Channel Myanmar

WeTV

1000 Years Old (2024)
1000 Years Old (2024) ဗန်ပိုင်းယား ရင်ခုန်သံ (၂၀၂၄) အညွှန်းဒီဇာတ်လမ်းတွဲလေးကတော့ လူသားနဲ့ Vampire ကြားက BL အချစ်ဇာတ်လမ်းတွဲလေးပါ သဘာဝလွန်ဖြစ်ရပ်တွေကို စိတ်ဝင်စားတဲ့ တက္ကသိုလ် ကျောင်းသားလေး ယို့ ဟာ တစ်နေ့မှာ ဝက်သွေးစွပ်ပြုတ်ဆိုင်မှာထိုင်နေတုန်း ပန်းကန်အကြီးကြီးနဲ့ ဝက်သွေးစွပ်ပြုတ်ကို တစ်ပန်းကန်ပြီး တစ်ပန်းကန်စားနေတဲ့ နေရောင်ကြောက်တဲ့ကောင်လေးတစ်ယောက်ကို မြင်လိုက်ရသတဲ့ထူးထူးဆန်းဆန်းမို့ စိတ်ထဲကိုရောက်သွားတဲ့ အဲဒီလူကို "ဆန်းကြယ်တဲ့လူ" ဆိုပြီး စိတ်ထဲမှာ နာမည်ပေးမိရင်း သူနဲ့ဝါသနာတူ သူငယ်ချင်းတွေနဲ့အတူ သူ့အကြောင်း စုံစမ်းရှာပုံတော်ဖွင့်ကြပါတော့တယ်Vampire လူသားလေး ပန်ကလည်း ပထမဆုံးအနေနဲ့ ယို့ဆိုတဲ့ လူသားကောင်လေးကို ယုံကြည်စွာနဲ့ သူ့ဘဝထဲကို ဝင်ဖို့ တံခါးဖွင့်ပေးဖြစ်တဲ့အခါ ..လူသားကောင်လေး နဲ့ နှစ် ၁၀၀၀ သက်တမ်းရှိတဲ့ Vampire ကောင်လေးတို့ရဲ့ ခပ်ချိုချို အချစ်ဇာတ်လမ်းလေးကိုရှုစားရမှာဖြစ်တာမို့ ဆက်ဆက်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါရစေနော်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin, Mary, Char Ou တို့ ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p ...

1000 Years Old (2024)

2024
A Secretly Love (2024)
A Secretly Love (2024) လျှို့ဝှက်ချစ် (၂၀၂၄)ခွန်ပရို့တစ်ယောက် ကျောင်းကစီနီယာအစ်ကိုကြီးကို ကြိတ်သဘောကျနေခဲ့တာ နှစ်ချီနေပြီပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ လူရိုးလူအေးလေးတစ်ယောက် စီနီယာအစ်ကိုကြီးရဲ့ တွေ့ဆုံကြုံကွဲ ပြတ်လိုက်ဆက်လိုက် ဇာတ်လမ်းတွေကိုလည်း အမြဲထိုင်ကြည့်နေရတဲ့ ဘေးလူလည်း ဖြစ်နေရပါသေးတယ်။ သူကသာ ပြတ်တဲ့သူတွေကြည့်ရင်း ရင်တွေကွဲရပေမဲ့ ချစ်ရတဲ့ စီနီယာကတော့ မုအွန်တာကို ထမင်းစားရေသောက်ပါပဲ။ သူအတွက် အခွင့်အရေးမရှိလောက်တော့ဘူးဆိုပြီး တင်းခံနေပေမဲ့ သူငယ်ချင်းတွေရဲ့ မြှောက်ပေးမှုကြောင့် ရဲရင့်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ... တအားပလေးတဲ့ ရေခဲတုံးစီနီယာကို ဘယ်လိုအရည်ဖျော်မလဲ ကြည့်ရမှာပဲ ဖြစ်ပါတယ်။https://t.me/+VSlIM1n9ukdiYjU1အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Kaung, Su Myat, Shin, Yin တို့ပဲ ဖြစ်ပါတယ်။Genre.....BL, Drama Quality…. 1080p | 720p File size… 500MB | 200MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kaung, Su Myat, Shin, Yin Encoder ..... Aaron720pEpisode 01 ...

A Secretly Love (2024)

2024
Time the Series (2024)
Time the Series (2024) Time The Series (အချိန်မီသာ ပြင်ဆင်ခွင့် ရှိခဲ့ရင်)လူရယ်လို့ဖြစ်လာပြီဆိုရင် အားလုံးအမှားနဲ့မကင်းကြပါဘူး။ ကြီးလေးတဲ့အမှားဖြစ်ဖြစ် သေးငယ်တဲ့အမှားဖြစ်ဖြစ် ပြန်လည်ပြင်ဆင်ခွင့်သာရှိမယ်ဆိုရင် အားလုံးပြန်ပြီးပြုပြင်ချင်ကြတာကြီးပါပဲ။ ကံကြမ္မာကမျက်နှာသာပေးပြီး အချိန်ကကုစားပေးမယ်ဆိုရင်ပေါ့......ဖွမ်ဟာနာမည်ကြီးမင်းသားတစ်ယောက်၊ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပေမဲ့ အောင်မြင်တဲ့ဘဝကြီးရဲ့တစ်ဖက်မှာ ချစ်ရသူခရစ်ကို မျက်စိရှေ့တင်ဆုံးရှုံးထားရတဲ့ ချစ်ရှုံးသမားလေးပေါ့။ ဒါပေမဲ့ ကံကြမ္မာရဲ့မျက်နှာသာပေးမှုကြောင့် ခရစ်ကိုပြန်လည်ကယ်တင်နိုင်မယ့်အခွင့်အရေးက ဖွမ်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။ ထူးဆန်းတဲ့လူတစ်ယောက်ဆီကနေ နာရီတစ်လုံးရလိုက်ပြီးတော့ ဒီနာရီက ခရစ်မသေခင်အချိန်ကိုပြန်သွားလို့ရနိုင်နေတဲ့အခါ..အချိန်ဟာ အရာအားလုံးရဲ့အဖြေလို့ပြောကြပေမဲ့ အချိန်ကမဖြေရှင်းနိုင်တာတွေလည်းအများသားမလို့ ဖွမ်တစ်ယောက် Second chance ကို အကောင်းဆုံးအသုံးချရင်း ခရစ်ကိုကယ်နိုင်မှာလားဆိုတာ Ai Long Nhai, La Cuisine တို့လိုဇာတ်လမ်းကောင်းတွေရဲ့ဖန်တီးရှင်ကြီးရဲ့ လက်ရာသစ်လေးကို CM နဲ့အတူ ရှုစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Char Ou, Thant, Su Myat, Summer တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama, Mystery Quality…. 1080p | 720p File size…  600MB | 300MB Format… ...

Time the Series (2024)

2024
Intern in my heart (2024)
Intern in my heart (2024) နှလုံးသားထဲက အလုပ်သင်လေး (၂၀၂၄)The root ထဲက သိပ်ကိုလွှမ်းမိုးချုပ်ချယ်တတ်တဲ့မမ Crisတစ်ယောက် ဒီတစ်ခါမှာလည်း လူတိုင်းအပေါ် သိပ်ရက်စက်တတ် စည်းကမ်းတင်းကြပ်လွန်းတဲ့ ဘော့စ်မမအဖြစ် ပြန်လာပါပြီ။ နှင်းဆီလိုအဆူးတွေနဲ့ ကာရံထားတဲ့ ကျားသစ်လေးလိုမမကို The Family ထဲမှာထဲက ချစ်တတ်တဲ့မောင်လေး Blueနဲ့တွဲထားတဲ့ မမနဲ့မောင်လေးရဲ့ ရုံးတွင်းချစ်ဇာတ်လမ်းဆိုတော့ ရိုမှချိုမှဆိုတဲ့သူတွေ တန်းစီထားလို့ရပြီနော်။ငယ်ငယ်တုန်းက မိုးကြိုးပစ်ခံရပြီးတော့ နှလုံးရပ်သွားတဲ့ ကောင်လေး,ရေး၊ ကံကောင်းချင်တော့ သူနှလုံးရပ်သွားတဲ့နေရာမှာ ကောင်မလေးတစ်ယောက်ရှိနေပြီး သူ့ရဲ့ကယ်တင်မှုနဲ့ပဲ ဆေးရုံကို အချိန်မီရောက်သွားပြီး အသက်ရှင်ခဲ့သူလေး။ ထူးဆန်းတာက ရေးတစ်ယောက် ပြန်ပြီးတော့ သတိရလာတဲ့အခါမှတော့ လူတွေနဲ့ ထိလိုက်တဲ့အခါမှာ သူ့ခန္ဓာကိုယ်က လျှပ်စီးသွားပြီး နှလုံးခုန်မြန်လာကာ သူ့ကို ထိလိုက်တဲ့သူရဲ့ ၂၄နာရီအတွင်းဖြစ်တာတွေကို မြင်လာရပါတော့တယ်။ဆရာဝန်တွေကတော့ စူပါပါဝါတစ်ခုလို့ သတ်မှတ်ထားပေမဲ့ ရေးကိုယ်တိုင်ကတော့ ကျိန်စာတစ်ခုလို သတ်မှတ်ပြီး လူတွေနဲ့ မထိအောင် ရှောင်နေခဲ့ပါတော့တယ်။တစ်နေ့မှာတော့ ရေးသူငယ်ချင်းဖြစ်သူ တော့ပ်ရဲ့ ဆွဲဆောင်မှုအရ "မန်းဒေး" ဆိုတဲ့ ဖက်ရှင်အလုပ်တစ်ခုမှာ အလုပ်သင်ဆင်းဖို့ ဖြစ်လာပါတော့တယ်။ သူတို့အလုပ်သင်ဆင်းရမဲ့ အဖွဲ့အေရဲ့ ခေါင်းဆောင်ကတော့ အလုပ်မှအလုပ် ကျန်တာကို စိတ်မဝင်စားတဲ့ အလုပ်သရဲမလေးလင်းပဲ ...

Intern in my heart (2024)

2024
Cooking Crush (2023)
Cooking Crush (2023) ကျွန်တော့်ချစ်သူ စားဖိုမှူးလေး (2023) အညွှန်းဆရာဝန်လောင်းလေးနဲ့ စားဖိုမှူးလောင်းလေးတို့ရဲ့ စောင်ကိုက်ပြီးကြည့်ရှုရမယ့် BL ကားချိုချိုလေး ရပါပြီနော်မိသားစုက စားသောက်ဆိုင်ဖွင့်ထားပေမဲ့ ဟင်းချက်သင်တန်းမှာတော့ အမြဲတမ်းအညံ့ဆုံးဖြစ်နေတဲ့ စားဖိုမှူးလောင်းလျာလေး ပရမ် ရယ်၊ ပရမ်ချက်တဲ့ဟင်းကိုမှ စားမိပြီး ဟင်းချက်နည်းကိုပါ သင်ချင်သွားတဲ့ ဆရာဝန်လောင်းလေး တန် ရယ်။ စစချင်းမှာတော့ ကြောင်နဲ့ကြွက်လို မတည့်ကြတဲ့ ဒီနှစ်ယောက်သားရဲ့ဇာတ်လမ်းလေးက တဖြည်းဖြည်းနဲ့ ဘယ်လိုပြောင်းလဲလာမလဲ။ဟင်းကိုကြိုက်သွားတဲ့ တန် တစ်ယောက် ဟင်းချက်တဲ့လူကိုရော ဘယ်လိုများကြိုက်သွားပြီး ကြ်ည့ရှုသူတွေကို ဘယ်လိုအချိုတွေကျွေးဦးမလဲဆိုတာ အားလုံးပဲ စောင်ကိုက်ကြည့်ရှုကြရမယ့် ဇာတ်လမ်းလေးဖြစ်မှာပါ။မင်းသားနှစ်ယောက်ကလည်း OffGum Couple ဆိုတော့ အထွေအထူးညွှန်းနေစရာ မလိုတော့လောက်ဘူး ထင်ပါတယ်နော်။ အခုပဲ ကြည့်လိုက်ကြပါဦး။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတကတော့ Hmwe, Mary, Khaing တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 600MB | 250MB Format… ...

Cooking Crush (2023)

2023
7 Days Before Valentine (2023)
7 Days Before Valentine (2023) ချစ်ခြင်းဆီသို့ တစ်ပတ်အလို (၂၀၂၃)(function(f,b,n,j,x,e){})();ဆန်းရှိုင်းက တက်သစ်စ မော်ဒယ်တစ်ယောက်ဖြစ်ပြီး ချစ်သူနဲ့ အတူခရီးသွားဖို့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေခဲ့တာဖြစ်ပါတယ်။ ဗယ်လင်တိုင်းနေ့ရောက်ဖို့ ၇ ရက်အလိုမှာ သူ့အလုပ်တွေလည်း အကုန်ပြီးသွားပြီး သူ့ချစ်သူနဲ့ ချိန်းထားခဲ့တာပဲဖြစ်ပါတယ်။ဗယ်လင်တိုင်းဒေးမှာ ချစ်သူဆီ သွားဖို့ နောက်ကျသွားတဲ့ ဆန်းရှိုင်းက ပန်းဝယ်တာမှာ ပန်း နဲ့ အရက် တွဲရောင်းဆဲ့ဆိုင်ကနေ "မယ််ရီ" လို့ ခေါ်တဲ့ နှင်းဆီပန်း ဝယ်ခဲ့ပါတယ်။ ဒါပေမဲ့ ချစ်သူဆီက လမ်းခွဲစကားကို မမျှော်လင့်ဘဲ ကြားလိုက်ရတဲ့အအချိန်မှာ ဆန်းရှိုင်းလည်း စိတ်ညစ်ညစ်နဲ့ သူ ပန်းဝယ်ခဲ့တဲ့ ပန်းဆိုင်ကို ပြန်သွားပြီး ရင်ဖွင့်ရင်း အရက်မူးပြီး အိမ်ကို ပြန်ရောက်တဲ့အခါ အမည်မသိလူတစ်ယောက် ပေါ်လာပြီး သူ့ချစ်သူနဲ့ ၇ ရက်အတွင်း ပြန်အဆင်ပြေခွင့်ရဖို့ အခွင့်အရေးပေးမယ်လို့ ပြောခဲ့ပါတယ်။ဒါပေမဲ့ လောကကြီးမှာ ဘယ်အရာမှ အလကားမရနိုင်တဲ့အတွက် ဒီ ဗယ်လင်တိုင်းနေ့မတိုင်ခင် ၇ ရက်အတွက် သူပြန်ပေးရမဲ့အရာက ဘာဖြစ်မလဲ... ဆန်းရှိုင်းနဲ့ သူ့ချစ်သူနဲ့ရော ပြန်အဆင်ပြေသွားမလား... ရုတ်တရက် ပေါ်လာတဲ့ အမည်မသိလူကရော ဘယ်သူများလဲ...အညွှန်းကိုတော့ Kppks ...

7 Days Before Valentine (2023)

2023
Thaibaan in Love The Series (2023) 7
Thaibaan in Love The Series (2023) Thibaan in love / ချစ်ခြင်းတည်သော တို့တောရွာ (၂၀၂၃)ကန်က ကျောင်းဆရာတစ်ယောက်ဆိုပေမဲ့ ဘောလုံးကန်တဲ့နေရာမှာ ထူးချွန်ပါတယ် သူတာ၀န်ကျနေတဲ့ ရွာလေးကတော့ ခမ်ဖာ ရွာလေးပါ တစ်နေ့ ရွာမှာ ဘောလုံးပြိုင်ပွဲ ‌ကျင်းပတော့ ခမ်ထညရွာက ဘောလုံးအသင်းက ကန်ကို ဆော့ဖို့ ခေါ်ပါတယ် ဒါပေမဲ့ ရွာသူကြီးက ကန်ကို သဘောမကျပါဘူး ဘာလို့လိုတော့ ကန်ရဲ့အဖေ နဲ့ ရွာသူကြီးက မတည့်ကြလို့ပါ နောက်တစ်ခုက သူ့သမီးဖြစ်တဲ့ ကွိုန်ကို ကန် ပိုးနေလို့ပါပဲ ဒီကိစ္စတွေကြောင့် ကန်ကို ဘောလုံးအသင်းထဲ မပါစေချင်ခဲ့ပါဘူး ဒါပေမဲ့ ကန်တစ်ယောက် ရွာသူကြီးကို အနိုင်ယူဖို့နဲ့ကွိုန်နဲ့တွဲဖို့ကို လက်ခံပေးဖို့ အပေးအယူလုပ်ခဲ့ပါတယ် အပေးအယူကတော့ ကန် ပြိုင်ပွဲမှာ အနိုင်ရအောင်လုပ်နိုင်ရင် ကွိုန်နဲ့တွဲဖို့ ရွာသူကြီးက ခွင့်ပြုရပါမယ် ရှုံးခဲ့ရင်တော့ ကန် အသင်းက နုတ်ထွက်ရမှာပါ ဆိုတော့ ကန် အချစ်အတွက်နဲ့ ရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲမှာ အနိုင်ရသွားမလားဆိုတော့ စောင့်ကြည့်လိုက်ပါအညွှန်းကိုတော့ Fake Love က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Fake ...
7
TMDb: 7/10 1 votes
tv

Thaibaan in Love The Series (2023)

2023
Colorful Melody (2023)
Colorful Melody (2023) ကာလာစုံ မယ်လိုဒီ (၂၀၂၃)အလောင်BLကားတွေများနေချိန်မှာ Healing ဖြစ်စေမယ့် ရှားရှားပါးပါး ခပ်အေးအေး BL series သစ်လေးဖြစ်တဲ့ Colorful Melody ဆိုတဲ့ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါရစေ။ ခရီးတွေထွက်ရတာကို သဘောကျပြီးတော့ ငယ်ငယ်လေးကတည်းက တယောသံကို နှစ်ခြိုက်ပြီး အိပ်မက်တွေနောက်ကို လိုက်နေတဲ့ကောင်လေး ဒေး၊ သူ့ရဲ့ အိပ်မက်ဖြစ်တဲ့ သံစုံတီးဝိုင်းမှာ တယောထိုးရင်း ကမ္ဘာပတ်ခွင့်ရနိုင်ဖို့အတွက် ကိုယ်ပိုင်သီချင်းရေးနေသူလေး။ သီချင်းရေးဖို့အတွက် တိတ်ဆိတ်တဲ့နေရာကို ရှာဖွေရင်းနဲ့ သူငယ်ချင်းဖြစ်သူ ဘီရဲ့ အကြံပေးချက်အရ ဆန်ခလာကို ဗော်လန်တီယာဂီတဆရာအဖြစ် ကလေးတွေကို သင်ကြားပေးဖို့ ရောက်လာရင်းနဲ့ အဲဒီမှာ စာသင်ကြားနေတဲ့ ဆရာမမ်နဲ့ တွေ့ဆုံပြီးတဲ့နောက်မှာတော့ ဘယ်လို ရင်ခုန်စိတ်လှုပ်ရှားစရာ ကျလိကျလိလေးတွေ ဖြစ်လာမလဲဆိုတာ CMနဲ့အတူ ရှုစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Char Ou က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Hmwe, Mary, Char Ou, Khaing ဆို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama, Romance Quality…. 1080p | 720p File size…  ...

Colorful Melody (2023)

2023
Don’t Touch My Gang (2023)
Don’t Touch My Gang (2023) Don’t touch my gang / ကျောင်းတော်ကြီးမှ အလွဲများ (2023)ကျေးလက်က လူငယ်လေးလေးယောက်၊ သူတို့ရည်မှန်းချက်က ဘန်ကောက်မှာ ကျောင်းသွားတက်ရင်း ဘဝအတွက် စွန့်စားမယ်ဆိုတော့ ရွာကျောင်းက သူငယ်ချင်းတွေက လှောင်ကြတယ်။ သူတို့ရည်မှန်းချက်အတွက် သက်သေပြဖို့ ပညာသင်ဆုထောက်ပံ့တဲ့ ဘန်ကောက်ကကျောင်းတွေကို လိုက်ရှာရင်း သူတို့သဘောကျတဲ့ ကျောင်းတစ်ကျောင်းကို လျှောက်လိုက်ပါတယ်။ ဖြစ်ချင်တော့ ကွန်ပျူတာကီးဘုတ်က ဟောင်းနွမ်းစုတ်ပြတ်နေပြီး စာလုံးတစ်လုံးကကျွတ်ထွက်နေတော့ အဲဒီစာလုံးကို မရိုက်ဘဲလျှောက်လိုက်တာ ကျောင်းနာမည်ဆင်တူတဲ့ Vocational School တစ်ခုကို လျှောက်မိရက်သားဖြစ်သွားပါတယ်။ ပညာသင်ဆုရလို့ လေးယောက်သား ပျော်ရွှင်ပြီး ဘန်ကောက်ကို ထွက်လာတဲ့အချိန်ကျမှ သူတို့လျှောက်မိတဲ့ကျောင်းက လွဲနေတယ်ဆိုတာ သိလိုက်ရပြီး အဲဒီကျောင်းမှာ လူမိုက်တွေကြီးစိုးတဲ့အပြင် တစ်နှစ်မှာ ၃၆၅ ရက်လောက် ရန်ပွဲတွေဖြစ်နေတယ်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့ ဘယ်လိုအလွဲတွေ ဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းထဲမှာ အတူတူကြည့်ကြမယ်နော်။အညွှန်းကိုတော့ Moh Moh က ‌ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Moh, Kaung, Kong, Khaing ပဲ ဖြစ်ပါတယ်။Genre..... Drama, Comedy, School Quality…. ...

Don’t Touch My Gang (2023)

2023
Crazy Handsome Rich (2023)
Crazy Handsome Rich (2023) Crazy Handsome Rich / အချစ် အထိန်းတော် (2023)Love syndrome က အချစ်ကြမ်းအရိုကြမ်းခဲ့တဲ့ မာဖီးယားကိုကို Day-Itt coupleကို နူးနူးညံ့ညံ့နဲ့ရိုမယ့် သခင်လေးနဲ့အိမ်တော်ထိန်းအဖြစ် ပြန်လည်မြင်တွေ့ရမယ့် Crazy Handsome Richဘဝကို ချို့ချို့တဲ့တဲ့နဲ့ဖြတ်သန်းရတဲ့ ဟင်းရွက်ရောင်းရတဲ့ကောင်လေး လက်ဗ်အတွက်တော့ ချမ်းသာဖို့ဟာ သူ့ရဲ့ရည်မှန်းချက်ပေါ့။ ဒါပေမဲ့ လက်ရှိသူ့ရဲ့အနေအထားနဲ့တော့ လှပတဲ့အိပ်မက်လေးတစ်ခုထက် မပိုပါဘူး။ ကိုယ်စွမ်းသလောက်နဲ့မရနိုင်ရင် ‌မီတွယ်ရာရှာတတ်ကြသလိုပဲ ဇာတ်လိုက်ကျော်လက်ဗ်လေးကလည်း ဗေဒင်ယုံတတ်သူလေးပေါ့။ဒီလိုနဲ့ အရမ်းမှန်တယ်ဆိုပြီး နာမည်ကြီးနေတဲ့ ဗေဒင်ဆရာမ မာရီနဲ့တွေ့ပြီးချိန်မှာတော့ သူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲဖို့ဖြစ်လာပါတော့တယ်။ ဈေးထဲက ဟင်းရွက်သည်လေးလက်ဗ်အဖြစ်ကနေ ကျိကျိတက်ချမ်းသာတဲ့ အိမ်ကြီးရှင်သခင်ဖြစ်တဲ့ သခင်လေးထွတ်ရဲ့အိမ်ကို အိမ်တော်ထိန်းလက်ဗ်အဖြစ် ရောက်သွားချိန်မှာတော့...သခင်လေးရဲ့အကြည့်တွေကို ဖမ်းစားသွားတဲ့ အိမ်တော်ထိန်းလေးလက်ဗ်တစ်‌‌ယောက် ဗေဒင်ဆရာမ မာရီ ပေးတဲ့ လည်ဆွဲတစ်ခုအကြောင်းပြုလို့ ဖူးစာဖက်ကိုရှာတွေ့နိုင်မလား။ စိတ်ဝင်စားမှုတစ်ခုက‌နေ အချစ်ဆိုတဲ့အဆင့်ထိကို သခင်လေးထွတ်ကရော ရှေ့တိုးလာမလားဆိုတာကိုတော့ အပတ်စဉ်တနင်္ဂနွေတိုင်းမှာ စောင့်မျှော်ရင်း ရင်ခုန်လိုက်ကြပါစို့လား။အညွှန်းကို Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Summer, Kong, Thada ပဲ ဖြစ်ပါတယ်။Genre..... ...

Crazy Handsome Rich (2023)

2023
Jun and Jun (2023) 10
Jun and Jun (2023) Jun and Jun (2023)ငွေကုန်ကြေးကျအများဆုံး အိုင်ဒေါတစ်ယောက်ဖြစ်လာဖို့ မျှော်လင့်ခဲ့သော်လည်း သူ့ရဲ့အိပ်မက်များကို လက်လျှော့ခဲ့ပြီး ရုံးဝန်ထမ်းဘဝထဲကို ဝင်ရောက်လာပြီး အတွေ့အကြုံမရှိဘဲ အလှကုန်ကုမ္ပဏီတစ်ခုရဲ့ အလုပ်သင်အဖြစ် အလုပ်ဆင်းတော့မယ့် အီဂျွန်ဒေါသကြီးပြီး ကုမ္ပဏီဝန်ထမ်းများ ကြောက်ရပြီး အတိတ်မှာ အီဂျွန်ကို အီစီကလီလုပ်ခဲ့ဖူးတဲ့ မန်နေဂျာချုပ် ချွဲဂျွန်အလုပ်စဆင်းမယ့် အလုပ်သင် အီဂျွန်ကို အလုပ်တာဝန်တွေ တပုံတပင်ပေးခံရတာကို ဘယ်လိုမျိုးဖြေရှင်းသွားမလဲ အိုင်ဒေါစတားဟောင်း တစ်ယောက်နဲ့ မန်နေဂျာချုပ် ချွဲဂျွန်တို့ကြားက အချစ်ရေး တင်းမာမှုတွေနဲ့ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေလည်း အချစ်ရဲ့ဆွဲငင်အားမှာ ဘယ်လိုမျိုးမျောပါသွားမလဲဆိုတာကို CM မှာ ကြည့်ရှုလို့ရပါပြီအညွှန်းကိုတော့ Myo Myo က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Myo Myo and NanThin ပဲ ဖြစ်ပါတယ်။Genre... BL, Drama Quality…. 1080p | 720p File size… 300MB | 150MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Myo Myo, Nan Tthin Encoder ..... ...
10
TMDb: 10/10 1 votes
tv

Jun and Jun (2023)

2023
Step By Step (2023)
Step By Step (2023) Step by Step / ချစ်ခြင်းရယ်ညှာ အလွှာလွှာ အဆင့်ဆင့် (2023)ထိုင်းနိုင်ငံရဲ့အကြီးမားဆုံးကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ဂျီအန်လုပ်ငန်းစုပိုင်ရှင်ရဲ့သား ခွန်ဂျန်က ကုမ္ပဏီလက်အောက်ငယ်သားတွေအပေါ်မှာ စည်းကမ်းတင်းကြပ်ပြီး အပြင်းအထန်ပြောဆိုတတ်တဲ့ ဒစ်ဂျစ်တယ်စျေးကွက်ရှာဖွေရေး မန်နေဂျာတစ်ယောက်...။ နိုင်ငံခြားမှာပညာသင်ကြားခဲ့ပြီး အဖွဲ့ထဲမှာ စိတ်အားထက်သန်ဆုံးဖြစ်တဲ့ အလုပ်သင်လေး ဖတ် အလုပ်ထဲမှာ အဖွဲ့သားတွေခိုင်းသမျှလုပ်ပေးရတဲ့ ဖတ်ဟာ အပြင်မုန့်သွားဝယ်ပေးရင်း သူတို့ရဲ့မန်နေဂျာ ခွန်ဂျန်နဲ့ မတော်တဆဖြစ်ပြီး တွေ့ဆုံခဲ့ပါတယ်။ ဖတ်က သူ့ရဲ့အထက်လူကြီးဆိုတာမသိဘဲ တွေ့ဆုံမယ့်အချိန်ကို စောင့်မျှော်ရင်း သဘောကျလာခဲ့ပြီးတဲ့နောက် အလုပ်မှာ သူ့ရဲ့စည်းကမ်းတင်ကြပ်ပုံကို မြင်တွေ့ပြီး နုတ်ထွက်စာတင်ဖို့ ဆုံးဖြတ်ခဲ့တဲ့အချိန်မှာ.... ခွန်ဂျန်ကရော ဘယ်လိုတုံ့ပြန်မလဲ သူတို့နှစ်ယောက်ပြန်လည်အဆင်ပြေနိုင်ကြမလား..ဆိုတာကိုတော့ CM ကနေ တင်ဆက်ပေးလိုက်ပြီမို့ စောင့်မျှော်ကြည့်ရှုပေးပါဦးနော် စုစုပေါင်း ၁၂ ပိုင်း ထုတ်လွှင့်သွားမှာ ဖြစ်ပြီးတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Myo Myo က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe, Myo Myo, Thada, Summer တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size…1GB | ...

Step By Step (2023)

2023
The Promise (2023) 8.1
The Promise (2023) The Promise (2023) (အညွှန်း) =====================ဒီတစ်ခေါက်အလှည့်ကျတဲ့ BL series ချိုချိုလေးကတော့ “သူငယ်ချင်းလေးပါပဲ ..” ကနေ အဆင့်တွေတက်ကုန်ကြမယ့် “The Promise” ပဲဖြစ်ပါတယ်xPPhupha နဲ့ Nanfah တို့က ငယ်ငယ်လေးတည်းက အမြဲတတွဲတွဲရှိခဲ့ကြတဲ့ ကစားဖော်ကစားဖက် အိမ်နီးချင်းသူငယ်ချင်းတွေပါ။ အိမ်ချင်းနီးချက်ကတော့ နှစ်အိမ်က မျက်နှာချင်းဆိုင်ပါပဲ။ လမ်းရဲ့ဒီဘက်မှာ Phupha အဖေက အိမ်ဆိုင်ကော်ဖီဆိုင်လေးဖွင့်ထားတယ်။ လမ်းရဲ့ဟိုဘက်မှာ Nanfah အဖေက အိမ်ဆိုင်ဆေးဆိုင်လေးဖွင့်ထားတယ်။ ဆိုတော့ နှစ်ယောက်ကအမြဲတတွဲတွဲနဲ့ ကောလိပ်ပြီးတဲ့အထိ အချင်းချင်းရဲ့ အကောင်းဆုံး အဆိုးဆုံးအချိန်တွေမှာပါ အတူတူရှိခဲ့ကြသူတွေပေါ့။ ဒီလိုနဲ့ကောလိပ်မှာဘွဲ့ယူတဲ့ ရီဟာဇယ်နေ့မှာ Nanfah ရဲ့ကမ္ဘာထဲကနေ Phupha တစ်ယောက် ရုတ်တရက်ကြီး ပျောက်ချင်းမလှပျောက်သွားပါတော့တယ်။၁၀ စုနှစ်တစ်ခုစာကြာတဲ့အထိ Phupha ကိုသတိရတဲ့စိတ်နဲ့ ဘဝကိုအထီးကျန်ကျန်ဖြတ်သန်းနေခဲ့ရတဲ့ Nanfah တစ်ယောက် move on ပြီး ဘဝသစ်တစ်ခုကိုစနိုင်သွားမှာလား .. ဒါမှမဟုတ် Phupha နဲ့ပြန်တွေ့နိုင်ဦးမှာလား .. Phupha ကရော ဘာကြောင့်ထွက်သွားခဲ့ရတာလဲ ..စတာတွေကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ကြည့်ရှုနိုင်ကြောင်းပါနော်။အညွှန်းကို Lai Laii က ...
8.1
TMDb: 8.1/10 1 votes
tv

The Promise (2023)

2022
Love Syndrome III : The Series (2023)
Love Syndrome III : The Series (2023) Love Syndrome (2023)ချစ်သူလေးကို ကိုယ့်အပေါ်မှာ စိတ်တိုင်းကျဆိုးခွင့်ပေးထားတဲ့ "Day" နဲ့ ချစ်သူက အလိုလိုက်လွန်းလို့ စိတ်ရှိလက်ရှိဆိုးနေတဲ့ကောင်လေး "Itt"ချစ်သူတွေဖြစ်ခဲ့ကြပြီး ၂ နှစ်ကြာတဲ့အထိ ဘာပြဿနာမှမရှိခဲ့ပေမဲ့လည်း တစ်နေ့မှာတော့ ထင်မှတ်မထားတဲ့ ကံဆိုးမှုတစ်ခုက သူတို့နှစ်ယောက်ဆီကို ရောက်ရှိလာခဲ့တဲ့အခါ...။အရင်က "Itt" ကို အလိုလိုက်ခဲ့တဲ့ "Day" တစ်ယောက် ကားအက်စီးဒန့်ဖြစ်ပြီး မှတ်ဉာဏ်တွေပျောက်ဆုံးသွားချိန်မှာတော့ တစ်ချိန်က သူအမြတ်တနိုးချစ်ခဲ့တဲ့ "Itt" အပေါ် ဘယ်လိုများပြောင်းလဲသွားမလဲ။ "Itt" ကရော ဒီအခြေအနေကို ကျော်လွှားနိုင်ပါ့မလား။ သူတို့ချစ်သူနှစ်ဦးအတွက် အရင်လိုပျော်စရာကောင်းတဲ့နေ့ရက်တွေ ပြန်ရောက်လာနိုင်ပါဦးမလား ဆိုတာ စောင်လည်းကိုက်ရင်း တစ်သျှူးလည်းဆောင်ရင်းကြည့်ရမယ့် BL ကား အသစ်စက်စက်လေး ဖြစ်ပါတယ်။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe, Myo, Mary တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 800MB | 400MB Format… mp4 Duration….40min Subtitle…. Myanmar Subtitle ...

Love Syndrome III : The Series (2023)

2023
The Wife (2022)[Complete]
The Wife (2022)[Complete] The Wife ~ ထက်မြက်သော ဇနီးသည် (2022)အပိုင်း (၁ မှ ၂၀) အထိ စ/ဆုံး မိန်းမတွေ အများကြီးနဲ့ဖောက်ပြန်ရတာက သူ့ကိုယ်သူ သာလွန်တယ်လို ခံစားရတဲ့ ခင်ပွန်းဖြစ်သူ အန်နီရုထ် ...ခင်ပွန်းဖြစ်သူ ဖောက်ပြန်နေမှန်းသိလျက်နဲ့ စိတ်ခံစားချက်ကို ဦးစားမပေးပဲ အိမ်ထောင်ရေးကို မဖျက်ဆီးခဲ့တဲ့ မယားကြီးဖြစ်သူ ဝိကန်ဒါ ...မယားကြီး ဝိကန်ဒါက ဦးနှောက်ကို ဘယ်လိုသုံးပြီး ကြိုးရှည်ရှည်နဲ့ ကစားမလဲ?မိန်းကလေးတွေက ချစ်သူကို ဘယ်လောက်ပဲချစ်နေပါစေ ကိုယ့်ကိုယ်ကို ပိုပြီးချစ်တတ်စေဖိုနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားဖို့ ဘယ်လိုတွေ ပညာပေးမလဲ? ဆိုတာ ဒီဇာတ်လမ်းတွဲလေးမှာ ဆက်လက် ကြည့်ရှုလိုက်ကြစို့နော်။(ဇာတ်လမ်းအညွှန်းကိုတော့ May Thu က ရေးပေးထားပါတယ်။)Aired: December 14, 2022 -- Aired On: Wednesday & Thursday Genres: Drama Duration: 50mins Episodes: 20 (Est) Original Network: ...

The Wife (2022)[Complete]

2022
2Moons: The Ambassador (2022) 7.0
2Moons: The Ambassador (2022) ပါ အဖြစ် Hue Chasit Karapim ဝါယို အဖြစ် Park Anantadaj Sods မင့် အဖြစ် Eiffel Chris Chen ခစ် အဖြစ် Toey Nathapong Sing-On ဖွတ် အဖြစ် Prame Pumipat Paiboon ဘင်းမ် အဖြစ် Payu Khunnaphat Jaroenchim ထန်ထတ် အဖြစ်Danny Bandit Disatharit လုန်းမ်နောင် အဖြစ်Mark Vachara Promma as Lomnawဇာတ်လမ်းအကျဉ်းတက္ကသိုလ်ကင်းရွေးချယ်ပွဲကို စိုက်ပျိုးရေးဌာနရဲ့ လူချော ထန်ထတ် ဝင်ရောက်မပြိုင်တာမို့ လုန်းမ်နောင်ကိုပဲ မေဂျာအရန်ကင်းအဖြစ် ဝင်ရောက်ပြိုင်ဆိုင်စေခဲ့ရာက နှစ်ယောက်ကြားက မကျေလည်မှုလေးတွေ စတင်ခဲ့ပါတယ်ထန်ထတ်လောက် မချောဘဲ ကင်းနေရာပြိုင်လို့ ဆုမရတာလို့ အပြစ်တင်ခံနေရတဲ့ လုန်းမ်တစ်ယောက် တိတ်တခိုးချစ်ရတဲ့ မိန်းကလေး မန်ဖကပါ ထန်ထတ်ကို သဘောကျယောင်ပြလာတဲ့အခါ…..ဒီအချိန်မှာပဲ တက္ကသိုလ်မှာ ပွဲတော်ကြီး တစ်ခုကျင်းပပြီး “The Ambassador” ဆိုတဲ့ လူရွေးပွဲလုပ်ပြီး မေဂျာကင်းတွေ ...
7.0
TMDb: 7.0/10 votes
tv

2Moons: The Ambassador (2022)

Love Mechanics (2022)
Love Mechanics (2022) Love Mechanics (2022) စ/ဆုံး ****************BL ကြိုက်တဲ့ ချစ်တို့အတွက် နောက်ထပ် BL ကြမ်းကြမ်းလေးတစ်ကား CM ကနေ တင်ဆက်ပေးလိုက်ပါတယ်**ဝီး အဖြစ် Yin Anan Wong **မာ့ခ် အဖြစ် War Wanarat Ratsameerat တို့က အဓိက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်ဇာတ်လမ်းအကျဥ်းဘားလို့ခေါ်တဲ့ စီနီယာအစ်ကိုကြီးကို တဖက်သတ်လိုက်ကြိုင်နေတဲ့ မာ့ခ်ဆိုတဲ့ကောင်လေးမာ့ခ် တစ်ယောက် နေ့စဥ်နေ့တိုင်း ဘား နောက်ကို လိုက်ပြီးနှောက်ယှက်နေခဲ့တယ် ဘားရဲ့ သူငယ်ချင်းဝီးက ဒါကို လုံးဝ ကြည့်မရခဲ့ဘူး ဝီးက ဘားနဲ့ ဝေးဝေးနေဖို့ မာ့ခ်ကိုသတိပေးခဲ့တယ်ဒါပေမယ့် တစ်ရက်မှာတော့ ကြီးမားတဲ့ ကံကြမ္မာအလှည့်အပြောင်းတစ်ခုကို မာ့ခ်နဲ့ဝီး ရင်ဆိုင်ခဲ့ရတယ် မာ့ခ်ကတော့ သူနဲ့ဝီးကြားက ရေစက်တွေကို အဆုံးသတ်ချင်ခဲ့ပေမယ့် ဝီးက လက်မခံခဲ့ဘူး ဝီးမှာ ချစ်ရတဲ့ ချစ်သူရှိနေပေမယ့် မာ့ခ်က ဝီးကို သဘောကျသွားခဲ့တယ်သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးတွေ အဆင်ပြေသွားနိုင်မလား သုံးပွင့်ဆိုင်ဇာတ်လမ်း​ပေါ်သွားတဲ့အချိန်မှာ ဝီးဘာဆက်လုပ်မှာလဲ ဘာကိုရွေးချယ်မှာလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီရှင်Episodes: 10Aired: June.18 , 2022Aired ...

Love Mechanics (2022)

2022
A Dream of Splendor (2022)
A Dream of Splendor (2022) CM ချစ်ပရိသတ်ကြီးတွေအတွက် CM ကနေA Dream of Splendor ဆိုတဲ့ကားလေးနဲ့မိတ်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းထဲမှာပါတဲ့ cast တွေကတော့(2006) သိမ်းဌက်သူရဲကောင်းဇာတ်ကားထဲမှာဂူးဂူးအဖြစ် လူသိများတဲ့ Liu Yi Fei ,The Romance of the Condor Heroes (2014) ဇာတ်ကားထဲမှာYang Guo အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Cheng Xiao တိုကပါဝင်သရုပ်ဆောင်ထားပြီး ဂူးဂူးရဲ့ (၁၅) နှစ်ကျော်မှာcomeback အနေနဲ့ပြန်လာတဲ့ဇာတ်လမ်းတွဲလေးလည်းဖြစ်တော့သေချာပေါက်ကောင်းမွန်တဲ့ဇာတ်ကောင်းကောင်းလေးဖြစ်မှာအသေအချာပါဘဲနော်ဇာတ်လမ်းအကျဉ်းလေးကတော့ဟန်ကျိုးမြိုမှာအခါးရည်ဆိုင်လေးဖွင့်ထားတဲ့ Zhao Pan Er ကတစ်နေ့မှာသတိုသားလောင်းဖြစ်တဲ့ Ou Yang Xu ဆီကမြိုတော်မှာစာမေးပွဲအောင်ကြောင်းသတင်းကြားသိရတဲ့တစ်ချိန်တည်းမှာဘဲ Zhao Pan Er ကိုမျိုးရိုးနိမ့်လိုဆိုတဲ့အကြောင်းပြချက်နဲ့စေ့စပ်ပွဲဖျက်သိမ်းကြောင့်သတင်းပါကြားသိရတာပေါ့။ဒီလိုနဲ့ Zhao Pan Er ကလက်မခံနိုင်ပဲမြိုတော်ဆီသွားပြီးတရားမျှတမှုကိုရအောင်ရှာမယ်ဆိုပြီးကတိပြုခဲ့တယ်။မြိုတော်ကိုသွားတဲ့လမ်းမှာအိမ်ထောင်ရေးမှာလိမ်ညာလှည့်စားသွားခံရတဲ့ Song Yin Zhang ကိုကယ်တင်ရင်းညီအစ်မတွေလိုဖြစ်သွားခဲ့တယ်။တစ်ချိန်တည်းမှာပဲမြိုတော်ဆီသွားတဲ့လမ်းမှာ အိမ်ထောင်ရေးကံမကောင်းတာကြောင့်ကိုယ့်ကိုယ်သတ်သေဖိုကြိုးစားနေတဲ့ Sun San Niang ကိုကယ်တင်ရင်း Zhao Pan Er, ...

A Dream of Splendor (2022)

2022
Cutie Pie (2022)
Cutie Pie (2022)  "Cutie Pie" (2022) စ/ဆုံး  -----------------------ကိုကြီးသည်သာ အရာရာ..............ကိုကြီးသည်သာ သူ့ဘဝလို့ သတ်မှတ်ထားတဲ့ ကေးရာ့လေးမှာငယ်စဉ် ကလေးဘဝကတည်းက မိဘချင်းစေ့စပ်ထားတဲ့တရုတ်မျိုးနွယ် ကိုကြီးလီယံတစ်ယောက်ရှိသတဲ့...အလားတူပဲ အဲ့ဒီကိုကြီးလီယံရဲ့ ဘဝမှာလည်း ငယ်စဉ်ကလေးဘဝကတည်းကစေ့စပ်ထားတဲ့ ကေးရာ့လေးကို စောင့်ရှောက်ရမယ့် တာဝန်ရှိတာကြောင့်ဘယ်သူ့မှ မချစ်ဘဲ နေလာခဲ့ပါတယ်...............ဒါပေမယ့် ကေးရာ့ဘက်က ကိုကြီးလီယံအပေါ် အဖြစ်သည်းအောင် ချစ်နေပါသော်လည်း............အေးတိအေးစက်နိုင်လှတဲ့ကိုကြီးလီယံကတော့တာဝန်တစ်ခုလို့ ခေါင်းထဲမှတ်ကာ အချစ်မရှိပဲ လက်ထပ်ဖို့ ဆုံးဖြတ်ထားပါတော့တယ်...ဒီလိုနဲ့ တစ်ဖက်သက် အချစ်ပဲရှိပြီး အသွားအလာ မရှိတဲ့ သူတို့နှစ်ဦးရဲ့ အချစ်ဟာရှေ့ဆက်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေတစ်ခုအရောက်မှာ စေ့စပ်ခြင်းနဲ့ပဲ ပြီးပြတ်ဖို့ သဘောတူခဲ့ပေမယ့်..........ငယ်စဉ်ကလေးဘဝကတည်း အတူပေါက်ဖွားလာတဲ့ သံယောဇဉ်က ချည်နှောင်တဲ့ အချစ်ကြိုးလေးကို လွန်ဆန်နိုင်ပါ့မလား....အပတ်စဉ် CM Thai Seriesမှာ  စနေနေ့တိုင်း စောင့်မျှော်ကြည့်ရှုနိုင်ပါပြီEpisodes: 12Aired: FEB 19 , 2022Aired On: SATGenres:  RomanceTranslated by Mann Maw KunnEncoded ...

Cutie Pie (2022)

2022
You are My Heartbeat (2022)
You are My Heartbeat (2022) You are my heartbeat (2022) စ / ဆုံး-------------------------------------------မြင်သူတိုင်းရဲ့  အသည်းကို ဖမ်းစားတတ်တဲ့P Push ရဲ့ ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။P Push ကတော့ သူ့ရဲ့ဥပတိရုပ်နဲ့အလိုက်ဖက်ဆုံးကာရိုက်တာဖြစ်တဲ့စီးပွားရေးလုပ်ငန်းရှင် Sira အဖြစ် သရုပ်ဆောင်သွားမှာပါ......အသန့်အရမ်းကြိုက်ပြီး လိမ်ညာတာကို အလွန်မုန်းတီးတဲ့ Sira တစ်ယောက်လှည့်ဖြားတဲ့နေရာမှာ ဆရာကျတဲ့ Keetika နဲ့အတူတူ အလုပ်လုပ်ဖို့ ဖြစ်လာခဲ့ပါတယ်.......Keetika ရဲ့မိခင်ဖြစ်သူက လင်ယောက်ျားကို ပစ်သွားပြီးအထည်အလိပ်ကုမ္ပဏီပိုင်ရှင် Papop နောက် ကောက်ကောက်ပါအောင်လိုက်သွားခဲ့လေတော့နှစ်ယောက်သား အဆင်မပြေတဲ့သားအမိဆက်ဆံရေး ဖြစ်‌နေခဲ့ပါတယ်အဲဒါအပြင် ပထွေးရဲ့ သမီးဖြစ်သူ Chanaratee နဲ့ Keetika ကလည်းလင်ပါသမီးနဲ့ မယားပါသမီးဆိုတော့ မတည့်ကြဘဲ မိသားစုအရေးက ရှုပ်ထွေးနေပါလေရောSira ကတော့ ငယ်ကတည်းက Primyuda ဆီမှာ မွေးစားခံရပြီးPrimyuda ရဲ့မြေးရင်း Sasa ကို ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ လိုက်ခေါ်နေတာပါ။ခေါ်မရတော့ Sasa ရဲ့ ...

You are My Heartbeat (2022)

2022