Channel Myanmar

JTBC

Peak Time (2023) 9.5
Peak Time (2023) Peak Time (2023)ဒီတစ်ခေါက်မှာတော့ ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့် Ongoing Survival ရှိုးတစ်ခုဖြစ်တဲ့ Peak Time ကို တင်ဆက်ပေးချင်ပါတယ် ခက်ခဲစွာနဲ့ သင်တန်းသားကာလပတ်တွေကုန်ဆုံးခဲ့ပြီး ပွဲဦးထွက်ခွင့်ရခဲ့ပေမယ့် အခြေအနေအမျိုးမျိုးကြောင့် ရပ်ဆိုင်းခဲ့ရ ဖျက်သိမ်းခဲ့ရ လူသိမများခဲ့ရတဲ့ အိုင်ဒေါတွေအတွက် အခွင့်အရေးတစ်ရပ်အနေနဲ့ Peak Time ဆိုတဲ့ ပရိုဂရမ်လေးက မျှော်လင့်ချက် ဖြစ်လာခဲ့ပါပြီ ဒီပရိုဂရမ်မှာ စုစုပေါင်း အဖွဲ့ ၂၃ ဖွဲ့ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး နောက်ဆုံးကျန်ရှိတဲ့အဖွဲ့က ဆုကြေးငွေအပြင် Album ထုတ်ခွင့်၊ Showcase မှာဖျော်ဖြေခွင့်အထိရရှိမှာပဲဖြစ်ပါတယ်ဒါပေမဲ့ ပွဲဦးထွက်ပြီးသား အိုင်ဒေါအဖွဲ့တွေစုဝေးနေတဲ့နေရာမို့ ပြိုင်ဆိုင်မှုပြင်းထန်ပြီး လမ်းခရီးက လွယ်ကူချောမွေ့မှာတော့မဟုတ်ပါဘူး အဖွဲ့ကိုယ်စီရဲ့မျှော်လင့်ချက်ရောင်ခြည်ကိုယ်စီကို ​အထင်းသားမြင်နေရမှာဖြစ်တာမို့ တကယ် ကြည့်လို့ လောင်လို့ကောင်းမယ့် "Peak Time" ကိုလည်း အပတ်စဉ် စောင့်မျှော်ပေးကြပါဦးနော်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Variety Team ပဲ ဖြစ်ပါတယ်။Genre..... Reality Quality…. 1080p | 720p File size… 2.5GB ...
9.5
TMDb: 9.5/10 2 votes
tv

Peak Time (2023)

2023
Strong Woman Do Bong Soon(2017)[Complete] 8.148
Strong Woman Do Bong Soon(2017)[Complete] Strong Woman Do Bong Soon(2017)*********************************အပိုင်း( ၁ မှ ၁၆) အထိ စ/ဆုံး(လုံးဝကြည်တောက်ရှင်း ...မင်းသားရေသောက်ရင်တောင် လည်ချောင်းက ရေစီးတာမြင်နိုင်လောက်တဲ့အထိကြည်တဲ့ဗားရှင်းနဲ့တင်ဆက်ပေးထားပါသည်..)ဒီတစ်ခေါက်မှာတော့ KDramaပရိသတ်ကြီးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ မင်မင်နဲ့ဘုံဘုံတို့ရဲ့ ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးချင်ပါတယ် ဒိုဘုံဆွန်းဆိုတဲ့ မိန်းကလေးဟာ မွေးဖွားလာကတည်းက ထူးထူးထူးခြားခြား အင်မတန်ခွန်အားသန်တဲ့စွမ်းအားကို ပိုင်ဆိုင်ထားသူပါ..အဲဒီစွမ်းအားကလည်း ဘုံဆွန်းတို့မျိုးရိုးမှာ အမျိုးသမီးတွေသာ အမွေရတာပါ...ဘုံဆွန်းရဲ့အိမ်မက်ကတော့ သူ့ကိုယ်သူဇာတ်လိုက်ထားပြီး Video Gameတစ်ခုဖန်တီးချင်တာပါ..တစ်နေ့မှာတော့ ဘုံဆွန်းတစ်ယောက် လူမိုက်တွေရန်ကနေ ကားဆရာကြီးကို ကာကွယ်ပေးရင်းအမှတ်မထင် Video Gameကုမ္ပဏီရဲ့ကိုယ်စားလှယ်ဖြစ်တဲ့ အန်းမင်ဟျော့နဲ့ တွေ့ဆုံခဲ့ပါတယ်...ခြိမ်းခြောက်မှုတွေခံရတဲ့ အန်းမင်ဟျော့က ခွန်အားသန်တဲ့ဘုံဆွန်းကို သဘောကျပြီးသူ့ရဲ့သက်တော်စောင့်အဖြစ် အလုပ်ခန့်လိုက်တဲ့အချိန်မှာတော့….ထွေထူးပြီးညွှန်းစရာမလိုတဲ့ မင်မင်နဲ့ဘုံဘုံတို့ရဲ့ချစ်ကြည်နူးတစ်တီတူးတဲ့ အခန်းတွေကိုတစ်ကျော့ပြန်လည်ခံစားကြည့်ရှုကြပါဦး....Episodes: 16File Size:1.3GB, 500MBQuality :Web-DL 1080p,720PGenres: Action, Comedy, Romance, SupernaturalTranslated by  Estel, Khine Khine Wai, Shoon ,AHtet & WinEncoded by  Phyo ...
8.148
TMDb: 8.148/10 176 votes
tv

Strong Woman Do Bong Soon(2017)[Complete]

2017
Divorce Attorney Shin (2023)
Divorce Attorney Shin (2023) Divorce Attorney Shin (2023)လောင်လောင်လေးတွေပြီးသွားတော့ စနေ တင်္နဂနွေတိုင်း ဥပဒေရေးရာတွေနဲ့ ခေါင်းစားရဦးမယ့်ဇာတ်ကားလေးလာပါပြီ။ Legal Drama ဆိုပေမယ့် အိမ်ထောင်ရေးအမှုတွေချည်းပဲသီးသန့်ဆိုတော့ပေါ့ပေါ့ပါးပါးကြည့်ရဦးမှာပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ဂျာမနီနိုင်ငံက ဂီတတက္ကသိုလ်တစ်ခုမှာ ပီယာနိုအထူးပြု professor တစ်ယောက်အနေနဲ့ နေထိုင်နေတဲ့ ရှင်းဆောင်းဟိုဟာ တစ်နေ့မှာ ရုတ်တရက်ကြီး ဂီတပညာရှင်အလုပ်ကိုစွန့်လွှတ်ပြီး ကိုရီးယားကိုအပြီးပြန်လာခဲ့ပါတယ်။ အဲဒီနောက် သူဟာ ပီယာနိုပညာရှင်ကနေ တရားဥပဒေရှေ့နေတစ်ယောက်ဖြစ်လာအောင်ကြိုးစားခဲ့ပြီး အိမ်ထောင်ရေး၊ ကွာရှင်းမှုအမှုအခင်းတွေကိုသာ သီးသန့်ကိုင်တွယ်ဖြေရှင်းပြီး အမှုသည်တွေဘက်ကနေ ရပ်တည်ကူညီပေးခဲ့ပါတယ်။ တကယ်တော့ ကိုရီးယားကိုရုတ်တရက်ကြီးသူပြန်လာခဲ့တာဟာ အကြောင်းရင်းတစ်ခုကြောင့်ဖြစ်ပြီး သူ့ရဲ့ ကလေးဘဝစိတ်ဒဏ်ရာကြောင့် ကွာရှင်းမှုတွေကိုပဲ သီးသန့်အမှုလိုက်ခဲ့တဲ့ ရှင်းဆောင်းဟိုဟာ သူ သိချင်တဲ့အမှန်တရားအတွက် အဖြေရှာရင်း အမှုတွေကိုရော ဘယ်လိုကိုင်တွယ်သွားမလဲ…. သူရှာဖွေနေတဲ့အမှန်တရားကရော ဘာလဲဆိုတာ ….. ကတော့ အပတ်စဉ် စနေ၊ တနင်္ဂဗနွနေ့တိုင်း စောင့်မျှော်ကြည့်ရှုရင် အားပေးနိုင်ပါပြီ။အညွှန်းကိုတော့ Thant Sin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Laii, Hmwe, Joyz, ThantSin တို့ပဲ ဖြစ်ပါတယ်။Genre.....Drama Quality…. 1080p | 720p | 480p File size… ...

Divorce Attorney Shin (2023)

2023
Falling for Innocence (2015) [Complete] 7.541
Falling for Innocence (2015) [Complete] Falling for Innocence (2015) (အစ-အဆုံး)အပိုင်းသစ် ( ၁၃ မှ ၁၆ (ဇာတ်သိမ်းပိုင်း) ထိ )ဂန်မင်ဟို(Jung Kyung Ho)ဟာ လူမှုရေးခေါင်းပါးပြီး သွေးအေးရက်စက်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်။ ကိုယ်လိုချင်တာရဖို့ဆို သူများတွေဘဝကို ချနင်းဖို့ ဝန်မလေးတဲ့သူတစ်ယောက်ပါ။ငယ်ငယ်ကဖြစ်ရပ်ဆိုးတစ်ခုကြောင့် ဦးလေးဖြစ်သူကို လက်စားချေဖို့ကြံစည်နေပြီး အတွင်းရေးမှူးဖြစ်သူ ဂင်ဆွန်းဂျောင်း(Kim So Yeon) ကိုလည်း အငြိုးတကြီး မုန်းတီးနေသူဖြစ်ပါတယ်။ဒါပေမယ့် အံ့ဩဖွယ်ကောင်းစွာနဲ့ မင်ဟိုဟာ နှလုံးအစားထိုးကုသပြီးနောက်မှာ အကျင့်စရိုက်က လုံးဝပြောင်းလဲသွားပါတော့တယ်။ အရင်ကမုန်းတီးခဲ့တဲ့ ဆွန်းဂျောင်းအပေါ် ခံစားချက်ရှိလာပြီး ကာကွယ်ပေးချင်ပေမယ့် အတိတ်ကလုပ်ရပ်တွေက အရိပ်လိုလိုက်လာတဲ့အခါမှာတော့....ဘယ်လိုတွေဆက်ဖြစ်ဦးမလဲဆိုတာ ဒီကားလေးထဲမှာ ဆက်လက်ရှုစားပေးကြပါဦးနော်~~(အညွှန်းကိုတော့ Ei Phyu Khin က ရေးပေးထားပါတယ်။)Aired: Apr 3, 2015 - May 23, 2015 Aired On: Friday & Saturday Genres: Business, ...
7.541
TMDb: 7.541/10 133 votes
tv

Falling for Innocence (2015) [Complete]

2015
Something in the Rain (2018) 7.75
Something in the Rain (2018) Something in the Rain (2018)****************************(စ-ဆုံး)K-Drama လောကကို မောင်လေးရောဂါထစေခဲ့တဲ့ 2018 ခုနှစ်က JTBC ရဲ့Something In The Rain ကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းလေးကတော့ အသက် 30ကျော်လာပြီဆိုပေမယ့် အချစ်စစ်ရယ်လို့မရရှိခဲ့ဖူးတဲ့နွေးထွေးကြင်နာတဲ့နှလုံးသားပိုင်ရှင်ယွန်းဂျင်အာ ~အရာရာပြီးပြည့်စုံပြီး ပျော်ရွှင်နေတယ်လို့ထင်ရပေမယ့် အထီးကျန်ခြင်းတွေနဲ့ပြည့်နှက်နေတဲ့သူ့ဘဝထဲကို ဂျွန်ဟီးဆိုတဲ့ ကောင်ကလေးရောက်ရှိလာတဲ့အခါ ... မြင်သူငေး ရွှေရင်အေးလေးလို့ ပြောရမယ့် ဂျွန်ဟီးကတော့အပြုံးချိုချိုနဲ့ နိုင်ငံခြားပြန် ဂိမ်းဒီဇိုင်းနာအဖြစ်လုပ်ကိုင်နေတဲ့ကောင်လေးဖြစ်ပါတယ် ။အစ်မဖြစ်သူရဲ့ သူငယ်ချင်းဖြစ်တဲ့ ယွန်းဂျင်အာအတွက် မောင်လေးတစ်ယောက်လိုဖြစ်နေတဲ့ ဂျွန်ဟီး~ရင်းနှီးမှုသံယောဇဉ်တွေ အရောင်ပြောင်းလဲသွားရာကနေလှပတဲ့အချစ်သံစဉ်တေးသွားလေးတစ်ပုဒ်ဖြစ်လာမယ့် Something In The Rain.. Episodes: 16File Size:905M B, 364MBQuality :Web-DL  1080p,720PGenres: Drama, RomanceTranslated by  YeeWai,A Htet,Thynn,Tiff,Khine Khine Wai & MiriEncoded by  HYAN >>>>TELE LINK ><>>>> Episode 01  [720p]     »»»  ...
7.75
TMDb: 7.75/10 70 votes
tv

Something in the Rain (2018)

2018
Agency (2023) 10
Agency (2023) Agency (2023)အပိုင်း(၁ မှ ၁၆ ) ထိ စ/ဆုံးအလုပ်ခွင်မှာ အောက်ခြေဘဝကနေ အမြင့်ဆုံးအဆင့်ထိရောက်အောင် ကြိုးစားလျှောက်လှမ်းခဲ့တဲ့ Go A-In ဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ...Go A-In က ဆင်းရဲတဲ့မိသားစုကနေလာပြီး အဆင့်မြင့်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တဲ့သူမဟုတ်ပေမယ့် အောင်မြင်ဖို့ဆန္ဒပြင်းပြသူတစ်ယောက်ပါ။ ကြော်ငြာအေဂျင်စီမှာ အလုပ်လုပ်နေပြီး အောင်မြင်မှုနဲ့ပိုက်ဆံကလွဲပြီးမသိတဲ့သူအဖြစ် နာမည်ကြီးပါတယ်။သူ့လို ဘာကျောထောက်နောက်ခံမှမရှိတဲ့အမျိုးသမီးတစ်ယောက်က ကြိုးစားမှုနဲ့အောင်မြင်ချင်စိတ်တွေနဲ့ပဲ အမြင့်ဆုံးရာထူးအထိရောက်အောင် ဘယ်လိုတက်လှမ်းသွားမလဲဆိုတာ အတုယူကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းဖြစ်တာကြောင့် ကြည့်ရှုကြဖို့ ညွှန်းဆိုလိုက်ရပါတယ်။(အညွှန်းကိုတော့ Ei Phyu Khin က ရေးပေးထားပါတယ်။) Aired: Jan 7, 2022 -- Aired On: Saturday & Sunday Genres: Drama, Business, Life Duration: 1hr 20mins Episodes: 16 Original Network: JTBC File Size: 1080p(~1GB) , 720p(~450MB) Translated by Hay Thar ...
10
TMDb: 10/10 1 votes
tv

Agency (2023)

2023
Interests of Love (2022)[Complete]
Interests of Love (2022)[Complete] Interests of Love (2022)အပိုင်း( ၁ မှ ၁၆ ) ထိ စ/ဆုံး စိတ်ဝင်စားမှုမတူညီကြတဲ့လူလေးယောက် ဘဏ်မှာအလုပ်လုပ်ရင်းတွေ့ဆုံကြတဲ့အခါ ဖြစ်ပေါ်လာတဲ့ရုံးတွင်းအချစ်ရေးကိုပုံဖော်ထားတဲ့ ရိုမန့်စ်ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။Ha Sang Soo က တည်ငြိမ်ပြီး ထူးခြားမှုမရှိတဲ့ ဘဝကမှ ပျော်ရွှင်ခြင်းရဲ့ သော့ချက်လို့ စွဲစွဲမြဲမြဲ ခံယူထားသူဖြစ်ပါတယ်။ ဒါပေမယ့် အချစ်နဲ့တွေ့တဲ့အချိန်မှာတော့ သူ့ရဲ့တည်ငြိမ်တဲ့ဘဝလေးက မုန်တိုင်းထန်သွားပါတော့တယ်။An Soo Young ကေတာ့ အချစ်က တည်မြဲမှုမရှိဘဲ အချိန်မရွေး ပျောက်ကွယ်သွားနိုင်တယ်လို့ ယုံကြည်နေသူလေးပါ။ ခက်ခဲတဲ့ အခြေအနေတွေကြားမှာ ကိုယ်တိုင်တောင့်ခံကြိုးစားရင်း သူ့ဆီ ချဉ်းကပ်လာတဲ့ ယောကျာ်းတစ်ယောက်ကို ရင်ခုန်စိတ်လှုပ်ရှားလာခဲ့ပါတယ်။Park Mi Kyung ဟာ ချမ်းသာတဲ့မိသားစုကဆင်းသက်လာတဲ့ ယုံကြည်မှုရှိပြီး ခံစားချက်ပွင့်လင်းသူဖြစ်ပါတယ်။ သဘောကျတဲ့သူတွေ့ရင် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သူ့ဘေးရောက်အောင်လုပ်မယ့်သူပေါ့။ ဒါပေမယ့် သူဖြစ်စေချင်သလိုမဟုတ်တဲ့ ဆက်ဆံရေးတစ်ခုနဲ့သာ တွေ့ကြုံလာရပါတယ်။Jung Jong Hyun ကေတာ့ ရဲအရာရှိဖြစ်ဖို့ ကြိုးစားနေသူပါ။ ...

Interests of Love (2022)[Complete]

2022
SKY Castle (2018) 8.2
SKY Castle (2018) Sky Castle (2018) Penthouse လို အလောင်ဇာတ်ကားမျိုးကိုမှ သဘောကျလှပါတယ်ဆိုတဲ့သူတွေအတွက် လောင်ပြီးရင်းလောင်ရမယ့် Sky Castle (2018) ကို CM မှ တင်ဆက်ပေးလိုက်ပါပြီ။ဒီဇာတ်ကားထဲမှာဆိုရင်တော့ သားသမီးတွေအတွက် အဆိပ်တစ်ခွက်လိုဖြစ်စေတဲ့ မိဘတွေရဲ့လောဘအကြောင်းနဲ့ ပိုက်ဆံတွေကျိကျိတက်ချမ်းသာနေရင်တောင် စိတ်ချမ်းသာမှုကိုတော့ ငွေပေးဝယ်လို့မရဘူးဆိုတဲ့အကြောင်းတွေကို မီးမောင်းထိုးရိုက်ကူးပြထားတာပါ။"ရလေလိုလေ အိုတစ္ဆေ" ဖြစ်တတ်ကြတဲ့ လူသားတွေရဲ့လောဘတွေ၊ တစ်ဦးနဲ့တစ်ဦး အပြိုင်အဆိုင်ယှဉ်ပြိုင်မှုတွေ၊ မိမိရဲ့အတ္တနဲ့လောဘကိုပဲ ရှေ့တန်းတင်ကြတဲ့သူတွေ...စတဲ့ လောကကြီးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းတွေကို အသေအချာရိုက်ကူးပြထားတဲ့အပြင် Rating ကြီးကလည်း ရှယ်ပဲမို့ လက်လွှတ်မခံဘဲ ကြည့်သင့်တဲ့ကားတစ်ကားပါပဲ။Casts တွေအနေနဲ့လည်း yum Jung-Ah, Kim Hye-Yoon, Yoon Se-Ah, Kim Seo-Hyung နဲ့ Oh Na-Ra တို့လို ရှယ်တွေချည်းပါဝင်ထားတာမို့ ကြည့်ရှုရတာ လုံးဝတန်စေမှာပါနော်။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe Thet Winn, Lai Laii, Joyz, Milkeux, Thantsin ...
8.2
TMDb: 8.2/10 35 votes
tv

SKY Castle (2018)

2018
The Light in Your Eyes(2019) 8.1
The Light in Your Eyes(2019) The Light in Your Eyes(2019)========================Lee Joon Ha (Nam Joo Hyuk) က သတင်းထောက်တစ်ယောက်ဖြစ်ချင်ခဲ့ပြီး အိပ်မက်တွေကို အကောင်ထည်ဖော်ဖို့ ကြိုးစားနေသူတစ်ယောက်ပါKim Hye Ja (Han Ji Min)ကတော့ သတင်းကြေငြာသူဖြစ်ဖို့ ကြိုးစားနေသူပါHye Ja ဟာ ငယ်ငယ်က ..အချိန်တွေကို နောက်ပြန်ဆုတ်ပြီး ဖြစ်နေတဲ့အရာတွေကို ပြန်ပြင်နိုင်စွမ်းရှိတဲ့နာရီလေးတစ်လုံးကို အမှတ်မထင် ကောက်တွေ့ခဲ့ရဖူးတယ် ..အဲ့နာရီကို သုံးတဲ့ဆိုးကျိုးကတော့ တစ်ခါသုံးတိုင်း သူမဟာ အသက်တဖြည်းဖြည်းပိုကြီးလာတာပါပဲ အသက် 25 နှစ်အရွယ် သူမကတစ်နေ့မှာတော့ အဖေဖြစ်သူရဲ့ ကားမတော်တဆမှုကို ကယ်တင်နိုင်ဖို့နာရီကို အကြိမ်ပေါင်းများစွာလှည့်ခဲ့မိပြီး သူမကိုယ်တိုင်အသက် 70 အဘွားအရွယ်ကို ရောက်သွားတဲ့အခါ ......ဒီဇာတ်လမ်းလေးက အချိန်အားလုံးကို ဆုံးရှုံးခဲ့ဖူးတဲ့ အမျိုးသမီးတစ်ဦးနဲ့တောက်ပတဲ့အချိန်တွေ စွန့်လွှတ်ခဲ့ပြီး မျှော်လင့်ချက်မဲ့စွာနေခဲ့ရတဲ့အမျိုးသားတစ်ဦးအကြောင်းကို ဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်ဘဝဇာတ်ကြောင်းကို ဆွေးဆွေးအေးအေးလေးနဲ့ ကြည့်ရတဲ့melodrama လေးဖြစ်သလို တစ်ခါတစ်လေ အလွဲအချော်လေးတွေနဲ့ရယ်နေရတဲ့ ...
8.1
TMDb: 8.1/10 14 votes
tv

The Light in Your Eyes(2019)

2019
Reborn Rich(2022)[Complete]
Reborn Rich(2022)[Complete] Reborn Rich(2022)*******************အပိုင်း( ၁ မှ ၁၆)ထိ စ/ဆုံး Yoon Hyun Woo (Song Joong Ki)က အင်အားကြီးလုပ်ငန်းစုကြီးဖြစ်တဲ့Soonyang Group မှာ သူဌေးမိသားစုရဲ့ လူယုံအတွင်းရေးမှူးအဖြစ် ၁၀ နှစ်ကြာအလုပ်ကျွေးပြုခဲ့ပါတယ်ဒီမိသားစုဆီမှာပဲ အစေခံတစ်ယောက်လို အလုပ်ကြိုးစားခဲ့ပေမဲ့ တစ်နေ့မှာတော့အလွဲသုံးစားမှုနဲ့စွပ်စွဲခံရပြီး အသတ်ခံခဲ့ရတယ် .. သေဆုံးသွားပေမဲ့ အံ့ဩဖို့ကောင်းစွာနဲ့ပဲ သူ့ဝိညာဥ်ဟာSoonyang Group CEO Jin Yang Cheol (Lee Sung Min) ရဲ့အငယ်ဆုံးသားလေးJin Do Joon ခန္ဓာကိုယ်ထဲကနေ နောက်တစ်ကြိမ်ပြန်နိုးလာတဲ့အခါမှာတော့ ..အဖြစ်အပျက်တွေအားလုံးကို မှတ်မိနေတဲ့ Jin Do Joon တစ်ယောက် ..သူ့ကိုသတ်ခဲ့တဲ့ ဂျင်မိသားစုကို ဘယ်လိုလက်စားပြန်ချေမလဲ ..“Soonyang Group Grim Reaper”လို့ လူသိများတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ကအမှုစစ် Seo Min Young (Shin Hyun Bin) နဲ့ ...

Reborn Rich(2022)[Complete]

2022
Sketch (2018) [Complete] 6.6
Sketch (2018) [Complete] Sketch (2018) [အစ-အဆုံး]အပိုင်း - ၉ မှ ၁၆ (ဇာတ်သိမ်းပိုင်း)ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ၂၀၁၈ ကထွက်ခဲ့တဲ့ Sketch ဆိုတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ကိုယ်တွေရဲ့ အချစ်ဦး RAIN နဲ့ မင်းသားကြီး Lee Dong Gun ပြီးတော့ WORK LATER DRINK NOW က မမ LEE SUN BIN တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် IMDB rating လည်း 7.6 ရရှိထားတာမို့ ဇာတ်လမ်းဇာတ်အိမ်ဆန်းဆန်းနဲ့ ဒီဇာတ်လမ်းတွဲလေးကို မလွတ်တမ်းကြည့်ရှုလိုက်တော့နော် ။ဇာတ်လမ်းအကျဉ်း ...ဂန်ဒုံဆူကတော့ အမြဲတမ်းတက်ကြွပြီး တရားခံတွေကို အလွတ်မပေးတတ်တဲ့ စုံထောက်တစ်ယောက်ပါ။ ယူရှီဟျွန်းကတော့ အနာဂတ်မှာ ဖြစ်လာမဲ့ လူသေမှုတွေကို ကြိုမြင်နိုင်တဲ့လူတစ်ယောက်ပေ့ါ။ရဲတပ်ကြပ်တစ်ယောက်ဖြစ်တဲ့ ရှီဟျွန်းက သူမြင်တဲ့ အနာဂတ်ကို ပုံကြမ်းလေးတွေဆွဲပြီး အမှုတွေဖြစ်မလာဖို့ ကာကွယ်တဲ့နေရာမှာ အသုံးချနေခဲ့တာပါ။တစ်ရက်မှာတော့ ...
6.6
TMDb: 6.6/10 8 votes
tv

Sketch (2018) [Complete]

2018
The Empire Of Law (2022)
The Empire Of Law (2022) The Empire 2022ကိုရီးယားနိုင်ငံရဲ့ရာထူးအာဏာရှိတဲ့လူအသိုင်းအဝိုင်းတစ်စုအကြောင်းရိုက်ကူးထားတာဖြစ်ပါတယ် ဟန်ဟယ်ရူက ဆိုးလ်ခရိုင်စုံစမ်းရေးမှူးဌာန အထူးဌာနခွဲရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီးတော့ သူမရဲ့နောက်ခံအသိုင်းအဝိုင်းကလည်း မျိုးဆက်သုံးဆက်တိုင်အောင် ချမ်းသာပြီး အာဏာရှိတဲ့ တရားရေးဝန်ထမ်းတွေပဲ ဖြစ်ပါတယ်ဟန်ဟယ်ရူတစ်ယောက်က သူ့လက်ရှိရာထူးနဲ့မကျေနပ်သေးဘဲ စုံစမ်းရေးမှူးချုပ် မဟုတ်ရင်တောင် အဲ့ဒီထက်ရာထူးပိုမြင့်တဲ့နေရာကို ရောက်ချင်တဲ့သူပါ ဟန်ဟယ်ရူတစ်ယောက် အဲ့လိုနေရာကိုရောက်ဖို့အတွက် ဘယ်လိုအခက်အခဲတွေကျော်လွှားရမလဲ အာဏာလိုချင်တဲ့သူတွေကြား ဘယ်လိုမကောင်းကြံစည်မှုတွေရှိဦးမှာလဲဝါရင့်မင်းသားမင်းသမီးတွေပါဝင်သရုပ်ဆောင်ထားပြီးတော့ စုစုပေါင်း၁၆ပိုင်းနှင့် အပတ်စဥ် Sat နဲ့ Sunday မှ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်File Size – 400MBQuality –720p WEBDLTotal Episodes: 16EpsSubtitle – Myanmar HardsubFormat – Mp4Genre : DramaTranslator – Myo Myo & Midori & ShwePyae & Lai Laii & Yong HomEncoder - YK 720p ============== Episode 1- Yoteshin / Userdrive / Megaup / Meganz / ...

The Empire Of Law (2022)

2022
Secret Love Affair(2014) 8.7
Secret Love Affair(2014) Secret Love Affair(2014) ဇာတ်လမ်းတွဲအညွှန်း**************************************အပိုင်း( ၁ မှ ၁၆) အထိ စ/ဆုံးဒီစီးရီးက ပြောရရင်အိမ်ထောင်ရေးဖောက်ပြန်တဲ့စီးရီးတစ်ခုပါ..သို့ပေမဲ့ ဒီထဲမှာသုံးထားတဲ့ casts တွေက ကိုရီးယားရဲ့ဒိတ်ဒိတ်ကျဲ သရုပ်ဆောင်တွေအများကြီးသုံးထားပါတယ်...အထူးသဖြင့်Yoo Ah In နဲ့ Kim Hee Ae တို့ပေါ့...ပြီးတော့ ကားနာမည်ကလည်း Secret Love တဲ့ ..ဘာတွေကို Secret love လဲပေါ့..ကားနာမည်နဲ့ ဇာတ်ကြောင်းနည်းနည်းကြားရုံနဲ့ ကြည့်ဖို့ရှောင်လွှဲသွားတဲ့သူတော်တော်များပါတယ်..သို့ပေမဲ့ ဒီစီးရီးဟာ ကြည့်မိသူတိုင်း လူကြိုက်များခဲ့သလို  rating တွေလည်းတော်တော်ကောင်းခဲ့တယ်..ဒါ့ကြောင့် ကြည့်ကြပါလို့ အထူးမညွှန်းဆိုလိုပေမဲ့ နည်းနည်းတော့မြည်းစမ်းကြည့်စေချင်တယ်..ဒီကားထဲမှာ Yoo Ah In  ဟာ piano မှာ ပါရမီပါလွန်းရှားမှရှား လူငယ်လေးတစ်ဦးဖြစ်ပေမဲ့သူဟာ ကျောင်းလည်းမတက်နိုင်ဘဲ deli အလုပ်လေးနဲ့ပဲ အသက်မွေးနေရသူဖြစ်တယ်..တစ်နေ့တော့ သူတီးနေတာကို ကျောင်းက ပါမောက္ခကတွေ့သွားပြီးတပည့်အဖြစ် မွေးကာ မြေတောင်မြှောက်ပေးဖို့ကြိုးစားလာတဲ့အခါမှာတော့...ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့....Episodes: 16File Size:1.1GB, 500MBQuality :Web-DL 1080p,720PGenres: ...
8.7
TMDb: 8.7/10 10 votes
tv

Secret Love Affair(2014)

2014
In The Soop: Friendcation (2022)
In The Soop: Friendcation (2022) IN THE SOOP: Friendcation (2022)ဆျာကြီးတွေစုဝေးတဲ့ “IN THE SOOP” လာပါပြီ။ ဒီရှိုးလေးကတော့ ARMY တွေနဲ့ရင်းနှီးပြီးသားရှိုးလေးဖြစ်မှာပါ။ “BTS In the Soop” ဆိုပြီး season 2ခုထွက်ရှိခဲ့ပြီး အောင်မြင်မှုတွေအများကြီးရရှိခဲ့တဲ့ရှိုးအစီအစဥ်လေးလည်းဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ K industry က iconic friendship တွေထဲကတစ်ခုဖြစ်တဲ့ “Wooga Squad” ရဲ့ သစ်တောထဲကလွတ်လပ်ပေါ့ပါးတဲ့ပုံရိပ်တွေကို ကြည့်ရှုရတော့မှာပါ။ အားလုံးသိကြတဲ့အတိုင်း “Wooga Squad” အဖွဲ့ဝင် ဒိတ်ဒိတ်ကြဲဆျာကြီးတွေကတော့ ARMY တို့ရဲ့Tigerပေါက်လေး “V”, Itaewon Class အပါအဝင် တခြားနာမည်ကျော်ဇာတ်လမ်းတွေရဲ့ဇာတ်လိုက်ကျော် “Park Seo Joon”, Happiness ကမမရဲ့မောင်လေး “Park Hyun Sik”, Our Beloved Summer က “အွန်းလေး” တစ်ဖြစ်လဲ “Choi Woo Shik” နဲ့ Rapper အဆိုတော် “Peakboy” တို့ပဲဖြစ်ပါတယ်။ အရင့်အရင်ရှိုးတွေမှာလည်း ...

In The Soop: Friendcation (2022)

2022
Salon De Nabi (2022)
Salon De Nabi (2022) Salon De Nabi (2022)မှုခင်းဇာတ်လမ်းတွေ အချစ်ဇာတ်လမ်းတွေပဲ ကြည့်နေရတာ ရိုးနေပြီလား ဒါဆိုရင်တော့ Idols တွေ အများကြီး ပါဝင်ထားပြီး တမူထူးခြားတဲ့ ဇာတ်လမ်းဇာတ်ကွက်လေးနဲ့ Salon De Nabi ဆိုတဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်K-Drama လောကမှာ သိပ်ပြီးမြင်တွေ့နေကြမဟုတ်တဲ့ အလှပြင်ဆိုင်လောကအကြောင်းကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ပြထားတဲ့ ဒီဇာတ်ကားလေးမှာတော့ လုပ်ငန်းခွင်ဘဝအခြေအနေကိုလိုက်ပြီး မျက်နှာနှစ်ဖက်နဲ့ နေနေရတဲ့သူတွေရဲ့ ဘဝအကြောင်းကို တစေ့တစောင်း ရိုက်ကူးပြထားပါတယ်သူများနဲ့မတူဘဲ ထူးခြားနေတဲ့ Gi-Ppeum ဆိုတဲ့ ကောင်မလေးဟာ နာဘီအလှပြင်ဆိုင်မှာ သူ့ရဲ့လုပ်ငန်းခွင်ဘဝကို စတင်လိုက်ရချိန်မှာတော့ တစ်သက်လုံး ခေါက်ရိုးကျိုးလာခဲ့တဲ့ သူ့ရဲ့အကျင့်တွေကို ပြင်ဖို့ကြိုးစားရပါတော့တယ်Customers တွေနဲ့ ပြောဆိုဆက်ဆံရတဲ့ အလှပြင်ဆိုင်အလုပ်မှာ Gi-Ppeum မလုပ်နိုင်တာက Customers တွေနဲ့ပြောဆိုရတာပဲဖြစ်နေတဲ့အခါ ဒီပြဿနာကို သူဘယ်လိုဖြေရှင်းမလဲဆိုတာ အခွီလေးနှောပြီး စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမှာပါမင်းသမီး Kim Hyang-Gi နဲ့ မင်းသား Choi Daniel တို့က အဓိကပါဝင်ထားပြီး EXO's Xiumin နဲ့ MonstaX's HyungWon အပါအဝင် တခြား Idols ...

Salon De Nabi (2022)

2022
Soshi Tamtam (2022)
Soshi Tamtam (2022) Soshi Tam Tam (소시탐탐) ========================"S♡NE" တို့ရဲ့မမတွေ ပြန်လာပါပြီ ..Girls’ Generation (소녀시대) ရဲ့ ၁၅နှစ်ပြည့် anniversary ကိုတော့ မမတွေကအဖွဲ့ဝင်အစုံအလင်ပါဝင်တဲ့ Full Album တစ်ချပ်နဲ့ comeback လာရုံသာမက“Soshi Tam Tam” ကိုပါ အပိုထပ်ဆောင်း ယူလာပေးခဲ့တာပဲဖြစ်ပါတယ်။ဒီ Reunion showလေးမှာတော့ မတွေ့ရတာကြာပြီဖြစ်တဲ့အဖွဲ့ဝင်တွေပြန်ဆုံဖြစ်ကြတုန်းထူးခြားဆန်းပြားတဲ့တံခါးပေါက်တစ်ချပ်ပေါ်လာခဲ့ပြီး တံခါးကိုဖြတ်လိုက်ရာကနေအားလုံး “Soshi Tam Tam” ဆိုတဲ့ Reality show လောကထဲရောက်ရှိသွားကြပါတော့တယ်။Reality show တို့ရဲ့ထုံးစံအတိုင်း mission တွေအောင်မြင်အောင်ဆောင်ရွက်ရမယ်၊ကိုယ်တိုင်ချက်ပြုတ်စားသောက်ကြမယ်၊ စကားတွေဖောင်ဖွဲ့ပြီးငြင်းခုန်ကြမယ်၊ဂိမ်းတွေကစားကြမယ် အစရှိတဲ့ activitiesပေါင်းများစွာကို လုပ်ဆောင်သွားကြမှာပါ။တခြား showတွေကို guestအနေနဲ့သွားရင်တောင် ပါးစပ်မပိတ်ရအောင် အသေခွီရတဲ့မမတွေမို့ရယ်ရင်းနဲ့အူမတက်သွားဖို့ကိုတော့ ကြိုသတိပေးလိုက်ပါတယ်နော်:3( အညွှန်းကို Lai Laii က ရေးသားပေးထားပြီး Dwan Chen, Moe Pwint, Cali, Summer ) တို့က ...

Soshi Tamtam (2022)

2022
Insider (2022) [Complete]
Insider (2022) [Complete] Insider (2022) [အစ-အဆုံး] အပိုင်း - ၁၆ (ဇာတ်သိမ်းပိုင်း) (1080p ရပါပြီ) ဒီတစ်ခါတော့ မင်းသားချော ဂန်ဟာနူး ရဲ့ ဒရမ်မာ အသစ်လေး လာပါပြီ။ Moon lovers ကနေစလို့ မတူကွဲပြားတဲ့ ဇာတ်ရုပ်တွေကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ပြခဲ့တဲ့ ဂန်ဟာနူးက ဒီတစ်ခါမှာလည်း တရားရေးအလုပ်သင် အဖြစ်နဲ့ ရိုက်ကူးထားတဲ့အပြင် Heo Sung Tae, Kim Sang Ho နဲ့ Jung Man Shik တို့လို အက်ရှင်ကားတွေ၊ စုံထောက်ကားတွေမှာ နာမည်ကျော်တဲ့ မင်းသားကြီးတွေကလည်း အားဖြည့်ပါဝင်ထားပါတယ်။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ...တရားရေးအလုပ်သင် Kim Yo Han က မှင်သေသေမျက်နှာထားနဲ့ အလုပ်ကို ချင့်ချိန်စဉ်းစားလုပ်တတ်သူပါ။သူများထက် အမြဲ နှာတစ်ဖျားသာပြီး အကွက်ကြိုရွှေ့တတ်တဲ့ ပြိုင်စံရှား Kim Yo Han တစ်ယောက် သူလျှိုအဖြစ်နဲ့ စုံစမ်းရေးလုပ်ရင်းကနေ ထင်မှတ်မထားတဲ့ အမှုတစ်ခုမှာ ...

Insider (2022) [Complete]

2022
Cleaning Up (2022) 8.0
Cleaning Up (2022) Cleaning Up (2022) ===============ကဲ ဒီတစ်ခါတော့ 2019 မှာ လွှင့်ခဲ့တဲ့ နာမည်ကြီး UK TV Series "Cleaning Up" ရဲ့ Remake K drama စီးရီး အသစ်လေး လာပါပြီ။ Eo Yong-Mi (Yum Jung-Ah), An In-Kyung (Jeon So-Min) နဲ့ Maeng Soo-Ja (Kim Jae-Hwa) တို့သုံးယောက်ဟာ အကျိုးဆောင် ကုမ္ပဏီတစ်ခုရဲ့ သန့်ရှင်းရေး အလုပ်သမားတွေဖြစ်ပါတယ်။- Eo Yong-Mi ကတော့ သမီးနှစ်ယောက်ကိုပျိုးထောင်ပေးရင်း ဘဝကို ခက်ခက်ခဲခဲရုန်းကန်နေရသူပါ။- An In-Kyung ကတော့ Food Truck လေးဝယ်ပြီး ကော်ဖီဆိုင်ဖွင့်ဖို ရည်ရွယ်ထားသူပါ။- Maeng Soo-Ja ကတော့ ပေါင်းသင်းဆက်ဆံရေးကောင်းတယ်ထင်ရ ပေမယ့် လူတွေကို သူလိုအပ်မှ ရင်းရင်းနှီးနှီးနေတတ်သူပါ။ဒီသန့်ရှင်းရေးဝန်ထမ်း ၃ ယောက်က သူတို့ကုမ္ပဏီရဲ့ ရှယ်ယာရောင်းဝယ်တဲ့ ကိစ္စတွေကို အမှတ်မထင်ကြားခဲ့ကြပြီး၊ သူတို့ရဲ့ ကံကြမ္မာကိုပြောင်းလဲဖို့ အတွက် ...
8.0
TMDb: 8.0/10 1200 votes
tv

Cleaning Up (2022)

2022
My Liberation Notes (2022) [Complete]
My Liberation Notes (2022) [Complete] My Liberation Notes (2022) (အစ-အဆုံး) အပိုင်းသစ် (၁၆)(1080p ရပါပြီ) ဒီကားလေးကတော့ ရာသီဥတုကားနေရာမှာ အစားလာတဲ့ကားလေးဖြစ်ပြီး main cast တွေအနေနဲ့ Lee EI, Lee Min ki, Kim Ji Won, နဲ့ Son Suk Ku တို့ပါဝင်ထားပါတယ်။ မောင်နှမသုံးယောက်နဲ့ သူစိမ်းတစ်ယောက်တို့ကြားက ဇာတ်လမ်းလေးတစ်ပုဒ် ~ လာရောက်နေထိုင်သူထက် ပြောင်းရွှေ့ထွက်ခွာသူက ပိုများနေတဲ့ Sanpo ဆိုတဲ့ရွာလေးမှာ Yeom မောင်နှမသုံးယောက် နေထိုင်ပါတယ်။Yeom Ki Jung - မောင်နှမသုံးယောက်ထဲမှာ အကြီးဆုံးဖြစ်ပြီး သွေးဆူလွယ်တဲ့ စရိုက်ရှိသူပါ။ Sanpo ရွာကနေ ဆိုးလ်ကအလုပ်ဆီ နေ့တိုင်းကူးသန်းသွားလာနေရလို့ အချိန်အမြောက်အမြား ကုန်ဆုံးနေသူဖြစ်ပါတယ်။ ဘဝကြီးက စိတ်မကျေနပ်မှုတွေနဲ့ပြည့်နေပြီး အချစ်ကို ရှာဖွေချင်နေတဲ့သူတစ်ယောက်ပါ။Yeom Change Hee - အလတ်ကောင်လေးဖြစ်တဲ့သူကတော့ အိမ်ကနေ ထွက်ပြေးချင်နေပါတယ်။ ...

My Liberation Notes (2022) [Complete]

2022