Channel Myanmar

Hunan Television

The Legend of ShenLi
The Legend of ShenLi ရှေးခေတ်က နတ်ဘုရားများစွာ သေဆုံးသွားပြီးတဲ့နောက်တစ်ဦးတည်းကျန်ရစ်ခဲ့တဲ့ ရှေးဟောင်းနတ်ဘုရား"ရှင်ကျစ်"ဟာရှင်ယွင်ဆိုတဲ့နာမည်နဲ့ လူသားမျိုးနွယ်ခန္ဓာကိုယ်ကို သုံးပြီး လူ့ပြည်မှာတစ်ကိုယ်တည်း ဇာတ်မြှုပ်ကာ အသက်ရှင်နေထိုင်လျက်ရှိပါတယ်။တစ်ဖက်မှာ ဝိညာဥ်လောကမှ ကျောက်စိမ်းသခင် "ရှန်လီ"ဟာသူမရဲ့အသက်တစ်ထောင်ပြည့်မွေးနေ့မှာ ထိမ်းမြားဖို့ စီစဥ်ခံရတာကြောင့်ထွက်ပြေးရာမှ တိုက်ခိုက်ခံရပြီး မူလဇာမဏီငှက်ပုံသဏ္ဍာန် ပြန်ဖြစ်သွားခဲ့ပါတယ်။ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ လူ့ပြည်ကိုကျသွားတဲ့ "ရှန်လီ"ဟာ ‌ရှေးဟောင်းနတ်ဘုရား"ရှင်ကျစ်"နဲ့ လူ့ပြည်မှာ မတော်တဆဆုံတွေ့ဆုံခဲ့ရာမှာ သူတို့နှစ်ဦးကြားမှာချစ်ခြင်းမေတ္တာတွေ ပေါက်ဖွားလာခဲ့ပါတယ်။ လောကကြီးရဲ့ ငြိမ်းချမ်းမှုနဲ့အရာခပ်သိမ်းကို ကာကွယ်ဖို့ တာဝန်ရှိတဲ့ ရှေးဟောင်းနတ်ဘုရား ရှင်ကျစ်နဲ့မျိုးနွယ်စုတစ်ခုလုံးကို ကာကွယ်ဖို့ တာဝန်ရှိသလို ကြီးမားတဲ့ တာဝန်တွေကိုပုခုံးပေါ် ထမ်းထားရတဲ့ ဇာမဏီအရှင်မ "ရှန်လီ"တို့ သမိုင်းပေးတာဝန်တွေနဲ့ချစ်ခြင်းမေတ္တာကြားမှာ ဘယ်လိုရွေးချယ်မှုတွေ လုပ်ကြမှာလဲ အဆုံးမှာတစ်ဦးနဲ့တစ်ဦး ပေါင်းဖက်ရပါ့မလားဆိုတာတော့ CM ပရိသတ်ကြီး စောင့်မျှော်အားပေးကြပါဦး====================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama, Fantasy Runtime : ...

The Legend of ShenLi

2024
Fantastic Doctors ( 2023 )
Fantastic Doctors ( 2023 ) ဒီဇာတ်လမ်းတွဲလေးကတော့ ကိုရီးယားမှာ တစ်ခေတ်တစ်ခါက အရမ်းကို နာမည်ကြီးခဲ့တဲ့ The Good Doctor ဆိုတဲ့ဇာတ်ကားလေးကို remake ပြန်ရိုက်ထားတာဖြစ်ပါတယ် ။ main lead အနေနဲ့ ဟိုတလောလေးကမှ lost you forever နဲ့ အရမ်း hit ဖြစ်ထားတဲ့ မင်းသား Zhang Wang Yi ပါဝင်ထားပြီး တခြားနာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေလည်း အများကြီးပါဝင်ထားတော့ ကြည့်ရတာ ရှယ်ပဲနေမှာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ - Asperger's Syndrome လို့ခေါ်တဲ့ ပေါင်းသင်းဆက်ဆံရေးအခက်အခဲရှိတဲ့ရောဂါရှိနေတဲ့ ချန်ဟွေးတစ်ယောက် ဆေးကျောင်းကနေဘွဲ့ရခဲ့ပါတယ် ။ သူက အဲဒီရောဂါရှိနေပေမဲ့ တစ်ဖက်မှာလည်း ဉာဏ်ကြီးရှင်ဖြစ်နေပြန်ပါတယ် ။အဲဒီလိုနဲ့ ဘယ်ဆေးရုံကမှသူ့ကိုလက်မခံခဲ့ပေမဲ့ စုန့်ကျားဆေးရုံက ဆေးရုံအုပ်က သူကပါရမီရှင်ဖြစ်ပြီးလက်မလွှတ်ချင်တာကြောင့် အားလုံးဝိုင်းတားနေတဲ့ကြားက ဆေးရုံမှာ house ဆင်းဖို့အလုပ်ခန့်လိုက်ပါတော့တယ် ။Asperger's Syndrome ရှိနေတဲ့ချန်ဟွေးတစ်ယောက် ဆေးရုံမှာ မကြာခနဆိုသလို လူနာရှင်တွေနဲ့ပြဿနာတတ်ရ ပြန်အတိုင်ခံရနဲ့ ဖြစ်လာခဲ့ပါတော့တယ် ။ ဆေးရုံကလည်း house ဆင်းနေတဲ့ဆရာဝန်တွေထဲကမှ နှစ်ယောက်ကိုပဲ ဆေးရုံမှာ ဆက်ပြီးအလုပ်လုပ်ခွင့်ပေးမယ်ဆိုလာသောအခါ..ချန်ဟွေးတစ်ယောက် သူရဲ့ရည်မှန်းချက်ဖြစ်တဲ့ ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်ကိုလက်လျှော့လိုက်ရမလား ? ဘယ်လိုတွေကြိုးစားသွားမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ...

Fantastic Doctors ( 2023 )

2023
Only for Love ( 2023 )
Only for Love ( 2023 ) အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ Dylan Wang နဲ့ Bai Lu တို့ရဲ့ ချိုချိုမြိန်မြိန်ရိုမန့်တစ်ဇာတ်လမ်းလေး ထွက်ရှိလာပါပြီနော်။ ထက်မြက်ပြီး အလုပ်ကြိုးစားတဲ့ ဂျာနယ်လစ်မလေး ကျန်းစူးယီ။ သူမအလုပ်လုပ်နေတာကတော့တရုတ်နိုင်ငံရဲ့ထိပ်တန်းသတင်းစာတိုက်တစ်ခုမှာဖြစ်ပါတယ်။ အလုပ်ကောင်းကောင်းတစ်ခုရှိပြီး ပျော်ရွှင်တဲ့ဘဝတစ်ခုပိုင်ဆိုင်ထားသူပါ။ငယ်ရွယ်တဲ့စီးပွားရေးလုပ်ငန်းရှင်သူဌေးလေး ရှီယန်။ သူဟာစူးယီရေးတဲ့ဘဏ္ဍာရေးဆောင်းပါးတွေကိုဖတ်ပြီး မတူညီတဲ့အမြင်ရှုထောင့်နဲ့ ရှင်းလင်းတဲ့တင်ပြချက်ပုံစံတွေကိုသဘောကျနေသူပါ။အသက်ငယ်ပေမယ့် စီးပွားရေးလောကမှာနာမည်ကြီးတဲ့ ရှီယန်ကို စူးယီတစ်ယောက် အင်တာဗျူးဖို့ကြိုးစားရာကနေ သူတို့နှစ်ဦး ရင်းနှီးဖို့အစဖန်လာပါတော့တယ်။ ဂျာနယ်လစ်မလေးနဲ့ လုပ်ငန်းရှင်သူဌေးလေးတို့ ဘယ်လိုနီးစပ်သွားကြမလဲဆိုတာကို ရင်ခုန်စွာနဲ့စောင့်ကြည့်လိုက်ကြပါဦး။============================Quality : WEB-DL 1080p , 720p Total Episodes : 36 Format : mp4 Genres : Drama , Romance Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Yin Wai Phyo Encoded by LK============================Ep 1 (720p) - Yoteshin / Usersdrive / ...

Only for Love ( 2023 )

2023
Fireworks of My Heart ( 2023 ) 8.3
Fireworks of My Heart ( 2023 ) CM ကနေတရုတ်ဇာတ်ကားလေးတွေကို တင်ဆက်ပေးလာရင်းနဲ့ ဒီတစ်ခါမှာလည်း CM ပရိသတ်တွေအတွက် Fireworks of My Heart ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။Love O2O ဇာတ်ကားနဲ့လူကြိုက်များလာတဲ့ Yang Yang ကတော့မတူညီတဲ့ ဇာတ်ကောင်တွေမှာ သရုပ်ဆောင်ပြီး ပရိသတ်ကိုဖမ်းစားရင်းနဲ့ ဒီတစ်ခါမှာတော့ မီးသတ်သမားလေးအဖြစ်အနေနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ မီးသတ်အဖွဲ့ခေါင်းဆောင် စုန့်ယန့် (Yang Yang) နှင့်ဆေးရုံးအရေးပေါ်ဌာနရဲ့ ဒေါက်တာမလေး ရွှီချင့် (Wang CHu Ran)တို့က ကျောင်းသားငယ်ဘဝမှာ ခင်မင်ရင်းနှီးကြတဲ့အိမ်နီးနားချင်းမိတ်ဆွေတွေပေါ့။ဒီလိုနဲ့သူငယ်ချင်းကနေချစ်သူတွေဖြစ်ကြတဲ့အချိန် နှစ်ဖက်မိဘရဲ့ နှစ်ဦးကြားမှာ ကန့်ကွက်ပိတ်ပင်မှုတွေကြောင့် နှစ်ယောက်သားဝေးကွာခဲ့ရပြီး ရွှီချင့်ကတော့နိုင်ငံခြားကိုထွက်သွားခဲ့တယ်။နှစ်ယောက်သားနှစ်ပေါင်းများစွာဝေးကွာပြီး ရွှီချင့်တစ်ယောက်ပြန်လာခဲ့တဲ့အချိန် တစ်နေ့တော့ သူတို့ဌာနကို စုန့်ယန့်တို့မီးသတ်အဖွဲ့ဆေးရုံလာပြသရာ နှစ်ဦးသားပြန်လည်တွေ့ဆုံဖို့အကြောင်းဖန်လာခဲ့တယ်။ဒီလိုနဲ့ နှစ်ဦးသားအေးစက်တဲ့ ဆက်ဆံရေးကိုတဖန် ပြန်နွေးထွေးသွားအောင်လုပ်ပေးနိင်မလား။ နှစ်ဦးကြား နားလည်မှုလွဲပြီးလွဲမှားခဲ့တာကို ဘယ်လိုပြန်အဆင်ပြေအောင်ညှိယူကြမလဲ။ နှစ်ဖက်မိဘသဘောမတူတဲ့ နှစ်ယောက်ကကော ဘယ်လိုတွေလက်ခံလာအောင် ကြိုးစားယူကြမလဲ။ အစရှိတာတွေကိုတော့ ဒီဇာတ်လမ်းလေးကိုကြည့်ရူရင်းနဲ့ CM တရုတ်အဖွဲ့သားတွေနှင့်အတူတူအဖြေရှာကြရအောင် ~ ============================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Action , Adventure , Drama Runtime : 45 min Subtitle : Myanmar Subtitle ( ...
8.3
TMDb: 8.3/10 3 votes
tv

Fireworks of My Heart ( 2023 )

2023
Meet Yourself (2022)
Meet Yourself (2022) ❏ သူငယ်ချင်းအရင်းဖြစ်သူ ဆုံးပါးသွားတဲ့အတွက်ကြောင့်တလီမှာရှိတဲ့ ယွင်မောင်ရွာလေးကို စိတ်ပြေလက်ပျောက်တစ်ကိုယ်တည်း ခရီးထွက်လာတဲ့ ရွှဟုန်သုန့် အဖြစ် လျိုယိဖေး❏ မြိုမှာရှိတဲ့ လစာကောင်းကောင်း အလုပ်ကိုစွန့်လွှတ်ကာမွေးရပ်မြေယွင်မောင်ရွာကလေးကို တိုးတတ်ဖိုအရေးကြိုးပန်းနေတဲ့ ရှဲကျစ်းယောင် အဖြစ် လီရှန့်သူငယ်ချင်းအရင်းဖြစ်သူ ဆုံးပါးသွားတဲ့အတွက်ကြောင့်ရွှဟုန်သုန့်(လျိုယိဖေး) တစ်ယောက် သူမရဲ့ ဘဝကြီးရောအလုပ်အကိုင်တွေရောဟာ အောက်ဆုံးအထိ နိမ့်ကျသွားခဲ့ပါတယ်သူမဟာ အဲဒီဝမ်းနည်းမှုတွေကို ဖြေဖျောက်ဖိုအတွက်တလီမှာရှိတဲ့ ယွင်မောင်ရွာလေးဆီကို အနားယူဖိုတစ်ကိုယ်တည်းထွက်လာခဲ့ပါတော့တယ် အဲဒီအချိန်မှာတော့လစာကောင်းတဲ့ လက်ရှိအလုပ်ကိုထွက်ပြီး မွေးရပ်မြေမှာစိုက်ပျိုးတီထွင်မှုတွေပြုလုပ်နေတဲ့ ဒေသခံတစ်ယောက်ဖြစ်သူရှဲကျစ်းယောင် နဲ့တွေ့ဆုံခဲ့ပါတယ် ဒီလိုနဲ့ နေ့စဥ်အတူတူဖြတ်သန်းလာခဲ့စဥ်အတွင်းမှာရှဲကျစ်းယောင် တစ်ယောက် ရွှဟုန်သုန့်ရဲ့ ကြင်နာမှုတွေလေးနက်မှုတွေကို တစ်ဖြည်းဖြည်းနဲ့ ခံစားလာခဲ့ပါတော့တယ်အဲဒီနောက်မှာတော့ သူဟာ ရွှဟုန်သုန့်ရဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေးဆိုင်ရာလုပ်ငန်းအတွေ့အကြုံတွေကိုအသုံးချပြီးတော့ ဒေသခံဝန်ထမ်းတွေကိုဝန်ဆောင်မှုဆိုင်ရာ အသိပညာပေးရန်နဲ့ ယွင်မောင်ကျေးရွာလေးရဲ့ ယဉ်ကျေးမှုနဲ့ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်ဖို ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပါတယ်ဒီလိုနဲ့ နှစ်ယောက်သားဟာ ယွင်မောင်ကျေးရွာလေး တိုးတတ်စေဖိုအတူတူဆောင်ရွက်ခဲ့ကြရင်း ခံစားချက်တွေ ပေါက်ဖွားကာ မေတ္တာမျှခဲ့ကြပါတော့တယ်။ဒီဇာတ်ကားလေးက အချစ်ဇာတ်လမ်းချည်းပဲ အဓိက ဦးစားပေးရိုက်ကူးထားတာတော့မဟုတ်ပါဘူး။မဖွံဖြိုးသေးတဲ့ကျေးရွာတစ်ရွာကို အတူတူ တိုးတတ်အောင်လုပ်ဆောင်ကြပုံတွေအချင်းချင်းရိုင်းပင်းကူညီကြပုံတွေ ...

Meet Yourself (2022)

2023
Draw The Line (2022)
Draw The Line (2022) ရှင်းချန်ပြည်နယ်တရားရုံးရဲ့ တရားသူကြီးဖန်းယွမ်နဲ့ရုံကျိုးပြည်နယ်တရားရုံးရဲ့ ပြစ်မှုဆိုင်ရာလက်ထောက်တရားသူကြီး စုန့်ယွီ ဖေးတိုဟာကျန်းဝေ့မင်ရဲ့အလုပ်သင် တွေဖြစ်ကြသလိုရှင်းချန်တရားရုံးရဲ့ ဒုတရားသူကြီး တွေ ဖြစ်ကြပါတယ်ဆရာသုံး ယောက်နဲ့အလုပ်သင် တွေကတရုတ်ပြည်ရဲ့တရား ရေးမှာ ငယ်ရွယ်မှုစိတ်အားထက်သန်မှု တွေကို မြှုပ်နှံထားကြပါတယ်အခု တော့ ဖန်းယွမ်ရဲ့အလုပ်သင်နဲ့တရားရေးရာလက် ထောက် ကျိုးယိအန်းဟာတရားသူကြီးမင်း ဖြစ်လာခဲ့ပါတယ်ဆရာ တွေနဲ့အလုပ်သင်တွေရဲ့ မတူညီတဲ့အဖွဲတွေဟာအခုတော့ လူစုကွဲသွားကြပြီး နေရာအမျိုးမျိုးမှာတောက်ပဖိုဆက်ကြိုးစားနေခဲ့ကြပါတယ်နိုင်ငံတော်တရားရုံးရဲ့ အမျိုးသမီးအလုပ်သင် ယဲ့ရှင်းရဲ့ရုတ်တရက် ရောက်လာမှုက ရှင်းချန်တရားရုံးကိုပြောင်းလဲမှုတွေအများကြီး ဖြစ်လာစေပါ တော့တယ်တရားရုံးအမှုထမ်းမျိုးဆက်သုံးခုဟာ ကိစ္စတိုင်းမှာတရားရုံးအကူအညီနဲ့လမ်းညွှန်မှု တွေအတိုင်းလုပ်ဆောင်ခဲ့ကြပါတယ် နောက် တော့သူတိုဟာတရား ရေးရာ အကျင့်သိက္ခာနဲ့ လူသားဆန်မှုတိုကိုစောင့်ထိန်းကြပါ တော့တယ်ပြောင်းလဲမှု တွေက ရော ဘာ တွေဆက်ဖြစ်လာမလဲဆိုတာစိတ်ဝင်စားဖွယ် ဒီကား လေးကိုCMက တင်ဆက်ပေးတော့မှာဖြစ်လိုစောင့်မျှော်ကြည့်ရှုကြဖို ဖိတ်ခေါ်လိုက်ပါတော့တယ် (အညွှန်းရေးသားထားသူကတော့ Star Moon Sun ဖြစ်ပါတယ်)Quality : WEB-DL 720pTotal Episodes : 40Format : mp4Genres : Friendship, ...

Draw The Line (2022)

2022
Dream Garden (2021)
Dream Garden (2021) ပရိတ်သတ်တွေနဲ့မစိမ်းတဲ့ World of Honour ထဲကမင်းသားလေး Gong Jun နဲ့Ode to joy ထဲက မင်းသမီးလေး Qiao Xin တို့က ပါဝင်သရုပ်ဆောင်ထားတဲ့series အသစ်လေးနဲ့တင်ဆက်ပေးလိုက်ပါတယ်အနေအေးပြီး စိတ်ပညာနဲ့ပတ်သတ်ရင် ကျွမ်းကျင်တဲ့ စိတ်ရောဂါကုဆရာဝန်လေး Lin Shen နဲ့ချစ်မှုရေးရာနဲ့ပတ်သတ်ရင် လက်တွေ့မကြုံဖူးပေမယ့် သူ့ကိုယ်သူ ကျွမ်းကျင်အဆင့်လို့ခံယူထားတဲ့ blogger မလေး xiao xiao တို့ဟာ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတဲ့အတွက်ငြင်းခုံဖူးကြသူနှစ်ဦးပါ။ ဒီလိုနဲ့ စိတ်ပညာနဲ့ပတ်သတ်ပြီး လေ့လာချင်တဲ့xiao xiao တစ်ယောက် စိတ်ရောဂါကုဆရာဝန်တစ်ဦးဆီမှာ လက်ထောက်အဖြစ်လျှောက်ရာကနေ သွေးအေးတဲ့ Lin Shenရဲ့လက်အောက်မှာ လက်ထောက်အဖြစ်အလုပ်လုပ်ခွင့်ရပြီးတဲ့နောက် ကံကြမ္မာက သူတို့နှစ်ဦးကို နီးစပ်စေဖို့ဘယ်လို​အပြောင်းအလဲတွေ ဖန်တီးပေးဦးမလဲ ဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာရင်ခုန်စိတ်လှုပ်ရှားရင်းကြည့်ရှုရမှာပဲဖြစ်ပါတယ်။အချောလေးနှစ်ယောက်ရဲ့ လိုက်ဖတ်မှုအပေါင်းကိုလည်း လှလှပပကြီးခံစားရမယ့်အပြင်Lin Shen တစ်ယောက် အိပ်မွေ့ချကုထုံးတွေနဲ့ လူနာတွေရဲ့ စိတ်ဒဏ်ရာတွေကိုဘယ်လိုဖြေရှင်းပေးမလဲ Xiao Xiao ကရော ...

Dream Garden (2021)

2021
Remembrance of Things Past ( 2021 ) 7
Remembrance of Things Past ( 2021 ) အနားမှာ ကောင်းကောင်းဆိုးဆိုး အမြဲ ရှိနေပေးတဲ့သူငယ်ချင်းရှိလား...ပျော်စရာတွေပဲမဟုတ်ဘူး ဝမ်းနည်းစရာ စိတ်မကောင်းစရာအချိန်မှာပါခံစားချက်တွေ မျှဝေနိုင်တဲ့သူမျိုး ကိုယ်ဒုက္ခရောက်တဲ့အချိန်ပထမဆုံးသတိရမိလောက်အောင် အားကိုးရတဲ့သူမျိုး ဘယ်သူ့ကိုမှထုတ်မပြောရဲတဲ့ လျို့ဝှက်ချက်တွေကို မျှဝေနိုင်လောက်အောင်ယုံကြည်လို့ရတဲ့သူမျိုး ဒီလိုသူငယ်ချင်းမျိုးရှိရင် တန်ဖိုးထားကြပါ...ဘာလို့လဲဆိုတော့ ဒီဇာတ်လမ်းလေးမှာတော့ ဒီလိုသူငယ်ချင်းမျိုးကိုရုတ်တရက်ဆုံးရှုံးသွားတဲ့ မိန်းကလေး ၃ ယောက်အကြောင်းကိုရိုက်ကူးပုံဖော်ထားတာါပ. ဒီဇာတ်လမ်းလေးကနေ ပေကျင်းမြို့မှာ ဘဝကို ရုန်းကန်နေရတဲ့ 80 ခုနှစ်ကျော် 90 ခုနှစ်ကျော်မွေးတဲ့သူတွေရဲ့ချိုမြိန်လှတဲ့ ဒုက္ခတွေ ဘဝရဲ့အိပ်မက်တွေက ဝေးသည်ထက်ဝေးတဲ့အပြင် ဘဝ၊အလုပ်အကိုင်နဲ့ အချစ်ရေး အရာအားလုံးရဖို့ဆိုတာ မလွယ်ကူသလိုရထားပြီးသားကို ထိန်းထားဖို့လည်း မလွယ်ကူဘူးဆိုတာကို သရုပ်ဖော်ထားတာပါ။ဒီဇာတ်လမ်းမှာ ကာရိုက်တာ ၄ ခုကို ဗဟိုပြုပြီးရိုက်ထားတာပါ...အရင်ဆုံး ပျော်ရွှင်တတ်ပြီး အကောင်းမြင်စိတ်အပြည့်ရှိတဲ့ အားလုံးရဲ့ဟားဟားမင်းသမီးလေး ဟူကျင်းကျင်းပါ။ အခု အသက် ၂၆ နှစ်ပျေကင်း ခရီးသွားလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်နေတာ လုပ်သက် ၄ နှစ်ရှိပြီ။နောက်တစ်ယောက်ကတော့ ဟူကျင်းကျင်းရဲ့အစ်မဝမ်းကွဲ ကျီနန်ကျားသူကတော့ အသက် ၃၅ နှစ်ရှိပြီး အခုပေကျင်းမှာ ...
7
TMDb: 7/10 2 votes
tv

Remembrance of Things Past ( 2021 )

2021
Dream of Chang’an (2021) ( Completed )
Dream of Chang’an (2021) ( Completed ) အားလုံးမျှော်လင့်စောင့်စားနေတဲ့ကားလေး လာပါပြီနော်Ratingတွေအများကြီးနဲ့ ပရိတ်သတ်အသည်းကို သိမ်းသွားခဲ့တဲ့ love and redemption လေးကိုမှတ်မိကြတယ်မို့လား ဒီတစ်ခေါက်တော့ CMက ​အဲ့ဒီ ဇာတ်ကားလေးထဲက မင်းသား ယွီစီဖုန်းလေးနဲ့ မင်းသမီးရဲ့အမ ချူလင်းလုံတို့ အတူတွဲဖက်ပြီး ရိုက်ကူးထားတဲ့ကားလေးကို တင်ဆက်ပေးချင်ပါတယ်ဇာတ်ကြောင်းလေးကတော့... ထန်မင်းဆက်ရဲ့ ဝမ်ကျုံးမင်းခေတ်မှာ မိန်းမစိုးတွေဟာ မင်းကြီးထက်ပိုပြီး အာဏာကုန်ရထားကြပါတယ် အဲ့လို့ အာဏာလွှမ်းမိုးနေတာကို ကြည့်မနေနိုင်တဲ့ ဝမ်ကျုံးမင်းကြီးဟာ ဝန်ကြီးဝမ်ယန်နဲ့ ပူးပေါင်းပြီး မိန်းမစိုးခေါင်းဆောင် ချိုဇီလျန်ကို အကွက်ချဖို့စီစဉ်ပါတော့တယ် ဒါပေမဲ့ သူတို့ရဲ့ အကြံအစဉ်ဟာ အကြီးအကျယ်ရှုံးနိမ့်ပြီး ဝန်ကြီး ဝမ်ယန်တို့ အိမ်တော်တစ်ခုလုံးလည်း သေဒဏ်ချမှတ်ခံခဲ့ရပါတယ်ကံကောင်းထောက်မစွာ ဝမ်ယန်ရဲ့ မြေးအမွှာနှစ်ယောက်ကတော့ လွှတ်မြောက်သွားခဲ့ပါတယ် ဒါပေမဲ့လည်း ကံကြမ္မာကမျက်နှာသာမပေးဘဲ ညီအမနှစ်ယောက် ကွဲသွားရှာတော့တယ် သူတို့ညီအစ်မနှစ်ယောက်ထဲက အမကြီး ယွီပင်အာဟာ ဇီယီဌာနက မွေးစားခံခဲ့ရပြီး သွေးကြွေးပြန်ချေဖို့ ယန်ကျီလို့ နာမည်ပြောင်းကာ ချိုရှစ်လျန်ရဲ့ မွေးစားသမီးအဖြစ်ခံယူလိုက်ပါတယ်နောက် ခုနှစ်နှစ်ကြာပြီး မင်းကြီး လီယန် နန်းတတ်လာတဲ့အခါမှာတော့ လီယန်က ဇီယီဌာနကို သုံးပြီး ချိုရှစ်လျန်ကို ဆန့်ကျင်ဖို့ ကြံပါတော့တယ် အဲ့ဒီအချိန်မှာ အမွှာညီအမနှစ်ယောက် ရန်သူအဖြစ်နဲ့ ပြန်တွေ့ကြပြီး ဘယ်လိုကံကြမ္မာဆိုးတွေက ...

Dream of Chang’an (2021) ( Completed )

2021
My Fair Princess (AKA) Pearl Princess ( 1998 ) 8.4
My Fair Princess (AKA) Pearl Princess ( 1998 ) ၁ရက်ကို ၆ ပိုင်းနှုန်းနဲ့တင်ဆက်ပေးသွားပါမယ်တစ်ချိန်က မြဝတီမှာ “ရွှေမင်းသမီး” နာမည်နဲ့ ညကိုးနာရီလာခဲ့တဲ့90s born လေးတွေတော်တော်များများ သိကြမယ့် ဟွမ်ကျူးကော်ကော် (ခေါ်)ရှောင်ယဲ့ဇီလေးကို CM version နဲ့ ပြန်ကြည့်နိုင်ပါပြီဒီကားလေးကိုမှ ဘာလို့ရွေးတင်ဆက်လဲဆိုရင်တော့ ဘယ် version မှအစားမထိုးနိုင် နောက်တစ်ခေါက် ဘယ်တော့မှ ပြန်မရိုက်နိုင်တဲ့ ဟောင်းပေမယ့်တန်းဖိုးမဖြတ်နိုင်တဲ့ IMDb 7.9 နဲ့ ရပ်တည်ခဲ့တဲ့ အဖိုးတန်ဇာတ်ကားကောင်းလေးမလို့ပါအားလုံး သိကြမယ် ထင်ပေမယ့် မေ့နေလောက်မယ့်သူတွေအတွက်နဲ့မသိလောက်သေးတဲ့သူတွေအတွက် လိုရမယ်ရ ဇာတ်လမ်း အကျဉ်းလေးပြန်ပြောရမယ်ဆိုရင်တော့ရှဇီဝေဆိုတဲ့ မိန်းမပျိုလေးဟာ ကွယ်လွန်သွားတဲ့ အမေချန်ရစ်ခဲ့တဲ့ပန်းချီကားလေးနဲ့ ခေါက်ယပ်တောင်လေးကို ရင်ဝယ်ပိုက်ပြီး ဝေးလံလှတဲ့ဇာတိမြေကျီနန်မှ မင်းနေပြည်တော်ဆီ ခရီးနှင်ခဲ့တာကတော့မင်းနေပြည်တော်မှာရှိတဲ့ သူတစ်သက်လုံး မမြင်ဖူးရှာတဲ့ ဖခင်ဘုရင်ကြီးရဲ့အသိအမှတ်ပြုခံရဖို့ဆိုတဲ့ မျှော်လင့်ချက်ကြောင့်ပါဒီလိုမျိုးဝေးလံကြမ်းတမ်းတဲ့ခရီးကို ဓားဆို ဟင်းချက်ရုံကလွဲပြီးမသုံးဖူးတစ်သက်လုံး စောင်းတီး ကျားကစား ချည်ထိုးပန်းထိုးလုပ်ရုံကလွဲလို့မသုံးဖြစ်တဲ့ လက်ဖဝါးနုနုပိုင်ရှင်အတွက်ကတော့ အတော်ပင် ခက်ခဲလှပါတယ်။သူဦးတည်နေတဲ့ မင်းနေပြည်တော်မှာလည်း သူနဲ့အသက်အရွယ်တူ မဟုတ်မခံခြေမြန်လက်မြန်နဲ့ မတရားတာမြင်ရင် ဝင်ပါတတ်တဲ့ ...
8.4
TMDb: 8.4/10 9 votes
tv

My Fair Princess (AKA) Pearl Princess ( 1998 )

1998
Meteor Garden(2018) 8
Meteor Garden(2018) Meteor Garden(2018)ဇာတ်လမ်းတွဲအညွှန်း****************************************အပိုင်း( ၁ မှ ၄၉) စ/ဆုံး(WEB-DL 1080P ဖြင့် တင်ဆက်ပေးထားပါသည်...)တုံရှင်းချိုင်ဆိုတဲ့ကောင်မလေးဟာ အခြေခံလူတန်းစားကမွေးဖွားခဲ့တဲ့ကောင်မလေးတစ်ယောက်...သူမရဲ့ရည်မှန်းချက်က မင်ဒဲ တက္ကသိုလ်ကို ဝင်ပြီး သူမ ဝါသနာပါတဲ့ မေဂျာယူရင်းအအောင်မြင်ဆုံးဖြစ်အောင်ကြိုးစားဖို့ပါ...မင်ဒဲတက္ကသိုလ်က တော်ရုံလူတော့ ဝင်နိုင်ဖို့မလွယ်..ဒါကြောင့် တုံရှင်းချိုင်တစ်ယောက်အရမ်းပျော်နေခဲ့တာပေါ့...သူငယ်ချင်းအသစ်တွေ အတွေ့အကြုံသစ်တွေနဲ့ ကျောင်းပျော်ကြီးဖြစ်မယ်လို့ ထင်ခဲ့ပေမဲ့ကျောင်းရဲ့ အထင်ကရ F4 လေးယောက်နဲ့တွေ့တဲ့အခါမှာတော့သူမ ထင်ထားခဲ့သလိုဖြစ်မလာတော့ပါဘူး...ဒီတရုတ်စီးရီးက ကွီးယားF4 ကိုအဓိက ကျောရိုးယူရိုက်ကူးထားတာပါ...တရုတ်ရဲ့ ဓလေ့ထုံးတမ်းတွေပြင်ဆင်ရိုက်ကူးခဲ့တဲ့အပြင်ရှုခင်းတွေလည်းအတော်ကြီးကိုလှပါတယ်....မျက်စိတော့ အတော်အေးပါတယ်....အပိုင်း (၄၉)ပိုင်းရှိပြီး သူလည်း တစ်မျိုးလေးခံစားလို့ကောင်းပါတယ်....ဒါ့ကြောင့် တရုတ်ပုံစံလေးသဘောကျတဲ့သူတွေအတွက်ရော ခံစားချင်လို့ရအောင် တင်ဆက်ပေးထားပါတယ်..... Quality –1080 WEB-DL Duration – 45Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre : Comedy, Drama, Romance Translator – CM TeamEncoder –  Phyo Pyae  Ep 1-7  Yoteshin  /  VIP Ep8-15 Yoteshin  ...
8
TMDb: 8/10 21 votes
tv

Meteor Garden(2018)

2018