Channel Myanmar

Kan 11

Tehran Season1 + Season2 7.5
Tehran Season1 + Season2 Tehran 2020နည်းပညာဆန်ဆန် ဇာတ်လမ်းတွေဆိုသဘောကျနှစ်ခြိုက်တဲ့ CMပရိတ်သတ်ကြီးအတွက်နည်းပညာအေဂျင့်စီးရီးလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်.အဓိကဇာတ်ကောင်ဖြစ်တဲ့ တာမာဟာ အီရန်ဟာ မွေးဖွားခဲ့ပေမယ့် အစ္စရေးမှာ ကြီးပြင်းခဲ့သူပါ.သူမရဲ့ စွမ်းဆောင်ရည်က ကွန်ပြူတာဟက်ကင်းပိုင်းမှာ ကျွမ်းကျင်တာပါပဲ.တနေ့မှာတော့ သူမရဲ့ဌာနက သူမကို အရေးကြီးမစ်ရှင်တစ်ခုကို တာဝန်ပေးခဲ့ပါတယ်.သူ့ရဲ့မစ်ရှင်ကတော့ အီရန်နိုင်ငံရဲ့အဏုမြူဓာတ်ပေါင်းဖိုကို ပိတ်ချပစ်ဖို့လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ခိုးယူပြီး ဌာနချုပ်ကို ပို့ပေးဖို့ပါပဲ.အရေးကြီးမစ်ရှင်ဖြစ်တာကြောင့် အစ္စရေးကနေ အီရန်ကို သွားတဲ့အချိန်ကနေစပြီးအီရန်မှာ သတင်းအချက်အလက်ခိုးယူဖို့ လျှပ်စစ်ကုမ္ပဏီကိုပါ ဝင်ဖို့ အထိပါအသေးစိတ်စီမံထားပေမယ့်လည်း မထင်မှတ်ထားတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာပြီး ခက်ခဲသွားခဲ့ပါတယ်.ဇာတ်အိမ်တစ်ခုလုံးကို အသေးစိတ်တည်ဆောက်ထားပြီးအစ္စရန်နဲ့ အီရန်နိုင်ငံကြားက တင်းမာမှုတွေ၊ နိုင်ငံရေးလှည့်ကွက်တွေအပြင်အမျိုးသမီးအေဂျင့်တစ်ယောက်ရဲ့စွမ်းဆောင်ရည်နဲ့ သတ္တိကိုပါ ချပြထားတဲ့ စီးရီးကောင်းတစ်ပုဒ်ဖြစ်တာကြောင့်ကြည့်ဖြစ်အောင် ကြည့်ဖို့ ညွှန်းပါရစေအညွှန်းကိုတော့ YKမှ ရေးသားပေးထားပြီးYK, Thet Hnin Hsu, Dollyနဲ့ Van Sui Parတို့မှ ဘာသာပြန်ပေးထားပါတယ်Encoded by Thit San Khant & YK Season Complete Episode ...
7.5
TMDb: 7.5/10 62 votes
tv

Tehran Season1 + Season2

2020
Valley of Tears 2020 9.4
Valley of Tears 2020 အောက်တိုဘာလ ၁၉၇၃မှာ၊အစ်စရေးနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ စစ်ပွဲကို အခြေခံပြီးရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းတွဲဖြစ်ပါတယ်။ အီဂျစ်နဲ့ဆီးရီးယား ၂နိုင်ငံပူးပေါင်းကာ Yom Kippur(ဂျူးဥပုဒ်နေ့) မှာ အစ်စရေးကိုအလစ်ဝင်တိုက်ခဲ့တာကြောင့် Yom Kippur စစ်ပွဲလို့အမည်တွင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းဟာနေရာမတူကြတဲ့ဇာတ်ကောင်တွေရဲ့ ရှုထောင့်တွေကိုခွဲပြထားပြီးနောက်ပိုင်းမှ တစ်ဦးနဲ့တစ်ဦးဆုံလာကြတဲ့ပုံစံမျိုးဖြစ်ပါတယ်။ အဗီနွမ်ဆိုတဲ့ကင်းစခန်းတစ်ခုကထောက်လှမ်းရေးနည်းပညာတပ်သားဟာ စစ်ဖြစ်တော့မယ့်လက္ခဏာတွေကိုဖုန်းလိုင်းတွေကိုနားထောင်ရင်းသိနေပေမယ့် သူ့ရဲ့ပြောစကားကိုအထက်လူကြီးတွေကအယုံအကြည်မရှိခဲ့ကြပါဘူး။ စစ်သားတွေအိမ်ကိုကိုယ်စီပြန်ကြတဲ့စစ်အင်အားအနည်းဆုံးဥပုဒ်​နေ့အားလပ်ရက်မှာ အဗီနွမ်ရဲ့မှန်းဆမှုအတိုင်း ဆီးရီးယားတပ်တွေဝင်တိုက်ခဲ့ပါတယ်။ မီလာခီဆိုတဲ့တင့်ကားမောင်းတပ်သားဟာ မြို့ထဲမှာဆန္ဒပြရင်းအဖမ်းခံခဲ့ရပါတယ်။ စစ်ဖြစ်တာကိုသိတဲ့အချိန်မှာထောင်ကထွက်ပြေးပြီး သူ့ရဲ့တင့်ကားအဖွဲ့ဆီသွားပါတော့တယ်။ နာမည်ကြီးစာရေးဆရာမန်နီဘန်ဒေါ်ဟာ ဇနီးသည်ရဲ့တွန်းအားပေးမှုကြောင့် စစ်တပ်ထဲဝင်သွားတဲ့သားဖြစ်သူကိုလိုက်ရှာပါတယ်။ အဲ့လိုရည်ရွယ်ချက်ကိုယ်စီနဲ့ဇာတ်ကောင်တွေဟာ စစ်ပွဲကြားကအဖြစ်အပျက်တွေ​​ကြောင့်တစ်ယောက်နဲ့တစ်ယောက်တွေ့မိကြရင်း အခက်အခဲတွေဆုံးရှုံးမှုတွေကြားကရုန်းကန်ကြရပုံကို စွန့်စားခန်းပုံစံရှုစားရမှာဖြစ်ပါတယ်။ ဖြစ်ရပ်မှန်စစ်ကားနှစ်သက်သူတွေ၊ သဘာဝကျကျဇာတ်လမ်းတွဲကောင်းနှစ်သက်သူတွေ ကြည့်သင့်တဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။Translated by Pyi Ti Nyein   Complete zip file   VIP  / Megaup /  Yoteshin  Episode 1 VIP / Yoteshin / Megaup / Meganz / Upstream / Filedwon Episode 2 VIP / Yoteshin / Megaup / Meganz / Upstream / Filedwon Episode 3 VIP / Yoteshin / Megaup / Meganz / Upstream / Filedwon Episode 4 VIP / Yoteshin / ...
9.4
TMDb: 9.4/10 7 votes
tv

Valley of Tears 2020

2020