Channel Myanmar

TVN

Lovely Runner (2024)
Lovely Runner (2024) Lovely Runner (2024)**********************အပိုင်းသစ် (၄) ဒီတစ်ခေါက် ချန်နယ်မြန်မာကနေ အခုနွေရာသီမှာ စိတ်အပန်းပြေစေမယ့်Youth Drama လေးဖြစ်တဲ့ "Lovely Runner" ဇာတ်လမ်းတွဲကိုဘာသာပြန်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာ လတ်တလော ပရိသတ်အချစ်ကိုရထားတဲ့မင်းသားချော Byeon Woo-seok က ပွဲဦးထွက်ကတည်းကတဟုန်ထိုးအောင်မြင်လာခဲ့တဲ့ ထိပ်တန်းအနုပညာရှင်ရူဆွန်းဂျယ်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီးExtraordinary You ဇာတ်ကားနဲ့ လူသိများလာခဲ့တဲ့မင်းသမီးချော Kim Hye-yoon ကတော့ ရူဆွန်းဂျယ်ရဲ့အမာခံပရိသတ် အင်ဆိုးလ်အဖြစ် ပါဝင်ထားပါတယ်။အမြဲဖန်သားပြင်ပေါ်မှာ ပြုံးရွှင်နေပြီး အပူပင်ကင်းပုံပေါ်တဲ့ရူဆွန်းဂျယ်ရဲ့ ကိုယ့်ကိုကိုယ်သတ်သေသွားတယ်ဆိုတဲ့သတင်းကြောင့်အမာခံပရိသတ်ဖြစ်တဲ့ အင်ဆိုးလ်တစ်ယောက် ဝမ်းနည်းပူဆွေးသွားရပါတော့တယ်။ဒီလိုနဲ့တစ်နေ့ အံ့ဩဖွယ်ကောင်းစွာ အင်ဆိုးလ်တစ်ယောက်လွန်ခဲ့တဲ့၁၅နှစ်ကိုပြန်ရောက်သွားခဲ့ပြီး အသက်၁၉နှစ်အရွယ်သာမန်လူရူဆွန်းဂျယ်နဲ့ ပြန်ဆုံတွေ့ခဲ့တဲ့အခါမှာတော့....ချစ်ရတဲ့သူရဲ့ကံကြမ္မာဆိုးကို ကူညီဖယ်ရှားပေးရင်းနဲ့အခက်ခဲတွေကြားကနေဖြစ်ပေါ်လာမယ့် စိတ်လှုပ်ရှားစရာကောင်းတဲ့အိုင်ဒေါနဲ့ဖန်ကြားက အချစ်ဇာတ်လမ်းလေးကို တနင်္လာနဲ့အင်္ဂါနေ့တွေမှာချန်နယ်မြန်မာမှာ ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်။ (အညွှန်းကိုတော့ DoubleM မှ ရေးသားထားပါတယ်။) Aired: Apr 8, 2024 - May 28, 2024 Aired On: Monday, Tuesday Genres: Music, Comedy, Romance, Fantasy Duration: 70 mins Episodes: 16 Original ...

Lovely Runner (2024)

2024
Queen of Tears(2024)
Queen of Tears(2024) Queen of Tears(2024)********************အပိုင်းသစ်(၁၂)မင်းသား Kim Soo Hyun နဲ့  kim Ji Won  ကိုလွမ်းနေတဲ့သူတွေအတွက်တော့ရှယ်ကားကြီးလာပါပြီ...ပရိသတ်ကြီးရဲ့အချစ်တော် မင်းသားချော ဂင်ဆူဟျွန်းက ယုံဒူရီရွာရဲ့ဂုဏ်ဆောင်၊Queens ကွန်ဂလိုမိတ်စီးပွားရေးလုပ်ငန်းစုကြီးရဲ့ ဒါရိုက်တာဘဲ့ဟျွန်းဝူအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီးမင်းသမီးချော ဂင်ဂျီဝမ်ကတော့ Queens ကုန်တိုက်ရဲ့ဘုရင်မတစ်ပါးလည်းဖြစ်လူချမ်းသာမိသားစုက အမွေခံအမျိုးသမီးတစ်ယောက်အဖြစ်ပါဝင်ထားပါတယ်....မျက်မှောက်ခေတ်မှာ လုပ်ငန်းစုကြီး ၂ခု ပူးပေါင်းရင် ပိုအင်အားကြီးတယ်လို့ယူဆတဲ့သူတို့ ၂ ယောက်ဟာ ဘဝ ၂ ခုပေါင်းပြီး လုပ်ငန်းစုကြီးတိုးပွားဖို့ ကြိုးစားကြပါတယ်..သို့ပေမဲ့ သူတို့ထင်ထားသလိုမဖြစ်လာဘဲ  အင်မတန်အန္တရယ်များတဲ့အဖျက်အမှောက်လုပ်ငန်းတွေကြုံတွေ့လာရတဲ့အခါမှာတော့...Episodes: 16 Aired: Mar 9, 2024 - Apr 28, 2024 Aired On: Saturday, Sunday Original Network:  Netflix Duration: 1 hr. 10 min. Genres: Comedy, Romance, Life, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Miri , ChitThe, Su Sandi , ...

Queen of Tears(2024)

2024
Apartment 404 (2024) [Complete] 8.5
Apartment 404 (2024) [Complete] Apartment 404 (2024)**********************အပိုင်းသစ် (၈) နောက်ဆုံးပိုင်း အခုတစ်ခေါက်မှာတော့ TvN ရုပ်သံလိုင်းကနေ တင်ဆက်ပြသနေတဲ့"Apartment 404" ဆိုတဲ့ ရသစုံရှိုးလေးကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပါဝင်သူတွေကလည်း Running Man မှ ညီနောင်နှစ်ယောက်ဖြစ်တဲ့Yoo Jae Suk နဲ့ Yang Se Chan၊ Blackpink အဖွဲ့ဝင် Jennie၊Moving မှ Cha Tae Hyun နဲ့ Lee Jung Ha၊Alchemy of souls မှ Oh Nara တို့က ပါဝင်အားဖြည့်ထား​တဲ့အတွက်အကောင်းကြိုက်တဲ့ပရိသတ်တွေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ရှိုးအညွှန်း..."Apartment 404" ဆိုတဲ့နာမည်လေးအတိုင်း တိုက်ခန်းနေထိုင်သူ ၆ ယောက်ဟာသူတို့နေထိုင်ရာတိုက်ခန်းနောက်ကွယ်မှာဖြစ်ပျက်နေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ပဟေဠိကိုအဖြေရှာဖို့ နည်းလမ်းပေါင်းစုံကြိုးစားကြပုံကို ရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။နေထိုင်သူ ၆ ယောက်ဟာ နှစ်ဖွဲ့စီခွဲပြီး ဂိမ်းတွေကစားရင်း သဲလွန်စတွေကို အရယူကာထူးဆန်းထွေလာဖြစ်ရပ်တွေရဲ့အကြောင်းရင်းကို ဖော်ထုတ်ရမှာဖြစ်ပါတယ်။တွေးရတာကြိုက်တဲ့ ပရိသတ်တွေအတွက် ကိုယ်တိုင်လိုက်ပါခန့်မှန်းရင်းကြည့်ရှုရမှာဖြစ်လို့လက်မလွှတ်တမ်းအားပေးရမဲ့ ရသစုံရှိုးကောင်းတစ်ခုဆိုလည်းမမှားပါဘူး။အပိုင်းတိုင်းကိုလည်း ...
8.5
TMDb: 8.5/10 2 votes
tv

Apartment 404 (2024) [Complete]

2024
Wedding Impossible (2024) [Complete]
Wedding Impossible (2024) [Complete] Wedding Impossible (2024)****************************အပိုင်းသစ် (၁ မှ ၁၂) စ/ဆုံး ဒီဇာတ်လမ်းတွဲလေးကတော့ Under the Queen's Umbrella,Duty after school ထဲက မင်းသား Moon Sang Min နဲ့Ballerina, Call ထဲက မင်းသမီး Jeon Jong Seo တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသဇာတ်မြူးကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း...Na Ah Jeong (Jeon Jong Seo)ဟာ အရည်အချင်းရှိပေမဲ့အသိအမှတ်ပြုမခံရတဲ့ ဇာတ်ရံမင်းသမီး‌တစ်ယောက်ပါ။သူမမှာ ၁၅နှစ်ကြာ ရင်းနှီးလာတဲ့ Lee Do Hanဆိုတဲ့ယောက်ျားလေးသူငယ်ချင်းတစ်ယောက်ရှိပါတယ်။Lee Do Han (Kim Do Wan)ကတော့ LJ လုပ်ငန်းစုရဲ့သားကြီးဖြစ်ပြီးမိသားစုရဲ့ လက်ထပ်ဖို့ တွန်းအားပေးမှုကို ခံနေရပေမဲ့သူ့မှာ လက်မထပ်နိုင်တဲ့လျှို့ဝှက်ချက်တစ်ခု ရှိနေပါတယ်။ဒါကြောင့်လည်း သူ့ သူငယ်ချင်းမလေးကို ဟန်ဆောင်လက်ထပ်ဖို့အကူအညီတောင်းပါတော့တယ်။Lee Ji Han (Moon Sang Min)ကတော့ LJလုပ်ငန်းစုရဲ့ ...

Wedding Impossible (2024) [Complete]

2024
Amazing Saturday (2021) 9.8
Amazing Saturday (2021) Amazing Saturday(function(f,b,n,j,x,e){})();ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးအတွက် Amazing Saturday ဆိုတဲ့ ရှိုးလေးကို တင်ဆက်ပေးပါရစေ"Amazing Saturday ဆိုတာ ဘယ်လိုရှိူးမျိုးလဲ??"ခေတ်အဆက်ဆက် ကိုရီးယား အိုင်ဒေါတွေရဲ့ ထင်ရှား​ကျော်ကြားတဲ့ သီချင်းတွေကို မှန်အောင် ခန့်မှန်းရင်း နိုင်ငံတစ်ဝန်းက ထင်ရှားတဲ့ ရိုးရာအစားအသောက်တွေကို မြည်းစမ်းခွင့်ရရှိတဲ့ ရှိုးလေးပဲ ဖြစ်ပါတယ်SNSD မှ ထယ်ယွန်း SHINEE မှ ကီး တို့အပြင် အခြားသောထင်ရှားတဲ့ အနုပညာရှင်များစွာ ပါဝင်တာမလို့ ပရိသတ်ကြီးလည်း အိုင်ဒေါတွေကို ငေးလိုက် သီချင်းတွေကို ခန့်မှန်းရင်း ကိုရီးယားအစားအစာတွေကို သားရေကျလိုက်နဲ့ အတူ လိုက်ပါစီးမျောရမှာ ဖြစ်ပါတယ်အညွှန်းကိုတော့ Shwe Pwint က ရေးသားပေးထားပြီးတော့ဘာသာပြန်ထားတာကတော့ CM Variety Team ပဲ ဖြစ်ပါတယ်။File Size - 1.2 GB Quality - 1080p Duration - 1h 20min Subtitle - Myanmar(Hardsub) Genre - Reality-TV Translaotr - CM ...
9.8
TMDb: 9.8/10 4 votes
tv

Amazing Saturday (2021)

2018
NANA TOUR with SEVENTEEN (2024) 6
NANA TOUR with SEVENTEEN (2024) NANA TOUR with Seventeen (2024)နာပီဒီနဲ့ SEVENTEEN တို့ကြားက ကတိကို အကောင်အထည်ဖော်မယ့် "NANA TOUR With SEVENTEEN" ကြည့်ရှူလို့ရပါပြီ။နာပီဒီက တိုးဂိုက်အနေနဲ့တာဝန်ယူပြီး ကတိအတိုင်း SEVENTEEN တစ်ဖွဲ့လုံးကို ဥရောပ အလည်အပတ်ခရီးစဉ် ပို့ပေးမှာပဲ ဖြစ်ပါတယ်။ဒီအစီအစဉ်မှာလည်း အမြဲတမ်း ပေါ့ပါးပွင့်လင်းပြီး ပျော်တတ်တဲ့ SEVENTEEN အဖွဲ့ဝင်တွေရဲ့ ခရီးသွားဟန်တွေနဲ့ ဟန်ဆောင်မှုကင်းတဲ့ ပုံရိပ်ကို ကြည့်ရမှာမို့ စိတ်အပန်းပြေစေမယ့် အစီအစဉ်တစ်ခု ဖြစ်မှာ အသေအချာပါပဲ။အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Variety Team ပဲဖြစ်ပါတယ်Genre..... Reality Quality…. 1080p | 720p File size… 2.5GB | 1.2GB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ..... CM Variety Team Encoder ..... Aaron720pEpisode 01 ...
6
TMDb: 6/10 1 votes
tv

NANA TOUR with SEVENTEEN (2024)

2024
Captivating the King(2024)
Captivating the King(2024) Captivating the King(2024)*************************အပိုင်းသစ်(၁၆) ဇာတ်သိမ်းပိုင်းHospital playlist ထဲက မင်းသား Cho Jung-Seokနဲ့ ယဉ်ယဉ်လေးနဲ့ အရမ်းလှတဲ့ မင်းသမီး Shin Se-Kyung ကိုအတူတူ တွေ့မြင်ရမယ့် နန်းတွင်းအရှုတ်တော်ပုံဇာတ်လမ်းတွဲဖြစ်ပါတယ်...ဇာတ်လမ်းအညွှန်း --------------------Lee In ( Cho Jung-Seok ) ဟာ အစ်ကိုဖြစ်သူ ဘုရင် Lee Sun ရဲ့ ဂရုစိုက်မှုနဲ့ယုံကြည်မှုတွေကိုရရှိထားတဲ့ မင်းသားတစ်ပါးပဲဖြစ်ပါတယ်။ သူ့ရဲ့အစ်ကိုကြီးအပေါ်မှာလည်း သစ္စာစောင့်သိတဲ့ Lee In ဟာQing မင်းဆက်ရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်သွားခံရပါတယ်။ညီဖြစ်သူရဲ့ သစ္စာစောင့်သိမှုကိုအထင်အမြင်လွဲသွားတဲ့ ဘုရင်ဟာ Lee In ကို သစ္စာဖောက်တယ်ဆိုပြီးတော့ မုန်းတီးစပြုလာပါခဲ့တယ်။အစ်ကိုဖြစ်သူရဲ့ အထင်အမြင်လွဲမှု‌နဲ့ မုန်းတီးမှုတွေကြောင့် စိတ်ဒဏ်ရာရခဲ့ရတဲ့ မင်းသား Lee In ဟာ အမည်မသိမာကျောက်ကစားသမားတစ်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။အဲဒီနောက်မှာတော့ သူ့ဘဝအလှည့်အပြောင်းမျိုးစုံဖြစ်လာဖို့အကြောင်းဖန်လာပါတော့တယ်..ဒီစီးရီးဟာ နိုင်ငံရေး အချစ်ရေး မျိုးစုံဖွဲ့နွဲ့ထားတဲ့အတွက်ကြောင့်ဇာတ်အိမ်ကောင်းကောင်းနန်းတွင်းစီးရီးတွေကိုကြိုက်တဲ့သူတွေအတွက် ကြည့်သင့်ပါကြောင်း...Aired: Jan ...

Captivating the King(2024)

2024
Marry My Husband(2024)
Marry My Husband(2024) Marry My Husband(2024)************************အပိုင်း( ၁ မှ ၁၆) ထိ စ/ဆုံးအားလုံးစောင့်မျှော်နေကြတဲ့ Park Min Youngနဲ့ ဂင်ချားနားလို့ သိကြတဲ့Lee Yi Kyung တို့ရဲ့ Marry My Husbandနာမည်ကြီး Webtoonကို ပြန်ရိုက်ထားတာဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကတော့ကင်ဆာနဲ့ အသက်လုနေရတဲ့ သေခါနီးအမျိုးသမီးတစ်ယောက်ဟာတစ်ရက်မှာတော့ သူငယ်ချင်းအရင်းကြီးနဲ့ သူ့အမျိုးသားတို့ ဖောက်ပြန်နေတာကို လက်ပူးလက်ကြပ်မိသွားခဲ့ပါတယ်။ပိုဆိုးတာကတော့ အမျိုးသားဖြစ်သူက သူသေသွားရင် ကျန်ခဲ့မယ့် သူ့ရဲ့ အာမခံငွေတွေကိုအပိုင်သိမ်းဖို့ ကြိုတင်ကြံစည်ထားတာကိုပါ သိလိုက်ရပြီး အမျိုးသားဆီကပါ အသတ်ခံလိုက်ရပါတယ်။ဒါပေမဲ့ ပြန်နိုးလာပြီး မျက်လုံးဖွင့်ကြည့်လိုက်တဲ့ အခါမှာတော့ time slip ဖြစ်ပြီးလွန်ခဲ့တဲ့ 10နှစ်ကို ပြန်ရောက်နေခဲ့ပါတယ်။ သူနဲ့သူ့အမျိုးသားတို့ ရည်းစားဖြစ်နေတဲ့ ကာလကိုပြန်ရောက်သွားပြီး ဖောက်ပြန်တဲ့သူ့အမျိုးသားနဲ့ သူငယ်ချင်းဖြစ်သူကိုဘယ်လိုပုံစံနဲ့ လက်စားချေသွားမလဲဆိုတာကို စိတ်၀င်စားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်နော်......အညွှန်းကိုတော့ Hsu Lei မှရေးသားပေးထားပါတယ်.. Aired: Jan 1, 2024 ...

Marry My Husband(2024)

2024
Unexpected Business Season 1+ 2 + 3 10
Unexpected Business Season 1+ 2 + 3 Unexpected Business Season 1(function(f,b,n,j,x,e){})();ဒိတ်ဒိတ်ကြဲ မင်းသားကြီးနှစ်ယောက် ပါဝင်ရိုက်ကူးထားတဲ့variety show လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။မင်းသား Cha Tae Hyun နဲ့ မင်းသား Jo In Sung တို့ဟာမမျှော်လင့်ဘဲ နယ်က စူပါမားကတ်လေးရဲ့ ပိုင်ရှင်တွေဖြစ်လာခဲ့ပါတယ်။ထိုစူပါမားကတ်မှာ ဆယ်ရက်တိတိ တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီးသူတိုနှစ်ယောက်သား ချက်ကြပြုတ်ကြ ဈေးရောင်းကြနဲ့ အတော့်ကို Healing ဖြစ်စေမဲ့ Show လေးတစ်ခုပါ။ဒီနေ့ အပိုင်းမှာဆိုရင် လီဂွမ်ဆူ ဂင်၀ူဘင်နဲ့ လင်ဂျူဟွမ်တို့က Guest အဖြစ်ပါဝင်သွားမှာပါစုစုပေါင်း ၁၀ ပိုင်း ပါဝင်ပြီး အပတ်စဉ်သောကြာနေ့တိုင်းChannel Myanmar မှ တင်ဆက်ပေးသွားမှာမို စောင့်မျှော်အားပေးကြပါဦးနော်။(အညွှန်းကို Thet Hnin Hsu မှရေးသားထားပြီးတော့ CM Variety Team မှဘာသာပြန်ဆိုထားပါတယ်) File Size –1.2GB @EpisodeQuality – 720pDuration – 1h 40minute ...
10
TMDb: 10/10 2 votes
tv

Unexpected Business Season 1+ 2 + 3

2021
Maestra: Strings of Truth(2023) 10
Maestra: Strings of Truth(2023) Maestra: Strings of Truth(2023)******************************အပိုင်း ( ၁ မှ ၁၂) ထိ စ/ဆုံးဒီဇာတ်လမ်းတွဲကြီးဟာThirty Nine က မင်းသား Lee Moo Seang , မင်းသမီးကြီးLee Young Ae နဲ့ မင်းသား Kim YoungJae တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်...Cha Se Eum( Lee Young Ae)ဟာ အရင်က တယောဆရာတစ်​ယောက် ဖြစ်ခဲ့​ပေမဲ့အခုအချိန်မှာ​တော့ သံစုံတီးဝိုင်းရဲ့ဦးဆောင်သူတစ်ဦးဖြစ်ပါတယ်,,,,သူမရဲ့ အသက်မွေးဝမ်းကြောင်းကို သတ္တိရှိရှိနဲ့ စိတ်အားထက်သန်စွာ လျှောက်လှမ်းခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်,,,,ပြောရရင် သူမရဲ့ဘဝဟာ ခက်ခဲကြမ်းတမ်းမှုတွေကြားကပဲအောင်မြင်မှုသရဖူဆောင်းနိုင်ခဲ့သလို  ဘာလုပ်လုပ်တင့်တယ်နေတဲ့ကာလလည်းဖြစ်ပါတယ်...သို့ပေမဲ့ သူမ ဘဝမှာ လုံးဝလူသိမခံရဲတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုရှိ​နေပါတယ် ....ဒီလျှို့ဝှက်ချက်ကပဲ သူမရဲ့ သံစုံတီးဝိုင်းနဲ့ ဘဝတစ်ခုလုံးကိုဖျက်စီးဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့Cha Se Eumအ​နေနဲ့ အဲဒီကိစ္စ​တွေကိုဘယ်လို​ဖြေရှင်းမလဲဆိုတာကို ​ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရမှာဖြစ်ပါတယ်....ဒီစီးရီး​လေးကို​တော့ အပတ်စဥ် စ​နေ တနင်္ဂ​နွေ​​နေ့​တွေမှာ ထုတ်လွှင့်ပြသ​သွားမှာပဲဖြစ်ပါတယ်....Aired: ...
10
TMDb: 10/10 2 votes
tv

Maestra: Strings of Truth(2023)

2023
GBRB: Reap What You Sow (2023) 8.5
GBRB: Reap What You Sow (2023) GBRB : Reap What You Sow (2023)အားလုံးရဲ့ အချစ်တော်တွေဖြစ်ကြတဲ့ လီဂွမ်ဆူ၊ ဂင်ဝူဘင်၊ EXO's D.O. နဲ့ ဂင်ဂီဘန်းတို့ရဲ့ ရှိုးအသစ်လေး ထွက်ရှိလာပါပြီနော်။ဒီရှိုးလေးရဲ့မစ်ရှင်ကတော့ တစ်ခုတည်းရှိတာဖြစ်ပြီး ပါဝင်သူတွေဟာ လယ်ကွင်းတစ်ခုထဲမှာ သီးနှံပင်တွေ စိုက်ပျိုးပြီး ရိတ်သိမ်းကြရမှာဖြစ်ပါတယ်။အနုပညာလောကထဲမှာပဲ ကျင်လည်လာခဲ့ကြတဲ့ ဒီညီအစ်ကိုချောချောလေးတွေက လယ်ထဲမှာ ဘယ်လိုတွေအလုပ်လုပ်ရင်း ဘယ်လိုသီးနှံတွေကို စိုက်ပျိုးရိတ်သိမ်းသွားကြမလဲဆိုတာအပြင် သေချာပေါက် ပျော်ပျော်ရွှင်ရွှင်ကြည့်ရှုရမယ့် Healing ရှိုးလေးဖြစ်မှာမို့ ကြည့်ရှုလိုက်ကြပါဦးနော်။အညွှန်းကို Hmwe ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ CM Variety Team ပဲ ဖြစ်ပါတယ်။Genre..... Reality Quality…. 1080p | 720p File size… 2.5GB | 1GB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... CM Variety Team Encoder ..... Aaron720pEpisode 01 - Userdrive | ...
8.5
TMDb: 8.5/10 2 votes
tv

GBRB: Reap What You Sow (2023)

2023
Castaway Diva(2023)[Complete]
Castaway Diva(2023)[Complete] Castaway Diva(2023)********************အပိုင်း ( ၁ မှ ၁၂ ) ထိ စ/ဆုံးငယ်ငယ်လေးတည်းက အဆိုတော်ဖြစ်ချင်လွန်းလှတဲ့ ဒေသိယစကားသံဝဲဝဲလေးနဲ့ ကောင်မလေး Seo Mok Ha .. အလယ်တန်းရောက်တော့ အဆိုပြိုင်ပွဲတစ်ခုမှာဝင်ပြိုင်ရင်း ပြိုင်ပွဲမှာအနိုင်ရရှိခဲ့တယ်။ သီချင်းဆိုရတာကိုရူးသွပ်တဲ့ Mok Ha က တစ်နေ့မှာ နယ်ကနေ ဆိုးလ်ကို လူရွေးပွဲဝင်ပြိုင်ဖို့အသွား လမ်းမှာမတော်တဆမှုတစ်ခုဖြစ်ပြီး လူသူကင်းမဲ့တဲ့ကျွန်းကြီးတစ်ကျွန်းမှာသောင်တင်သွားခဲ့ရတော့တယ်။ အဆိုတော်မကြီးဖြစ်ချင်တဲ့ကောင်မလေးတစ်ယောက် လူဆိုလို့သူ့အပြင်မရှိတဲ့ကျွန်းကြီးမှာ ၁၅ နှစ်ကြာ တစ်ယောက်တည်း အခက်အခဲဆင်းရဲဒုက္ခတွေနဲ့ရင်ဆိုင်ရင်း တစ်နေ့မှာတော့ ကျွန်းကြီးပေါ်ကနေ ပြန်အကယ်တင်ခံခဲ့ရပါတော့တယ်။ ၁၅ နှစ်လုံးလုံးကင်းကွာနေခဲ့တဲ့လူ့ပတ်ဝန်းကျင်ကိုပြန်ရောက်လာပြီး အပြောင်းအလဲတွေနဲ့အသားကျအောင်ကြိုးစားရင်း ဘာတွေဖြစ်ဦးမလဲ .. သူ့ရဲ့အဆိုတော်ဖြစ်ချင်တဲ့အိပ်မက်ကိုရော ဆက်အကောင်အထည်ဖော်နိုင်ဦးမလား ..။Cast တွေအနေနဲ့ကတော့ “ဝူယောင်းဝူ” ဇာတ်ကောင်နဲ့ ချီးကျုးမှုတွေ တစ်ခဲနက်ရရှိခဲ့ပြီး Daesang ဆုကြီးအထိပါသိမ်းပိုက်နိုင်ခဲ့တဲ့ “Park Eun Bin” နဲ့ “Nevertheless” ဇာတ်ကားနဲ့ အာလူးလေးလို့လူသိများခဲ့တဲ့ “Chae Jong Hyeop” တို့က အဓိကပါဝင်သွားမှာဖြစ်သလို CM ကနေ အပတ်စဉ် စနေ, တနင်္ဂနွေတိုင်း ...

Castaway Diva(2023)[Complete]

2023
Twinkling Watermelon (2023) [Complete] 10
Twinkling Watermelon (2023) [Complete] Twinkling Watermelon (2023)******************************အပိုင်းသစ် (၁၆) ဇာတ်သိမ်းပိုင်း 1995 ခုနှစ် တောင်ကိုရီးယား နွေဦးရဲ့ ဖရဲသီးလေးတွေဆီ တစ်ခေါက်သွားကြည့်ရအောင်..Eun Gyeol (Ryeo Un) က ဆွံ့အနားမကြားမိဘတွေနဲ့ တူတူနေနေတာဖြစ်ပြီးဂီတဘက်မှာ ပါရမီပါတဲ့သူပါ။ နေ့ဘက်မှာ စံပြကျောင်းသားဖြစ်ပြီး ညဘက်မှာတော့band တစ်ခုမှာ guitar တီးပါတယ်။ တစ်နေ့မှာတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ဂီတတူရိယာဆိုင်ကနေတစ်ဆင့် မထင်မှတ်ဘဲ 1995 ခုနှစ်ကို အချိန်ခရီးသွားနိုင်ခဲ့တယ်။18 နှစ်အရွယ် အထက်တန်းကျောင်းသား သူ့အဖေ Lee Chan (Choi Hyun Wook),သူ့အမေ Cheong A (Shin Eun Soo) နဲ့ Se Kyung (Seol In Ah) တို့ကိုပြန်တွေ့ခဲ့ရပြီးတော့ Watermelon Sugar ဆိုတဲ့ band လေးကို အတူတူ ဖွဲ့စည်းခဲ့ပါတယ်အဲဒီအချိန်မှာ သူ့အဖေ Lee Chan ကတော့ Seowon ...
10
TMDb: 10/10 1 votes
tv

Twinkling Watermelon (2023) [Complete]

2023
Arthdal Chronicles S2(2023)[Complete] 8
Arthdal Chronicles S2(2023)[Complete] Arthdal Chronicles S2(2023)************************‌အပိုင်း (၁ မှ ၁၂) ထိ စ/ဆုံးS2ထွက်လာပါပြီ အရင် Main Cast အချို့မပါခဲ့ဘဲ  Lee Joon Gi  တို့ Shin Sae Kyeongတို့ အစားထိုးပါဝင်လာပါတယ်...S1မကြည့်ရသေးတဲ့သူတွေတော့ ကြည့်ဖို့မပြေလောက်ပါဘူး..ဒါ့ကြောင့် S1ကြည့်ဖို့တိုက်တွန်းချင်ပါတယ်...အညွှန်းကိုတော့ S2စပွိုင်လာဖြစ်မှာစိုးလို့S1ကဟာကိုပဲ ပြန်လည်ကူးယူထားပါတယ်... ကမ္ဘာ့ခေတ်ဦးအချိန်အခါတုန်းကတော့ လူသားတွေမှာ နိုင်ငံ တိုင်းပြည် ဘုရင်ဆိုတာတွေမရှိကြပါဘူး။ဒီလိုနဲ့တဖြည်းဖြည်း မီး ဓားသွား လက်နက်နဲ့ ထွန်ယက်စိုက်ပျိုးနည်းတွေကိုသိလာတဲ့လူသားတွေဟာလောကကြီးကိုစိုးမိုးဖို့ကြိုးစားကြပါတယ်။Eunsun ဆိုတဲ့ကလေးလေးဟာ နိမိတ်ဆိုးနဲ့မွေးဖွားလာပြီး ကျိန်စာသင့်နေတယ်လို့သတ်မှတ်ခံထားရတာကြောင့် ဒီကလေးရဲ့ရှင်သန်မှုအတွက် Arthdalမြို့သူမိခင်ဟာ ခက်ခက်ခဲခဲကြိုးစားခဲ့ရတာပါ.....တာဂွန် ကတော့ Arthdal မြို့ကစစ်သူကြီးတစ်ဦးဖြစ်ပြီး အသက်ငယ်ရွယ်စဉ်ကတည်းကထက်မြတ်သူတစ်ဦးဖြစ်ပြီး Arthdal မြို့ကို အောင်မြင်မှုတွေဆောင်ကြဉ်းပေးသူတစ်ဦးလဲဖြစ်ပါတယ်။သူ့ရဲ့အိမ်မက်ကတော့ Arthdalရဲ့ ဘုရင်ဖြစ်လာဖို့ပါပဲ။Wahan မျိုးနွယ်စုရဲ့ ဆက်ခံသူတစ်ဦးဖြစ်ပေမယ့် ခက်ခဲမှုတွေကိုကျော်လွှားရသူTan-Ya ကတော့ Eunsunရဲ့အချစ်ဦးဖြစ်ပြီး တာဂွန် ချစ်မြတ်နိုးတဲ့သူလဲဖြစ်ပါတယ်။S2မှာဘယ်လိုတွေဆက်နွယ်ပြီးကြမ်းပြမလဲဆိုတာကိုတော့ ရင်ခုန်ခံစားကြည့်ကြပါ... Episodes: 12 Aired: Sep 9, 2023 - Oct 15, ...
8
TMDb: 8/10 46 votes
tv

Arthdal Chronicles S2(2023)[Complete]

2019
My Lovely Liar (2023) [Complete]
My Lovely Liar (2023) [Complete] My Lovely Liar (2023)*********************အပိုင်းသစ် (၁ မှ ၁၆) (စ / ဆုံး)ငယ်စဥ်တည်းက အများနဲ့မတူဘဲ အလိမ်အညာ​တွေကို သိမြင်နိုင်တဲ့အာရုံ​ကြောင့်မိုဆိုဟီးဟာ ဘဝကိုစိတ်ပျက်စွာဖြတ်သန်းနေတဲ့သူပါ။သူမဟာ တား​ရော့​ဟောခန်းဖွင့်ကာ​နေထိုင်​ရင်း တစ်ရက်မှာ ဂင်ဒိုဟာဆိုတဲ့ပုန်းလျှိုးကွယ်လျှိုးနေထိုင်​နေတဲ့ ကောင်​လေးတစ်​ယောက်နဲ့ဆုံတွေ့မိသွားပါတယ်။ဂင်ဒိုဟာကတော့ သီချင်းပရိုဂျူဆာတစ်​ယောက်ဖြစ်ပြီး လွန်ခဲ့တဲ့ငါးနှစ်ခန့်ကမ​တော်တဆမှုတစ်ခုမှာ သံသယဝင်ခံရတာ​ကြောင့် သတင်းအစအန​ဖျောက်ပြီး ရုပ်ဖျက်ပုန်း​နေသူပါ။ဘယ်သူ့ကိုမှမယုံကြည်ခဲ့တဲ့ ဆိုဟီးတစ်​ယောက် ဒိုဟာက တကယ့်တရားခံအစစ်မဟုတ်မှန်းသိ​နေ​သောအခါ...သူတို့နှစ်​ယောက် အမှန်တရားကို ဘယ်လိုရှာ​ဖွေသက်​သေပြကြမလဲ...။ဘယ်လိုကိစ္စ​တွေရှိခဲ့ကြတာလဲ...။ဆိုတဲ့ပ​ဟေဋိ​လေးများသာမက သံ​ယောဇဥ်တွယ်လာကြပုံ၊ချစ်ကျွမ်းဝင်လာကြပုံ​လေးများကို​စောင့်​မျှော်ကြည့်ရူရမှာဖြစ်ပါတယ်။သရုပ်ဆောင်များကလည်း ပရိသတ်အချစ်တော် Kim Sohyun ၊Alchemy of soulsထဲက​ သခင်​လေးဆောလ်ယူဖြစ်တဲ့ Hwang Minhyunတို့နှင့်အတူတခြားနာမည်ကြီးများပါ ပါဝင်ထားကြတဲ့ အချစ်ဟာသဇာတ်လမ်း​လေးမို့ လက်မလွှတ်တမ်း​ကြည့်ရူခံစားသင့်ပါတယ်​​နော်။ Episodes: 16Aired: Monday, TuesdayAired On: Jul 31, 2023 - Sep 19, 2023Original Network: tvNFile Size: Quality :Web-DL 1080p,720PGenres: Mystery, Comedy, Romance, SupernaturalTranslated by  Treasure Htet, ...

My Lovely Liar (2023) [Complete]

2023
Arthdal Chronicles (2019)[Complete]
Arthdal Chronicles (2019)[Complete] Arthdal Chronicles (2019) S1(စ/ဆုံး)(အပိုင်း ၁ မှ ၁၈ ) ထိ စ/ဆုံး S2 လေးထွက်မယ်ကြားလို့ 1080P လေး ရှယ်Update ပေးထားပါတယ်...အားလုံးမျှော်တလင့်လင့်ဖြစ်နေကြတဲ့ oppa Song Joong-Kiနဲ့ unnie Kim Ji-Wonတို့ရဲ့ခေတ်ဦးကဒီဇိုင်းလန်းလန်းတွေနဲ့ပုံဖော်ထားတဲ့ Arthdal Chronicles ဆိုတဲ့ကားလေး လာပါပြီနော်....ကမ္ဘာ့ခေတ်ဦးအချိန်အခါတုန်းကတော့ လူသားတွေမှာ နိုင်ငံ တိုင်းပြည် ဘုရင်ဆိုတာတွေမရှိကြပါဘူး။ဒီလိုနဲ့တဖြည်းဖြည်း မီး ဓားသွား လက်နက်နဲ့ ထွန်ယက်စိုက်ပျိုးနည်းတွေကိုသိလာတဲ့လူသားတွေဟာလောကကြီးကိုစိုးမိုးဖို့ကြိုးစားကြပါတယ်။Eunsun ဆိုတဲ့ကလေးလေးဟာ နိမိတ်ဆိုးနဲ့မွေးဖွားလာပြီး ကျိန်စာသင့်နေတယ်လို့သတ်မှတ်ခံထားရတာကြောင့် ဒီကလေးရဲ့ရှင်သန်မှုအတွက် Arthdalမြို့သူမိခင်ဟာ ခက်ခက်ခဲခဲကြိုးစားခဲ့ရတာပါ.....တာဂွန် ကတော့ Arthdal မြို့ကစစ်သူကြီးတစ်ဦးဖြစ်ပြီး အသက်ငယ်ရွယ်စဉ်ကတည်းကထက်မြတ်သူတစ်ဦးဖြစ်ပြီး Arthdal မြို့ကို အောင်မြင်မှုတွေဆောင်ကြဉ်းပေးသူတစ်ဦးလဲဖြစ်ပါတယ်။သူ့ရဲ့အိမ်မက်ကတော့ Arthdalရဲ့ ဘုရင်ဖြစ်လာဖို့ပါပဲ။Wahan မျိုးနွယ်စုရဲ့ ဆက်ခံသူတစ်ဦးဖြစ်ပေမယ့် ခက်ခဲမှုတွေကိုကျော်လွှားရသူTan-Ya ကတော့ Eunsunရဲ့အချစ်ဦးဖြစ်ပြီး ...

Arthdal Chronicles (2019)[Complete]

2019
The Uncanny Counter (2023) Season2 8.5
The Uncanny Counter (2023) Season2 The Uncanny Counter Season 2: Counter Punch (2023)အားလုံးစောင့်မျှော်နေကြတဲ့ မကောင်းဆိုးဝါးအမဲလိုက်ပွဲကြီး ပြန်လာပါပြီ ဒီ S2 မှာ S1 ထက် ပိုကြမ်းမယ့် အပြင် အမိုက်စား Cast အသစ်တွေလည်း ထပ်မံပါဝင်လာမှာဖြစ်ပါတယ် အဓိက မကောင်းဆိုးဝါးနေရာကနေ စွယ်စုံရ သရုပ်ဆောင် Kang Ki-Young နဲ့ ပရိတ်သတ်ကြီးရဲ့ အချစ်တော် AOUAD ထဲက လူဆိုးလေး (ခေါ်) Good Bad Mom ထဲက ငပေါလေး Yoo In-Soo ကပါ ပါဝင်ထားပါတယ်ဇာတ်လမ်းကို ပြန်ညွှန်းရရင် ကမ္ဘာမြေကြီးကို ဖျက်ဆီးပြီး လူတွေကို သတ်ဖြတ်တဲ့ မကောင်းဆိုးဝါးတွေကို ဖမ်းဆီးချုပ်နှောင်ဖို့ နိုင်ငံ့အနှံ့မှာ ဖွဲ့စည်းထားတဲ့ စွမ်းအားရှင် ကောင်တာ အဖွဲ့တွေရှိပါတယ် ဒီထဲမှာမှ စွမ်းအားအမျိုးမျိုးကိုပိုင်ဆိုင်ထားပြီး အပြင်းအထန်လေ့ကျင့်ရင်း အခက်အခဲတွေကို ရင်ဆိုင်သွားကြမယ့် ကိုရီးယားခေါက်ဆွဲဆိုင်အဖွဲ့... အရင် S 1 မှာ ကောင်တာတွေရဲ့ ...
8.5
TMDb: 8.5/10 98 votes
tv

The Uncanny Counter (2023) Season2

2023
Dancing Queens on The Road (2023)

Dancing Queens on The Road (2023)

2023
See You in My 19th Life (2023)
See You in My 19th Life (2023) See you in my 19th Life (2023)"ဇာတိဿရဉာဏ်" ဆိုတာ အရင်ဘဝအဆက်ဆက်ကို မှတ်မိနေတဲ့ အထုံဉာဏ်ကို ခေါ်တာပါ။ဒီလို ဉာဏ်ကို ပိုင်ဆိုင်ထားတဲ့ ဘန်ဂျီအင်မ် နှစ်ပေါင်းထောင်ချီပြီး ဘဝပေါင်းများစွာ ဝင်စားခဲ့တဲ့ ကောင်မလေးပါ။ နောက်ဆုံး ၁၈ ဘဝမြောက်မှာ မတော်တဆမှုနဲ့ သေဆုံးခဲ့ရတဲ့ ဘန်ဂျီအင်မ် ဟာ အရင်ဘဝက အဆက်အစပ်ရှိခဲ့ဖူးတဲ့လူတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားရင်း အရင်ဘဝက ဆောဟာ ဆိုတဲ့ ကောင်လေးနဲ့ပါ တွေ့ဖို့ ကြိုးစားပါတော့တယ်။သူ့ရဲ့အရင်ဘဝက မှတ်ဉာဏ်တွေက လက်ရှိ ၁၉ ဘဝမြောက်က အချစ်ရေးမှာ အနှောက်အယှက်ပေးမှာလား? ဒါမှမဟုတ် အချစ်က ဘဝပေါင်းများစွာ ကျော်ဖြတ်ပြီး ကြံ့ကြံ့ခံပြီး ရင်ဆိုင်သွားနိုင်မှာလား ဆိုတာကတော့ ....စုစုပေါင်း ၁၂ ပိုင်း ထုတ်လွှင့်သွားမှာ ဖြစ်ပြီးတော့ အပတ်စဉ် စနေ တနင်္ဂနွေနေ့တိုင်း တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ပေးကြပါဦးGenre..... Comedy, Drama, Romance Quality…. 1080p | ...

See You in My 19th Life (2023)

2023
Delightfully Deceitful(2023)[Complete]
Delightfully Deceitful(2023)[Complete] Delightfully Deceitful(2023)**************************အပိုင်း( ၁ မှ ၁၆) ထိ စ/ဆုံးLee Ro Um ဆိုတဲ့ကောင်မလေးဟာ genius တစ်ယောက်လို ထက်မြက်တဲ့သူပါ..ဒါပေမဲ့ သူမဟာ ငယ်ငယ်လေးကတည်းက ဆိုးသွမ်းတဲ့အသိုက်အဝန်းနဲ့ကြီးပျင်းခဲ့ရသလို အားကြီးတဲ့သူမှန်သမျှ အားငယ်တဲ့သူကို အနိုင်ကျင့်တဲ့ခေတ်ရဲ့အဓိက ဇာတ်ဆောင်တစ်ယောက်လို စတေးခံခဲ့ရတော့ စိတ်ဒဏ်ရာအကြီးကြီးရရှိခဲ့ပါတယ်...နောက်ဆက်တွဲအနေနဲ့ ဒီကောင်မလေးဟာ လောကကြီးကိုရှုမြင်ပုံဟာအဆိုးဘက်ပဲမြင်နေတတ်ပြီး အားလုံးကိုသံသယနဲ့ ရှင်သန်နေတတ်တဲ့သူပါ...ဒါ့ကြောင့်လည်းရန်သူတွေများနေတတ်ပါတယ်..ဒီလိုကောင်မလေးဟာ ခေတ်ပညာတတ်ပြီးယဉ်ကျေးသိမ်မွေ့ပြီးတစ်ချို့ကိစ္စတွေမှာ စာအုပ်ကြီးဆန်နေတဲ့ ရှေ့နေလူငယ်လေးတစ်ယောက်နဲ့တွေ့ဆုံပြီး အလုပ်ကြီးတစ်ခုလုပ်ဖို့အကြောင်းဖန်လာရတဲ့အခါမှာတော့....သူတို့တွေဘယ်လိုရှေ့ဆက်ကြမလဲ...ဘယ်လိုရန်သူတွေရောကြုံဆုံလာရမလဲဆိုတာကိုတော့....Aired:  May 29, 2023 - Jul 18, 2023 Aired On: Monday, Tuesday Genres:Comedy, Crime, Drama Duration: 70 mins Episodes: 16 Original Network: TVN File Size: 720p(~450MB) , 1080p(900MB) Translated by  Miri, Hnin Wai Oo , Treasure Htet & Tiff Encoded by ...

Delightfully Deceitful(2023)[Complete]

2023