Channel Myanmar

Thriller

Rugal (2020)
Rugal (2020) Rugal (2020)===========Korea MyDrama List မှာ Rating 9.1/10 ထိရရှိထားပါတယ်။#Unicodeကိုရီးယားကားဆို အချစ်ကားချည်းပဲ မထင်ကြပါနဲ့။ ဒီလို အက်ရှင်ကားကောင်းကောင်းတွေလည်း ရှိပါတယ်။ရဲအက်ရှင်ကို နည်းပညာနဲ့ ပေါင်းစပ်လိုက်တော့ တော်တော်ကြီး ကောင်းတဲ့ကား ဖြစ်သွားတာပါပဲ။ ဇာတ်လမ်းကတော့ "ရူဂယ်" ဆိုတဲ့ အထူးလျှိူ့ဝှက်တပ်ဖွဲ့ အကြောင်းပါ။ ဘယ်လို တပ်ဖွဲ့မျိုးလဲဆိုတော့ ချိုကျိုးနားရွက်ပဲ့တပ်ဖွဲ့ပါ။ မျက်စိကန်းတဲ့လူ၊ တစ်ကိုယ်လုံးမီးလောင်ထားတဲ့လူ၊ ခေါင်းကို ကျည်ဆံမှန်ထားတဲ့လူ နဲ့ လက်ကို ထိခိုက်ထားတဲ့လူ တွေ ပါပါတယ်။ ဒီလူတွေကို နည်းပညာနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ သူမတူအောင် ထူးခြားသွားပါတော့တယ်။ မျက်စိမမြင်တဲ့လူကို လူကဖန်တီးတဲ့ မျက်စိ ထည့်လိုက်တဲ့ အချိန်မှာတော့ မျက်စိပြန်မြင်လာရတဲ့အပြင် မျက်စိကနေ အချက်အလက်တွေ ရလာပါတယ်။ စောင့်ကြည့်ကင်မရာလို အသုံးချလို့ ရလာပါတယ်။တခြားလူတွေလည်း အားနည်းချက်ကို ပြုပြင်လိုက်တဲ့အခါမှာ အားသာချက်တွေ ပြန်ဖြစ်လာကြပါတယ်။သူတို့အဖွဲ့က "အားဂို့စ်" ဆိုတဲ့ အဖွဲ့အစည်းနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့.....Webtoon ...

Rugal (2020)

2020
Truth Be Told (2019) 7.4
Truth Be Told (2019) Truth Be Told 2019 IMDB rating -7.5  UnicodeCM ပရိသတ်ကြီးအတွက် rating အလန်းစီးရီကားတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ Crime, Dram, Thriller ဇာတ်လမ်းကြိုက်သူတွေအတွက်လုံးဝလက်မလွှတ်သင့်ဇာတ်ကားလေးပါ။ ဒီဇာတ်လမ်း စီးရီးကို Apple TV+ က ထုတ်လွှင့်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းက ဝေါ်ရိန်ကေ့ဗ်တစ်ယောက်တက္ကသိုလ်ကျောင်းဆရာတစ်ယောက် ချာ့ခ်ဘာမန် ကိုသတ်တယ်ဆိုတဲ့အမှုကနေစထားပါတယ်။ ဝေါ်ရိန်ကေ့ဗ်ကိုစွပ်စွဲထားတဲ့အမှုဟာ သက်သေခိုင်လုံတဲ့အတွက်ကြောင့်မဟုတ်ဘဲ ချာ့ခ်ဘာမန်ရဲ့သမီး လန်နီဘာမန်ရဲ့မျက်မြင်ထွက်ဆိုချက်ရယ်အိမ်ထဲမှာလက်ဗွေရာကျန်ခဲ့ဆိုတာရယ်ကြောင့် ထောင်ကျခဲ့ရတာပါ။ ဒါ့အပြင် The New York Time မဂ္ဂဇင်းရဲ့သတင်းထောက် ပေါ့ပီပေါ်နယ်ရဲ့ သတင်းအရေးအသားတွေကြောင့် ဝေါ်ရိန်ကိုထောင်ကျဖို့ပိုမိုခိုင်လုံသွားခဲ့တာပါ။ ဒါပေမယ့် ဝေါ်ရိန်ရဲ့အမေဟာသူ့သားအပြစ်ကင်းကြောင်း ပြဖို့နှစ်နှစ်ဆယ်လုံးလုံးရှာဖွေခဲ့ပါတယ်။ တစ်နေ့မှာတော့ လန်နီရဲ့သက်သေထွက်ဆိုချက်ဟာမှားကြောင်းဗီဒီယို ထွက်လာခဲ့ပါတယ်။ အဲ့ဒါကြောင့်တရားရုံကိုပြန်လည်လျှောက်ထားခဲ့ပါတယ်။အဲဒီအချိန်မှာ ပေ့ါပီဟာလဲတရားရုံးမှာရှိနေခဲ့ပါတယ်။ အဲ့ဒါကြောင့်ပေ့ါပီဟာ သူ့ကြောင့်အပြစ်မဲ့ကလေးတစ်ယောက်ကိုထောင်ကျအောင်လုပ်မိပြီဆိုပြီး နောင်တတွေရပြီး ဝေါ်ရိန်ရဲ့အမှုကိုအစအဆုံးကိုပြန်လိုက်ခဲ့ပါတယ်။ ပေ့ါပီဟာ ဝေါ်ရိန်အပြစ်မရှိဘူးဆိုတာယုံကြည်ပြီး ချာ့ခ်ဘာမန်ကိုဘယ်သူတွေသတ်တာလဲ ဘာကြောင့်သတ်တာလဲ သူ့သမီးကရောဘာလို့လိမ်ညာထွက်ဆိုတာလဲ ။ နောက်ကွယ်ဘယ်လိုအရာတွေရှိမှာလဲ၊ နောက်ထပ်ဘယ်လိုအကြောင်းအရာတွေရှိဦးမလဲ၊ စတဲ့အရာတွေကို ပေ့ါပီတစ်ယောက်ဘယ်လိုဖော်ထုတ်မလဲဆိုတာစိတ်ဝင်တစားနဲ့ကြည်ရှုရမယ့်ဇာတ်လမ်းကောင်းလေးမို့လို့တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin နဲ့ d3mon တို့ပဲဖြစ်ပါတယ်။)   Quality – 720p ...
7.4
TMDb: 7.4/10 9 votes
tv

Truth Be Told (2019)

2019
The Rain season 2 (2019) 6.4
The Rain season 2 (2019) The Rain (Season 2) အပိုလွန် အဖွဲ့အစည်းလက်ကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ မောင်နှမနှစ်ယောက်ဟာ ဒီဗိုင်းရပ်စ်ပိုးအတွက် ဖြေဆေးကို ရှာပေးနိုင်မယ့် လူတစ်စု နဲ့ တွေ့ခဲ့ပါတယ်။ ကာကွယ်ဆေးဖော်ထုတ်ဖို့က ပိုးကို သေချာစစ်ဆေးနိုင်မှ ရှာဖွေနိုင်မှာပါ။ ရောဂါပိုး ရှိနေတဲ့ မောင်ဖြစ်သူကို ဒီလူတစ်စုက သွေးကို ထုတ်ပြီး ကာကွယ်ဆေး ထုတ်ဖို့ ပြင်ဆင်ပါတော့တယ်။ အဲဒီအချိန်မှာတော့ ..... ဒီလူတွေက တကယ်ရော ကာကွယ်ဆေး ဖော်ထုတ်နိုင်ပါ့မလား? အပိုလွန် အဖွဲ့အစည်းကရော ဒီမောင်နှမကို ပြန်ဖမ်းမိမှာလား? ဒီအဆိပ်သင့်မိုးရေတွေကို သူတို့ ဘယ်လိုရှောင်ရှားကြမလဲ? Season 1 မှာ မရှင်းလင်းခဲ့တာတွေ Season 2 မှာ အဖြေတချို့ ပေါ်တော့မှာပါ။ လျှို့ဝှက်ချက်တွေက ဘာတွေ ဖြစ်မလဲ????? File size…360mb Quality…1080p WEB-DL.DD.5.1 H264 FGT Format…mp4 Duration…45min Subtitle….Myanmar Subtitle (Hardsub) Encoder…sithu Translator…Underdogs OperationZip File - VIP  / Megaup/  Yoteshin
6.4
TMDb: 6.4/10 124 votes
tv

The Rain season 2 (2019)

2018
Typewriter (2019) Season 1 [COMPLETE] 7.7
Typewriter (2019) Season 1 [COMPLETE] ဒီတစ်ခါတော့ Bollywood ပရိသတ်ကြီးအတွက် Mystery ဇာတ်ကားကောင်းတွေဖြစ်တဲ့ Kahaani, Kahaani 2 & Badla တို့ရဲ့ ဖန်တီးရှင် Sujoy Ghosh ရဲ့ ဇာတ်လမ်းတွဲတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်Mystery, Horror ကြိုက်နှစ်သက်သူတွေအတွက် လက်လွတ်မခံသင်တဲ့ ဇာတ်လမ်းတွဲတစ်ခုပါပဲNetflix က ထုတ်လွှင့်တာဖြစ်ပြီး ၅ ပိုင်းနဲ့အပြီးပါပဲဇာတ်လမ်းလေးကတော့ နာမည်ကျော် သရဲဝတ္ထုစာရေးဆရာကြီး မာဒက် မက်သရူးဟာ သူ့နေအိမ်ကြီးဖြစ်တဲ့ ဘာဒက်ဇ် ဗီလာမှာ ထူးဆန်းစွာသေဆုံးသွားခဲ့ပါတယ်အဲ့ဒိအချိန်ကျန်ရှိခဲ့တာတော့ တစ်ဦးတည်းသော မြေးမလေးပါပဲ နှစ်တွေကြာသွားတော့ ဒီအိမ်ကြီးဟာ သရဲတစ္ဆေခြောက်လှန့်တယ်ဆိုတဲ့သတင်း ပျံ့နှံ့နေပါတယ်အဲ့ဒိအိမ်ကြီးထဲဝင်ပြီး သရဲတစ္ဆေရှာဖွေချင်နေတဲ့ ချာတိသုံးယောက်လည်းရှိပါတယ်ဒါပေမဲ့ မထင်မှတ်ထားဘဲ ထိုအိမ်ကြီးကို မိသားစုတစ်စုပြောင်းလာတဲ့အခါမှာတော့ သူတို့ရဲ့အကြံစည် အကောင်ထည်ဖေါ်နိုင်ပါ့မလား ...ဒီမိသားစုအသစ်ကရော ဘယ်သူတွေလဲ ...သူတို့တွေဆီကို ဘယ်လိုထူးဆန်းမှုတွေ ရောက်ရှိလာမလဲဆိုတာကိုတော့ ...(ဘာသာပြန်ပေးထားသူတွေကတော့ ကိုဇော်ထူး ပါ) Quality – 720p NF WEB-DLDuration – 1hr ...
7.7
TMDb: 7.7/10 3 votes
tv

Typewriter (2019) Season 1 [COMPLETE]

2019
Kill It(2019)Season 1 6.3
Kill It(2019)Season 1 Kill It(2019) ဇာတ်လမ်းတွဲစ/ဆုံးဂင်ဆူယွန်းဆိုတဲ့ လူငယ်လေးဟာ ငယ်ငယ်လေးကထဲက ကြေးစားလူသတ်သမားတစ်ဦးရဲ့ပြုစုပျိုးထောင်မှုကြောင့်တိုက်ရည်ခိုက်ရည်မျိုးစုံနဲ့ လူသတ်နည်းမျိုးစုံကို လက်ဆင်ကမ်းအမွေရထားသူဖြစ်တယ်...အဆင့်မြင့်ကြေးစားလူသတ်သမားဖြစ်သူရဲ့သင်ကြားမှုကြောင့် ပင်ကိုယ်ပါရမီပါတဲ့ ဒီလူငယ်လေးဟာ ဆရာတစ်ဆူလိုပါပဲ.....ပြောရရင်ကြေးစားလူသတ်အသိုင်းအဝန်းမှာ ကျင်လည်နေတဲ့သူတစ်ယောက်...ဒိုယောင်းဂျင် ဆိုတဲ့ကောင်မလေးကတော့ စုံထောက်တစ်ယောက်...သူက အမှုသွား အမှုလာတွေကို ချဉ်းကပ်ပုံ ၊စဉ်းစားပုံ၊ဆက်စပ်တွေးတောပုံတွေက အရွယ်နဲ့မလိုက်အောင်ထက်မြက်လွန်းတဲ့သူ....ထူးဆန်းတဲ့လူသေမှုတွေကြောင့်ဂင်ဆူယွန်းတို့ရှိတဲ့ဘက်ကို အမှုလိုက်ဖို့စေလွှတ်ခြင်းခံထားရတဲ့သူ....ဒီကားက 2019 ခုနှစ်ထွက် ကိုးရီးယားဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး စုံထောက်မှုခင်း အက်ရှင်ဇာတ်လမ်းတွဲတစ်ခုဖြစ်တယ်...ရုရှားမာဖီးယားဂိုဏ်းတွေလည်းပါသလို မူးယစ်ဂိုဏ်းတွေ မူးယစ်ဆေးတွေ၊အတွဲလိုက် လူသတ်မှုတွေပါဝင်တယ်..ဖိုက်တင်ခန်းတွေလည်းအတော်ကောင်းသလို လက်နက်မျိုးစုံကိုလည်းသုံးထားတာတွေ့ရတယ်..မှုခင်းလိုက်တဲ့အချိန်မှာ ဆက်စပ်တွေးခေါ်ပြီး အမှုလိုက်ပုံစံတွေကလည်း တော်တော်လေးကိုပညာသားသလိုအပိုင်း(၁)မှာတင် လျှိုှုဝှက်ချက်ပေါင်းများစွာနဲ့ ဇာတ်လမ်းကိုစထားတယ်...ကြေးစားလူသတ်သမားဖြစ်တဲ့ ဂင်ဆူယွန် ရဲ့ မိဘတွေက ဘယ်သူဘယ်ဝါလဲမဖော်ပြထားတဲ့အပြင်ရှေးယခင်ကထဲက မဖော်နိုင်သေးတဲ့ အကြီးပိုင်းလူသတ်မှုတွေကလည်း ရှိနေပြန်တယ်...ပြောရရင် ဇာတ်လမ်းဇာတ်ကွက်ကောင်းသလို အတော်ကိုဆွဲဆောင်မှုရှိတဲ့ဇာတ်လမ်းတွဲလို့ဆိုရမှာဖြစ်တယ်...မှုခင်း အက်ရှင်ကားတွေကိုကြိုက်တဲ့သူတွေအဖို့ကြည့်သင့်ပါကြောင်းညွှန်းဆိုပါရစေ...(၁၂)ပိုင်းထွက်ရှိပြီး စ/ဆုံးတင်ဆက်ပေးထားပါသည်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN , Cynthia,May Phyu Zaw နဲ့ May Tharaphi Lwin ပဲဖြစ်ပါတယ်...Quality – 720p  WEB-DLDuration – ...
6.3
TMDb: 6.3/10 3 votes
tv

Kill It(2019)Season 1

2019
Boru (2018) 8.7
Boru (2018) Wolf mini-series (2018) ဟာ Netflix ကလႊင့္တဲ့Turkish mini series ပါ။စစ်ကားကောင်းတွေကိုမှကြည့်ချင်တဲ့ စစ်ကားပရိတ်သတ်တွေအတွက်ဒီ ၆ ပိုင်းသာပါရှိတဲ့ မီနီ စီးရီးလေးက စစ်ပွဲတွေရဲ့ရသတွေကိုပေးနိုင်မှာပါ...ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်အချိန်ပေးပြီးကြည့်ရကျိုးနပ်မှာပါ...တပိုင်းချင်းစီရဲ့ ကြာမြင့်ချိန်က ဇာတ်ကားတစ်ကားကြည့်ရတဲ့အချိန်နဲ့တူညီမှာဖြစ်ပြီးတော့ ကြာမြင့်ချိန်၁ နာရီ ကျော်ရှိပြီးတော့ ကြည်လက်ပြတ်သားတဲ့ရိုက်ချက်တွေနဲ့ကြည့်ရမှာဖြစ်ပါတယ်...IMDB Rating 8.6 ရရှိထားပြီးတော့ တပိုင်းချင်းဆီရဲ့Rating တွေကလည်း တော်တော်ကောင်းပါတယ်...စစ်ဆင်ရေးအခန်းတွေကိုလည်းတကယ့်အပြင်မှာဖြစ်နေသလိုမျိုးရိုက်ထားတာဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်းကတော့အထူးတပ်ဖွဲ့Wolfအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။စစ်ကားပရိတ်သတ်များအကြိုက်တွေ့စေမယ့် စီးရီးဖြစ်ပါတယ်.... Translator .... Ye Man AungEncoder .... Moe Myint Lwin  Complete Zip File  Yoteshin  /  VIP  /  Megaup  
8.7
TMDb: 8.7/10 4 votes
tv

Boru (2018)

2018
Priest (2018)[ဇတ်လမ်းတွဲ စ/ဆုံး]
Priest (2018)[ဇတ်လမ်းတွဲ စ/ဆုံး] Priest (2018)[ဇတ်လမ်းတွဲ စ/ဆုံး] အပိုင်း(၁ မှ ၁၆) ထိ စ/ဆုံးရပါပြီ CM ကိုရီးယားဇာတ်လမ်းတွဲပရိသတ်တွေအတွက် ဒီတစ်ခါ အသစ်ထွက်တဲ့ Priest ဆိုတဲ့ Series သစ်လေးကိုမိတ်ဆက်ပေးချင်ပါတယ်။ ဒာရိုက်တာ Kim Jong Hyeon ရိုက်ကူးပြီး OCN ရုပ်သံမှတစ်ပတ်ကို ၂ပိုင်းထွက်ရှိမှာဖြစ်ပြီး စုစုပေါင်း ၁၆ပိုင်းထွက်ရှိမှာပါ။ ဒီဇာတ်ကားလေးကတော့ မကောင်းဆိုးရွှားနှိမ်နင်းတဲ့ဇာတ်လမ်းလေးဖြစ်ပြီး ဇာတ်ဆောင်မင်းသားဟာ ငယ်စဉ်ကမိခင်ဖြစ်သူမကောင်းဆိုးဝါးပူးတာကိုကြုံတွေ့ခဲ့ရတာပါ။ တစ်ဖက်မှာလည်း ဟန်အူနိုဆိုတဲ့ဆရာဝန်မလေးဟာ ငယ်စဉ်ကမိဘတွေမတော်တဆမှုကြောင့် လူတွေကိုကူညီကုသပေးချင်သူဖြစ်နေပာတ်။ ဘုရားသခင်ဆိုတာကိုမယုံကြည်ပဲနေသူဖြစ်ပေမယ့် ဆေးရုံမှာအလုပ်လုပ်ရင်း သဘာဝလွန်ဖြစ်ရပ်တွေကိုကြုံတွေ့လာရချိန်မှာ ငယ်စဉ်ကစိတ်ဒဏ်ရာနဲ့ကလေးငယ်ဆိုတာကို ၂ယောက်ဘယ်လိုတွေ အများကိအူအညီပေးမလဲဆိုတာ စောင့်ကြည့်အားပေးလိုက်ကြပါဦး။  (ဘာသာပြန်တင်ဆက်ထားသူများကတော့  ကိုသူရနဲ့မေသရဖီ ဖြစ်ပါတယ်။)  Quality – 720p HDTV NextDuration – 60min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre : Horror,Mystery,ThrillerSource : 720p HDTV AAC H.264-NEXTTranslator - Thura Zarni Aung & May Tharaphi ...

Priest (2018)[ဇတ်လမ်းတွဲ စ/ဆုံး]

2018
City Hunter (2011)
City Hunter (2011) ဒီစီးရီးလေးကတော့ F4 ဇာတ်လမ်းတွဲနဲ့နာမည်ကြီးလာတဲ့ မင်းသားလီမင်ဟိုရဲ့ဒုတိယအအောင်မြင်ဆုံးစီးရီးတစ်ခုဆိုရင်လည်းမမှားပါဘူး...ဒီစီးရီးလေးရဲ့အကြောင်းကိုပြောရမယ်ဆိုရင် ဇာတ်လမ်းစထားကတည်းကကျွန်တော်တို့မြန်မာပြည်အကြောင်းနဲ့စထားတာပဲဖြစ်ပါတယ်....မြန်မာခေါင်းဆောင်ကြီးတွေရဲ့ဗိမာန်ကိုလာဂါရဝပြုတဲ့ တောင်ကိုရီးယားသမ္ပတကိုမြောက်ကိုရီးယားဘက်ကလုပ်ကြံတဲ့အတွက်ကြောင့် မြန်မာလူမျိုးများအပါဝင်တောင်ကိုရီးယားရဲ့ခေါင်းဆောင်ပိုင်း သံရုံးဝန်ထမ်းအချို့သေဆုံးခဲ့ရပါတယ်...ဒီလုပ်ရပ်ကြောင့် တောင်ကိုရီးယားအထက်ပိုင်းအရာရှိကြီးများမခံရပ်နိုင်ဖြစ်ကာမြောက်ကိုရီးယားဘက်ကိုသုတ်သင်ရှင်းလင်းရေးတပ်ဖွဲ့တိတ်တဆိတ်စေလွှတ်ခဲ့ရာကနေပြီးတော့ဇာတ်လမ်းကိုပထမပိုင်းတည်းကနေ အရှိန်တက်အောင်စွဲဆောင်ထားနိုင်ခဲ့ပါတယ်.....Rating 8.3 ရှိတဲ့ ဒီစီးရီးလေးဟာ တောင်ကိုရီးယားနိုင်ငံတွင်ရိုက်ကူးခဲ့ရုံမဟုတ်ပဲထိုင်းနိုင်ငံမှာပါ အမြင်ဆန်းအောင်ရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်...ဒီစီးရီးကိုညွှန်းရမယ်ဆိုရင်တော့ ဇာတ်လမ်းတစ်ခုလုံးကိုပြောရမှာဖြစ်လို့ ကြည့်ရှု့ပြီးကိုယ်တိုင်သာဆုံးဖြတ်ကြပါ...ကြာနေပြီဖြစ်တဲ့ ဒီစီးရီးလေးကို အမှတ်မထင်ကြည့်မိတာကနေ ကြိုက်မိသွားလို့မကြည့်ရသေးတဲ့ပရိသတ်တွေအတွက်ကော ကြည့်ပြီးသွားတဲ့ ပရိသတ်တွေပါQuality ကောင်းကောင်းဘာသာပြန်ကောင်းကောင်းနဲ့ပြန်လည်ကြည့်ရှု့နိုင်ရန်တင်ဆက်ပေးလိုက်ရပါတယ်...Review by Moe Myint LwinDuration ...... 1 hourQuality ...... HDTV 720pTranslator ...... Moe Myint LwinEncoder ...... Moe Myint Lwin Episode (1)  Yoteshin Link / Userdrive Link  Episode (2) Yoteshin Link / Userdrive Link Episode (3) Yoteshin Link / Userdrive Link  Episode (4) Yoteshin Link / Userdrive Link Episode(5) Yoteshin Link ...

City Hunter (2011)

Chojin Sentai Jetman (1991) 8.6
Chojin Sentai Jetman (1991)   Channel Myanmar နှင့်​ Solid-Drama ပူး​ပေါင်းတင်​ဆက်​သည်​ ဒီလိုမျိုး Tokusatsu Series​တွေ စကြည့်​​တော့မယ်​ဆိုရင်​ Tokusatsuဆိုတာ ဘာလဲဆိုတာသိဖို့ Tokusatsu အ​ကြောင်းကို ဒီမှာ ဖတ်​ကြည့်​လိုက်​ပါ Tokusatsu ဆိုတာ- https://m.facebook.com/story.php?story_fbid=172067213345280&id=152942318591103 ဒီSeries​​လေးက ကား​ဟောင်း​လေးဆို​တော့ သိပ်​မကြည့်​ချင်​ကြဘူးဆိုရင်​... ဒီ Review​လေးဖတ်​ပြီး ကြည့်​ဖတ်​​အောင်​ကြည့်​လိုက်​ပါ​။ ဇာတ်​လမ်းတစ်​ခုလုံးပြီးတဲ့အခါ ကြည့်​ရတာ လုံးဝစိတ်​မပျက်​သွား​စေရပါဘူး... Imdb Rating 8.6အထိရထားတဲ့ ​Showa​ခေတ်​ဟောင်း​​ဇာတ်​လမ်းတွဲ​လေးမို့ သိမ်းထားသင့်​ပါတယ်​လို့ အရင်​​ပြောပါရ​စေ... Chouji sentai Jetman (1991) Review​လေးပါ... ဟောင်းပေမဲ့ကောင်းနေဆဲ ဆန်တိုင်းဇာတ်လမ်းတွဲတခုဖြစ်ပါတယ်... ဇာတ်လမ်းအကျဉ်း။ ။(Spoil ပါဝင်နိုင်သည်) အပြည်ပြည်ဆိုင်ရာ ကာကွယ်ရေးအဖွဲ့အစည်းတခုက စွမ်းအားမြင့်စစ်သည်တွေဖန်တီးဖို့ Birdonic wave ဆိုတဲ့ စွမ်းအင်တမျိုးကိုတီထွင်ခဲ့ပါတယ်။ ငှက်လူသားစွမ်းအားကိုရရှိစေမယ့်နည်းပညာပေါ့။ ရီယူး(Ryu) နဲ့ ရိအဲ(Rie)တို့ စုံတွဲဟာ ပထမဆုံး Jetman အဖြစ်ရွေးချယ်ခံရတဲ့ တပ်ဖွဲ့ဝင်နှစ်ဦးပေါ့။ ဒါပေမဲ့ အာကာသထဲမှာရှိတဲ့ အပြည်ပြည်ဆိုင်ရာကာကွယ်ရေးဌာနပိုင် စမ်းသပ်ခန်းမှာ ရီယူး ကို Birdonic wave နဲ့ပြောင်းလဲပြီးချိန် တခြားစကြဝဠာကလာတဲ့ Vyram ဆိုတဲ့ နယ်ချဲ့တစုက ...
8.6
TMDb: 8.6/10 votes
tv


1991