Channel Myanmar

2018

My Next Guest Needs No Introduction With David Letterman 7.8
My Next Guest Needs No Introduction With David Letterman ပြီးခဲ့တဲ့ အပတ်တွေက နာမည်ကျော် David Letterman နှင့် Shah Rukh Khan တို့ ရဲ့ Talk Show အစီအစဉ်ကို Netflix ကနေ ကြည့်လိုက်ရသလို အဲ့ဒီအထဲက ကောက်နုတ်ချက် အချို့ Facebook ပေါ် တက်လာတာနဲ့ တစ်ခု တွေးလိုက်မိတာ ဒီလောက်ကောင်းတဲ့ Talk Show တစ်ခုကို CM Fan တွေသာ မြန်မာစာတန်းထိုးနဲ့ အပြည့်အ၀ ကြည့်ရရင် အတော်ကောင်းမှာပဲ ဆိုပြီး ဘာသာပြန်ကောင်းပြီး စေ့စပ်သေချာတဲ့ ညီလေး Charm Wave ကို ဘာသာပြန်ပေးဖို့ ပြောလိုက်ပြီးနောက် ရက်အတော်ကြာကြာ မှာ CM Fan တွေ ဆီကို မြန်မာစာတန်းထိုးဖြင့် တင်ဆက်ပေးလိုက်ပါပြီ သိတဲ့ အတိုင်း David Letterman လို နှိုက်နှိုက်ချွတ်ချွတ်တွေ အင်မတန်မေးပြီး အဖြေရကျပ်တဲ့ မေးခွန်းတွေနဲ့ တိုင်ပတ်တက်တဲ့သူကို King Khan လို့ အများခေါ်တဲ့ ဘောလိဝုဒ် က မင်းသားကြီး Shah Rukh Khan က ဘယ်လို ချက်ကျ လက်ကျ ပြန်လည်ပြောဆိုပြီး ဖြေကြားနိုင်ခဲ့တယ် ဆိုတာ ...
7.8
TMDb: 7.8/10 13 votes
tv

My Next Guest Needs No Introduction With David Letterman

2018
Krypton Season 2 6.8
Krypton Season 2 Krypton Season 2 Season 1 အဆုံးမှာ Krypton ကို လာသိမ်းပိုက်တဲ့Brainiac ကို တိုက်ခိုက်ရင်း စူပါမန်းရဲ့အဘိုး ဆဂ်အလ်ကPhantom Zone ထဲ ရောက်ရှိသွားခဲ့ပါတယ်။အနာဂတ်ကနေ ရောက်လာတဲ့ General Zod ကလည်းခရစ်ပ်တွန်ဂြိုဟ်ကို ထိန်းချုပ်လိုက်ပါတော့တယ်။Brainiac အကြောင်း သတင်းပေးဖို့ အနာဂတ်ကနေ ရောက်လာခဲ့တဲ့Adam Strange ကလည်း ပျောက်ကွယ်သွားခဲ့တယ်။အခု Season 2 အစမှာတော့ Zod က ခရစ်ပ်တွန်ဂြိုဟ်ကိုထိန်းချုပ်ထားရတဲ့အကြောင်းအရင်းအမှန်၊Phantom Zone ထဲမှာပိတ်မိနေတဲ့ Brainiac နဲ့ ဆဂ်အလ်တို့ဘယ်လိုတွေ ဖြစ်နေမယ်ဆိုတာတွေ၊ကန်ဒေါပြည်အတွင်း နိုင်ငံရေးအခြေအနေတွေ၊ဆဂ်အလ်မရှိတဲ့နောက်ပိုင်း လိုက်တာဇော့ရဲ့ ပြောင်းလဲသွားပုံတွေ၊ခရစ်ပ်တွန်ကို General Zod ထိန်းချုပ်လိုက်လို့ အနာဂတ်မှာ ...
6.8
TMDb: 6.8/10 81 votes
tv

Krypton Season 2

2018
Marvel’s Cloak & Dagger Season (2) 7
Marvel’s Cloak & Dagger Season (2) ဒါကတော့ Marvel Comic Series တွေထဲက တစ်ခုဖြစ်တဲ့Cloak and Dagger ရဲ့ Season 2 ပါ Season 1 မှာတော့ရေနံစင်ပေါက်ကွဲမှုကထွက်လာတဲ့ စွမ်းအင်တွေထိခဲ့ပြီးထူးခြားတဲ့စွမ်းအားတွေ ရရှိလာခဲ့ကြတဲ့ Cloak ဖြစ်သူတိုင်ရွန်ဂျွန်ဆင်နဲ့ Dagger ဖြစ်သူ တန်ဒီဘိုဝင်တို့ နှစ်ဦးသား..နယူးအော်လန်မြို့လေးကို ဘယ်လိုကယ်တင်ခဲ့လဲဆိုတာကိုတင်ဆက်ပြသသွားခဲ့ပါတယ်အခု Season 2 မှာတော့ စစဖွင့်ချင်း မြို့လေးထဲမှာမိန်းကလေးတွေ တစ်ယောက်ပြီး တစ်ယောက် ပျောက်ဆုံးနေတာနဲ့ဇာတ်လမ်းကိုစဖွင့်ထားပါတယ် လက်သည်လည်းမပေါ် အလောင်းလည်းမရှိဘယ်လိုမှခြေရာခံလိုက်လို့မရတဲ့အနေအထားပါပဲ အချိန်တွေကြာလာတဲ့အထိဘာမှမကြားရဘဲ ထပ်ထပ်ပြီးသား ပျောက်ဆုံးသူတွေတိုးလာတဲ့အခါမှာတော့သူတို့နှစ်ဦးဝင်ပါရပါတော့တယ်သူတို့ရင်ဆိုင်ကြုံတွေ့နေရတာက ပုံမှန်လူသားတစ်ယောက်မဟုတ်ဘဲသဘာဝလွန်စွမ်းအားတွေ ရှိနေတဲ့ ဗီလိန်တစ်ယောက်ပါသူတို့နှစ်ဦးပေါင်းစပ်ထားတဲ့စွမ်းအင်တွေနဲ့တောင် မတိုက်ခိုက်နိုင်ဘဲသူတို့ခေါင်းထဲဝင်ပြီး သူတို့ကိုချယ်လှယ်တဲ့ထိစွမ်းအားရှိနေတဲ့လူတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့..သူတို့ရင်ဆိုင်နိုင်ပါ့မလား.. ...
7
TMDb: 7/10 138 votes
tv

Marvel’s Cloak & Dagger Season (2)

2018
Game Sanaeha (2018) 8.5
Game Sanaeha (2018)  Game of Love (2018) ----------------------------မင်းသားချော James Jirayu နဲ့ မင်းသမီးချော Nathaphon Temirak တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းလေးကို တော်တော်များများကြည့်ဖူးကြမှာပါ မကြည့်ရသေးတဲ့သူတွေအတွက်တော့ အမြည်းလေးပြောပြချင်ပါတယ်...ချမ်းသာတဲ့ မိဘကနေပေါက်ဖွားလာပြီး “ငါက ငါပိုင်တဲ့အရာဆို ဘယ်သူ့လက်ထဲမှ အလွယ်တကူ အပါမခံဘူး” ဆိုတဲ့ မွန်ချနော့ (နော့)...သူမဟာ မိဘနှစ်ပါးကို အရမ်းချစ်ပြီး ပင်ကိုယ်စိတ်ရင်းလေးကောင်းပေမယ့် မာနကတော့ အင်မတန်ကြီးတယ် ။အဖေဆိုတာမသိ အမေကလည်းမလိုချင်လို့ဆိုပြီး စွန့်ပစ်ထားတာခံခဲ့ရတဲ့ လပ်ခါနိုင်း (နိုင်း)...သူကနော့ရဲ့အမေက စောင့်ရှောက်ထားပေးလို့ လူလားမြောက် ပညာတတ်လေးဖြစ်ခဲ့ပြီး စွမ်းဆောင်မှုနဲ့အမျှော်အမြင်ကြီးမားလို့ နော့အဖေရဲ့ကုမ္ပဏီမှာ ဒုဥက္ကဌရာထူးအထိ ရယူနိုင်ခဲ့ပါတယ် ။ကျောင်းပြီးလို့ပြန်လာခါစဖြစ်တဲ့နော့ဟာ မိဘနှစ်ပါးရဲ့ကွာရှင်းပြတ်စဲမှုကိုသိရလို့ အရမ်း shock ဖြစ်သွားတဲ့အချိန် အရမ်းချစ်ရတဲ့အဖေဟာ သူနဲ့အသက်အရွယ်တူတဲ့ ပီမွန်ခယ် ဆိုတဲ့ အလှမယ်နဲ့ နောက်အိမ်ထောင်ပြုမယ်ဆိုတာပါသိလိုက်ရတော့...ဝန်တိုမှုတွေ ဒေါသတွေနဲ့ ခံပြင်းမှုတွေနဲ့အတူ ရင်ကြားစေ့ဖို့ကြိုးစားရာက အမေကိုဥာဏ်ဆင်ပြီးအိမ်အရပြန်ခေါ်ရင်း နိုင်းတစ်ယောက်ပါ ကန့်လန့်ကန့်လန်နဲ့ပါလာတော့ ...
8.5
TMDb: 8.5/10 8.5 votes
tv

Game Sanaeha (2018)

2018
The Terror (season 1 complete) 7.6
The Terror (season 1 complete) The Terror (2018) ဒီဇာတ်လမ်းက Terror (တယ်ရာ) နဲ့ Erebus (အယ်ရူဘတ်စ်) သင်္ဘောနှစ်စီးအကြောင်းကို ရိုက်ထားတာပါ။ အာတိတ်သမုဒ္ဒရာထဲက ရေခဲပြင်ထဲမှာ ပိတ်မိနေတဲ့ သဘောင်္သားတစ်စုရဲ့အကြောင်း ရိုက်ကူးတင်ဆက်ထားတာပါ။ြ ဖစ်ရပ်မှန်ကို အခြေခံထားတဲ့ ၀တ္ထုကို ရိုက်ထားတာ ဖြစ်တဲ့အတွက် အတော် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ရေခဲပြင်ထဲမှာ အသက်ရှင်သန်ဖို့ ဘယ်လိုကြိုးစားကြသလဲဆိုတာကို တွေ့မြင်ရမှာပါ။ သင်္ဘောသားတွေရဲ့သဘောသဘာဝနဲ့ ရေခဲပြင်အကြောင်းကို ကြည့်ရမှာဆိုတော့ မြင်နေကျကားတွေထဲကတော့ ကွဲထွက်နေမှာပါ။ တစ်ခုထူးခြားတာက နတ်ဆရာတွေ၊ မိစ္ဆာတွေ နဲ့ ယဇ်ပူဇော်မှု အကြောင်းတွေလည်း ပါပါတယ်။ ဇာတ်လမ်းက တစ်ပိုင်းထက်တစ်ပိုင်း စိတ်ဝင်စားစရာတွေသာ များလာတာမို့ လက်မလွှတ်သင့်တဲ့ဇာတ်လမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ခုဆိုရင် Season 2 ကို ပြီးခဲ့တဲ့ သြဂုတ်လက ဆက်လက်ပြသခဲ့ပါတယ်။ IMDb Rating ကလည်း 8/10 ရထားတာမို့ အရမ်းတော့ ထပ်ညွှန်းစရာ လိုမယ် မထင်ပါဘူးဗျာ။ File Size : (350-450mb)  Quality : Bluray720p Running Time : 50-60min Format : Mp4 Genre : ...
7.6
TMDb: 7.6/10 152 votes
tv

The Terror (season 1 complete)

2018
The Haunting of Hill House {Complete} 7.7
The Haunting of Hill House {Complete} Plot မိသားစု ၁ စုရှိတယ်။ မိဘနှစ်ယောက်က အိမ်ဟောင်း အိမ်အိုကြီးတွေကို ဝယ်၊ ပြန်ပြီးခမ်းနားသစ်လွင်သွားအောင် ပြုပြင်၊ ဈေးတင်ပြီး ပြန်ရောင်းတတ်တဲ့ သူတွေ။ ကလေး ၅ ယောက်နဲ့အတူ ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင်ပဲ။ ဒါပေမဲ့ Hill မိသားစုရဲ့ အိမ်ကြီးကို ပြင်ဖို့ ပြောင်းရွှေ့လာတဲ့အခါမှာတော့ ဒီ မိသားစု တစ်စုလုံးရဲ့ ဘဝကို ဆယ်စုနှစ်ပေါင်းများစွာ ပြောင်းလဲဖို့ အဖြစ်အပျက်တွေနဲ့ တွေ့ကြုံလာရပါတယ်။   Review   Plot ကိုဖတ်ကြည့်ရင် ထင်ကြမိမှာက typical horror ဇာတ်လမ်းပဲ၊ အိမ်ပြောင်း သရဲခြောက်တယ် ဆိုပြီး။ ဒါပေမဲ့ ဒီ base idea ကပဲ တူပြီး ကျန်တဲ့တစ်တွဲလုံးနီးပါးက နည်းနည်းလေးထူးခြားပါတယ်။ သာမန် သရဲခြောက်လို့ ပြဿနာတွေ တောက်လျှောက်တက်တယ် ဆိုတဲ့ပုံမျိုးမဟုတ်ဘဲ ဒီအိမ်ကြီးကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကို ပိုပြီး ဦးတည်ထားတယ်။ ဒီအိမ်ကို ရောက်တော့ ကလေးတွေက ငယ်ကြသေးတယ်။ ဒါပေမဲ့ အိမ်မှာ အဆင်မပြေလို့ အိမ်ပြောင်းသွားတယ်၊ အသက်တွေကြီးလာတယ်၊ ကလေးတွေရ အိမ်ထောင်တွေ ကျတဲ့အထိ ဒီအိမ်ကြီးရဲ့ လွှမ်းမိုးမှုတွေ၊ ငယ်ဘဝက ကြုံတွေ့ခဲ့ရတဲ့ trauma တွေက မိသားစုတစ်ခုလုံးကို ...
7.7
TMDb: 7.7/10 27 votes
tv

The Haunting of Hill House {Complete}

2018
Sacred Games Season 2 [COMPLETE] 8.1
Sacred Games Season 2 [COMPLETE] Bollywood ပရိသတ်တွေအတွက် အိန္ဒိယဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Sacred Games ကိုတင်ဆက်ပေးလိုက်ပါတယ်။Rating အနေနဲ့လည်း IMDb 8.9/10 အထိရရှိထားလို့ ကောင်းမကောင်းညွှန်းနေဖို့ မလိုလောက်ပါဘူး၂၀၁၈ က Season 1 ထွက်ခဲ့ပြီး အားပေးကြိုက်နှစ်သက်သူများခဲ့သလို ယခုလည်း မကြာခင်ကမှ Season 2 ထွက်လာလို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်Season 1 ကြည့်ဖူးသူတွေအတွက်တော့ ထွေထွေထူးထူးဇာတ်လမ်းပြောပြစရာမလိုပေမယ့် အခုမှစကြည့်မယ့်သူတွေအတွက် ဇာတ်လမ်းလေး ညွှန်းပေးလိုက်ပါမယ်မွန်ဘိုင်းမြို့ရဲ့ အကျင့်ပျက်ချစားရဲတွေကြားမှာ သင်းကွဲလိုဖြစ်နေသူ စုံထောက်ကြီး ဆာရ်တက်ဂ်ျထံကို သတင်းပေးတဲ့ဖုန်းတစ်ခုဝင်လာပါတယ်အဲ့ဒိဖုန်းထဲမှာဘာသတင်းပေးခဲ့တာလဲ ဆိုရင် မွန်ဘိုင်းမြို့ဟာ ၂၅ ရက်အတွင်းပျက်စီးတော့မယ်ခင်ဗျားမြို့ကိုကယ်တင်ပါဆိုပြီးတော့ ဖြစ်ပါတယ်ဒီသတင်းပေးတဲ့သူကတော့ တခြားသူမဟုတ်ဘဲ မွန်ဘိုင်းမြို့မှာ တွေ့တာနဲ့ပစ်သတ်ဖို့ အမိန့်ပေးခံထားရတဲ့ ဒုစရိုက်၊ လူဆိုးလူမိုက်ကြီး ဂနေ့ရှ် ဂိုင်တွန်ဒီပဲဖြစ်ပါတယ်ဂနေ့ရှ် ဂိုင်တွန်ဒီနဲ့ ဆာရ်တက်ဂ်ျတို့ကြားမှာ ဘယ်လိုပတ်သတ်မှုတွေရှိသလဲ၂၅ ရက်အတွင်းမှာ ...
8.1
TMDb: 8.1/10 47 votes
tv

Sacred Games Season 2 [COMPLETE]

2018
Sacred Games (2018) Season 1 [COMPLETE] 9.7
Sacred Games (2018) Season 1 [COMPLETE] July 6 ရက်နေ့မှာ Netflix ကနေ ထုတ်လွှင်မယ့် India Series အကြောင်း နည်းနည်းပြောချင်တယ်၊ အစကတော့ Netflix ကနေ ပထမဆုံးရိုက်တဲ့ India Series၊ Cast တွေထဲမှာ ကိုယ်ကြိုက်တဲ့ Nawazuddin Siddiqui ပါနေတော့ မိုက်ပြီဆိုပြီး မှတ်ထားတာ မနေ့ကမှ ဒီကားအကြောင်းလိုက်ရှာဖတ်မိတော့မှရေလည်ကြမ်းနေမှန်းသိတော့တယ်၊ဒီ series ကို ထုတ်လုပ်သူနဲ့ ဒါရိုက်တာအဖြစ်ပါဝင်ထားသူက အိန္ဒိယရဲ့ မာတင်စကော့စေးလို့ ပြောကြတဲ့ Anurag kashyap ၊Gangs of Waseeypur ဇာတ်ကားအပါအဝင် နာမည်ကျော်ဇာတ်ကားများစွာကို ရိုက်ကူးခဲ့တဲ့ Anurag kashyap ကိုယ်တိုင်ရိုက်ကူးထားပြီးသူရဲ့ Phantom Flim နဲ့ ပူးပေါင်းထုတ်လုပ်ထားတယ်၊ဒီဇာတ်ကားက Vikram Chandra ရဲ့ 2016 ခုနှစ်က ထွက်ရှိထားတဲ့ နာမည်တူ Sacred Game ဆိုတဲ့ ဝတ္ထုကို အခြေခံထားတယ်၊သူရဲ့ ...
9.7
TMDb: 9.7/10 3 votes
tv

Sacred Games (2018) Season 1 [COMPLETE]

2018
Room No. 9(2018)[စ/ဆုံး] 7
Room No. 9(2018)[စ/ဆုံး] Room No. 9(2018)ဇာတ်လမ်းတွဲအညွှန်း************************************အပိုင်း ( ၁ မှ ၁၆ )ထိ စ/ဆုံး" ကျွန်မ ထောင်ထဲမှာနေတာ ၃၄ နှစ်ရှိပြီ....လွှတ်ပေးရင်ပေး မပေးရင် သေမိန့်ချပေးပါ" ဒါကတော့ ဂျန်ဟွာဆာဆိုတဲ့ အသက် ၆၀ ၀န်းကျင်ခန့်အမျိုးသမီးရဲ့ ရှေ့နေတွေအပေါ် တောင်းဆိုချက်ပါ..... ဒီအမျိုးသမီးကြီးဟာ ဘာကြောင့်ထောင်ကျနေတယ်ဆိုတာမသိရသေးပေမယ့် အပြင်ကအဖွဲ့အစည်းကြီးတစ်ခုက သူမကို ထောင်ထဲမှာပဲအချိန်ကုန်စေချင်ပုံရပါတယ်... ဒီအမျိုးသမီးကြီးထောင်ကထွက်လာရင် ဖြစ်လာမယ့် အကျိုးဆက်ကို အတော်ကြောက်ရွှံနေပုံရကြတယ်.... ရှေ့နေ့အဖွဲ့ထဲမှာပါတဲ့အများစုက ဂျန်ဟွာဆာကို လွှတ်ပေးဖို့ တော်တော်များများက ဆန္ဒရှိကြတယ်.... ဒါ့ကြောင့် ဂျန်ဟွာဆာဆိုတဲ့အမျိုးသမီးကြီးကို ထောင်ထဲမှာပဲအရိုးဆွေးအောင် အချိန်ကုန်စေဖို့ ထက်မြက်ပြီး ရာထူးမက်မောတဲ့ ဟေးရီဆိုတဲ့အမျိုးသမီးရှေ့နေကို ခိုင်းစေလိုက်ကြတယ်.. ဒီရှေ့နေအမျိုးသမီးကလည်း သူ့အတ္တနဲ့ ရာထူးကိုပဲ မက်မောပုံပဲ... အလွယ်တကူသဘောတူတဲ့အပြင် ဂျန်ဟွာဆာကို အပီအပြင်အထိနာစေပြီး ထောင်ထဲမှာပဲ တစ်သက်လုံးအချိန်ကုန်စေဖို့ နည်းလမ်းပေါင်းစုံသုံးပါတော့တယ်..... ဒီကားက အချစ်နဲ့ပတ်သက်တဲ့ အကြောင်းအရာအတော်လည်းနည်းသလို တခြားကိုးရီးယားကားတွေလို ရိုလွန်း အီလွန်းနေတာမျိုးမရှိဘူး... မှုခင်းနဲ့ ရှေ့နေတွေ လောဘရမ္မက်ကြီးတဲ့သူတွေ ကိုယ့်ကျိုးကြည့်တဲ့သူတွေ.. ကိုယ့်ဆန္ဒပြည့်ဖို့ဘာမဆိုလုပ်တဲ့သူတွေ... အချစ်ကိုကိုးကွယ်တဲ့သူတွေ...အချစ်ကို ခုတုံးလုပ်တဲ့သူတွေ များစွာတွေ့မြင်ရလိမ့်မယ်... ပြီးတော့ ဇာတ်လမ်းကလည်းအတော်ဆန်းတယ်ပြောရမယ်... သာမန်ထက်ထူးတဲ့ဖြစ်ရပ်မျိုးတွေ ဆက်ဖြစ်ကြသလို သူတို့ကိုယ်စီရင်ဆိုင်နေရတာတွေကို ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရတာလည်း တကယ့်ကိုစိတ်ဝင်စားစရာပါပဲ... အပိုင်း ၁၆ ပိုင်းထွက်ရှိထားပြီး စဆုံးတင်ဆက်ပေးထားပါတယ်....  Quality – 720p  HDTVDuration – 60min (@Episode)Subtitle – Myanmar ...
7
TMDb: 7/10 3 votes
tv

Room No. 9(2018)[စ/ဆုံး]

2018
Love Alert(2018)[ စ / ဆုံး ] 6.5
Love Alert(2018)[ စ / ဆုံး ] Fluttering Warning/Love Alert(설렘주의보)(( ၁၆ ပိုင်းထွက်ရှိထားပြီး စ/ဆုံးတင်ဆက်ပေးထားပါသည်....)) ကော်ဖီချစ်သူဇာတ်လမ်းတွဲထဲက မင်းသမီး(Yoon Eun Hye) ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Fluttering Warning/Love Alert ဆိုတဲ့ဇာတ်လမ်းတွဲပဲဖြစ်ပါတယ် ချာဝူဟွန်းကတော့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး လက်ထပ်ဖို့ စိတ်မဝင်စားတဲ့သူပါချမ်းသာတဲ့ အဖေရဲ့ ပစ်ပယ်မှုကြောင့် အဖေကို မုန်းတီးနေခဲ့ပါတယ် ..... ယွန်ယူဂျောင်းကတော့ ပြည်သူ့အချစ်တော် မင်းသမီးတစ်ယောက်ဖြစ်ပြီးဇာတ်လမ်းတွဲရိုက်တဲ့ မင်းသားတွေနဲ့ တွဲတတ်ပါတယ်....သူမကြည့်ရတာ အချစ်စစ်ကိုရှာဖွေရင်းရည်းစားများတာလား ရည်းစားတွေထားလွန်းတာများတော့အချစ်စစ်ဆိုတာ ဘာမှန်းမသဲကွဲခဲ့တာလား...မြှားနတ်မောင်ချိန်ရွယ်ပစ်ခတ်တဲ့ အချစ်မြှားက ချိန်သားမကိုက်သေးတာလား တစ်ခုခုပါပဲ..အခုလည်း သူတွဲနေတဲ့တစ်ယောက်က သူမကို မချစ်တဲ့အပြင်ယောင်္ကျားပိုင်းလုံးပုံပေါက်နေပါတယ်...အဲ့ဒီသူနဲ့တွဲသွားတွဲလာတွေကို သတင်းထောက်တွေက ဓာတ်ပုံခိုးရိုက်ထားပြီး ဖွပစ်ခဲ့ပါတယ်.... တိုက်ဆိုင်စွာနဲ့ ဖွပစ်ခဲ့တဲ့ပုံတိုင်းမှာဒေါက်တာ ချာဝူဟွန်းလည်းပါနေခဲ့ပါတယ်......နောက်တော့ ဒေါက်တာချာဝူဟွန်းနဲ့ ယွန်ယူဂျောင်းတို့ ဘယ်လိုတွေ့ဆုံကြမလဲ ...သူတို့တွေ အလွဲလွဲအချော်ချော်တွေနဲ့ တစ်ယောက်နဲ့တစ်ယောက်ရင်ခုန်သံချင်းဖလှယ်နိုင်ကြမလား.... ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကို CM မှ ဘာသာပြန်တင်ဆက်လိုက်တဲ့Fluttering Warning ဇာတ်ကားလေးမှာ ကြည့်ရှုအားပေးပါဦးနော်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hay Thar Oo ပဲဖြစ်ပါတယ်..Quality – 720p  HDTVDuration ...
6.5
TMDb: 6.5/10 4 votes
tv

Love Alert(2018)[ စ / ဆုံး ]

2018
Bodyguard (2018) {Complete} 8.5
Bodyguard (2018) {Complete} CM Fan တွေအတွက် အရမ်းလန်းတဲ့ Action Series တစ်ခု တင်ဆက်ပေးချင်ပါတယ် စီးရီးတွေ လာပြန်ပြီလားလို့ ပြောအုံးမှာလား အပိုင်း (၆) ပိုင်း အပြီးပါ ဒီဇတ်လမ်းတွဲဟာ IMDb မှာ Raing 8.1 ထိ ရထားပြီး Golden Globe ဆုပါ ရထားတာပါ အခြား ဆုတွေ ၆ ခုလောက်ကိုလဲ ဆွတ်ခူးထားပါသေးတယ်... ကြည့်ရှုသူ ပရိတ်သက်အကြား ရေပန်းစားတဲ့ တီဗီဇတ်လမ်းတွဲ တစ်ခု ဖြစ်ခဲ့ပါတယ်.... ဇတ်လမ်း ပုံစံကတော့ ဒေးဗစ်ဘတ် ဆိုတဲ့ လူတစ်ယောက်နဲ့ အစပျိုးတာပါပဲ... တစ်ရက်မှာ ဒေးဗစ် ဟာ သားငယ် နဲ့ သမီးငယ် တို့ကို အိမ်ထောင်ခွဲနေတဲ့ မိန်းမ ဖြစ်သူထံ ပြန်ပို့ဖို့ အလာ စီးလာတဲ့ ရထားပေါ်မှာ မသင်္ကာစရာစတွေ့ပါတယ် တကယ်တော့ သူတို့ ရထားဟာ ISIS အဖွဲ့ရဲ့ ဗုံးဖောက်လုပ်ကြံခံရမယ့် သံသယစာရင်းမှာ ပါနေခဲ့တာပါ... စစ်တပ်မှာ အထူးချွန်ဆုံး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေးဗစ်ဘတ် ဟာ စစ်ပွဲက ပြန်လာတော့လဲ အတော်ဆုံး အလားအလာ ရှိဆုံး စံပြ တစ်ဦး ဖြစ်ပြီး အရာရှိအကြီးတန်း ...
8.5
TMDb: 8.5/10 67,478 votes
tv

Bodyguard (2018) {Complete}

2018
The Protector Season 2 [COMPLETE] 6.4
The Protector Season 2 [COMPLETE] Rating မြင့် 2018 တုန်းကထွက်ရှိခဲ့တဲ့ Netflix ကထုတ်တဲ့တူရကီ Series The Protector Season 1 ရဲ့အဆက်အဖြစ်ထွက်ရှိလာတဲ့ Season 2 လေးပဲဖြစ်ပါတယ်။ကြည့်ဖူးသူတွေကတော့ ဇာတ်ကြောကိုနားလည်ပြီးဖြစ်သလို season 1 မှာဆန့်တငင်ငင်နဲ့အဆုံးသတ်သွားတာကို season 2 မှာပြန်လည်ချိတ်ဆက်လို့ရပါပြီ။ရှေ့ Season ရဲ့ဇာတ်လမ်းအကျဉ်းချုပ်ကိုပြောရရင် သာမန်လူတွေလိုပဲ ဘာမှမသိသေးခင်ဘဝကိုပေါ့ပေါ့ပါးပါးဖြတ်သန်းနေတဲ့လူငယ်တစ်ယောက်ရုတ်တရက်အခြေအနေတွေရှုပ်ထွေးကုန်ပြီး မွေးစားအဖေကလည်းသေ၊အဲဒါရဲ့နောက်ဆက်တွဲ သူလုံးဝမကြားဖူးတဲ့အကြောင်းအရာတွေကြားရပြီးအစ္စတန်ဘူမြို့ကြီးရဲ့ The Protector ဖြစ်နေမှန်းသိလိုက်တဲ့နောက် သူ့ဘဝနောက်ကြောင်းမှန်တွေသိခဲ့ရပြီးImmortal တွေဖြစ်တဲ့ မသေမျိုး ၇ယောက်ထဲမှာ နောက်ဆုံး၁ယောက်ပဲကျန်တာကို လိုက်ချေမှုန်းဖို့ကြိုးစားရင်း မရင့်ကျက်သေးတဲ့Protector ကြီးရဲ့သွေးကြောင့် သတ်ပြီးသား Immortal ၆ ယောက်လုံးပြန်ရှင်လာပြီး season 1 ပြီးဆုံးခဲ့ပါတယ်။ခု season 2 မှာတော့ ရန်သူက ၇ယောက်ပြန်ဖြစ်လာပြီဖြစ်တဲ့အတွက် The Protector ကြီးတို့တစ်ဖွဲ့လုံး အစ္စတန်ဘူမြို့ကြီးကို ရုန်းကန်ကာကွယ်ရတော့မှာပဲ ဖြစ်ပါတယ်။ဘယ်လိုကာကွယ်မယ်ဆိုတာတော့ ကိုယ်တိုင်ပဲကြည့်လိုက်ပါဦး။ (ဘာသာပြန်တင်ဆက်ထားသူများကတော့  Thura Zarni ...
6.4
TMDb: 6.4/10 21 votes
tv

The Protector Season 2 [COMPLETE]

2018
Marvel’s Cloak & Dagger Season (1) 6.8
Marvel’s Cloak & Dagger Season (1) ယခုစီးရီးကတော့ Marvel Comic Book Series များထဲမှ တစ်ခုဖြစ်ပါတယ်ဇာတ်အိမ်တည်ထားတာကတော့ နယူးအော်လန်ဆိုတဲ့ မြို့လေးမှာပါတန်ဒီဘိုဝင်နဲ့တိုင်ရိုဂျွန်ဆင်ဆိုတဲ့ ကလေးနှစ်ယောက်ဟာ တစ်ရက်တည်းမှာပဲကံဆိုးမှုကိုယ်စီ ကြုံတွေ့ခဲ့ကြပြီး တန်ဒီ့အဖေ နေသန်ဘိုဝင်နဲ့တိုင်ရို့အစ်ကို ဘီလီတို့ကို ဆုံးရှုံးလိုက်ရပါတယ်သေဆုံးမှုရဲ့ဆက်နွယ်မှုအကြောင်းတရားကလည်း နေသန်ဘိုဝင်အလုပ်လုပ်တဲ့ရေနံစင်ကြီး ပေါက်ကွဲသွားလို့ပါပဲရေနံတူးဖော်တယ်လို့သာ လူသိထားတဲ့ ရေနံစင်ဟာ တကယ်တော့ ရေနံထက် ၁၀ ဆ ပိုပြင်းတဲ့စွမ်းအင်တစ်မျိုးကို လူမသိသူမသိ တူးထုတ်နေခဲ့တာပဲဖြစ်ပါတယ်ပေါက်ကွဲသွားတဲ့အချိန်မှာ ရေထဲမှာရှိနေတဲ့ သက်ရှိလူသားနှစ်ဦးဖြစ်တဲ့တန်ဒီနဲ့ဘိုဝင်ဆီကို စွမ်းအင်တွေ ကူးပြောင်းသွားပါတော့တယ်သူတို့နှစ်ဦးဟာ နှစ်ပေါင်းများစွာ တစ်ယောက်နဲ့တစ်ယောက် မသိခဲ့ဘဲ၊ကိုယ်ပိုင်ထားတဲ့စွမ်းအင်တွေကို မသိခဲ့ပဲနေခဲ့ရာက သူတို့နှစ်ဦး အမှတ်မထင်ဆုံတွေ့ပြီးလက်ချင်းထိမိခဲ့တဲ့အချိန်မှာတော့ စွမ်းအင်တွေက ပေါ်ထွက်လာခဲ့ပါတော့တယ်ကိုယ်ပိုင်ထားတဲ့စွမ်းအင်ကို ဘာမှန်းမသိ၊ ဘယ်လိုအသုံးချရမယ်မှန်းမသိသေးခင်မှာပဲတရားမျှတမှုကို လိုက်ရှာရင်းနဲ့ အင်အားကြီးအဖွဲ့တွေရဲ့ အရှုပ်အထွေးတွေထဲမှာပါဝင်မိနေရက်သား ဖြစ်နေပါတော့တယ် ...
6.8
TMDb: 6.8/10 101 votes
tv

Marvel’s Cloak & Dagger Season (1)

2018
Chilling Adventures of Sabrina Season (2) 7.3
Chilling Adventures of Sabrina Season (2) Sabrina Season 2 ဟာ Rating 7.8 အထိရရှိထားပြီးတော့အားပေးမှူ့များစွာနဲ့ ပွဲထွက်လှခဲ့ပါတယ်....အရင် Season 1မှာ သွေးနှောတစ်ယောက်ဖြစ်တဲ့စဘရီနာတစ်ယောက်အမှောင်သခင်ကြီးရဲ့စာအုပ်မှာသူ့နာမည်ရေးထိုးတာနဲ့ဆုံးထားပြီးအခု Season2မှာတော့ အရင်ထက်ပိုပြီးDarkဖြစ်လာပါတယ်။ဒီ Seasonမှာ စုန်းလောကရဲ့ပိုနက်နဲတဲ့အကြောင်းတွေနဲ့ စဘရီနာ၊ ဟာဗီ၊ နစ်ခ်သူတို့သုံးယောက်ရဲ့သုံးဘက်ဆိုင်အချစ်တို့ကိုပါပိုမိုတွေ့မြင်နိုင်မှာပါ။ဒါ့အပြင် ဇာတ်ကောင်အသစ်တွေလဲပါဝင်လာပြီးစဘရီနာနဲ့ဘယ်လိုတွေများပတ်သတ်နေမလဲ၊အရင်Seasonမှာပါဝင်ခဲ့တဲ့ဇာတ်ကောင်တွေရဲ့တိမ်မြုပ်နေတဲ့ဇာတ်ကြောင်းတွေကရောဘယ်လိုတွေလဲ....ဒါတွေအားလုံးကို အခု Season မှာရင်ခုန်စိတ်လှုပ်ရှားစွာနဲ့တွေ့မြင်နိုင်မှာပါ။စဘရီနာတစ်ယောက် အမှောင်သခင်ကြီးရဲ့ဘက်တော်သားဖြစ်သွားပြီးအမှောင်လမ်းကြောင်းနောက်ကိုလိုက်မလားဒါမှမဟုတ် သူ့ရဲ့နဂိုစိတ်ရင်းအတိုင်းပဲရိုးသားစွာနဲ့ဆက်နေသွားမလားဆိုတာကိုတော့Season 2 မှာကြည့်လိုက်ရအောင်လား.... Translators : Aye Mon Kyaw , Pone Thone , Phue , HMO , NeveEncoder : May Pyae Sone Oo  Episode (1) GDrive / Openload / Mega ...
7.3
TMDb: 7.3/10 123 votes
tv

Chilling Adventures of Sabrina Season (2)

2018
Disenchantment (2018) Season 1 [COMPLETE] 7
Disenchantment (2018) Season 1 [COMPLETE] လူတော်တော်များများက Matt Groening ဆိုတဲ့နာမည်ကို မကြားဖူးရင်တောင်မှသူ့ရဲ့လက်ရာတစ်ခုဖြစ်တဲ့ The Simpsons ကိုတော့ ကောင်းကောင်းကြီးသိကြမှာပါ။20th Century Fox ရုပ်သံလိုင်းကထုတ်လွှင့်ခဲ့တဲ့ 'Futurama' နဲ့ 'The Simpsons' Animated Sitcom TV Series တွေဟာ Matt Groening ရဲ့ ဖန်တီးမှုလက်ရာများသာဖြစ်ပါတယ်။အဲဒီထဲကမှ The Simpsons ဟာ အအောင်မြင်ဆုံးဖြစ်ပြီးတော့ စတင်ထုတ်လွှင့်ခဲ့တဲ့ 1990 ခုနှစ်ကနေ ယခုလက်ရှိအချိန် ဆက်လက်ထုတ်လွှင့်နေဆဲဖြစ်ကာ အပိုင်းပေါင်း 639 ပိုင်း နဲ့ Season ပေါင်း 29 ခုတောင်တိုင်ခဲ့ပါပြီ။အဲဒါတွေကို မျက်စိကျသွားတဲ့ Netflix ကတော့ Matt Groening ကို အလားတူ Animated Sitcom Show တစ်ခု ရိုက်ကူးပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။အပိုင်းပေါင်း ၂၀ ရိုက်ကူးပေးဖို့သဘောတူခဲ့ပြီး August 17 ရက်နေ့မှာတော့ ...
7
TMDb: 7/10 43 votes
tv

Disenchantment (2018) Season 1 [COMPLETE]

2018
Impulse (2018) 8.2
Impulse (2018) ဒီ Impulse ဆိုတဲ့ series လေးဟာ ၂၀၀၈ခုနှစ်​တုန်းက ထွက်​ရှိခဲ့တဲ့Jumper movieရဲ့ Sequel ဇာတ်​လမ်းအနေနဲ့ ၂၀၁၈ခုနှစ်​မှ ထွက်​ရှိလာခဲ့တာပါGoogle မှာရှာကြည့်​လိုက်​ရင်​တော့ ၉၆%က ကြိုက်​နှစ်​သက်​တယ်​လို့တွေ့ရှိရမယ့်​ Series ကောင်းလေးတစ်​ခုပဲဖြစ်​ပါတယ်​ အခုလောလောဆယ်​မှာတော့ ၁၀ပိုင်းထွက်​ရှိပြီးထားပြီးဖြစ်​ပါတယ်​ဇာတ်​လမ်းအတိုချုံးကတော့ ဟင်​နရီဆိုတဲ့ကောင်​မလေးဟာ ကျောင်းမှာဆိုးသွမ်းပြီးတစ်​ယောက်​တည်း နေတတ်​တဲ့ကောင်​မလေးတစ်​ယောက်​ဖြစ်​ပါတယ်သူမဟာ ကျောင်းတစ်ကျောင်းပြီးတစ်ကျောင်းပြောင်းနေရတဲ့ကျောင်းသူဖြစ်ပြီးတော့သူများနဲ့မတူတဲ့ထူးခြားတဲ့စွမ်းအင်တွေရှိနေပါတယ်..ဒါကိုလည်း သူမကိုယ်တိုင်တောင် သူမမသိရှာပါဘူး...ဒါပေမယ့် သူမ ကိုယ်တိုင်သိလိုက်တဲ့အချိန်မှာတော့သူမဟာ ပတ်ဝန်းကျင်အတွက်ကော သူမကိုယ်တိုင်အတွက်ပါအန္တရာယ်ရှိတဲ့လူတစ်ယောက်ဖြစ်လာပါတော့တယ်.....ဒီစီးရီးလေးကတော့ Jumper ကြည့်ဖူးတဲ့လူတွေအတွက်စိမ်းမှာမဟုတ်ပေမယ့်အခုမှစကြည့်မယ့်လူတွေအတွက်ကတော့ ကျေနပ်ဖို့ကောင်းမယ့်ရသတစ်ခုကို ခံစားရမှာပါ..... Translator ...... Mg King Encoder ...... Moe Myint Lwin  Episode (1) GDrive  / SolidDrive / Openload / ClicknUpload / Mega / UptoBox / Streamago / Mirrorace   Episode (2) GDrive  ...
8.2
TMDb: 8.2/10 19 votes
tv

Impulse (2018)

2018
Boru (2018) 8.7
Boru (2018) Wolf mini-series (2018) ဟာ Netflix ကလွှင့်တဲ့Turkish mini series ပါ။စစ်ကားကောင်းတွေကိုမှကြည့်ချင်တဲ့ စစ်ကားပရိတ်သတ်တွေအတွက်ဒီ ၆ ပိုင်းသာပါရှိတဲ့ မီနီ စီးရီးလေးက စစ်ပွဲတွေရဲ့ရသတွေကိုပေးနိုင်မှာပါ...ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်အချိန်ပေးပြီးကြည့်ရကျိုးနပ်မှာပါ...တပိုင်းချင်းစီရဲ့ ကြာမြင့်ချိန်က ဇာတ်ကားတစ်ကားကြည့်ရတဲ့အချိန်နဲ့တူညီမှာဖြစ်ပြီးတော့ ကြာမြင့်ချိန်၁ နာရီ ကျော်ရှိပြီးတော့ ကြည်လက်ပြတ်သားတဲ့ရိုက်ချက်တွေနဲ့ကြည့်ရမှာဖြစ်ပါတယ်...IMDB Rating 8.6 ရရှိထားပြီးတော့ တပိုင်းချင်းဆီရဲ့Rating တွေကလည်း တော်တော်ကောင်းပါတယ်...စစ်ဆင်ရေးအခန်းတွေကိုလည်းတကယ့်အပြင်မှာဖြစ်နေသလိုမျိုးရိုက်ထားတာဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်းကတော့အထူးတပ်ဖွဲ့Wolfအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။စစ်ကားပရိတ်သတ်များအကြိုက်တွေ့စေမယ့် စီးရီးဖြစ်ပါတယ်.... Translator .... Ye Man AungEncoder .... Moe Myint Lwin  Episode (1) GDrive / Openload / Stramango / Clicknupload / Mega / Mirrorace   Episode (2) GDrive / Openload / Stramango / Clicknupload / Mega ...
8.7
TMDb: 8.7/10 4 votes
tv

Boru (2018)

2018
Girl From Nowhere (2018) 10
Girl From Nowhere (2018) netflixရဲ့ပူပူနွေးနွေးထိုင်းစီးရီးလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ IMDB rating 7.9/10ရထားပါတယ် Thrillerအမျိုးအစားဖြစ်ပြီးကြည့်နေရင်းခုံပေါ်ကပြုတ်ကျတဲ့အထိ ထိတ်လန့်စရာအနည်းငယ်ပါလို့ ကြိုသတိပေးထားချင်ပါတယ် ကျွန်တော်တို့သိတဲ့အထက်တန်းကျောင်းဆိုတာလူကြီးတွေအမြင်မှာ အပြစ်ကင်းစင်ပြီးပညာရှာဖို့လောက်ပဲသုံးတဲ့နေရာလို့ထင်ကြပါလိမ့်မယ် တကယ်တော့အဲ့ထက်ပိုပြီးရှုပ်ထွေးတယ်ဆိုတာအားလုံးသိပြီးသားပါ ရည်းစားကိစ္စတွေရှိမယ် မနာလိုတာတွေရှိမယ် နှာဘူးကျတဲ့ကျောင်းဆရာတွေရှိမယ် ဇီဇာကြောင်ပြီးတအားစိတ်ဖိစီးနေတဲ့တစ်ကိုယ်တည်းဆရာမတွေ၊single momတွေရှိမယ် လိင်ကိစ္စစူးစမ်းချင်နေတဲ့ဆယ်ကျော်သက်တွေရှိမယ် အသိုင်းအဝိုင်းဆင်းရဲတာကိုဖုံးကွယ်ပြီးချမ်းသာချင်ယောင်ဆောင်နေမယ်လူတစ်ချို့ရှိမယ် လာဘ်စားတဲ့လူတန်းစားတွေရှိမယ် geniusတွေစုနေတဲ့နေရာမှာကိုယ်ကပုံမှန်ဖြစ်နေလို့အားငယ်နေတဲ့လူတွေရှိမယ် အလှအပအရမ်းပြိုင်တဲ့ဟာတွေဘလာဘလာပေါ့ဗျာ ဒါပေမဲ့ကိုယ်ကအဲ့လိုဟာတွေကိုနားလည်နေခဲ့ရင်ရော...? ကျွန်တော်တော့အကုန်လုံးကိုအမြင်ကပ်ပါတယ်:) ဒါပေမယ့်Nannoဆိုတဲ့ကျောင်းသူသစ်လေးကအမြင်ကပ်တာထက်ပိုတာတွေကိုလုပ်ခဲ့ပါတယ် ဆက်ပြောရင်ဇာတ်လမ်းအရသာပျက်သွားမှာစိုးလို့အကျဉ်းချုပ်ပါရစေ Nannoဟာအထက်တန်းကျောင်းသူဖြစ်ပြီးကျောင်းအထာနပ်နေတဲ့ကောင်မလေးဖြစ်ပြီး စီးရီးကအရမ်းrealisticဖြစ်လွန်းတဲ့အပြင် အရမ်းအရမ်းကြည့်လို့တန်မယ့်စီးရီးမို့အပိုင်း၁ကိုပဲဖြစ်ဖြစ်အစမ်းကြည့် ကြည့်စေချင်ပါတယ် Translated by Shwe Yee Oo,Linn Kyaw Swar Aung and encoded by sithu Mini spoiler alertEpisode 1:Ugly Truth မကြာသေးခင်ကမှ'အသန့်စင်ဆုံးကျောင်း'ဆုကိုရထားတဲ့အထက်တန်းကျောင်းကို Nannoဟာပြောင်းလာခဲ့ပြီးအကျည်းတန်တဲ့အမှန်တရားကိုဘယ်လိုဖော်ထုတ်မလဲဆိုတာ... Openload / Gdrive / Megaup Episode 2:Apologies လိင်ကိစ္စကိုလိုချင်နေတဲ့ကျောင်းသားတွေနဲ့Nannoကို မနာလိုတဲ့ကျောင်းသူတွေပေါင်းပြီးကျောင်းသူသစ်လေးNannoကိုဘယ်လိုအနုကြမ်းစီးကြမလဲဆိုတာ... Openload / Gdrive / Megaup Episode 3:Trophy Geniusesတွေစုနေတဲ့ကျောင်းမှာMewလေးဟာ လူရာအသွင်းမခံရတဲ့ပုံမှန်ကျောင်းသူလေးဖြစ်ပါတယ် Nannoဟာကျောင်းပြောင်းလာခဲ့ပြီးဖြတ်လမ်းကိုပြလိုက်တဲ့အခါမှာတော့... Openload / Gdrive / Megaup Episode 4:Hi-So rkတွေပဲတတ်တဲ့ကျောင်းမှာတောင်Dinoဟာ ကျိကျိတက်ချမ်းသာတဲ့ကျောင်းသားပုံစံနဲ့ရပ်တည်နိုင်ပါတယ် ဒါပေမယ့်သူ့မှာလည်းလျှိုဝှက်ချက်ဆိုတာရှိပါတယ် Nannoကဘယ်လိုဝင်ထိန်းပေးပြီးဘာတွေပြန်ယူသွားမလဲဆိုတာ... Openload / Gdrive / Megaup Episode 5:Social Love ဟန်ဆီမှာရည်းစားရှိပါတယ် ဒါပေမယ့်နန်နိုနဲ့မတော်တဆတွေ့မိရာကနေ Facebookကရတဲ့attentionကိုတကယ့်လက်တွေ့ဘ၀ထက်ပိုပြီးဦးစားပေးမိတဲ့အခါမှာတော့... Openload / Gdrive / Megaup Episode 6:Wonderwall part 1 Nannoဟာသူ့ကျောင်းသစ်မှာဘောလုံးအသင်းရဲ့ co-managerဖြစ်လာပြီး သူ့ရုပ်ခံကြောင့်ဖြစ်လာတဲ့ပြသနာတွေကိုmanagerနဲ့တိုက်ရိုက်ရင်ဆိုင်ရတဲ့အခါမှာတော့... (death note referenceတွေနဲ့အသေလန်းပါတယ်) Openload / Gdrive / Megaup Episode 7:Wonderwall ...
10
TMDb: 10/10 1 votes
tv

Girl From Nowhere (2018)

2018
Watership Down (2018) 5.7
Watership Down (2018) ယုန်နဲ့လအကြောင်းကိုပုံပြင်တွေအဖြစ်ကျွန်တော်တို့အများကြီးကြားခဲ့ဖူးကြပါတယ် ဒီတစ်ခုကတော့ကျွန်တော်ရဲ့အကြိုက်ဆုံးစာအုပ်ပါ စီးရီးအဖြစ်ပြန်ရိုက်မယ်ဆိုတော့အနည်းစိုးရိမ်မိပေမယ့် လိုတာထက်ပိုပြီးကောင်းလွန်းနေပါတယ် ပုံပြင်ကရှင်းပါတယ် ကမ္ဘာကြီးကိုဖရစ်လို့ခေါ်တဲ့ပုဂ္ဂိုလ်ကဖန်ဆင်းခဲ့ပါတယ် အဲ့ထဲမှာအီလာရပ်လို့ခေါ်တဲ့ယုန်လည်းပါပါတယ် သတိပြုရမှာကအဲ့တုန်းကယုန်တွေကအခုလိုနားရွက်တွေ အမြှီးတွေ ခြေထောက်တွေမဟုတ်ပါဘူး သိပ်မကြာခင်မှာပဲသားတွေသမီးတွေရပြီး သူဟာယုန်မင်းသားဖြစ်လာပါတယ် သားနဲ့သမီးတွေများချက်ကဖရစ်တောင်မရေတွက်နိုင်ပါဘူး သူတို့ဟာကမ္ဘာပေါ်ကကောက်ပဲသီးနှံတွေနဲ့စားလို့ရသမျှအကုန်လိုက်စားပါတော့တယ် ဖရစ်သိသွားတဲ့အချိန်မှာတော့ဟန်ချက်ညီမှုကိုထိန်းဖို့ တောရိုင်းတိရစ္ဆာန်တွေကိုယုန်အမဲလိုက်နိုင်မယ့်လက်သည်း အတောင်ပံ အပြေးမြန်မှုအဲ့လိုဟာတွေကိုပေးလိုက်ပါတော့တယ် သူတို့ဟာအီလာရပ်ရဲ့သားတွေသမီးတွေကိုသတ်ပြီးသိပ်မကြာခင်မှာပဲ ယုန်တစ်မျိုးလုံးရဲ့ရန်သူတွေဖြစ်လာပါတော့တယ်  အီလာရပ်ဟာအဲ့ကိစ္စကိုကြားကြားချင်းပဲဖရစ်ကိုသွားဖြဲပါတော့တယ် ဖရစ်ရဲ့အားနာမှုကြောင့်အခုခေတ်ယုန်တွေလို နားရွက်အရှည်ကြီးတွေ ခြေထောက်ရှည်တွေနဲ့ မျက်စိနောက်စရာအမြှီးကိုရသွားပါတော့တယ် အဲ့နောက်မှာတော့ယုန်တစ်မျိုးလုံးဟာအသက်ရှင်ဖို့ပြေးကြရပါတော့တယ် Watership Downဟာအဲ့ကိစ္စအကုန်ဖြစ်ပြီးတဲ့အပြင်ယုန်တွေရဲ့civilizationတစ်ခုလုံးတိုးတက်တဲ့အချိန်မှာဖြစ်ခဲ့တာဖြစ်ပြီး ပြန်ကြည့်ရင်တောင်မရိုးမယ့်စီးရီးမျိုးထဲပါပါတယ် BBCနဲ့Netflixတို့အတူစီစဉ်ထားတာဖြစ်ပြီးလေးပိုင်းသာပါတာမို့အဆင်ပြေကြပါစေ ဘာသာပြန်ပေးထားတာတော့ Amara.Sane Khet,Kaung Myat Thuတို့ဖြစ်ပြီး ကျွန်တော်sithuကပဲအန်ကုတ်ပေးထားပါတယ် Episode 1 : Openload / Gdrive / Megaup Episode 2 : Openload / Gdrive / Megaup Episode 3 : Openload / Gdrive / Megaup Episode 4 : Openload / Gdrive / Megaup ~end~
5.7
TMDb: 5.7/10 6 votes
tv

Watership Down (2018)

2018