Channel Myanmar

Romance

When the Camellia Blooms (2019) [Complete] 8.233
When the Camellia Blooms (2019) [Complete] When the Camellia Blooms (2019)********************************အပိုင်းသစ် (၁ မှ ၂၀) စ/ဆုံး ဒီတစ်ခါ ပြန်လည်တင်ဆက်ပေးမဲ့ Seriesလေးကတော့ Kang Ha Neul နဲ့Gong Hyo Jin တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး၂၀၂၀ ခုနှစ် ရုပ်ရှင်ဆုပေး‌ပွဲတွေမှာ ဆု‌တွေအများကြီးသိမ်းပိုက်ခဲ့တဲ့ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ အုံးဆန်းဆိုတဲ့ လှပတဲ့ကျွန်းမြို့လေးကိုအခြေတည်ပြီးရဲသားလေးနဲ့ single motherတို့ရဲ့ ရိုးရှင်းပြီး ကြည်နူးစရာအချစ်ဇာတ်လမ်းလေးကို ရိုက်ပြထားတာပါ။အုံးဆန်းမြို့က ယုံးရှစ်ဆိုတဲ့ကောင်လေးဟာ ကျောင်းသားဘဝတည်းကလူဆိုးဖမ်းဖို့ဆိုရင် အမြဲတဇွတ်ထိုးနိုင်တဲ့သူပါ။ကျောင်းပြီးလို့ ရဲသားဖြစ်သွားတော့လည်း ဆိုးလ်မြို့သူ ဒိုင်ယာနာမင်းသမီးလေးလိုလှပြီးထက်မြက်တဲ့ကောင်မလေးနဲ့တွဲမယ်ဆိုပြီး ဆိုးလ်မှာတာဝန်ကျရာက ရည်းစားမရခဲ့ဘဲအကြောင်းတစ်ခုကြောင့် ရာထူးချခံလိုက်ရပြီး ဇာတိမြိုကိုပဲ ပြန်ရောက်လာပါတယ်။ဆိုးလ်မြို့သူ ဒုံဘဲ့ဟာ အုံးဆန်းမှာ ကမ်မီလီယာဆိုတဲ့အရက်ဆိုင်ဖွင့်ထားပြီးsingle motherအဖြစ် ကိုယ့်အားကိုယ်ကိုးပြီး ၆နှစ်လုံးလုံး ကြိုးစားရုန်းကန်ကာအုံးဆန်းရဲ့ ဒိုင်ယာနာဆိုပြီး လူသိများလာပါတယ်။ဒီလို ကြိုးစားရုန်းကန်နေရတဲ့ ဒုံဘဲ့ကို ယုံးရှစ်ဟာ မြင်မြင်ချင်း‌ချစ်မိသွားပြီးကာကွယ်ပေးချင်စိတ်တွေ ဖြစ်လာပါတော့တယ်။ရဲသားလေးနဲ့ single motherလေးတို့ အချစ်လမ်းမှာ ဘယ်လိုကြုံတွေ့ရမလဲဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုလိုက်ရအောင်နော်။ (အညွှန်းကိုတော့ ...
8.233
TMDb: 8.233/10 44 votes
tv

When the Camellia Blooms (2019) [Complete]

2019
Rising With the Wind ( 2023 ) 5
Rising With the Wind ( 2023 ) ဒီဇာတ်လမ်းလေးကတော့ စီးပွားရေးလောကရဲ့ အရှုပ်အထွေးအတက်အကျတွေကြား မင်းသားနဲ့မင်းသမီးနှစ်‌ယောက်သား ကြိုးစားရုန်းကန်ရင်းချစ်မိသွားကြမဲ့ လုပ်ငန်းခွင်ချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ် ။ ခေါင်းဆောင်မင်းသားအဖြစ် နာမည်ကြီးမင်းသား Gong Jun ၊ ခေါင်းဆောင်မင်းသမီးအဖြစ် Zhong Chu Xi တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ။ဇာတ်လမ်းအကျဉ်းလေးကတော့ ဟောင်ကောင်ရင်းနှီးမြှပ်နှံမှုဘဏ်ကနေ တရုတ်ပြည်မကြီးကိုပြန်လာတဲ့ရင်းနှီးမြှပ်နှံသူ ရွှီစစ်ဟာ ပြည်တွင်းအဝတ်အထည်လုပ်ငန်းစု ကျစ်ယိုချီလုပ်ငန်းစုရဲ့ တစ်ဦးတည်းသောသမီးဖြစ်သူ ကျန်းဟူနဲ့တွေ့ဆုံခဲ့ပါတယ် ။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်မတူညီတဲ့ စီးပွားရေးအတွေးအခေါ်တွေရှိတာကြောင့် အစပိုင်းမှာသဘောထားကွဲလွဲမှုလေးတွေရှိပါတယ်။ဒါပေမဲ့ကျန်းဟူတို့အဖေကုမ္ပဏီကျစ်ယိုချီက မသမာသူတွေရဲ့စနက်နဲ့ ရုတ်တရက်ကြီးဒေဝလီခံလိုက်ရတဲ့အချိန်မှာ ကျန်းဟူတစ်ယောက် ဒုက္ခပင်လယ်ဝေခဲ့ရတော့ပါတယ် ။ သူ့ဘေးပတ်ကျင်မှာကလည်း ရေနစ်သူဝါးကူထိုးမဲ့သူတွေကအပြည့်ဆိုတော့ ထိပ်ဆုံးအခြေအနေကနေ အောက်‌ဆုံးထိကျဆင်းသွားတော့တာပေါ့ ။အဲဒီအချိန် ရည်မှန်းချက်ကြီးမားတဲ့ ရွှီစစ်က ကျစ်ယိုချီရဲ့လက်အောက်ခံ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ ထန်ယွဲ့ဖိနပ်လုပ်ငန်းကိုမျက်စိကျနေတဲ့အချိန်လည်းဖြစ်ပါတယ် ။ အဲဒီလိုနဲ့ ထန်ယွဲ့ကိုရှိသမျှအင်အားအကုန်သုံးပြီးကာကွယ်ဖို့ပြင်ထားတဲ့ကျန်းဟူနဲ့ ကျန်းဟူကိုရော ထန်ယွဲ့လုပ်ငန်းကိုပါမျက်စိကျသွားတဲ့ရွှီစစ်တို့ အပြိုင်အဆိုင်များတဲ့စီးပွားရေးလောကထဲဘယ်လိုမျိုး တိုက်ပွဲဝင်သွားမလဲဆိုတာကို ဆက်လက်စောင့်မျှော်ကြည့်ရှု့ပေးကြပါ================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama , Romance Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
5
TMDb: 5/10 1 votes
tv

Rising With the Wind ( 2023 )

2023
Strong Girl Nam-soon (2023) 10
Strong Girl Nam-soon (2023) Strong Girl Nam-soon (2023)******************************အပိုင်းသစ် (၁၆) ဇာတ်သိမ်းပိုင်း တစ်ချိန်က ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ မင်မင်နဲ့စွမ်းအားရှင်လေး ဘုံဘုံ (ဘုံဆွန်း)တို့ရဲ့ အဆက် နမ်ဆွန်းလာပါပြီ။Kang Nam Soon (Lee Yoo Mi) က စူပါ ပါဝါရှိတဲ့ ကောင်မလေးပါ။ကလေးဘဝတုန်းက မွန်ဂိုလီးယားမှာ ပျောက်သွားခဲ့ပြီး အရွယ်ရောက်တော့မိဘတွေကိုရှာဖို့ တောင်ကိုရီးယား ဂန်နမ်ကို ရောက်လာခဲ့ပါတယ်။နောက်ဆုံးတော့ အမေဖြစ်သူ Hwang Geum Joo (Kim Jung Eun)အဘွားဖြစ်သူ Gil Joong Gan (Kim Hae Sook) တို့နဲ့ ပြန်တွေ့ဆုံနိုင်ခဲ့ပါတယ်။နမ်ဆွန်းရဲ့ အမေနဲ့အဘွားကလည်း နမ်ဆွန်းလို စူပါပါဝါရှိတဲ့သူတွေပါ။တစ်နေ့မှာတော့ နမ်ဆွန်းတို့ သားအမိ ၃ယောက် ဂန်နမ်မှာဖြစ်ပွားတဲ့။မူးယစ်ဆေးဝါးမှုမှာ ပါဝင်ပတ်သက်ဖို့ အကြောင်းဖန်လာပါတယ်။ဒီအမှုကို စုံစမ်းနေတဲ့ စုံထောက် Kang Hee Sik (Ong Seong Wu) နဲ့ ...
10
TMDb: 10/10 1 votes
tv

Strong Girl Nam-soon (2023)

2023
Story of Kunning Palace ( 2023 )
Story of Kunning Palace ( 2023 ) ဒီလကတော့ ပိုင်လုကားနှစ်ကားတောင် ကြည့်ရတာမို့ ပိုင်လုဖန်တွေအတွက် အဖိုးတန်လလေးပါပဲ ဒီတစ်ခါပြသမဲ့ကားလေးကတော့ ရည်မှန်းချက်ကြီးတဲ့ဘုရင်မတစ်ယောက် ဘုရင်နဲ့အတူတူမြေမြုပ်ခံရပြီးမှ တဖန်ပြန်နိုးထလာပြီး ကံကြမ္မာကိုပြန်ပြောင်းလဲမဲ့အကြောင်းကို ရိုက်ကူးထားတာပါနန်းကျဘုရင်မ ကျန်းရွှယ်နင် ရည်မှန်းချက်ကြီးပြီး အမြင့်ဆုံးအာဏာရာထူးတွေကို မက်မောတဲ့ဘုရင်မ ကျန်းရွှယ်နင်တစ်ယောက် တိုင်းပြည်တိုက်ခိုက်ခံရပြီး ဘုရင်ပါအဆိပ်ခတ်ခံလိုက်ရချိန်မှာ သူပါဓားစာခံအနေနဲ့ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပါတော့တယ်သူ့တစ်ဘဝလုံး ဘေးနားကလူတွေကိုအသုံးချပြီး အာဏာရအောင်ကြိုးစားခဲ့ပေမဲ့ အဆုံးမှာတော့ တစ်မြို့လုံးလည်း သတ်ဖြတ်ခံရ သူလည်းဘုရင်နဲ့အတူမြေမြှုပ်ခံရပြီး ဘဝအဆုံးသတ်ခဲ့ရပါတယ် သူ့ဘဝကို ဒီလိုဖြစ်အောင် ကျူးကျော်သတ်ဖြတ်ခဲ့သူကတော့ ရှဲ့ဝေးပါဒါပေမဲ့ သူ့ကံကြမ္မာကိုပြန်ပြင််ဆင်ဖို့ ဒုတိယအခွင့်အရေးရခဲဲ့ပါတယ် သို့သော်လည်း သူနောက်တစ်ကြိမ်ပြန်နိုးထချိန်မှာတော့ ကိစ္စအားလုံးကို သူရှုပ်ထွေးအောင် လုပ်ပြီးနေပါပြီ နန်းတော်ထဲမဝင်ဖို့ သစ္စာဆိုထားပေမဲ့ သူအမုန်းဆုံးရှဲ့ဝေးနဲ့နန်းတော်ဆီ မ​ဖြစ်မနေ ပြန်ပက်သက်ရမဲ့ကိစ္စတွေ ဖြစ်ပါ်လာချိန်မှာတော့.... သူဘယ်လိုဖြေရှင်းမလဲ?အရင်ဘဝကလိုမဖြစ်အောင် ဘယ်လိုရှောင်မလဲ? အမုန်းဆုံးလူနဲ့ ဘယ်လိုဆက်ဆံမလဲဆိုတာ ဇာတ်ကားထဲသာ စောင့်ကြည့်လိုက်ကြပါ===========================Quality : WEB-DL 1080p , 720p Total Episodes : 38 Format : mp4 Genres : Romance , Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...

Story of Kunning Palace ( 2023 )

2023
Chase The Truth ( 2023 )
Chase The Truth ( 2023 ) ဒီတစ်ခေါက်မှာတော့ ရင်တဖိုဖိုနဲ့ကြည့်ရမဲ့ မှုခင်းကား‌ကြိုက်နှစ်သက်ကြတဲ့ ပရိတ်သတ်တွေအားလုံးအတွက် အကြိုက်တွေ့စေမဲ့ မှုခင်းကား ကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ။ဇာတ်လမ်းအကျဉ်းကတော့ ရဲစုံထောက်တစ်ယောက်ဖြစ်တဲ့ ချုးယိဟန်က သူ့မိခင်ကိုရှာဖွေဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့အတူ အန္တာရာယ်များလှတဲ့ မြေအောက်လျှို့ဝှက်အဖွဲ့အစည်းတွေဆီကို တိတ်တဆိတ်သွားခဲ့ပါတယ် ။ အဲလိုကနေ မမျှော်လင့်ထားဘဲ တိုက်တိုက်ဆိုင်ဆိုင် ကုလင်နာ့နဲ့တွေ့ဆုံမိရာက...သူတို့နှစ်ယောက်ဘယ်လိုမျိုးအမှုတွေလိုက်ကြမလဲ ? မျှော်လင့်နေသလို ဘယ်လိုထူးဆန်းပြီးဖြေရှင်းခက်တဲ့အမှုတွေနဲ့ရင်ဆိုင်ရမလဲ? ပျောက်ဆုံးနေတဲ့အမေဖြစ်သူကိုရော ရှာတွေ့ပါ့မလား ? နှစ်ယောက်ကြားကဆက်ဆံရေးကရော ဘယ်လိုမျိုးနက်ရှိုင်းလာမလဆိုတာကို ဇာတ်လမ်းကြည့်ရင်း အတူတူစီးမျောလိုက်ပါလိုက်ပါလို့ တိုက်တွန်းလိုက်ပါရစေ=========================Quality : WEB-DL 1080p , 720p Total Episodes : 24 Format : mp4 Genres : Crime , Drama , Romance Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK=========================Ep 1 ( 720p ) ...

Chase The Truth ( 2023 )

2023
Lucky My Love (2023) 9.5
Lucky My Love (2023) ကံကောင်းတဲ့ အချစ် (၂၀၂၃)နပ်ဒေါင်ဝ်ဟာ ဖူးစာဖက်ချစ်သူတစ်ဦး လိုချင်နေသူဖြစ်ပြီး တစ်ရက် ဗေဒင်မေးရာမှ မကြာခင်အချိန်အတွင်း ဖူးစာဖက်ရလာတော့မယ်လို့ အဟောခံလိုက်ရပါတယ်ဖူးစာရှင်က နပ်ဒေါင်ဝ်ပြောစရာမလိုဘဲ စိတ်ကိုနားလည်နေတဲ့အထိ လိုက်ဖက်သူဖြစ်နေမယ်လို့ ပြောခဲ့တာမို့ ဖူးစာရှင်ကိုရှာပုံတော် စခဲ့ပါတော့တယ်နပ်ဒေါင်ဝ်တို့ရဲ့ဘော့စ်ဖြစ်သူ ဖိင်က နတ်သားလေးလိုချောမောပြီး ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ကာ နပ်ဒေါင်ဝ်အပေါ်ကိုလည်း အလေးသာနေသူတစ်ဦးပေါ့ဒီချိန်မှာပဲ မားကတ်တင်းအဖွဲ့ခေါင်းဆောင်သစ်အနေနဲ့ ဝယ်လာ ဆိုတဲ့ ထက်မြက်တဲ့ မိန်းကလေးတစ်ယောက်ရောက်လာပြီး နပ်ဒေါင်ဝ်ရဲ့စိတ်ကို ဖတ်နိုင်သလိုနားလည်နိုင်နေချိန်မှာတော့...နပ်ဒေါင်ဝ်ရဲ့ဖူးစာရှင်က ဘော့စ်ပဲဖြစ်နေမလား ဝယ်လာပဲ ဖြစ်လာမလား ရုံးတွင်းအချစ်ရေးက ဘာတွေဖြစ်လာမလဲဆိုတာ "lucky my love" GL mini serie လေးမှာ ကြည့်ရမှာပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Kyi Nue Zin ပဲ ဖြစ်ပါတယ်။Genre..... GL, Romance Quality…. 1080p | 720p File size… 200MB | 100MB Format… mp4 Duration…. 20min Episodes ... 6 Episodes Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kyi ...
9.5
TMDb: 9.5/10 1 votes
tv

Lucky My Love (2023)

2023
Only for Love ( 2023 )
Only for Love ( 2023 ) အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ Dylan Wang နဲ့ Bai Lu တို့ရဲ့ ချိုချိုမြိန်မြိန်ရိုမန့်တစ်ဇာတ်လမ်းလေး ထွက်ရှိလာပါပြီနော်။ ထက်မြက်ပြီး အလုပ်ကြိုးစားတဲ့ ဂျာနယ်လစ်မလေး ကျန်းစူးယီ။ သူမအလုပ်လုပ်နေတာကတော့တရုတ်နိုင်ငံရဲ့ထိပ်တန်းသတင်းစာတိုက်တစ်ခုမှာဖြစ်ပါတယ်။ အလုပ်ကောင်းကောင်းတစ်ခုရှိပြီး ပျော်ရွှင်တဲ့ဘဝတစ်ခုပိုင်ဆိုင်ထားသူပါ။ငယ်ရွယ်တဲ့စီးပွားရေးလုပ်ငန်းရှင်သူဌေးလေး ရှီယန်။ သူဟာစူးယီရေးတဲ့ဘဏ္ဍာရေးဆောင်းပါးတွေကိုဖတ်ပြီး မတူညီတဲ့အမြင်ရှုထောင့်နဲ့ ရှင်းလင်းတဲ့တင်ပြချက်ပုံစံတွေကိုသဘောကျနေသူပါ။အသက်ငယ်ပေမယ့် စီးပွားရေးလောကမှာနာမည်ကြီးတဲ့ ရှီယန်ကို စူးယီတစ်ယောက် အင်တာဗျူးဖို့ကြိုးစားရာကနေ သူတို့နှစ်ဦး ရင်းနှီးဖို့အစဖန်လာပါတော့တယ်။ ဂျာနယ်လစ်မလေးနဲ့ လုပ်ငန်းရှင်သူဌေးလေးတို့ ဘယ်လိုနီးစပ်သွားကြမလဲဆိုတာကို ရင်ခုန်စွာနဲ့စောင့်ကြည့်လိုက်ကြပါဦး။============================Quality : WEB-DL 1080p , 720p Total Episodes : 36 Format : mp4 Genres : Drama , Romance Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Yin Wai Phyo Encoded by LK============================Ep 1 (720p) - Yoteshin / Usersdrive / ...

Only for Love ( 2023 )

2023
My Country: The New Age (2019) [Complete] 7.313
My Country: The New Age (2019) [Complete] My Country: The New Age (2019)**********************************အပိုင်း (၁ မှ ၁၆) စ/ဆုံး ကိုရီးယား သမိုင်း‌ကြောင်းဇာတ်လမ်းတွဲ‌တွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးတို့အတွက်ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ My Country New Ageဆိုတဲ့Historical ဇာတ်လမ်းတွဲ လေးပဲဖြစ်ပါတယ်။မင်းသားကြီးအီဘန်ဝန် (Jang Hyuk) ကတော့ တိုင်းပြည်သစ်တည်ထောင်ဖို့အတွက်လက်မှာ‌သွေးစွန်းခဲ့ပေမဲ့  ဖခင်မင်းကြီးရဲ့အသိအမှတ်ပြုခြင်းကို မခံရတဲ့ မင်းသားတစ်ပါးပဲဖြစ်ပါတယ်။ဆောဟွီ (Yang Se Jong) ကတော့ တရားမျှတမှုကို မြတ်နိုးပြီး ဖခင်ဖြစ်သူ ဆုံးပါးသွားပြီးတဲ့နောက်မှာညီမဖြစ်သူကို စောင့်ရှောက်ရင်းနေလာခဲ့ပါတယ်။နမ်ဆွန်းဟို (Woo Do Hwang) ကတော့ မိခင်က ဇာတ်နိမ့်မျိူးရိုးဖြစ်တာကြောင့်တရားမဝင်သားအဖြစ်သတ်မှတ်ခံခဲ့ရပေမဲ့  ကိုယ်ပိုင်ရည်မှန်းချက် ကြီးမားသူတစ်ဦးဖြစ်ပါတယ်။ဟီဂျယ် (Kim Seol Hyun) ကတော့ အပျော်မယ်ဂေဟာမှာ ကြီးပြင်းလာခဲ့ပြီးဉာဏ်ရည်ထက်မြက်တဲ့ မိန်းကလေးတစ်ဦးပါ။ဇာတ်အိမ်တည်‌ဆောက်ပုံအရ ဂိုလျောခေတ်အကုန် ဂျိုဆွန်းခေတ်ဦး အကူးအပြောင်းကာလမှာတိမ်မြှုပ်နေတဲ့ လျှိဝှက်ချက်တွေကြား လက်စားချေခြင်းနဲ့ ပန်းတိုင်ဆိုတဲ့အရာ‌တွေအတွက်ငယ်သူငယ်ချင်းနှစ်ဦး ဓားချင်းယှဉ်ဖို့ဖြစ်လာတဲ့အခါမှာတော့...ဒီဇာတ်ကားရဲ့ Main Cast ...
7.313
TMDb: 7.313/10 32 votes
tv

My Country: The New Age (2019) [Complete]

2019
My Dearest (2023)S1+S2 [Complete]
My Dearest (2023)S1+S2 [Complete] My Dearest (2023)****************** ဒီဇာတ်လမ်းတွဲမှာတော့ မင်းသားကြီး NamKoong Minနဲ့ မကြာသေးခင်ကလွှင့်ထားတဲ့  The Good Bad Mother ထဲက မင်းသမီး Ahn Eun Jinတို့က အဓိက ပါဝင်ထားပါတယ်....ယူဂီချယ်ဆိုတဲ့ ကောင်မလေးက ချမ်းသာတဲ့မိသားစုကနေ ပေါက်ဖွားလာပြီးလိုတရနေတဲ့ဘဝမှာနေနေရတာဆိုတော့ မာနကြီးပြီး အရာအားလုံးအပေါ်အထင်သေးအမြင်သေးဆက်ဆံတတ်လေ့ရှိတယ်...အရာအားလုံးက သူမ အတွက် ရေကန်အသင့်ကြာအသင့်နေရတဲ့ဘဝဆိုတော့အပူအပင်လည်းမရှိရှာဘူးပေါ့..တစ်နေ့မှာတော့ ရာသီဉတုကပ်ဆိုးကြီးတစ်ခုဖြစ်ပေါ်လာတဲ့နောက် သူမ ဘဝအတွက်အလှည့်အပြောင်းတစ်ခုရှိလာပါတော့တယ်...အီဂျန်ဟွန်းဆိုတဲ့ အမျိုးသားကတော့ လျှို့ဝှက်တတ်တဲ့ လူတစ်ယောက်ဖြစ်ပြီးဘာကိုမှ အလေးမထားသလို စမ်းချောင်းကစမ်းရေသံလေးနားထောင်ရမြက်ခင်းပြင်ပေါ်လမ်းလျှောက်ရ ရုံဖြင့် တခြားပိုင်ဆိုင်မှုတွေမရှိသော်ငြားဘဝကိုပြီးပြည့်စုံတယ်လို့ ထင်တဲ့သူတစ်ယောက်ပေါ့...သို့ပေမဲ့သူ့မှာလူသိမခံတဲ့လျှို့ဝှက်ချက်များစွာလည်းရှိတဲ့သူတစ်ဦးပါ...အဲဒီနောက် မမျှော်လင့်ဘဲ ယူဂီချယ်ဆိုတဲ့ ဂုဏ်ရှင်မလေးနဲ့ တွေ့တဲ့အခါမှာတော့...ဘာတွေဆက်ဖြစ်ကြမလဲ စောင့်ကြည့်ရအောင်နော်.....File Size –  1.2GB/500MBQuality –1080p, 720pDuration – 1h  (@Episode)Total Episodes: 10EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama / ...

My Dearest (2023)S1+S2 [Complete]

2023
Love is Panacea ( 2023 )
Love is Panacea ( 2023 ) love is panacea ဆိုတဲ့ဇာတ်ကားကောင်းလေးကိုတော့ ပရိတ်သ‌တ်တွေ အားလုံးလည်းရင်းနှီးပြီးသားဖြစ်တဲ့ နာမည်ကြီးမင်းသား Luo Yun Xi နဲ့ မင်းသမီး Zhang Ruo Nan တို့က အဓိကမင်းသား မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ် ။ဇာတ်လမ်းအကျဉ်းလေးတော့ : ဆေးပညာအသိုင်းအဝိုင်းကနေမွေးဖွားလာတဲ့ Gu Yun Zheng လို့ခေါ်တဲ့ လူငယ်လေးဟာ ဆေးဘက်ဆိုင်ရာဉာဏ်ကြီးရှင်တစ်ဦးလည်းဖြစ်တဲ့အပြင် နိုင်ငံတွင်း အငယ်‌ဆုံး အာရုံကြောခွဲစိတ်အထူးကု ဆရာဝန်တစ်ယောက်လည်းဖြစ်ပါတယ် ။ သူက ဉာဏ်ကောင်းကာ ချောမောပြီး ဆေးရုံမှာဆို ဆွဲဆောင်မှု့အရှိဆုံးဆရာဝန်‌တစ်ယောက်ဖြစ်ပါတယ် ။ အဲဒီလိုချောမောပြီး ဉာဏ်ကောင်းလွန်းတာကြောင့် သူကောလိပ်တက်နေစဉ်ကတည်းက မိန်းကလေးတော်တော်များများရဲ့ စိတ်ကူးယဉ်အိပ်မက်ကလေးလည်း ဖြစ်ခဲ့ရပြန်ပါတယ် ။ဒေါက်တာကုရဲ့ တစ်ဘဝစာ ရည်မှန်းချက်ပန်းတိုင်ကတော့ " လူငယ်အာရုံကြောခွဲစိတ် ဆရာဝန်တွေကိုပေးအပ်တဲ့ Wang Zhong Cheng ဆုတံဆိပ်" ကိုရရှိဖို့ပါတဲ့ ။ ဒါပေမဲ့ သူအာဖရိကမှာအလုပ်လုပ်နေစဉ်အတောအတွင်းမှာပဲ ဒေါက်တာကုဟာ MBBS ပဉ္စမနှစ်ကျောင်းသူလေး Su Wei An လို့ခေါ်တဲ့ သူ့ဘဝရဲ့ ချစ်ခြင်းမေတ္တာလေးနဲ့တွေ့ဆုံခဲ့ပါတော့တယ် ။ Su Wei An ...

Love is Panacea ( 2023 )

2023
Twinkling Watermelon (2023) [Complete] 10
Twinkling Watermelon (2023) [Complete] Twinkling Watermelon (2023)******************************အပိုင်းသစ် (၁၆) ဇာတ်သိမ်းပိုင်း 1995 ခုနှစ် တောင်ကိုရီးယား နွေဦးရဲ့ ဖရဲသီးလေးတွေဆီ တစ်ခေါက်သွားကြည့်ရအောင်..Eun Gyeol (Ryeo Un) က ဆွံ့အနားမကြားမိဘတွေနဲ့ တူတူနေနေတာဖြစ်ပြီးဂီတဘက်မှာ ပါရမီပါတဲ့သူပါ။ နေ့ဘက်မှာ စံပြကျောင်းသားဖြစ်ပြီး ညဘက်မှာတော့band တစ်ခုမှာ guitar တီးပါတယ်။ တစ်နေ့မှာတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ဂီတတူရိယာဆိုင်ကနေတစ်ဆင့် မထင်မှတ်ဘဲ 1995 ခုနှစ်ကို အချိန်ခရီးသွားနိုင်ခဲ့တယ်။18 နှစ်အရွယ် အထက်တန်းကျောင်းသား သူ့အဖေ Lee Chan (Choi Hyun Wook),သူ့အမေ Cheong A (Shin Eun Soo) နဲ့ Se Kyung (Seol In Ah) တို့ကိုပြန်တွေ့ခဲ့ရပြီးတော့ Watermelon Sugar ဆိုတဲ့ band လေးကို အတူတူ ဖွဲ့စည်းခဲ့ပါတယ်အဲဒီအချိန်မှာ သူ့အဖေ Lee Chan ကတော့ Seowon ...
10
TMDb: 10/10 1 votes
tv

Twinkling Watermelon (2023) [Complete]

2023
Blooming Days ( 2023 )
Blooming Days ( 2023 ) လော့ချင်းလျန်ဟာ အားကိုးရတဲ့ခင်ပွန်းကောင်းတစ်ယောက်ရှာပြီး ဘဝကိုအေးအေးချမ်းချမ်းနေသွားချင်တဲ့မိန်းကလေးတစ်ယောက်ပါ။ ဒါပေမယ့် လော့ချင်းလျန်က မင်းသားကြီးရဲ့တတိယသား ဟယ်လျန်ရှင်းရဲ့ကိုယ်လုပ်တော်ဖြစ်လာခဲ့ပါတယ်။သူဟာဒီအာဏာလုတဲ့အရှုပ်အထွေးတွေကြားက လွတ်မြောက်ချင်ပေမယ့် အချိန်ကြာလာတဲ့အမျှဟယ်လျန်ရှင်းဟာ သူထင်သလိုဆိုးရွားတဲ့သူမဟုတ်ပဲ ပြည်သူတွေကိုဂရုစိုက်တဲ့လူကောင်းတစ်ယောက်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့ ဟယ်လျန်ရှင်းဘေးမှာပဲဆက်နေဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒီလိုနဲ့ သူတို့နှစ်ယောက်ဟာအာဏာလုပွဲကိုအတူတူရင်ဆိုင်ကြရင်း အချစ်တွေပိုတိုးလာတဲ့အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဒီကားလေးမှာတော့ ထိုင်ဝမ်မင်းသားကြီး Peter Hoက ဇာတ်ဆောင်မင်းသားအဖြစ်ပါဝင်ထားပါတယ်။============================Quality : WEB-DL 1080p , 720p Total Episodes : 36 Format : mp4 Genres : Drama , Romance Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK============================Ep 1 ( 720p ) - Yoteshin / Usersdrive / MegaUp / StreamVid / StreamWishEp 1 ( 1080p ) ...

Blooming Days ( 2023 )

2023
That Winter, the Wind Blows (2013) 7.1
That Winter, the Wind Blows (2013) That Winter, the Wind Blows (2013)*********************************အပိုင်း (၁ မှ ၁၆) စ / ဆုံး အိုဆူး(Jo In Sung)ကတော့ ဒုစရိုက်ကို ခုန်မင်ကာဘဝကို ပေါ့ပျက်ပျက်တွေးရင်း ရှင်သန်နေသူတစ်ဦးဖြစ်ပါတယ်။အိုယောင်း(Song Hye Gyo)ကတော့ မျက်မမြင်သူဌေးသမီးလေးဖြစ်ပြီးငယ်စဉ်အခါက ကွဲကွာသွားတဲ့ အစ်ကိုဖြစ်သူကို လိုက်လံရှာဖွေနေတဲ့ ကောင်မလေးပေါ့။တစ်နေ့မှာ‌တော့ အိုဆူးတစ်ယောက် ဒုစရိုက်လောကရဲ့ ထုံးစံအတိုင်းအရှုပ်အထွေးကြားထဲကို ကျရောက်ပြီး ပိုက်ဆံလိုလာပါတော့တယ်။အဲဒီအချိန်မှာပဲ အစ်ကိုဖြစ်သူကို ရှာ‌နေတဲ့ အိုယောင်းနဲ့တွေ့ပြီးအစ်ကိုဖြစ်သူနဲ့ နာမည်တူနေတာကို သိသွားတဲ့ အိုဆူးတစ်ယောက်သူ့အခက်အခဲကို ဖြေရှင်းဖို့အတွက် အိုယောင်းကို အသုံးချဖို့ကြံပါတော့တယ်...။ ကိုယ်စီ ကိုယ်စီ အချစ်ကို မယုံကြည်ကြတဲ့ လူနှစ်ယောက် ဆုံတွေ့ဖို့ ဖြစ်လာပြီးအခက်အခဲတွေကြားကနေ အချစ်စစ်ကို ဘယ်လိုရှာဖွေ့တွေ့ရှိသွားကြမလဲဆိုတာကိုလှလှပပ ဖော်ကျူးထားတဲ့ Melodrama လေးပဲ ဖြစ်ပါတယ်။ Cast ‌တွေကလည်း တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသား မင်းသမီးတွေဖြစ်ကြတဲ့Jo In Sung၊ Song Hye Gyoနဲ့ ...
7.1
TMDb: 7.1/10 25 votes
tv

That Winter, the Wind Blows (2013)

2013
Lom Phat Phan Dao (2023) 10
Lom Phat Phan Dao (2023) Lom Phat Phan Dao / ကြယ်စင်ခတ်တဲ့လေပြည်ညှင်း 2023ဒေါင် အဖြစ် Aum Patchrapa ဆုန်ဝတ် အဖြစ်Tik Jesdaporn ဝါယု အဖြစ် Kem Hussaweeဇာတ်လမ်းအကျဉ်းသက်လတ်ပိုင်းအရွယ် ဒေါင်ဆိုတဲ့မိန်းကလေးက အလုပ်လုပ်ရင်းပဲ ဘဝကိုဖြတ်သန်းနေတဲ့သူလေးပါအချစ်ဦးနဲ့လွဲခဲ့ကတည်းက ဘယ်ယောကျာ်းလေးကိုမှ စိတ်ဖွင့်မပေးခဲ့သော သူမတစ်နေ့ကျ လူငယ်လေးဝါယု သူမဘဝထဲဝင်ရောက်လာပါတော့တယ်ဝါယုက လူငယ်ပီပီ လွတ်လပ်စွာနဲ့ပဲ အနာဂတ်အစီစဉ်မရှိ ဖြတ်သန်းရင်း ဘဝကို ကုန်ဆုံးနေသူပါဝါယုနဲ့ဒေါင်က မေတ္တာမျှပြီး ပျော်ရွှင်နေကြပေမယ့် အချစ်ဦးဆုန်ဝတ်ပြန်ရောက်လာချိန်မှာတော့အနာဂတ်မတည်မြဲတဲ့ဝါယုနဲ့ တည်ဆောက်ထားတဲ့ဆက်ဆံရေးကိုပြန်လည်သုံးသပ်မိရင်းဒေါင်ဟာ သူမအချစ်ဦးကို ပြန်ရင်ခုန်သွားမလားမောင်လေးရဲ့မမပဲ တသက်လုံးဖြစ်သွားမလားဆိုတာကတော့အချစ်ဇာတ်သက်သက်ဖြစ်တဲ့ ရိုမန့်ဇာတ်ကားလေး “ကြယ်စင်ခတ်တဲ့လေပြည်ညှင်း”ကို ဆက်လက်စောင့်ကြည့်လိုက်ရအောင်ပါTranslated by Nang Mwe Kham & Fake Love & Lei Wutyi TunGenre..... Romance, Drama Quality…. 1080p | 720p File size… 1.2GB | 400MB Format… mp4 Duration…. ...
10
TMDb: 10/10 10 votes
tv

Lom Phat Phan Dao (2023)

2023
Adult Trainee (2021) [Complete] 7.6
Adult Trainee (2021) [Complete] Adult Trainee (2021) ******************** အပိုင်း (၁ မှ ၇) စ / ဆုံး Twinkling Watermelon ထဲက ဟာအွန်းဂယောနဲ့(G)I-DLE ထဲက Miyeonတို့ ပါဝင်ထားတဲ့ web drama လေးပါ။တစ်ကိုယ်ရည်အာသာဖြေမှုကို စွဲလမ်းနေတဲ့ Jae Minရှေးရိုးစွဲ မိန်းကလေးဖြစ်တာကြောင့် ချစ်သူရဲ့ စွန့်ပစ်ခြင်းခံလိုက်ရပြီးတကယ်အချစ်စစ်နဲ့ တွေ့လာတဲ့အခါ ရှေးရိုးစွဲဝါဒီကို ပြုပြင်ဖို့ ကြိုးစားတဲ့ Yu Raရည်းစားတစ်ခါမှ မထားဖူးတဲ့ အဝလွန်နေတဲ့ ကောင်မလေး Na Eunဆယ်ကျော်သက်လေးတွေရဲ့ နေ့စဉ် ကျောင်းသားဘဝ၊ အချစ်ရေး၊ ကြုံတွေ့လာရမယ့် စိတ်ပူပန်မှု‌တွေနဲ့ဟော်မုန်းဓာတ်ကြောင့် ခန္ဓာကိုယ်ဖြစ်စဉ်တွေ ပြောင်းလဲလာတဲ့အခါ စူးစမ်းချင်လာတတ်ကြတဲ့အထန်ကောင်လေးတွေအကြောင်းကို part 3 ပိုင်းခွဲပြီးတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့သဘာဝအတိုင်း ပေါ့ပေါ့ပါးပါး ဟာသနှော ရိုက်ကူးထားတာဖြစ်ပါတယ်။ (အညွှန်းကိုတော့ AHtet မှ ရေးသားပေးထားပါတယ်။) Episodes: 7 Aired: Nov 12, 2021 - Nov 26, ...
7.6
TMDb: 7.6/10 18 votes
tv

Adult Trainee (2021) [Complete]

2021
Scent of Time ( 2023 )
Scent of Time ( 2023 ) ရှေးခေတ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လာပါပြီ။ ဒီကားလေးကတော့အချစ်ဇာတ်လမ်းအပြင် မိန်းကလေးတစ်ယောက်အမှားတွေကိုပြင်ဆင်ပြီး ကြီးပြင်းရင့်ကျက်လာတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဟွာချန်ဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ သူ့ကိုမချစ်တဲ့ကျုံးယဲ့လန်ဆိုတဲ့ သူအတွက်အမှားတွေအများကြီးလုပ်ခဲ့ဖူးတယ်။ နောက်ဆုံးမှာသူ့ရဲ့မိသားစုအိုးအိမ်ပါပျက်စီးရတဲ့ထိဖြစ်ခဲ့တယ်။ကံကြမ္မာအလှည့်အပြောင်းဖြစ်လာတဲ့အချိန်မှာ ဟွာချန်ကရုတ်တရက်နိုးလာတော့ သူကကျုံးယဲ့လန်နဲ့လက်ထပ်တဲ့မင်္ဂလာဦးညကိုပြန်ရောက်သွားခဲ့တယ်။ ကံကြမ္မာတစ်ပတ်ပြန်လည်လာတဲ့အခါ ဟွာချန်ကအရင်ကအတိုင်းအမှားတွေ နောက်တစ်ခါပြန်မဖြစ်အောင် ပြန်လည်ပြင်ဆင်ရင်ကြိုးစားနေထိုင်လာခဲ့တယ်။ သူ့ဘေးမှာရှိတယ်မိသားစုနဲ့မိတ်ဆွေတွေကိုပိုပြီးအလေးထားလာခဲ့တယ်။လမ်းမှားကိုရောက်ခဲ့တဲ့မိသားစုဟာလဲ တဖြည်းဖြည်းနဲ့လမ်းမှန်ပြန်ရောက်လာခဲ့တယ်။ အဲဒီလိုလမ်းမှန်ရောက်ဖို့ကြိုးစားနေတဲ့အချိန်အတောအတွင်းမှာ ပဟေဠိတွေဟာ တဖြည်းဖြည်းနဲ့အဖြေပေါ်လာခဲ့ပြီး သူ့ကိုအရိပ်တစ်ကြည့်ကြည့်နဲ့ စောင့်ရှောက်ပေးနေခဲ့တဲ့ ကျုံးရှီးဝူကိုသတိထားမိလာခဲ့ပြီး သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးဟာ စတင်လာပါတော့တယ်။========================Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK========================Ep 1 ( 720p ) - Yoteshin / Usersdrive / MegaUp / StreamVid / StreamWishEp 1 ( 1080p ) - Yoteshin / ...

Scent of Time ( 2023 )

2023
Campus Beats (2023) 2
Campus Beats (2023) Campus Beats 2023 (သို့) စည်းချက်ကြားကရင်ခုန်သံIMDb-8.6/10နာမည်အတိုင်း စည်းချက်တွေကကွက်တွေကို တစ်ဝကြီး ရှုစားရမဲ့စီးရီးဗျာMAD ဆိုတဲ့ လူကုံထံအသိုင်းအဝိုင်းတွေတက်တဲ့ ကျောင်းတစ်ခုရှိတယ် အဲဒီကျောင်းကိုပဲထောက်ပံ့ကြေးနဲ့လာတက်တဲ့သူတွေလည်းရှိတယ်ရွှေဇွန်းကိုက်သူဌေးသားသမီးတွေက ထောက်ပံ့ကြေးနဲ့ ဝင်လာတဲ့သူတွေကို ဝိုင်းနှိမ်ကြဘလိန်းကြပေါ့ သူတို့ဘလိန်းကြပုံက ထုကြရိုက်ကြမဟုတ် အကတွေပြိုင် တဲလန့်တွေယှဉ်ကြတာ အဲဒီမှာ နီတရာဆိုတဲ့ထောက်ပံ့ကြေးနဲ့ ဝင်လာတဲ့ကောင်မလေးကို ရီဟာနာတို့အဖွဲ့ကပြဿနာရှာကြရာကစပြီး ရီဟာနာဘက် နီတရာဘက်ဆိုပြီး ကွဲကြပြိုင်ကြဖြစ်ရော ၊ နီတရာရဲ့ ထူးခြားတဲ့ပုံလေးကိုကြွေသွားတာ ပျိုတိုင်းကြိုက်လူချောလေး အီရှန်နီတရာဆိုတာက ထောက်ပံ့ကြေးနဲ့ ဝင်လာတဲ့ သာမန်ဆင်းရဲသူလေးမဟုတ် MAD ကျောင်းအတွင်းဖြစ်သွားတဲ့ အမှုတစ်ခုကိုစုံစမ်းဖို့ရုပ်ဖျက်ပြီး ဝင်လာတဲ့သူ....သူစုံစမ်းနေတဲ့အမှုက ဘာများလဲ သူနဲ့အီရှန်တို့ဇာတ်လမ်းကရော ဘယ်လိုဆက်ဖြစ်လာမလဲ အချောလေးတစ်သိုက် အကအခုန်လေးတွေနဲ့အတူ ရှုစားကြည့်ပါဦးအညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ V ~ Alex ~ ToMo ~ BpL ~ Zwe ~ Yunni ~ Dee တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link ...
2
TMDb: 2/10 1 votes
tv

Campus Beats (2023)

2023
Loving You ( 2023 )
Loving You ( 2023 ) ဒီဇာတ်ကားလေးကတော့ EXO အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Huang ZiTao နဲ့ မင်းသမီး Wang He Run တို့ main role ကနေပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ။ ဇာတ်ကားရဲ့ ဇာတ်လမ်းအကျဉ်းလေးက -တိကုဆရာဝန်မလေး ထျန်ထျန်ဟာ နိုင်ငံခြားမှာပညာသင်ရင်း တကယ့်ဆရာဝန်တစ်ယောက်ဖြစ်လာဖို့အိပ်မက်မက်နေတဲ့သူတစ်ယောက်ပါ ။ ဒါပေမဲ့ မိသားစုထဲမှာ မမျှော်လင့်ထားဘဲ ပြဿနာတစ်ခုဖြစ်လာခဲ့ပါတယ် ။ အဲ့ပြသနာကတော့ ဖခင်ဖြစ်သူရဲ့အပြင်းအထန် ဖျားနာမှု့ဖြစ်ပြီး ထျန်ထျန်တစ်ယောက် မလွှဲမရှောင်သာ သူ့ဖခင်ရဲ့ သွေးနဲ့ချွေးနဲ့ရင်းပြီးတည်ထောင်ခဲ့တဲ့ "ထျန်လင်" တိကုဆေးရုံကို လက်‌လွှဲပြောင်းယူဖို့ဖြစ်လာခဲ့ပါတယ် ။တစ်ဖက်မှာကလည်း တရုတ်ပြည်ရဲ့ နာမည်ကြီးစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ လွီချွမ်းရဲ့ ဥက္ကဌလောင်းဖြစ်တဲ့ ရှန်မိဟာ ကုမ္ပဏီကကိစ္စတစ်ခုကြောင့် စီးပွားရေးမပြေလည်တဲ့ တိမွေးကုဆေးရုံတစ်ရုံကိုလိုက်ရှာနေခဲ့တဲ့အချိန်ဖြစ်နေပြန်ပါတယ် ။ အဲ့လိုနဲ့ ထျန်ထျန်တာဝန်ယူထားတဲ့ ဘဏ္ဍာရေးအခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ တိမွေးကုဆေးရုံကိုရှာတွေ့သွားရာက....ထျန်ထျန်တစ်ယောက် ရှန်မိရဲ့ ရင်းနှီးမြှပ်နှံမှု့လုပ်ချင်တဲ့‌ေတာင်းဆိုမှု့ အပေါ် လက်ခံလိုက်မလား ? သူတို့နှစ်ယောက် ဘယ်လိုမျိုးစီးပွားရေးအတူလုပ်ဖြစ်သွားမလဲ ? ဘယ်လိုမျိုးသံယောဇဉ်တွေတွယ်မိပြီး ချစ်မိသွားမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ရသမျိုးစုံနဲ့ကြည့်ရှု့ခံစားပေးကြပါဦး===========================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres ...

Loving You ( 2023 )

2023
Only Friends (2023) 9
Only Friends (2023) Only Friends (2023)အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေရှိလား????? ထိုင်း BL ထဲမှာ တော်တော်လေး ဟော့တဲ့ စီးရီးလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေအကြောင်း တင်ဆက်ထားတဲ့ စီးရီးလေးမို့ မြည်းစမ်းကြည့်သင့်ပါတယ်နော်။ဒီဇာတ်လမ်းမှာ မြူ၊ ရေး၊ ဘော်စတန် နဲ့ ချီအမ်တို့က Business ကျောင်းသားတွေဖြစ်ပြီး အရမ်းခင်ကြတဲ့ ဘော်ဒါတွေပါ။ သူတို့ဟာ ဘွဲ့စာတမ်းအတွက် အဖွဲ့လိုက် Hostel Project လုပ်နေကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ ပရောဂျက်မှာ ကူညီဖို့ ဘော်စတန်က တော့ပ် ဆိုတဲ့သူကို အဖွဲ့ထဲ ခေါ်လာခဲ့ပါတယ်။ အဲဒီမှာပဲ တော့ပ်ဟာ မြူကို စိတ်ဝင်စားသွားပြီး မြူကို ရဖို့ ကြံစည်ပါတော့တယ်။ မြူကတော့ စာကိုပဲ အလေးပေးပြီး သူ့ဘဝမှာ sex တို့ ရည်းစားတို့အတွက် အချိန်မပေးထားတဲ့သူပါ။ တော့ပ်က မြူကို စိတ်ဝင်စားလာတဲ့အပေါ် ဘော်စတန်ကလည်း သဘောမကျနေသလို ရေးကလည်း သဘောမကျနေခဲ့ပါဘူး။ မြူက တကယ်ပဲ တော့ပ်ကို စိတ်ဝင်စားသွားမလား၊ အကြောင်းပြချက်ကိုယ်စီနဲ့ သဘောမကျနေတဲ့ သူငယ်ချင်းနှစ်ယောက်ကရော မြူ့အပေါ် ...
9
TMDb: 9/10 3 votes
tv

Only Friends (2023)

2023
Bon Appetit (2023) [Complete] 9
Bon Appetit (2023) [Complete] Bon Appetit (2023)******************အပိုင်း (၁ မှ ၈) စ/ဆုံး BL Fanတွေအတွက် ဟိုးတလောကမှ ထွက်ထားတဲ့ ရင်တဒိတ်ဒိတ်ခုန်စေမယ့်ကိုးရီးယား BL ဇာတ်ကားလေး တင်ပေးလိုက်ပါတယ်နော်။ဇာတ်လမ်းအညွှန်းတစ်နေ့ကို ထမင်းတစ်နပ် ဖြစ်သလိုပဲစားလေ့ရှိတဲ့ ဒိုဟွန်း(Yoo JeongHoon)ရဲ့ဘေးအိမ်ကို  ဟင်းချက်တော်တဲ့ ထူးဆန်းတဲ့ကောင်ငယ်လေး ယွန်းဆူ(Lee KiTaek)ကအိမ်ပြောင်းလာပါတော့တယ်။အဲဒီလိုနဲ့ မထင်မှတ်ဘဲ ညနေဘက်တိုင်း နှစ်ယောက်အတူ ညစာစားဖြစ်လာကြတဲ့အခါမှာတော့တဖြည်းဖြည်း ဘယ်လိုနီးစပ်လာပြီး ချစ်မိသွားကြမလဲဆိုတာကို စောင်ကိုက်ရင်းကြည့်ရှုရမယ့် ရိုမန့်စ်ဒရာမာလေး ဖြစ်ပါတယ်။Bon Appetit ဆိုတာက ပြင်သစ်ဘာသာစကားအနေနဲ့ "အရသာရှိရှိသုံးဆောင်ပါ"ဆိုတဲ့ အဓိပ္ပါယ်ဖြစ်တာမလို့အရောင်အသွေးစုံလင်တဲ့ ဟင်းလျာတွေနဲ့အတူ ရင်ခုန်စရာ ရိုမန့်စ်လှလှလေးတွေကိုမြင်တွေ့ရမှာမလို့သွားရည်ကျရင်း ကြည့်လိုက်ကြရအောင်နော်။ Aired: Sep 27, 2023 Aired On: Wednesday Genres: Food, Romance Duration: 30 mins Episodes: 8 Original Network: iQIYI Translated by Hsu Pyae, Hay Thar Oo, Stary & Miri Encoded ...
9
TMDb: 9/10 3 votes
tv

Bon Appetit (2023) [Complete]

2023