Channel Myanmar

Psychological

My Happy Ending(2023)
My Happy Ending(2023) My Happy Ending(2023)***********************အပိုင်း( ၁ မှ ၁၆) ထိ စ/ဆုံးပရိဘောဂ ကုမ္ပဏီတစ်ခုရဲ့ CEO လည်းဖြစ်၊ Follower 1သန်းကျော်ရှိတဲ့ influencer တစ်ဦးလည်းဖြစ်တဲ့ အောင်မြင်နေတဲ့ အမျိုးသမီးတစ်ဦးဖြစ်သူ ဆောဂျယ်ဝန်းဟာ ငယ်ဘဝမှာကတည်းက လောင်းကစားစွဲနေတဲ့ အမေရင်းကိုယ်စား ပထွေးဖြစ်သူရဲ့ ဂရုတစိုက် ပြုစုစောင့်ရှောက်မှုနဲ့အတူ အခက်အခဲမရှိ ဖြောင့်ဖြူးတဲ့ဘဝမှာ ကြီးပြင်းလာခဲ့ရသူဖြစ်ပါတယ်။ဒါ့အပြင် အောင်မြင်လာတဲ့အထိ ဘေးကနေ ကိုယ်ရောစိတ်ပါ ကူညီပေးပြီး မိသားစုကို အလေးထားတဲ့ ခင်ပွန်းကောင်းရယ်၊ ချစ်စရာသမီးလေးရယ်နဲ့ ပျော်ရွှင်ဖွယ်မိသားစုကို ပိုင်ဆိုင်ထားတဲ့အပြင် အားကိုးရတဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းကိုပါ ပိုင်ဆိုင်ထားပါသေးတယ်။ဆောဂျယ်ဝန်းဟာ သူအခုလို အစစ အရာရာ ပြည့်စုံပြီး အောင်မြင်နေတဲ့ဘဝကို ပိုင်ဆိုင်နိုင်တာဟာ သူ့ဘေးကလူတွေရဲ့ကျေးဇူးတွေကြောင့်လို့တွေးပြီး သူ့ဘေးကလူတွေကို အကျွင်းမဲ့ ယုံကြည်နေခဲ့ပါတယ်။ ဒါပေမယ့် တစ်ချိန်မှာတော့ သူ့ရဲ့ ယုံကြည်မှုတွေအားလုံးကို ရိုက်ချိုးခံလိုက်ရတဲ့ အခိုက်အတန့်ဟာ ရောက်ရှိလာခဲ့ပါတော့တယ်။အောင်မြင်မှုနောက်ကိုပဲ လိုက်နေခဲ့ပြီး ယုံကြည်မှုတွေကို ရိုက်ချိုးခံလိုက်ရတဲ့အခါ၊ လူတွေရဲ့ သစ္စာဖောက်မှုတွေကို သိလိုက်ရပြီးနောက်မှာ သူဘယ်လို ဆက်လုပ်မလဲ? လက်စားချေမှာလား? Drama နာမည် My Happy ...

My Happy Ending(2023)

It’s Okay, That’s Love (2014) [Complete] 8.144
It’s Okay, That’s Love (2014) [Complete] It's Okay, That's Love (2014)*****************************အပိုင်း (၁ မှ ၁၆) စ/ဆုံး ဒီတစ်ခေါက်မှာတော့ စိတ်ပညာနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားတဲ့ပရိသတ်ကြီးအတွက်Psychological, Romance Drama လေးတစ်ခုကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးမှာတော့ ပရိသတ်တွေနဲ့မစိမ်းတဲ့ နာမည်ကြီး မင်းသားမင်းသမီးများဖြစ်ကြတဲ့Jo In Sung၊ Gong Hyo Jin၊ Lee Kwang Soo၊ D.O(EXO)၊ Lee Sung Kyung၊ Sung Dong Il တို့ကအဓိကပါဝင်ထားပြီး rating အမြင့်ဆုံးနဲ့ ရပ်တည်ခဲ့သလို ဆုပေါင်းများစွာကိုလည်းသိမ်းပိုက်ခဲ့တဲ့ ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းဂျန်ဂျယ်ယော(Jo In Sung)ဟာ လျှို့ဝှက်သည်းဖိုဝတ္ထုတွေရေးတဲ့နာမည်ကြီးစာရေးဆရာတစ်ယောက်ဖြစ်ပြီး  ရေဒီယိုရှိုးမှာလည်းအစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်ပါတယ်။စိတ်တိုလွယ်ပြီး playboy လို့နာမည်ကြီးတဲ့ သူ့မှာတော့ ငယ်ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့အဖြစ်ဆိုးတွေကြောင့် စိတ်ဒဏ်ရာတွေအပြည့်နဲ့ပေါ့။ဂျီဟယ်ဆူ(Gong Hyoo Jin)ကတော့ စိတ်ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်ပြီးတော့အချစ်စစ်နဲ့ပတ်သတ်ပြီး အယုံအကြည်မရှိတဲ့သူတစ်ယောက်ပါ။သူတို့နှစ်ယောက်ဟာ talk show တစ်ခုမှာ တွေ့ဆုံကြပြီးတော့ကတောက်ကဆဖြစ်ကြပြီး နှစ်ယောက်သားရဲ့ ...
8.144
TMDb: 8.144/10 52 votes
tv

It’s Okay, That’s Love (2014) [Complete]

2014
A Bloody Lucky Day (2023) [Complete]
A Bloody Lucky Day (2023) [Complete] A Bloody Lucky Day (2023) ***************************** အပိုင်းသစ် (၁ မှ ၁၀) စ/ဆုံး တက္ကစီဒရိုင်ဘာအဖြစ် လုပ်ကိုင်နေတဲ့ Oh Taek တစ်ယောက် တစ်နေ့မှာတော့ ကိုးရီးယားလူမျိုးတွေ အယူအရ ကံကောင်းပြီး ငွေဝင်တယ်ဆိုတဲ့ ဝက်အိပ်မက်ကိုမက်ပါတယ်။ အိပ်မက်အတိုင်း လူတစ်ယောက်က သူ့ကို မို့ဖိုဆိပ်ကမ်းမြို့ကို ပို့ပေးရင် ငွေ(၁) မီလီယံဝမ်ပေးမယ်ဆိုပြီး ကမ်းလှမ်းခံရပါတော့တယ်။ Oh Taek ကတော့ ပျော်ပြီး ကမ်းလှမ်းချက်ကို လက်ခံလိုက်ပေမဲ့ သူ့ကားကို လာငှားတဲ့သူက လူတွေကို ရက်ရက်စက်စက် သတ်ပြီး လှေနဲ့ထွက်ပြေးဖို့ ကြံနေတဲ့ ကွင်းဆက်လူသတ်သမား Hyuk Soo ဖြစ်နေပါတော့တယ်။ Hyuk Soo တစ်ယောက် သူ့အကြံအတိုင်း ထွက်ပြေးလွတ်‌မြောက်သွားနိုင်မလား...။ Oh Taek ကရော Hyuk Soo က လူသတ်သမားဆိုတာကို ရိပ်မိသွားမှာလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အဓိက Cast တွေအနေနဲ့ Hospital Playlist ထဲက ဘုန်းကြီးဝတ်ချင်တဲ့လူရိုးလေး Yoo Yeon Seok ကို ဇာတ်ကောင်သစ်ဖြစ်တဲ့ ကွင်းဆက်လူသတ်သမားအဖြစ် ...

A Bloody Lucky Day (2023) [Complete]

2023
Hyde, Jekyll, Me (2015) [Complete] 7.2
Hyde, Jekyll, Me (2015) [Complete] Hyde, Jekyll, Me (2015)**************************အပိုင်း (၁ မှ ၂၀) စ / ဆုံး ဒီတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ Hyun Bin နဲ့ Han Ji-min တို့ဇာတ်လိုက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ကားလေးပါ။မင်းသားနဲ့ မင်းသမီးကတော့ လူတိုင်းနဲ့ မစိမ်းတဲ့ ထိပ်တန်းမင်းသား၊မင်းသမီးတွေဖြစ်တဲ့အပြင် ဒီကားလေးကလည်း အရမ်းအောင်မြင်ခဲ့တဲ့  ကားလေးမို့CM ပရိသတ်ကြီး  ပြန်လည်ကြည့်ရှုလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကား​လေးက​တော့ -ဂူ​ဆောဂျင်းဆိုတဲ့ သူ​ဌေးသား​လေးက အရာရာ ပြီးပြည့်စုံပြီးလုပ်ငန်းစုကြီးကို  ဦးစီး​နေတဲ့ ဒါရိုက်တာတစ်​ယောက်ပါ။အစစ အရာရာ ပြည့်စုံ​နေတဲ့သူဆို​ပေမဲ့ ငယ်စဥ်ကပြန်​ပေးဆွဲခံရမှုကို ခံခဲ့ရပြီး  " လူတစ်ကိုယ် စိတ်နှစ်မျိုး "ပြောင်းလဲတတ်တဲ့ ထူးထူးဆန်းဆန်း စိတ်​​ရောဂါတစ်ခုကို ခံစား​နေရသူပါ။ဆောဂျင်းက အေးစက်ပြီး ခပ်မာမာလူတစ်ယောက်ဆိုရင် သူ့ရဲ့ ဆန့်ကျင်ဘက်ရိုဘင်က ကြင်နာသဘောကောင်းပြီး လူတွေကို ကယ်တင်တတ်တဲ့သူတစ်ယောက်ပေါ့။တစ်နေ့မှာ ဂူဆောဂျင်းက သူ့ရဲ့ လုပ်ငန်းစုထဲက တစ်ခုဖြစ်တဲ့ ကစားကွင်းထဲက ဝင်ငွေလည်း မရှိခေတ်လည်းနောက်ကျနေတဲ့ ...
7.2
TMDb: 7.2/10 17 votes
tv

Hyde, Jekyll, Me (2015) [Complete]

2015