Channel Myanmar

iWantTFC

Lyric and Beat (2022)
Lyric and Beat (2022) Lyric and Beat (2022)ဒီတစ်ခါတင်ဆက်ပေးမယ့် ဖိလစ်ပိုင်ဇာတ်လမ်းတွဲအသစ်လေးကတော့ အဆိုတော်ဖြစ်ချင်တဲ့ စိတ်ကူးယဥ်အိပ်မက်ကိုယ်စီနဲ့လူငယ်လေးတွေအကြောင်းရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်။လီရစ်ခ် ဆိုတဲ့ကောင်မလေးဟာ တစ်ချိန်ကအဆိုတော်တစ်ယောက်ဖြစ်ခဲ့ဖူးတဲ့အမေဖြစ်သူဆီကအမွေရထားတဲ့ အသံချိုချိုလေးကိုပိုင်ဆိုင်ထားပြီးဘဝတစ်လျှောက်လုံးအဆိုတော်ဖြစ်ဖို့ဆိုတဲ့ အိပ်မက်ကိုဆုပ်ကိုင်ထားတဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး၊သွက်လက်သူလေးပါ။ဘိထ် ဆိုတဲ့ကောင်လေးကတော့ ချမ်းသာတဲ့မိသားစု၊ ရာထူးဂုဏ်သိမ်တွေနဲ့အိမ်ကနေမွေးဖွားလာပြီး အဆိုပိုင်းမှာလည်းထူးချွန်လှတဲ့လူငယ်လေးပါ။ ချမ်းသာစွာ နေရပေမယ့် စကားနည်းပြီးစည်းကမ်းကြီးတဲ့ခြောက်ကပ်ကပ်မိသားစုဘဝကိုပိုင်ဆိုင်ထားတဲ့ ဘိထ် ဟာ အဖေဖြစ်သူရဲ့ညွှန်ကြားချက်တွေ‌ကြားမှာပဲပိတ်မိနေတဲ့ကောင်လေးလည်းဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာ အဆိုဝါသနာပါတဲ့သူတိုင်းတက်ရောက်ဖို့အိပ်မက်မက်ခဲ့ကြရတဲ့ ဖိလစ်ပိုင်ရဲ့ဂီတကျောင်းတစ်ခုဖြစ်တဲ့ PNCM မှာ ဆုံစည်းမိကြတဲ့အခါ .. ။လီရစ်ခ်တစ်ယောက် သူအမြဲအိပ်မက်မက်ခဲ့ရတဲ့ ဂုဏ်ဒြပ်ကြီးလှတဲ့ကျောင်းကိုရောက်သွားပြီး သူ့ရဲ့ အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့ကြိုးစားတဲ့အခါ .. ။ အမြင့်ကိုတက်လှမ်းဖို့လမ်းဟာ မတ်စောက်စမြဲဖြစ်ပြီး လီရစ်ခ်ဟာသူ့ရဲ့အဖွဲ့သားတွေနဲ့အတူ ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ပြီး သူ့အိပ်မက်ကိုကာကွယ်ဖို့ကြိုးစားမလဲဆိုတာအတူတူကြည့်လိုက်ကြရအောင်နော်။သီချင်းကောင်းလေးတွေနဲ့အတူ လူငယ်လေးတွေရဲ့ အိပ်မက်အတွက်ရုန်းကန်ကြိုးစားကြတာလေးတွေကိုမြင်တွေ့ရမှာမို့ လက်မလွှတ်ရမယ့် ဇာတ်ကားကောင်းလေးပါနော် ။အညွှန်းကိုတော့ Cali က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin နဲ့ Cali ပဲ ဖြစ်ပါတယ်။Genre..... Drama, Comedy, Music Quality…. 1080p | 720p File size… 600MB | 300MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Shin and Cali Encoder ..... August1080PEpisode ...

Lyric and Beat (2022)

2022
He’s Into Her (2021) 8.3
He’s Into Her (2021) He's into her Season 1 (2021)===================================သင်ဟာ အချစ်ကြောင့်အတိတ်မှာနာကျင်ခဲ့ရတယ်ဆိုရင် ပစ္စုပ္ပါန်မှာရဲရင့်ပြီး အနာဂတ်ကိုလှပစေလိုက်ပါ။He's into her ဟာ ဖိလစ်ပိုင်စီးရီးလေးဖြစ်ပြီးတော့ RomCom အမျိုးအစားဖြစ်ပါတယ်။စင်ဒရဲလားနဲ့ F4 ကို အချိုးကျပေါင်းစပ်ပြီးကြည့်ရတဲ့ ခံစားချက်မျိုးရမှာဖြစ်ပြီးဖိလစ်ပိုင်ကားတွေရဲ့သဘောသဘာဝအတိုင်း မေတ္တာတရားနဲ့ချစ်ခြင်းတရားကို အားပြိုင်ထားပြီး လူငယ်စတိုင်လေးနဲ့ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ နယ်မြို့လေးကနေ မနီလာမှာကျောင်းလာတက်တဲ့ မဟုတ်မခံ ဇတ်ဇတ်ကျဲကောင်မလေးတစ်ယောက်နဲ့ သူတက်မယ့်ကျောင်းရဲ့ ဘတ်စ်စကတ်ဘောအသင်းခေါင်းဆောင် ထိပ်ထိပ်ကြဲပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ကောင်လေးတစ်ယောက်တို့ ဆုံတွေ့ခဲ့ကြပါတယ်။ ဒဏ်ရာကိုယ်စီလွယ်ရင်းအတိတ်တွေကိုဖုံးကွယ်ထားကြရင်းနဲ့ မတည့်အတူနေကြရင်းက နှလုံးသားချင်းတစ်ဖြည်းဖြည်းထပ်တူကျလာတဲ့အခါမှာ ဘယ်လိုအခက်အခဲအတားအဆီးမျိုးတွေနဲ့ ကြုံတွေ့ရပြီးတော့ တွဲသောလက်မြဲစေနိုင်မှာလားဆိုတာကိုတော့ ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။စုစုပေါင်း (၁၀) ပိုင်းပါဝင်မှာဖြစ်ပြီး ChannelMyanmar မှ အစကနေအဆုံးထိ တင်ဆက်ပေးသွားမှာပါ။(FA တွေအတွက်အထူးမှာကြားချင်တာကတော့ စောင်ကိုထူထူယူထားကြနော် ရိုချက်တွေက ရှယ်ကိုက်ပလန်မို့လို့ပါ)အညွှန်း နဲ့ ဘာသာပြန်ကတော့ TarTee Poe ပဲ ဖြစ်ပါတယ်။Genre: Comedy, Drama Episodes: 10 Quality: 1080p Size: 600MB Subtitle: Myanmar (Hardsub) Translator: TarTee Poe Encoder: AugustEpisode 01 - VIP | Userdrive | Yoteshin | ...
8.3
TMDb: 8.3/10 3 votes
tv

He’s Into Her (2021)

2021