Into The Badlands – Categories – Channel Myanmar
Channel Myanmar

Into The Badlands

Into the Badlands Season (1) Complete 7.4
Into the Badlands Season (1) Complete Into the badlands IMDb (8.1/10) ဒီ series က​တော့ American television series တစ်​ခုဖြစ်​ပြီး တစ်​မူထူးခြားတဲ့ series တစ်​ခုဖြစ်​ပါတယ်​ ဇာတ်​လမ်းရဲ့​ခေတ်​ကာလက​တော့ ကမ္ဘာပျက်​ပြီး နှစ်​​ပေါင်း ၅၀၀ခန့်​ အကြာမှာ ဖြစ်​​နေ​ပေမယ့်​ ​သေနတ်​​​တွေ မပါပဲ တုတ်​ဓားလက်​နက်​​တွေဖြင့်​သာ ကွန်​ဖူးကွက်​ကျကျ တိုက်​ခိုက်​သတ်​ပုတ်​တဲ့ အခန်း​တွေကိုသာ ရင်​သပ်​ရှု​မောဖွယ်​ကြည့်​ရမှာဖြစ်​ပါတယ်​... ဇာတ်​လမ်းရဲ့အ​နေအထားကလဲ Game of throne ဆန်​ဆန်​ နယ်​​မြေထီးနန်းလုတဲ့ ဇာတ်​အိမ်​သ​ဘောမျိုးကိုတည်​​ဆောက်​ထားပါတယ်​.. ဇာတ်​လမ်းအညွှန်းကို​ပြောပြရရင်​........ ကမ္ဘာပျက်​ပြီး ခန့်​မှန်း​ခြေအားဖြင့်​ နှစ်​​ပေါင်း ၅၀၀အကြာမှာ လူ​တွေဟာ လျှပ်​စစ်​ပစ္စည်းများ....​သေနတ်​များ အစရှိတဲ့ ​ခေတ်​​ပေါ်ပစ္စည်းများကို စွန့်​ပစ်​လိုက်​ကြပြီး ဓားများ ​လေးမြှား တုတ်​စသည်​တို့ကိုသာ အသုံးပြုကြပါ​တော့တယ်​..... အဲ့အချိန်​ကာလဟာ အ​ကြောက်​တရားနဲ့ ယုတ်​မာဆိုးသွမ်းမှု​တွေသာ ကြီးစိုး​နေပါ​တော့တယ်​ ...... "ဘတ်​လန်းစ့်​"နယ်​​မြေ​ကို လူ ၇​ယောက်​က ပိုင်းခြားအုပ်​ချုပ်​ပြီး ကိုယ့်​ကိုကိုယ်​ "ဘယ်​ရွန်​"သခင်​​တွေ အဖြစ်​ခံယူကာ လက်​​အောက်​ခံလူများကို ကျွန်​​အဖြစ်​ ခိုင်း​စေကြပါတယ်​ "ဘတ်​လန်းစ့်​"နယ်​​မြေ ရဲ့ "ဘယ်​ရွန်​"သခင်​​၇​ယောက်​ဟာ ဘိန်းစိုက်​ခြင်း၊ ​ရေနံထုတ်​ခြင်း ၊" ​ကောဗ့်​"လို့​ခေါ်တဲ့ အလုပ်​သမားများကို​ရောင်းခြင်း စတဲ့ ကိုယ်​ပိုင်​ စီးပွား​ရေးလုပ်​ငန်းများ ကိုယ်​စီရှိကြပါတယ်​ ​နောက်​ပြီး "ဘယ်​ရွန်​"သခင်​​တွေမှာ "ကလစ်​ဘာ"လို့​ခေါ်တဲ့ စစ်​သည်​​တော်​​တွေရှိကြပြီး ထိုကလစ်​ဘာ​တွေကို "ရီးကျင့်​"အမတ်​က သင်​ကြား​လေ့ကျင့်​​ပေးပါတယ်​ ..ထို "ရီးကျင့်​"အမတ်​​တွေ "ကလစ်​ဘာ"​တွေဟာ "ဘယ်​ရွန်​"သခင်​​ လက်​​အောက်​မှ အမှုထမ်းများဖြစ်​ပါတယ်​... ဇာတ်​ကားရဲ့ ဇာတ်​လိုက်​မင်းသားက​တော့ တရုတ်​အက်​ရှင်​မင်းသား "ဒန်​နီယယ်​ဝု"ဖြစ်​ပြီး ဆန်​နီအဖြစ်​ သရုပ်​​ဆောင်ထားပါတယ်​။ပြီး​တော့ သူဟာ "ကွင်းစ့်​"ဘယ်​ရွန်​သခင်​ရဲ့ "ရီးကျင့်​"အမတ်​တစ်​​ယောက်​ဖြစ်​ပါတယ်​ ။ "ရီးကျင့်​"အမတ်​​တွေကို ...
7.4
TMDb: 7.4/10 191 votes
tv

Into the Badlands Season (1) Complete

Genres