Movies
Series
VIP Plan
How To Download
DMCA
Movies
Series
VIP Plan
How To Download
DMCA
Years
Movies
Series
VIP Plan
How To Download
DMCA
Power Rangers
5.1
Power Rangers : Wild Force {Complete}
ပါဝါရိန်းဂျား ဝိုင်းဖော့စ် စီးရီတွဲကို ၂၀၀၂ ခုနှစ်မှာထွက်ခဲ့တာဆိုတော့ တော်တော်ကြာပြီး ဟောင်းနေပြီလို့ ပြောလို့ရပါတယ်။ ဘယ်လိုပဲ ဟောင်းတယ်ပြောပြော ကောင်းနေသေးတာတော့ အမှန်ပါပဲ။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ လွန်ခဲ့တဲ့ နှစ်သုံးထောင်လောက်က ဒီကမ္ဘာကြီးမှာ လူသားတွေနဲ့ တောရိုင်းတိရိစ္ဆာန်စက်ရုပ်တွေက ချစ်ချစ်ခင်ခင် ပေါင်းစည်းနေထိုင်ခဲ့ကြတယ်။ အဲဒီလိုအချိန်မှာ မာစတာအောဂ့် ဆိုတဲ့ အမှောင်မိစ္ဆာကြီးတစ်ကောင်ပေါ်ထွက်လာပြီး ကမ္ဘာမြေကြီးကို အော့ဂ်လို့အမည်ရတဲ့ မကောင်းဆိုးရွား မိစ္ဆာတသိုက်ကို ဖန်တီးပြီး ဖျက်ဆီးဖို့ ကြိုးစားခဲ့တယ်။ အဲဒါကို တားဆီးဖို့အတွက် တောရိုင်းတိရစ္ဆာန်တွေဟာ သူတို့ စိတ်ဝိဉာဉ်နဲ့ ပေါင်းစည်းဖို့လုံလောက်တဲ့ အရည်အချင်းရှိတဲ့ လူတွေကိုရှာဖွေပြီး မာစတာအော့ဂ်ကို တူတူတွန်းလှန်တိုက်ခိုက်ခဲ့ကြတယ်။ မာစတာအော့ဂ်ကို နိုင်မယ်မနိုင်ဘူးဆိုတာ မသေချာတော့ သူရဲကောင်းအချို့က သူတို့ရဲ့ စွမ်းအားတွေကိုသုံးပြီး ဘုရားရှိခိုးကျောင်း ရှိနေတဲ့ ဧရိယာ ကျယ်ကြီးကို မြေကြီးကနေ ခွဲထုတ်ပြီးကောင်းကင်ထဲကို မ တင်လိုက်ကြတယ်။ အဲဒီ ထဲမှာ ရှေလာလို့ခေါ်တဲ့ သူတို့မင်းသမီးလေးနဲ့ အတူတောရိုင်းသတ္တဝါ ငါးကောင်ကိုလည်း အဲဒီ ဧရိယာ ကျယ်ကြီးထဲ ပါအောင်ထည့်ပေးလိုက်တယ်။ အဲဒီ ဧရိယာအကျယ်ကြီးကလိပ်တစ်ကောင်ရဲ့ ပုံစံမျိုးဖြစ်ပြီး ကောင်းကင်ထဲမှာ ကျွန်းမျောကြီးလိုသွားတည်နေတယ်။ အဲဒီနေရာကို အန်နီမေရီယန် လို့ခေါ်တယ်၊၊ကံအားလျော်စွာဘဲ အော့ဂ် တွေကို ချေမှုန်းနိုင်ပေမယ့် မာစတာအောဂ့်ကိုတော့ မသတ်လိုက်နိုင်ဘူး။ ဒါပေမဲ့ တချိန်ချိန် မှာမာစတာအောဂ့် ပြန်ပေါ်လာနိုင်တာကြောင့် အန်နီမေရီယန်ကို လျှို့ဝှက်နေရာတစ်ခုအဖြစ် ထားထားလိုက်တော့တယ်။ နစ်သုံးထောင်လောက်ကြာပြီးတဲ့ အချိန်မှာ ကမ္ဘာကြီးကအားနည်းလာပြီးတော့ အော့ဂ်တွေ ပြန်နိုးထလာခဲ့တယ်။ အဲဒီလိုအော့ဂ်တွေနဲ့ တူတူပဲ မာစတာအော့ဂ်လည်း ပြန်ထွက်ပေါ်လာတယ် အဲဒီလိုမကောင်းတဲ့ ...
5.1
TMDb:
5.1/10
169 votes
tv
Power Rangers : Wild Force {Complete}
1993