Channel Myanmar

Extracurricular

Extracurricular(2020) 10
Extracurricular(2020) Extracurricular(2020)အပိုင်း( ၁ မှ ၁၀) အထိ[ စ/ဆုံး] ဒီဇာတ်ကားလေးကတော့ action crime drama အမျိုးအစားလေးဖြစ်ပါတယ် ..Sky castle နဲ့စတင်နာမည်ရလာပြီးတော့ လတ်တလောနာမည်ကြီးခဲ့တဲ့ Itaewon class ထဲမှာ ပါဝင်ခဲ့တဲ့မင်းသား Kim Dong Hee ရဲ့ပထမဆုံး main lead အနေနဲ့ပါဝင်ရတဲ့ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်...ဒီကားထဲမှာ Oh Ji Soo အနေနဲ့ပါဝင်ထားပြီးတော့ မော်ဒယ်လ်ကျောင်းသားလေးတစ်ယောက်အဖြစ်ကနေမမျှော်လင့်ထားတဲ့ပြစ်မှုတစ်ခုကို ကျူးလွန်ပြီးနောက်ပိုင်း ရာဇဝတ်သားတစ်ယောက်ဖြစ်လာခဲ့ပါတယ် ... ဒီဇာတ်ကားရဲ့အစကတော့ ကျောင်းသားအဖွဲ့တစ်ဖွဲ့ကနေ ပိုက်ဆံရှာဖို့အတွက်နဲ့ ပြစ်မှုတွေကိုကျူးလွန်ရာကနေအဲ့ဒီကနေ ရလာတဲ့ရလာဒ်ကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကို အဓိကဦးတည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ် ...ဒီဇာတ်လမ်းရဲ့အဓိကအကြောင်းရင်းကတော့ မော်ဒယ်လ်အဖြစ်ကနေ ပြစ်မှုကျူးလွန်သူဖြစ်သွားခဲ့တဲ့ Ji Soo ကစတင်ခဲ့တာပါ...သူဟာသူ့ရဲ့ကျူရှင်လခတွေပေးဖို့အတွက်နဲ့ မှားယွင်းတဲ့ရွေးချယ်မှုတစ်ခုကို လုပ်ခဲ့ပါတယ် ...အဲ့အရာကနေ ပြင်းထန်တဲ့ပြစ်မှုဆိုင်ရာကို ဖြစ်ပွားစေခဲ့ပါတော့တယ်..သူ့သူငယ်ချင်းတွေဖြစ်တဲ့Min Hee နဲ့ Gyu Ri တို့ကပါ ဒီအမှုထဲဘယ်လိုပါဝင်လာပြီး ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာကိုတော့Netflix ကလွှင့်တဲ့စီးရီးမှာ စောင့်မျှော်ကြည့်ရှုလိုက်ပါဦး ...
10
TMDb: 10/10 1 votes
tv

Extracurricular(2020)

2020