Channel Myanmar

Amazon

Reacher (2022) Season 1 + 2 8.3
Reacher (2022) Season 1 + 2 Reacher (2022) Season 1 +2(function(f,b,n,j,x,e){})();အမေရိကန်ရုပ်ရှင်ဇာတ်လမ်းတွဲတွေကိုမှ ကြိုက်ပါတယ်ဆိုတဲ့ ပရိတ်သတ်ကြီးတွေအတွက် ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ပူပူနွေးနွေး ထွက်ရှိထားတဲ့ မှုခင်းစုံထောက် အက်ရှင် စီးရီး ကို Channel Myanmar ကနေ တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ဒီစီးရီးက စာရေးဆရာကြီး Lee Childရဲ့ နာမည်ကျော် လူကြိုက်များခဲ့တဲ့ Jack Reacher စာအုပ်တွဲတွေထဲက Killing Floorဆိုတဲ့ ပထမဆုံး စာအုပ်ကို အသက်သွင်းထားတဲ့ စီးရီးပါ။ မင်းသားကြီး Tom Cruise နဲ့ Jack Reacher နှစ်ကား ထွက်ထားပေမယ့်လဲ PG 13ဆိုတော့ တချို့တွေ အားမရခဲ့ကြဘူးပေါ့ဗျာ။(function(f,b,n,j,x,e){})();အခုတော့ The Boys ၊Invicible ၊ Carnival Rowတို့လို ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ စီးရီးတွေ ထုတ်ခဲ့တဲ့ Amazon Prime Videoကနေ အပိုင်း ၈ပိုင်းပါတဲ့ Reacher စီးရီးအဖြစ် ပြန်အသက်သွင်းလိုက်ပါပြီ။ စီးရီးဖြစ်လို့ ဇာတ်အိမ်ကလဲ အသေးစိတ် ကျယ်ပြန့်ပြီး၊ အရွယ်ရောက်ပြီးသူများသာ ကြည့်ရမယ်ဆိုတဲ့ TV-MA ...
8.3
TMDb: 8.3/10 18 votes
tv

Reacher (2022) Season 1 + 2

2022
Upload (2020-2023) Season 1+Season 2+Season 3 8.7
Upload (2020-2023) Season 1+Season 2+Season 3 Upload(2020 - 2023)ဇာတ်လမ်းတွဲ(function(f,b,n,j,x,e){})();**************************ကျွန်တော်တို့ဟာ ယခုအသုံးပြုနေတဲ့ အင်တာနက် Data Stream ထဲကိုပဲဖြစ်ဖြစ် ဖိုင်တွေသိမ်းဆည်းလေ့ရှိတဲ့ Cloud တစ်ခုခုထဲကိုပဲဖြစ်ဖြစ် ဖိုင်တွေ Upload Download လုပ်ကြသလိုမျိုး ကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်ကိုလည်း လုပ်နိုင်မှာပဲ၊ လူတွေပြောပြောနေတဲ့ နတ်ပြည် ငရဲပြည်ဆိုတာဟာ Cloud Service ကြီးတစ်ခုများလားလို့ စိတ်ကူးယဉ်ခဲ့ဖူးကြမယ်ဆိုရင်.......ယခုဇာတ်ကားက အဲဒီစိတ်ကူးကိုအခြေခံပြီး လက်ရှိ သတ္တလောကနဲ့ ခေတ်လွန်နည်းပညာကြားကို ယုတ္တိဆန်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလို့ ညွန်းပါရစေ ၂၀၃၃ ခုနှစ်မှာ နေရာတကာမှာ AI စနစ်တွေ အသုံးများလာတဲ့အပြင် လူတွေဟာအရမ်းကို သက်တောင့်သက်သာနေနိုင်လာကြပါတယ်။ လူတွေဟာ ယနေ့ခေတ်လို သေရင်နောင်ဘဝရောက်တာမျိုးအပြင် မိမိတို့စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ ဖန်တီးထားတဲ့ ဒစ်ဂျစ်တယ်တမလွန်ဆီကိုလည်း Upload တင်နိုင်လာကြပါတယ်။ဆိုတော့ကာ... ရောဂါတစ်ခုကြောင့်ပဲဖြစ်ဖြစ် အသက်အရွယ်ကြီးရင့်လာလို့ပဲဖြစ်ဖြစ် သေဆုံးချိန်နီးလာရင် ရှေးရှေးတုန်းကအတိုင်း ပုံမှန်အတိုင်းသေဆုံးမလား ဒစ်ဂျစ်တယ်တမလွန်ကို ရွေးချယ်မလားက အရေးကြီးလာပါတယ်တကယ်တော့ ဒါတွေက VR game ထဲရောက်နေသလိုမျိုးပါပဲ သက်ရှိလူသားတွေဟာ ...
8.7
TMDb: 8.7/10 51 votes
tv

Upload (2020-2023) Season 1+Season 2+Season 3

2020
Invincible (2021) – Season (01) 8.9
Invincible (2021) – Season (01) Invincible (2021) - Season (01)=======================IMDb Rating - 8.8/10အရင်နှစ်တွေက Super Heroဖန်တွေကြား အောင်မြင်ခဲ့တဲ့ The Boysကိုထုတ်ခဲ့တဲ့ Amazon Primeက အသစ်ထုတ်ထားတဲ့ Super Hero Animation Series အသစ်ပါပဲ။ Animationပေမဲ့လည်း လက်ရှိအနေအထားအရတော့ IMDbရော Rotten Tomatoesမှာပါ The Boysထက် Ratingသာနေသေးတယ်။ Voice Actorတွေအနေနဲ့လည်း Minariနဲ့ Oscar nomi ၀င်နေတဲ့ Steven Yeunနဲ့အတူ Zazie beetz Jk Simmonsတို့လို နာမည်ကြီးတွေကို သုံးထားပေးတယ်။ Amazon primeဟာ ပရိတ်သတ်ကို အတော်စေတနာကောင်းတယ် ဆိုလို့ရတယ်။ ပြောရရင် ဒီ Animationဟာ Quality Productတစ်ခုပါပဲ။ဇာတ်အိမ်ကတော့ Comic အတိုင်းပဲလို့တော့ ဆိုကြတယ်။ ဘယ်သူမှဖတ်ဖူးမှာမဟုတ်တော့ ဒါကပြဿနာတော့မဟုတ်ဘူး။ ဒီကောင်က တွေ့နေမြင်နေကြ စူပါဟီးရိုးရုပ်ရှင်တွေနဲ့တော့ အတော်လေးကွဲပြားတယ်လို့ ဆိုလို့ရတယ်။ စူပါပါဝါတွေက The Boysထဲက အများစုရဲ့ ပါဝါတွေနဲ့အတူတူပဲဖြစ်သလို ဟုမ်းလန်ဒါလို စွမ်းအားနဲ့ ကာရိုက်တာ ဆင်တဲ့တစ်ကောင်လည်း ပါတယ်။ Animationပေမဲ့ သတ်တာဖြတ်တာတွေက အတန်အသင့်ကြမ်းတမ်းတယ်။ခေါင်းကိုညှစ်ခွဲပြီး မျက်လုံးတွေပြုတ်ကျလာတာမျိုး၊ လက်ဝါးစောင်းနဲ့ ခေါင်းဖြတ်ထုတ်ပစ်တာမျိုးတွေပေါ့။ Pilotမှာတင် အတော်လေး သတ်တာဖြတ်တာတွေပြထားတယ်။ အကြိုက်ဆုံးတစ်ချက်ကတော့ ဇာတ်လမ်းအစမှာတင် မြှုပ်ကွက်အကြီးကြီးကို မြင်သာထင်သာထည့်သွားပြီး ကြည့်တဲ့လူရဲ့ သိချင်စိတ်ကို ...
8.9
TMDb: 8.9/10 718 votes
tv

Invincible (2021) – Season (01)

2021
The Wheel of Time (2021-2023) 9.7
The Wheel of Time (2021-2023) The Wheel of Time (2021)အမေဇုံရဲ့ ဘက်ဂျက်အကြီးစားနဲ့ စီးရီးလာပါပြီ။ ဇာတ်လမ်းကတော့ the lord of the rings နဲ့ ပိုဆင်ပါတယ်။ first age, second age, thrid age စသည်ဖြင့် သမိုင်းရှိပါတယ်။ ဇာတ်လမ်းအကျဉ်း စွမ်းအားကြီးတွေနဲ့ မွေးဖွားလာတဲ့ လူတွေဟာ အမှောင်သခင်ကို အကျဉ်းချထားနိုင်မယ်လို့ ယုံကြည်မိပေမဲ့ မအောင်မြင်ခဲ့တဲ့အခါ ကမ္ဘာကြီး ပျက်စီးလာခဲ့တယ်။ အဲဒီပျက်စီးခြင်းကို ယူဆောင်လာသူကို ဒရက်ဂွန်လို့ ခေါ်ကြတယ်။ အဲဒီပျက်စီးပြီးခေတ်နောက်ပိုင်းမှာ ကမ္ဘာကြီးကို အိုက်ဆီဒိုင်းညီအစ်မအဖွဲ့ဆိုတဲ့ တန်ခိုးရှင်တွေဟာ မျှော်စင်ဖြူကြီးကနေ ထိန်းသိမ်းနေခဲ့တယ်။ ဒါပေမဲ့ ကမ္ဘာကြီးအပေါ်ကို လူတွေပြန်ဝင်စားဖို့အတွက် အချိန်စက်ဘီးဆိုတဲ့ အရာကြီးက လည်ပတ်နေပြန်တယ်။ ဒီတော့ အခု ဇာတ်လမ်းစတင်ချိန်မတိုင်ခင် အနှစ် ၂၀ တုန်းက ကမ္ဘာကြီးကို ပျက်စီးစေခဲ့တဲ့ ဒရက်ဂွန် ပြန်လည်မွေးဖွားလာပြီဆိုပြီး ဟောကိန်းတွေ ထွက်လာခဲ့တာပေါ့။ ဒရက်ဂွန်ဟာ ယောကျာ်းလား မိန်းမလား ဘယ်သူလဲဆိုတာ မသိကြပါဘူး။ ဟောကိန်းအရတော့ ကမ္ဘာကြီးကိုပျက်စီးစေခဲ့တဲ့ ဒရက်ဂွန်ကပဲ ကမ္ဘာကြီးကို ပြန်ကယ်တင်မယ်တဲ့။ ဒီတော့ အဲဒီဒရက်ဂွန်ကို အိုက်စီဒိုင်းအဖွဲ့ကရော အမှောင်သခင်ရဲ့ အဖွဲ့ကရောပါ လိုက်ရှာကြတဲ့အခါ... ရှုပ်ထွေးတဲ့ ဒဏ္ဍာရီတွေနဲ့ တိုက်ပွဲကြီးတွေ ပေါ်ပေါက်လာပါတော့တယ်။Wheel ...
9.7
TMDb: 9.7/10 10 votes
tv

The Wheel of Time (2021-2023)

2021
The Summer I Turned Pretty Season 1+ 2 (2022)
The Summer I Turned Pretty Season 1+ 2 (2022) The Summer I Turned Pretty (2022)ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ရသအပြည့်အဝပေးနိုင်မယ့် Amazon Prime ဇာတ်လမ်းတွဲလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကြီး Drama တွေဖြစ်ကြတဲ့ To All the Boys သုံးကားတွဲရဲ့ စာရေးဆရာမဖြစ်တဲ့ Jenny Han ရဲ့ နောက်ထပ်ကောင်းမွန်တဲ့ လက်ရာဖြစ်တာမို့ ကောင်းမွန်တဲ့ Drama တွေ ကြည့်ရှု့နိုင်မှာဖြစ်ပါတယ်။ ဘယ်လီဆိုတဲ့ ကောင်မလေးဟာ မိသားစုနဲ့အတူ ကာဆင့်စ် ကမ်းခြေကို နွေရာသီတိုင်းမှာ သွားနေကျပါ။ နှစ်စဉ်နှစ်တိုင်းမပျက်သွားနေကြလို့ သူ့အတွက်တော့ ကာဆင့်စ်ကမ်းခြေက အိမ်ဟာ သူ့အတွက်တော့ ပုံမှန်နေနေကျ အိမ်လိုဖြစ်နေပါတော့တယ်။ ဒါပေမယ့် နွေရာသီတစ်ခုမှာတော့ သူဟာ အရွယ်ရောက်လာပြီး ကမ်းခြေကို ခါတိုင်းလိုပဲ လာခဲ့ပေမယ့် အရင်ကနဲ့ မတူတဲ့ နွေရာသီတစ်ခုကို ကြုံတွေ့ရပါတော့တယ်။ အဲဒါကြောင့် တူညီတဲ့ ကိစ္စတွေကို ဘယ်လီတစ်ယောက် ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကြည့်ရှု့နိုင်မှာဖြစ်ပါတယ်။အညွှန်းကိုတော့ Leonard Lin က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Leonard Lin, Kuz, Richard ...

The Summer I Turned Pretty Season 1+ 2 (2022)

2022
The Lake Season 1 + 2 (2022) 6
The Lake Season 1 + 2 (2022) The Lake Season 1 (2022)စီးရီးတွေကို ဟဲဗီးကြီး ကြည့်ရတာထက် တစ်ခါတလေ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရယ်မောမောလေး ကြည့်ရတာက အရသာတစ်မျိုးပါပဲ။အဓိက ဇာတ်ကောင် ဘီလီဆိုတဲ့ ကောင်မလေးက မွေးစားခံထားရတဲ့ကောင်မလေးပါ တစ်ရက်မှာ သူ့ကို အပြစ်ပေးတဲ့အနေနဲ့ မွေးစားမိဘတွေက နွေရာသီမှာ သူ့အဖေရင်းနဲ့အတူ သူ့ရဲ့မွေးရပ်မြို့လေးဆီ အလည်သွားခိုင်းခဲ့တယ် အဖေရင်းကလည်း တကယ်တော့ ယောကျာ်းအစစ်မဟုတ်ပါဘူး မွေးရပ်မြို့လေးက ရေကန်ကြီးတစ်ခုကို ဝန်းရံထားတဲ့ ရေကန်မြို့လေးပါ အဲမြို့မှာ သူ့အဖေရင်းက အမှတ်တရများစွာရှိခဲ့ပေမယ့် ပြန်မလာဖြစ်ခဲ့ပါဘူး အဖေရင်းရဲ့ အဖေကလည်း သူ့မြေးလေးကို မွေစားမိဘတွေဆီ ထားခဲ့လို့ဆိုပြီး သူ့ကို မကျေနပ်ခဲ့ပါဘူး သားအဖနှစ်ယောက် ထို ရေကန်မြို့လေးဆီ ခရီးဆက်လာရင်း အဲမှာ သူအဖိုးပိုင်တဲ့ အိမ်ရှိပေမယ့် ရောင်းပစ်လိုက်တာကြောင့် အိမ်ငှားပြီးတော့ပဲ နွေရာသီကို ဖြတ်သန်းကြရမှာပါ အဲအချိန်မှာ သူတို့မထင်မှတ်ထားတာတွေ ဖြစ်လာတာကို ဟာသဆန်ဆန်ကြည့်ရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်စုစုပေါင်း ၈ ပိုင်း ရှိပြီးတော့ ဆက်တိုက် ဆိုသလို တင်ပေးသွားမှာပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Kuz ပဲ ဖြစ်ပါတယ်။Genre.....Comedy, ...
6
TMDb: 6/10 5 votes
tv

The Lake Season 1 + 2 (2022)

2022
Tom Clancy’s Jack Ryan – Season (01), (02), (03), (04) 8.0
Tom Clancy’s Jack Ryan – Season (01), (02), (03), (04) Tom Clancy's Jack Ryan - Season (01), (02), (03), (04) ===================================== IMDb Rating - 8.0/10Jack Ryan ဆိုတာ စာရေးဆရာ Tom Clancy ဖန်တီးထားတဲ့ Ryanverse ဆိုတဲ့ fictional ထဲက ဇာတ်ကောင်တစ်ကောင်ဖြစ် ပါတယ်။ ဒီဇာတ်ကောင်ကို live action ပြန်ရိုက်တဲ့နေရာမှာ သရုပ်ဆောင်အများကြီးကလည်း သရုပ်ဆောင်ခဲ့ကြဖူးပါတယ်။အခုတင်ဆက်ပေးမှာကတော့ မင်းသားချော John Krasinski က ဂျက်ခ်ရိုင်ယန်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ စီးရီးတွဲဖြစ်ပါတယ်၊ CIA analyst တစ်ယောက်ဖြစ်တဲ့ ဂျက်ခ်ရိုင်ယန်တစ်ယောက် အကြမ်း ဖက် အဖွဲ့အစည်းတစ်ခုအကြောင်း ရှာဖွေတွေ့ရှိသွားပြီးတဲ့နောက် သူကိုယ်တိုင် အန္တရာယ်စက်ကွင်းထဲ ကျရောက်သွားပုံတွေကို မြင်တွေ့ရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Act Molemy မှ ရေးသားပေးပြီး၊ ဘာသာ ပြန်ရေးသားပေးသူများကတော့  CM Teamမှ ဖြစ်ပါတယ်။)File Size.............(300 MB) / (700 MB) Quality...............BluRay 720p / 1080p Duration............1Hr(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Action, ...
8.0
TMDb: 8.0/10 124000 votes
tv

Tom Clancy’s Jack Ryan – Season (01), (02), (03), (04)

2018
A+(2023) 9.6
A+(2023) A+ (2023) IMDb 8.2ငယ်စဉ်ကစ ကျောင်းမှာ စာနဲ့ပဲနပန်းလုံးခဲ့ကြရပြီး အလယ်တန်းအထက်တန်းအထိ အဆင့်ကောင်းအောင် တက္ကသိုလ်ကောင်းကောင်းရောက်အောင် ကြိုးစားနေကြရတဲ့ ကျောင်းသား/သူတွေမှာ ဖိအားတွေက သူမသာ ကိုယ်မသာရှိကြစမြဲပါပဲ .. ပန်းတိုင်ရောက်သွားတဲ့လူတွေရှိသလို လမ်းတစ်ဝက်မှာတင် လက်လျှော့လိုက်ရတဲ့ လူတွေကိုလည်းမမေ့ကြဖို့ ဒီစီးရီးလေးကို ရိုက်ကူးခဲ့တာပါဘင်နာအင်ဒိုနီးရှားကျောင်းက စာမေးပွဲတိုင်း ပထမအဆင့်ချည်းရလို့ တီဗီထဲတောင် အမြဲလိုလိုပါနေတဲ့ကျောင်းတစ်ကျောင်း..‌ဒီကျောင်းရဲ့ထူးခြားချက်က 1 to 3ကျောင်းသားတွေဆို ကျူရှင်ခမပေးရဘူး အလကားပေါ့ ဒါပေမဲ့ အဆင့်များရင် များသလောက် သိန်းကို ရာနဲ့ချီပြီးတိုးတိုးသွားတာပါ ဒီတော့ မိဘကိုသနားတဲ့လူတွေက 1 to 3ဝင်ဖို့ အသေအလဲ ကြိုးစားကြ နေရာလုကြနဲ့ပေါ့ ဒီကျောင်းကိုမှ ကာလီဆိုဒီရ်ဂန်တာရီတဲ့ ကျောင်းသူလေးတစ်ယောက် ပြောင်းလာခဲ့တယ် ပြောင်းလာလာချင်း စာမေးပွဲနဲ့တိုးပေမဲ့ အဆင့်တစ်ရသွားခဲ့တော့ မနာလိုသူတွေ အမုန်းထားသူတွေများလာခဲ့ပါတယ် သူမရောက်ခင်က F4 လိုမျိုး Big Four ဆိုတဲ့လူလေးယောက်ရှိပါသတဲ့ ကျောင်းရဲ့မသိသူမရှိ ဒီဒိတ်ဒိတ်ကြဲတွေနဲ့ ရှေ့လျှောက် သူဘယ်လိုစခန်းသွားမလဲ ဒီလိုဖိအားတွေကြားထဲက ရိုမန့်လေးတွေကိုလည်း ကြည့်ရှုခံစားပေးကြပါဦးရှင်( အညွှန်းကိုတော့ Yunni မှရေးသားပေးထားပြီး ဘာသာပြန်သူတွေကတော့ Yunni,BpL,Aditi,Cherry,YH & Moon ပဲဖြစ်ပါတယ် ...
9.6
TMDb: 9.6/10 8 votes
tv

A+(2023)

2023
Modern Love Chennai (2023) 6.2
Modern Love Chennai (2023) Modern Love ChennaiIMDb-7.4/10National Film award ဆုရဒါရိုက်တာကြီးတွေအပါအဝင် ဒါရိုက်တာကြီး ၈ ယောက် စုပေါင်းလက်စွမ်းပြ ရိုက်ကူးထားတဲ့ anthology စီးရီးလေးဖြစ်ပါတယ် ဇာတ်လမ်းမတူ cast တွေမတူပဲ တစ်ပိုင်းကို ရသတစ်မျိုးစီခံစားရင်း သံစဉ်ချိုချိုတေးသွားလေးတွေပါ ခံစားနိုင်မှာဖြစ်ပါတယ်အိန္ဒိယနိုင်ငံက ချန်နိုင်းမြို့ကြီးမှာလူစုံဓာတ်စုံသလို အချစ်ဇာတ်လမ်းတွေကလည်း အစုံပါပဲအချစ်ကရိုးရှင်းတယ် ဒါပေမဲ့ဆန်းကြယ်တယ် လောကီလူသားတွေအတွက် အကြီးဆုံးစိတ်စွမ်းအားကိုပြောပါဆိုရင် အချစ်ပဲဖြစ်မယ်ထင်ပါတယ် အချစ်နဲ့သာဆိုရင် အပူနဲ့အအေးလို ဆန့်ကျင်ဘက်အရာတွေကိုတောင် ပြောင်းလဲနိုင်ပြီး အချစ်ကြောင့် ဘဝကြီးပါပြောင်းလဲသွားတတ်တယ် အချစ်ကို အခြေခံပြီး နေ့စဉ်ဘဝတွေ လူတွေရဲ့အကြောင်းတွေ လောကဓံအကြောင်းတွေကို အောက်က ခေါင်းစဉ်လေးခြောက်ခုမှာ ကြည့်ရှုခံစားနိုင်မှာပါ..... အချစ်ရဲ့တစ်စိတ်တစ်ပိုင်း မှန်ကူကွက်လေးတွေပေါ့၁ လားလ်ဂွန်ဒါရဲ့မိန်းမပျိုများ ၂ မျက်ဝန်းလေးတွေ ၃ ချစ်ရည်ရွှန်းလဲ့ မျက်ဝန်းတစ်စုံ ၄ ဒီဇင်ဘာ ၅ ငှက်သိုက်ထဲက ဆိတ်သမင်လေး ၆ မှတ်ဉာဏ်ဆိုတာ ငှက်တစ်ကောင်လို့ ဆိုတဲ့ အပိုင်း ၆ ပိုင်းနဲ့ အချစ်အတွက်ပြောင်းလဲကြသူတွေ အချစ်နဲ့ပြောင်းလဲကြသူတွေအကြောင်း ရှုစားကြရမှာဖြစ်ပါတယ်အချစ်ကြောင့် ကြေကွဲနေတဲ့သူတွေ ပျော်ရွှင်ကြည်နူးနေတဲ့သူတွေ အချစ်ကိုကိုးကွယ်တဲ့သူတွေ အချစ်ကို မျက်နှာလွှဲသူတွေ ဘယ်သူတွေပဲဖြစ်ဖြစ် အချစ်နဲ့မကင်းနိုင်တဲ့ပရိသတ်ကြီးတို့ ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ Saii ~ Moon ...
6.2
TMDb: 6.2/10 4 votes
tv

Modern Love Chennai (2023)

2023
The Power (2023) 6.0
The Power (2023) The Power (2023) ============= IMDb Rating - 5.6/10NewYork Bestseller စိတ်ကူးယဉ်ဝထ္ထုကို အခြေခံပြီး ရိုက်ထားတဲ့ The Power ဇာတ်လမ်းတွဲကို Amazon Prime ကနေ ဘက်ဂျက်အများကြီးသုံးပြီး ဇာတ်လမ်း ဇာတ်အိမ် ကောင်ကောင်းနဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။ရုတ်တရက် ကမ္ဘာ့အနှံ့က အမျိုးသမီးတွေ အများစုမှာ လျှပ် စစ်စွမ်းအင်လို ရှေ့ာတိုက်နိုင်တဲ့ အစွမ်းတွေရလာတဲ့အခါမှာ ကမ္ဘာကြီးက ပြောင်းလဲဖို့ဖြစ်လာပါပြီ။ ဥရောပ၊ အမေရိကမှအစ အာရှတိုက်အလယ်၊ အာဖရိကတိုက်အဆုံး ဘဝနာနေခဲ့တဲ့ ဆယ်ကျော်သက် ကောင်မလေး အများစုမှာ သူတို့ရဲ့ အဖိ အနှိပ်ခံဘဝကနေ ဒီလိုအစွမ်းတွေရလာတဲ့အခါမှ သူတို့ဘဝက ချက်ချင်းပြောင်းလဲသွားပါတယ်။ဒီစွမ်းအားရှင်လေးတွေကို ထိန်းချုပ်ဖို့ အဖွဲ့အစည်းတစ်ခုပေါ် လာပါတယ်။ ကမ္ဘာ့နိုင်ငံရေးမီဒီယာတွေရဲ့ စောင့်ကြည့်မှုလည်း ခံလာရပြီး သူတို့အားလုံးပေါင်းဆုံကာ ပိုကြီးမားတဲ့ အန္တရာယ် ကြီးတစ်ခုကို ကျော်ဖြတ်ဖို့ဖြစ်လာပါတယ်။Season 1 အနေနဲ့ (၉) ပိုင်းထွက်ရှိမှာဖြစ်ပြီး တစ်ပတ်တစ်ပိုင်း နှုန်းဖြင့်CM ကတင်ဆက်ပေးသွားမှာပါ။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)File Size.............(350 MB) / (800 MB) Quality...............WEB-DL 720p / ...
6.0
TMDb: 6.0/10 1300 votes
tv

The Power (2023)

2023
Citadel (2023) 9.5
Citadel (2023) Citadel Season 1 (2023)ဒီစီးရီးကတော့ Mission Impossibleလိုလို Kingsman လိုလို စတိုင်ပါပဲ။ မင်းသားကတော့ Game of Thrones ထဲက ရော့ဘ်စတာ့ခ်နေရာမှာ သရုပ်ဆောင်ဖူးတဲ့ Richard Madden ပါ။ မင်းသမီးကတော့ ပရီရန်ကာ ချော်ပရာပါပဲ။ဇာတ်လမ်းအကျဉ်း ကမ္ဘာပေါ်မှာ စပိုင်အဖွဲ့တွေစရှိလာကတည်းက စပိုင်အချင်းချင်း နိုင်ငံအချင်းချင်း စစ်ပွဲတွေဖြစ်နေခဲ့ကြတာပါ။ ဒါပေမဲ့ စပိုင်တိုင်းဟာ ကိုယ့်နိုင်ငံအတွက် အခြားနိုင်ငံကိုဘာပဲဒုက္ခပေးရပေးရ လုပ်တဲ့သူတွေချည်းပါပဲ။ အဲဒီမှာပဲ စပိုင်တစ်စုဟာ စစ်တဒယ်ဆိုတဲ့ ဘယ်နိုင်ငံလက်အောက်ခံမှမဟုတ်တဲ့ လွတ်လပ်တဲ့ စပိုင်အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ သူတို့အဖွဲ့ဟာ နှစ် ၁၀၀ လောက်ကြာအောင် သမိုင်းတလျှောက် ပြဿနာကြီးတွေကို နောက်ကွယ်ကနေ လျို့ဝှက်ဖြေရှင်းပေးနေခဲ့တာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၈ နှစ်လောက်မှာတော့ သူတို့အဖွဲ့ရဲ့ လျို့ဝှက်ချက်တွေအကုန်ပေါက်ကြားပြီး အဖွဲ့ဝင်အားလုံးလုပ်ကြံခံလိုက်ရပါတယ်။ မသေဘဲလွတ်လာတဲ့ အေးဂျင်မေဆန်ကတော့ အတိတ်မေ့ပြီး ၈ နှစ်လုံးလုံး သာမန်လူဘဝနဲ့နေနေခဲ့ပါတယ်။ သူတို့တွေကို အဓိက တိုက်ခိုက်ခဲ့တာကတော့ "မန်တီကိုး" ဆိုတဲ့ အဖွဲ့ပါပဲ။ အဲဒီအဖွဲ့ကိုတော့ ကမ္ဘာပေါ်က အချမ်းသာဆုံး ...
9.5
TMDb: 9.5/10 8 votes
tv

Citadel (2023)

2023
Dead Ringers (2023) 7.6
Dead Ringers (2023) Dead Ringers (2023)ခေါင်းအစခြေဆူံး တူတဲ့ အီလိယက်နဲ့ ဘယ်ဗလီဆိုတဲ့ အမွှာညီအစ်မနှစ်ယောက်က အမျိုးသမီးတွေရဲ့ သားဖွားမီးယပ် နယ်ပယ်ကို လုံး၀ပြောင်းလဲပစ်ဖို့ ကြိုးစားပါတော့မယ်။ကလေးကို သွေးအုပ်စု ဘာအမျိုးစားနဲ့လိုချင်လဲ ၊ မျက်လုံးအရောင် ၊ ကိုယ်အလေးချိန်နဲ့ အမြွှာပူးလိုချင်ရင်တောင် လိုသလိုစိတ်ကြိုက်ဖန်တီးပြုပြင်ဖို့ ဇီ၀နည်းပညာသစ်ကိုတီထွငိဖို့ကြိုးစားကြတဲ့ဇာတ်လမ်းပါ ။ သွေးထွက်သံယိုနဲ့ ကလေးမွေးတဲ့အခန်းတွေကို အရှင်းကြီးရိုက်ပြထားတာကြောင့် စိတ်မခိုင်သူတွေ သွေးပျက်နိုင်ပါတယ် ။ ဇာတ်လမ်းက Thlriller ဘက်ကိုသွားတဲ့အတွက် ဇာတ်ရှိန်ကတဖြည်းဖြည်းနဲ့တက်သွားမှာပါ Amazon prime က ထုတ်လွှင့်ပြီး ကြည့်စရာဇာတ်လမ်းတွဲကောင်းတစ်ပုဒ်ဖြစ်စေမှာပါ ။စဆုံး ၆ ပိုင်း ရှိပါမယ်။( အညွှန်းနဲ့ဘာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ်)Genre..... Drama, Mystery Quality…. 1080p | 720p File size… 500MB | 250MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thiha Yan Naing Encoder ...
7.6
TMDb: 7.6/10 22 votes
tv

Dead Ringers (2023)

2023
Dahaad (2023) Complete 6.2
Dahaad (2023) Complete Dahaad 2023 ( IMDb 7.8/10)ပုရိသတို့အသည်းစွဲ ဆိုနားက်ရှီဆင်းန်ဟာလေးဟာဆိုရင် ဒီကားထဲမှာ သဘာဝအတိုင်းလှပပြီး သရုပ်ဆောင်ချက် အပိုအလိုမရှိတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်ဗျအိန္ဒိယရုပ်ရှင်လောကဟာ နှစ်ကြာလာတာနဲ့အမျှ အရည်အသွေးတွေ တဖြည်းဖြည်းတိုးတက်လာတယ်ဆိုတာ အငြင်းပွားဖွယ်မရှိပါဘူး Amazon TV ကနေ streaming လုပ်ပေးခဲ့တဲ့ ဒီ Web series ကလည်း နှယ်နှယ်ရရတော့ မဟုတ်ပါဘူးဘာလင်အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်မှာ best serie ဆုအတွက် ယှဉ်ပြိုင်ဖို့ ပြသခွင့်ရထားတဲ့ဇာတ်လမ်းလေးပါ ဘာတွေများကောင်းနေလို့ အင်တာနေရှင်နယ်လယ်ဗယ်လောက်ရောက်နေတာလဲဆိုတော့ ဇာတ်လမ်းတည်ထားတာက ဆိုက်ကိုလူသတ်သမား serial killer အကြောင်းပါ အချိတ်အဆက်မမိရင်ဂွမ်း မရိုက်တတ်ရင် မင်းသားက ပါဝါရိန်းဂျားဖြစ်ရင်ဖြစ် မဟုတ်ရင် လူဆိုးက လုံးဝဖမ်းမမိနိုင်တဲ့ god နီးပါးကြမ်း စသဖြင့် plot hole ပေါင်းများစွာရှိနိုင်ပါတယ်ဒီဇာတ်လမ်းလေးထဲမှာတော့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ ရဲမေအန်ဂျလီဘာတီက လူပျောက်မှုတွေကို ခိုးရာလိုက်တာလား ပြန်ပေးဆွဲခံရတာလား လိုက်စုံစမ်းရင်း ကွင်းဆက်လူသတ်မှုအဖြစ် ခြေရာခံမိလာတဲ့အခါ...... အဓိကဇာတ်ဆောင်တွေအပြင် ဇာတ်ပို့တွေလဲအားကောင်း ဘာသာရေးနိုင်ငံရေးပဋိပက္ခတွေကိုပါ side story အနေနဲ့ မသိမသာထည့်ပြသွားတာမို့ အချိန်ပေးကြည့်ရတာတန်မဲ့ဇာတ်ကားတစ်ကားပါ သည်းထိပ်ရင်ဖို thriller ကားကောင်းတွေကို ကြိုက်နှစ်သက်သူတွေအဖို့ ဒီ series လေးကိုလက်မလွှတ်ကြဖို့ အကြံပေးရင်း ...
6.2
TMDb: 6.2/10 5 votes
tv

Dahaad (2023) Complete

2023
The Forgotten Army – Azaadi ke liye (2020) Complete 6.897
The Forgotten Army – Azaadi ke liye (2020) Complete The Forgotten Army - Azaadi ke liye 2020IMDb 7.9 အထိရရှိထားပြီး မင်းသမီးချောလေး Sharvari Wagh က မိတ်ကပ်မရှိတာတောင် သဘာဝကျကျနဲ့ အစွမ်းကုန်လှပပေးထားပါတယ် မင်းသားကလည်း မသိသူမရှိတဲ့ Sunny Kaushal ဆိုတော့ လက်မလွှတ်သင့်တဲ့စစ်ကားကောင်းလေးပါပဲ...ဇာတ်လမ်းကျောရိုးကတော့ ဒုတိယကမ္ဘာစစ်မှာ ဂျပန်နဲ့ ဗြိတိသျှတို့ကျူးကျော်ခြင်းခံထားရတဲ့ အိန္ဒိယနိုင်ငံအတွက် အိန္ဒိယလူမျိုးကျားမကြီးငယ်မရွေး ကျရာနေရာကနေကြိုးပမ်းထမ်းဆောင်ခဲ့ကြပုံနဲ့အစပျိုးထားပါတယ်သမိုင်းကိုနောက်ခံယူထားပြီး တချို့တကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်တွေကိုပါ ထည့်သွင်းရိုက်ကူးထားတာမို့ သုတရသစုံလင်တဲ့ အိန္ဒိယလွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနောက်ခံဇာတ်ကားလေးလို့ ညွှန်းဆိုရမှာပဲစစ်ပြန်အဘိုးကနေ မြေးကို သူတို့ရဲ့မေ့လျော့ခံသမိုင်း စာသင်ကျောင်းတွေမှာမ‌ဖော်ပြထားတဲ့ အောင်နိုင်သူတွေရေးသားခဲ့တဲ့သမိုင်းကို ပြန်ပြောင်းပြောဆိုပြဟန်နဲ့ narrative ဆန်ဆန် ဇာတ်လမ်းသွားကိုတင်ဆက်ထားလို့ ပေါ့ပေါ့ပါးပါးနဲ့ပဲ ချိတ်ဆက်မှုရှိရှိ အတိတ်နဲ့ပစ္စုပ္ပန်ကို တင်ဆက်ထားပေးပါတယ်စစ်ကားလဲကြိုက်တယ် ဇာတ်လမ်းခိုင်မာတာကြည့်ချင်တယ် ဖြစ်ရပ်မှန်သမိုင်းမှတ်တမ်းတွေကို အခြေခံထားတယ် စသည်ဖြင့် ကောင်းကွက်တွေပြည့်စုံနေတဲ့ ဒီစီးရီးကို ပရိသတ်ကြီးတို့ ခံစားကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်File Size – 1GB / 500MBQuality – 1080p AMZ WEB DL / 720pDuration – 40minsTotal Episodes:5EpsSubtitle ...
6.897
TMDb: 6.897/10 146 votes
tv

The Forgotten Army – Azaadi ke liye (2020) Complete

2020
Daisy Jones & the Six (2023) 8.1
Daisy Jones & the Six (2023) Daisy Jones & the Six (2023) ===================== IMDb Rating - 8.1/10ဂီတဆိုတာ ဘာလဲ။ လူတွေက ဂီတကို သူတို့ရဲ့ အထင်တွေ အမြင်တွေနဲ့ ရှု့ထောင့်မျိုးစုံကနေ ပုံဖော်ကြတယ်။ တချို့က ကြီးကျယ်ခမ်းနားမှုလို့ မြင်ကြပေမယ့် လူတချို့အတွက်က တော့ ဂီတနဲ့ အသက်မွေးတာက ထမင်းငတ်မယ့်အလုပ်လို့ မြင်ကြပါတယ်။ ဒါကလည်း ဖြတ်သန်းရပုံဘဝချင်းမတူကြလို့ အမြင်ချင်းမတူကြတာပဲ . . . ရှိပါစေတော့။ဒါပေမယ့် လူငယ်အများစုဟာ ဂီတတွေကို ဖန်တီးပြီးတော့ လူသားသမိုင်းတစ်လျှောက် အကြီးဆုံးဖြစ်တဲ့ ဖျော်ဖြေရေး လှိုင်းလုံးကြီးထဲမှာ စီးမျှောလိုက်ပါကြဖို့ ကြိုးစားကြပါတယ်။ လှိုင်းလုံးဖြစ်တဲ့အလျှောက် အောင်မြင်မယ်ဆိုရင် လှိုင်းထိပ်ကို ရောက်မယ် ကျရှုံးမယ်ဆိုရင်တော့ လှိုင်းအောက်ကို ရောက်ရှိ သွားမှာပဲ။ ဒီလိုနဲ့ ခေတ်ပေါ် ဂီတလောကမှာ အောင်မြင်ပြီး နာမည်ကြီးကြတဲ့ တီးဝိုင်းအဖွဲ့တွေ များစွာရှိသလိုပဲ လူမသိသူမသိ ဖျက်သိမ်းသွားတဲ့ တီးဝိုင်းအဖွဲ့ဆိုတာတွေလည်း ဒုနဲ့ဒေးပါပဲ။ဒီဇာတ်လမ်းမှာလည်း ထို့အတူပဲ ၁၉၇၇ မှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ Daisy Jones and The Six ဆိုတဲ့ တီးဝိုင်းအဖွဲ့ တစ်ခုဟာ ...
8.1
TMDb: 8.1/10 23000 votes
tv

Daisy Jones & the Six (2023)

2023
El Cid (2021) Season 02 7.3
El Cid (2021) Season 02 El Cid (2022) Season 02 Complete ~ IMDb - 6.7/10, Rotten Tomatoes - 75% ~ ပထမတွဲ ကြည့်ပြီးတဲ့ လူတွေတော့ El Cid ရဲ့ ရှုပ်ထွေးလှတဲ့ စစ်နယ်ရှင်ဆန်ဆန် နိုင်ငံရေးကနေမှ ဆုံးသွားတဲ့လီယွန်ဘုရင်က ထီးနန်းကို သားသမီးတွေကို တစ်ခြမ်းစီခွဲပေးလိုက်လို့ ပိုရှုပ်ထွေးသွားတဲ့အကြောင်းကို သိပြီးကြလောက်ပြီပေါ့။ လီယွန်ဘုရင် သူတို့အဖေဟာ သူ့မွေးချင်းညီအစ်ကိုတွေကို ထီးနန်းအတွက်သတ်ခဲ့တာမို့ အဲဒီစိတ်တစ်ပိုင်းနဲ့ ကွယ်လွန်ခါနီး သူ့သားသမီးတွေကိုတော့ သူ့လို မဖြစ်စေချင်တာမို့ တစ်ယောက်နဲ့ တစ်ယောက် မတိုက်ခိုက်ကြဖို့မှာရင်း နယ်မြေတွေကိုခွဲဝေပေးလိုက်တယ်။ ဗျာဒိတ်လာသူရဲကောင်းလိုဖြစ်နေတဲ့ ရိုင်ကိုလည်း သူ့သားသမီးတွေ အချင်းချင်းမသတ်ရအောင် စောင့်ရှောက်ပေးဖို့ ကတိတောင်းခဲ့တယ်။ ဒီလိုနဲ့ ခွဲပေးတဲ့ဒေသတွေရဲ့ ကိုယ့်ထီးကိုယ်နန်းတွေမှာ နန်းတက်ကြရင်း အခက်အခဲကိုယ်စီနဲ့ ကြုံလာရတယ်။ သားကြီးတဖြစ်လဲ ဆန်ချိုဟာ သူရသင့်တဲ့ထီးနန်းဆိုတဲ့စိတ် မသိမသာကြီးစိုးနေခဲ့သလို အကြီးဆုံးဖြစ်နေပေမဲ့ သမီးဖြစ်နေလို့ နန်းမရလိုက်တဲ့ ယူရာကာကလည်း ...
7.3
TMDb: 7.3/10 182 votes
tv

El Cid (2021) Season 02

2021
Jubilee (2023) 8
Jubilee (2023) Jubilee (2023)IMDb-7.9/10Padmaavat ထဲကမင်းသမီးချောလေး Aditi Rao Hydari နဲ့ မင်းသားကြီး Aparshakti Khurana တို့ ပါ၀င်သရုပ်ဆောင်ထားတဲ့ ၁၉၄၀ ၀န်းကျင်အငွေ့အသက်လေးတွေနဲ့ ဇာတ်ကားကောင်းလေးကိုခံစားကြည့်ပါဦး၁၉၄၇ ၀န်းကျင်အိန္ဒိယရဲ့ နိုင်ငံရေးအရှုပ်အရှင်းတွေနဲ့အတူ ရုပ်ရှင်လောကမှာလည်းသပွတ်အူလည်နေကြပါတယ်Roy Talkies ဆိုတာ အဲဒီခေတ်အခါက မျက်နှာသစ်လေးတွေကိုစင်တင်ပြီး အောင်မြင်ကျော်ကြားအောင်လုပ်ပေးနေတဲ့ နံပါတ်တစ်စတူဒီယို ဒီရဲ့ပိုင်ရှင် စရီကန့်ရွိုင် သူ့ရဲ့စတူဒီယိုပါတနာ ဇနီးချောဆူမီတရာကူမာရီ မစ္စတာရွိုင်ဟာ သူဆက်ထုတ်မဲ့ရုပ်ရှင်အတွက်အားလုံးကြေညာပြီးပေမဲ့ အဓိကဇာတ်ဆောင်ကိုတော့ ချန်လှပ်ထားခဲ့တယ် ရုပ်ရှင်လောကသားတွေကြားမှာတော့ အဲဒီဇာတ်ဆောင်နဲ့ မဒမ်ဆူမီတရာထွက်ပြေးသွားပြီဆိုတဲ့ ကောလဟတွေ‌ မစ္စတာရွိုင်ဟာ သူ့ဘ၀နဲ့စတူဒီယိုအတွက် အရေးပါနေသူဇနီးနဲ့ သူစင်တင်ပေးမဲ့မင်းသား နှစ်ယောက်သားကို ပါးပါးနပ်နပ်ကိုင်တွယ်နိုင်မှပဲ သူ့သိက္ခာသူ့ဘ၀သူ့စတူဒီယိုကို ကယ်တင်နိုင်တော့မှာပါ၁၉၄၇ ဆိုတဲ့ကာလတွေဟာ ဉာဏ်များတယ် ပဟေဋိဆန်တယ် ရန်သူမိတ်ဆွေရောထွေးနေပြီး ကြည့်ရှူသူတွေအတွက်ကတော့ တစ်ကွက်ချင်းစိတ်၀င်တစားနဲ့စီးမျောသွားနိုင်တဲ့အတွက် CM ပရိသတ်‌ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်File Size – 700MB/ 350MB Quality – 1080p / 720pDuration – 58minsTotal Episodes:Subtitle – Myanmar HardsubFormat – ...
8
TMDb: 8/10 1 votes
tv

Jubilee (2023)

2023
Happy Family, Conditions Apply (2023) 5
Happy Family, Conditions Apply (2023) Happy Family Conditions (2023)IMDb-6.7/10မိသားစု၀င်တွေအကုန်စုပေါင်းနေရတာ ပျော်ဖို့ကောင်းလား စရိုက်မတူတဲ့လူတွေစုနေတာရော သုတရသစုံမလား ပြဿနာတွေပဲစုံမလားမျိုးဆက်လေး‌ဆက်တောင်‌စုပေါင်းနေနေတဲ့ ဂူဂျာရာသီမျိုးရိုးမိသားစုတစ်စု ရှေးရိုးစွဲသူ ဂူဂျာရာသီလူမျိုးအချင်းချင်းကိုသာ‌သွေးသားတော်စပ်ချင်သူ အပြောင်းအလဲအကူးအပြောင်းကြိုက်သူ ပျော်ပျော်နေတတ်သူ စုပေါင်းနေကြတဲ့မိသားစုလေးတစ်နေ့မှာ မိသားစုရှိသမျှအကုန်စုပေါင်းနေတာပဲကြိုက်တဲ့ရာမေ့ရှ်ရဲ့သားဆန်ဂျူးက အိမ်ခွဲနေဖို့ပြင်ဆင်နေတာကို သိလိုက်ရလို့အံ့ဩ၀မ်းနည်းသွားတယ် တစ်ပြိုင်တည်းမှာပဲ သူ့ညီဖြစ်သူက ကင်ညာ-အမေရိကန်အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ပြုလိုက်တာကိုသိလိုက်ရပါတော့တယ်ဒီအိမ်ဒီမိသားစုရဲ့ စံနှုန်းတွေအိမ်မက်တွေဟာ အမျိုးမျိုးကွဲပြားနေတော့ ဒီစံအိမ်မိသားစုရော ပြိုကွဲမလား မိသားစုစိတ်ဓာတ်တွေပိုခိုင်မြဲလာမလားဆိုတာ အရွှန်းဖောက်ဟာသလေးတွေနဲ့ ကြည့်ရှုရမှာပါ ဒီဇာတ်ကားလေးမှာ ယခုခေတ်ရဲ့ပြသနာတွေ မျိုးဆက်တစ်ခုနဲ့တစ်ခုထိငြိတတ်တဲ့ ကတောက်တဆလေးတွေ gender equality တွေ အိမ်တွင်းရေးအခက်အခဲတွေ မိသားစုသိုက်သိုက်ဝန်းဝန်းဆိုရင် ပျော်စရာကြီးလို့ထင်ရပေမဲ့ ပျော်ရွှင်စရာသိုက်သိုက်ဝန်းဝန်း မိသားစုတစ်ခုရဖို့ မလွယ်ကြောင်း ဟာသလေးတွေနဲ့ လက်တွေ့ကြည့်ရှုရင်းနဲ့ပဲ ကိုယ့်မိသားစုကို တန်ဖိုးထားကြပါလို့ အကြံပေးရင်း တင်ဆက်ပေးလိုက်ပါတယ်File Size – 800MB / 400MBQuality – 1080p AMZ WEB DL / 720pDuration – 28mTotal Episodes: 10EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy, DramaTranslator –HM ...
5
TMDb: 5/10 2 votes
tv

Happy Family, Conditions Apply (2023)

2023
The Legend of Vox Machina – Season (01),(02) 8.6
The Legend of Vox Machina – Season (01),(02) The Legend of Vox Machina - Season (01),(02)=================================IMDb Rating - 8.4/10 Rotten Tomatoes- 100% IMDB rating ကလည်းအလန်း၊ခရမ်းချဉ်သီးက အလုံး ၁၀၀ လောက်ရထားတဲ့ Adventure Series လေးကိုတင်ဆက်ပေးလိုက်ပါတယ်၊ဇာတ်လမ်းအကျဉ်းကတော့ ... တယ်လ်ဒိုရီဆိုတဲ့မှော်တိုင်းပြည်ဟာအရင်က သာယာခဲ့သလောက် အခုချိန်မှာတော့ သားရဲတစ်ကောင်ကြောင့် ရွာတွေလည်းပျက်စီး၊အပြစ်မဲ့ပြည်သူတွေလည်းသေကြေ နေကြရတယ်။ ဒီသားရဲကိုသတ်ဖို့အတွက် တိုင်းပြည်ရဲ့ရှင်ဘုရင်ဟာ သူရဲ့စစ်တပ်တွေ ကိုစေလွှတ်ပေမယ့်လည်း တစ်ခါမှအောင်မြင်တယ်ဆိုတာမရှိပါဘူး၊ ပိုဆိုးတာက သူတို့ ရင်ဆိုင်နေရတဲ့သားရဲကောင်က ဘယ်ကောင်ဘယ်ဝါမှန်းတောင်မသိလိုက်ရဘူး၊ သူ့စစ်တပ် တင်မကနာမည်ကြီးကြေးစားလူမိုက်တွေပါလွှတ်ပါပေမ့ယ်လည်း လွှတ်လေသေလေဖြစ်နေပါ တော့တယ်၊ ဒီလိုနဲ့ ရှင်ဘုရင်ဟာ ဒီသားရဲကောင်သတ်နိုင်ရင် ဆုငွေဘယ်လောက်ပေးမယ်ဆိုပြီး ကြေညာ လိုက်တယ်၊ ဒီအချိန်မှာ ဗောက်စ်မက်ဒီနာဆိုတဲ့ မထင်မရှား ကြေးစားလူမိုက်အဖွဲ့ကဘုရင်ရဲ့ ကြေညာစာတမ်းကို တွေ့လိုက်တယ်၊ သူတို့တွေလည်းရွှေငွေဆိုငမ်းငမ်းတက်လိုချင်နေတာဆိုတော့ ဘာသားရဲကောင်လည်းဆိုတာသေချာ တောင်မသိဘဲနဲ့ ဘုရင့်ဆီသွားပြီးတော့ သူတို့သတ်မယ် နိုင်ရင်ဆုလာဒ်ပေးဆိုပြီးသွားတောင်းတယ်။ ဘုရင်ကလည်း သတ်နိုင်ရင်ဆုလာဒ်ယူဆိုပြီး စေလွှတ်လိုက်တယ်၊ ဘုရင့်စစ်တပ်တွေနာမည်ကြီးကြေးစားလူမိုက်တွေတောင် အစအနပျောက်သွား အောင်လုပ်နိုင်တဲ့ ဒီသားရဲကောင်ကြီးကို ဗောက်စ်မက်ဒီနာအဖွဲ့ဘယ်လိုရင်ဆိုင်တိုက်ခိုက်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှူပေးပါဦး ။(ဒီစီးရီးရဲ့ အညွှန်းကို Tin Myo Lwin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး သူများကတော့ Tin ...
8.6
TMDb: 8.6/10 13000 votes
tv

The Legend of Vox Machina – Season (01),(02)

2022
Swarm (2023) 7.9
Swarm (2023) Swarm (2023)Swarm (ပျားအုံ) က fandom တစ်ခုရဲ့နာမည်လို့ပြောရင် ဘယ် fandom ဆိုတာရည်ညွှန်းတယ်ဆိုတာ ခန့်မှန်းမိကြလား??? Beyonce fandom Beyhive ပါပဲ။ဒီဇာတ်လမ်းရဲ့အစမှာ "ဤဇာတ်လမ်းသည် စိတ်ကူးယဥ်ဇာတ်လမ်းမဟုတ်ပါ။ ပြင်ပကလူ ပြင်ပကဖြစ်ရပ်များနှင့် တိုက်ဆိုင်မှုရှိရင် တမင်ရည်ရွယ်ခြင်းသာဖြစ်သည်" လို့ခပ်လှောင်လှောင်ပဲရေးထားပါတယ်။ အမှန်ပါပဲ။ ဒီဇာတ်လမ်းက Beyonce fandom နဲ့တခြား မှုခင်းဖြစ်ရပ်မှန်များပေါ်အခြေခံတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ ဘီယွန်ဆေးကတော့ နိုင်ဂျာပါ။ နိုင်ဂျာ့ fandomက Swarm ပါပဲ။ နိုင်ဂျာ့ဖန်ထဲကတစ်ယောက်ဖြစ်တဲ့ ဒရေးကတော့ ဆယ်ကျော်သက်အရွယ်ကနေ သတ်လတ်ပိုင်းထိ နိုင်ဂျာ့ကိုအရူးအမူးကိုးကွယ်ခဲ့သူပါ။ ဒရေးက ခပ်အေးအေးနေတတ်တယ် ရှက်တတ်တယ် အသောက်အစားကင်းတယ် ရည်းစားဆိုတာလဲထားဖို့လုံးဝစိတ်မဝင်စား။ အဲ့ဒါကကောင်းတာပေါ့ဆိုရင်လဲ မဟုတ်ပြန်ပါဘူး။ ဒရေးကအလုပ်လဲစိတ်မဝင်စားသလို ဘာကိုမှလဲသိပ်လေးနက်ပူပန်မှုမရှိပြန်ပါဘူး။ တစ်နေ့တစ်နေ့ အိုင်ဒေါအကြောင်းပဲတွေးရင်းငေးရင်း ပီတိတွေဖြစ်နေသူဆိုပါတော့။ ဒရေးရဲ့သူ့အိုင်ဒေါအပေါ်ချစ်ခင်မှုလွန်ကဲတာက သူ့ကိုတစ်လောကလုံးနဲ့အဆက်အသွယ်ပြတ်စေပါတယ်။ သူနဲ့လောကကြီးကြားက တစ်ခုထဲသောအဆက်အသွယ်က သူ့အစ်မပါ။ တစ်နေ့မှာသူ့အစ်မဆုံးသွားတော့ ဒရေးတစ်ယောက် အားကိုးရာမဲ့သွားတဲ့နောက်မှာ သူ့အိုင်ဒေါအပေါ်ပိုအရူးအမူးဖြစ်လာပြီး ဘယ်လိုအခြေအနေတွေဆက်ဖြစ်ကြမယ်ဆိုတာ ကြည့်ရမှာပါ။ဒီဇာတ်လမ်းကိုကြည့်ရင် ဘီယွန်ဆေးဖန်တွေအတွက် ဘီယွန်ဆေးရဲ့ဘဝအကြောင်းအရာတွေ ပိုစတာတွေ အယ်လ်ဘမ်တွေနဲ့ပတ်သက်ပြီး Easter Eggs တွေများစွာပါဝင်တာမို့ စိတ်ဝင်စားစရာပါပဲ။ ဘီယွန်းဆေးဖန်မဟုတ်သူတွေအတွက်လဲ ဇာတ်လမ်းသွားကသီးသန့်ဖြစ်တာကြောင့်အားလုံးကိုနားလည်နိုင်မှာပါ။ ဒါတွေအပြင် ဘောနပ်စ်အနေနဲ့ အပိုင်းတစ်ပိုင်းမှာ Billie ...
7.9
TMDb: 7.9/10 14 votes
tv

Swarm (2023)

2023