Channel Myanmar
Mystery
Lisey’s Story (2021) 9.5
Lisey’s Story (2021) ဒီစီးရီးကတော့ စာရေးဆရာကြီး စတီဖင်ကင်းရဲ့ ဝတ္ထုကို ဇာတ်လမ်းတွဲအဖြစ်ပြန်လည်ရိုက်ကူးပြီး apple tv ကနေ ပြသလိုက်ပါပြီ။ စတီဖင်ကင်းကိုတော့ ရုပ်ရှင်ပရိသတ်အများစုစာအုပ်မဖတ်ဖူးရင်တောင် ကြားဖူးနေကြမှာပါ။IT, Pet Sematary, Shinning, Dr Sleep, 1408, Dark Tower, Shawshank, Green Mile, The Mist စသည်ဖြင့်ဇာတ်ကား ၅၀ လောက်ကို ရှိပါတယ်။ ဒါပေမယ့် ဒီ လီစီ စတိုရီ စာအုပ်ရဲ့ထူးခြားချက်ကတော့ဆရာကြီး သူရေးခဲ့ဖူးသမျှထဲမှာအကြိုက်ဆုံးထဲမှာပါတယ်လို့ ပြောခဲ့ဖူးပါတယ်။စတီဖင်ကင်းဟာ သူ့ရဲ့ဇာတ်လမ်းအများစုက အပြင်လောကက သူ့ရဲ့ဘဝနဲ့ သူ့ခံစားချက်တွေကနေအခြေခံပြီး ပြောင်းလဲချဲ့ထွင်ရေးခဲ့တာ များပါတယ်။ဥပမာ Pet Sematary ဆိုရင် သူပြောင်းပြီးနေတဲ့အိမ်က ကားလမ်းနဲ့အရမ်းနီးပြီးသူ့ကလေးတွေအတွက် စိတ်ပူမိတဲ့ကိစ္စကနေ စပြီးရေးခဲ့မိတာပါ။သူရေးပြီးသူပြန်ကြောက်မိတဲ့ ဝတ္တုလို့လည်း ဆိုခဲ့ဖူးပါတယ်။ဒီစာအုပ်ကတော့ စတီဖင်ကင်းတစ်ယောက် အဆုတ်ရောင်ရောဂါနဲ့အသည်းအသန်ဖြစ်ပြီး သူ့မိန်းမက လူနာစောင့်ခဲ့တဲ့အဖြစ်ကနေ စပြီး အတွေးပေါ်ခဲ့တယ်လို့ ပြောဖူးပါတယ်။သူသေသွားတဲ့အခါ သူ့မိန်းမနဲ့ သူ့ရ့ ...
9.5
TMDb: 9.5/10 votes
tv
Lisey’s Story (2021)
Voice 2(2018) 8.0
Voice 2(2018) Voice 2(2018) ဇာတ်လမ်းတွဲအညွှန်း*****************************အပိုင်းသစ်(၁ မှ ၁၂ )ထိ စ/ဆုံးVoice season 2 မှာလည်း season 1 တုန်းကလိုပဲ 112 call center ကို ဖုန်းဆက်ပြီး အကူအညီတောင်းလာတဲ့သူတွေကို ကယ်တင်ပေးရင်း mysterious ဖြစ်နေသောအမှုအခင်းများကို လိုက်လံဖော်ထုတ်ကြမှာပဲဖြစ်ပါတယ်.....မင်းသမီးကတော့ ထုံးစံအတိုင်း ဟိုးအဝေးကလာတဲ့ အသံသေးသေးလေးတွေကအစ ကြားနိုင်စွမ်းရှိတဲ့ 112 call center ကစင်တာမှူး Kang Gwon Ju ပါ...မင်းသားနေရာမှာတော့ season 1 ပါ၀င်ခဲ့တဲ့ Mu Jin Huyk နေရာမှာ Do Kang Woo အစားထိုးပါ၀င်လာပါတယ်။သူတို့နှစ်ယောက်အတူ ပူးပေါင်းပြီးတော့ ကွင်းဆက်လူသတ်သမားအမှုကိုပဲ ဖော်ထုတ်ကြမှာပဲ ဖြစ်ပါတယ်။Season 2မှာ စုစုပေါင်း အပိုင်း ၁၂ပိုင်း ပါ၀င်မှာဖြစ်ပြီးတော့ သည်းထိတ်ရင်ဖို အမှုအခင်း ဇာတ်လမ်းတွဲကြိုက်သူတွေလက်မလွတ်တမ်း ...
8.0
TMDb: 8.0/10 28 votes
tv
Voice 2(2018)
2017
Mare of Easttown (2021) 8.6
Mare of Easttown (2021) အနုပညာရှင်တေွဟာ သူတို့ရဲ့မျက်နှာလှလှလေးထက်သူတို့ရဲ့အနုပညာကို ပိုထားဖိုးထားစေချင်ကြမှာပါ။ ကိတ်ဝင်းစလက်တစ်ယောက်ကတော့ မြို့ငယ်လေးရဲ့ စုံထောက်မကြီးနေရာကို ပေစုတ်စုတ်နဲ့ အကောင်းဆုံး ပြသွားပြီး rating 8.6 အထိ အရယူသွားပါပြီ။Mare Easttown 2021 ဟာ tomatometer 93% ရထားပြီး IMDB 8.6 ရထားတဲ့အတွက်စီးရီးကောင်းတစ်ခုဆိုတာ အထူးပြောစရာမလိုလောက်ပါဘူး ပြီးတော့ မင်းသမီးကြီး ကိတ်ဝင်းစလတ်ကိုယ်တိုင် အဓိကဇာတ်ဆောင်နေရာက ပါဝင်ထားပါတယ်ခုလောက်ဆို စိတ်ဝင်စားနေလောက်ပြီဆိုတော့ ဇာတ်လမ်းကျောရိုးလေး ပြောပြပါမယ်မယ်ရာ ဟာ Easttown ဆိုတဲ့ မြို့ငယ်လေးမှာ တစ်သတ်လုံးနေလာတဲ့ အရမ်းတော်တဲ့ စုံထောက်တစ်ယောက်ပါလူတိုင်းနဲ့သိပြီး အားလုံးကလည်း သူမကို ချစ်ခင်အားကိုးကြပါတယ်ဒါပေမယ့် သူမဘဝဟာ ခက်ခဲကြမ်းတမ်းပါတယ်မိသားစုအရေးကိစ္စတွေမှာလည်း အဆင်မပြေမှုတွေ ဆက်တိုက်ဖြစ်နေတဲ့ မယ်ရာဟာသူ့ရဲ့မြို့လေးမှာ ဖြစ်နေတဲ့ လူသတ်မှုကို ဖြေရှင်းလည်း ကြိုးစားရပါတယ်လူတိုင်းအတွက် သူရဲကောင်းလုပ်ရတာဟာ လက်တွေ့မှာ ...
8.6
TMDb: 8.6/10 35863 votes
tv
Mare of Easttown (2021)
Law School(2021)
Law School(2021) Law School(2021) အညွှန်း**********************အပိုင်း( ၁ မှ ၁၆) ထိ စ/ဆုံးYang Jong Hoon ဟာ အမှုစစ်ဟောင်း ဖြစ်ပြီး အခုချိန်မှာ ထိပ်တန်းဥပဒေကျောင်းတစ်ကျောင်းရဲ့ ပါမောက္ခအဖြစ် စာသင်ကြားပေးနေတဲ့သူပါ။သူ့ရဲ့ ဒဲ့တိုးဆန်တဲ့ အပြောအဆိုတွေနဲ့ တင်းကြပ်တဲ့သင်ကြားနည်းတွေကြောင့် ကျောင်းသားတွေက သဘောမကျကြပါဘူး။ဒါပေမယ့် သူကတော့ ကျောင်းသားတွေရဲ့ အမြင်ကိုဂရုမစိုက်ဘဲ ဥပဒေနယ်ပယ်မှာ အရည်အချင်းပြည့်ဝသူတွေကိုမွေးထုတ်ပေးဖို့သာ အာရုံစိုက်ထားတဲ့သူပဲဖြစ်ပါတယ်။ သူ့လိုဘုဂလန့်လူတစ်ယောက်နဲ့ပွင့်လင်းစွာပြောဆိုနိုင်တဲ့ တစ်ဦးတည်းသောသူကတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ပါမောက္ခ Kim Eun Sook ပဲရှိပါတယ်။Kang Sol နဲ့ Han Joon-Hwi တို့ကတော့ ပထမနှစ်ဥပဒေကျောင်းသားတွေဖြစ်ပါတယ်။ဆင်းရဲတဲ့နောက်ခံကလာတဲ့ Kang Solအတွက်တော့ အထူးဝင်ခွင့်နဲ့ဝင်ရောက်လာခဲ့ရပြီးချမ်းသာပြီးထက်မြက်တဲ့သူတွေကြားမှာ ရှေ့နေကောင်းတစ်ယောက်ဖြစ်လာဖို့ ကြိုးစားနေသူပါ။Han Joon Hwi ကတော့ ဆွဲဆောင်မှုနဲ့ခေါင်းဆောင်မှုအရည်အချင်းရှိတဲ့ ထိပ်တန်းကျောင်းသားတစ်ယောက်ဖြစ်လို့ ပြည့်စုံတဲ့သူလို့ဆိုနိုင်ပေမယ့် လူမသိအောင်ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခုရှိနေတဲ့သူပဲဖြစ်ပါတယ်။ဒီလိုလူမျိုးတွေရှိနေတဲ့ ထိပ်တန်းဥပဒေကျောင်းတစ်ခုမှာ ဆိုးဝါးရက်စက်တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပေါ်လာတဲ့အခါမှာတော့ ပါမောက္ခနဲ့ကျောင်းသားတွေ ဥပဒေနဲ့အညီ တရားမျှတမှုကို ...
Law School(2021)
2021
Dark Hole(2021) 8
Dark Hole(2021) Dark Hole(2021)အညွှန်း*********************အပိုင်းသစ်(၁ မှ ၁၂ ထိ ) စ/ဆုံးဒီစီးရီးက ကားနာမည်နဲ့လိုက်အောင် အမှောင်လောကနဲ့ ပြည့်နှက်နေပုံပဲ...ဇာတ်လမ်းတွဲစစချင်းမှာကိုမင်းသားနဲ့မင်းသမီးဟာ ဖုတ်ကောင်တွေနဲ့ သတ်ြဖတ်ပြေးလွှားနေတဲ့အခန်းနဲ့စထားတယ်...ဘယ်လိုတွေကြောင့် ဖုတ်ကောင်တွေဖြစ်လာတယ်.. ဒီအကောင်တွေရဲ့ အားနည်းချက် အားသာချက်တွေကိုတော့မဖော်ထားသေးဘူး..ြမို့ကြီးမှာ လူမိုက်တွေပေါနေသလို အယူသီးလွန်းတဲ့ နတ်ကိုးကွယ်သူ လူတွေလည်းများပြားလှတယ်....ထူးထူးဆန်းဆန်းလူသတ်မှုတွေ ဆက်တိုက်ရှိနေသလို ရဲတွေကလည်း တရားခံအမှန်ထွက်ပေါ်ရေး အသည်းအသန်ကြိုးစားနေကြတယ်....Dark Hole ဆိုတာကြီးကို အနည်းငယ်ပြထားသလို လူတွေကို ဝင်ပူးတဲ့ ဖြစ်ရပ်တွေလည်း တစ်စွန်းတစ်စပြထားတယ်..ပြောရရင် တော်တော်ကြမ်းမဲ့ဇာတ်လမ်းတွဲလို့ဆိုရမယ်....အချစ်စီးရီးတွေအနည်းငယ် ငြီးငွေ့နေတဲ့သူတွေအတွက်ရွှေလို့ပြောရမလားပဲ...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ရအောင်ဗျား..... Native Title: 다크홀Also Known As: Dakeuhol , Another Class , 어나더 클래스 , eonadeo keullaeseuDirector: Kim Bong JooScreenwriter: Jung Yi DoGenres: Action, Thriller, Mystery, Sci-FiTranslated by Lwin Lwin Aung, Ei Phyu Khin  , Khine Khine Wai &Dalla MyoEncoded by Phyo Pyae  Episode ...
8
TMDb: 8/10 1 votes
tv
Dark Hole(2021)
2021
The Seer(2019) 8
The Seer(2019) The Seer (2019)ဒီဇာတ်လမ်းကတော့ ၂၀၁၉ ခုနှစ်က ထုတ်လွှင့်ခဲ့ဖူးတဲ့ ထိုင်းဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။အရင်ခေတ်က မြို့တည်နန်းတည်တဲ့အချိန်မှာ အာဏာမြဲဖို့အရေး လူတွေကို စတေးကြတဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ မဟာကထင် ဆိုတဲ့ နာမည်ကြီးဗေဒင်ဆရာက မိုင်းတွင်း ပြိုကျမှုတစ်ခုကို ကြိုတင်သိမြင်ပြီး ကယ်ဆယ်ရာကနေ စပါတယ်။ သူက ကြိုတင် သတိပေးပေမယ့်လည်း ကယ်ဆယ်ရေးခေါင်းဆောင်က လက်မခံတဲ့အတွက် ကယ်ဆယ်ရေးခေါင်းဆောင် သေဆုံးခဲ့ရပါတယ်။ဒီကိစ္စတွေ ပြီးတဲ့နောက်မှာ မဟာကထင်ရဲ့နာမည်ဟာ ကြီးသထက် ကြီးလာခဲ့ပါတော့တယ်။ ထိုင်းနိုင်ရဲ့ ရွေးကောက်ပွဲကျင်းပချိန်မှာပဲ ထူးဆန်းတဲ့ လူသတ်မှုတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒီလူသတ်မှုရဲ့ထူးဆန်းတဲ့ ပုံစံကနေ ယဇ်ပူဇော်တာကို မဟာကထင်တစ်ယောက် သတိထားမိခဲ့ပါတယ်။မြို့တည်နန်းတည်တဲ့အချိန်မှာ လူကိုသတ်ပြီး ဓာတ်ကြီးလေးပါးကို ပူဇော်တဲ့ပုံစံမျိုး ဖြစ်နေခဲ့တာပါ။ ဒီပုံစံဟာ မဟာကထင် ငယ်စဉ်က ဓားပြတိုက်ခံလိုက်ရပြီး ဓားပြတွေလက်ထဲ ပါသွားခဲ့တဲ့ မဟာကထင်ရဲ့အဘိုး ရေးသားခဲ့တဲ့ မြို့နက္ခတ် ပြင်ဆင်ရေး ပေလွှာထဲက ပုံစံနဲ့ တူနေခဲ့တဲ့အချိန်မှာတော့ .... ဒီအဖြစ်အပျက်ကြီးကို တားဆီးဖို့ မဟာကထင်တစ်ယောက် ကြိုးပမ်းပါတော့တယ်။ ဘာတွေ ဆက်ဖြစ်မယ် ...
8
TMDb: 8/10 1 votes
tv
The Seer(2019)
2019
The Gifted (2018) 8.5
The Gifted (2018) The Gifted Season 1 (2018) -------------------------------------------------------------------------------------------------- ရိထာဝိထယာခွန် လို့အမည်ရတဲ့ထိုင်းနိုင်ငံရဲ့ထိပ်တန်းကျောင်းတစ်ကျောင်းမှာ လျှို့ဝှက်ချက်တွေနဲ့ပြည့်နေတဲ့ ထူးချွန်အခန်း တစ်ခန်းရှိပါတယ်ပဝါရတ် ‌ဟာဒီကျောင်းရဲ့အမှတ်နဲ့အခန်းခွဲတဲ့စနစ်အရ ဘိတ်ချေးခန်းမှာသာ စာသင်ရတဲ့ဝေလေလေကျောင်းသားတစ်ယောက်ပေါ့ သူ့သူငယ်ချင်း နတ်ခ်ကတော့ စာတော်ပြီးသူအားကျရတဲ့သူတစ်ယောက်ပါ ထူးချွန်အခန်းဝင်ဖို့အတွက် သူငယ်ချင်းဖြစ်သူကဆွဲခေါ်ပေမဲ့သူကတော့ အေးဆေးပါပဲ စာမေးပွဲရလဒ်ထွက်ပြီးတဲ့နောက် မမျော်လင့်ပဲ ပဝါရတ်တစ်ယောက် ထူးချွန်အခန်းဝင်သွားပါတယ် ထူးချွန်အခန်းထဲကကျောင်းသားတွေမှာ မတူညီတဲ့ထူးချွန်မှုစွမ်းရည်အသီးသီးကိုပိုင်ဆိုင်ထားကြပါတယ် အဲဒီ့တော့ပဝါရတ်က သူ့မှာစွမ်းရည်ရှိကြောင်း မယုံနိုင်ခဲ့ပါဘူး တနေ့သူ့စွမ်းရည်အကြောင်းသိသွားချိန်မှာတော့ ..... ကျောင်းရဲ့ရှုပ်ထွေးလှတဲ့ဇာတ်လမ်းများနဲ့အတူ ကျောင်းအုပ်ကြီးရဲ့တရားမမျှတတဲ့နည်း‌လမ်းတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ သဘာဝလွန်ထိုင်းဇာတ်လမ်းတွဲလေးတစ်ခုဖြစ်ပါတယ်Native name-นักเรียนพลังกิฟต์ Genres ..... Thriller,School, Supernatural,Drama Country .....Thailand Episode ..... 13 Original network ..... Gmmtv, One Hd File size…500MB Quality…. 1080p Format…mp4 Duration…. 45min Subtitle….Myanmar Subtitle (Hardsub) Translator ..... Ko Ye' Encoder ..... AugustEp01 - Yoteshin / Megaup / Datbu / Userdrive / Veryfiles / VIPEp02 - Yoteshin / ...
8.5
TMDb: 8.5/10 3 votes
tv
The Gifted (2018)
2018
The Expanse(2015-2020) 7.7
The Expanse(2015-2020)  33n ဆိုတာ Cantebury ဆိုတဲ့ ယာဉ်ပျံပေါ်မှာ အလုပ်လုပ်တယ်။Belt က စခန်းတစ်ခုကို ရေခဲတုံးလာပို့တာ။ ရေခဲတုံးကြီးတွေကနေပဲ ရေနဲ့ လေ ပြန်လုပ်ကြတာကိုး။ရောက်ခါနီး လမ်းမှာ အကူအညီတောင်းခံတဲ့ အချက်ပေးမှု တစ်ခုကို တွေ့တယ်။ဒါနဲ့ပဲ အကူအညီလိုရင် ပေးရအောင်၊ ကယ်တင်ရအောင် အချက်ပေးတဲ့ နေရာကို သွားရာကနေJames Holden ရဲ့ ဘဝသာမကဘဲ နေအဖွဲ့အစည်းကြီးတစ်ခုလုံးရဲ့ ရှေ့ရေးနဲ့ ဖြစ်တည်မှုကိုပါပြောင်းလဲ အဆုံးအဖြတ်ပေးမဲ့ အဖြစ်အပျက်တွေ ပေါ်ပေါက်လာပါတော့တယ်။ဇာတ်လမ်းတွဲအညွှန်းကို DatShin မှ ကူးယူးဖော်ပြပါသည်......ဒီဇာတ်လမ်းတွဲက (2015-2019)ထိ SE4 ခုထိထွက်ရှိထားပါတယ်...အကုန်တင်ဆက်ပေးသွားမှာပါ...စောင့်မျှော်ကြည့်ရှုကြပါကုန်.....Quality – 720p Duration – 1hr (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre : Action ,Drama, Mystery,Sci-FiTranslator –Thar Htet, Hein ...
7.7
TMDb: 7.7/10 975 votes
tv
The Expanse(2015-2020)
2015
Royal Secret Agent(2020)
Royal Secret Agent(2020) Royal Secret Agent(2020)ဇာတ်လမ်းတွဲအညွှန်း*******************************************အပိုင်းသစ်(၁မှ ၁၆)ထိ စ/ဆုံးL ရယ်၊ ဂင်ချားနားရယ်၊ Itaewon class ထဲက မမရယ်၊မင်ဆောအာလေးရယ်၊ WWWSK ထဲက ဆောင်းယွန်းရယ် ပါဝင်ထားပါတယ်....Character မိတ်ဆက် ~~~~~~~~~~~~~~~ Sung Yi Gyeom (Kim Myu~~~~~~~~~~~~~စာမေးပွဲမှာ ပထမနေရာရခဲ့ပြီး အုပ်ချုပ်ရေးနှင့် သုတေသနဌာနမှာ အလုပ်လုပ်ပါတယ်။ သူက ဘဝမှာ ရည်မှန်းချက်မရှိသူတစ်ယောက်ပါ။ တစ်နေ့မှာတော့ လောင်းကစားမှုနဲ့ ဖမ်းခံရပြီးတဲ့နောက် လျှို့ဝှက်တော်ဝန်စစ်ဆေးရေးမှုးအဖြစ် ထူးထူးခြားခြား တာဝန်ထမ်းဆောင်ဖို့ အပြစ်ပေးခံရတဲ့တယ်...။သူ့အလုပ်ကတော့ မှုးမတ်၊အထက်အရာရှိတွေရဲ့ တရားမဝင်လုပ်ရပ်တွေနဲ့ အကျင့်ပျက်ခြစားမှုကို တားဆီးဖို့အတွက်ပဲ ဖြစ်ပါတယ်။ဒီအလုပ်သစ်ကို Hong Da In (Kwon Na Ra) နဲ့ Park Chun Sam(Lee Yi Kyung) တို့ အကူအညီဖြင့် စတင်လုပ်ကိုင်ခဲ့တယ်။Hong Da In (Kwon Na ...
Royal Secret Agent(2020)
2020
Missing: The Other Side (2020) 7.0
Missing: The Other Side (2020) နောက်ထပ် Ongoing Series အသစ်လေးတစ်ခု တင်ပေးလိုက်ပါတယ်OCN ရုပ်သံလိုင်းကနေ အပတ်စဉ် စနေ နဲ့ တနင်္ဂနွေနေ့တွေမှာ ထုတ်လွှင့်ပေးမယ့် SERIES လေးပါအပိုင်း 12 ပိုင်းအထိ ထုတ်လွှင့်ပေးမှာဖြစ်ပါတယ် ဇာတ်လမ်း ဆန်းဆန်းလေးမို့ ပရိတ်သတ်တွေ အကြိုက်တွေ့မယ့်ကားလေးဖြစ်မှာပါဇာတ်လမ်းအကျဉ်းသေဆုံးသွားပြီးနောက်အလောင်းရှာ မတွေ့သေးတဲ့ လူတွေရဲ့ ဝိညာဉ် တွေဟာ ဒူအွန်လို့ခေါ်တဲ့ ဝိညာဉ္ပေျာက်ရွာမှာ နေထိုင်ကြပါတယ်သူတို့ အလောင်းတွေကို ရှာမတွေ့မချင်း ဒီရွာကနေ ထွက်လို့မရသလို ကျွတ်လွတ်ကြမှာလည်း မဟုတ်ပါဘူးဂင်ဝု ဟာ ရုပ်ရည်ပြေပြစ်ပြီး စကားပြော အလွန်ကောင်းတဲ့ လူလိမ်တစ်ယောက်ပါတစ်နေ့မှာ ပြန်ပေးဆွဲမှုတစ်ခုကို မျက်မြင်တွေ့ခဲ့တာကြောင့် လိုက်သတ်ခံရရင်း ဒူအွန်ရွာကို ရောက်သွားခဲ့ပါတယ်အသက်ရှင်လျက်နဲ့ရောက်ရှိသွားခဲ့တဲ့ ဂင်ဝု တစ်ယာက် ဒီရွာမှာ သေပြီးသား ဝိညာဉ် တွေနေတယ်ဆိုတာကို သိရှိသွားတဲ့အခါ ဘာဆက်ဖြစ်မှာလဲလူတွေကရော သူ့စကားကို ယုံကြည်ပါ့မလားဒီဝိညာဉ် တွေရဲ့ အလောင်းတွေကိုကော ရှာဖွေပေးနိုင်မှာလားဆိုတာဒီဇတ်ကားမှာ ဆက်လက်ကြည့်ရှုကြပါနော်...။( အညွှန်းရေးသားထားသူကတော့ Hay Thar Oo ဖြစ်ပါတယ် ...
7.0
TMDb: 7.0/10 votes
tv
Missing: The Other Side (2020)
2020
The School Nurse Files(2020)
The School Nurse Files(2020) The School Nurse Files(2020)ဇာတ်လမ်းတွဲအညွှန်း********************************************(စ/ဆုံး)ကျောင်းတစ်ကျောင်းမှာ  အလုပ်လုပ်နေတဲ့ School Nurse ဆရာမလေးတစ်ယောက်ရှိတယ်.... သူ့မှာ ထူးခြားတဲ့စွမး်ရည်တစ်ခုပိုင်ဆိုင်ထားတယ်.... အဲ့ဒါက Jelly ပုံစံ Monster တွေကို မြင်နိုင်တဲ့စွမး်ရည်ပါ.... ဒီလိုသဘာဝလွန်စွမ်းအားကိုပိုင်ဆိုင်ထားတဲ့ ဆရာမလေးဟာ Monsterတွေကို နှိမ်နင်းနိုင်မယ့် လက်နက်တစ်ခုလည်းပိုင်ဆိုင်ထားတယ်.... အန္တရယ်ရှိနေနိုင်တယ်လို့ယူဆရတဲ့ ဒီMonster တွေဟာ ကျောင်းရဲ့ပတ်ဝန်းကျင်မှာ နေရာအနှံပါပဲ.... ဆရာမလေးအတွကတော့ တကယ့်ကိုအကြတ်ရိုက်တဲ့ကာလတစ်ခုပေါ့... သူများတွေမမြင်နိုင်တဲ့အရာတွေကို မြင်နေပြီးအပြုအမူတွေဟာလည်း ထူးဆန်းနေတော့ တခြားသူတွေအမြင်မှာ ခပ်ကြောင်ကြောင်ဆရာမပေါ့... ဒီလိုနဲ့သူမရဲ့အမြင်တွေကို လက်ခံပေးဖို့အခြေအနေဖန်လာတဲ့ ခပ်ချောချော တရုတ်စာသင်ဆရာတစ်ယောက်လည်းပေါ်လာတဲ့... အဲ့ဒီနောက်မှာတော့ ကျောင်းမှာ ထူးခြားတဲ့  အမှောင်ပယောဂမျိုးစုံပေါ်လာတဲ့အခါမှာတော့ ဆရာနဲ့ ဆရာမလေးတို့ ဘယ်လိုပူးပေါင်းပြီးဖြေရှင်းကြမလဲဆိုတာကိုတော့.... ခံစားကြည့်ကြပါဉီး...ရယ်လည်းရယ်ရသလို ရင်လည်းဖိုရ ရင်လည်းခုန်ရမို့ ကွီးယားချစ်ပရိတ်သတ်တွေအတွက် နောက်ထပ်လက်မလွှတ်သင့်တဲ့စီးရီးလေးဖြစ်ပါကြောင်း သတင်းကောင်းပါးပါရစေ....Quality –WEB-DL 720 p Duration – 50min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre : Crime , Drama, Comedy, MysteryTranslator – Hnin Pale,Shoon Thu Thu Chain ,Ei Phyu Khin &Lwin Lwin ...
The School Nurse Files(2020)
2020
Graceful Friends (2020) 7.0
Graceful Friends (2020) [Unicode]မြို့လေးတစ်မြို့မှာ သူငယ်ချင်းတွေရှိကြတယ်..သူတို့က ငယ်သူငယ်ချင်းတွေဖြစ်တဲ့အပြင် အိမ်ထောင်ကျပြီးတဲ့နောက်လည်း ဒီမြို့မှာပဲအခြေချဖြစ်တာဆိုတော့ အလုပ်ကိုယ်စီလုပ်လိုက် အားရင် သူငယ်ချင်းအရင်းတွေဆိုတော့ ဆုံပြီး စားသောက်ကြပေါ့... ဒီလိုပဲဖြတ်သန်းနေတဲ့ သူတို့ဘဝဟာ တကယ့်ကို သုခဘုံလို့ဆိုရမလားပဲ... အဲ့ဒီနောက်မှာတော့ ဒီမြို့မှာပဲ ထူးဆန်းတဲ့လူသတ်မှုတစ်ခုဖြစ်သွားခဲ့တယ်... ဒီလူသတ်မှုဟာ ဟိုးအတိတ်သူတို ငယ်စဉ်ကာလနဲ့ဆက်စပ်မှုရှိတဲ့အပြင် သူငယ်ချင်းတွေအားလုံးနဲ့ သက်ဆိုင်သလိုဖြစ်လာတဲ့အခါမှာတော့.... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ပါဉီး...ဒီစီးရီးက သရုပ်ဆောင်တွေအတော်များများဟာ အခြားစီးရီးတွေမှာဆို အဓိကကျတဲ့ဗီလိန်ခန်းတွေမှာ ပါတဲ့သရုပ်ဆောင်တွေဖြစ်တဲ့အပြင် သရုပ်ဆောင်မှုအပိုင်းမှာလည်း ဆရာကျတဲ့သူတွေချည်းပါပဲ...ပြီးတော့ လူသတ်မှုနဲ့ဆက်စပ်ပြီးတဲ့နောက် ကိုယ်စီ စိတ်ခံစားမှုကြောင့် ရုန်းကန်တဲ့ ဉာဏ်နီဉာဏ်နက်တွေကို စိတ်လှုပ်ရှားစွာ ကြည့်ရတဲ့စီးရီးမို့ ချစ်ကြိုက်မုန်း တွေငြီးငွေ့တဲ့သူတွေအဖို့တော့ တော်တော်ကြီးမိုက်မှာသေချာပါတယ်.... အပိုင်း(၁၆)ပိုင်းထွက်ရှိမှာဖြစ်ပြီး အပတ်စဉ် သောကြာ စနေညတွေမှာလွှင့်မှာမို့စောင့်မျှော်ကြည့်ကြပါကုန်...( အညွှန်းရေးသားထားသူကတော့ Htet Nandar Aung ဖြစ်ပါတယ် ) [Zawgyi]မြို့လေးတစ်မြို့မှာ သူငယ်ချင်းတွေရှိကြတယ်..သူတို့က ငယ်သူငယ်ချင်းတွေဖြစ်တဲ့အပြင် အိမ်ထောင်ကျပြီးတဲ့နောက်လည်း ဒီမြို့မှာပဲအခြေချဖြစ်တာဆိုတော့ အလုပ်ကိုယ်စီလုပ်လိုက် အားရင် သူငယ်ချင်းအရင်းတွေဆိုတော့ ဆုံပြီး စားသောက်ကြပေါ့... ဒီလိုပဲဖြတ်သန်းနေတဲ့ သူတို့ဘဝဟာ တကယ့်ကို သုခဘုံလို့ဆိုရမလားပဲ... အဲ့ဒီနောက်မှာတော့ ဒီမြို့မှာပဲ ထူးဆန်းတဲ့လူသတ်မှုတစ်ခုဖြစ်သွားခဲ့တယ်... ဒီလူသတ်မှုဟာ ...
7.0
TMDb: 7.0/10 votes
tv
Graceful Friends (2020)
2020
The Good Detective (2020) 7
The Good Detective (2020) UThe Good Detective (2020)ဇာတ်လမ်းတွဲအညွှန်း*****************************************အပိုင်း( ၁ မှ ၁၆)  စ/ဆုံး(စဆုံးခုမှကြည့်မယ့်သူများအတွက် Zip File (၂)ခုဖြင့် ပြုလုပ်ပေးထားပါသည်...)မှုခင်း ဒရာမာ ကြိုက်သူတွေ အတွက် ကိုရီးယားဒရာမာကောင်းကောင်း တစ်ကားတော့ လာပြန်ပါပြီ။အဓိကဇာတ်ဆောင်မင်းသားတွေကတော့ Chocolate နဲ့ Encounter မှာ ပါဝင်ခဲ့တဲ့ မင်းသားချော ဂျန်ဆောင်းဂျို နဲ့သဘာဝကျကျ သရုပ်ဆောင်တတ်တဲ့ မင်းသားကြီး ဆုန်ဟွန်ဂျူးပါ။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။လုပ်သက် ၁၈ နှစ်ရှိပြီဖြစ်တဲ့ စုံထောက်ကြီး ဂန်ဒိုချန်းက အမှုလိုက်ရာမှာ အတွေ့အကြုံ၊ အဆက်သွယ်နဲ့ နည်းပညာကို အသုံးချပါတယ်။လုပ်သက် ၉ နှစ်ရှိပြီ ဖြစ်တဲ့ စုံထောက် အိုဂျီဟော့ ကတော့ ဦးလေးဆုံးပါးပြီး အမွေတွေ ရရှိထားတဲ့ လူကုံထံစုံထောက်တစ်ယောက်ဖြစ်ပါတယ်။သူကတော့ အမှုလိုက်ရာမှာ ရရှိထားတဲ့ သက်သေတွေကို အသုံးချပြီး တရားခံရဲ့ စိတ်ကို ခန့်မှန်းပြီး အမှုလိုက်ပါတယ်။ငယ်စဉ်က ရရှိထားတဲ့ စိတ်ဒဏ်ရာကြောင့် ဖြစ်ပျက်သမျှ ...
7
TMDb: 7/10 1 votes
tv
The Good Detective (2020)
2020
Stranger(2017) 8.7
Stranger(2017) Stranger(2017)ဇာတ်လမ်းတွဲအညွှန်း******************************* အပိုင်း( ၁ မှ ၁၆) ထိ(စ/ဆုံး)ရှေ့နေရုံးက အမှုစစ် တစ်ယောက်ဆီကို လူတစ်ယောက်ရောက်လာတယ်....သူက ဒီရှေ့နေကို ပိုက်ဆံတွေအများကြီးပေးဖို့ ဝန်မလေးသလို သူဒုက္ခရောက်မယ့်အရေးကလွတ်ဖို့ဆိုဘာမဆိုလုပ်မယ့်ပုံပါပဲ....ကြည့်ရတာ ဒီလူသိထားတဲ့ လျှို့ဝှက်ကိစ္စတော်တော်များများရှိသလို ထိပ်သီးပိုင်းကလူကြီးတွေကလည်းအန္တရယ်ရှိတဲ့ သူ့ကိုရှင်းထုတ် အပြစ်ပုံချချင်တဲ့ အနေအထားမှာရှိတယ်...ဒါ့ကြောင့် တော်လွန်းတဲ့ရှေ့နေတစ်ယောက်ဆီ ကာကွယ်ဖို့ရောက်လာတာဖြစ်တယ်...အမှုစစ်ကလည်း စိတ်ဝင်စားစရာ ဒီကိစ္စကိုစုံစမ်းဖို့ နောက်နေ့  အကူအညီလာတောင်းတဲ့သူအိမ်ကိုလိုက်သွားတယ်...အိမ်ကိုရောက်တဲ့အချိန်မှာပဲ နောက်ကျသွားပါပြီ...ဘာဖြစ်လို့ဆို ရှေ့နေမရောက်ခင်ကထဲကဒီလူဟာ အသတ်ခံလိုက်ရလို့ပါပဲ.....ဒီစီရီးက အပိုင်း(၁)မှာတင် ခပ်သွက်သွက်စဖွင့်ထားတယ်.... လူသေမှုနဲ့စတင်ပြီး နှုတ်ပိတ်ခံရတဲ့ သဲလွန်စများနဲ့ ပျိုးထားသလို အမှုစစ်တွေ ရဲတွေကလည်း အချက်အလက်ပေါ်မူတည်ပြီး အဖြေထုတ်တဲ့ အခန်းတွေကို စိတ်ဝင်စားစရာပြထားတယ်...အသေးစိတ်အချက်အလက်တွေနဲ့ တင်ပြထားသလို အီနေတာကိုမရှိဘူး...Tempo က အပိုင်းတစ်မှာကထဲကတဖြည်းဖြည်းတင်သွားတာ...ကျသွားတယ်ရယ်လို့မရှိဘူး...အချစ်အမုန်း သရေကွင်းဝါးပြီး ပန်းခြံထဲပြေးလွှားနေတဲ့ တေ့လွဲရိုစီးရီးတွေလိုတော့မဟုတ်ဘူး..သရုပ်ဆောင်တွေကလည်း ဖက်ရှင်အလှအပတွေနဲ့မသွားဘဲနဲ့ တကယ်ရုန်းကန်လှုပ်ရှားနေတဲ့နွမ်းလျှလျှဟန်တွေနဲ့...ပြီးတော့ ဆရာကျလွန်းတဲ့ မြေခွေးတွေ  ကတုံးပေါ်ထိပ်ကွက်တဲ့ ကိုယ်လွတ်ရုန်းဖို့ တစ်ယောက်ယောက်ကိုချနင်းဖို့ ဝန်မလေးတဲ့ အပြုံးတုအောက်က ကောက်ကျစ်တဲ့ လူတွေတလှေကြီးနဲ့ ဒီစီးရီးက ဖွဲ့စည်းထားတယ်...ဒါ့ကြောင့် Season 1 ...
8.7
TMDb: 8.7/10 32 votes
tv
Stranger(2017)
2017
Unsolved Mysteries (2020) 7.8
Unsolved Mysteries (2020) Unsolved Mysteries (2020)====================IMDb Rating - 7.8/10#UnicodeNetflix ကနေ July 1 ရက်နေ့မှာပြသခဲ့တဲ့ စီးရီးအသစ်တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ဒီစီးရီးက Stranger Things ကို ထုတ်လုပ်ခဲ့တဲ့ Production  ကပဲ တင်ဆက်ထားတာဖြစ်ပြီး သာမန် ရုပ်ရှင်ကားများမဟုတ်ဘဲ . တကယ့်အပြင်မှာဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်အမှန်များကို အင်တာဗျူးပြကွက်တွေနဲ့ ဇာတ်လမ်းဇာတ်ရုပ်များကို ရောယှက်ပြသထားတဲ့ Documentary Movies များဖြစ်ပါတယ်။ ဒီစီးရီးမှာ အပိုင်း(၆)ပိုင်းပါပြီး ဇာတ်လမ်းအကျဥ်းတွေကို ပြောပြရမယ်ဆိုရင် သေဆုံးခြင်း၊ ပျောက်ဆုံးခြင်းတွေကို အခြေခံထားပါတယ်။ ဒါဆိုရင် ဘာထူးဆန်းလဲလို့မေးစရာရှိပါတယ် . ဟုတ်ပါတယ် . သေဆုံးခြင်း၊ ပျောက်ဆုံးခြင်းတွေဟာ သာမန် suicide လုပ်တာတွေ၊ အသတ်ခံရခြင်းမျိုးတွေနဲ့မတူဘဲ . လက်မခံနိုင်စရာထူးဆန်းဖွယ်ရာတွေနဲ့ ကြုံတွေဆုံတွေ့နေတာပါ။ နောက်ပြီးတော့ အခုပြသထားတဲ့ အဖြစ်အပျက်(၆)ခုဟာ အခုချိန်ထိတိုင်အောင် လက်တွေ့အဖြေရှာမရသေးဘဲ လူတွေဟာတွေဝေနေပြီး ဘာကြောင့်သေဆုံးတယ်၊ ဘာကြောင့်ပျောက်ဆုံးတယ် . ...
7.8
TMDb: 7.8/10 2,274 votes
tv
Unsolved Mysteries (2020)
2020
JU-ON: Origins (2020)
JU-ON: Origins (2020) JU-ON: Origins (2020)================IMDb Rating - 6.5/10#UnicodeJu-On ဟာ ရုပ်ရှင်ပေါင်း များစွာ ထွက်ခဲ့ပြီး ဂျပန်နိုင်ငံရဲ့ နာမည်ကျော် horror franchise ပဲ ဖြစ်ပါတယ်။The ring လိုပဲ ကြောက်စရာ ဇာတ်လမ်းတွေပါပဲ။ Ju-On ကားတွေထဲက အငြိုးကြီးတဲ့ သရဲတွေကို ငယ်ငယ်ကတည်းက ကြောက်ဖူးကြမှာပါ။ ဒီတစ်ခါတော့ Ju-on ရဲ့ မူလအစများဆိုပြီး နက်ဖလစ်က ၆ ပိုင်းပါတဲ့ ဇာတ်လမ်းတွဲ ပြသလိုက်ပြီမို့ ဘာသာပြန်တင်ဆက်ထားပေးပါတယ်။ ကြောက်ချင်တဲ့ သူတွေအတွက် အကြိုက်တွေ့မှာပါပဲ။ naked အခန်းအချို့ပါတာကြောင့် အချို့အပိုင်းတွေကတော့ မိသားစုနဲ့ ကြည့်ရင် remote လေး ကိုင်ထားမှ ရမယ်ဆိုတာ သတိပေးလိုပါတယ်။ #ZawgyiJu-On ဟာ ရုပ်ရှင်ပေါင်း များစွာ ထွက်ခဲ့ပြီး ဂျပန်နိုင်ငံရဲ့ နာမည်ကျော် horror franchise ပဲ ဖြစ်ပါတယ်။The ring ...
JU-ON: Origins (2020)
2020
Dark Season 3 [COMPLETE] 8.5
Dark Season 3 [COMPLETE] Deep ပြီး Dark တဲ့ စီးရီးလေးတစ်ခုကိုမိတ်ဆက်ပေးချင်ပါတယ်။စီးရီးနာမည်ကတော့ Dark ပါ။ဒီကားလေးက လျှို့ဝှက်ဆန်းကျယ် တွေးတောပြီး မျောပါသွားရတဲ့ feelingကိုကြိုက်တဲ့ ပရိသတ်ကြီးအတွက်ကတော့ လုံးဝအကြိုက်တွေ့သွားစေရမှာပါ။Season 3 မှာ အပိုင်း ၈ ပိုင်းပါရှိပါတယ်။ လူသားတွေ နားလည်လက်ခံထားတာက မနေ့ကပြီးရင် ဒီနေ့လာမယ်။ဒီနေ့ပြီးရင် မနက်ဖြန်ရောက်လာမယ်ဆိုတဲ့ အစီအစဉ်အတိုင်းသွားနေကြတယ်လို့ပါပဲ။တကယ်လို့ အဲ့လိုအချိန်ကာလတွေဟာအစီအစဉ်အတိုင်းရှိနေတာမျိုးမဟုတ်ပဲ စက်ဝိုင်းကြီးတစ်ခုလိုမျိုး အဆုံးအစမရှိစွာ လည်ပတ်နေတာမျိုးဆိုရင်ရော?ဒီလိုအတွေးမျိုးတွေပေါ်မှာ အခြေခံကာဇာတ်အိမ်တည်ထားတဲ့ စီးရီးကောင်းလေးကတော့ ပါ။ဇာတ်လမ်းအကျဉ်းလေးကိုပြောပြချင်ပါသေးတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့... ဝစ်ဒန်ဆိုတဲ့ မြို့လေးမှာ အီရစ်ခ်ဆိုတဲ့ ကလေးတစ်ယောက် ပျောက်ချင်းမလှပျောက်သွားတာကနေ ဇာတ်လမ်းကစပါတယ်။ရာဇဝတ်မှုနည်းပါးပြီးအေးချမ်းလှတဲ့ ဒီမြို့လေးမှာ ကလေးတစ်ယောက်ပျောက်ချင်းမလှ ခြေရာလက်ရာသဲလွန်စတစ်ခုမကျန်ပဲပျောက်ဆုံးသွားတာကတော့ ရဲမှုး အောလ်ရစ်ခ်ျအတွက်ခေါင်းခဲစရာကိစ္စတစ်ခုဖြစ်လာပါတော့တယ်။လွန်ခဲ့တဲ့ ၃၃နှစ်ကလဲ မက်စ်ဆိုတဲ့ကလေးတစ်ဦးအခုလိုပဲပျောက်ဆုံးသွားခဲ့ဖူးပါတယ်။ကံကြမ္မာစက်ဝန်းတစ်ပါတ်ပြန်လည်တာများလားဆိုတဲ့ အတွေးနဲ့ အားလုံးထိတ်လန့်နေချိန်မှာရဲမှုးအောလ်ရစ်ခ်ျရဲ့သားငယ်လေး မစ်ကယ်လ်ပါ ပျောက်ဆုံးသွားပါတော့တယ်။လွန်ခဲ့တဲ့ ၃၃နှစ်ကပျောက်ဆုံးသွားတဲ့ မက်စ်ကို ပျောက်သွားချိန်ကအသက်အရွယ်အတိုင်း ၁၂နှစ်အရွယ်ကလေးတစ်ယောက်ရဲ့အလောင်းအနေနဲ့ ပြန်တွေ့ရတဲ့အချိန်မှာ သူတို့ဘာဆက်လုပ်ကြမလဲ?မက်စ်ရဲ့အလောင်းကလဲလတ်လတ်ဆတ်ဆတ် တစ်နေ့ကမှသေထားတဲ့အလောင်းဖြစ်နေတဲ့အခါ...Imdb Rating 8.6/10 ရရှိထားတဲ့ စီးရီးလေးမို့ မကောင်းမှာတော့မပူရပါဘူး။လျှို့ဝှက်ဆန်းကျယ် ...
8.5
TMDb: 8.5/10 1849 votes
tv
Dark Season 3 [COMPLETE]
2017
Defending Jacob (2020) Season 1 [COMPLETE] 8
Defending Jacob (2020) Season 1 [COMPLETE] ဇာတ်လမ်းကတော့ Defending Jacob ဆိုတဲ့ စကားအတိုင်းပဲ ဂျေကော့ဘ်အတွက် ခုခံကာကွယ်ပေးရမှာပါ။ဂျေကော့ဘ် ဆိုတာကတော့ အန်ဒရူးဘာဘာဆိုတဲ့ ခရိုင်ရှေ့နေတစ်ယောက်ရဲ့သားပါ။ခရိုင်ရှေ့နေက သူ့သားအတွက် ဘာလို့ သူက ရှေ့နေလိုက်ပေးရတာလဲ?သူ့သားကရော ဘာတွေ လုပ်ခဲ့လို့လဲ?ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။အလယ်တန်းကျောင်းသားလေး ဘန်ရစ်ဖ်ကင်အသတ်ခံရတဲ့အမှုကို အန်ဒီတစ်ယောက် စုံစမ်းရပါတယ်။ဒါပေမယ့် မမျှော်လင့်ဘဲ သားဖြစ်သူဂျေကော့ဘ်ကို တရားခံအဖြစ် စွပ်စွဲခံရတဲ့အခါမှာတော့ ....တကယ့်တရားခံအစစ်က ဘယ်သူလဲ?????သူ့သားကရော ဘန် ရစ်ဖ်ကင်ကို တကယ်သတ်ခဲ့တာလားဆိုတာကတော့????ဧပြီလ ၂၄ ရက်နေ့မှာ Apple TV+ ကနေ ထုတ်လွှင့်ပြသခဲ့ပြီး လက်ရှိမှာ ၄ ပိုင်း ပြသပြီးဖြစ်ပါတယ်။နောက်အပတ်တွေမှာတော့ အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်ပြသပေးသွားမှာပါ။စုစုပေါင်း အပိုင်း ၈ ပိုင်း ပါဝင်ပါတယ်။ William Landay ရဲ့ ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတာပါ။ပါဝင်ထားတဲ့ ခေါင်းဆောင်မင်းသား ၂ လက်ကတော့ ပျိုမေတို့ အသည်းကျော်ဖြစ်တဲ့ Captain America ကြီး ...
8
TMDb: 8/10 35 votes
tv
Defending Jacob (2020) Season 1 [COMPLETE]
2020
Memorist (2020) 10
Memorist (2020) Memorist (2020) ဇာတ္လမ္းတြဲ******************************အပိုင်း (၁ မှ ၁၆) ထိ [စ/ဆုံး](Unicode)Dong Baek (Yoo SeungHo) ဟာ အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီးတော့ တစ်နေ့မှာတော့ သဘာဝလွန်စွမ်းအားတစ်ခုကို ရရှိခဲ့ပါတယ်....... သူ့ရဲ့စွမ်းအားကတော့ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုထိလိုက်တာနဲ့ အဲ့လူရဲ့မှတ်ဥာဏ်ကိုဖတ်နိုင်တဲ့စွမ်းအားပဲဖြစ်ပါတယ် .....တိုက်ရည်ခိုက်ရည်ရှိတဲ့အပြင် ရရှိထားတဲ့စွမ်းအားတွေကိုအသုံးချလေတော့ အထက်မြက်ဆုံးသော စုံထောက်ကောင်းတစ်ယောက်ဖြစ်လာခဲ့ပါတယ်...... တစ်နေ့တော့ ထူးဆန်းတဲ့လူသတ်မှုတစ်ခုဖြစ်တယ်.... သိပ်မကြာခင် မှာပဲနောက်တစ်ယောက်ဆက်သတ်ခံရတယ်..... ဒီအမှုတွေက စုံထောက် Dong Baek (Yoo SeungHo) ကို အတော်ခေါင်းကိုက်စေတယ်လို့ဆိုရမယ်...သဲလွန်စတွေလည်းမကျန်သလို လူသတ်သမားကလည်း ခေါင်းကောင်းတဲ့ ကြေးစားလူသတ်သမားဖြစ်ပုံရတယ်.....ပြီးတော့ ဒီလူသတ်မှုနောက်ကွယ်က ဘယ်လိုအဖွဲ့အစည်းတွေပါမလဲဆိုတာလည်း မသိရသေးဘူး... အဲ့ဒီအမှုတွေကိုလည်း Han Sun Mi (Lee Se Young) ဆိုတဲ့ ခပ်ချောချော အထူးစုံ ထောက်မလေးလည်း လိုက်နေတယ်... Dong Baek (Yoo SeungHo) နဲ့ Han Sun Mi (Lee Se Young) တို့ပေါင်းမိပြီး ဒီ ထူးဆန်းပြီးလူမဆန်တဲ့ကွင်းဆက်လူသတ်မှုကို ဖောက်ထုတ်နိုင်မလား... သူတို့မတားဆီးနိုင်တဲ့အပြင် နောက်ထပ်လူသတ်မှုတွေ ...
10
TMDb: 10/10 1 votes
tv
Memorist (2020)
2020
The Outsider (2020) 7.6
7.6
TMDb: 7.6/10 263 votes
tv
The Outsider (2020)
2020