ်ခုအနေနဲ့ရှိနေတာရောထောက်ခံနေတဲ့သူတွေများနေတာကြောင့် ဒေါသတွေကိုမြိုသိပ်နေရတဲ့သူတွေအများကြီးရှိပါတယ်...ဒီအထဲမှာမှ ဘဝက သေလည်းမထူးဘူး ...ဒီလိုစူပါပါဝါရနေတဲ့ အရူးတွေကို ရသလောက်ပြန်သတ်မယ်ဆိုပြီးThe Boys ဆိုတဲ့အဖွဲ့အစည်းလေးပေါ်ပေါက်လာတဲ့အချိန်မှာတော့....SE1 ထဲက ရှယ်ကြမ်းသလို SE2 မှာလည်းပိုတောင်ကြမ်းလာပါတယ်...ဒီစီးရီးက စိတ်ဝင်စားဖို့ကောင်းတာကကျွန်တော်တို့မြင်တွေ့နေကြ ကိုးကွယ်ရတဲ့စူပါဟီးရိုးတွေမဟုတ်ဘဲ ဗီလိန်ကောင်တွေကို လိုက်ဗျင်းပြီးအားနည်းနေတဲ့အဖွဲ့လေးနဲ့ ကျွန်တော်တို့ဟာ တစ်သားထဲအလိုလိုဖြစ်သွားပါတယ်...ပြီးတော့ဗီလိန်စူပါပါဝါကောင်တွေရဲ့အားနည်းချက်တွေကို လိုက်ရှာပြီး ဗျင်းဖို့လိုက်စဉ်းစားရတာလည်းတော်တော်စိတ်ဝင်စားစရာကောင်းပါတယ်...အက်ရှင်ခန်းတွေ ဘယ်လောက်မိုက်ပြီးနင်းကန်ပီပြင်လည်းဆိုတာတော့ ထပ်ပြီးမပြောတော့ဘူး....ဒီနေ့ကတော့ အပိုင်း(၃)ခုထွက်ရှိထားမှာဖြစ်ပြီးကျန်တဲ့(၅)ပိုင်းကိုတော့ တစ်ပတ် တစ်ပိုင်းနှုန်းပဲထွက်သွားမှာမို့ စောင့်မျှော်ကြည့်ရှုကြပါကုန်.... Quality – 720p  WEB-DLDuration – 60min (@Episode)Subtitle – ...
8.4
TMDb: 8.4/10 1133 votes
tv

The Boys Season 1+2+3

2019
The Staircase (2022) 6.7
The Staircase (2022)    ဖြစ်ရပ်မှန်ဇာတ်လမ်းတွဲလေးတစ်တွဲလာပါပြီ။ နိုင်ငံကျော်အမှုအခင်းကြီးတစ်ခုကို ပြန်လည်ရိုက်ကူးပြထားတာပါပဲ။ မိုက်ကယ်ပီတာဆန်ဆိုတဲ့သူက သူ့မိန်းမ လှေကားပေါ်နေပြုတ်ကျပါတယ်ဆိုပြီး ၉၁၁ဖုန်းဆက်နေတဲ့အချိန်မှာပဲ သူ့မိန်းမက သေသွားခဲ့တာပါ သူကမြို့တော်ခန်းမကလူတွေနဲ့ ပြည်နယ်ရှေ့နေကိုဝေဖန်နေတဲ့ ဝတ္တုစာရေးဆရာတစ်ယောက်ပါ အဲဒီအချိန်မှာပဲ သူ့မိန်းမသေဆုံးပုံကသဘာဝအတိုင်းမဟုတ်ဘဲ တစ်ခုခုနဲ့ရိုက်နှက်လို့သေရတဲ့ပုံပေါက်နေတဲ့အခါမှာတော့ပြည်နယ်ရှေ့နေကဦးဆောင်ပြီး သူ့ကိုတရားစွဲဖို့ကြိုးပမ်းပါတော့တယ်လူတွေအမြင်မှာ သာယာတဲ့အိမ်ထောင်ရေးနဲ့ ပျော်ရွှင်ဖို့ကောင်းတဲ့မိသားစုတစ်စုရဲ့နောက်ကွယ်က လူမသိသူမသိအရှုပ်တော်ပုံတွေနဲ့အတူ တရားရုံးမှာသူနိုင်ကိုယ်နိုင်အပြိုင်ကြဲကြတဲ့ ကားကောင်းလေးတစ်ကားပါပဲ ကြီးကြီးမားမားကြီးနဲ့ တစ်ချက်တည်းကျင်းဝင်တဲ့ လှည့်ကွက်တွေအစား ပါးပါးလေးနဲ့ပုတ်ထားတဲ့လှည့်ကွက်တွေထဲမှာ မျောနေရင်း တကယ့်ကို ကြည့်ရှုလို့ကောင်းမယ့်ကားကောင်းလေးတစ်ကားပါပဲ Crime Drama ကောင်းကောင်းကြိုက်သူတွေအတွက် HBO ရဲ့ ဒီစီးရီးကောင်းကို လက်လွှတ်မခံသင့်ပါကြောင်း နဲ့ ၈ ပိုင်းအထိ တစ်ပတ်တစ်ပိုင်းထွက်လာမှာဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်။ File size… (489 Mb) Quality…. 720p Format…mp4 Duration….1 hr 05Min Genre...Drama / Crime Episode...8 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield Episode 1 720p - VIP / Yoteshin / Megaup // Usersdrive / ...
6.7
TMDb: 6.7/10 9 votes
tv

The Staircase (2022)

2022
[S1]Bad Guys (2014) 8.1
[S1]Bad Guys (2014)  Bay Guys(2014)ဒီတစ်ခေါက်မှာတော့ Action series ကြိုက်တဲ့သူတွေအတွက် ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေဖြစ်တဲ့ Park Hae Jin, Ma Dong Seok, Kim Sang Joong နဲ့ Jo Dong Hyuk တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Bad Guys ဆိုတဲ့ ဇာတ်လမ်းတွဲလေးတင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းအကျဥ်းရဲတွေ ဘယ်လိုမှ မလိုက်နိုင်တဲ့ ကွင်းဆက်လူသတ်မှုတစ်ခုအတွက် ရဲချုပ်နမ်ဂွန်ယောင်းက ထုတ်ပယ်ခံလိုက်ရတဲ့ စုံထောက်အိုဂူထက်ကို ပြန်ခေါ်ပြီး လျှို့ဝှက်တာဝန်ထမ်းဆောင်ခိုင်းခဲ့တယ်ခွေးရူးဆိုပြီးနာမည်​ကြီးတဲ့ စုံထောက်အိုက ဒီအမှုကို စုံစမ်းဖို့ သူလို ခွေးရူး၃ကောင် ထပ်လိုအပ်တယ်ဆိုပြီး ထောင်ထဲက လူ၃ယောက်ကို သူ့အဖွဲ့ဆီပို့ပေးဖို့ပြောခဲ့တယ်သူ့ရဲ့တောင်းဆိုချက်ကြောင့်ဆိုးလ်က ထိပ်တန်းလူမိုက်ဂိုဏ်းတစ်ခုရဲ့ ဒုတိယခေါင်းဆောင် ဘတ်အွန်ချောထိပ်တန်း ကြေးစားလူသတ်သမား ဂျောင်ထယ်ဆူနဲ့အသက်အငယ်ဆုံး စိတ္တဇကွင်းဆက်လူသတ်သမား အီဂျောင်မွန်းတို့ ၃ ယောက်ကို ထောင်အပြင်ခဏထုတ်ပေးခဲ့ရတယ်စုံထောက်အိုက ဘာလို့ ဒီ၃ယောက်ကိုရွေးချယ်ခဲ့တာလဲ... သူနဲ့ ဘယ်လိုပက်သက်မှုတွေရှိနေမလဲ...အမှုတွေဖြေရှင်းပြီး အမှန်တရားကိုဘယ်လိုဖော်ထုတ်မှာလဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြရမှာပါ ...
8.1
TMDb: 8.1/10 28 votes
tv

[S1]Bad Guys (2014)

2014
Daredevil(2018)Season 3 8.1
Daredevil(2018)Season 3 Daredevil(2018)Season 3 -<WEB-DL1080P5.1CH>******************************************************အပိုင်း ( ၁ မှ ၁၃) အထိ စ/ဆုံးSeason 2 မှာ ဆျာကန်းတစ်ယောက် ရှယ်ဗျင်းခံလိုက်ရလို့ကံကောင်းထောက်မစွာ အသက်မဆုံးရှုံးခဲ့ဘူး...သို့ပေမဲ့ သူအားအကိုးရဆုံးဖြစ်တဲ့ ညာဘက်နားတော့ကောင်းစွာမကြားရတော့ဘူး... ဒီတော့ အာရုံခံနိုင်စွမ်းအားနည်းလာတော့ဗျင်းတဲ့အချိန်မှာ သာမန်လူနဲ့ဆော်တဲ့အချိန်မှာတောင် အရေးနိမ့်လာတယ်...ဆျာကန်းတစ်ယောက် ဒီအဖြစ်ဆိုးကနေ ပြန်ရုန်းထွက်နိုင်မလား....ဒီကြားထဲ ဖက်တီး ဝဲလ်ဆန်ဖစ်ကလည်း အယူခံဝင်တာအောင်မြင်ဖို့ရာနှုန်းများလာတယ်...ဝဲလ်ဆန်ဖစ်ဆိုတာ ဘယ်လောက်အန္တရယ်များလဲဆိုတာ သိကြတဲ့အတိုင်းပဲ..အမှားတွေကနေသင်ယူတတ်တဲ့သူ..ဘယ်လူလိုကို ခလုတ်နှိပ်ရမယ်ဆိုတာကောင်းကောင်းသိတဲ့သူ...Punisher ကြီ:ကိုတောင် ခုတုံးလုပ်ပြီး သူလိုချင်တဲ့အကွက်ခင်းခဲ့တဲ့သူ...ဒီလိုအချိန်မှာ ထောင်ထဲအသွင်းခံရပြီး သူချစ်တဲ့မိန်းမပါမလုံခြုံအောင်လုပ်တဲ့တရားခံကို ဘယ်လို ပြန်ဗျင်းရမလဲဆိုတာ အမြဲကြံဆနေတတ်တဲ့သူ...ဘာတွေဖြစ်မလဲဆက်စောင့်ကြည့်ရအောင်...Episodes: 13File Size: 1.5GB, 500MBQuality :Blu-Ray1080p5.1Ch,720pGenres: Crime, Drama, Action & AdventureTranslated by  LittleneoEncoded by  Phyo Pyae  Episode 1 720P>>>> UsersDrive   | Yoteshin |     MegaUp    |     Mega.NZ    | StreamSB ...
8.1
TMDb: 8.1/10 3308 votes
tv

Daredevil(2018)Season 3

2018
Daredevil(2016)Season 2 8.1
Daredevil(2016)Season 2 Daredevil(2016)Season 2 -<BLU-RAY1080P5.1CH>*****************************************************အပိုင်း (၁ မှ ၁၃ ) ထိ စ/ဆုံးS1 မှာ ဝဲဆန်ဖစ်ကြီးကို ထောင်ထဲထည့်ခဲ့ပြီးနောက်မှာတော့Daredevil ဖန်တွေအတွက် ပိုထူးခြားပြီး စိတ်ဝင်သွားစေမှာကတော့S2 မှာ မိန်းကလေးဖြစ်သော်ငြား ကြောက်စရာကောင်းတဲ့ အလက်တျာဆိုတဲ့တစ်ယောက်ပါလာသလို Punisher ကြီ:ကလည်း အားရပါးရ မြို့ကို ဗြောင်းဆန်အောင်ဝင်ဗျင်းတာပါပဲ...သတ်ဖြတ်ခန်းတွေနည်းလို့  S1မှာအားမရတဲ့သူတွေအတွက်တော့ S2 မှာတော့အလောင်းတွေ တောင်လိုပုံနေပါတယ်....ဆိုတော့ ခံစားကြည့်ကြပါဦ:..Episodes: 13File Size: 2.0GB, 500MBQuality :Blu-Ray1080p5.1Ch,720pGenres: Crime, Drama, Action & AdventureTranslated by  CM TeamEncoded by  Phyo Pyae  Episode 1 720P>>>> UsersDrive   | Yoteshin |     MegaUp    |     Mega.NZ    | StreamSB  |  VIP 1080P>>>> UsersDrive   | Yoteshin |     MegaUp    ...
8.1
TMDb: 8.1/10 3286 votes
tv

Daredevil(2016)Season 2

2016
Dark Winds (2022) 7.8
Dark Winds (2022) AMC ကထွက်ရှိတဲ့Thriller စီးရီးအသစ်လေးပါ။၁၉၇၀ကျော် Indian Reservation (ဌာနေအမေရိကန်လူမျိုးတွေရဲ့ သီးသန့်နယ်မြေ)မှာ ဇာတ်တည်ထားပါတယ်။ အဲဒီနယ်မြေတွေအတွက် Tribal police ဆိုတဲ့ အင်ဒီယန်းရဲတပ်ဖွဲ့ရဲ့ စခန်းမှုးဖြစ်သူ Joe Leaphron ဟာ သူ့နယ်မြေမှာဖြစ်တဲ့လူသတ်မှုနဲ့ FBI တွေစိတ်၀င်စားနေတဲ့ ဘဏ်ဓားပြတိုက်မှုတို့ကြား ဆက်နွယ်နေမှာကို သံသယရှိနေပါတယ်။ ဒါ့အပြင် Joe ရဲ့အတိတ်ကဖြစ်ရပ်တွေကြောင့် စုံစမ်းရေးကမလွယ်ကူဘဲ FBI ဘက်နဲ့လည်း တင်းမာမှုတွေရှိနေပါတယ်။ ၁၉၇၀တုန်းကထွက်ရှိတဲ့ နာမည်ကြီးစာအုပ်ကို ဇာတ်လမ်းတွဲပြန်ရိုက်ထားတာပါ။ ဌာနေအင်ဒီယန်းတွေရဲ့ ဓလေ့ထုံးစံတွေနဲ့ ယုံကြည်မှုတွေကိုထည့်ရိုက်ပြထားပြီး Reservationက အင်ဒီးယန်းတွေရဲ့အပယ်ခံဘ၀ကိုပြထားပါတယ်။ Zahn McClarnon,Jessica Matten,Kiowa Gordan တို့ပါ၀င်ထားပါတယ်။ Rotten tomatoes -100% Imdb 7.9/10 File size…500 Mb Quality….Webrip 720p Format…mp4 Duration….50 Min Total Episode...6 Episodes Genre...Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP  Episode 1 VIP  /  Yoteshin  / Megaup  / ...
7.8
TMDb: 7.8/10 6 votes
tv

Dark Winds (2022)

2022
Intimacy (2022) 6.8
Intimacy (2022) Intimacy (2022) ============IMDb Rating - 6.8/10 Money Heist မင်းသမီးတစ်ယောက်ဖြစ်တဲ့ Itziar Ituño ရဲ့ Crime , Drama Netflix စီးရီးလေးထွက်လာပါတယ်။မြို့တော်၀န်ဖြစ်ဖို့ ရာခိုင်နှုန်းများနေခဲ့ မာလင်ဇူဘီရီဟာ အိမ်ထောင်ကွဲ ထားပေမယ့်၊ အမှီခိုကင်းတဲ့ သမီတစ်ယောက်အမေ အဖြစ်နဲ့ ရပ်တည် နေတဲ့သူပါ။‌ ဒါ‌ပေမယ့် သူနဲ့ အမျိုးသားတစ်ယောက် ကမ်းခြေမှာ တစ်ည တာပျော်ပါးခဲ့တဲ့ Sex Tape ထွက်လာပြီးနောက်ပိုင်းမှာပဲ လူထုအမြင်တွေ ပါတီရဲ့အမြင်တွေ အကုန်ပြောင်းလဲသွားပြီး၊ အနှစ်နှစ်ကာလ တည်ဆောက် ခဲ့တဲ့ အောင်မြင်မှုတွေဟာ ညတွင်းချင်းပဲ လွင့်စင်ပျောက်ကွယ်ကုန်ပါတယ်။သူမရဲ့ ဘ၀ကိုဘယ်လိုပြန်လည်တည်ဆောက်ရင်း အဖက်ဆည်သွားမလဲ ကြည့်ရမှာဖြစ်ပါတယ်။ ဒီလို Sex tape တွေ leak ဖြစ်လာရင် ရှက်ရမယ့် သူဟာ နစ်နာသူ victim မဟုတ်ကြောင်းကို မီးမောင်းထိုးပြထားတဲ့ Netflix ဇာတ်လမ်းတွဲကောင်းလေးဖြစ်ပါတယ်။ (ဒီစီးရီးရဲ့ အညွှန်းကို Thiha Yan Naing  မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size.............(800 ...
6.8
TMDb: 6.8/10 2300 votes
tv

Intimacy (2022)

2022
Only Murders in the Building (2022) – Season 02 8.6
Only Murders in the Building (2022) – Season 02 Only Murders in the Building (2022) - Season 02 =========================== IMDb Rating - 8.1/10Season 01 မကြည့်ရသေးသူများအတွက် ခုအညွှန်းက Spoilerတွေ ပါပါတယ်။ Season 01 >>> Click Here *********************************** ဝါရင့် အနုပညာရှင်ကြီးတွေဖြစ်တဲ့ Steve Martin နဲ့ Martin Short တို့ ပါ၀င်တာကတစ်ကြောင်း၊ Selenators တို့ရဲ့ အချစ်တော် Selena Gomez ပါ၀င်နေတာကတစ်ကြောင်း မထွက်ခင်ကတည်းက ခေတ်ထနေတဲ့ စီးရီးပါ ။ (၁၀) ပိုင်းပါ၀င်ပြီး ပွဲဦးထွက် ၂ ပိုင်းထွက်ချလာပါတယ်။စုံထောက်ကြီး 3 ယောက်ပြန်လာပါပြီ။ ပြီးခဲ့တဲ့ စီစန် အဆုံးသတ်မှာ ပြဿနာရှင်းပြီလို့ ယူဆရင်း အောင်ပွဲခံနေတဲ့ မေဘယ်၊ ချားလ်နဲ့ အိုလီဗာတို့ ပြီးအောင်တောင် မပျော်လိုက်ရဘဲ ဒုက္ခနဲ့လှလှတွေ့သွားတာကို မှတ်မိကြသေးရဲ့လား မသိဘူး....အခုတော့ အဲဒီ ဒုက္ခရဲ့ နောက်ဆက်တွဲအနေနဲ့ စီစန် 2 ...
8.6
TMDb: 8.6/10 620 votes
tv

Only Murders in the Building (2022) – Season 02

2022
Only Murders in the Building (2021) – Season 01 8.3
Only Murders in the Building (2021) – Season 01 Only Murders in the Building (2021)==========================IMDb Rating - 9.5/10ဝါရင့် အနုပညာရှင်ကြီးတွေဖြစ်တဲ့ Steve Martin နဲ့ Martin Short တို့ ပါ၀င်တာကတစ်ကြောင်းSelenators တို့ရဲ့ အချစ်တော် Selena Gomez ပါ၀င်နေတာကတစ်ကြောင်း မထွက်ခင်ကတည်းကခေတ်ထနေတဲ့ စီးရီးပါ ။ အပိုင်း ၁၀ ပိုင်းပါ၀င်ပြီး ပွဲဦးထွက် ၃ ပိုင်းတောင် ထွက်ချလာပါတယ်။ဇာတ်လမ်းအညွှန်း −Charles, Oliver နဲ့ Mabel Mora တို့ဟာ Upper West Side က ကွန်ဒိုတစ်ခုမှာ ဘ၀ ကိုယ်စီနဲ့ ကိုယ့်လမ်းကိုယ်လျှောက်နေသူတွေပါ။ တစ်နေ့ သူတို့နေတဲ့ ကွန်ဒိုမှာ လူသေမှုတစ်ခု ဖြစ်လာပါတယ်။ ဖြစ်ချင်တော့ အဲဒီလူကမသေခင် တစ်နာရီကမှ သူတို့ ၃ ယောက်နဲ့အတူ ဓာတ်လှေကားတူတူစီးသွားသူရယ်ပါ။ ရဲတွေကတော့ တွေ့ရှိလာတဲ့သက်သေတွေအရ ...
8.3
TMDb: 8.3/10 200 votes
tv

Only Murders in the Building (2021) – Season 01

2021
Cleaning Up (2022) 8.0
Cleaning Up (2022) Cleaning Up (2022) ===============ကဲ ဒီတစ်ခါတော့ 2019 မှာ လွှင့်ခဲ့တဲ့ နာမည်ကြီး UK TV Series "Cleaning Up" ရဲ့ Remake K drama စီးရီး အသစ်လေး လာပါပြီ။ Eo Yong-Mi (Yum Jung-Ah), An In-Kyung (Jeon So-Min) နဲ့ Maeng Soo-Ja (Kim Jae-Hwa) တို့သုံးယောက်ဟာ အကျိုးဆောင် ကုမ္ပဏီတစ်ခုရဲ့ သန့်ရှင်းရေး အလုပ်သမားတွေဖြစ်ပါတယ်။- Eo Yong-Mi ကတော့ သမီးနှစ်ယောက်ကိုပျိုးထောင်ပေးရင်း ဘဝကို ခက်ခက်ခဲခဲရုန်းကန်နေရသူပါ။- An In-Kyung ကတော့ Food Truck လေးဝယ်ပြီး ကော်ဖီဆိုင်ဖွင့်ဖို ရည်ရွယ်ထားသူပါ။- Maeng Soo-Ja ကတော့ ပေါင်းသင်းဆက်ဆံရေးကောင်းတယ်ထင်ရ ပေမယ့် လူတွေကို သူလိုအပ်မှ ရင်းရင်းနှီးနှီးနေတတ်သူပါ။ဒီသန့်ရှင်းရေးဝန်ထမ်း ၃ ယောက်က သူတို့ကုမ္ပဏီရဲ့ ရှယ်ယာရောင်းဝယ်တဲ့ ကိစ္စတွေကို အမှတ်မထင်ကြားခဲ့ကြပြီး၊ သူတို့ရဲ့ ကံကြမ္မာကိုပြောင်းလဲဖို့ အတွက် ...
8.0
TMDb: 8.0/10 1200 votes
tv

Cleaning Up (2022)

2022
Bosch: Legacy(2022)Season1 8.4
Bosch: Legacy(2022)Season1   2014 ကနေ ၂၀၂၁ အထိ ဘော့ရှ်ဆိုတဲ့ တီဗီစီးရီးတစ်ခု ထွက်ရှိခဲ့ပါတယ်။ အဓိကကတော့ စုံထောက် နဲ့ လူသတ်သမားတွေ အားပြိုင်ပုံပါပဲ။ ဇာတ်လမ်းလည်းကောင်းပြီး IMDb လည်း 8.5 အထိ ရရှိခဲ့ပါတယ်။ စီစန် ၇ ခုတောင်ဆိုတော့ များလွန်းလို့ တင်တော့မတင်ပေးဖြစ်လိုက်ဘူးပေါ့။ဒါပေမဲ့ ကံကောင်းတာက အခု အရင်စီးရီး ၇ ခုကို မကြည့်ဘူးပဲနဲ့ အစကနေ ဆက်ကြည့်လို့ရတဲ့ စီးရီးအသစ်တစ်ခု ထပ်ရိုက်ပေးလိုက်တာပါပဲ။ ဘော့ရှ်ဇာတ်လမ်းတွဲပြီးတော့ အခု ဘော့ရှ်ရဲ့အမွေဆက်ခံတဲ့ကားလေးထွက်လာပါပြီသူတို့ရဲ့ မပြီးပြတ်သေးတဲ့အမှုကနေ တရားခံကတရားစီရင်ရေးရဲ့ အားနည်းချက်ကြောင့်လွတ်မြောက်သွားရုံသာ မကဘဲ လူမုန်းများမယ့် တခြားအမှုတစ်ခုကိုပါလိုက်ခဲ့ရပါတယ် အဲဒါအပြင် သူဌေးကြီးတစ်ယောက်ရဲ့ အမွေဆက်ခံတဲ့သူကိုရှာပေးရမယ့်ဘော့ရှ်ကနှစ်၇၀လောက်က မွေးခဲ့လား မမွေးခဲ့ဘူးလားတောင်မသိတဲ့လူတစ်ယောက်ကိုရှာရမှာပါစုံထောက်ကားပီပီ မြှုပ်ကွက်တွေ ဥာဏ်ကစားကွက်တွေနဲအပြည့်အဝခံစားရမယ့် ဇာတ်လမ်းကောင်းလေးတစ်ကားပဲဖြစ်ပါတယ် File size…434 Mb Quality….Webrip 720p Format…mp4 Duration….50 Min Genre... Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield Epi7sode 1720p - VIP ...
8.4
TMDb: 8.4/10 19 votes
tv

Bosch: Legacy(2022)Season1

2022
Candy (2022) (Complete) 8.5
Candy (2022) (Complete) Candy (2022) Completed Mini Series  ~ IMDb - 7.4/10, Rotten Tomatoes - 68% ~ တစ်ခါတလေကျရင်တော့ လူ‌ဘုံလူ့လောကကြီးမှာ အသက်တစ်ရာမနေရပေမဲ့၊ အမှုတစ်ရာပွေရစမြဲပဲလို့ ဆိုရမလိုပါပဲ။ တစ်ချို့အမှုတွေမှာ အပြစ်မရှိဘဲ အပြစ်တွေပုံချခံခဲ့ရတဲ့သူတွေရှိသလို တစ်ချို့ကျပြန်တော့လည်း အပြစ်ရှိလျက် လွတ်ကြပြန်ပါတယ်။ သွေးအေးလူသတ်သမားအချို့ဟာ အကြောင်းပြချက်မဲ့စွာ လူသတ်တတ်ကြသလို တစ်ခါတလေကျရင်တော့ တစ်ချို့လူသတ်သမားတွေဟာ ဘယ်လိုကြောင့်ဘယ်လိုလူသတ်လိုက်မိတာလဲဆိုတာကို သူတို့ကိုယ်သူတို့တောင် နားမလည်မိတတ်ကြတဲ့အထိပါပဲ။ ဒီစီးရီးဟာ ၁၉၈၀ ပြည့်နှစ်က အမေရိကန်နိုင်ငံ တစ်နိုင်ငံလုံး ဟိုလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်လူသတ်မှုတစ်ခုကို ပြန်လည်ရိုက်ကူးထားတဲ့ စီးရီးဖြစ်ပြီး ထိုလူသတ်မှုမှာတော့ အိမ်ရှင်မတစ်ယောက်ဟာ သူ့သမီးရဲ့သူငယ်ချင်းဖြစ်တဲ့ကလေးမလေးရဲ့ မိခင်ဖြစ်သူကို ပုဆိန်တစ်ခုနဲ့ ၄၁ ချက်တိတိအထိ ခုတ်သတ်ခဲ့တာလည်းဖြစ်ပါတယ်။ လူတစ်ယောက်သေဖို့ဆိုရင် ပုဆိန် ၄၊ ၅ ချက်ဟာ လုံလောက်နေပါပြီ။ ၁၀ ချက်ကျော်‌ဆိုရင်တောင် ပိုလွန်းနေပြီပဲဖြစ်ပါတယ်။ ဒါကို ဘယ်လိုစိတ်နဲ့များ အချက်ပေါင်း ၄၁ ချက်ကျော်အထိ ခုတ်သတ်ခဲ့ပါသလဲ။ ...
8.5
TMDb: 8.5/10 18 votes
tv

Candy (2022) (Complete)

2022
Money Heist: Korea – Joint Economic Area(2022) 8.9
Money Heist: Korea – Joint Economic Area(2022) Money Heist: Korea - Joint Economic Area(2022) ဇာတ်လမ်းတွဲ**********************************************************အပိုင်း(၁ မှ ၆) အထိစပိန်နာမည်ကြီး Money Heist စီးရီးကို Remark လုပ်ထားတဲ့ကိုရီးယားဇာတ်လမ်းတွဲထွက်ရှိလို့လာပါပြီ....အောင်မြင်ခဲ့တဲ့ဇာတ်လမ်းတွဲဖြစ်လို့  စပိန်စီးရီးဖန်တွေစောင့်ကြည့်စရာဖြစ်လာခဲ့သလို ကိုရီးယားပရိတ်သတ်တွေအတွက်လည်းရင်ခုန်စိတ်လှုပ်ရားစီးရီးတစ်ခုဖြစ်လာပါတယ်...ဇာတ်လမ်းကျောရိုးကတော့  Genius တစ်ဦးဖြစ်တဲ့ ပရော်ဖက်ဆာနာမည်ခံ လူတစ်ဦးက စပိန်ရဲ့အကြီးဆုံးဘဏ်ကြီးကိုဓားပြတိုက်ဖို့ရာတစ်ခုစီမှာ skillful  ဖြစ်နေတဲ့  လူတွေစုစည်းပြီး အချီကြီးတိုက်ကြတာပါပဲ...ကိုရီးယားစီးရီးထဲမှာတော့ ဘယ်လိုဆန်းသစ်လာမလဲ...ကာရိုက်တာ တစ်ယောက်အချင်းလိုက် ဘာတွေထူးခြားလာမလဲ...ဘယ်လို special tools တွေ သုံးလာမလဲ...Plot twist အလန်းစားတွေ ဘာတွေပါလာမလဲဆိုတာကိုတော့ရင်ခုန်စိတ်လှုပ်ရှားလိုက်ရအောင်...အပိုင်း (၆) ပိုင်းလက်ရှိထွက်ထားပြီး ကျန် (၆)ပိုင်းကိုလည်းအမြန်ဆုံး cm မှ တင်ဆက်ပေးသွားပါ့မယ်...  Episodes: 12Aired: JUNE 24File Size: 1.3GB , 500MBQuality :Web-DL 1080p,720pGenres: Action & Adventure, Crime, Drama, MysteryTranslated by Shoon Thu Thu Chain,Hnin Pale, ...
8.9
TMDb: 8.9/10 7 votes
tv

Money Heist: Korea – Joint Economic Area(2022)

2022
Suzhal: The Vortex (2022) 6.3
Suzhal: The Vortex (2022) Suzhal The Vortex (2022)ခုတင်ဆက်ပေးမယ့်ကားလေးကတော့ trailer ထွက်ကတည်းကလူကြိုက်များပြီး IMDb 8.5ထိရထားတဲ့ ညည်းထိတ်ရင်ဖိုမှုခင်းကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့================ Shanmugam ဟာသမီးဖြစ်သူနဲ့နေထိုင်ပြီး ဘိလပ်မြေစက်ရုံကအလုပ်သမားခေါင်းဆောင်တစ်ယောက်ပါတစ်ညမှာစက်ရုံကမီးလောင်ပြီးဝန်ထမ်းတော်တော်များများထိခိုက်ခဲ့ရပါတယ်နောက်နေ့မနက်ရောက်မှ သမီးဖြစ်သူ Nilaပျောက်နေတာကိုသတိထားမိတော့မိတ်ဆွေတွေရဲ့အကူညီနဲ့ သမီးဖြစ်သူကိုရှာပြီး အစ်မဖြစ်တဲ့ Nandini ကလည်းညီမပျောက်နေတာကိုသိတော့ မြို့ကိုပြန်လာပြီးရှာပါတော့တယ်တစ်ဖက်မှာလည်းရဲအုပ် Reginaနဲ့ ဒုရဲအုပ် Sakkaraiတို့ကလည်းမီးလောင်တဲ့အမှုကိုစုံစမ်းရတော့ မီးမလောင်ခင်မနက်က စက်ရုံကိုမီးရှို့ပစ်မယ်လို့ကြိမ်းဝါးနေခဲ့တဲ့ Shanmugamကို တရားခံအထင်နဲ့ ဖမ်းပါတော့တယ်ဒုရဲမှူးSakkarai တစ်ယောက်စီစီတီဗီစစ်ကြည့်တဲ့အချိန်မှာ Nilaပျောက်ဆုံးမှုကပြန်ပေးဆွဲမှုဖြစ်နေတာကိုသိလိုက်ရတဲ့အချိန်မှာ ဆက်စုံစမ်းရင်း နောက်ကွယ်ကြိုးကိုင်သူက ဘယ်သူဖြစ်နေမလဲအမှုသေးသေးလေးကနေ ရှုပ်ထွေးပြီးမြှုပ်ကွက်ပေါင်းသောင်းခြောက်ထောင်ဖြစ်လာတော့ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကြည့်လိုက်ကြရအောင် File Size – 500MB / 800MBQuality – 1080p / 720pDuration – 45minute (@Episode)Total Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime, MysteryTranslator – Yunni & Poe & OeliuJ & ...
6.3
TMDb: 6.3/10 3 votes
tv

Suzhal: The Vortex (2022)

2022
Escaype Live (2022) Complete 8
Escaype Live (2022) Complete Escaype Live (2022)ဒီနေ့မှာတော့ IMDb 8.2/10 ရ အိန္ဒိယ social thriller web series ကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။“Escaype Live” ဆိုတာ ဘာလဲ? အနီးစပ်ဆုံးပြောရရင်တော့ Tik Tok တို့ Instagram reels တို့လိုတရုတ်အခြေစိုက် video sharing app တစ်ခုပါပဲ။ ကိုယ်ကြိုက်တဲ့ဗီဒီယိုတွေရိုက်တင်မယ် .. live လွှင့်မယ် ..သဘောကျနှစ်သက်တဲ့သူတွေက အသည်းလေးတွေပေးမယ် ..တချို့ပိုကဲတဲ့သူတွေကကျ ပိုက်ဆံနဲ့ပေးဝယ်ရတဲ့စိန်တုံးတွေဝယ်ပေးမယ်။ဒီမှာဘာပိုမက်မောစရာဖြစ်သွားလဲဆိုတော့ စိန်တုံးရတဲ့သူတွေကကိုယ်ရတဲ့စိန်တုံးအရေအတွက်အလိုက်ပိုက်ဆံရမှာဖြစ်ပြီး အဲဒီပိုက်ဆံကိုတော့ ကုမ္ပဏီနဲ့ 50-50 ခွဲဝေယူရမှာပါ။ ဒီလိုအပေါ်ယံကြည့်မယ်ဆိုရင်တော့ဒီ App ကသုံးပျော်စရာပေါ့ .. ကိုယ်နှစ်သက်ရာကိုလည်း လူတွေနဲ့ဝေမျှလို့ရမယ် ပိုက်ဆံလည်းရမယ်ဆိုတော့ .. ။“ဖုန်းရှိတဲ့သူတိုင်း စတားတစ်ယောက်ဖြစ်နိုင်ပါတယ်” ဆိုတဲ့ဆောင်ပုဒ်ကိုလက်ကိုင်ထားတဲ့ဒီကုမ္ပဏီက တစ်နေ့မှာတော့ တစ်လအတွင်း စိန်တုံးအများကြီးရတဲ့ပါရမီရှင်ကို ရူပီး သန်း 30 ဆုချမယ်ဆိုပြီးမက်လုံးပေးကြေညာလိုက်ပါတော့တယ်။ အကဝါသနာရှင်, prank လုပ်ရတာပျော်တဲ့သူ, ...
8
TMDb: 8/10 1 votes
tv

Escaype Live (2022) Complete

2022
Clark (2022) Complete 7.2
Clark (2022) Complete Stockholm syndrome ဆိုတဲ့ ​စကားလုံးကို ဒီဘက်​ခေတ်မှာ အ​တော်များများ ရင်းနှီး​လောက်မှာပါ။ ဆွီဒင်နိုင်ငံ စ​တော့ဟုမ်း မြို့ကို ရည်စူး​ထားတဲ့နာမည်ဖြစ်ပြီး ကိုယ့်အ​ပေါ် ဒုက္ခ​ပေး​နေတဲ့ ဒုစရိုက်သမားကိုမှ သ​ဘောကျမိတဲ့၊ ချစ်မိတဲ့ စိတ်အ​ခြေအ​နေ ကို တင်စားတာမျိုး​ပေါ့။ဒီလိုထူးခြားတဲ့ စိတ်အ​ခြေအ​နေကို Stockholm syndromeလို့ ​ပေးရတဲ့ ရာဇဝင်တစ်ခုကလည်း ရှိပါ​သေးတယ်။ ဒီစီးရီးမှာ အဲဒီ နာမည်ကို ​ဖြစ်​လာစေခဲ့တဲ့ လူတစ်​ယောက်အ​ကြောင်းကို ခ​ရေ​​စေ့ တွင်းကျ တင်ဆက်ထားတာပဲဖြစ်ပါတယ်။ IMDb ratingမှာ 7.4 Rotten Tomatoesမှာ 86% ရရှိထားပြီး It ထဲက pennywise အ​ဖြစ်သိကြတဲ့ မင်းသား​Bill Skarsgårdက ​​ခေါင်း​ဆောင်အဖြစ် ပါဝင်ထားပါတယ်။Bill Skarsgårdက ဒီစီးရီးထဲမှာ Clark Olofssonဆိုတဲ့ ဆွီဒင်ရဲ့ နာမည်ဆိုးဖြင့် အ​ကျော်ကြားဆုံး ဂိုဏ်းစတားတစ်​ယောက်​အ​နေနဲ့ သရုပ်​ဆောင်ထားပါတယ်။ Clarkဆိုတဲ့ လူမိုက်က ခိုးဆိုးလုယက် ဓါးပြမှုကစလို့ ဘဏ်ဓါးပြမှု အနုကြမ်းစီးမှုအထိ ရာဇဝတ်မှုမျိုးစုံ ကျူးလွန်တဲ့သူပါ။ ဒါ့အပြင် ရူပါ​ကလည်း ဖြူး၊ ​လေ​ပေးကလည်း ​ဖြောင့်​လေ​တော့ နာမည်တုမျိုးစုံနဲ့ ​ဥစ္စာ​​ပေါ​ရုပ်​ချော အပျိုကြီး​တွေ တစ်ခုလပ်​တွေပါ မကျန် ခြူစားပါ​သေးတယ်။တစ်​နေ့မှာ​ဖြင့် ...
7.2
TMDb: 7.2/10 21 votes
tv

Clark (2022) Complete

2022
We Own This City (2022) 7.8
We Own This City (2022) We own this City(2022)======================HBO ရဲ့အကြမ်းစား Crime ,Drama ဇာတ်လမ်းတွဲတစ်ခုထွက်လာပြန်ပါပြီ အကောင်းဆုံး Crime ဇာတ်လမ်းတွဲလို့ပြောလို့ရမယ့် The Wire တို့လို Masterpiece တွေရိုက်ပြနိုင်တဲ့ HBO ဟာ ဒီလို ဇာတ်လမ်းအမျိုးအစားတွေမှာဆိုရင် လုံးဝ Fail လေ့မရှိပါဘူး။ဒီဇာတ်လမ်းတွဲမှာလည်း Punisherဇာတ်ကောင် နဲ့လူသိများကြတဲ့ ဇာတ်ကြမ်းမင်းသား Jon Bernthal က ဦးဆောင်ပါဝင်ထားပါတယ် IMDb - 8.1.10 နဲ့ Metacritic မှာလည်း 7.3 လောက်ရထားတဲ့အတွက် စိတ်ချလက်ချကြည့်လို့ရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရဲတွေနဲ့ လူမည်း Gang တွေကြားမှာ ဖြစ်တဲ့ မူးယစ်ဆေး၊ တရားမဝင်လက်နက်နဲ့ အကျင့်ပျက်ခြစားမှုတွေကို ရိုက်ပြထားတာဖြစ်ပါတယ် အမေရိကန်ရဲ့ ရာဇတ်မှုအမြင့်ဆုံးမြို့လို့ပြောလို့ရတဲ့ ဘယ်တီမိုးမြို့မှာ လူမည်းအမျိုးသားတစ်ယောက် ရဲအင်အားသုံးအကြမ်းဖက်မှုကြောင့် သေဆုံးရာကနေ တစ်မြို့လုံးရာဇဝတ်မှုတွေ လုယက်မှုတွေ ဆေးမှုတွေ ပိုမြင့်မား အုံကြွလာပြီး ထိန်းမရဖြစ်လာပါတယ်။ ဖက်ဒရယ် ၊ DEA တွေက အစ လက်လျှော့ထားရတဲ့ မြို့ကို ဝိန်းဂျန်ကင်ဆိုတဲ့ Gun Track Force ...
7.8
TMDb: 7.8/10 4 votes
tv

We Own This City (2022)

2022
9 Hours (2022) Complete 9
9 Hours (2022) Complete 9 Hours ဆိုတဲ့ Disney+ Hostar ကအိန္ဒိယ မီနီ စီးရီးလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။အက်ရှင်ဇာတ်လမ်း အကြမ်းအရမ်းကိုမှ နှစ်သက်တဲ့ ပရိတ်သတ်တွေ အကြိုက်တွေ့စေမယ့် ဇာတ်လမ်းတွဲလေးပါ။ဇာတ်လမ်း အကျဉ်းကတော့ ထောင်ထဲကနေ အကျဉ်းသားသုံးယောက်ကို စီစဉ်အကွက်ချခိုးထုတ်ပေးပြီး သူတို့သုံးယောက်ကို ဦးဆောင်ခိုင်းကာဒါကန်ဗြိတိသျှဘဏ်ရဲ့ ဘဏ်ခွဲသုံးခုကို တစ်ပြိုင်နက်ထဲလက်နက်ကိုင်ပြီး အနုကြမ်းစီးဖို့ အစီစဉ်တစ်ခုရှိပါတယ်။ကျူးလွန်ပြီးရင် သူတို့က ထောင်ထဲကို ပြန်၀င်ရမှာပါ။သူတို့ကိုထောင်ထဲမှာ roll call မခေါ်ခင် ဒီဒုစရိုက် မှုကိုကျူးလွန်ဖို့အတွက် အချိန်က ကိုးနာရီပဲ ရပါတယ်။ဘဏ်ခွဲနှစ်ခုမှာ အဆင်ပြေခဲ့ပေမယ့် ကိုတီဘဏ်ခွဲမှာတော့ သူတို့မှန်းထားသလို ဖြစ်မလာခဲ့ပါဘူး။မှန်းထားသလိုဖြစ်မလာတဲ့အခါ သူတို့တွေ လွတ်လမ်းကို ဘယ်လိုရှာကြမလဲ။ရဲတွေနဲ့ ဘယ်လို အတွေးအခေါ်စစ်ထိုးကြမလဲ။ဘဏ်အတွင်းက ဓားစားခံတွေကိုရော ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ။ဒီအစီစဉ်ရဲ့ နောက်ကွယ်ကရော ဘယ်သူတွေ ပါ၀င်ပက်သတ်နေတာလဲစတာတွေကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုခံစားရမှာပါ။  File Size – 550MB / 300MBQuality – 1080p / 720p Duration ...
9
TMDb: 9/10 1 votes
tv

9 Hours (2022) Complete

2022