Movies
Series
VIP Plan
How To Download
DMCA
Movies
Series
VIP Plan
How To Download
DMCA
Years
Movies
Series
VIP Plan
How To Download
DMCA
Genius
7.3
Genius
Genius Tv Series ဟာ ကမ္ဘာမှာပေါ်ထွန်းခဲ့ဖူးတဲ့ ဂန္ဓဝင်ပုဂ္ဂိုလ်ကြီးတွေရဲ့ အကြောင်းကို National Geographic က ရိုက်ထားတဲ့ တီဗီစီးရီးတစ်ခုပါ Season 1 ကတော့ ရူပဗေဒပညာရှင်ကြီး Albert Einstein ရဲ့ ဘဝဇာတ်ကြောင်းပဲ ဖြစ်ပါတယ် 2017မှာ ထွက်ရှိခဲ့တဲ့ ဒီစီးရီးဟာ Walter Issaacson ရေးသားခဲ့တဲ့ Einstein: His Life and Universeဆိုတဲ့ စာအုပ်ကို အခြေခံရိုက်ကူးထားပြီး အော်စကာဆုရ မင်းသားကြီး Geoffrey Rushက အိုင်းစတိုင်းအိုကြီး အဖြစ်သရုပ်ဆောင်ထားပါတယ် ဒီစီးရီးမှာတော့စူးစမ်းလိုစိတ်အပြည့်နဲ့ ဂျူးလူငယ်လေးဘဝက စလို့ သေဆုံးသည်အထိ သူ့ရဲ့ထူးခြားတဲ့ အတွေးအခေါ်တွေ သိပ္ပံအတွက် ကြိုးစားခဲ့တာတွေ ရီလေးတစ်ဗတီကို ဘယ်လိုဖန်တီးနိုင်ခဲ့တယ်ဆိုတာတွေ အနုမြူ ဗုံးဇာတ်လမ်း ဒုတိယ ကမ္ဘာစစ် မတိုင်ခင် နာဇီတွေနဲ့ ဂျူးတွေကြားပြသနာတွေ ဂျူးနိုင်ငံတည်ထောင်ရေးအတွက် ကြိုးပမ်းခဲ့တာတွေ အမေရိကန်ထောက်လှမ်းရေးရဲ့ ရန်ငြိုးထား အရှက်ခွဲဖို့ကြိုးစားခဲ့တာတွေ အနုမြူလက်နက်တားဆီးရေး အတွက် ကမ္ဘာ့အစိုးရဖွဲ့ဖို့ ကြိုးပမ်းခဲ့တာတွေအပြင် သူ့ရဲ့အချစ်ရေးနဲ့ ကွမ်တမ်ရူပဗေဒကို ဆန့်ကျင်တဲ့ အယူအဆတွေ စသည်ဖြင့် သိပ္ပံအကြောင်းတစ်ခုတည်းမဟုတ် ဇာတ်ကြောင်း စုံစုံလင်လင် သမိုင်းအထောက်အထား တိကျစွာနဲ့ ရိုက်ကူးထားပါတယ် သရုပ်ဆောင်တွေလည်း ကောင်းကြပါတယ် နောက်ပြီး အိုင်းစတိုင်းပြောခဲ့တဲ့ မှတ်သားဖွယ်စကားတွေကိုလည်း ဒိုင်ယာလော့တွေအဖြစ် ဝေဝေဆာဆာ ထည့်ထားသေးတဲ့အတွက် ကြည့်သင့်တဲ့ စီးရီးတစ်ခုဖြစ်ပါတယ် .... (စီးရီးမကြည့်ခင် ဒါလေးတွေ သိထားသင့်တယ်ထင်လို့ wikiကရှာထားတာ အမှားပါသွားရင် ခွင်းလွှတ်ပါ) ၂၀ရာစုမှာ ခေတ်သစ်ရူပဗေဒပညာရပ်နဲ့ ခေတ်မီနည်းပညာတွေပေါ်ထွန်းလာဖို့ အဓိကဒေါက်တိုင်ကြီးနှစ်ခုဖြစ်တဲ့ ရီလေးတစ်ဗတီသီဝရီနဲ့ ကွမ်တမ်ရူပဗေဒတို့ ပေါ်ပေါက်လာခဲ့ပါတယ် ရီလေးတစ်ဗတီ (နှိုင်းရသီဝရီလို့လည်း ...
7.3
TMDb:
7.3/10
62 votes
tv
Genius
2017