Channel Myanmar

Fantasy

The Sound of Magic(2022)
The Sound of Magic(2022) The Sound of Magic(2022) ဇာတ်လမ်းတွဲအညွှန်း**************************************အပိုင်း( ၁ မှ ၆) အထိ စ/ဆုံးYoon Ah Yi ဆိုတဲ့ကောင်မလေးဟာ အသက်အရွယ်နဲ့မလိုက်အောင် ခက်ခဲတဲ့ဘဝကိုဖြတ်သန်းနေရတယ်...ငွေကြေးမပြည့်စုံတော့ အချိန်ပိုင်းအလုပ်နဲ့  ကျောင်းပြေးတက်နေရသလိုကျောင်းမှာလည်း မပြေလည်မှုများစွာနဲ့ပေါ့...ဒါပေမဲ့ အောင်မြင်ချင်တဲ့စိတ်ကြောင့်အရမ်းကြိုးစားခဲ့သလို ထိပ်တန်းအဖွဲ့တည်းကိုလည်း စာရင်းဝင်လာတယ်...တစ်နေ့တော့ ပိတ်ထားတဲ့ပန်းခြံတစ်ခုမှာ မမျှော်လင့်ဘဲရောက်သွားရင်း ခပ်ဆန်းဆန်း မှော်ဆရာတစ်ယောက်နဲ့ကြုံတွေ့ရတဲ့အခါမှာတော့အပိုင်း (၆)ပိုင်းလုံးထွက်ရှိလာတာမို့  ဆက်တိုက်ကြည့်ရမှာဖြစ်ပါတယ်...Episodes: 6Duration: 65 MinQuality :Web-DL1080p5.1ch, 720pGenres:  Fantasy , DramaTranslated by  EiPhyu Khin , Hnin Pale , ThynnNuSwe  & Hay Thar OoEncoded by  Phyo Pyae   Episode 1 720P(500MB)>>>> UsersDrive   | Yoteshin |     MegaUp    |     Mega.NZ    | StreamSB ...

The Sound of Magic(2022)

2022
Makkali The Love Tree (2022)
Makkali The Love Tree (2022) Makkali The Love Tree (2022)  အစ / အဆုံး"မက်ကလီ အချစ်ပင်"------------------------------------------------------------------------တက္ကသိုလ်တစ်ခုက သိပ္ပံဘာသာရပ်သင်ကြားနေသော ဆရာလေးထန်ခွန်ငယ်စဉ်ကတည်းက လိုအပ်နေတဲ့ချစ်ခြင်းမေတ္တာကို ဖြည့်စည်းရန်အတွက် ပြီးပြည့်စုံသောမိသားစုဘဝကို မျှော်လင့်တောင့်တနေသူ တစ်ယောက်....အချိန်တော်တော်ကြာတွဲခဲ့ကြတဲ့ချစ်သူလေးဖရောင်းကို ထန့်ခွန်က လက်ထပ်ခွင့်တောင်းတဲ့နေ့မှာပဲ ဖရောင်းက လမ်းခွဲဖို့ပြောလိုက်တဲ့အခါ ထန်ခွန့်ရဲ့ အရာအားလုံးက ပျက်ဆီးသွားခဲ့တယ်တစ်ခြားတစ်ယောက်နဲ့ ဘဝအသစ်စတင်ရာမှာ အတားအဆီးဖြစ်မှာကို မလိုချင်တဲ့အတွက် ထန်ခွန်နဲ့ရတဲ့ကလေးကိုလည်း ဖျက်ချဖို့ဆုံးဖျက်လိုက်တဲ့အခါ........ ထန်ခွန်ရဲ့ဘဝကြီးက အားလုံးပျက်ဆီးသွားပြီး မိန်းမနဲ့အချစ်ကို လုံးဝမယုံကြည်နိုင်လောက်အောင်ဖြစ်သွားခဲ့ရတော့တယ်တစ်နေ့ ထန်ခွန်ဟာ စိတ်ဒဏ်ရာကိုကုစားဖို့ သူငယ်ချင်းဖြစ်သူ ဆုရီယွန်ရှိတဲ့ တောထဲကို လိုက်သွားခဲ့တယ် ထိုခရီးစဉ်လေးကပဲ ထန်ခွန့်ကို ဟိမဖန်တောရဲ့ လရောင်သက်တန့်အောက်ကနေ ပေါ်ထွက်လာတဲ့ မက်ကလီသီး မိန်းကလေးနဲ့ တွေ့ဆုံစေဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ်မက်ကလီသီးမိန်းမပျိုလေးဟာ ကလေးဆန်သော စရိုက်ရှိပြီး သူမရဲ့ မွှေးပျံ့လှတဲ့ ကိုယ်သင်းရနံ့ဟာ ယောင်္ကျားလေးတွေကို လိင်စိတ်ပြင်းပြအောင်ဆွဲဆောင်စေတယ်မိန်းမနဲ့အချစ်ကို ကြောက်တဲ့ ထန်ခွန်ကတော့ မက်ကလီမိန်းမပျိုလေးကို ငြင်းဆန်ပြီး ဘန်ကောက်ကို ပြန်ဖို့ဆုံးဖြတ်ခဲ့တယ်ဒီအချိန်မှာပဲ ဟိမဖန်တောမှ သတ္တဝါတို့ဟာမက်ကလီသီးမိန်းမပျိုလေးကို သူတို့လိုအင်ဆန္ဒကို ဖြည့်ဆည်းဖို့ ကာမဆက်ဆံရန် ခေါ်ဆောင်သွားဖို့ကြိုးစားကြတဲ့အခါမှာတော့.......ထန်ခွန်က မက်ကလီလေးကို ဟိမဖန်တောမှ လွတ်မြောက်ဖို့အတွက် ဘန်ကောက်ကို ခေါ်လာဖို့ ဆုံးဖြတ်လိုက်တယ် လူသားတွေရဲ့နေထိုင်မှုစရိုက်ကို သင်ကြားပေးတဲ့အခါ ...

Makkali The Love Tree (2022)

Severance (2022) 7.1
Severance (2022) အလုပ်ခေါ်စာတွေထဲမှာ မိသားစုအလုပ်လေးပါတို့၊ ဝိုင်းလုပ်ဝိုင်းစားတို့၊ အောက်သက်ကြေအောင် သင်ပေးမှာပါတို့နဲ့ ချင်းတွေထည့်ခံရဖူးကြသေးလား။ Apple tv+က နာမည်ကြီးနေတဲ့ series လေးကိုကြည့်ကြည့်လိုက်ပါ။ Lumon ဆိုတဲ့ ကုမ္ပဏီလေးအကြောင်းပေါ့။ အလုပ်သမားတွေကို စေတနာနဲ့ အလုပ်ချိန်မှာ တောင်တောင်အီအီမတွေးနိုင်အောင် ဦးနှောက်ကို ခွဲစိတ်ပေးထားလိုက်ပါတယ်။ အလုပ်ချိန်မှာ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဘာမှမမှတ်မိသလို၊ အပြင်ကိုရောက်ရင်လည်း အလုပ်ထဲကကိစ္စတွေ ဘာမှမမှတ်မိတော့ပါဘူး။ ဘယ်လောက်အလုပ်ဖြစ်လဲ။ Mark ဆိုတဲ့လူငယ်တစ်ဦးဟာ သူ့မိန်းမဆုံးသွားတဲ့အတွက် ပူ‌ဆွေးမှုကို သက်သာအောင် Severanceဆိုတဲ့ ခွဲစိတ်မှုကို ပြုလုပ်ပြီး Lumon ဆိုတဲ့ အဲဒီ ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Lumon ကုမ္ပဏီဆိုတာကလည်း အများထင်သလို မဟုတ်ဘဲအထဲမှာရော ဘာတွေဖြစ်ပျက်နေတာလဲ? သူ့ရဲ့ ကိုယ်ပိုင်ဘဝနဲ့ အလုပ်ဘဝရယ် ကုမ္ပဏီရဲ့လျို့ဝှက်ချက်တွေရယ် တဖြည်းဖြည်းပေါ်လာတာကို ပဟေဠိအနေနဲ့ ကြည့်ရှုရမှာပါ။နာမည်ကြီး သရုပ်ဆောင် Ben Stiller ကဒါရိုက်တာအနေနဲ့ရိုက်ကူးထားတဲ့ thriller series ဖြစ်ပြီး Adam Scott,Brit Lower ...
7.1
TMDb: 7.1/10 11 votes
tv

Severance (2022)

2022
Matcha Anda(2022) 6.5
Matcha Anda(2022) Matcha Anda (2022)  စ/ဆုံး ...................................."ရေသူမလေးရဲ့ချစ်ပုံပြင်" ဇာတ်လမ်းအကျဥ်း လူပြည်က သခင်ကြီး ခွန်နရေ နဲ့ ရေသူမလေး အန်ဒါ တိုရဲ့ နှစ်ယောက်ကြားမှာ ဖြစ်ပေါ်ခဲ့တဲ့ ချစ်ခြင်းမေတ္တာတရား ကိုဖော်ညွှန်းရိုက်ကူးထားတာဘဲဖြစ်ပါတယ်ရှင့်အထက်သမုဒ္ဒရာမှရေသူမလေး အန်ဒါဟာ ဆင်ထူးလိုခေါ်သော အောက်သမုဒ္ဓရာရဲ့ ဘုရင့်ခါထာစမွတ် ကိုလိုချင်တတ်မှတ်လွန်းတဲ့လောဘစိတ်တွေကြောင့်လုယက်မှုတွေကနေထွက်ပြေးတိမ်းရှောင် ရင်း ဘာတွေဆက်ဖြစ်မလဲ............တာဝန်ဝတ္တရားတွေက အချစ်ကို လွှမ်းမိုးနေတဲ့အခါရေသူမလေးအန်ဒါက တာဝန်ကိုရွေးချယ်ခဲ့လား နှလုံးသားရဲ့ဆန္ဒအတိုင်းလိုက်လျောခဲ့မလား ဒီ မတူညီတဲ့ မျိုးနွယ်စုတွေက သူတိုနှစ်ယောက်ရဲ့ ချစ််ခြင်းမေတ္တာကို တားဆီးနိုင်ပါ့မလား ဆိုတာ ဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါအုံးနော်........................[ဇာတ်လမ်းအကျဥ်းကို Tinme me soe & May thu မှရေးထားပါတယ် ] Episodes: 43Aired: Jan.1, 2022– TBAAired On: Mon to ThurGenres: Mystery , FantasyTranslated by Zoe , May Thu & Tin Me Me SoeEncoded by ...
6.5
TMDb: 6.5/10 1 votes
tv

Matcha Anda(2022)

2022
Remember 15 (2022)
Remember 15 (2022) Remember 15 (2022) စ/ဆုံး"ကျွန်းပေါ်က ကလဲ့စား" _______________________________________________ "အားလုံးကို သတိရလိုက်တာ...ငါတို့ အဲဒီကျွန်းပေါ်မှာပဲ ပြန်ဆုံကြမလား ?"လိုင်လာဆိုတဲ့ ကောင်မလေးက သူ့ရဲ့သူငယ်ချင်းဖြစ်သူတွေ...စီနီယာဖြစ်သူတွေနဲ့ ညီမလေးဖြစ်သူဆီကို Message လေးတစ်စောင်ပို့လာခဲ့ပါတယ်။အဲဒီစာကို လက်ခံရရှိတဲ့သူ ၁၂ ယောက်ကတော့အံ့ဩထိတ်လန့်ခြင်းတွေ၊ ဝေခွဲမရခြင်းတွေနဲ့ မှင်သက်မိသွားကြပါတယ်။ဘာလို့လဲဆိုတော့ လိုင်လာဟာ လွန်ခဲ့တဲ့ငါးနှစ်ကလူသူဝေးတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တဲ့သူမို့လို့ပါပဲ။ဒီစာကို တစ်ယောက်ယောက်က နောက်ပြီးပို့ခဲ့တာလား.................?ဘာသဘောနဲ့ပို့ခဲ့တာလဲ ဆိုတာကို ရှာဖွေကြဖို့အတွက်နဲ့သေဆုံးသူအတွက်လည်း အမှတ်တရအနေနဲ့ဖြစ်အောင် အဲဒီလူ ၁၂ ယောက်စုဝေးပြီးကျွန်းလေးပေါ်ကို နောက်တစ်ကြိမ် ပြန်လာခဲ့ကြပါတယ်။အဲလိုပြန်လာရင်း အဖြေရှာရာက သူတို့မျှော်လင့်ထားသလိုနောက်ပြောင်ပြီးပို့တဲ့သူကို ဖမ်းမိသွားမလား.....................?ဒါမှမဟုတ် မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေနဲ့ ရင်ဆိုင်ရပြီးအတိတ်က ဖြစ်ရပ်မှန်တွေကို သိလာရမလား..........လိုင်လာသေဆုံးမှုရဲ့ အဓိကအကြောင်းရင်းကရော ဘာဖြစ်မလဲ.......?"သူငယ်ချင်း" အမည်ခံလူတစ်စုရဲ့ သဘောထားတွေ၊ အမူအကျင့်တွေဟာဒီကျွန်းပေါ်မှာ ဘူးပေါ်သလို ပေါ်လာမလား ဆိုတာကိုတော့........အပတ်စဉ် အင်္ဂါနဲ့ ဗုဒ္ဓဟူးညတွေတိုင်း CM channel မှာစောင့်မျှော်ကြည့်ရှုနိုင်ပါပြီလို့ သတင်းကောင်းပါးလိုက်ပါတယ်ဗျ။Episodes: 12Aired: FEB 22, 2022 ...

Remember 15 (2022)

Supernatural Academy (2022) 9
Supernatural Academy (2022) Supernatural Academy (2022)ဟယ်ရီပေါ်တာဇာတ်လမ်းမတိုင်ခင်ထဲက မှော်ကျောင်းတွေ၊မှော်ပညာတွေကိုအခြေခံတဲ့ ဇာတ်လမ်း၊ဝတ္ထုတွေဟာလူတွေကြားမှာခေတ်စားနေခဲ့တာပါ။ ခေတ်တွေအဆက်ဆက်ပြောင်းလာတာနဲ့အမျှ ဖန်တီးသူတွေကလည်းပရိသတ်တွေကိုအသစ်အဆန်းတွေချပြဖို့အမြဲကြိုးစားလေ့ရှိပါတယ်။Chilling Adventures of Sabrina, The Owl House, Fate: The Winx Saga စသဖြင့်မှော်အစွမ်းတွေ၊ မှော်ပညာတွေကိုအခြေခံတဲ့ Live action ရော Animated Series တွေကိုပါအမြဲဖန်တီးနေကြပေမယ့်လည်း လူငယ်တွေအကြိုက် မှော်ကျောင်းတော်ကြီးတွေနဲ့အဲဒီကကျောင်းသားလေးတွေရဲ့စွန့်စားခန်းတွေအကြောင်း ကာတွန်းဖြစ်စေ၊ တကယ့်ရုပ်ရှင်ဖြစ်စေ အခုထိရိုးမသွားသေးတာတော့အမှန်ပါပဲ။ဒီတစ်ခါ Supernatural Academy ဆိုတဲ့ ကာတွန်းဇာတ်လမ်းတွဲလေးကတော့ ယခုနှစ်မှ Season(1)ထွက်ရှိထားတာဖြစ်ပြီး အပိုင်း(16) ပိုင်းပါဝင်ပါတယ်။ နာမည်မှာထဲက အကယ်ဒမီဆိုတဲ့အတိုင်းပဲမှော်ကျောင်းကြီးတစ်ခုကိုအခြေခံထားပါတယ်။ တခြားဇာတ်လမ်းတွေနဲ့မတူတာကတော့သူတို့ကျောင်းဟာ မှော်ဆရာတွေ၊ စုန်းမတွေသက်သက်မဟုတ်ပဲ တခြားမှော်ဆန်တဲ့သတ္တဝါတွေပုံစံပေါင်းစုံနဲ့ပါဝင်နေတာပါ။ ပထမဆုံးအပိုင်းကိုကြည့်လိုက်ရင်တော့ ဇာတ်ကောင်တွေရဲ့ပုံစံတွေကကြည့်ရတာရိုးနေသလို ကလေးဆန်သလိုလိုထင်ရပေမယ့် တကယ်တမ်းဇာတ်လမ်းဇာတ်အိမ်ကခိုင်မာတယ်လို့ပြောနိုင်ပါတယ်။ ကမ္ဘာအနှံ့မှာတော့လောလောဆယ် ဝက်ဝက်ကွဲအောင်မြင်တဲ့အနေအထားမျိုးမရောက်သေးပေမယ့် တစ်ချိန်မှာလူတွေပါးစပ်ဖျားရောက်လာမယ့်မှော်ကာတွန်းဇာတ်လမ်းတစ်ခုဖြစ်လာမယ်လို့ ပြောနိုင်တဲ့အဆင့်တစ်ခုမှာရှိပါတယ်။စာရေးဆရာမ Jaymin Eve ရဲ့ဝတ္ထုတွဲကိုကာတွန်းစီးရီးအဖြစ်ပြန်လည်အသက်သွင်းထားတာဖြစ်ပြီးစာအုပ်အနေနဲ့ကတော့ ငါးအုပ်ထွက်ရှိထားပါတယ်။ ဝတ္ထုကလည်းအထိုက်အလျောက်အောင်မြင်ပြီးသားဖြစ်တာကြောင့် ဇာတ်လမ်းကတော့မညံ့တာ အသေအချာပါ ။ ...
9
TMDb: 9/10 2 votes
tv

Supernatural Academy (2022)

2022
Love Forever After (2022)
Love Forever After (2022) "သေမင်းလေးရဲ့ ချစ်သူဝိညာဥ်" စ / ဆုံး"Love Forever After (2022)**************************************** ဇာတ်လမ်းအညွှန်းဖေဖော်ဝါရီလ ၁ရက်နေ့က စတင်ပြီး Ch 3 Thailand ရုပ်သံလိုင်းမှာထုတ်လွှင့်ပြမယ့်ဇာတ်ကားကို အပတ်စဥ် တနင်္လာ‌နေ့မှ သောကြာ‌နေ့ အထိတစ်ပတ်(၅)ပိုင်းနဲ့ ပြသနေတဲ့ Ongoing ဇာတ်ကားအသစ်လေးပါMain Casts: "တူလစ်" အဖြစ် Eye Kamolned Ruengsri"ဝေဟာ" အဖြစ် August Vachiravit ဇာတ်လမ်းအကျဥ်းကတော့.... မသေချာတဲ့ လူ့လောကရဲ့ လှပမှုတွေ ဆိုတာစက္ကန့်တိုင်းကို တန်ဖိုးရှိစွာ သတိနဲ့ နေထိုင်ခြင်းပါ။တူလစ်က ဆန်းသစ်သော အတွေးအခေါ်တွေနဲ့ ရေးသားရတာကြိုက်တဲ့ဇာတ်ညွှန်းရေးဆရာမတစ်ယောက်ပါ ။တစ်ခုခုလုပ်မယ်ဆို အမြဲတမ်း Plan တွေနဲ့ ချပြီး တစ်ခြားသူတွေကို ကူညီဖေးမတတ်ပြီးလာတိုင်ပင်တဲ့လူလည်း တူလစ်ပြောတဲ့အတိုင်း လုပ်ချင်ကိုင်ချင်တတ်လာအောင် ပြောနိုင်တယ် ။ပြီးတော့ ဗေဒင်ဟောတဲ့အတိုင်း ‌တိကျတယ် မလွဲဘူး။ ကြာလာတော့လည်း တူလစ်တစ်ယောက်အထီးကျန်သလိုခံစားရပြီးအချစ်ခံရချင်တယ် အလိုလိုက်ခံချင်တယ် သူပဲ အရာအားလုံးကို ...

Love Forever After (2022)

Touch (2012) 6.6
Touch (2012)  ရုပ်ရှင်စီးရီးတွေထဲမှာ လူတိုင်းကြည့်ဖူးပြီး ကြိုက်ကြတဲ့ နာမည်ကျော်စီးရီးတွေရှိသလို စီးရီးချစ်သူတစ်ယောက်ချင်းစီမှာ သီးခြားအကြိုက်ဆုံးလေးတွေ ရှိတတ်တာပါပဲ။ ဒါကတော့ အက်မင်ရဲ့ ကိုယ်ပိုင် ဖေးဘရိတ်စီးရီးပါပဲ။ တင်ပေးချင်ပေမဲ့ မအားတာနဲ့ အကြောင်းအမျိုးမျိုးနဲ့ နောက်ဆုတ်နောက်ဆုတ်ဖြစ်နေတာပါ။ အခုတော့ အစအဆုံးတင်ပေးပါတော့မယ်။ စုစုပေါင်း စီစန် ၂ ခုပဲ ရှိပြီး တစ်ခုကို ၁၃ ပိုင်းပဲရှိပါတယ်။ Manifest လို ပဟေဠိဆန်တဲ့စီးရီးမျိုးကိုကြိုက်တဲ့သူတွေအတွက်ပါပဲ။၂၀၁၂ခုနှစ်က ပြသခဲ့တာဖြစ်ပြီး IMDb 7.4 အထိရခဲ့ပါတယ်။ကမ္ဘာမြေကြီးပေါ်မှာ တည်ရှိနေမှုတွေ ဖြစ်ပျက်နေမှုတွေက ပရမ်းပတာ ကျပန်းဖြစ်ပျက်နေတယ်လို့ ထင်ပါသလား? တကယ်လို့ စကြဝဠာကြီးရဲ့ဖွဲ့စည်းပုံ၊ ပန်းကလေးတွေရဲ့ဝတ်ဆံ၊ ခရုခွံလေးတွေရဲ့ အရစ်လေးတွေကအစ ကိန်းဂဏန်းတွေနဲ့ ဆက်စပ်ပြီးတိကျစွာဖြစ်တည်နေတယ်ဆိုရင်ရော? ဒါဆိုရင် အဲဒီ ကိန်းဂဏန်းတွေအတွက် တိကျတဲ့ ကိန်းစဉ်လေးတစ်ခုရှိပါလိမ့်မယ်။ အဲဒီကိန်းစဉ်နဲ့ ကမ္ဘာကြီးတစ်ခုလုံးရဲ့ လှပတဲ့ဆက်နွယ်မှုကြီးကို မြင်နိုင်စွမ်းရှိလာတဲ့အခါ ဒီနေ့ လူဘယ်နှယောက်မွေးဖွားမယ်၊ဘယ်နှယောက်သေဆုံးမယ်၊ လူတွေ စကားဘယ်နှခွန်းပြောပြီး၊ စာဘယ်နှစောင်ပို့ကြမယ်ဆိုတာကို ကြိုတင်ဆုံးဖြတ်နိုင်လာပါလိမ့်မယ်။ အလွယ်ပြောရရင် အနာဂါတ်ကို အလှပဆုံးနည်းလမ်းနဲ့ ကြိုတင်တွက်ဆနိုင်သွားပါလိမ့်မယ်။ ဥပမာ ...
6.6
TMDb: 6.6/10 195 votes
tv

Touch (2012)

2012
Raised by Wolves Season 1+2 (2020-2022)
Raised by Wolves Season 1+2 (2020-2022) HBO ရဲ့ စီးရီး အသစ်တစ်ခု လာပါပြီ။ HBO စီးရီးအများစုက ကောင်းတတ်တယ် ဒါကိုလည်းမျှော်နေတာ ကြာပါပြီ။ ထွက်လာတော့လည်း တကယ်ကောင်းတာမို့ ဘာသာပြန်ပြီး တင်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတွဲဖြစ်ပြီး အနာဂါတ်မှာ အခြေတည်ထားပါတယ်။ ခုနှစ ၂၁၅၀ ဝန်းကျင်မှာ ဖန်ဆင်းရှင်ကိုယုံကြည်သူတွေနဲ့ ဘာသာမဲ့တွေ စစ်ပွဲကြီး ဖြစ်ပြီး ကမ္ဘာပျက်သွားခဲ့ပါတယ်။ ယုံကြည်သူတွေဘက်ကတော့ အနိုင်ရခဲ့တာပေါ့။ အဲဒီ ကိုးကွယ်သူတွေကတော့ သမ္မာကျမ်းစာထဲက နောဧရဲ့ လှေကြီးဖြစ်တဲ့ Ark ဆိုတဲ့နာမည်နဲ့ ယာဉ်ကြီးတွေ တည်ဆောက်ပြီး အာကာသထဲကို လွတ်မြောက်သွားခဲ့ပါတယ်။ သီးသန့်ရွေးချယ်ထားတဲ့ လူတွေ၊ တိရစ္ဆာန်တွေနဲ့ ကမ္ဘာသစ်ကို ရှာဖွေဖို့ပါပဲ။ စစ်ရှုံးခဲ့တဲ့ ဘာသာမဲ့တွေဘက်ကလည်း စက်ရုပ် ၂ ရုပ် ထွက်ပြေးလွတ်မြောက်လာပြီး သူတို့နဲ့အတူ သန္ဓေသားလောင်း ၈ ခု ပါလာခဲ့ပါတယ်။ ဂြိုလ်တစ်ခုမှာ အခြေချပြီး အဲဒီကလေးတွေကို စက်ရုပ်အမက ကိုယ်ဝန်ဆောင်ပြီး မွေးဖွားခဲ့ပါတယ်။ ...

Raised by Wolves Season 1+2 (2020-2022)

Mirror: A Tale of Twin Cities ( 2022 )
Mirror: A Tale of Twin Cities ( 2022 ) ဒီတစ်ခါ CM ကနေ ဘာသာပြန်တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ကားလေးကတော့ စိတ်ကူးယဉ်ဆန်ဆန်ရိုက်ကူးထားတဲ့ ရှေးခေတ်ကားလေး Mirror: Twin cities ပဲဖြစ်ပါတယ်ရှေးဒဏ္ဍာရီစကားတွေအရ နတ်ဘုရားတွေကဘုံခြောက်ဘုံအလယ်မှာ အလွန်အေးချမ်းသာယာတဲ့ယွီဟွမ်ဆိုတဲ့နေရာတစ်ခုကိုဖန်တီးထားကြတယ်တဲ့အလယ်ပိုင်းဒေသမြောင်မျိုးနွယ်ကမိန်းကလေးနာရှန်းဟာရန်ပွဲတွေကြောင့်သူတို့အိုးအိမ်တွေပျက်စီးသွားတဲ့အချိန်မှာယွီဟွမ်ဒေသကိုထွက်လာခဲ့ပါတော့တယ် ရေသူမျိုးနွယ်စူးမော့နဲ့ခုန်းစန်းမျိုးနွယ်ကအိမ်ရှေ့စံမင်းသမီးပိုင်ရင်းတို့ဟာလွန်ခဲ့တဲ့နှစ်တစ်ရာလောက်ကမျှော်စင်ဖြူမှာ တွေ့ဆုံခဲ့ကြပါတယ်ပိုင်ရင်းက ခုန်းစန်းမျိုးနွယ်အိမ်ရှေ့စံမင်းသားကျန်းလန်နဲ့စေ့စပ်ထားသူဖြစ်ပြီးစူးမော့ကတော့ခုန်းစန်းမျိုးနွယ်တွေဖမ်းထားတဲ့ ပိုင်ရင်းရဲ့အစေခံရေသူမျိုးနွယ်တစ်ယောက်ပါ သုံးနှစ်လောက်အတူတူနေလာပြီးတဲ့အခါမှာတော့ပိုင်ရင်းကစူးမော့ကိုချစ်မိသွားပါတော့တယ်ဒါပေမဲ့ကံကြမ္မာကမျက်နှာသာမပေးတော့ ပိုင်ရင်းဟာ22kmမြင့်တဲ့မျှော်စင်ဖြူကနေခုန်ချပြီးသတ်သေသွားခဲ့ပါတယ်သူသတိရလာချိန်မှာ ခုန်းစန်းမျိုးနွယ်ကပျက်စီးခါနီးအခြေအနေရောက်နေပါပြီနှစ်ပေါင်းတစ်ရာကြာပြီးနောက် ယွီဟွမ်ဒေသကိုကျန့်လျိုမျိုးနွယ်တွေချုပ်ကိုင်နေချိန်မှာ စူးမော့ဟာသူ့အချစ်ဟောင်းပိုင်ရင်းကိုရှာဖို့ယွီဟွမ်ဒေသကိုပြန်လာခဲ့ပါတယ်အခက်အခဲမျိုးစုံကြားမှာ စူးမော့ဟာသူ့လူမျိုးတွေကိုပြန်ခေါ်ထုတ်ဖို့နဲ့သူ့ချစ်သူပိုင်ရင်းကိုပိုင်ဆိုင်ဖို့လုပ်လာရင်းဘယ်လိုဖြစ်သွားမလဲဆိုတာ ကြည့်ရှူခံစားရမှာပါအဓိကသရုပ်ဆောင်တွေအနေနဲ့ Legend of Chusen ထဲကမင်းသားချော Li Yifeng က ပင်လယ်ဘုရင် Su Mo အဖြစ်Heavenly sword and Dragon slaying sabre ထဲကမင်းသမီးချောလေး Chen Yuqi (ကျောက်မိန်)ကသခင်မလေးBai Ying အဖြစ် Love of thousand years ထဲကမင်သား Zheng Yecheng က ခုံစန်းအိမ်ရှေ့စံ Zhen Lan အဖြစ်ပါဝင်ထားကြတဲ့ Mirror :Twin Citiesဆိုတဲ့စိတ်ကူးယဉ်အိမ်မက်ဆန်ဆန်ရိုက်ကူးထားတဲ့ ...

Mirror: A Tale of Twin Cities ( 2022 )

2022
Feria: The Darkest Light (2022) 8.1
Feria: The Darkest Light (2022) Feria: The Darkest Light (2022)=======================IMDb Rating - 8.1/10Netflixရဲ့ ဒီ​နေ့ထွက် စပိန် thriller ဇာတ်လမ်းတွဲဖြစ်ပြီး ၈ပိုင်းအပြီး ထွက်ရှိထားတဲ့ Cultအသား​ပေး horror, mysteryနဲ့ thriller seriesပဲဖြစ်ပါတယ်ကိုးကွယ်ယုံကြည်ရာတစ်ခုကို မျက်စိစုံမှိတ် နားပိတ်ပြီး အမှားကိုအမှန်ထင်၊ အမှန်ပြင်​ပေမဲ့ အမှားမမြင်တဲ့အခါ အစွန်း​​​ရောက်ဖြစ်လာသလို ​နောက်ဆက်တွဲအ​ဖြစ် ဥပါဒန် ​ကြောင့်ဥပဒ်သင့်ပြီး မဖြစ်သင့်မဖြစ်ထိုက်တဲ့ဆိုးကျိုး​တွေ ​ကပ်ပါလာတတ်ပါတယ်။တစ်ခါတ​လေမှာ ကိုယ်က ပြုသူမဟုတ်ရင်​​တောင် ကိုယ့် ​ဆွေမျိုး​တွေ မိတ်​ဆွေ​တွေရဲ့ လုပ်ရပ်က ကိုယ့်ကိုစက်ကွင်း မလွတ် ဖြစ်​စေပါ​သေးတယ်၊ ဒီSeriesမှာ အဲဒီစက်ကွင်းရဲ့ ဒဏ်ကိုခံရသူ​တွေက​တော့ အယ်ဗာနဲ့ဆိုဖီယာတို့ ညီအစ်မ ၂​ယောက်ပဲဖြစ်ပါတယ်။သူတို့ရဲ့မိခင် အယ်လယ်နာဟာ Cult of Lightအသင်း​တော် ရဲ့ အ​ရေး​ပါတဲ့အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဂိုဏ်းရဲ့Ritualအတွက် လူ​ပေါင်း၂၃​ယောက်ကို ​သေဆုံး​စေသူအဖြစ် သံသယရှိခံရသူ ဖြစ်​နေပါတယ်၊ မိခင်ရဲ့ကိုးကွယ်ယုံကြည်မှု​ကြောင့်ဖြစ်လာတဲ့ အကျိူးဆက်​တွေကို ညီအစ်မ၂​ယောက် ခါးစည်းခံရင်း မိခင် ​​ပျောက် လိုက်ရှာရမှ ထိုCultရဲ့ အတွင်းလျှို့ဝှက်ချက်​တွေ၊ သဘာဝလွန်ဖြစ်ရပ်​တွေနဲ့မှ ​တည့်တည့်သွားတိုးမိ​လေရာ...။Cult genreရဲ့ထုံးစံအတိုင်း ယစ်ပူ​​ဇော်မှုဓ​လေ့​တွေ၊ ​​သွေးသံ ရဲရဲပြကွက်​တွေပါဝင်သလို စပိန်ဇာတ်လမ်း​တို့ ထုံးစံအတိုင်း Eroticဆန်ဆန် scene​တွေလည်း အ​တော်ပါဝင်တာမလို့ မိသားစုနဲ့အတူကြည့်ရှုဖို့​တော့ သိပ်မသင့်​တော်ပါဘူး။(ဒီဇာတ်လမ်းဟာ စုစုပေါင်း(၈)ပိုင်းတစ်ပြိုင်တည်းထွက်ထားပါတယ်။) (ဒီဇာတ်လမ်းရဲ့ ...
8.1
TMDb: 8.1/10 2254 votes
tv

Feria: The Darkest Light (2022)

2022
Switch On (2021)
Switch On (2021) Switch On (2021)     စ / ဆုံး___________________ဇာတ်လမ်းတွဲအညွှန်းဒီတစ်ခါ တင်ဆက်မယ့်ဇာတ်ကားလေးကတော့ ထိုင်း series fan လေးတွေပါမကKdrama fan လေးတွေပါစိတ်ဝင်စားရမယ့်ကားလေးပါနော်2016 လောက်က နာမည်အရမ်းကြီးခဲ့တဲ့ W: Two worlds ဆိုတဲ့ Kdrama လေးအတိုင်တစ်ဖန် remake ပြန်ရိုက်ထားတဲ့ဇာတ်လမ်းလေးပေါ့အားခင်ဟာ သေနတ်ပစ်အားကစားသမားတစ်ယောက်ဖြစ်ပြီး ဘီလျံနာသူဌေးကြီးရဲ့တစ်ဦးတည်းသောသားလည်းဖြစ်ပါတယ်အားခင်က သေနတ်ပစ်မှာသာမန်အဆင့်လောက်ပဲကျွမ်းကျင်တာပါတစ်နေ့ အဖေရဲ့မွေးနေ့မှာ surprise cake လေးကိုဆိုင်ကနေ အားခင်တစ်​ယောက် ပျော်ပျော်ရွင်ရွင်နဲ့သွားယူနေတုန်းသူ့အဖေဟာ သူပြိုင်ပွဲဝင်နေကျသေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်သေနတ်ပိုင်ရှင်ဟာလည်းအားခင်.... သေနတ်ပေါ်ကလက်ဗွေပိုင်ရှင်ကလည်း အားခင်ထူးခြားဆန်းကြယ်စွာခိုင်မာတိကျနေတဲ့ သက်သေတွေနဲ့အတူ အားခင်ထောင်ကျခဲ့ရပါတယ်နီဆာဆိုတဲ့အလုပ်သင်ဆရာဝန်မလေး ...အဖေဖြစ်သူကဂိမ်းတီထွင်သူ ဂိမ်းထဲကအဓိကဇာတ်ကောင်လေးကအားခင်ပေါ့အားခင်ရဲ့ကမ္ဘာလေးဟာ ဂိမ်းတစ်ခုအနေနဲ့ အသက်ဝင်နေတယ်ဆိုတာကို ဘယ်သူကမှသတိမထားမိကြပဲမတော်တဆ အားခင်တို့ကမ္ဘာဘက်ကိုရောက်သွားတဲ့နီဆာ.....နီဆာတကယ့်ကမ္ဘာဆီပြန်ထွက်လာနိုင်မလား အားခင်ရောသူ့ရဲ့နာမည်ပျက်ကိုပြန်ချေပနိုင်မလား??အားခင်မကျူးလွန်ခဲ့တဲ့ပြစ်မှုရဲ့နောက်ကွယ်မှာရောဘယ်လိုလျှို့ဝှက်ချက်တွေရှိနေတာလဲ??ဆိုတာကိုတော့ အပတ်စဥ်စောင့်မျှော်ကြည့်ရှုရမှာပေါ့နော်Recommend ချင်တာကတော့ W နဲ့လုံးဝဥဿုံတူနေတာမျိုးမဟုတ်ပဲ ကွဲပြားတာလေးတွေလည်းရှိလို့ ထိုင်း version လေးကိုလည်းခံစားကြည့်ကြစေချင်ပါတယ်Episodes: TBAAired: Nov 18, 2021 – TBAAired On: ...

Switch On (2021)

2021
Bulgasal: Immortal Souls (2021)
Bulgasal: Immortal Souls (2021) Bulgasal : Immortal souls (2021)Dan hwal (Lee Jin-Wook)ကအမြဲတမ်းထာဝရရှင်သန်နေတဲ့ လွန်ခဲ့သောနှစ်ပေါင်း 600 က လူသားတစ်ဦးဖြစ်ပါတယ် ရှေးခေတ်မှာ တပ်မှူးတစ်ယောက်အဖြစ် တာဝန်ကို ထမ်းဆောင်နေပြီး နှစ်ပေါင်း 600 လုံးလုံး မသေနိုင်ခဲ့ပါဘူးMin Sang Woon(Kwon Na-Ra) ကလည်းမသေနိုင်တဲ့လူဖြစ်ခဲ့‌ပေမယ့် အခုတော့ သူမက လူသားအဖြစ်ကို ပြန်လည်ဝင်စားပြီးတော့ လူသားအဖြစ် နေထိုင်‌နေပါတယ် သူမရဲ့ ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုကို ဖြတ်သန်းပြီးတော့ သူမရဲ့ တကယ့်နာမည်နှင့် အထောက်အထား‌တွေကို ပြောင်းလဲပြီး နေထိုင်နေခဲ့ပါတယ် သူမရဲ့ကြေကွဲစရာအဖြစ်အပျက်ကို လက်စားချေဖို့ ပြင်ဆင်ရင်း လျှို့ဝှက်စွာ နေနေခဲ့ပါတယ် အတိတ်မှာ Dan Sol က Dan Hwal ရဲ့ ဇနီးဖြစ်ခဲ့ပြီး သူမမှာ ထူးခြားမှုတစ်ခုရှိနေပါတယ်Ok Eul Tae ကလည်း Dan Hwal လိုမျိုး မသေနိုင်တဲ့လူသားပါ ဒါပေမယ့် သူကတော့ သေရမှာကိုမကြိုက်တဲ့သူ၊ ဒီလိုရှင်သန်နေရတာကို ပျော်မွေ့နေတဲ့သူပါအဲ့တော့ သူက ဗီလိန်ဖြစ်လာမှာလား...မွေးကတည်းက ကျိန်စာတိုက်ခံရပြီး သေခြင်းမှ ...

Bulgasal: Immortal Souls (2021)

2021
A Discovery of Witches – Season 03 8.0
A Discovery of Witches – Season 03 A Discovery of Witches - Season 03===========================IMDb Rating - 8.0/10 | Rotten Tamatoes 94%******** Spoiler Alert ***********S1, S2 မကြည့်ရသေးသူတွေအတွက်တော့ စပွိုင်လာလေးတွေ ပါနိုင်ပါတယ်နော် S2 တုန်းက ၁၆ရာစုကို အချိန်ခရီးသွားခဲ့ကြတဲ့ မက်သရူးနဲ့ ဒိုင်ယာနာတို့နှစ်ယောက် ဒီစီစန်မှာတော့ အခုလက်ရှိကာလကို ပြန်လည်ရောက်ရှိလာပါပြီ။ သူတို့ရောက်ရောက်ချင်းမှာပဲ ဆီးကြိုလိုက်တဲ့သတင်းကတော့ စိတ်မကောင်းစရာပါ ဒိုင်ယာနာ့ရဲ့ အမေလိုချစ်ခင်ရတဲ့ အမ်မလီတစ်‌ယောက် ပီတာနော့စ်သတ်တာ ခံလိုက်ရတာပါ ပြီးတော့ မက်သရူးရဲ့အစ်ကိုဖြစ်သူ ဘောလ်ဒွင်းကလည်း ဆပ်တောစ်မှာ စုန်း၊ နတ်ဆိုး၊ လူ၊ ဗန်ပိုင်းယားအစုံ ဘော်‌ဒါဆောင်လို စုနေနေကြတာကို သဘောမတွေ့ဘဲ ဒီကလာမွန့်မိသားစု မဟုတ်သူအားလုံးကို နှင်ထုတ်လိုက်ပါတယ်။ နောက်ပြီး သွေးဆာလောင်မှုရောဂါရှိနေတဲ့ ဗန်းပိုင်းယားတစ်ကောင် လူ‌တွေကိုလိုက်သတ်နေတယ်ဆိုတဲ့ သတင်းကလည်း လူတွေ ကြားမှာရော သတ္တဝါတွေကြားမှာပါ အတော်ကိုပျံ့နှံ့နေပြီဆိုတော့ ဒီပြဿနာတွေကို သူတို့ဘယ်လိုဖြေရှင်းပြီး ဘယ်လိုရှေ့ဆက်ကြမယ်ဆိုတာ Season 3 မှာ ဆက်လက်ကြည့်ရှု ကြပါဦး။ (ဒီစီးရီးရဲ့ အညွှန်းကို MTA ...
8.0
TMDb: 8.0/10 356 votes
tv

A Discovery of Witches – Season 03

2022
A Discovery of Witches – Season 02 8.0
A Discovery of Witches – Season 02 A Discovery of Witches - Season 02===========================IMDb Rating - 8.0/10 | Rotten Tamatoes 94%အားလုံးမျှော်နေတဲ့Discovery of Witches ရဲ့ season(2)လာပါပြီ။ season(1)မှာ မျိုးစိတ်တွေ အားလုံးလိုချင်နေကြတဲ့စာအုပ်ကို ဆင့်ခေါ်နိုင်ပြီးရရှိသွားတဲ့ စုန်းမလေးဒိုင်ယာနာက ဗန်ပိုင်းယား မက်သရူးနဲ့ပါချစ်ကြိုက်မိသွားလို့ အန္တရာယ်ပတ်ချာလည်ဝိုင်းသွားပြီး အန္တရာယ်တွေကိုနှစ်ယောက် သားဖြတ်ကျော်နေရတာပါ။ season(2)မှာတော့ ဒိုင်ယာနာနဲ့မက်သရူးတို့ ရိုမီယိုနဲ့ဂျူးလီယက်လို နှစ်ယောက်သားချစ်ကြပါလျက်နဲ့ ပတ်ဝန်းကျင်ကြောင့်ကွဲကွာကြမလား၊ စာအုပ်ကိုပိုင်ဆိုင်ထားတဲ့ ဒိုင်ယာနာလေးကရော မျိုးစိတ်တွေရဲ့အန္တရာယ်ကနေလွတ်မြောက်နိုင်ပါ့မလားကတော့ အေးအေး ဆေးဆေးခံစားကြည့်ရှုကြပါဦးလို့။(ဒီစီးရီးရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size - (800 MB) Quality – BLURAY 1080p 5.1CH Duration - 40 mins (@Episode) Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Fantasy, Romance Translator ...
8.0
TMDb: 8.0/10 346 votes
tv

A Discovery of Witches – Season 02

2021
A Discovery of Witches – Season 01 8.0
A Discovery of Witches – Season 01 A Discovery of Witches - Season 01===========================IMDb Rating - 8.0/10 | Rotten Tamatoes 94%" တစ်ချိန်က ကမ္ဘာကြီးဟာ ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတယ်။ အခုတော့ ဒီနေရာကို လူတွေ မင်းမူသွားပြီ။ နတ်ဆိုး၊ သွေးစုပ်ဖုတ်ကောင်တွေနဲ့ စုန်းစတဲ့ သတ္တဝါတွေဟာ ပုန်းလျှိုးပျောက်ကွယ်သွားကြရတယ်။လူတွေ့မခံရဲကြတော့ဘူး။ အချင်း ချင်းတောင်မှ ရှက်ရွံ့လာကြရတယ်။ဒိုင်ယာနာ ဘစ်ရှော့ဟာလည်း လူတွေနဲ့ ရောယှက်နေထိုင်ရင်း သမိုင်းသုတေသီအဖြစ် ဘ၀ကိုကျောင်းနေသူ စုန်းတစ်ယောက်ပါ။ ကျန်သူတွေနဲ့ တစ်ခုကွဲပြားမှုဆိုရင် သူဟာ စုန်းဆိုတဲ့ ဖြစ်တည်မှုကို ကိုယ်တိုင်ကိုယ်၌ကကို လက်မခံချင်သူဖြစ်သလို မှော်ပညာကို အားမကိုးသူမလို့ သူ့ရဲ့ အစွမ်းကိုလည်း ကောင်းစွာ မထိန်းချုပ်နိုင်သူပါ။ ဤကဲ့သို့သော ဒိုင်ယာနာဘစ်ရှော့လို လူမျိုးကိုမှ အမှောင်လောကထဲကို ပြန်ဆွဲသွင်းလိုက်တဲ့အရာကတော့ Bodleian စာကြည့်တိုက်က Ashmole 782 ဆိုတဲ့ စာအုပ်ပါပဲ။ စာအုပ်သူ့လက်ထဲရောက် ရောက်ချင်းမှာပဲ ငြိမ်သက်နေတဲ့ ရေပြင်ကို ခဲတစ်လုံးပစ်လိုက်သလို အမှောင်လောကဟာ ပြန်အသက်၀င်လာတယ်။ဒိုင်ယာနာ့ရဲ့ ပတ်၀န်းကျင်မှာ မူမမှန်တာတွေ ဖြစ်လာတယ်။ ...
8.0
TMDb: 8.0/10 41000 votes
tv

A Discovery of Witches – Season 01

2018
55:15 Never Too Late (2021)
55:15 Never Too Late (2021) 55:15 Never Too Late (2021)       စ / ဆုံးဇာတ်လမ်းအကျဉ်း___________________________________ကျွန်တော်/မ တိုငယ်ငယ်တုန်းက ကြီးလာရင် ဘာဖြစ်ချင်တယ်ဆိုပြီးအိပ်မက်တွေ မက်ခဲ့ကြဖူးတာ မှတ်မိမယ်ထင်ပါတယ် ကလေးဆိုတော့ စိတ်ကူးယဉ် ဆန်ဆန်ပဲပေါ့အဆိုတော်ကြီး လုပ်မယ်၊ ကမ္ဘာပတ်ပြီး ခရီးထွက်မယ်၊ အရမ်းချစ်ရတဲ့သူနဲ့ပဲ ယူမယ်...စသဖြင့်ပေါ့လေ ငယ်ငယ်တုန်းကတော့ အကုန်လုံးက ဖြစ်လာနိုင်တယ်လို ယူဆခဲ့ကြတာကိုးအိပ်မက်ဆိုတဲ့အတိုင်း အတိုင်းအဆမရှိ စိတ်ကူးယဉ်ပစ်လို ရပေမဲ့ လက်တွေ့မှာ တကယ်ဖြစ်လာဖိုကတော့ခဲယဉ်းတယ်ဆိုတာ အသက်အရွယ်ရလာတဲ့သူတိုင်း သဘောပေါက်နေကြပါပြီလက်ရှိဘဝက ငယ်ငယ်က စိတ်ကူးယဉ်ခဲ့တဲ့ဘဝနဲ့ ထပ်တူမကျဘူးဆိုတာကို လက်တွေ့ခံစားနေရတဲ့သူတွေ တစ်ပုံကြီးပါ အခုအခြေအနေတွေကိုပဲ ကြည့်ပေါ့ဗျာ :3 အဲအတိုင်းပဲ သူလို ကိုယ်လိုဖြစ်တဲ့ သူငယ်ချင်း ငါးယောက်ကလည်း ငယ်စဉ်က အိပ်မက်တွေမက်ခဲ့ပေမဲ့လက်တွေ့ဘဝကြီးမှာ အဆင်ပြေသလိုကျင်လည်ရင်းနဲ့ အသက်ကြီးလာကြပါတယ်တစ်ရက်မှာတော့ အမှတ်မထင် သူတိုငါးယောက်လုံး ငယ်ရွယ်ပျိုမြစ်တဲ့အထက်တန်းကျောင်းသားဘဝကို ပြန်လည်ရောက်ရှိလာကြပါတယ်အဲလိုပြန်ရောက်ရှိလာရတာ ဘာကြောင့်လဲ?? သူတိုကို ဖြစ်ချင်တာတွေဖြစ်နိုင်ဖို Second chance ပေးတဲ့အနေနဲ့လား?? အရင်ကဖြစ်ခဲ့တာတွေကိုရော ပြန်ပြုပြင်လို ရပါ့မလား...စသဖြင့် လားပေါင်း ...

55:15 Never Too Late (2021)

2021
Girl From Nowhere (Season 1 and Season 2) 10
Girl From Nowhere (Season 1 and Season 2) Girl from Nowhere Season 1Netflixရဲ့ပူပူနွေးနွေးထိုင်းစီးရီးလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေIMDB rating 7.9/10ရထားပါတယ်Thrillerအမျိုးအစားဖြစ်ပြီးကြည့်နေရင်းခုံပေါ်ကပြုတ်ကျတဲ့အထိထိတ်လန့်စရာအနည်းငယ်ပါလို့ ကြိုသတိပေးထားချင်ပါတယ်ကျွန်တော်တို့သိတဲ့အထက်တန်းကျောင်းဆိုတာလူကြီးတွေအမြင်မှာအပြစ်ကင်းစင်ပြီးပညာရှာဖို့လောက်ပဲသုံးတဲ့နေရာလို့ထင်ကြပါလိမ့်မယ်တကယ်တော့အဲ့ထက်ပိုပြီးရှုပ်ထွေးတယ်ဆိုတာအားလုံးသိပြီးသားပါရည်းစားကိစ္စတွေရှိမယ်မနာလိုတာတွေရှိမယ်နှာဘူးကျတဲ့ကျောင်းဆရာတွေရှိမယ်ဇီဇာကြောင်ပြီးတအားစိတ်ဖိစီးနေတဲ့တစ်ကိုယ်တည်းဆရာမတွေ၊single momတွေရှိမယ်လိင်ကိစ္စစူးစမ်းချင်နေတဲ့ဆယ်ကျော်သက်တွေရှိမယ်အသိုင်းအဝိုင်းဆင်းရဲတာကိုဖုံးကွယ်ပြီးချမ်းသာချင်ယောင်ဆောင်နေမယ်လူတစ်ချို့ရှိမယ်လာဘ်စားတဲ့လူတန်းစားတွေရှိမယ်geniusတွေစုနေတဲ့နေရာမှာကိုယ်ကပုံမှန်ဖြစ်နေလို့အားငယ်နေတဲ့လူတွေရှိမယ်အလှအပအရမ်းပြိုင်တဲ့ဟာတွေဘလာဘလာပေါ့ဗျာဒါပေမဲ့ကိုယ်ကအဲ့လိုဟာတွေကိုနားလည်နေခဲ့ရင်ရော...?ကျွန်တော်တော့အကုန်လုံးကိုအမြင်ကပ်ပါတယ်:)ဒါပေမယ့်Nannoဆိုတဲ့ကျောင်းသူသစ်လေးကအမြင်ကပ်တာထက်ပိုတာတွေကိုလုပ်ခဲ့ပါတယ်ဆက်ပြောရင်ဇာတ်လမ်းအရသာပျက်သွားမှာစိုးလို့အကျဉ်းချုပ်ပါရစေNannoဟာအထက်တန်းကျောင်းသူဖြစ်ပြီးကျောင်းအထာနပ်နေတဲ့ကောင်မလေးဖြစ်ပြီးစီးရီးကအရမ်းrealisticဖြစ်လွန်းတဲ့အပြင်အရမ်းအရမ်းကြည့်လို့တန်မယ့်စီးရီးမို့အပိုင်း၁ကိုပဲဖြစ်ဖြစ်အစမ်းကြည့် ကြည့်စေချင်ပါတယ်Translated by Shwe Yee Oo,Linn Kyaw Swar AungEncoded by sithu   For VIP Member  - Click here !Episode 1 - Yoteshin / Userdrive / Megaup / DropgalaxyEpisode 2 - Yoteshin / Userdrive / Megaup / DropgalaxyEpisode 3 - Yoteshin / Userdrive / Megaup / DropgalaxyEpisode 4 - Yoteshin / Userdrive / Megaup / DropgalaxyEpisode ...
10
TMDb: 10/10 1 votes
tv

Girl From Nowhere (Season 1 and Season 2)

2018
The Man’s Voice (2021)
The Man’s Voice (2021) The Man's Voice (2021) ဇာတ်လမ်းတွဲအညွှန်း*************************************** အပိုင်းသစ် - ၇ နှင့် ဇာတ်သိမ်းပိုင်း (အစ/အဆုံး) ဂိုမီရင်းဟာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးနေတဲ့ခေတ်ကြီးမှာ အချိန်ပြည့်အလုပ်မရသေးလို့ စတိုးဆိုင်လေးမှာ အချိန်ပိုင်းလုပ်နေရသူတစ်ဦးပါ။ အလုပ်လည်းမရ အိမ်ထောင်လည်းမပြုနိုင်တာကြောင့် အိမ်ကအမေဆူတာခံနေရတဲ့ ဂိုမီရင်းတစ်ယောက် စတိုးဆိုင်လေးမှာ ရုပ်ချောချောကောင်လေး ဘဲ့ထယ်ဟွာနဲ့ဆုံတွေ့ခဲ့ရပါတယ်။ဘဲ့ထယ်ဟွာကတော့ စမတ်ကျတဲ့ လေယာဥ်ပိုင်းလော့လေးတစ်ယောက်ပါ။ သူ့ဘဝမှာ မိသားစုဆိုလို့ ကြောင်လေးတစ်ကောင်ကိုပဲ မှီခိုနေရတာကြောင့် နာချီမဲဆိုတဲ့ကြောင်ကို အရမ်းတန်ဖိုးထားတဲ့သူပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူလေယာဥ်ခရီးစဥ်ထွက်ချိန်မှာ ဂိုမီရင်းဆီ ​နာချီမဲကိုအပ်ခဲ့ပါတယ်။ ကောင်လေးကိုဖွန်ကြောင်ပြီး ကြောင်လေးကိုစောင့်ရှောက်ပေးတဲ့ ဂိုမီရင်းတစ်ယောက် နာချီမဲဆီကနေ ယောကျ်ားတစ်ယောက်အသံကို ကြားလိုက်ရချိန်မှာတော့ ခပ်ချောချောကောင်လေးရယ် ကြောင်တောင်တောင်ကောင်မလေးရယ် လူစကားပြောနိုင်တဲ့ကြောင်လေးရယ် ဘယ်လိုစခန်းသွားကြမယ်ဆိုတာကို ဒီကားလေးထဲမှာ စောင့်ကြည့်လိုက်ကြပါဦးနော်။ အရိုကားတွေနဲ့ ပရိသတ်ကိုဆွဲဆောင်နိုင်ခဲ့တဲ့ So I married anti-fanထဲက မင်းသား ချွဲထယ်ဟွန်းနဲ့ နဲ့ My secret romance ထဲက မင်းသမီးလေး ဆုန်းဂျီအွန်း တို့ရဲ့ ...

The Man’s Voice (2021)

2021
Rainless Love in a Godless Land ( 2021 )
Rainless Love in a Godless Land ( 2021 ) ထိုင်ဝမ်ရဲ့နာမည်ကျော်မင်းသားမင်းသမီးတွေဖြစ်တဲ့ Joanne Tseng ,Fu meng bo,Joe Cheng, Alice Ke,Yan Yu Lin တိုအဓိကပါဝင်ရိုက်ကူးထားတဲ့မိုးနတ်မင်းနဲ့ လူ့ပြည်ကမိန်းကလေးတိုရဲ့အချစ်ကားကောင်းလေးပါကမ္ဘာကြီးမှာပတ်ဝန်းကျင်ပျက်ဆီးလာခြင်းနဲ့အတူ နတ်မင်းတွေဟာသူတိုကဲ့ဆုတောင်းတွေကိုရုတ်သိမ်းဖိုဆုံးဖြတ်ခဲ့ကြပါတယ်ကမ္ဘာ မြေဆီ နောက်ဆုံးမိုးရေမကျခင်မှာနတ်မင်းတွေအားလုံးထွက်ခွာကြမှာပါ..နတ်မင်းတွေအားလုံးရဲ့ထွက်ခွာမှုကမိန်းကလေးတစ်ယောက်ကြောင့်ရှုပ်ထွေးခဲ့ရတဲ့အခါ..တစ်ချိန်ထဲမှာပဲမိုးနတ်မင်းဖြစ်တဲ့Oradနဲ့ ရှဲထျိန်းတိတိုရဲ့အချစ်ဟာလဲ နတ်မင်းတွေရဲ့ထွက်ခွာဖိုစီစဥ်ခြင်းနဲ့အတူ အချစ်ရေးအဆုံးသတ်ဖို့အချိန်နောက်ပြန်ရေတွက်ရချိန်ဖြစ်လာပါတယ်..ကမ္ဘာ ကြီးဘယ်ဆီဦးတည်မှန်းမသိရှိရချိန်ကံကြမ္မာကိုပြောင်းလဲနိုင်တဲ့အခွင့်အရေးကသူမနဲ့စောင့် ရှောက်ရေးနတ်မင်း(မိုးနတ်မင်း)ကြား ဆက်နွယ်နေတာသိလိုက်ရတဲ့အခါ....ဘယ်လိုတွေဆက်ဖြစ်လာမှာလဲဆန့်ကျင်လိုမရတဲ့စီစဉ်ထားမှု...လွန်ဆန်လိုမရတဲ့နှလုံးသား..ဆုတောင်းပေးမှုနဲ့ကျိန်စာတိုက်မှု ဘယ်အရာကအရင်ရောက်လာမှာလဲဆိုတာ ဆက်လက်ခံစားကြည့်ရှုပါ Quality : WEB-DL 720pFormat : mp4Total Episodes : 13Genres : Fiction , DramaSubtitle : Myanmar Subtitle ( Hardsub )Translated By CCF TeamEncoded By LK  Episode 1 ( Part 1 ) Yoteshin / CMDrive / Usersdrive / Meganz / VIPEpisode ...

Rainless Love in a Godless Land ( 2021 )

2021