Channel Myanmar

ORF

Freud (2020) 7.3
Freud (2020) Freud (2020) A Complete Netflix's Series ဗမာစာဖတ်ပရိသတ်တွေတော့ ဆစ်ဂမန်ဖရွိုက်ကို အနည်းတော့အများ ရင်းနီးကြမှာပဲ။ ဒီက နာမည်ကြီး ဘတ်ဆဲလ်လား စာရေးဆရာတွေရော၊ အက်ဆေးရေးတဲ့လူတွေရော၊ သုတဆောင်းပါးတွေ ရေးတဲ့လူတွေရော ဆစ်ဂမန်ဖရွိုက်ကို ကိုးကားပြီး သူ့စကားတွေ လှိုင်လှိုင်သုံးခဲ့ကြဖူးပါတယ်။ ဇော်ဇော်အောင်တို့ တာရာမင်းဝေတို့ မင်းခိုက်စိုးစန်တို့လည်း သုံးခဲ့ကြတယ်။ ဆန်းတော့လည်း မဆန်းပါဘူး။ ဖရွိုက်ဟာ စိတ်ပညာလောကရဲ့ နာမည်ကျော်စိတ်ပညာရှင်ပဲကိုး။ ဒီကားကတော့ ဖရွိုက်ငယ်စဉ် မအောင်မြင်သေးခင်က အချိန်မှာ ဇာတ်အိမ်တည်ပြီး သမိုင်းဒရာမာအဖြစ်ရိုက်ထားတာပါ။ သမိုင်းဒရာမာဆိုတာ သမိုင်းတိကျမှု အင်မတန်နည်းတဲ့ အရာမို့ သုတအနေနဲ့တော့ ကြည့်လို့ပြေမှာမဟုတ်ပါဘူး။ ဇာတ်ကိုကလည်း စိတ်ပညာဇာတ်ထက် မှုခင်းဇာတ်ကြီးဖြစ်နေပါတယ်။ စိတ်ညှို့ပညာခေတ်မစားခင်အချိန်မှာ စိတ်ရဲ့စွမ်းအားကို စိတ်ပညာရှင်တွေကိုယ်တိုင် သေချာနားမလည်သေးခင်မှာ ဖရွိုက်ဟာ မသိစိတ်နဲ့ အိပ်မွေ့ချစိတ်ညှို့ပညာအကြောင်း စိတ်ဝင်စားခဲ့ပါတယ်။ အားလုံးရဲ့ ငကြောင်လို့ သမုတ်ခံခဲ့ရတယ်။ ဒီလိုနဲ့ ဟန်ဂေရီမင်းမျိုးပျက်တွေဟာ အိပ်မွေ့ချစိတ်ညှို့ပညာကို အသုံးချပြီး ဖရွိုက်တို့ တိုင်းပြည်ကို လက်သည်မပေါ်ဘဲ ...
7.3
TMDb: 7.3/10 236 votes
tv

Freud (2020)

2020
Woman of the Dead (2023) 8.8
Woman of the Dead (2023) Woman of the Dead (2023)Netflix ရဲ့ ဂျာမန်စကားပြော Mystery စီးရီးလေးပါ။ခင်ပွန်းသည် သေဆုံးရတဲ့ အကြောင်းရင်းကို ရေဆုံးရေဖျားအထိ လိုက်ဖော်ထုတ်တဲ့ အမျိုးသမီးတစ်ယောက်အကြောင်း ရိုက်ပြထားတာပါ။ဘလွန်းက အလောင်းကောင်တွေကို ကြည့်ပျော်ရှူပျော်ရှိအောင် ပြင်ပေးရတဲ့ စျာပန ပြုပြင်ရေးလုပ်ငန်း ပိုင်ရှင်ပါ။ဘလွန်းရဲ့ယောကျာ်း မာ့ခ်က ရဲအရာရှိဖြစ်ပြီးတော့ နီလာ နဲ့ တင် ဆိုတဲ့ ချစ်စဖွယ်ကလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။တစ်နေ့တော့ ဘလွန်းရဲ့ မျက်စိရှေ့မှာတင်ပဲ အက်စီးဒင့် ဖြစ်ပြီး မာ့ခ် သေသွားပါတော့တယ်။ မာ့ခ်သေဆုံးမှုရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေ၊ ထိတ်လန့်စရာ အဖြစ်အပျက်တွေကို ဘလွန်းတစ်ယောက် ဘယ်လိုဖော်ထုတ်မလဲဆိုတာကို ကြည့်ရှုကြရမှာပါ။ဇာတ်လမ်းရဲ့ကျောရိုးက အထူးအဆန်းကြီး မဟုတ်ပေမဲ့ အလောင်းကောင်တွေကို ပြုပြင်ပေးရတဲ့ ဘလွန်းဆိုတဲ့ ဇာတ်ကောင်ကြောင့် ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းပြီး တစ်ပိုင်းချင်းစီက ရုပ်လုံးကြွနေပါတယ်။အမှုလိုက်တာတွေ၊ စုံစမ်းစစ်ဆေးတာတွေကို သဘောကျတဲ့သူတွေ ကြိုက်နှစ်သက်ကြမယ့် စီးရီးမျိုးပါ။ IMDb rating ကတော့ 6.6 ရရှိထားပါတယ်။အညွှန်းကိုတော့ Roman NoX က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတကတော့ Roman NoX, Rashida, ...
8.8
TMDb: 8.8/10 8 votes
tv

Woman of the Dead (2023)

2022