Channel Myanmar

Drama

Yonder (2022)
Yonder (2022) Yonder (2022)" ချစ်ရတဲ့သူကိုတွေ့နိုင်မယ့်နောက်ဆုံးသောနေရာ ""ငါက ဒီနေရာကိုထွက်သွားရပြီ .. ဒီနေရာကိုလိုက်လာပေးမလား "ဒီပိုစတာပေါ်က စာသားလေး‌တွေနဲ့အတူသဘာဝလွန် လွမ်းဆွတ်တမ်းတဖွယ်ဇာတ်လမ်းလေးကိုကြည့်ရဖို့ဖြစ်လာခဲ့ပါပြီ။ "Yonder" ဆိုတဲ့ဇာတ်လမ်းတွဲလေးမှာတော့ Beyond Evil ကမင်းသားကြီး Shin Ha Kyun ၊ Our Blues က ရေငုပ်သမားမလေး Han Ji Min တို့နဲ့အတူ Lee Jung Eun ၊ Jung Jin Young တို့က အဓိကပါဝင်ထားပြီး Melodrama, Sci-Fi အမျိုးအစားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။Jae Hyun(Shin Ha Kyun) ကတော့ သိပ္ပံဆိုင်ရာမဂ္ဂဇင်းရဲ့ဂျာနယ်လစ်တစ်ယောက်ဖြစ်ပြီး ကင်ဆာရောဂါနဲ့ဆုံးပါးသွားတဲ့ ဇနီးသည်ကိုလွမ်းဆွတ်တမ်းတရင်း အဓိပ္ပာယ်မဲ့စွာဘဝကိုရှင်သန်နေသူဖြစ်ပါတယ်။ Yi Hu(Han Ji Min) ကတော့ Jae Hyun ရဲ့ ဆုံးပါးသွားတဲ့ဇနီးသည်အဖြစ်ပါဝင်ထားပါတယ်။ဇာတ်လမ်းဟာ ၂၀၄၀ ခုနှစ် တောင်ကိုရီးယားနိုင်ငံရဲ့ မြို့ကြီးတစ်ခုမှာ အခြေတည်ထားတာပဲဖြစ်ပါတယ်။ Jae Hyun ဟာ တစ်နေ့မှာ သူ့ရဲ့ဆုံးပါးသွားတဲ့ဇနီးသည်နဲ့‌တွေ့နိုင်မယ့် "Yonder" လို့ခေါ်တဲ့‌ကမ္ဘာတစ်ခုဆီကို သူ့ကိုလာဖို့ဖိတ်ခေါ်ထားတဲ့အမည်မသိမေးလ်တစ်စောင်ကိုလက်ခံရရှိခဲ့ပါတယ်။ သိပ္ပံပညာတွေ ၊ နည်းပညာတိုးတက်မှုတွေနဲ့ဖန်တီးထားတဲ့ကမ္ဘာဖြစ်တဲ့အတွက် သေခြင်းတရားဆိုတာမရှိဘဲ တစ်သက်တာဘဝ ...

Yonder (2022)

2022
Recipes for Love and Murder (2022) 7.9
Recipes for Love and Murder (2022) Recipes for Love and Murder (2022) ========================== IMDb Rating - 7.9/10ဒီဇာတ်လမ်းတွဲလေးက စာရေးဆရာမ Sally Andrew ရဲ့ ရောင်းအား အကောင်းဆုံးဖြစ်တဲ့ "Tannie Maria" ဆိုတဲ့စာအုပ်တွေကို အခြေခံ ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ တောင်အာဖရိကရဲ့ ကာရူးဆိုတဲ့ ဒေသတစ်ခုက သတင်းစာတိုက်ရဲ့ အကြံပေးကဏ္ဍက ပုဂ္ဂိုလ် တန်နီမာရီယာ နဲ့ ဂျာနယ်လစ်ဖြစ်သူ ဂျက်ဆီ တို့ လူသတ်မှုအကြောင်း စုံစမ်းကြတဲ့ ဇာတ်လမ်းလေးပါ။တန်နီမာရီယာက အိမ်ရှင်မတွေအတွက် ဟင်းချက်နည်းတွေ ပို့ချပေးပြီး အလုပ်ကြိုးစားတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ရက်မှာ သူ့ဆီကိုပရိတ်သတ်တစ်ယောက်ဆီက စာတစ်စောင်ရောက်လာပါတယ်။ အဲ့စာက ယောင်္ကျားဖြစ်သူက နှိပ်စက်‌လို့ဆိုပြီး အကူအညီတောင်းထားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ စာတစ်စောင်ပါ။ သူကလည်း အကြံဉာဏ်တွေ ပေးပေမယ့်လည်း သူမက ဘယ်လိုကြောင့်မှန်းမသိ အသတ်ခံလိုက်ရပါတယ်။ အဲ့အချိန်ကစပြီး မာရီယာနဲ့ ဂျက်ဆီ တို့နှစ်ယောက် လူ‌သတ်မှုတွေလိုက်စုံစမ်းတဲ့ အကြောင်းကို ဟာသဆန်ဆန်နဲ့ ဒီ မှုခင်း ဇာတ်လမ်းတွဲမှာ ကြည့်ရမှာဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းကို Khant Sett Naingမှရေးသားပေးပြီ၊ ဘာသာပြန် ...
7.9
TMDb: 7.9/10 1700 votes
tv

Recipes for Love and Murder (2022)

2022
Khem Sorn Plai (2022) 8.0
Khem Sorn Plai (2022) လန်နာ အဖြစ် KitKong Khamkrith ချတ် အဖြစ် Thisa Varitthisa ယောင်ဝယွက် အဖြစ် Nune Woranuch ရွန်ဘွန် အဖြစ် Pol Poonpatဇာတ်လမ်းအကျဉ်းချတ်ဆိုတဲ့ မိန်းမလှလေးက နိုင်ငံခြားမှာ ဒေါက်တာရွန်ဘွန်နဲ့ လက်ထပ်ပြီး ဘဝကို ဖြတ်သန်းနေရပေမယ့် အချစ်မပါတဲ့ အိမ်ထောင်ရေးမို့ မပျော်ရွှင်ခဲ့ရပါဘူးဒီလိုနဲ့ ချတ်တစ်ယောက် ပြည်ပပညာတော်သင်လာတဲ့ ထိုင်းကျောင်းသားလေး လန်နာကို ချစ်သွားမိခဲ့တယ်အိမ်ထောင်သည်ဖြစ်တဲ့ ချတ်အနေနဲ့ လန်နာနဲ့ ရှေ့ဆက်မရဖြစ်နေရပြီး လန်နာလည်း ထိုင်းကို ပြန်ကာ မိခင်ပေးစားတဲ့ အဖက်ဖက်က ပြည့်စုံတဲ့ ယွက်နဲ့ လက်ထပ်ခဲ့ရတယ်လန်နာ လက်ထပ်လိုက်တာနဲ့ ချတ် ခင်ပွန်းဖြစ်တဲ့ ရွန်ဘွန်က ကွာရှင်းပေးခဲ့တာမို့ ချတ်လည်း ထိုင်းကို ပြန်လာခဲ့ပါတယ်ဂရုစိုက်ပေးနေတဲ့ ယောက်ျားကောင်းတွေရှိရက်နဲ့ လန်နာ့အပေါ် သံယောဇဉ်မပြတ်တဲ့ ချတ်...ဇနီးဖြစ်သူ ယွက်ကိုလည်း မကွာနိုင်သလို ချတ်နဲ့လည်း အရင်အတိုင်းရှိနေချင်တဲ့ လန်နာ...သူတို့နှစ်ယောက်ကြား ဘာတွေဆက်ဖြစ်လာမလဲ ချတ်အနေနဲ့ မဖြစ်သင့်တဲ့ အချစ်နွံတွေကြားက ရုန်းထွက်လာနိုင်ပါ့မလားဆိုတာ “ချစ်ခြင်းနောက်ကွယ်ကရန်ငြိုးကလဲ့စား” ...
8.0
TMDb: 8.0/10 votes
tv

Khem Sorn Plai (2022)

Suptar 2550 (2022) [Complete]
Suptar 2550 (2022) [Complete] တစ်ချိန်တုန်းက အချစ်ဦး ~ Suptar 2550 (2022) [အစ-အဆုံး]အပိုင်းသစ် - ၁၀ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ)ကိုလူဆိုးလေးရိုမီယို ဇာတ်သိမ်းသွားပြီးနောက်မှာတော့ သူ့အစားလာတဲ့ ဇာတ်ကားသစ်လေးတစ်ကားကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးမှာပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ Ryu အဖြစ် Ken .. Kat အဖြစ် Anne .. Taro အဖြစ် Mean .. Suna အဖြစ် Mint တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း ....ခေတ်မီတိုးတက်လာတာနဲ့အမျှ ရုပ်သံလိုင်းတွေရဲ့ အစီအစဉ်တင်ဆက်မှုတွေကလည်း ပြောင်းလဲတိုးတက်လာခဲ့တယ်။ ရုပ်သံလိုင်းတွေဟာ တစ်ခုနဲ့ တစ်ခုအပြိုင်အဆိုင် ဇာတ်ကားတွေထုတ်လွှင့်ကြတယ်။ ဒါပေမယ့် Big TV Channel ဟာ သူတိုရဲ့ ရုပ်သံထုတ်လွှင့်စရာ အရံသင့်ရိုက်ထားတဲ့ကားတွေ ပြတ်လပ်သွားတဲ့နောက်မှာ သူတိုလက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေကိုဖြေရှင်းဖို့ အရေးပေါ်အနေနဲ့ အစီအစဉ်တစ်ခုကို အစားထိုးတင်ဆက်ခဲ့တယ်။ဒါကတော့ ၂၀၀၇ ခုနှစ်တုန်းက နာမည်ကြီးရေပန်းစားခဲ့တဲ့ သူတိုရဲ့ စတားတွေကို ...

Suptar 2550 (2022) [Complete]

2022
Retribution ( Sarb Sorn Ruk) (2022) 7.2
Retribution ( Sarb Sorn Ruk) (2022) Retribution ( Sarb Sorn Ruk) (2022)ဆန်း အဖြစ် Krating Khunnarong နူနင် အဖြစ် Nychaa Nuttanicha ဟုန် အဖြစ် Mai Charoenpuraဇာတ်လမ်းအကျဉ်းယင်ဒီဖုန်ပရီချာမျိုးရိုးမိသားစုမှာ ကျိန်စာတစ်ခုရှိခဲ့တယ်လို့ ပြောကြတယ်အဲဒီကျိန်စာကတော့ မိသားစုက မိန်းမသားတွေသာ ကျန်ရစ်ပြီး ယောကျ်ားသားတွေ ဆုံးရှုံးဖို့ပါပဲလက်ရှိသူဌေးကြီးခွန်ဖထူရဲ့ ဇနီးဖြစ်သူ ဟုန်က ကလေးမရနိုင်လို့ နူနင်ဆိုတဲ့ ကလေးမလေးကို မွေးစားထားခဲ့ပါတယ်ငယ်ငယ်လေးကတည်းက နူနင်ဟာ ကားဒရိုင်ဘာရဲ့သားဖြစ်သူ ဆန်းနဲ့ခင်မင်နေခဲ့ပြီး အရွယ်ရောက်လာတော့လည်း စိတ်ယိုင်နေခဲ့ပါတယ်ဒါကိုသတိထားမိနေတဲ့ ဟုန်က သမီးနူနင်ကို ဆန်းနဲ့ဝေးဝေးထားခဲ့တယ်ဒီလိုနဲ့ တစ်ရက် ခွန်ဖထူ ထူးဆန်းစွာဆုံးပါးသွားပြီး အမွေခွဲဖို့ အချိန်ရောက်လာခဲ့ပါတယ်ဟုန် ၊နူနင်နဲ့ ခွန်ဖထူရဲ့မောင်နှမတွေ အတိအကျခွဲယူရမှာဖြစ်ပေမဲ့ ခွန်ဖထူရဲ့သေတမ်းစာရှိနေခဲ့ပြီး သေတမ်းစာအရ ဆန်းဟာ ခွန်ဖထူမယားငယ်က မွေးတဲ့သွေးသားရင်း ဖြစ်နေတဲ့အခါ…ခွန်ဖထူဆုံးပါးရတဲ့အကြောင်းရင်းနောက်ကွယ်က ဇနီးဖြစ်သူ ဟုန်ဖြစ်နေတဲ့အခါ …ဆန်း တစ်ယောက် ဖခင်အတွက် အပြစ်ရှိသူကို ပြန်ပေးဆပ်ခိုင်းနိုင်မှာလားငယ်ကျွမ်းဆွေလေး နူနင်နဲ့ရော ချစ်ခရီးအဆင်ပြေပါ့မလားဆိုတာ ကြည့်ရှုရမှာ ...
7.2
TMDb: 7.2/10 107 votes
tv

Retribution ( Sarb Sorn Ruk) (2022)

2022
High Water (2022) 7.147
High Water (2022) High Water 2022Netflix က ပိုလန်မှာရင်းနှီးမြှပ်နှံမှုတွေ များလာတာကြောင့် ရုပ်ရှင်ချစ်သူတွေအတွက် ပိုလန်စီးရီးတွေကို Netflix မှာလက်လှမ်းမီနေပါပြီ။ ပိုလန်စီးရီးတွေကလဲ တကယ့်ကိုစီးရီးကောင်းတွေအများကြီးထွက်တာမို့ hidden gems တွေပေါ်လာတယ်ပြောရမှာပါပဲ။အခုလဲ ပိုလန်စီးရီးအသစ်တစ်ခုဖြစ်တဲ့ High Water ကိုကြည့်လိုက်ကြရအောင်။ဒါကတော့ပိုလန်ကရေကြီးမှုဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ဇာတ်လမ်းပါ။ နယ်သာလန်မှာနေနေတဲ့ ပိုလန်ကဗရော့ဆွာဖ်မြို့သူ ဇလဗေဒပညာရှင်ယက်ရှ်မီနာက ဗရော့ဆွာဖ်မှာရေကြီးတော့မယ်လို့ခန့်မှန်းချက်ထုတ်လိုက်ပါတယ်။ တခြားဇလဗေဒပညာရှင်ကြီးတွေကတော့မဖြစ်နိုင်ဘူးဆိုပါတယ်။ မြို့တော်ဝန်ကတော့သေချာအောင်ဆိုပြီး ယက်ရှ်မီနာကိုမြို့ဆီ ပြန်လာကူညီဖို့ဖိတ်ခေါ်ရာမှာဇာတ်လမ်းစတင်လာပါတယ်။ သဘာဝတရားနဲ့ရင်ဆိုင်ရမယ်ဆိုရင်တော့ လုပ်စရာတစ်ခုပဲရှိပါတယ်။ အားလုံးအန္တရာယ်ကင်းရေးပါ။သဘာဝတရားကိုပြန်တိုက်ခိုက်ဖို့ဆိုတာက မဖြစ်နိုင်သလောက်ပဲလေ။ ဗရော့ဆွာဖ်မှာ ရေကြီးမယ့်အရိပ်အယောင်စချိန်မှာပဲ ပညာရှင်တွေကြားကအယူအဆတွေ အားပြိုင်မှုတွေ လုပ်ဆောင်ချက်တွေ မြို့သူမြို့သားတွေရဲ့တုံ့ပြန်မှုတွေ ဒါ့အပြင်မြို့ပြန်ရောက်လာတဲ့ယက်ရှ်မီနာရဲ့အတိတ်ဒရာမာတွေ အဲလိုအကြောင်းအရာတွေကိုဇာတ်လမ်းသွားခပ်သွက်သွက်နဲ့တင်ဆက်ထားတာက ရေကြီးမှူအကြောင်းဘာမှမသိသူအတွက်တောင် စိတ်ဝင်စားစရာကောင်းပြီး ဗဟုသုတလဲအတော်ရတဲ့စီးရီးကောင်းတစ်ခုပါပဲ။အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Rashida, Roman NoX, Mary Christ တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size…800MB | 400MB Format… mp4 Duration…. 44min Episodes... 6 Episodes Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida, Roman NoX, Mary Christ Encoder ...
7.147
TMDb: 7.147/10 34 votes
tv

High Water (2022)

2022
The Watcher (2022) Complete 8
The Watcher (2022) Complete The Watcher (2022)==================ဒီ‌တစ်ခေါက်မှာတော့ Netflix ရဲ့ အသစ်ထွက်ရှိထားတဲ့ The Watcher ဆိုတဲ့ Series လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းကတော့ အိမ်မှား၀ယ်မိတဲ့မိသားစုတစ်စုကို အန္တရာယ်တစ်ခုက စောင့်ကြိုနေတဲ့ Horror/Mystery ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ မိသားစုတစ်စုဟာ အိမ်အသစ်၀ယ်ဖို့ ၀က်စ်ဖီးလ်မြို့လေးကို လာခဲ့ကြပါတယ်။ သူတို့သဘောကျတဲ့အိမ်ရဲ့ အိမ်နီးချင်းတွေဟာ အနည်းငယ်မူမမှန်သလိုဖြစ်နေပြီး အိမ်ဟာလည်း အလွန်ဈေးကြီးနေခဲ့ပါတယ်။ ဒါပေမယ့် အိမ်ထောင်ဦးစီးဖြစ်သူ ဒင်းန်ဘရန်‌နော့ခ် ဟာ အိမ်ကိုသဘောကျလွန်းတာကြောင့် အိမ်ရဲ့နောက်ခံသမိုင်းကြောင်းကိုတောင် မမေးမြန်းတော့ဘဲ ပိုင်ဆိုင်သမျှအကုန် ရင်းနှီးပြီး အိမ်ကို မရရအောင် ၀ယ်လိုက်ပါတယ်။ဒီလိုနဲ့ ဘရန်နော့ခ် မိသားစုတို့ အိမ်အသစ်ကိုပြောင်းလာခဲ့ကြပြီး မကြာခင်မှာပဲ အိမ်ရဲ့မူမမှန်မှုတွေဟာ တစ်စတစ်စကြီးထွားလာခဲ့ပါတယ်။ ဒါတင်မကပဲ The Watcher လို့ သူ့ကိုယ်သူ နာမည်ပေးထားတဲ့ သူဆီက ခြိမ်းခြောက်စာတွေ ဆက်တိုက် ရလာတဲ့အခါမှာတော့ သူတို့တွေ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ၊ The Watcher လက်ထဲက လွတ်မြောက်နိုင်ပါ့မလား ဆိုတာကို ကြည့်ရှူခံစားရမှာဖြစ်ပါတယ်။File Size –720MB  / 320MBQuality – 1080p NF WEBDL  / ...
8
TMDb: 8/10 23 votes
tv

The Watcher (2022) Complete

2022
(18+) Jaal  (2022)
(18+) Jaal (2022)    Jaal (2022)ကိုရီးတို့အတွက် အရမ်းကိုမှောင်မယ့် အိန္ဒိယစီးရီးလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်...မိသားစုထဲမှာ ပတ်မှောင်မယ့်ကားပါ..ဘယ်လိုမှောင်မှာလဲဆိုရင် အားတိုင်းမှောင်မှာပါ...ဇာတ်လမ်းကတော့ မသန်းပါပဲ..ပြောရမယ်ဆိုရင် အင်း..ဇာတ်လမ်းတော့ နည်းနည်းရှိတယ်ပေါ့ သိပ်ကိုမှောင်ချင်နေတဲ့ အရွယ်လွန်ကျောင်းအုပ်ကြီးတစ်ယောက်ရှိတယ် ကလေးတွေကို ကျောင်းလာအပ်တဲ့ အမေချောချောလေးတွေကို မှောင်ချင်တယ်..အလုပ်လာလျှောက်တဲ့ ဆရာမချောချောလေးတွေကို မှောင်ချင်တယ် ဒီလိုလူမျိုးပေါ့နော်သားနှစ်ယောက်မွေးထားတယ် သားတွေကလည်း အမှောင်တစ်လိုင်းပါတဖြည်းဖြည်းနဲ့ ဒီအမှောင်လောကထဲမှာ သိုင်းသမားတွေက သိုင်းကွက်တွေ ပတ်ရှုတ်လာခဲ့ပါတော့တယ်...သိုင်းချင်းပူးသွားကြရင်း လူသတ်မှုတွေဖြစ်လာတဲ့အခါမှာတော့ ဒီသိုင်းသမားမိသားစုရဲ့ကံကြမ္မာက ဘယ်လိုတွေ ဖြစ်လာတော့မလဲ...။File Size – 400MB / 200MBQuality – 1080p / 720pDuration – 24minsTotal Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime ~ Romance ~ AdultTranslator – DevilEncoder – X Cross 720p ====== Episode 1 - Yoteshin / Userdrive / Megaup / Meganz / ...

(18+) Jaal (2022)

2022
Bad Sisters (2022) 6
Bad Sisters (2022) Bad Sisters (2022)Bad sisters ကတော့ ဘယ်လ်ဂျီယံ စီးရီးဖြစ်တဲ့ "Clan aka The Outlaws" ကို ပြန်လည်ဖန်တီးထားတာပါ။ Dark comedy အမျိုးအစားဖြစ်ပြီး "Blackest Comedy Ever" လို့တောင်သတ်မှတ်ခံထားရတာပါ။ဒီ Bad Sisters ကိုလဲ lost in translation မဖြစ်ရအောင်ပြန်လည်ဖန်တီးထားပါတယ်တဲ့။Bad sisters ဆိုတာနဲ့ ညီအစ်မတွေဇာတ်လမ်းဆိုတာသိမှာပါ။ သူတို့ကသိပ်ချစ်ခင်စည်းလုံးကြတယ်။ သူတို့မှာပြသနာတစ်ခုပဲရှိတယ်။ အဲဒါကဘာလဲဆိုတော့ ဂျွန်ပေါ။ သူတို့ညီမထဲက ဂရေ့စ်လက်ထပ်ထားတဲ့ယောကျ်ား။ ဂျွန်ပေါက ခယ်မထဲကလေးမရနိုင်သူကို ကိုယ်ဝန်ရှိနေတာလားမေးသူ၊ နောက်ခယ်မတစ်ယောက်ရသင့်တဲ့ပရိုမိုးရှင်းကို ဝင်လုသူလို့ပြောရင် သူ ဘယ်လိုလူ ဆိုတာခန့်မှန်းလို့ရမယ်ထင်တယ်။အဆိုးဆုံးကတော့ဂျွန်ပေါက ဂရေ့စ် နဲ့ သူ့သမီးကို ချုပ်ခြယ်လွန်းတာ၊ ခြယ်လှယ်လွန်းတာပါပဲ။ တစ်ခါတစ်ရံလက်ပါပါတတ်တာမျိုးပါ။ တစ်ရက်မှာတော့သူတို့ညီအစ်မတွေက ဂျွန်ပေါသေသွားရင်အေးမယ်ဆိုပြီး စနောက်ပြောကြပါလေရော။ နောက်ထပ် ၆ လအကြာမှာတော့ ဂျွန်ပေါသေသွားခဲ့ပါတယ်။ ဟိုညီအစ်မလေးယောက်လက်ချက်လို့ ထင်သွားပြီမဟုတ်လား။ အဲလိုထင်သူ နောက်တစ်ယောက်က ရဲတော့ မဟုတ်ဘူး အာမခံကုမ္ပဏီကလူပါ။ သူက ညီအစ်မငါးယောက်ရဲ့ပြဿနာတွေကို သိလို့တော့မဟုတ်ဘူး။ ဂျွန်ပေါရဲ့အသက်အာမခံကို မလျော်ချင်လို့ ဒါဟာလူသတ်မှုများဖြစ်နိုင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ ဒီကိစ္စကိုလိုက်စုံစမ်းပါလေရော။ ဒါကတကယ်ပဲလူသတ်မှုလား။ ဂျွန်ပေါရဲ့ခယ်မတွေလက်ချက်လား။ ဂရေ့စ်ကရောသိလား။ ...
6
TMDb: 6/10 5 votes
tv

Bad Sisters (2022)

2022
See (2019) 7.6
See (2019) See Season 1 (2019) အနာဂတ်ကာလတစ်ခုမှာ လူတွေဟာ အမြင်အာရုံပျောက်ကွယ်သွားကြပါပြီ။ ဒီကာလမှာ လူတွေဟာ ရှင်သန်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားနေရပါတယ်။ အယ်ကန်နီ လူမျိုးစုခေါင်းဆောင် ဘာဘာဗော့စ်ဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ကို ကယ်တင်ပြီး လက်ထပ်ခဲ့ပါတယ်။ သူ ကယ်တင်ခဲ့တဲ့ အမျိုးသမီးကနေ မွေးဖွားလာတဲ့ အမွှာကလေးလေးနှစ်ယောက်က ထူးဆန်းစွာပဲ အမြင်အာရုံရှိနေခဲ့ပါတယ်။ ကိန်း ဘုရင်မကြီးက အမြင်အာရုံရှိတဲ့လူကို မိစ္ဆာဒိဋ္ဌိလို့ သတ်မှတ်ခဲ့ပြီး ကလေးလေးတွေရဲ့နောက်ကို သူ့ရဲ့စစ်တပ်ကြီးကို လိုက်ခိုင်းတဲ့အခါမှာတော့..... Aquaman မင်းသားကြီး Jasom Momoa က အယ်ကန်နီ လူမျိုးစုခေါင်းဆောင်အနေနဲ့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် Apple TV မှာ ထုတ်လွှင့်ပြသနေဆဲပါ၊ ဇာတ်လမ်းက တစ်ပိုင်းထက်တစ်ပိုင်း ဇာတ်ရှိန်မြင့်လာမှာမို့ ဒီထက် ညွှန်းမနေတော့ပါဘူး။ တစ်ပတ်တစ်ခါသာ ဆက်ဆက်မျှော်ကြပါဦးခင်ဗျာ။ Translated By : August Encoded By : XCodeSeason 1 Zip File : Yoteshin /VIP  See Season 2 (2021) ၂ နှစ်အကြာမှာတော့ အားလုံး မျှော်လင့်စောင့်စားနေတဲ့See Season 2 ပြန်လည် ရောက်ရှိလာပါပြီ။ဘာဘာဗော့စ်တစ်ယောက် ...
7.6
TMDb: 7.6/10 25 votes
tv

See (2019)

2019
Paper Rocket (2022)
Paper Rocket (2022) Paper Rocket (2022)IMDb 7.9ခရီးထွက်ပါ အနာဂတ်ကပေးတဲ့လှပတဲ့လက်ဆောင်က ကျွန်မတို့လက်ထဲမှာရှိနေတဲ့ပစ္စုန်ပ္ပန်ပဲမဟုတ်ပါလား မသေခင်ဒီလိုအချိန်လေးမှာ နောင်တတွေထားခဲ့ပြီး မနက်ဖြန်တိုင်းကိုနောက်ဆုံးလို့သဘောထားပြီး ရှင်သန်နေခြင်းက ဘဝကိုပျော်ရွှင်စွာနေထိုင်နည်းပါပဲ ဆိုတာကို ဒီစီးရီးလေးက ကွက်ကွက်ကင်းကင်းမြင်အောင်လို့ ပြသထားပါတယ်အကြောင်းကြောင်းတွေကြောင့် သွားစုမိကြတဲ့ လူခြောက်ယောက် မျက်တောင်တစ်ခပ်အချိန်လေးမှာ မိသားစုဝင်ဆုံးရှုံးသွားရပေမယ့် ဘေးနားရှိနေမပေးနိုင်ခဲ့လို့ ကိုယ်စီ ဒဏ်ရာကြောင့် စိတ်ဒဏ်ရာအသီးသီးနဲ့သူတို့က ကားတစ်စီးနဲ့ကမ္ဘာပတ်ရင်း သူတို့ရင်ထဲကစိတ်ဒဏ်ရာကိုဖြေရှင်းသွားပုံတွေဘဝစတာနဲ့ သေခြင်းကလက်တစ်ကမ်းမှာပဲ သေဆုံးခြင်းက ရုပ်ပိုင်း‌ဆိုင်ရာအဆုံးသတ်ပေမယ့် မှတ်ဉာဏ်တွေရဲ့အစဆိုတာကို ကွက်ကွက်ကွင်းကွင်းပြသွားပုံတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ် တရားလည်းရသလို ကြည်နူးစရာဒီစီးရီးရဲ့တစ်ပိုင်းချင်းစီတိုင်းက ရင်ထဲထိရောက်အောင်ဆွဲခေါ်သွားမှာပဲဖြစ်ပါတယ်File Size – 400MB / 200MBQuality – 1080p / 720pDuration – 29 minute (@Episode)Total Episodes: 7EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy , Drama , FamilyTranslator – BpL & Yunni & SoraEncoder –YK 720p ==== Episode 1 - Yoteshin / Userdrive ...

Paper Rocket (2022)

2022
Interview with the Vampire (2022)
Interview with the Vampire (2022) နာမည်ကြီးရုပ်ရှင်တစ်ခုကိုပဲ စီးရီးအဖြစ် ပြန်တင်ဆက်ထားတာပါ။ဒီတစ်ခါတော့ ရုပ်ရှင်ကိုတကယ်ခံစားပြီးကြည့်ရှုတဲ့သူတွေအတွက် တကယ့်ကိုကောင်းတဲ့ ဇာတ်လမ်းတွဲလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ် ရှေးခေတ်က စကားအသုံးအနှုန်းတွေပါတဲ့ အတွက် အတတ်နိုင်ဆုံး အဆင်ပြေအောင် ပြန်ထားပေးတာကြောင့် အမှားပါခဲ့ရင်လည်း ခွင့်လွှတ်ပေးဖို့ ကြိုပြောထားပါရစေ ဇာတ်လမ်းအကျဉ်း မက်လွိုင်းဆိုတဲ့ သတင်းထောက်ကြီးက အိမ်မှာနေ နေရင်း လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သူလုပ်ခဲ့ပြီးတော့ မေ့ထားလိုက်ချင်တဲ့ အင်တာဗြူးလေးတစ်ခုကို  ပြန်လုပ်ဖို့အတွက် ဖိတ်ခေါ်စာလေးတစ်စောင်နဲ့ အင်တာဗြူးလုပ်ထားတဲ့ တိပ်ခွေပါဆယ်ထုပ်ကြီးရောက်လာပါတော့တယ် အဲဒီအင်တာဗြူးကတော့ သွေးစုပ်ဖုတ်ကောင်တစ်ယောက်နဲ့ လုပ်ထားတဲ့ အင်တာဗြူးလေးပါပဲ အဲဒီမှာပဲ သူတို့ရဲ့ မပြီးပြတ်သေးတဲ့ အင်တာဗြူးလေးကို အစကနေပြန်လုပ်ကြပါလေရော အင်တာဗြူးဖြေပေးတဲ့သူကတော့ သွေးစုပ်ဖုတ်ကောင်ကြီး လူဝီဖြစ်ပါတယ် မေးခွန်းလေးက အစကတော့ "မင်း ဘယ်အချိန်တုန်းကသေခဲ့တာလဲ မစ္စတာ ဒူးလက်ခ်"ဆိုတဲ့မေးခွန်းလေးပါပဲ အဲဒီကနေပြီးတော့ ၁၉၁၀ခုနှစ်ကနေစပြီး သူ့ရဲ့ ဘဝဖြစ်စဉ်လေးကို ပြောပြမဲ့ကားကောင်းလေးတစ်ကားမို့လို့ ရုပ်ရှင်ကိုခံစားပြီးကြည့်မဲ့သူတွေရော ဇာတ်အိမ်ခိုင်ခိုင်ကြည့်ချင်တဲ့သူတွေရော သွေးစုပ်ဖုတ်ကောင်ကားကို အမြင်ဆန်းဆန်းနဲ့ကြည့်ချင်တဲ့သူတွေအတွက်ပါ လက်မလွှတ်သင့်တဲ့ကားကောင်းလေးတစ်ကားပါပဲခင်ဗျာFile size… 500 Mb / 300 ...

Interview with the Vampire (2022)

Criminal Justice: Behind Closed Doors (2020) Complete 7.8
Criminal Justice: Behind Closed Doors (2020) Complete အိမ်ထောင်ရေးဆိုတာ သူ့ဘက် ကိုယ့်ဘက် မျှမျှတတနဲ့ တည်ဆောက်ရတဲ့အမျိုး မဟုတ်ပါလားအဲဒီလိုမှမဟုတ်ဘဲ တစ်ဖက်သက် စောင်းနင်းပဲ ကိုယ့်အတ္တနဲ့ ကိုယ့်လိုဘပဲ ကြည့်မယ်ဆိုရင်တော့ အဲဒီအိမ်ထောင်ရေးဟာ မလွဲမသွေ ပျက်ကိန်းကြုံရမှာ အမှန်ပါပဲဒီကားထဲက ရှေ့နေကြီးတစ်ယောက်ရဲ့ ဇနီးကလည်း အဲဒီ တစ်ဖက်စောင်းနင်းအိမ်ထောင်ရေးကြီးကို နှစ်ရှည်လများ ခံစားနေရတဲ့သူပေါ့သူဟာ ဘယ်သူ့ကိုမှ လွယ်လွယ်ထုတ်ပြောလို့ မရတဲ့ သူ့ယောက်ျားရဲ့ အိမ်တွင်းအကြမ်းဖက်မှုကြီးကို ခံစားနေရသူဖြစ်ပြီးအဲဒီလိုနဲ့ တစ်နေ့ရောက်တော့ သူ့ယောကျာ်းကို သူ ဓားနဲ့ထိုးသတ်လိုက်ပါတော့တယ်လူတွေအမြင်မှာ ကိုယ့်မိန်းမကို အရမ်းချစ်တဲ့ ရှေ့နေကြီး၊ အရမ်းသဘောထားကြီးတဲ့ ရှေ့နေကြီး၊ တရားမျှတမှုဘက်မှာပဲနေတဲ့ ရှေ့နေကြီးသူ့မိန်းမရဲ့ အသတ်ကို ခံလိုက်ရတဲ့အခါမှာတော့ အားလုံးဟာ မိန်းမဖြစ်သူကိုပဲ အပြစ်တင်ကြတော့တာပေါ့ သူ့ရဲ့သမီးလေး အပါအဝင်ပါပဲဒါပေမယ့် ပိတ်ထားတဲ့တံခါးတွေရဲ့ နောက်ကွယ်က အမှန်တရားကိုတော့ ဘယ်သူမှ မမြင်နိုင်ခဲ့ပါဘူးဒါကို မြင်အောင်လုပ်ပေးမှာကတော့ ဇာတ်လိုက်ကြီး ရှေ့နေ မီရှရာကလွဲလို့ ဘယ်သူရှိဦးမှာပါလဲကဲ အဲဒါကြောင့်..... အားလုံးပဲ ပိတ်ထားတဲ့ တံခါးတွေရဲ့ နောက်ကွယ်က အမှန်တရားကို အခုပဲ တစေ့တစောင်း ငဲ့ကြည့် အဖြေရှာလိုက်ကြရအောင်လားရှင်File Size – 800MB  / 350MBQuality – 1080p WEB ...
7.8
TMDb: 7.8/10 10 votes
tv

Criminal Justice: Behind Closed Doors (2020) Complete

2020
Unicorn (2022) [Complete]
Unicorn (2022) [Complete] Unicorn (2022) [အစ-အဆုံး]အပိုင်းသစ် - ၉ မှ ၁၂ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ)အားလုံးအတွက်...Start-Up လုပ်ငန်းအကြောင်း၊ Management အကြောင်းတွေကို ဟာသလေးတွေနဲ့ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် ~ကိုရီးယားနိုင်ငံ Start-up ကုမ္ပဏီတွေနဲ့ပတ်သက်တဲ့ ရုန်းကန်မှုတွေကို သရုပ်ဖော်ထားတဲ့ကားလေးပါ။ Start-Up လုပ်ငန်းတွေကြုံတွေ့နေကျပြဿနာကို McCom လို့ခေါ်တဲ့ Fictional Company တစ်ခုမှဝန်ထမ်းတွေလည်း ကြုံတွေ့နေရပါတယ်။Steve ကတော့ McComb နောက်ကွယ်က စီစဉ်ညွှန်ကြားသူဖြစ်ပြီး အလွန်စိတ်အားထက်သန်ပြီးတော့ တယူသန်သူတစ်ယောက်ပါ။ Ashley ကတော့ဆန်းသစ်တီထွင်မှုအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး Steve ရဲ့အတော်ဆုံးဝန်ထမ်းထဲကတစ်ယောက်ပါ။အတွေးအခေါ်ပေါင်းစုံနဲ့ ခံယူချက်ချင်းမတူတဲ့ McComb အဖွဲ့ဝင်တွေကလုပ်ငန်းတစ်ခုကို ဘယ်လိုတည်ဆောက်ကြမလဲ? Start-up လုပ်ငန်းတွေရဲ့ဖရိုဖရဲဂယက်ကိုရော ကျော်ဖြတ်နိုင်လိမ့်မလား? ဆိုတာကို ဟာသလေးတွေနဲ့ ကြည့်ရမယ့်ကားလေးမို့ လက်မလွှတ်လိုက်သင့်ဘူးနော်။(အညွှန်းကိုတော့ က Hnin Pale ရေးပေးထားတာပါ။)Aired: Aug 26, 2022 -- Sept 30, 2022 Aired On: Friday Genres: Comedy, ...

Unicorn (2022) [Complete]

2022
Hush Hush (2022) Complete 7
Hush Hush (2022) Complete Hush HushIMDb-5.2/10ဒီတစ်ခါ မိတ်ဆက်ပေးမှာကတော့ အိန္ဒိယ drama series ကောင်းလေးဖြစ်ပါတယ်နိုင်ငံရေးအသိုင်းအဝိုင်းနဲ့မကင်းတဲ့ စီးပွားရေးလုပ်ငန်းရှင် - အစ်ရှီ ဒီဇိုင်းပညာနဲ့ နိုင်ငံတကာထိုးဖောက်‌ဖို့ ကြိုးစားနေတဲ့-ဇာရာ အောင်မြင်တဲ့လုပ်ငန်းရှင်ယောင်္ကျားနဲ့ သားသမီးလေးတွေနဲ့ အခြေကျနေတဲ့ ဘ၀လေးပိုင်ဆိုင်ထားတဲ့-ဆိုင်ဘာ ငယ်ရွယ်လှ‌ပပေမယ့် ကလေးမရနိုင်လို့ဆိုပြီး ယောက္ခမဆီက အမြင်မကြည်ခံရတဲ့ -ဒိုလီသူတို့လေးယောက်ဟာ အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်ကြပြီး တစ်နေ့ပါတီပွဲတစ်ခုမှာ လူတစ်ယောက်က အစ်ရှီကို သတ်ဖို့ ကြိုးစားလို့ ဝိုင်းကူကြရင်း လက်လွန်သွားကြတယ် ဟိုလူကလည်း ဘယ်သူမှန်းမသိသလို အစ်ရှီကလည်း နိုင်ငံအတွင်းဖြစ်နေတဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ ပတ်သတ်ပြီး စောင့်ကြည့်ဝေဖန်ခံနေရတဲ့ စီးပွားရေးလုပ်ငန်းရှင်အစ်ရှီက သူဖြေရှင်းလိုက်မယ်ဆိုပြီး သူငယ်ချင်းတွေကို ဖျောင်းဖြပြီး ပြန်လွှတ်လိုက်တယ် ဒါပေမယ့် သူတို့နဲ့ချိန်းထားတဲ့ မနက်မှာပဲ အစ်ရှီက ရေးချိုးခန်းထဲမှာ သူ့ကိုယ်သူ သတ်သေသွားတဲ့အချိန်မှာတော့....ကျန်ခဲ့တဲ့ သူငယ်ချင်းသုံးယောက်ဘယ်လိုတွေ ဆက်လုပ်ပြီး ဘယ်လို စခန်းသွားကြမလဲ...... အမျိုးသမီး လေးယောက်ရဲ့ ဘ၀ဇာတ်ခုံနဲ့ သူတို့ရဲ့ ဘ၀အမြင်ခံယူချက်တွေပါ ခံစားနိုင်မယ့် thriller ကားလေး ဖြစ်ပါတယ်File Size – 600MB  / 300MBQuality –1080p WEB ...
7
TMDb: 7/10 1 votes
tv

Hush Hush (2022) Complete

2022
The Secret House (2022) [Complete]
The Secret House (2022) [Complete] The Secret House (2022) [အစ-အဆုံး]အပိုင်းသစ် - ၁၂၄ (ဇာတ်သိမ်းပိုင်း) ရပါပြီ ဇာတ်လမ်းရှည်ကြိုက်တဲ့ပရိသတ်တွေအတွက် Second Husband အပြီး အပိုင်း ၁၂၀ ရှိတဲ့ ဇာတ်ကားသစ်တစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ပျောက်ဆုံးသွားတဲ့ မိခင်ဖြစ်သူရဲ့ သဲလွန်စတွေနောက် လိုက်လံရှာဖွေရင်း သူ့ဘေးပတ်ဝန်းကျင်မှာတင်ရှိနေတဲ့ လျှို့ဝှက်ချက်ထဲ ပါဝင်ပတ်သက်မိသွားတဲ့ ရှေ့နေတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ။အဓိကပါဝင်ထားတဲ့ ကာရိုက်တာတွေကတော့...မိသားစုရဲ့ ဖြစ်ရပ်ဆိုးတစ်ခုကြောင့် လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားရတဲ့ ရှေ့နေဖြစ်သူ Woo Ji Hwan ...Woo Ji Hwan ရဲ့ အချစ်ဦးဖြစ်တဲ့ ထက်မြက်ပြီး နွေးထွေးတဲ့နှလုံသားပိုင်ရှင် ခွဲစိတ်ဆရာဝန်မလေး Baek Joo Hong ...ပိုက်ဆံ၊ အရည်အချင်း၊ မိသားစုနောက်ခံစတဲ့ ပြီးပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ထားတဲ့ အမှုစစ် Nam Tae Hyung ...အစ်ကိုဖြစ်သူ Nam Tae Hyung ကို လက်စားချေဖို့ တိတ်တဆိတ်ကြံစည်နေတဲ့ ...

The Secret House (2022) [Complete]

2022
Little Women (2022) 10
Little Women (2022) Little Women (2022) ================ တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး အလွှမ်းမိုးနိုင်ဆုံး မိသားစုကြီးနဲ့ အပြိုင်ဖိုက်ရ‌‌မယ့် မိန်းမငယ်လေးသုံးယောက်...𝑳𝒊𝒕𝒕𝒍𝒆 𝑾𝒐𝒎𝒆𝒏Poster မြင်ကတည်းက အားလုံးစောင့်မျှော်နေကြတဲ့ ‌ ညီအစ်မ သုံးယောက်ကားလေး လာပါပြီ။ မိန်းမသုံးယောက်ကား(Penthouse)တိုင်း ပါပြီး၊ ဝင်ရှို့လိုက်ရမှ ကျေနပ်တဲ့ ဦးဦးဂျူဒန်းထယ်ကို လွမ်းနေကြတဲ့သူတွေ အတွက် အလွမ်းပြေကြည့်လို့ရပါပြီ!!{All Of Us Are Dead ထဲက မင်းသမီးလေး} Oh In-Hye (Park Ji-Hu)က ညီအစ်မသုံးယောက်ထဲမှာ အငယ်ဆုံးဖြစ်ပြီး၊ ပန်းချီဆွဲတဲ့နေရာမှာ မွေးရာပါ ပါရမီပါတဲ့ သူဖြစ်ပါတယ်၊ နာမည်ကြီး အနုပညာကျောင်းကြီးမှာ တက်ရောက် နေတဲ့ အထက်တန်းကျောင်းသူလေးဖြစ်တဲ့အပြင် အစ်မနှစ်ယောက် အရမ်း အချစ်ခံရတဲ့ အချစ်ခံညီမလေးဖြစ်ပါ‌တယ်။Oh In-Kyung (Nam Ji-Hyun) ကတော့ အလတ်မလေးဖြစ်ပြီး သတင်း ဌာနမှာ စိတ်အားထက်သန်၊ အလုပ်ကြိုးစားတဲ့ သတင်းထောက်မလေးဖြစ် ပါတယ်။ဘယ်အရာမဆို မှန်ကန်တာကိုပဲ ကြိုက်တဲ့အတွက် သူတစ်ပါးကို လိမ်ညာလှည့်စားခိုးယူပြီး ပိုက်ဆံရှာရတာ မနှစ်သက်တဲ့သူပါ။ သူသတင်း ထောက်ဖြစ်ဖြစ်ချင်းမှာပဲ လျှို့ဝှက်ဆန်းကြယ်တဲ့အမှုတစ်ခုနဲ့ ကြုံတွေ့ရပါ တော့တယ်။အကြီးဆုံးအစ်မဖြစ်တဲ့ Oh In-Joo (Kim ...
10
TMDb: 10/10 2300 votes
tv

Little Women (2022)

2022
Criminal Justice: Adhura Sach (2022) 8
Criminal Justice: Adhura Sach (2022) Criminal Justice: Adhura Sach (2022) ============================ IMDb - 8.2/10လက်လွှတ်ခံလိုက်ရင် မှားသွားမယ့် အိန္ဒိယစီးရီးတစ်ပုဒ်လာပါပြီ ရုပ်ရှင်ချစ်ပရိသတ်တွေ၊ အမှုအခင်းကားကြိုက်တဲ့သူတွေ လုံးဝကြည့်သင့်တဲ့ ကားပဲဖြစ်ပါတယ်အညွှန်းလေး ပြောပြရမယ်ဆိုရင်တော့ နာမည်ကြီး လူသိများထင်ရှားတဲ့ ကလေးသရုပ်ဆောင် ကောင်မလေးတစ်ယောက် အသတ်ခံလိုက်ရတာနဲ့ စပါတယ်ဒါပေမယ့် သံသယရှိသူကတော့ သူ့ရဲ့အစ်ကိုပဲ ဖြစ်လို့နေပါတယ် ကောင်မလေးမသေခင် တွေ့ရှိထားတဲ့ သက်သေအထောက်အထားတွေက ကောင်လေးမှာ အပြစ်ရှိကြောင်း ညွှန်ပြနေလို့ပဲဖြစ်ပါတယ်ဒါ့အပြင် ကောင်လေးဟာ ဆေးသုံးနေတဲ့အပြင် စိတ်တိုလွယ်ပြီး ကြမ်းတမ်းတဲ့သူတစ်ယောက်ဖြစ်တာကြောင့် ပိုပြီး သံသယဖြစ်စရာ ကောင်းနေပါတယ်ဒါပေမယ့် ကောင်လေးပြောပြတဲ့ ဇာတ်လမ်းမှာလည်း လုံးဝ သူမသတ်ကြောင်း ထင်ရှားနေပါတယ်အဲဒါကို သူ့ဘက်ကနေ ရှေ့နေလိုက်ပေးမှာကတော့ တရားခံတွေဘက်ကချည်း အမှုလိုက်ပေးပြီး အနိုင်ရထားတဲ့ ရှေ့နေကြီး မီရှရာပဲဖြစ်ပါတယ်ဇာတ်လမ်းဟာ မြုပ်ကွက်တွေ လှည့်ကွက်တွေ လှို့ဝှက်ချက်တွေ အပြည့်နဲ့ ဆွဲဆောင်ထားပြီး တရားခွင်မှာ အမှုရင်ဆိုင်ရင်းကနေ ဘယ်လိုအမှန်တရားတွေ ပေါ်ထွက်လာမလဲဆိုတာ ကြည့်ရင်းကြည့်ရင်းနဲ့ စိတ်ဝင်စားစရာ ကောင်းတာမို့လို့ တကယ်ပဲ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်တအားတွေပြောလိုက်ရင် အရမ်းရှည်ကုန်မှာစိုးလို့ ဒီလောက်ပဲပြောပြီး ကိုယ်တိုင်ကိုယ်ကျပဲ ကြည့်ကြည့်ဖို့ ပြောလိုက်ပါရစေနော် ဒီစီးရီးဟာ စုစုပေါင်း အပိုင်း ၈ ပိုင်းရှိပြီး လက်ရှိမှာ ongoing ထွက်နေတာဖြစ်လို့ စောင့်မျှော်ကာ အားပေးကြည့်ရှုပေးကြပါနော်...File Size – 800MB ...
8
TMDb: 8/10 1 votes
tv

Criminal Justice: Adhura Sach (2022)

2022
Golden Mask (2022) 8.2
Golden Mask (2022)  Golden Mask (2022) ===============“Love Twist"ပြီးသွားလို့ နောက်ထပ်စီးရီးရှည်သစ်ကိုမျှော်နေတဲ့ CM ပရိသတ်တွေအတွက် "Golden Mask"ဆိုတဲ့ အပိုင်း ၁၀၀ ကားသစ်ကို တင်ဆက်ပေးလိုက်ရပါတယ်...ဇာတ်လမ်းအညွှန်းYoo Soo-Yeon က သာမန်မိသားစုမှာကြီးပြင်းလာခဲ့ပေမယ့်ချမ်းသာတဲ့သူဌေးသားတစ်ယောက်နဲ့ ချစ်ကြိုက်ပြီး လက်ထပ်ခဲ့ပါတယ်။စင်ဒရဲလားဆန်ဆန်ဘဝကြောင့် လူတိုင်းရဲ့အားကျခံရပေမယ့် ခွဲခြားဆက်ဆံတဲ့ခင်ပွန်းဘက်ကအသိုင်းအဝိုင်းကြောင့် သူမဘဝက မလွယ်ကူခဲ့ပါဘူးCha Hwa-Young ကတော့ လိုအင်ဆန္ဒတွေ၊ လောဘတွေနဲ့ပြည့်နေပြီးသူမရဲ့အထက်တန်းလွှာဘဝကို ထိန်းသိမ်းဖို့ကြိုးစားနေသူဖြစ်ပါတယ်။Go Mi-Sook က ပုဂ္ဂလိကငွေချေးငှားသူဖြစ်ပြီးကိုယ်ပိုင်စားသောက်ဆိုင်ပိုင်ထားတဲ့ လူကောင်းတစ်ယောက်ဖြစ်ပါတယ်။ဒီလိုမတူညီတဲ့ဘဝအခြေအနေတွေပိုင်ဆိုင်ထားတဲ့ အမျိုးသမီး ၃ ယောက်ဟာမတော်လောဘတွေကြောင့် ဖြစ်ရပ်ဆိုးတစ်ခုနဲ့ကြုံတွေ့ပြီး ရူးသွပ်ဖို့ကောင်းတဲ့တိုက်ပွဲတစ်ခုဖြစ်ပေါ်လာပါတော့တယ်။ဒီအမျိုးသမီး ၃ယောက်ကြားက တိုက်ပွဲမှာ ဘယ်လိုနည်းပရိယာယ်တွေ မာယာတွေပါနေမလဲ...အဆုံးသတ်မှာ ဘယ်သူကအနိုင်ရသွားမလဲဆိုတာသိရဖို့ CMကနေတနင်္လာ-သောကြာ ငါးရက်လုံးတင်ဆက်ပေးသွားမှာမို့ တဝကြီးကြည့်ရှုအားပေးကြပါဦးနော် ။  Native Title: 황금 가면 Episodes: 100 Aired: May 23, 2022 - Oct 7, 2022 Aired ...
8.2
TMDb: 8.2/10 votes
tv

Golden Mask (2022)

2022
Criminal Justice (2019) Complete 8
Criminal Justice (2019) Complete တောင်းဆိုမှုတွေအရမ်းများတဲ့ Criminal Justice Season 1 ကို တင်ဆက်ပေးလိုက်ပါပြီနော် ဆက်ပြီးတော့လည်း Season 2 ကို တင်ဆက်ပေးမှာမို့လို့ စောင့်မျှော်အားပေးကြပါဦးနော်အဒီဟာ အပိုဝင်ငွေရအောင် ညဘက်တွေ တက္ကစီမောင်းတဲ့အလုပ်ကို လုပ်ပါတယ်ဒါပေမယ့် ဂြိုလ်မွှေချင်တော့ တစ်ညမှာ ကောင်မလေးတစ်ယောက် သူ့တက္ကစီကို ငှားစီးရာကနေ ကံမကောင်းခြင်းနိဒါန်းတွေ အစပြုပါတော့တယ်အဲဒီကောင်မလေးကို သူလိုက်ပို့ရင်းနဲ့ ကောင်မလေးက သူ့အိမ်ထဲ ခေါ်ပြီး အရက်နဲ့ မူးယစ်ဆေးအတူချဖို့ မြူဆွယ်ပါတော့တယ်အဲဒီလိုနဲ့ သူလည်း ပါသွားပြီး နှစ်ယောက်သား ဟိုဒင်းတွေဖြစ်ကြကာ မူးမူးနဲ့ အိပ်ပျော်သွားကြပါတော့တယ်မနက်.. သူနိုးလာတော့ သူ့ဘေးနားမှာ အဲဒီကောင်မလေးက ဓားဒဏ်ရာတွေနဲ့ သေနေတာကို သွားတွေ့ပါတော့တယ်အဲဒါနဲ့ သူလည်း တစ်ခါတည်း အချုပ်ကို တန်းခနဲကျသွားပြီး သူ့ကိုကူညီပေးမှာကတော့ ရှေ့နေ မီရှရာပဲ ဖြစ်ပါတယ်ကောင်မလေးက ဘာကြောင့်သေနေတာလဲ ကောင်မလေးနဲ့အတူရှိနေတာကလည်း သူပဲရှိတာလေ သက်သေတွေကလည်း သူ့ကိုပဲ ဦးတည်နေတာ အဲဒီတော့ ဘယ်လိုဖြစ်တာလဲပေါ့ဒါကို အဖြေရှာပေးမှာကတော့ ရှေ့နေကြီးမီရှရာဖြစ်ပြီး CM ပရိသတ်တွေလည်း သူနဲ့အတူ အဖြေရှာကြည့်လိုက်ကြရအောင်နော်File Size –  500MB / 250MBQuality – 1080p  WEB DL / ...
8
TMDb: 8/10 23 votes
tv

Criminal Justice (2019) Complete

2019