Channel Myanmar

Prime Video

Jee Karda (2023) 8.5
Jee Karda (2023) Jee Karda(2023)IMDb-7.7/10မင်းသမီးချောလေး သမန်းနားနဲ့ Taj Divided by Blood စီးရီးထဲက မင်းသားဆလင်းမ်နေရာက သရုပ်ဆောင်ထားတဲ့ Aashim Gulati တို့အပြင် နာမည်ကြီး အနုပညာရှင်တွေအများကြီးပါဝင်ထားတဲ့ လူငယ်ရိုမန့်ဒရာမာစီးရီးလေးဖြစ်ပါတယ်မတူညီတဲ့ဗီဇတစ်ယောက်တစ်မျိုးစီနဲ့ သူငယ်ချင်း ၇ ယောက်ရှိကြတယ် ဘာမဆိုလက်တည့်စမ်းချင်ကြတဲ့ ဆယ်ကျော်သက်လေးတွေပေါ့ တစ်နေ့ပွဲဈေးတန်ူမှာ မျက်နှာကိုဖတ်ပြီးဟောပေးတဲ့ မှော်ဆရာတစ်ယောက်အကြောင်း ငြင်းကြခုံကြရင်း ဝင်မေးဖြစ်ကြသွားတယ် အားလုံးကိုတစ်ခုစီပဲဟောလိုက်တယ်"အဖေကိုသတိထား အစ်ကိုကို သတိထား အချစ်ကို သတိထား ရာထူးနေရာကို သတိထား ချိုတဲ့အရာတွေကို သတိထား ၂၂ (၂၀၂၂) ကိုသတိထား သန်မာအောင်နေ " တဲ့ အိုင်တီခေတ်ကလေးတွေဆိုတော့ မယုံကြပါဘူး"ဒီလိုနဲ့ အသက်နှစ်ဆယ်‌ကျော်ဘဝကို ရင်ဆိုင်ကြတဲ့ ၂၀၂၂ ဆိုတဲ့အချိန်ကိုရောက်လာပါတယ် အရင်လိုပဲ သူငယ်ချင်းသံယောဇဉ်တွေနဲ့ အရင်လိုပျော်ရွှင်နေကြတုန်းပါပဲ ဟောကိန်းကိုလည်း သတိရမနေကြပါဘူး ဒီလူငယ်တွေရဲ့ဗီဇနဲ့ ဒီဗီဇကိုဆန့်ကျင်နေတဲ့ဟောကိန်းတွေက တကယ်ဖြစ်လာတဲ့အချိန် ဘယ်လိုရင်ဆိုင်ကြမလဲ ။ အသက်နှစ်ဆယ်ကျော်လူငယ်တွေရဲ့ ဘဝနေထိုင်မှုပုံစံ အတွေးအခေါ်တွေကို လူငယ်ဆန်ဆန်ဟာသလေးတွေနဲ့ မင်းသမီးချောလေးတွေရဲ့ အလှတွေကို ခံစားရင်းကြည့်ရှူရမှာဖြစ်ပါတယ် (၁၈+ အခန်းများပါဝင်တာကြောင့် မိသားစုနှင့်အတူ ကြည့်ရှုရန် မသင့်တော်ပါကြောင်း)(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Moon ~ Aditi ~ ...
8.5
TMDb: 8.5/10 2 votes
tv

Jee Karda (2023)

2023
I’m a Virgo (2023) 7
I’m a Virgo (2023) I'm a Virgo (2023) ============== IMDb Rating - 6.9/10ကျွန်တော်တို့ ငယ်ငယ်က ငလက်မလေးပုံပြင်ဆိုတဲ့ အိပ်ရာဝင် ပုံပြင်လေးတစ်ပုဒ်နဲ့ ရင်းနှီးခဲ့ကြတယ် ဟုတ်။ သာမန်လူတွေကြား မှာ လူပိစိလေး ရောက်သွားတဲ့အခါ ကြုံတွေ့ရတဲ့ကိစ္စတွေအကြောင်း ပြောပြထားတဲ့ ပုံပြင်လေးကို မှတ်မိကြဦးမယ် ထင်ပါတယ်။အခုညွှန်းသွားပေးမဲ့ စီးရီးကတော့ ငလက်မပုံပြင်နဲ့ ဆန့်ကျင်ဘက် လူထွားကြီးဇာတ်လမ်းပါ တဲ့။ Virgo ရာသီခွင်ထဲမှာ မွေးဖွားလာတဲ့ ကူတီဆိုတဲ့ ကောင်လေးတစ်ယောက်က မွေးကတည်းက သာမန်လူ တွေနဲ့ မတူဘဲ ခန္ဓာကိုယ် အဆမတန် ကြီးထွားနေခဲ့ပါတယ်။ ဒီလိုနဲ့ အရွယ်ရောက်လာတော့ အရပ်ကြီးက ၁၃ ပေထိ ရှည်လာပြီး ဆိုဒ် ကြီးကလည်း ကျွန်တော်တို့ဆီမှာ အလှူခံလှည့်တဲ့ထဲက ဒုံးရုပ်ကြီး တွေရဲ့ လေးဆလောက်ကို ရှိလာခဲ့တာပါ။ ဒီလိုသာမန်မဟုတ်တဲ့ ဖြစ် ရပ်ကြောင့် ကူတီရဲ့ လုံခြုံရေးစိုးရိမ်ရတဲ့အတွက် မိဘတွေက သူ့ကို လူမြင်ကွင်းဆီ မထွက်ခိုင်းဘဲ အိမ်တွင်းအောင်းပြီးသာ နေခိုင်းခဲ့ပါ တယ်။ဒီလိုနဲ့နေလာရင်း တစ်နေ့မှာတော့ ကူတီနဲ့ရွယ်တူ ဆယ်ကျော် သက်လေးတစ်သိုက်နဲ့ အမှတ်မထင် တွေ့ဆုံသွားကြပြီး ကူတီတစ် ယောက် ပြင်ပကမ္ဘာကြီးကို ...
7
TMDb: 7/10 13 votes
tv

I’m a Virgo (2023)

2023
The Forbidden Marriage (2022) [Complete] 9
The Forbidden Marriage (2022) [Complete] The Forbidden Marriage (2022) [အစ-အဆုံး]အပိုင်းသစ် - ၁၂ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ)အရမ်းချစ်ရတဲ့ မိဖုရားက တစ်ရက်မှာ ကိုယ့်ကိုကိုယ် သတ်သေသွားတာကြောင့် ယူကျုံးမရဖြစ်နေတဲ့ ဂျိုဆွန်းဘုရင် Lee Heonဟာ ကြင်ယာတော် ထပ်မံတင်မြှောက်ဖို့ကို ငြင်းဆန်တဲ့အပြင် တစ်တိုင်းပြည်လုံးကိုလည်း လက်ထပ်ခွင့်မပြုဆိုတဲ့ အမိန့်ကို ချမှတ်လိုက်ပါတယ်။၇နှစ်ကြာတဲ့အထိ ဒီအမိန့်ကို ပြန်မရုတ်သိမ်းတာကြောင့် အိမ်ထောင်ပြုခွင့်မရတဲ့တိုင်းသူပြည်သားတွေက ဘုရင်က gayနေတယ်။ မစွမ်းဆောင်နိုင်ဘူးဆိုပြီး ပြောကြပါတော့တယ်။ဒီအမိန့်ကို ဖီဆန်ပြီး လူငယ်တွေကို တိတ်တခိုး လက်ထပ်ဖို့ ကူညီပေးတဲ့ လူလိမ်မလေး Ye So Rang က နန်းတော်ထဲက နတ်ရွာစံသွားတဲ့ မိဖုရားရဲ့ ဝိညာဉ်ပူးကပ်နေတယ်ဆိုပြီး လိမ်လည်ရာကနေ နန်းတော်ထဲအထိ သတင်းရောက်သွားပါတော့တယ်။ကြင်ဖက်ကိုဆုံးရှုံးထားတာကြောင့် ရင်ကွဲမတတ်ဖြစ်နေတဲ့ဘုရင်နဲ့လူလိမ်မလေးရဲ့လှည့်ကွက်တွေကြားမှာ ဘယ်လိုဂယက်တွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရှုပေးပါဦး။(ဇာတ်လမ်းအညွှန်းကိုတော့ Estel က ရေးပေးထားပါတယ်။)Aired: Dec 9, 2022 -- Aired On: Friday, Saturday Genres: ...
9
TMDb: 9/10 2 votes
tv

The Forbidden Marriage (2022) [Complete]

2022
The King 2 Hearts (2012) [Complete] 7.4
The King 2 Hearts (2012) [Complete] The King 2 Hearts (2012) [အစ-အဆုံး]အပိုင်း (၁၆ မှ ၂၀) (ဇာတ်သိမ်းပိုင်း)လီဂျယ်ဟာကတော့ တောင်ကိုရီးယားတော်ဝင်မျိုးနွယ်ရဲ့ ဒုတိယ‌မြောက်သားအဖြစ် မင်းသားအရိုက်အရာကို ဆက်ခံထားရသူဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်လို့ စိတ်ဝင်စားမှုမရှိတဲ့ လီဂျယ်ဟာကို မင်းကြီးလီဂျယ်ဂန်က ကမ္ဘာ့ထိပ်တန်းအရာရှိပြိုင်ပွဲမှာ မြောက်ကိုရီးယားနဲ့ ပူပေါင်းယှဉ်ပြိုင်ဖို့ တာဝန်ပေးစေလွှတ်ခဲ့ပါတယ်။တစ်ဖက်မှာတော့ မြောက်ကိုရီးယားစစ်အာဏာပိုင်အဖွဲ့ဝင်တစ်ဦးရဲ့ သမီးဖြစ်တဲ့ ဂင်ဟန်အာက မြောက်ပိုင်းကိုယ်စားပြု အနေနဲ့ပါဝင်လာခဲ့ပါတယ်။ ယောက်ျားသားတွေထက်တောင် ပိုကြမ်းလို့ အသက်၃၀အရွယ်အထိ ချစ်သူမရှိ၊ အိမ်ထောင်မရှိအောင် ယင်ဖိုတောင်မသန်းရဲလောက်တဲ့ ဂင်ဟန်အာနဲ့ လူ့ပေါ်ကြော့မင်းသား လီဂျယ်ဟာတို့ တာဝန်အတူထမ်း‌ဆောင်တဲ့အခါမှာတော့ အလွဲလေးတွေ တသီသီ စတင်လာပါတော့တယ်။တောင်မြောက်ချစ်ကြည်ရေးကို ဖော်ဆောင်ကြမယ့်သူတို့နဲ့ လက်နက်ရောင်းဝယ်ပြီး အမြတ်ထုတ်ကြမယ့် နောက်ကွယ်က အဖွဲ့အစည်းတွေရဲ့ အဖျက်အမှောက်နှောက်ယှက်မှုတွေကို ရင်တလှပ်လှပ်နဲ့ ကြည့်ရှုရမှာဖြစ်တဲ့အပြင် Ha Ji Won ရဲ့ မြောက်ပိုင်းသူဆန်ဆန် အက်ရှင်တွေကိုလည်း ချစ်ချင်စရာမြင်တွေ့ရဦးမှာမို့ လက်မလွှတ်တမ်း စောင့်မျှော်ကြည့်ရှုဖို့ရာ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။ဟာဂျီဝန်း နဲ့ လီဆောင်ဂီတို့ရဲ့ ...
7.4
TMDb: 7.4/10 15 votes
tv

The King 2 Hearts (2012) [Complete]

2012