Channel Myanmar

Channel 4

Alice & Jack (2024) 3
Alice & Jack (2024) အရှက်အကြောက်ကြီးတဲ့ ဆေးသိပ္ပံသုတေသနပညာရှင်တစ်ယောက်ဖြစ်တဲ့ ဂျက် ဟာ ငွေကြေးပိုင်ဆိုင်ရာ အလုပ်လုပ်နေတဲ့ အဲလစ်ဆိုတဲ့ အမျိုးသမီးလေးနဲ့ ညတစ်ညမှာ ချိန်းတွေ့ကြရင်း ချစ်ကြိုက်မိသွားပါတော့တယ်။သို့သော်လည်း ချစ်မိကြတဲ့သူတို့နှစ်ယောက်ဟာ အဲလစ်ရဲ့ ခန့်မှန်းရခက်တဲ့အပြုအမူတွေ စိတ်မထင်ရင် မထင်သလို အဆက်အသွယ်ဖျက်မှုတွေကြောင့် ဝေးကွာခဲ့ရာမှ တစ်နေ့မှာ အဲလစ် ပြန်ဆက်သွယ်လာသောအခါ တည်ငြိမ်စပြုလာတဲ့ ဂျက် ဘဝမှာ ဘယ်လို ဂယက်တွေထလာမလဲ...သူတို့နှစ်ဦးရော ပြန်လည်စုံစည်းနိုင်ပါ့မလား... ဆိုတာကို ရင်ခုန်စွာနဲ့ကြည့်ရှုရမည့် အချစ်ဇာတ်လမ်းတွဲ လေးပဲဖြစ်ပါတယ်။ File size… (1 GB) Quality….Webrip  720p Format…mp4 Duration….00:45:08 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice Season (1)Episode 1 720p  -  Yoteshin / Megaup / Meganz / Usersdrive / Streamwish Episode 2 720p  -  Yoteshin / Megaup / Meganz ...
3
TMDb: 3/10 1 votes
tv

Alice & Jack (2024)

2024
The Couple Next Door (2023) 5.3
The Couple Next Door (2023) The Couple Next Doors (2023) ============ Drama., ThrillerThriller ဇာတ်လမ်းတွဲကောင်းကောင်း ကြည့်ချင်တဲ့လူတွေ အကြိုက်တွေ့ စေမယ့် ဘေးအိမ်ကစုံတွဲ The Couple Next Door ဖြစ်ပါတယ်။ Open relationship အကြောင်းကိုကောင်းကောင်း ရိုက်ပြထားတဲ့ စုံတွဲ ၂ တွဲရဲ့ အကြောင်းပါ။ကလေးအရမ်းလိုချင်ပေမယ့် ကလေးမရနိုင်တဲ့ ပီတာနဲ့ အီဗီတို့စုံတွဲဟာ ရပ်ကွက်ငယ်လေးတစ်ခုကို ပြောင်းလာပါတယ်။ ဘေးအိမ်က သူတို့ရဲ့အိမ် နီးချင်းဖြစ်လာတဲ့ ဒန်နီနဲ့ ဘက်ကာဆိုတဲ့ စုံတွဲရှိပါတယ်။ ဒန်နီဟာ ခန္တာကိုယ် တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ မက်မောလောက်စရာရုပ်ရည်နဲ့ ရဲအရာရှိတစ်ဦး ပေါ့။ ဘက်ကာကလည်း ယောက်ျားသားတွေ ငေးကြည့်ရတဲ့ ယောဂဆရာမ၊ သူတို့နှစ်ဦးရဲ့ relationship ဟာ လုံးဝ open ပဲ၊ ကလေးတစ်ယောက်ရထား ပေမယ့် ကိုယ်ကြိုက်တဲ့ လူနဲ့ စိတ်ကြိုက်ဖောက်ပြန်ခွင့် အတူနေခွင့်ပြုထား တယ်။ အိပ်ချင်တဲ့သူနဲ့ အိပ်တယ်၊ လူရိုးလေးတို့စုံတွဲ ပီတာနဲ့ အီဗီကလည်း ခင် မင်လာကြရင်း သူတို့နဲ့ မြည်းစမ်းကြည့်ကြဖို့ အကြောင်းဖန်လာပြီး ကိစ္စတွေက ထင်ထားတာထက် ရှုပ်လာတဲ့အခါမှာ...ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရမှာပါ။အများကြီးပြောမနေတော့ပဲ ရိုးရိုးလေးနဲ့ ...
5.3
TMDb: 5.3/10 1812 votes
tv

The Couple Next Door (2023)

2023
The Curse – Season (01), (02) 6.7
The Curse – Season (01), (02) The Curse - Season (01), (02) ===================== IMDb Rating - 6.7/10အချိန်အားဖြင့် ၁၉၈၀ ကာလအစောပိုင်းတစ်ခု၊ နေရာအားဖြင့် မြို့တော် လန်ဒန်မှာ ကုန်လှောင်ရုံဓားပြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဓားပြတွေ ကတော့ မိန်းမမျက်နှာ တစ်ကမ္ဘာ‌ဆိုတဲ့ အဲလ်ဘတ်ရယ်၊ ဘာနေနေသံယောင် လိုက်တတ်တဲ့ မစ်ခ်ရယ်၊ မိန်းမဖောက်ပြန်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကြေကွဲလူငယ်ဖြစ်နေတဲ့ ဆစ် ဒနီရယ်၊ စဆရကသိပ်လုပ်တတ်တဲ့ ဖေးလ်ရယ် မတည့်မတူနေ သူငယ်ချင်း တွေပါ။ ဒေါ်လာငါးသောင်းရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဓားပြတိုက်ပွဲဝင် ခဲ့ကြတဲ့သူတွေပေါ့။ဒါပေမဲ့ ဒေါ်လာငါးသောင်းမကတန်တဲ့ ရွှေတုံးတွေပါ အဲဒီကုန်လှောင်ရုံထဲကို ရောက်ရှိနေခဲ့ပါတယ်။ အခွင့်အရေးဆိုတာ လက်မလွှတ်ကောင်းဘူးဆိုတော့ လည်း ရှိတဲ့ရွှေတွေပါ မကြတော့တာပေါ့။  ဒါပေမဲ့ သူတို့မသိလိုက်တာက အဲဒီ ရွှေတွေက ဆိုးရွားတဲ့ ကျိန်စာမိထားတဲ့ရွှေတွေပါ။  ဒီတော့ သူတို့တွေ အဲဒီရွှေ တုံးတွေနဲ့ ဘယ်လိုနှစ်ပါးသွားဆက်ကကြမလဲဆိုတာ ရယ်ရင်းမောရင်းနဲ့ပဲ ကြည့် ရှုကြရဦးမှာပေါ့ဗျာ။လန်ဒန်မှာဆိုတော့ လန်ဒန်ရဲတွေ ရှိတာပေါ့ ဆိုသလိုပဲ ကိုယ်လူချောတို့ ရဲတွေ လက်ကနေ ဘယ်လိုလွတ်အောင် ပြေးကြဦးမလဲပေါ့။ သေချာတာတော့ မအေး အေးဝင်း စီစဉ်တဲ့စီးရီးမဟုတ်တာမို့ အဆုံးသတ်ကိုတော့ ...
6.7
TMDb: 6.7/10 2100 votes
tv

The Curse – Season (01), (02)

2022
Black Mirror (2011) 8.313
Black Mirror (2011)  "နည်းပညာ" ဆိုတာ အသွားနှစ်ဖက် ပါတဲ့ ဓားလိုပါပဲ။ ကောင်းကျိုးရော ဆိုးကျိုးရော ဒွန်တွဲ ပါနေတဲ့ အရာတစ်ခုပါ။ Netflix က ထွက်တဲ့ လူကြိုက်အများဆုံး စီးရီးထဲက တစ်ခုဖြစ်ပြီး rating လဲ မခေလှတဲ့ ဒီ Black Mirror စီးရီးမှာဆိုရင် နည်းပညာရဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြသွားပါတယ်။ စီစန်တစ်ခုကို ၃ ပိုင်းနဲ့ ၆ ပိုင်းကြားပဲပါပြီး တစ်ပိုင်းချင်းကို စပယ်ရှယ်ပြင်ဆင်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ အခန်းတွေ ပါတာတော့ သတိပြုပေးပါ။ တစ်ပိုင်းချင်းစီက ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပြီး တစ်ပိုင်းကြည့်ပြီးတိုင်း မတူညီတဲ့ ရသနဲ့ message တွေကို ပေးနေမှာပါ။ ကြည့်ပြီးရင်လည်း လခွမ်းတို့ ဘာလဲဟတို့ဆိုပြီး တသသ ဖြစ်နေမဲ့ ဇာတ်လမ်းမျိုးတွေချည်းပဲမို့ အချိန်မဆွဲဘဲ အခုပဲ ကြည့်လိုက်ကြရအောင်။File size…(950 MB)/(400 ...
8.313
TMDb: 8.313/10 4117 votes
tv

Black Mirror (2011)

2011
The Undeclared War (2022) 7.8
The Undeclared War (2022) The Undeclared War (2022)Peacock TVက​ ထုတ်လွှင့်ထားတဲ့ British thrillerစီးရီး​ကောင်းတစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်။ Miniseriesဖြစ်ပြီး Epiက ၆ပိုင်းပဲ ပါဝင်ကာ IMDb 6.6နဲ့ RT 70% ရရှိထားပါတယ်။၂၀၂၄ခုနှစ် ဗြိတိန်အ​ထွေ​ထွေ​ရွေး​ကောက်ပွဲကာလကို ဇာတ်အိမ်တည်ထားပြီး အင်အားကြီးနိုင်ငံ​တွေကြားက cold war ပုံစံလို့ ​ပြောနိုင်တဲ့ Cyber warအ​ကြောင်းကို thrillerဆန်ဆန် ကြည့်ရှု ခံစားရမှာပါ။ Cyber ​​လောကနဲ့ သူတို့​ရဲ့ လုပ်ငန်း​ဆောင်ရွက်ပုံ၊ Malwareတိုက်ခိုက်မှုအမျိုးမျိုးနဲ့ ဟက်ခ်ကာ​တွေရဲ့အားပြိုင်မှု​၊ နိုင်ငံ့​ခေါင်း​ဆောင်​တွေရဲ့ အားပြိုင်မှု​နဲ့အတူ ဇာတ်အစအဆုံးကို ​လိုတိုရှင်း ခပ်သွက်သွက် ကြည့်ရမှာပါ။ ITပိုင်းနဲ့ hackingပိုင်း​တွေကို စိတ်ဝင်စားသူ​တွေ အကြိုက်​တွေ့မှာ ​​သေချာပါတယ်။ဆာရာပါဗင်က ယူ​ကေက အစိုးရဆက်သွယ်​ရေးဌာနချုပ်(GCHQ)ကို ထူးချွန်အဆင့်နဲ့ရောက်လာတဲ့ အလုပ်သင်​ကျောင်းသူတစ်ဦးပါ။ ​​ရောက်​​ရောက်ချင်း ​ဆောက်နဲ့ထွင်းဆိုသလို အလုပ်ဆင်းတဲ့​နေ့မှာပဲ ယူ​ကေရဲ့ဆက်သွယ်​ရေးစနစ်တစ်ခုလုံးနီးပါးကို ပြတ်ကျသွား​​စေတဲ့ Malwareတိုက်ခိုက်မှုကြီး ဖြစ်ခဲ့ပါတယ်။ အာဏာပိုင်​တွေနဲ့GCHQအရာရှိ​တွေက ရုရှားအစိုးရရဲ့တရားမဝင်အဖွဲ့အစည်းက တိုက်ခိုက်ခဲ့တာလို့ တရား​သေယူဆပြီး တန်ပြန် Cyberတိုက်ခိုက်မှု​တွေလုပ်ဖို့ ပြင်ဆင်ကြပါ​တော့တယ်။ ဒါ​ပေမဲ့ အဆိုပါMalwareဟာ သာမန်လို တစ်ဆင့်ပဲ တိုက်ခိုက်တာမျိုးမဟုတ်ဘဲ လျှို့ဝှက်ကုတ်တွေနဲ့၂ဆင့် ၃ဆင့်ထိ ...
7.8
TMDb: 7.8/10 11 votes
tv

The Undeclared War (2022)

2022
Top Boy – Season 01 8.4
Top Boy – Season 01 Top Boy - Season 01====================== IMDb Rating - 8.4/10ဒီနေ့အတွက် Netflix ကနေပြတဲ့ Series တစ်ခုဖြစ်တဲ့ Top Boy ကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဥ◌်းလေးပြောရရင် Jamie တစ်ယောက် အရင်မူးယစ်ဆေးရောင်းဝယ်သူ တူရကီကောင်တွေရဲ့ အဆမတန်စျေးတင်မှုကြောင့် Supplier အသစ် ဖြစ်သူ Dushan နဲ့ ဆက်သွယ်ဖို့ ဖြစ်လာပါတော့တယ်။ Dushan ကလည်းနယ်နယ်ရရတော့ မဟုတ်ပါဘူး သူကမူးယစ်ဆေးရောင်းဝယ်တဲ့နေရာမှာ အကောင်ကြီးကြီး တစ်ကောင်ပါ။ ဒီလိုနဲ့ Jamieနဲ့ Dushan တို့ကြား ဘယ်လိုတွေဆက်ဖြစ်မှာလဲ မူးယစ်ဆေးဝါးရောင်းဝယ်ရေး ဂိုဏ်းတွေကြားပြဿနာများကို အသားပေး ရိုက်ကူးထားတာကိုလည်းတွေ့ရပါတယ်။ Crime, Drama, Thriller ကားကောင်း ကြိုက်သူများအတွက်တော့ တစ်ဝကြီးကြည့်ရမယ့် စီးရီးတစ်ခုပါပဲ။ နောက်ပြီးတော့ Rating အားဖြင့်လည်း 8.4/10 ရရှိထားတာမို့ တင်ဆက်ပေးလိုက်ပါပြီ။ စုစုပေါင်း(၁၀)ပိုင်း ပါဝင်ပြီး တစ်ထိုင်တည်းအားရပါးရကြည့်နိုင်အောင် တစ်ပြိုင်တည်း တင်ဆက်ပေးလိုက်ပါပြီ။(ဒီစီးရီးရဲ့ အညွှန်းကို Shwe Pyae မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size -  (800 ...
8.4
TMDb: 8.4/10 20000 votes
tv

Top Boy – Season 01

2019
The End of the F***ing World season 2 (2019) 7.9
The End of the F***ing World season 2 (2019) ဒီစီးရီးလေးကတော့ ဗြိတိန် ဟာသအကြမ်းစား မျိုးပါပဲ။အရင်အတွဲ ၁ တုန်းက လူကြိုက်များခဲ့ပြီး အခု အတွဲ ၂ မှာ ပိုကြမ်းလာပါတယ်။ဒီလိုဟာသမျိုးတွေက ဇာတ်လမ်းက ရယ်စရာမကောင်းသလိုစကားတွေ သရုပ်ဆောင်တွေကလည်း မရယ်ရပါဘူး။ဒါပေမယ့် တွေးရင်းရယ်ရမလို ပြုံးရမလို စိတ်ညစ်ရမလို ဖြစ်စေတတ်တာမျိုးပါ။တစ်လောကလုံးကို အရွဲ့တိုက်ချင်နေတဲ့အယ်လစ်ဆာဆိုတဲ့ မိန်းကလေး နဲ့လူလေးသတ်ဖူးချင်လို့ အယ်လစ်ဆာကိုသတ်ဖို့ သူ့နောက်က တကောက်ကောက်လိုက်ပြီးအကွက်ချောင်းနေတဲ့ ဂျိမ်းစ် ဆိုတဲ့ကောင်လေးပါတယ်၊သူတို့ သတ်မိခဲ့တဲ့ မုဒိန်းကောင်ကို လူကောင်းထင်ပြီးရည်းစားတော်မိထားတဲ့ ကောင်မလေးက သူတို့ ၂ ယောက်ကို လက်စားချေဖို့ တကောက်ကောက်လိုက်တယ်ပေါ့။သူတို့သုံးယောက် ပြဿနာတွေ ပတ်ရှာကြတာကို ထိုင်ကြည့်ရမှာပါပဲ။စောင့်နေတဲ့သူတွေ ကြည့်နိုင်ပါပြီ။ဒီစီးရီးလေးကတော့ ဗွိတိနျ ဟာသအကွမျးစား မြိုးပါပဲ။အရငျအတှဲ ၁ တုနျးက လူကွိုကျမြားခဲ့ပွီး အခု အတှဲ ၂ မှာ ပိုကွမျးလာပါတယျ။ဒီလိုဟာသမြိုးတှကေ ဇာတျလမျးက ရယျစရာမကောငျးသလိုစကားတှေ သရုပျဆောငျတှကေလညျး မရယျရပါဘူး။ဒါပမေယ့ျ တှေးရငျးရယျရမလို ပွုံးရမလို စိတျညဈရမလို ဖွဈစတေတျတာမြိုးပါ။တဈလောကလုံးကို ...
7.9
TMDb: 7.9/10 365 votes
tv

The End of the F***ing World season 2 (2019)

2017
Traitors(2019)[ စ / ဆုံး] 6.5
Traitors(2019)[ စ / ဆုံး] Traitors(2019)ဇာတ်လမ်းတွဲ SEASON (1) စ/ဆုံးIMDb...6.5,,,, Rotten...67%Traitors ကတော့ Netflix ကထုတ်လိုက်တဲ့ ၂၀၁၉ ထွက် Series လေးပါ။စပိုင်ဇာတ်လမ်းကြိုက်သူတွေ အကြိုက်တွေ့မှာ သေချာပါတယ်။ IMDB Rating 6.5 ရရှိထားပြီးဇာတ်လမ်းအေးမယောင်နဲ့ ဆွဲဆောင်မှုရှိတဲ့ Series တစ်ခုပါပဲ။ ဇာတ်ကားနာမည်ကိုက သစ္စာဖောက်တွေဆိုတဲ့အတိုင်း တစ်ယောက်ကိုတစ်ယောက်၊ တစ်ဖက်ကို တစ်ဖက်သစ္စာဖောက်တာကို Plot Twist လှလှလေးတွေနဲ့တွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ဒုတိယကမ္ဘာစစ်ကြီး ပြီးခါစ စစ်အေးတိုက်ပွဲအစလို့ ပြောလို့ရတဲ့အချိန် Fiona Symond လို့ခေါ်တဲ့ အင်္ဂလိပ်မလေးတစ်ယောက်ကို အမေရိကန်ထောက်လှမ်းရေးအဖွဲ့က အေးဂျင့်တစ်ယောက်အနေနဲ့ ရုရှားသူလျှိုကို ရှာဖွေခိုင်းပါတယ်။ဒါပေမဲ့ စပိုင်လုပ်ငန်းဆိုတာ ဘယ်သူ့ကိုမှ ယုံလို့မရဘူးဆိုတာ Fiona တစ်ယောက်သိသွားချိန်မှာတော့ ထွက်ရခက်တဲ့ ကစားပွဲထဲကို သူရောက်နေတာကိုတွေ့သွားပြီးတော့ အဲဒီကစားပွဲမှာ သူဘယ်လိုပါဝင်ပြီး ကစားသွားလဲဆိုတာကို ကြည့်ရမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူများကတော့ Thura Zarni Aung  နှင့် demon တို့ပဲဖြစ်ပါတယ်... Quality – 720p  WEB-DLDuration ...
6.5
TMDb: 6.5/10 4 votes
tv

Traitors(2019)[ စ / ဆုံး]

2019
The End of the F***ing World (2017) Season 1 [COMPLETE] 7.9
The End of the F***ing World (2017) Season 1 [COMPLETE] Wow! စီးရီးနာမည်နဲ့တင် ကြည့်ချင်စရာကောင်းသွားပါပြီ။2017 အောက်တိုဘာလမှာ Netflix မှာ စတင်ထုတ်လွှင့်ပြသခဲ့ပြီး လူငယ် ဆယ်ကျော်သက်ပရိသတ်တွေရဲ့ အားပေးမှုကိုအများဆုံးရရှိထားတဲ့ စီးရီးတစ်ခုဆိုရင်လဲမမှားပါဘူး။ကိုယ့်ကိုယ်ကို စိတ်ဝေဒနာရှင်လို့သတ်မှတ်ထားတဲ့ ၁၇ နှစ်အရွယ် ဂျိမ်းစ်နဲ့ လူတကာကို ဘုကလန့်ဂွစာလုပ်တတ်တဲ့ ၁၇နှစ်အရွယ် အလစ်ဆာတို့ နှစ်ယောက်ဟာ တစ်နေ့တော့ သူတို့အိမ်ကနေ အတူတူထွက်ပြေးလာကြပြီး အလစ်ဆာရဲ့အဖေဆီ သွားဖို့ကြိုးစားကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ ပင်ကိုဗီဇတွေက ဘယ်လိုမျိုးလဲ၊ သူတို့နှစ်ယောက် ဘယ်လိုစတွေ့ခဲ့ကြသလဲ၊ အိမ်ကနေထွက်ပြေးလာပြီး လမ်းမှာ ဘာတွေကြုံတွေ့ရသလဲဆိုတာကို အသေးစိတ်ရိုက်ကူးပြထားတဲ့ စီးရီးတစ်ခုဖြစ်ပါတယ်။ဒီစီးရီးရဲ့ ထူးခြားချက်ကတော့ ဂျိမ်းစ်နဲ့ အလစ်ဆာတို့ရဲ့ အတွေးလေးတွေကိုပါ ထည့်သွင်းထားတာလေးပါ။ အပြင်မှာစကားပြောလိုက်တာက တစ်မျိုးဖြစ်ပေမယ့် သူတို့စိတ်ထဲမှာကျ နောက်တစ်မျိုးတွေးနေတာကိုပါ ရိုက်ကူးပြထားတဲ့အတွက် ရုပ်ရှင်ကြည့်နေရင်း ကိုယ့်ရှေ့မှာ ဒီ ဆယ်ကျော်သက်ကောင်လေးနဲ့ ကေကာင်မလေး တကယ်ရောက်နေတယ်လို့တောင် ခံစားရလောက်ပါတယ်။ သူတို့ရဲ့စကားလုံးအသုံးအနှုန်းတွေဟာ အတော်ခေတ်ဆန်ပြီး ဟာသပြက်လုံးတွေကလဲ အရွဲ့တိုက်ပြက်လုံးတွေ အများဆုံးပါဝင်ပါတယ်။ ဆယ်ကျော်သက်ဘဝကို သေချာမီးမောင်းထိုးပြနိုင်ပြီး လူငယ်ပရိသတ်တွေ ...
7.9
TMDb: 7.9/10 84 votes
tv

The End of the F***ing World (2017) Season 1 [COMPLETE]

2017