Channel Myanmar

Drama

The Warp Effect (2022)
The Warp Effect (2022) The Warp Effectt (2022) လူပျိုစစ်စစ် ဖြစ်ချင်တယ်အသက်၁၇နှစ်အရွယ် အဲလက်စ်ဆိုတဲ့ကောင်လေးဟာ ဖြူစင်ရိုးသားပြီး သူ့ကိုယ်သူယုံကြည်ချက်တွေပျောက်ဆုံးနေသူပါ သူ့ဝါသနာဆိုလို့ ဓာတ်ပုံရိုက်တာလေးတစ်ခုပဲရှိပါတယ်သူ့အိမ်တစ်အိမ်လုံးဟာ ယောကျာ်းလေးတွေပဲ ပြည့်နေပြီး မိန်းကလေးလုံးဝမရှိပါဘူး သူ့အမေကတော့ မတော်တဆမှုတစ်ခုကြောင့် ဆုံးပါးသွားခဲ့ရတာပါသူ့အမေ မဆုံးပါးခင် မှာခဲ့တဲ့ တစ်ခုတည်းသောစကားက အရွယ်မတိုင်ခင် လူပျိုရည်မပျက်ဖို့ပါ အဲ့ဒါက နည်းနည်းတော့ သည်းမခံနိုင်စရာပါပဲသူ့သူငယ်ချင်းဆီအျူနဲ့နင်မ်က လူပျိုဘဝကိုဆုံးရှုံးပြီးနေပြီး သူတစ်ယောက်ထဲ ရိုးသားတဲ့ယုန်သူငယ်လေးဖြစ်နေရှာတာပါ တစ်နေ့တော့ ဂျာဒီရဲ့ပါတီမှာ အဲလက်စ်ထိန်းသိမ်းထားတဲ့ လူပျိုဘဝလေးပျက်စီးမလိုဖြစ်ခဲ့ရရှာပါတော့တယ်။ဒါပေမဲ့ ပြသနာတွေအပြီး သူပြန်နိုးလာတော့ သူက အသက်၂၇နှစ်အရွယ် မီးယပ်အထူးကုပါရဂူကြီးဖြစ်နေပြီး Sex ကိစ္စ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လို့နေပါတော့တယ် အဲဒီညက ထူးဆန်းတဲ့ကိစ္စတွေကို ပြန်ရှာဖွေဖို့ သူ့ကင်မရာလေးကိုလိုက်ရှာရင်း......ကဲ ... ယုန်သူငယ် မောင်အဲလက်စ်တစ်ယောက် သူ့ရဲ့အသက်၁၇နှစ်အရွယ်ကိုပဲ ပြန်ရောက်အောင်လုပ်နိုင်မလား? ဘာအလွဲတွေများဖြစ်ဦးမလဲ? သူ ဘယ်လိုတွေဆက်လုပ်မလဲဆိုတာ ကြည့်လိုက်ရအောာင်နော်အညွှန်းကိုတော့ Kong Hou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Laii, Thada, Summer, Kong Hou တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p | 720p File size…1GB | 350MB Format… ...

The Warp Effect (2022)

2022
Agency (2023) 10
Agency (2023) Agency (2023)အပိုင်း(၁ မှ ၁၆ ) ထိ စ/ဆုံးအလုပ်ခွင်မှာ အောက်ခြေဘဝကနေ အမြင့်ဆုံးအဆင့်ထိရောက်အောင် ကြိုးစားလျှောက်လှမ်းခဲ့တဲ့ Go A-In ဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ...Go A-In က ဆင်းရဲတဲ့မိသားစုကနေလာပြီး အဆင့်မြင့်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တဲ့သူမဟုတ်ပေမယ့် အောင်မြင်ဖို့ဆန္ဒပြင်းပြသူတစ်ယောက်ပါ။ ကြော်ငြာအေဂျင်စီမှာ အလုပ်လုပ်နေပြီး အောင်မြင်မှုနဲ့ပိုက်ဆံကလွဲပြီးမသိတဲ့သူအဖြစ် နာမည်ကြီးပါတယ်။သူ့လို ဘာကျောထောက်နောက်ခံမှမရှိတဲ့အမျိုးသမီးတစ်ယောက်က ကြိုးစားမှုနဲ့အောင်မြင်ချင်စိတ်တွေနဲ့ပဲ အမြင့်ဆုံးရာထူးအထိရောက်အောင် ဘယ်လိုတက်လှမ်းသွားမလဲဆိုတာ အတုယူကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းဖြစ်တာကြောင့် ကြည့်ရှုကြဖို့ ညွှန်းဆိုလိုက်ရပါတယ်။(အညွှန်းကိုတော့ Ei Phyu Khin က ရေးပေးထားပါတယ်။) Aired: Jan 7, 2022 -- Aired On: Saturday & Sunday Genres: Drama, Business, Life Duration: 1hr 20mins Episodes: 16 Original Network: JTBC File Size: 1080p(~1GB) , 720p(~450MB) Translated by Hay Thar ...
10
TMDb: 10/10 1 votes
tv

Agency (2023)

2023
Sons of Anarchy (2008) 8.446
Sons of Anarchy (2008) (function(f,b,n,j,x,e){})(); CM fan တွေ တောင်းဆိုမှု အများဆုံး rating အမြင့်ဆုံးတွေ legendary တွေထဲက စီးရီးတစ်ခု ထပ်တင်ပေးထားလိုက်ပါပြီ။တချိန်က FX ရဲ့ ကြည့်ရှုသူ အမြင့်ဆုံး ဖြစ်ခဲ့ဖူးတဲ့ စီးရီးတစ်ခုဖြစ်ပါတယ်။ Sons of Anarchy ဆိုတာ Charming မြို့မှာ ရှိတဲ့ မော်တော်ဆိုင်ကယ်ဂိုဏ်းတစ်ဂိုဏ်းပါ။ အပေါ်ယံမှာတော့ ဒီလိုဆိုပေမဲ့ ဒီဂိုဏ်းဟာ သေနတ်တွေ မှောင်ခိုရောင်းပါတယ်။ လိုအပ်ရင် လူသတ်ရတဲ့ အပြစ်သားတွေပါပဲ။ဒါပေမဲ့ လူမိုက်ဂိုဏ်းကြီး ဖြစ်နေလို့ ငြိမ်းချမ်းမနေပါဘူး။ အဘက်ဘက်က ရန်သူတွေက သူတို့ကို ဘက်ပေါင်းစုံကနေ တိုက်ခိုက်ချင်ကြတယ်။ SOA ဂိုဏ်းက လက်ဝါးကြီးအုပ်ထားတဲ့ လုပ်ငန်းတွေကို အပိုင်စီးပြီး Charming ကို အုပ်စိုးချင်ကြတော့ SOA မှာလည်း တစ်နေ့တစ်မျိုး မရိုးရတဲ့ ပြဿနာတွေ ကြုံရပါတယ်။ဒီကြားထဲ ဂိုဏ်းအရေး မိသားစုအရေး လူမှုရေးတွေကပါ ရောယှက်လာတဲ့အခါ ပြဿနာတွေက ...
8.446
TMDb: 8.446/10 2637 votes
tv

Sons of Anarchy (2008)

2008
October Faction (2020) 6.789
October Faction (2020) October Faction (2020)**********************(စ-ဆုံး)IMdb မှာ 6.2 ရထားတဲ့အပြင်Drama/thriller ကား fan တွေအတွက် comic book ကို အခြေခံထားတဲ့supernatural ဇာတ်လမ်းတွဲလေးပါ Fred နဲ့ Deloris တို့စုံတွဲကGoeffနဲ့ Viv ဆိုတဲ့ အမွှာသားနဲ့ သမီးနဲ့ ပျော်ရွှင်တဲ့မိသားစုလေး ရှိပါတယ် ဒါပေမဲ့ ကလေး၂ယောက်မသိတာက Fred နဲ့ Deloris က monster hunter တွေဆိုတာပါပဲFred တို့စုံတွဲက ငယ်ငယ်က ကျောင်းပြီးတည်းက Presidio ဆိုတဲ့ အဖွဲ့အစည်းတစ်ခုကို ဝင်ပြီး monster မျိုးစုံဖမ်းပြီး သတ်ဖြတ်နှိမ်နင်းရေးအလုပ်ကို လုပ်နေတာပါvampireတွေ werewolf တွေနဲ့ supernatural သတ္တဝါမျိုးစုံကို အမဲလိုက်ကြပါတယ် သူတို့ကလေး၂ယောက်ကိုတော့ ဘာမှမပြောပြဘဲသာမန်ဘဝလိုနေထိုင်နေကြတယ်ဒါပေမဲ့ Goeff နဲ့ Viv က ခု ဆယ်ကျော်သက် 17 နှစ်ရွယ်ရောက်နေပြီဆိုတော့ဖုံးကွယ်ရတာခက်လာရင်း အန္တရာယ်တွေလည်း ကြုံလာရတော့ ဘယ်လိုဆက်ဖြစ်ကြမလဲ.... Episodes: 10File Size:815MB, ...
6.789
TMDb: 6.789/10 230 votes
tv

October Faction (2020)

2020
Red Balloon (2022)
Red Balloon (2022) Red Balloon (2022)စိတ်ဆန္ဒကိုယ်စီရှိကြပြီး မတူညီတဲ့အခြေအနေတစ်ခုစီက လူ ၄ ယောက်ရဲ့ ဘဝဇာတ်လမ်းဖြစ်ချင်တာတွေ မဖြစ်ခဲ့ရပေမဲ့ အခုချိန်မှာတော့ အေးဆေးတည်ငြိမ်နေတဲ့ ဂျိုအွန်းဂန်ဟာ သူလိုချင်တာကိုရဖို့အတွက်ဆို ဘာမဆိုလုပ်မယ့်သူမျိုးပါငယ်စဉ်က ကျောင်းအတူတူတက်ခဲ့ကြပြီး ဘဝအခြေအနေကွာခြားလွန်းတဲ့ ဟန်ဘာဒါနဲ့ သူငယ်ချင်းတွေဖြစ်ခဲ့ကြပြီးတဲ့နောက်မှာတော့ ဂျိုအွန်းဂန်ရဲ့ဘဝဟာ ပြောင်းလဲသွားခဲ့ပါတယ်ဂျိုအွန်းဂန်နဲ့မတူဘဲ စီးပွားရေးကံကောင်းလှတဲ့ ဟန်ဘာဒါဟာ အိမ်ထောင်ရေးမှာလည်း ဂျိုအွန်းဂန်ထက် တစ်ပန်းသာသွားတဲ့အခါ…အပြင်ပန်းမှာ တည်ငြိမ်ပေမဲ့ ရင်ထဲမှာတော့ အပူမီးတေက်နေတဲ့ ဂျိုအွန်းဂန်တစ်ယောက် ဘာတွေလုပ်လာမလဲ၊ ဟန်ဘာဒါနဲ့သူ့ရဲ့ သူငယ်ချင်းဆက်ဆံရေးကရော ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာအပြင် အိမ်ထောင်ရေးအရှုပ်အထွေးတွေနဲ့ ဘဝအကြောင်း မိသားစုအကြောင်းတွေကိုပါ အလောင်တစ်လိုင်းခံစားရမယ့် ဇာတ်ကားတစ်ကားဖြစ်လို့ အခုပဲ ကြည့်ရှုရင်း လောင်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe, Laii, Milkeux, Thantsin တို့ပဲ ဖြစ်ကြပါတယ်။စုစုပေါင်း အပိုင်း ၂၀ ရှိမှာ ဖြစ်ပြီးတော့ အပတ်စဉ် စနေ နဲ့ တနင်္ဂနွေနေ့တိုင်းမှာ တင်ဆက်ပေးသွားမှာ ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size…1.2GB ...

Red Balloon (2022)

2022
Anne Rice’s Mayfair Witches (2022) 6.375
Anne Rice’s Mayfair Witches (2022) Anne Rice's Mayfair Witches (2022)ပုရိသတိုင်းရဲ့အသည်းစွဲ ညို့မင်းသမီး Alexandra Daddarioရဲ့ Mystery Drama seriesဖြစ်တဲ့ Mayfair Witches season 1 ထွက်ရှိလာပါပြီ။ ဒီseriesဟာ စာ​ရေးသူ Anne Riceရဲ့Mayfire trilogyထဲက ပထမစာအုပ်ကို အသက်သွင်း ရိုက်ကူးထားတာပါ။ အပတ်စဉ် တနင်္ဂ​နွေ​နေ့တိုင်း ထွက်ရှိမှာဖြစ်ပြီး လက်ရှိ IMDbက 8.0ရရှိထားပါတယ်။Daddarioဟာ ဒီဇာတ်လမ်းထဲမှာ အာရုံ​ကြောခွဲစိတ်ဆရာဝန် ရိုဝင် ​ဖီးဒင်းအဖြစ် ပါဝင်ထားပါတယ်။ ရိုဝင်မှာ ပြဿနာတစ်ခုရှိ​နေခဲ့ပြီး အဲဒါက​တော့ ဒေါသထွက်လာချိန်တိုင်း သူ့ရဲ့စိတ်နဲ့ တစ်ဖက်လူကို သတ်မိ​နေတဲ့ ကိစ္စပါ။ ရိုဝင်ကိုယ်တိုင်ကလည်း မ​ကောင်းတဲ့အစွမ်း ပိုင်ရှင် မ​ကောင်းဆိုးဝါးတစ်ဦးအဖြစ် စတင်​တွေးမိလာပါတယ်။တစ်ချိန်တည်းမှာပဲ ​ရိုဝင်ဟာသူ့ကိုယ်သူ မွေးစားသမီးမှန်းသိ​နေလို့ ဒီအစွမ်းဟာ သူ့မိဘအရင်း​တွေဆီက ဆက်ခံခဲ့တာလား၊ သူ့ရဲ့မိဘ အရင်းအချာ​တွေက ဘယ်သူ​တွေဖြစ်မလဲဆိုတာကို သိချင်လာပြီး အပူတပြင်းရှာ​ဖွေရင်း မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းလာတဲ့ ကျိန်စာတစ်ခုနဲ့ အလွန်နီးစပ်တဲ့ အ​ခြေအ​နေတစ်ခုကို ​ရောက်ရှိသွား ပါ​တော့တယ်။ရိုဝင်ရဲ့မ​ကောင်းတဲ့စိတ်စွမ်းအင်က ဘယ်လို​ကြောင့်ဖြစ်လာတာလဲ၊ သူ့မိဘအရင်း​တွေက ဘယ်သူ​တွေဖြစ်မလဲ၊ ဘာကိစ္စ​ကြောင့် သူ့ကို စွန့်ပစ်ခဲ့တာလဲ၊ သူတို့ကြုံခဲ့ရတဲ့ကျိန်စာက ဘယ်​လောက်ဆိုးရွားလဲ ထိုကျိန်စာဆိုးကို ရိုဝင်တစ်​ယောက် ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ အပတ်စဉ် ​​စောင့်​မျှော်ကြည့်ရှုသွားရမှာပါ။အညွှန်း ...
6.375
TMDb: 6.375/10 8 votes
tv

Anne Rice’s Mayfair Witches (2022)

2023
Jeet Ki Zid (2021)Complete 6.5
Jeet Ki Zid (2021)Complete Jeet Ki Zid (2021) Action, Drama IMDb 8.3/10 (2.5K)ဒီဇာတ်လမ်းတွဲလေးကတော့ အိန္ဒိယနိုင်ငံတော်စစ်တပ်ရဲ့အထူးတပ်ဖွဲ့စစ်သားတစ်ယောက်ဖြစ်တဲ့ ဒီပ်ဆင်းဆန်ဂရ်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန်ရိုက်ကူးတင်ဆင်ထားတဲ့ စီးရီးလေးပဲဖြစ်ပါတယ်။ဒီပ်ဟာ ငယ်စဉ်ကတည်းက အားနည်းတယ်။ ဒါပေမဲ့ ခေါင်းမာတယ်။ သူဖြစ်ချင်တာကို ရအောင်လုပ်တတ်တယ် မှန်တယ်ထင်ရင် စွန့်စားတယ်။ငယ်ငယ်က အစ်ကိုဖြစ်သူကို ကက်ရှမီးဒေသက အကြမ်းဖက်သမားတွေ ဖမ်းသွားလို့ လက်စားချေဖို့ တပ်ထဲဝင်လာတယ်။တပ်ထဲဝင်လာတော့လည်း လူအများမလုပ်နိုင်တဲ့ စံချိန်တွေ ချိုးတယ်။ စစ်မြေပြင်အတွင်းမှာဆိုရင်လည်း အထက်အမိန့်မကြည့်ဘဲ အခြေအနေအချိန်အခါကို တွက်ဆပြီး အကြမ်းဖက်သမားတွေကို နှိမ်နင်းတယ်။ဒီလိုစစ်သားတစ်ယောက်ရဲ့စစ်မြေပြင်မြင်ကွင်းတွေအပြင် ဘဝရဲ့အနိမ့်အကျအလှည့်အပြောင်းတွေမှာလည်း သူ ဘယ်လိုရုန်းကန်နေထိုင်သွားမလဲဆိုတာကို ဒီဇာတ်လမ်းတွဲမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။File Size – 700MB / 400MBQuality – 1080p Zee5 WEB DL / 720pDuration – 40minsTotal Episodes: 7EpsSubtitle – Myanmar HardsubFormat – Mp4Genre : Action & ...
6.5
TMDb: 6.5/10 2 votes
tv

Jeet Ki Zid (2021)Complete

2021
[18+] Erotica Manila (2023) 8.8
[18+] Erotica Manila (2023) Erotica Manila (2023) Completed Mini-Series ~ IMDb rating - 8.8/10 ~ အပတ်စဉ်တင်ဆက်နေကျ Vivamax ဇာတ်လမ်းတွဲလေးတွေရဲ့နေရာကို နောက်ဆုံးဝင်ရောက်လာတဲ့အသစ်စက်စက် Mini-Series လေးဖြစ်ပါတယ်။ မနီလာမြို့တော်တစ်ဝန်းမှာ တွေ့ကြုံခံစားရနိုင်မယ့် အချစ်၊ ဘဝနဲ့ လိင်မှုကိစ္စအဖြာဖြာကို သီးခြားဇာတ်လမ်းတို လေးခုနဲ့ ပုံဖော်ပြသသွားမယ့် Anthology ပုံစံနဲ့ကြည့်ရှုခံစားရမှာပါ။ " Episode 1 - Cinema Parausan "ပထမဆုံးအပိုင်းဖြစ်တဲ့ Cinema Parausan ကတော့ ရုပ်ရှင်ဝေဖန်ရေးသမား၊ ဝါသနာအိုးတစ်ယောက် ရုပ်ရှင်ရုံဟောင်းကြီးတစ်ခုမှာ ဂန္ထဝင်ညစ်ညမ်းရုပ်ရှင်တစ်ကားကို သွားကြည့်ခဲ့တဲ့အတွေ့အကြုံအကြောင်းဖြစ်ပါတယ်။ ရန်ကုန်ရဲ့ရုပ်ရှင်ရုံတွေအဆင့်မမြှင့်ရသေးခင် ကာလတစ်ခုကို အမှတ်ရစရာဖြစ်မှာပါ။ ဇာတ်ကားတွေဟာ ပိတ်ကားပေါ်မှာတင်မကပဲ ရုပ်ရှင်ရုံရဲ့ အမှောင်ထောင့်ချိုးတွေမှာ၊ အိမ်သာထဲမှာ၊ ခုံတန်းတွေပေါ်မှာတင် တိုက်ရိုက်ပြသနေတဲ့အပြင်၊ သူ့အနားကိုလိင်ကိစ္စဆွယ်ဖို့ချဉ်းကပ်လာတဲ့ မိန်းမရွှင်လေးတစ်ယောက်နဲ့ စကားလက်ဆုံကျမိ၊ ရုပ်ရှင်တွေအပေါ်အမြင်တွေ ဖလှယ်မိကြတဲ့အကြောင်း၊ ရုပ်ရှင်ဝေဖန်ရေးသမားတစ်ယောက်နဲ့ ရုပ်ရှင် Taste မြင့်တဲ့ မိန်းမရွှင်လေးတစ်ယောက်အကြောင်းပါပဲ။ Pamasahe ...
8.8
TMDb: 8.8/10 votes
tv

[18+] Erotica Manila (2023)

2023
The Gold(2023) 6.5
The Gold(2023)  အပိုင်း ၆ ပိုင်းပါဝင်သော အဆိုပါ ဗြိတိန်စီးရီးဟာ ၁၉၈၃ ခုနှစ်၊ လန်ဒန်မြို့ ဟိသရိုးလေဆိပ်အနီး၊ ဘရင့်စ်မတ်ကုန်လှောင်ရုံတွင်ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန် ဓားပြတိုက်မှုအကြောင်းကိုအခြေခံကာရိုက်ကူးထားတာဖြစ်ပါတယ်။ ၎င်းဓားပြတိုက်မှုဟာ ထိုခေတ်အခါ၌ သမိုင်းတွင်အကြီးကျယ်ဆုံးသောဓားပြတိုက်မှုတစ်ခုဟု ပြောစမတ်ရှိခဲ့ကြပြီး စတာလင်ပေါင် ၂၆သန်းတန်ကြေးရှိတဲ့ ရွှေချောင်းများလုယက်ခံခဲ့ရတယ်။ အဆိုပါရွှေချောင်းများကိုဖျောကာ ဝေစားမျှစား လုပ်ကြဖို့အတွက်လန်ဒန်မြို့မှ လူတန်းစာအလွှာအသီးသီးမှဒုစရိုက်သမားများစုပေါင်းပါဝင်လုပ်ဆောင်ခဲ့ကြတဲ့ အကြောင်းဆိုလည်းမမှားပါဘူး။ကြီးမြတ်လှသောဗြိတိန်မြေ၌ ခေတ်အဆက်ဆက်ကပျိုးထောင်လာခဲ့သောစနစ်တွေရှိကြပါတယ်။ အဆိုပါစနစ်များကြောင့်အကျိုးစီးပွားဖြစ်ထွန်းနေသူများဟာစနစ်ကိုတုံးတိုက်တိုက် ကျားကိုက်ကိုက်ကာကွယ်ဖို့အသင့်ပါပဲ။ ဗင်ကားလေးတစ်စီးပေါ်က လူခြောက်ယောက်နဲ့အစပြုခဲ့တဲ့ အဆိုပါအမှုဟာ မီးခိုးကြွက်လျှောက်ပဲ အမည်မဖော်လိုသူများအထိပါဝင်ပတ်သက်ခဲ့ပြီး ဒုစရိုက်သမားများကတစ်ဖက်၊ အာဏာရှိသူများကတစ်ဖက်၊ စကော့တလန်ရဲဌာနာချုမှတစ်ဖက် အားပြိုင်ကြတာကို သည်းထိပ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ် File Size –  846 MB  /   391 MB  @EpisodeQuality – 720p / 1080pDuration –  58 minute (@Episode)Total Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre : ...
6.5
TMDb: 6.5/10 4 votes
tv

The Gold(2023)

2023
My School President (2022)
My School President (2022) My School President / ဥက္ကဋ္ဌလေး ကျွန်တော့်ချစ်သူ (2022) (အညွှန်း) =========================== တစ်ကားလုံးဆင်တဲ့ နောက်ထပ် ကျောင်းတွင်း BL series အသစ်လေးလာပါပြီ။ဂီတကိုရူးသွပ်ပြီး ကျောင်းတွင်းဂီတကလပ်မှာ သူငယ်ချင်းတွေနဲ့အတူတူတီးဝိုင်းထောင်ထားတဲ့ .. “ဂန်း”။ပုံမှန်ကျောင်းတွင်းတီးဝိုင်းတွေဆိုရင် ကိုလူချောတွေအပြည့်နဲ့ ကျောင်းသူလေးရဲ့သည်းသည်းလှုပ်ခြင်းကိုခံရတာထုံးစံဆိုပေမယ့် “ဂန်း” တို့ရဲ့တီးဝိုင်းအဖွဲ့ကတော့ ဗရုတ်သုတ်ခတွေလုပ်လွန်းလို့ ကျောင်းရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အဖွဲ့ဆိုပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့အဖွဲ့ပေါ့။ ဒီလိုနဲ့တစ်နေ့မှာ ကျောင်းအုပ်အပြောင်းအလဲဖြစ်သွားပြီး အသစ်တက်လာတဲ့ကျောင်းအုပ်က ကျောင်းကိုသိက္ခာချမယ့်ကလပ်တွေကို ဖျက်သိမ်းမယ်ဆိုတဲ့ ကြေညာချက်နဲ့အတူ ကျောင်းတွင်းကလပ်တွေနဲ့ပတ်သက်တာမှန်သမျှ လုပ်ပိုင်ခွင့်ရှိတဲ့ “ကျောင်းရဲ့သမဂ္ဂဥက္ကဌ” အသစ်တစ်ယောက် ရွေးချယ်ဖို့ဖြစ်လာရာကနေ ဘက်စုံထူးချွန်တဲ့ “တင်” က သမဂ္ဂဥက္ကဌရာထူးကိုရသွားပါတော့တယ်။ “တင်” က ဂီတကလပ်ဖျက်သိမ်းရေး/ မဖျက်သိမ်းရေးအတွက် အဓိကတာဝန်ရှိသူဖြစ်လာပြီးတော့ ဆန့်ကျင်ဘက်နှစ်ဖက်မှာရှိနေတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်စမ်းရန်ပွဲလေးတွေက ဘယ်လိုတွေအူယားစရာကောင်းဦးမလဲဆိုတာကို သီချင်းကောင်းကောင်းလေးတွေနားဆင်ရင်း စောင်ကိုက်နိုင်အောင် တင်ဆက်ပေးလိုက်ကြောင်းပါနော်အညွှန်းကိုတော့ Lai Laii က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lai Laii နဲ့ Shin Shin ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 1GB | 500MB Format… ...

My School President (2022)

2022
Phuea Mae Phae Bo Dai (2023) 7.5
Phuea Mae Phae Bo Dai (2023) ခွန်ဒရင် အဖြစ် Toy Pathompong ကွိုင့် အဖြစ် Phingphing Nichaဇာတ်လမ်းအကျဉ်းကွိုင့်က မိသားစုပိုင်ခြံလေးမှာ ရော်ဘာပင်တွေစိုက်ဖို့ ငယ်ကတည်းက စိတ်ကူးလာခဲ့တဲ့ မိန်းမငယ်လေးတစ်ယောက်ပါဒါပေမဲ့ ကွိုင့်အဖေက ခြံကိုသူဌေးချိတ် ​ဆီမှာ ဘတ်၃သိန်းနဲ့ပေါင်ခဲ့တာမို့ အကြွေးမဆပ်အတိူးမပေးနိုင်ရင် သိမ်းခံရပြီးစိတ်ကူးအိပ်မက်လေးကလည်းပျက်စီးသွားရမှာဖြစ်နေပါတယ်ဒရင်ကတော့ ရော်ဘာစက်ရုံပိုင်ရှင်သူဌေးလေးတစ်ယောက်ဖြစ်ပြီး ကုမ္ပဏီနဲ့စာချုပ်ချုပ်ထားတဲ့ရော်ဘာခြံက စျေးတင်ရောင်းတာမို့ ကိုယ်ပိုင်ခြံဝယ်ယူဖို့ကြိုးစားနေသူပါဒရင်ဝယ်ယူဖို့ရှာဖွေမိထားတဲ့ခြံက ကွိုင့်ရဲ့ခြံဖြစ်လာတဲ့အခါ..မိခင်ဖြစ်သူအတွက်ရော သူမရဲ့အိပ်မက်အတွက်ပါ ကွိုင့်က ရော်ဘာခြံကို လက်မလွှတ်ပေးနိုင်တဲ့အခါကွိုင့်ကပဲ ခြံကိုပြန်ရွေးနိုင်မလား ဒရင်ကပဲ ခြံကိုဝယ်နိုင်သွားမလဲ ပြိုင်ဘက်တွေဖြစ်လာခဲ့တဲ့ ဒရင်နဲ့ကွိုင့်တို့ကြား ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရှုကြရအောင် ။Native Title: เพื่อแม่แพ้บ่ได้ Episodes: 15 Aired: Jan 9, 2023 - ? Aired On: Monday, Tuesday, Wednesday, Thursday, Friday Original Network: GMM OneTranslated by Kyi Nue Zin & Nang Mwe Kham Encoded by Naing ...
7.5
TMDb: 7.5/10 votes
tv

Phuea Mae Phae Bo Dai (2023)

Strangers Again(2023)
Strangers Again(2023) Strangers Again(2023)********************အပိုင်း(  ၁ မှ ၁၂ ) ထိ စ/ဆုံးRevolutionary Love (2017) ပြီးကတည်းကပျောက်သွားတဲ့ မမ Kang So Ra ရဲ့ ကမ်းဘက်ပေါ့နော်... ရယ်လိုက်ရင်ပါးချိုင့်လေးနဲ့စွဲမက်ဖြစ်အောင်လှပနေသလို အကြည်ဓာတ်လေးပါတဲ့ သူ့မျက်နှာပေးကြောင့် အတော်များများ သဘောကျကြပါတယ်...Jang Seung Jo နဲ့တွက်ဖက်ထားတာမို့ လိုက်ဖက်နေမှာတော့အမှန်ပါပဲ..ယခုစီးရီးမှာတော့ ၂ယောက်လုံးဟာ အိမ်ထောင်သည်တွေကွာရှင်းတဲ့နေရာမှာအောင်မြင်တဲ့အကျိုးဆောင်ရှေ့နေတွေဖြစ်ကြပါတယ်..သူတို့(၂)ယောက်ထိပ်တိုက်တွေ့ဖို့ဖြစ်လာသလိုတွေ့ရတဲ့အကြောင်းရင်းကလည်း အတော်ဆန်းကျယ်တာမို့ဘာတွေဖြစ်မလဲခံစားကြည့်လိုက်ရအောင်နော်...Episodes: 16File Size:800M B, 250MBQuality :Web-DL  1080p,720PGenres: Drama, Comedy, RomanceTranslated by  Hnin Wut Yi, Hay Thar Oo, Hnin Wai Oo & MiriEncoded by  Phyo Pyae   >>>>TELE LINK ><>>>>  Episode 01  [720p]     »»»   UsersDrive  •   Yoteshin   •   MegaUp   •   StreamSB  ...

Strangers Again(2023)

2023
Ayali(2023) 6
Ayali(2023) Ayali (2023)IMDb-8.9/10၁၄ ရာစုက ပန်နီယာဆိုတဲ့ရွာလေးဟာ အာရာလီအရှင်မရဲ့ကောင်းချီးပေးမှုတွေနဲ့ သာယာ၀ပြောနေခဲ့တယ် အပျိုစင်နတ်ဘုရားမဖြစ်တဲ့အတွက် အပျိုစင်မိန်းကလေးတွေသာ ထိတွေ့ဆုတောင်းခွင့်ရတဲ့အချိန်မှာ အပျိုစင်တစ်ယောက်ဟာ သူ့ကျောင်းတော်လာရင်း တစ်ခြားရွာက လူတစ်ယောက်နဲ့ ချစ်ကျွမ်း၀င်ပြီး ရွာကထွက်ပြေးခဲ့လို့အမျက်ထွက်ပြီး ရွာကပ်ဘေးဆိုက်ပျက်စီးခဲ့ရတယ်ရွာသစ်ပြန်တည်ပြီးချိန်မှာတော့ ဒီလိုမျိုးထပ်မဖြစ်ရဖို့ ရွာမှာရှိတဲ့ မိန်းကလေးတွေကို အပျိုဖော်၀င်တာနဲ့ပေးစားခဲ့ကြတယ် အဲဒီချိန်တည်းက နှစ်ပေါင်း ၅၀၀ ကြာပြီးသည်ထိ ဒါကိုအစဉ်အလာတစ်ခုလိုထိန်းသိမ်းလာခဲ့တယ်တိုးတက်ပြောင်းလဲလာတဲ့ခေတ်မှာ အိမ်ထောင်တစ်ခုကို စောစောစီးစီးမထူထောင်ချင်သူ ပညာဆက်လက်သင်ကြားချင်သူ မိန်းကလေးတွေရှိလာချိန်မှ....ယခုဇာတ်ကားလေးဟာအိန္ဒိယရုပ်ရှင်ဇာတ်ကားတို့ ထုံးစံအတိုင်း စနစ်တွေ ထုံးတမ်းတွေကို ထိထိမိမိတိုက်ခိုက်ဝေဖန်ထောက်ပြထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး ယခုကားထဲမှာ ကျားမလူတန်းစားခွဲခြားမှု ရှေးရိုးစွဲအစဉ်အလာများကို မျက်ကန်းဖက်တွယ်မှုတွေကို အကွက်ကျကျထည့်သွင်းဖော်ပြဝေဖန်ထားပါတယ်တိုးတက်ပြောင်းလဲချင်သူတွေနဲ့ အစဉ်အလာကိုပဲ ဆက်လက်ထိန်းသိမ်းချင်သူတွေကြား ဘယ်လိုတွေအားပြိုင်အနိုင်ယူကြမလဲ ခံစားကြည့်ပါဦးQuality –1080p / 720pDuration – 35mTotal Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : DramaTranslator – Sai Thu Rein ~ BpL ~ Yunni ~ Yoon CherryEncoder – YK 720p Episode 1 - Yoteshin / Userdrive ...
6
TMDb: 6/10 2 votes
tv

Ayali(2023)

2023
Freeridge (2023) 6.1
Freeridge (2023) Freeridge(2023)Imdb 5.8, Tomatometer 88%2018ခုနှစ်တုန်းက ထွက်ခဲ့တဲ့ "On my block" ဆိုတဲ့ Teenage dramaလေးရဲ့ Spin-off seriesတစ်ခုပါ။ရှေ့က မူလစီးရီးနဲ့ အလားတူပါပဲ ဒီတစ်ခုကိုလည်း Teenage dramaလို့ သမုတ်လို့ ရပါတယ်။ ဇာတ်အိမ်ကိုတော့ Gloriaနဲ့Inesလို့ ခေါ်တဲ့ မိတဆိုးညီအစ်မနှစ်ယောက်နဲ့ သူငယ်ချင်းအုပ်စုလေးအပေါ်မှာ တည်ထားပြီး Mysteryလေးပါ ရောထားတာကို တွေ့ရမှာပါ။ ပြီးတော့ ဒရာမာတို့ရဲ့ထုံးစံအတိုင်း Comedy ကို ပါ ခပ်ပါးပါးပုတ်ထားတာမို့ ကြည့်ရမပျင်းတာတော့ အမှန်ပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ အထက်တန်း ဒုတိယနှစ်ကိုရောက်လို့ ပျော်လို့မှမဆုံးသေးတဲ့ Gloriaခမျာ ညီမဖြစ်သူ Inesပါ ပထမနှစ်တက်ဖို့ ကျောင်းပြောင်းလာတာမို့ နဂိုတည်းက မတည့်အတူနေသမားတွေဖြစ်တာကြောင့် ကျောင်းမှာ တစ်နေ့တစ်ခါလောက် ဘိုင်ဝမ်းတီးလိုက်ကြတာ ကျောင်းဖွင့်ပြီး သုံးရက်မြောက်တဲ့နေ့မှာပဲ မိဘခေါ်ကာ ကျောင်းထုတ်ဖို့ သတိပေးခံလိုက်ရပါပြီ။ သို့သော်ငြားလည်း ဦးလေးဖြစ်သူTonioကို တစ်ဖက်လှည့်နဲ့ အဖေဟန်ဆောင်ခိုင်းပြီး ခေါ်လာတဲ့အတွက် သတိပေးခံရတာလောက်နဲ့ပဲ ပြီးသွားခဲ့တာပါ။ ကံဆိုးချင်တော့ "ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုး" ဆိုတဲ့စကားပုံလိုပဲ အရင်းရှင်ဦးလေးTonioကြီးက ဝန်ဆောင်ကြေး ဒေါ်လာတစ်ထောင် ထတောင်းနေတာမို့ ...
6.1
TMDb: 6.1/10 11 votes
tv

Freeridge (2023)

2023
The Last Days of Ptolemy Grey (2023) 8
The Last Days of Ptolemy Grey (2023) The Last Days of Potlemy Grey (2023)ပဟေဠိဆန်ဆန် စိတ်ကူးယဥ်ဇာတ်လမ်းတွေကို စိတ်ဝင်စားသူတွေ အကြိုက်တွေ့ဦးမယ့် Samuel L.Jackson အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ series ကောင်းတစ်ခုပါ။ စီးရီးနာမည်က "တော်မီဂရေးရဲ့ နောက်ဆုံးနေ့ရက်များ" ပေါ့။တော်မီဆိုတာကတော့ အတိတ်မေ့ဝေဒနာကို ခံစားနေရတဲ့ ၉၁ နှစ်အရွယ် အဖိုးကြီးတစ်ယောက်ပါ။ ဒီလိုအဖိုးကြီးရဲ့ နောက်ဆုံးနေ့ရက်တွေမှာ ဘာတွေများထူးထူးခြားခြားဖြစ်နိုင်မှာမို့လို့လဲပေါ့။ တော်မီက မိသားစုမိတ်ဆွေတော်တော်များများကို မမှတ်မိနိုင်တော့ပါဘူး။ သူ့ကိုယ်သူတောင်သေချာမမှတ်မိဘဲ အတိတ်ရဲ့ပုံရိပ်တွေကလဲလာလာခြောက်လှန့်နေတာကိုခံနေရသူပါ။ သူနဲ့လောကကြီးကြားက တစ်ခုထဲသောအဆက်အသွယ်ကတော့ သူ့မြေးဖြစ်သူရက်ဂျီပါ။ တစ်နေ့မှာရက်ဂျီတစ်ယောက် အသတ်ခံလိုက်ရချိန်မှာတော့ တော်မီလဲကူကယ်ရာမဲ့ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ တော်မီ့အတွက် ရက်ဂျီ့နေရာကိုအစားဝင်သူလို့ခေါ်ရမယ့်မိန်းကလေးတစ်ယောက်နဲ့ သူ့ရဲ့အတိတ်မေ့ရောဂါအတွက် စမ်းသပ်နေဆဲဆေးအသစ်တစ်မျိုးကိုရလိုက်ချိန်မှာတော့ တော်မီက သူ့ရဲ့နောက်ဆုံးနေ့ရက်တွေမှာ ဆန်းပြားလွန်းတဲ့သူရဲ့သမိုင်းကိုရေးသွားပုံကိုကြည့်ရှုရမှာပါ။ဒီဇာတ်လမ်းတစ်ခုလုံးက ဒီဆေးပေါ်မှာပဲ အခြေခံထားတာဖြစ်ပြီး အပြင်လောကမှာတော့တကယ်မရှိပါဘူး။ ဆေးရဲ့အလုပ်လုပ်ပုံကတော့ တော်မီ့အနေနဲ့ ရက်အနည်းငယ်ကြာ မှတ်ဥာဏ်ပြန်ကောင်းမှာဖြစ်ပေမယ့် ပြီးသွားရင်တော့သူ့ရောဂါက အရင်ထက်ဆိုးရွားပြီးအသက်အန္တရာယ်ပါရှိလာမှာပါ။ ဒီဆေးကတကယ်မရှိပေမယ့် ဒီစီးရီးထဲမှာတော့ အတိတ်မေ့ဝေဒနာခံစားနေရတဲ့ လူကြီးတွေရဲ့ဘဝ၊ သူတို့ရဲ့ရုန်းကန်ရမှုတွေ၊ ချစ်ခင်ရသူတွေနဲ့ရော ကိုယ်ကိုယ်တိုင်နဲ့ပါအဆက်အသွယ်ပြတ်မှုတွေကို ကောင်းကောင်းကြီးမီးမောင်းထိုးပြထားတာကြောင့် ပညာလဲရ စိတ်ဝင်စားစရာလဲကောင်းတဲ့ limited series ပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p ...
8
TMDb: 8/10 25 votes
tv

The Last Days of Ptolemy Grey (2023)

2022
Bride’s Revenge (2023)
Bride’s Revenge (2023) "အချစ်ကြောင့်နာကျည်းမှုတွေများလာတဲ့အခါ အမုန်းတရားတွေပေါက်ဖွားလာတယ်၊အာဃတတွေကြောင့် သံသရာစက်ကွင်းထဲမှာနစ်မြောနေတဲ့အခါ ပြန်လည်ရှင်သန်ခြင်းဆိုတာ မရှိဘူး"တဲ့~ကဲ ကဲ~ CM Cdrama Fanလေးတိုရေ~Xianxiaတွေ wuxiaတွေလည်း မကြည့်ချင်၊teenage romance တွေလည်း ရိုးအီနေပြီ၊plotကတစ်မူထူးပြီး ကွဲထွက်နေတာလေးမှ ကြည့်ချင်တယ်ဆိုသူလေးတွေအတွက်Revengeအမျိုးစား ဇာတ်ကားသစ်လေးကို တစ်ဖန်ပြန်ယူဆောင်လိုလာပါပြီနော်။နာမည်လေးကိုက Bride's Revenge (*ရက်တစ်ရာ သတိုသမီး*)တဲ့...ဇာတ်လမ်းအကျဉ်း-ယဲ့မိသားစုရဲ့တစ်ဦးတည်းသောသမီး "ယဲ့ချင်းလန်"ဟာ မုမိသားစုရဲ့အကြီးဆုံးသခင်လေးနဲ့ချစ်သူတွေဖြစ်ပြီးချစ်ရသူရဲ့လှည့်စားမှုကို ခံရကာ မကောင်း‌ေသာအခြင်းအရာတွေဆေးကြောဖိုဆိုတဲ့အယူတစ်ခု‌အရအတင်းအကျပ် လက်ထပ်လိုက်ရပါတော့တယ်~မုအိမ်နဲ့ယဲ့အိမ်ကြားမှာရော ဘယ်လိုလျှိဝှက်ချက်တွေ ရှိနေမလဲ?_ကြားထဲက မြေစာပင်ဖြစ်နေတဲ့ "ယဲ့ချင်းလန်"တစ်ယောက် မိမိတကယ် လက်ထပ်ရတဲ့သူက ဘယ်သူဖြစ်နေမလဲ၊ထိုလက်ထပ်ခြင်း‌‌နှောင်ကြိုးက‌ရော ပထမဆုံးနဲ့နောက်ဆုံးအကြိမ် ထုံးဖွဲခြင်းပဲလား၊အဆုံးသတ်မှာရော အချစ်နဲ့ကံတရား တစ်ထပ်တည်းကျနိုင်ပါ့မလား...._မိမိနှလုံးသားတစ်ခုလုံးကို ပုံအပ်ပြီး ချစ်မြတ်နိုးခဲ့ရသော တစ်ဦးတည်းသောသူဟာလည်းဘာကြောင့် လှည့်စားခဲ့ရသလဲ၊နှလုံးသားကို နင်းချေပစ်လိုက်တာပဲ မဟုတ်လား?_ယဲ့ချင်းလန်ကရော ကွဲ‌ကြေနေတဲ့နှလုံးသားတစ်စုံတစ်ရာနဲ့ အမုန်း၊အငြိုး၊အာဃတ၊အမိုက်မှောင်လောဘမီးတောက်တွေ ထိုးနှက်နေတဲ့အသိုင်းဝိုင်းအလယ်မှာ မားမားမတ်မတ် ရင်ဆိုင်နိုင်ပါ့မလား…..._နဂိုတည်း မချော‌မွေ့ခဲ့လှတဲ့ချစ်ခြင်းတစ်ခု၊လှည့်စားမှုနဲ့စတင်ခဲ့တဲ့အိမ်ထောင်ရေးတစ်ခုမိုခင်ပွန်းဖြစ်သူရဲ့အသိုင်းအဝိုင်းနဲ့ ယောက္ခမဖြစ်သူရဲ့မေတ္တာတွေရရှိမဲ့အစား နှိပ်စက်မှုကိုသာ ခါးစည်းခံရလေမလား_***"လူဆိုတာ ပေးဆပ်မှုနဲ့ပြန်ရတာ မထိုက်တန်တဲ့အခါ စိတ်ထွက်ပေါက်ရှာတတ်ကြတယ်၊ဒါက "ကလဲ့စား"ဆိုတဲ့ စာလုံးလေးသုံးလုံး ဖြစ်လေမယ်ဆိုရင်ရော~-"အမုန်း၊အငြိုး၊အချစ်၊အာဃတ၊ယှဉ်ပြိုင်မှု၊လှည့်ဖြားမှု၊တုန့်ပြန်မှု..."ဆိုတဲ့ ခံစားချက်တွေ ...

Bride’s Revenge (2023)

The Knockout (2023) 8.167
The Knockout (2023) CM ပရိတ်သတ်တွေအတွက် ဒီတစ်ခေါက်မှာတော့အက်ရှင်၊ ဒရမ်မာ၊ မှုခင်းရသမျိုးစုံ ကိုခံစားကြည့်ရှုနိုင်မယ့်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်နော်။ဒီဇာတ်ကားမှာတော့ ကျင်းဟိုင်မြိုရဲ့ ရှေ့တန်းရာဇဝတ်မှုခင်းရဲအရာရှိတစ်ယောက်ဖြစ်တဲ့ အန်းရှင်းတစ်ယောက်သူ့မြိုက လူဆိုးလူမိုက်တွေရဲ့ ရာဇဝတ်မှုတွေ၊ အကျင့်ပျက်ချစားမှုတွေနဲ့ပဲတစ်ချိန်လုံးရင်ဆိုင်နေရပေမယ့် ဘယ်တုန်းကမှအနိုင်မရခဲ့ပါဘူး။ဒါကြောင့်မို လင်ကျန်း ပြည်နယ်စုက အမျိုးသားအဆင့်နိုင်ငံရေးနဲ့ဥပဒေရေးရာပညာပေးပြုပြင်မွန်းမံမှုတွေ သင်ယူထားတဲ့သူတွေကို ကျင်းဟိုင်ကိုစေလွှတ်ပြီးကျင်းဟိုင်ကဥပဒေရေးရာအဖွဲစည်းတွေနဲ့ ပူးပေါင်း ပြီးတဲ့နောက် ဘယ်တုန်းကမှတရားမျှတမှုရအောင်မလုပ်နိုင်ခဲ့တဲ့ ရာဇဝတ်မှု၊ အကျင့်ပျက်ချစား မှုတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းကြမယ်ဆိုတာတွေ...အဲ့ဒီအခါ ကျင်းဟိုင်မှာ နှစ်အတော်ကြာအုပ်စိုးပြီး ဥပဒေကိုသူတိုလက်ခုပ်ထဲကရေလိုကျင့်သုံးနေကြတဲ့လူဆိုးဂိုဏ်းတွေရဲ့အရှိန်ဝါက ဘယ်လိုမျိုးကျဆင်းသွားမလဲဆိုတာတွေ… ကိုCM ပရိသတ်တွေအနေနဲ့ ရင်ခုန်ခံစားကြည့်ရှုနိုင်ဖိုအတွက် တင်ဆက်လိုက်ရပါတယ်နော်သရုပ်ဆောင်တွေကတော့ CM ကနေတင်ဆက်ပေးဖူးတဲ့ Rating အများကြီးရရှိခဲ့တဲ့Operation Red Sea ထဲက မင်းသား Zhang Yi က အန်းရှင်းအဖြစ်သရုပ်ဆောင်ထားပြီးတော့နာမည်ကြီး မင်းသမီးချော Li Yi Tong တိုက အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်နော်…(အညွှန်းရေးသားထားသူကတော့ Su Myat Nyut Lin ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : ...
8.167
TMDb: 8.167/10 42 votes
tv

The Knockout (2023)

2023
Carnival Row (2019)+ Season-2 7.8
Carnival Row (2019)+ Season-2 Carnival Row (2019) Burgue မှာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတဲ့ လူသတ်မှုတွေ..... အသတ်ခံလိုက်ရတဲ့လူတိုင်းကလည်း Fae(ဖေး) လို့ ခေါ်တဲ့ မိန်းမပျိုလေးတွေချည်း ဖြစ်နေတဲ့အခါ..... ဒါကို စုံစမ်းထောက်လှမ်းနေတဲ့ စုံထောက်ဖိုင်လို..... မိမိရဲ့နေရပ်ကို စွန့်ခွာလာတဲ့ "ဖေး" မလေး ဗင်ညက်.... သူတို့နှစ်ဦး ဆုံတွေ့ကြတဲ့အခါ..... သူတို့ကြားမှာ ရှိနေတဲ့ဇာတ်လမ်းက.....ဘာလဲ? လူသတ်မှုတွေကရော ပေါ်ပေါက်လာပါ့မလား? လူတန်းစား၊ မျိုးနွယ်စု ကွာခြားမှုတွေနဲ့အတူ ဇာတ်ရဲ့မြှုပ်ကွက်တွေက ဘာတွေဖြစ်မလဲ? တစ်ပိုင်းထက်တစ်ပိုင်း စိတ်ဝင်စားဖို့ကောင်းပါတယ် မင်းသားက Orlando Bloom မင်းသမီးက Cara Delevigne (Suicide Squad ထဲက Enchantress) တို့ အဓိက ပါဝင် သရုပ်ဆောင်ထားပြီးတော့ IMDb - 8/10 ရထားတဲ့ ဇာတ်လမ်းတွဲ တစ်တွဲ ဖြစ်ပါတယ်။   File size…350-450mb Quality…720p WEB-DL.DD.5.1 H264 FGT Format…mp4 Duration…56min Subtitle….Myanmar Subtitle (Hardsub) Encoder… Mr Anderson Translator…Act Molemy     SEASON-2 Episode 1 720p  -  Yoteshin / Megaup ...
7.8
TMDb: 7.8/10 80 votes
tv

Carnival Row (2019)+ Season-2

2019
The Head (2020)Season(1)+(2)
The Head (2020)Season(1)+(2) IMDb - 6.8 , RT - 89%The Headဆိုတဲ့seriesကMoney Heistထဲက ပရောဖက်ဆာ Álvaro Morteနဲ့ Code Blue ထဲက Tomohisa Yamashitaတို့လို နာမည်​ကျော်သရုပ်ဆောင်မင်းသားတွေအပြင် Laura Bachနဲ့ Katharine O' Donnellyတို့လို မင်းသမီးကောင်းတွေပါဝင်သရုပ်ဆောင်ထားတဲ့ HBO Asia ရဲ့seriesကောင်းတစ်ခုဖြစ်ပါတယ်။လွန်ခဲ့တဲ့၈နှစ် အန္တာတိကမှာ ပိုလာရိုက်၅လို့ခေါ်တဲ့ ဆောင်းရာသီ၆လကြာသုတေသနကြီးကို မီးမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီးလူတစ်ယောက်သေဆုံးသွားပြီးနောက်မှာ ခေတ္တရပ်နားခဲ့ပါတယ်။ နောင်၈နှစ်အကြာ တောင်ဝင်ရိုးစွန်းအန္တာတိကမှာ သိပ္ပံပညာရှင်အဖွဲ့ဟာ အေးခဲလှတဲ့ တောင်ဝင်ရိုးစွန်းရဲ့ဆောင်းရာသီကိုအံတုရင်း ပိုလာရိုက်၅ရဲ့အဆက် ပိုလာရိုက်၆ကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ စူးစမ်းလေ့လာမှုတွေလုပ်နေတဲ့သိပ္ပံပညာရှင်တွေရဲ့သတင်းအစနမကြားရလို့ သွားကြည့်ကြည့်တဲ့အခါ လူအများအပြားသေဆုံးနေပြီဖြစ်ပါတယ်။ သေဆုံးသွားတဲ့သိပ္ပံပညာရှင်တွေက ဘယ်လိုသေဆုံးသွားတာလဲ သူတို့ကို ဘယ်အရာ ဘယ်သူများကသတ်သွားလဲ၊ ဘာလို့သတ်သွားတာလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ဇာတ်လမ်းဟာ ထင်ထားတာထက်ကို Plot Twist များပြီး ဘယ်သူကဘာလဲ ဘယ်လိုလဲဆိုတာ ဇာတ်သိမ်းပိုင်းထိ ဇာတ်ရှိန်တွေနဲ့ ဆွဲခေါ်သွားပါတယ်။ မထင်မှတ်ထားတဲ့ Surpriseတွေလည်းပါပြီး ...

The Head (2020)Season(1)+(2)