Channel Myanmar

2021

Red Shoes(2021)
Red Shoes(2021) Red Shoes(2021) ဇာတ်လမ်းတွဲအညွှန်း*********************************အပိုင်း - ၁၀၀ (စ/ဆုံး)ကဲ ဂန္ဓဝင်ဆန်ဆန်လေး လောင်မြိုက်ချင်သူတွေအတွက် အမိုက်စားစီးရီးကြီးတစ်ခုလာပါပြီ...Hee Kyung ဟာ အိမ်ထောင်ရှင်အမျိုးသမီးကြီးတစ်ယောက်ဖြစ်ပြီး Zem-Ma လို့ခေါ်တဲ့သမီးနဲ့ နာမကျန်းဖြစ်နေတဲ့ သားတစ်ယောက်ရှိပါတယ်။တစ်နေ့ Hee Kyungတစ်ယောက် အချစ်ဦးနဲ့ပြန်တွေ့တဲ့အခါ ကလေးနှစ်ယောက်ရဲ့မျက်နှာမှမထောက် မိသားစုကိုထားပစ်ပြီး အချစ်ဦးနောက် ကောက်ကောက်ပါအောင် လိုက်သွားပါတော့တယ်။မိခင်ဖြစ်သူရဲ့စွန့်ပစ်ထားခံရပြီးနောက် Zem-Maလေးဟာ အခက်အခဲတွေကြုံတွေ့ခဲ့ရပြီး ဖခင်ဖြစ်သူဟာလည်း ရုတ်တရက်ဆုံးသွားပါတော့တယ်။ဒီလိုနဲ့ Zem-Maတစ်ယောက် သံသယဝင်စရာကောင်းနေတဲ့ ဖခင်ဖြစ်သူရဲ့သေဆုံးမှုနောက်ကွယ်ကအမှန်တရားကို လိုက်လံရှာဖွေရင်း ရက်ရက်စက်စက် စွန့်ပစ်သွားခဲ့တဲ့မိခင်ကို လက်စားချေဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်....အပိုင်း ၁၀၀ပါရှိတဲ့ ဇာတ်လမ်းတွဲရှည်ကြီးဖြစ်ပြီး တဝကြီးလောင်မြိုက်နိုင်အောင် CMကနေ အပတ်စဥ် Mon-Fri ငါးရက်လုံးဘာသာပြန်တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုအားပေးလိုက်ကြပါဦးနော်.....Episodes: 100Aired: Jul 5, 2021 - Nov 19, 2021Aired On: Monday, Tuesday, Wednesday, Thursday, FridayGenres:  Romance, Drama, Family, MelodramaTranslated by  Ei Phyu ...

Red Shoes(2021)

2021
Dr. Brain(2021)
Dr. Brain(2021) Dr. Brain(2021) ဇာတ်လမ်းတွဲအညွှန်း*******************************အပိုင်း (၁ မှ ၆ )ထိ စ/ဆုံးApple Tv ရဲ့ ကိုရီးယား စီးရီးအသစ်လေးကို ကြည့်လိုက်ရအောင်။နာမည်ကြီး ဝဘ်ကာတွန်းတစ်ခုဖြစ်တဲ့ ဒေါက်တာဘရိန်းကို ရိုက်ကူးထားတာပါ။သိပ္ပံ စိတ်ကူးယဉ် လျို့ဝှက်ဆန်းကြယ် အမျိုးအစားဖြစ်ပါတယ်။ဒေါက်တာ ဂိုဆဲဝန်းဟာ ငယ်ငယ်ကတည်းက အလွန်ဉာဏ်ကောင်းပေမဲ့ စိတ်ခံစားချက်တွေမရှိတဲ့ အော်တစ်ဇင်ရောဂါသည်တစ်မျိုးဖြစ်ပါတယ်။ သူကြီးပြင်းလာတော့ဦးနှောက်သုတေသန ပညာရှင်ဖြစ်လာပြီး လူတွေရဲ့ ဦးနှောက်တွေကိုကွမ်တမ်နည်းပညာနဲ့ ချိတ်ဆက်ပြီး အတွေးတွေ မှတ်ဉာဏ်တွေကိုတူးဖောက်နည်းကို လေ့လာနေခဲ့ပါတယ်။ လေ့လာနေဆဲမှာပဲ ကိုယ့်ကိုယ်ကိုယ် စမ်းသပ်မိပြီးသိလာရတာက၊ ဦးနှောက်ချိတ်ဆက်မှုတွေဟာ ရှုပ်ထွေးပြီး အခြားလူတွေရဲ့ အမူအကျင့်တွေစရိုက်တွေကိုပါ ရောထွေးရရှိလာတာကို တွေ့လာရပါတယ်။အဲဒီမှာပဲ သူ့ရဲ့ သေပြီထင်နေတဲ့ သားနဲ့ပတ်သတ်ပြီး မှတ်ဉာဏ်တွေအရှုပ်အရှင်းတွေ ပေါ်လာချိန်မှာ ဒီနည်းပညာကိုသုံးပြီး စုံစမ်းဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်...   Episodes: 6Duration: 60 MinQuality : WEB-DL 720pGenres: Sci-Fi & Fantasy, Mystery, DramaTranslated by  Mr. ...

Dr. Brain(2021)

2021
Kep1er-view (2021)
Kep1er-view (2021) Kep1er View (2021)Girls Planet 999 အပြီး Dec 14 ရက်​နေ့မှာ Debut မဲ့ planet guardian တို့ရဲ့ ​ကောင်မ​လေး ၉​ယောက်ရဲ့ debut မတိုင်ခင်လွှင့်သွားမဲ့ show ​လေးကို CM ကတင်ဆက်​ပေးပါဦးမယ်​နော်ကဲ ... Kep1er ဆိုတာနဲ့ ချစ်စရာ ပူကျူးလေး ၉ ယောက်ကို ပြေးမြင်ကြတယ်မလားဒီတစ်ခါမှာတော့ အာပူကျူးလေးတွေရဲ့ ပထမဆုံး Variety Show လေးလာပါပြီနော် အာပူကျူး ၉ ယောက်သား ဂိမ်းတွေဆော့ Mission တွေလုပ်ရင်း ပျော်စရာအချိန်တွေကို ဖန်တီးကြမှာပါ ပျော်စရာဂိမ်းတွေကို ချစ်စရာကလေးလေးတွေက ဆော့ကြရင်း ဘယ်လိုတလွဲတွေနဲ့ ရယ်မောရမလဲဆိုတာကြည့်ရှုရမှာပါနော်ပူကျူးလေး ၉ ယောက်ကို စင်ပေါ်မှာတွေ့နေကျ ပုံစံလေးတွေနဲ့မဟုတ်ဘဲ အပြင်ဘဝက ပုံစံလေးတွေနဲ့ မြင်ရမှာမလို့ Must Watch ပါပဲအပတ်စဉ်ကြာသပတေးနေ့တိုင်း Channel Myanmar မှာ တင်ဆက်ပေးသွားမှာမလို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်အညွှန်းကိုတော့ Thuu Thuu က‌ ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ CM Variety ...

Kep1er-view (2021)

2021
Fall In Love ( 2021 )
Fall In Love ( 2021 ) Chen Xing Xu , Evan Lin , Zhang Jing Yi , Chen Xin Yu တို့ရဲ့ Fall In Love (2021) လေးလာပါပြီနော်၁၉၂၆ခုနှစ်မှာ မိဘတွေကွဲသွားတာကြောင့် အမေဖြစ်သူနဲ့အတူဂျပန်မှာ၁၀နှစ်နေခဲ့တဲ့မုဝမ်ချင်း( Zhang Jing Yi)ဟာ အမေဆုံးသွားပြီးနောက်နိုင်ငံကိုပြန်ပြီးအဖေဆီကိုပြန်လာခဲ့တယ်။အစ်ကိုဖြစ်သူသေဆုံးမှုနဲ့ မိဘတွေကွဲကြတဲ့အကြောင်းအရင်းကိုစုံစမ်းဖို့ကိုရည်ရွယ်ချက်ထားခဲ့တယ်။အဲဒီအချိန်မှာပဲ ရှန်ဟိုင်းစစ်တပ်တွင်းမှာတရားမဝင်အာဏာသိမ်းမှုဖြစ်လာခဲ့တယ်။ထန်ရွမ်လင် ( Chen Xing Xu) ဟာနိမ့်ကျတဲ့မျိုးရိုးကြောင့် ရှန်ဟိုင်းမြို့ကာကွယ်ရေးအရာရှိဖြစ်လာခဲ့ပေမယ့်လူတွေရဲ့လေးစားမှုကိုမရရှိတဲ့သူတစ်ယောက်ပါ (ကောင်လေးသနားပါတယ်)။ရွီကွမ်းရောက် ( Evan Lin) ဟာ တပ်မှုးယွဲ့ချန်ရဲ့တစ်ဦးတည်းသောသားဖြစ်တယ်။ငယ်စဉ်ကတည်းကအများလေးစားအားကျခံရတဲ့သူတစ်ယောက်ဖြစ်ပေမယ့်သူကနိုင်ငံရေးနယ်ပယ်ကအာဏာပါဝါပြိုင်ဆိုင်မှုတွေကိုမနှစ်သက်ပါဘူး။ကံကြမ္မာရေစက်ကြောင့် သူတို့လူငယ်သုံးယောက်ဟာသူငယ်ချင်းတွေဖြစ်သွားကြတယ်။မုဝမ်ချင်းကမုမိသားစုအခြေခိုင်ဖို့ရည်ရွယ်ချက်နဲ့ရွီကွမ်းရောက်ကိုချဉ်းကပ်ခဲ့တယ်။ထန်ရွမ်လင်ကအရင်ကမုမိသားစုအမှုကိုစုံစမ်းဖို့ရည်ရွယ်ချက်နဲ့မုဝမ်ချင်းကိုပူးပေါင်းဖို့ကမ်းလှမ်းခဲ့တယ်။ရည်ရွယ်ချက်မတူကြတဲ့သူတို့၃ယောက်ဟာအချိန်ကြာလာတဲ့အမျှသံယောဇဉ်တွေချည်နှောင်မိလာကြတယ်။နောက်ပိုင်းမှာကွန်မြူနစ်ပါတီထဲဝင်ပြီး နိုင်ငံကိုကာကွယ်ဖို့အရေးကြီးတာကိုနားလည်လာကြတယ်။နိုင်ငံရေးအရှုပ်အထွေးတွေကြားကသူတို့ရဲ့ချစ်ဇာတ်လမ်းလေးဟာဘယ်လိုဖြစ်လာမလဲဆိုတာကိုဆက်လက်ပြီးကြည့်ရှုအားပေးကြပါဦးနော် Quality : WEB-DL 720pFormat : mp4Total Episodes : 36During : 45Original Network : YoukuAired On : Monday, Tuesday, Wednesday, ...

Fall In Love ( 2021 )

2021
Mean no harm (2021)
Mean no harm (2021) Mean No Harm (2021)ဒီတစ်ခါတော့ ပန့်ဟောက်စ် ပရိသတ်တွေအတွက် အလွမ်းပြေဆေးလေး လာပါပြီဗျာ။အလွမ်းပြေရုံတင်မကဘဲ အဆိပ်ပါ ပြေမှာပါ။ပန့်ဟောက်စ် နဲ့ လောင်ကျွမ်းခဲ့ရသမျှ ဒီအစီအစဉ်ကို ကြည့်လိုက်ရင် မီးခဲကို ရေနဲ့ငြိမ်းလိုက်သလို လုံးဝကို ဒဏ်ရာတွေ ကျက်သွားစေမယ့် စိတ်အပန်းပြေစေမယ့် အစီအစဉ်လေးပဲ ဖြစ်ပါတယ်။အဓိကအနေနဲ့ ပါဝင်ထားသူများကတော့ အွန်းကီဂျွန်း၊ ယွန်းဂျုံဟွန်း နဲ့ ဘုံးထယ်ဂယူ တို့ပဲ ဖြစ်ကြပါတယ်။သူတို့ ၃ ယောက်က ဆိတ်ငြိမ်အေးချမ်းတဲ့ နေရာလေးတစ်ခုမှာ သူတို့ရဲ့အားလပ်ရက်ကို အချိန်ကုန်ဆုံးဖို့ စီစဉ်ထားတာပါ။ စကားတွေပြောမယ် ဈေးဝယ်မယ် ဟင်းတွေ ချက်ပြုတ်စားမယ်ပေါ့။သူတို့နဲ့အတူတူ ဝိုင်းလုပ်ဝိုင်းစားမယ့်လူတွေကတော့ ပန့်ဟောက်စ်မှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်များပဲ ဖြစ်ပါတယ်။ပန့်ဟောက်စ် နဲ့ လုံးဝ မတူတဲ့ ခံစားမှုကို ပေးမှာမို့ ပန့်ဟောက်စ် ပရိသတ်တွေ ကြည့်ပြီးတာနဲ့ စိတ်ကျေနပ်မှုကို အပြည့်အဝ ရရှိစေမယ့် အစီအစဉ်လေးဆိုရင်လည်း မမှားပါဘူး။တစ်ပတ်ကို တစ်ပိုင်းနှုန်းနဲ့ စုစုပေါင်း ၁၀ ပိုင်း ပါဝင်မှာ ဖြစ်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စီစဉ်တင်ဆက်ပေးသွားမှာ ဖြစ်လို့ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။ဘာသာပြန်ထားတာကတော့ CM Variety ...

Mean no harm (2021)

2021
High School Mystery Club (2021) 9
High School Mystery Club (2021) Girls' High School Mystery Class (Season 1)ဆယ်ရာ မိန်းကလေးအထက်တန်းကျောင်းမှာ အံ့ဩစရာအဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပါတယ်။သေဆုံးပြီးသားလူဆီက စာတစ်စောင် ရောက်ရှိလာတာပါပဲ။ဒီတော့ ဒီလို ထူးဆန်းတဲ့ အဖြစ်အပျက်တွေ .....ဆယ်ရာမိန်းက​လေးအထက်တန်းကျောင်းက လျှို့ဝှက်ဆန်းကြယ်မှုတွေကို​ဖော်ထုတ်ကြမယ့် Mystery Adventure Show လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ဒီမိန်းက​လေး​ကျောင်းမှာဆိုရင်တော့ သာမန်လူ​တွေ တက်ခွင့်မရှိဘဲနာမည်ကြီး၊ ရာထူးကြီး အထက်တန်းလွှာက မိန်းက​လေး​တွေသာ တက်ခွင့်ရတဲ့​ကျောင်းဖြစ်ပါတယ်။Park Ji Yoon, Jang Do Yeon, Jae Jae, Bibi နဲ့ IZ*ONE အဖွဲ့က Yena တို့ကထူးဆန်းတဲ့အတန်းက ​ကျောင်းသား​တွေအဖြစ်ပါဝင်ပြီး လျှို့ဝှက်ချက်​တွေကို ​​ဖော်ထုတ်ကြမှာပဲဖြစ်ပါတယ်။ရသစုံရှိုး ဆိုပေမယ့် ဇာတ်လမ်းတစ်ခုကို ကြည့်နေရသလိုမျိုး ဖြစ်တဲ့အထိဆွဲဆောင်နိုင်စွမ်း ရှိတာမို့ တစ်ပိုင်းပြီးတစ်ပိုင်း ကြည့်ချင်စိတ် ဖြစ်လာမိမှာ အမှန်ပါပဲ။၂၀၂၁ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ Season 2 ထုတ်လွှင့်မှာဖြစ်လို့Season 2 ...
9
TMDb: 9/10 3 votes
tv

High School Mystery Club (2021)

2021
Novoland: Pearl Eclipse ( 2021 )
Novoland: Pearl Eclipse ( 2021 ) Novoland : Pearl Eclipse (20210မင်းသမီးကြီး Yang Mi... မင်းသားကြီး William Chanနဲ့ Xu Kai Cheng တို့\အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်တံငါရွာတစ်ရွာက မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ဟိုင်ရှီးဟာ မိဘတွေဆုံးပါးသွားပြီး တစ်ရွာလုံးသတ်ဖြတ်ခြင်းခံခဲ့ရပါတယ်အသက်အန္တရာယ်နဲ့ရင်ဆိုင်ရချိန်မှာ အမတ်ဖန်းကျိုးရင်းနဲ့ဆုံတဲ့အခါယောကျာ်လေးအဖြစ်ဟန်ဆောင်ရင်း တပည့်အဖြစ်လိုက်ပါခဲ့ပါတယ်..ငယ်ရွယ်တဲ့မင်းကြီးအုပ်စိုးနေတဲ့တိုင်းပြည်ဟာ ရှုပ်ထွေးနေပေမယ့်အမတ်ဖန်းကျိုးရင်းက နောက်ကွယ်ကတည့်မတ်ပေးနေတဲ့အခါ....ဟိုင်ရှီးဟာ မင်းကြီးရဲ့ကိုယ်ရံတော်ဖြစ်လာတဲ့အခါ...မင်းကြီးဟာ ဟိုင်းရှီးက မိန်းကလေးမှန်းသတိထားမိတဲ့အခါဘယ်လိုအချစ်ဇာတ်လမ်းတွေဖြစ်လာမှာလဲ....နာမည်ကြီးမင်းသားမင်းသမီးများစွာပါတာမလို့ စိတ်ကျေနပ်မှုရစေမှာပါ... Quality : WEB-DL 720pFormat : mp4Aired On : Nov 10 , 2021Aired On: Wednesday, Thursday, Friday, Saturday, SundayGenres : Wuxia , Historical , RomanceSubtitle : Myanmar Subtitle ( hardsub )Translated By CM TeamEncoded By LK  Compleete Zip  ...

Novoland: Pearl Eclipse ( 2021 )

2021
Money Heist Season 5 (2021) {Complete} 8.3/10
Money Heist Season 5 (2021) {Complete} အားလုံးမျှော်နေကြတဲ့ Money Heist အတွဲ ၅ ထွက်လာပါပြီ အတွဲ ၅ မှာ ၁၀ ပိုင်း ပါဝင်မှာ ဖြစ်ပြီးတော့ အပိုင်း ၁ မှာ ၅ ပိုင်း နဲ့ အပိုင်း ၂ မှာ ၅ ပိုင်း ဆိုပြီး ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၃ ရက်နေ့မှာ တစ်ကြိမ်၊ဒီဇင်ဘာ ၃ ရက်နေ့မှာ တစ်ကြိမ် ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပိုင်းမှာဆိုရင် နိုင်ရိုဘီ အပစ်ခံရပြီး သေသွားလို့အားလုံးဝမ်းနည်းနေကြပါတယ်ဒန်ဗာ ဖမ်းမိထားတဲ့ ပလာမိုကိုကယ်ပြီးဘဏ်ကိုဝင်စီးမယ့် ဟယ်ရီကော်ပရာနဲ့ လိုက်သွားပြီးဘဏ်ထဲကို ရောက်အောင်ပို့လိုက်နိုင်ခဲ့ပါတယ် ဒါပေမယ့် ဗိုက်ကြီးသည်မ စီအာရာ ကပရော်ဖက်ဆာရဲ့ နေရာကိုရှာတွေ့သွားတဲ့အခန်းမှာ ရပ်ထားတာပါ ဒီအတွဲမှာရော ပရော်ဖက်ဆာက စီအာရာနဲ့ ထိပ်တိုက်တွေ့မယ့် အနေအထားမှာ ရှိပါတယ်အခြေအနေတွေက ပြောင်းလဲသွားပြီးတော့ပရော်ဖက်ဆာ ဘယ်လိုလှည့်ကွက်တွေ ထုတ်သုံးဦးမလဲဆိုတာရင်ခုန်စွာနဲ့ ကြည့်လိုက်ကြပါဦး ...... အညွှန်းကို Htet Wai Lwin က ...
8.3/10
TMDb: 8.3/10/10 352k votes
tv

Money Heist Season 5 (2021) {Complete}

2021
Bright As the Moon ( 2021 )
Bright As the Moon ( 2021 ) ဇာတ်လမ်းလေးကတော့ လီယွင်ဆိုတဲ့ဝတ္ထုရေးတဲ့ဆရာမလေးကမင်းသားမုရှောင်ချီးနဲ့တွေဆုံပြီး ပြဿနာလေးတွေဖြစ်ခဲ့ရာမှမတော်တဆလေးတွေဖြစ်ပြီး ရှေးခေတ်ကိုရောက်သွားခဲ့တယ်ယွင်အိမ်တော်ကြီးမှာ သမီးငယ်လေး ယွင်ချန်ယွဲ့ဆိုပြီးစာမတတ်တဲ့လူဆိုးမလေးတစ်ယောက်ရှိတယ်ရှေးခေတ်ကိုရောက်သွားခဲ့တဲ့ဝတ္ထုဆရာမလေး လီယွင်ကယွင်အိမ်တော်က ယွင်ချန်ယွဲ့လေးဖြစ်သွားခဲ့ရောဒီဘက်ခေတ်ကို ပြန်ရောက်အောင်ဘယ်လိုကြိုးစားရင်းမထင်မှတ်ပဲ မင်းသားမု‌ရှောင်ချီးနဲ့တွေ့ခဲ့တယ်ဒါပေမဲ့ မုရှောင်ချီးမဟုတ်ပဲ ရှေးခေတ်မင်းသားတစ်ပါး ရုံကျင်ဖြစ်နေပြီးမင်းသားရုံကျင်က ရုပ်ရည် ပညာတွေအကုန်ပြည့်ဆုံနေပေမဲ့ ကျန်းမာရေးမကောင်းရှာဘူးသူတို့၂ယောက်တွေ့ဆုံပြီး ‌အရင်ခေတ်ဟောင်းလေးမှာ အခုခေတ်ဆန်ဆန်ချစ်ကြိုက်မဲ့ဇာတ်လမ်းလေးကချစ်စရာလေးမလို့ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော် Quality : HDRip 720pformat : mp4Genres : Drama , Romance , ComedySubtitle : Myanmar Subtitle ( Hardsub )Translated By CCF TeamEncoded By LK  Episode 1 Yoteshin / CMDrive / Usersdrive / Meganz / VIPEpisode 2 Yoteshin / CMDrive / Usersdrive / Meganz / VIPEpisode 3 Yoteshin ...

Bright As the Moon ( 2021 )

2021
Reflection of You ( 2021 )
Reflection of You ( 2021 ) ဇာတ်လမ်းအညွှန်းသူမရဲ့လိုအင်ဆန္ဒတွေကို ယုံကြည်မှုအပြည့်ရှိခဲ့အမျိုးသမီးတစ်ဦးနဲ့တခြားအမျိုးသမီးတစ်ဦးနဲ့ တွေ့ဆုံမှုကြောင့် သူမရဲ့ဘဝအလင်းရောင်ပျောက်ဆုံးသွားရတဲ့ အမျိုးသမီးလေးတစ်ဦး သူတိုနှစ်ဦးကြားကအချစ် သစ္စာဖောက်မှု အကျင့်ပျက်မှုနဲ့ လက်စားချေမှုတွေကို ထုတ်ဖော်ပြသထားတဲ့ ဇာတ်ကားလေးHee Joo ဟာ ငယ်ရွယ်စဥ်အခါက ဆင်းရဲပြီး ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေရှိခဲ့ပါတယ်သိုပေမယ့် အခုချိန်မှာတော့ သူမဟာ အောင်မြင်တဲ့ ပန်းချီဆရာမနဲ့essayist တစ်ဦးဖြစ်လာတဲ့အပြင် သူမရဲ့ခင်ပွန်းဟာဆိုရင်လည်းအောင်မြင်နေတဲ့လူတစ်ဦးဖြစ်ပြီး သူတိုကလေးနှစ်ယောက်ရှိပါတယ်အရမ်းကို အားကျစရာကောင်းတဲ့ မိသားစုလေးပေါ့ဒါပေမယ့် အပေါ်ယံကြည့်ပြီး မဆုံးဖြတ်လိုက်ပါနဲ့ အရာရာပြည့်စုံနေတဲ့Hee Joo ဟာ သူမရဲ့ဘဝကို အဓိပ္ပါယ်မဲ့စွာနဲ့ ကုန်ဆုံးနေရတယ်လို ခံစားလာရပါတယ်အဲအချိန်မှာ သူ့ရဲ့ငယ်ဘဝနဲ့ တစ်ထပ်တည်းတူတဲ့ အမျိုးသမီးတစ်ဦးနဲ့တွေ့ဆုံခဲ့ပါတယ် သိုသော်လည်း ထိုအမျိုးသမီးလေးဟာ ဆင်းရဲပေမယ့်အမြဲတမ်းတောက်ပနေတာကို မြင်လိုက်ရတဲ့အချိန် Hee Joo တစ်ယောက်ဘယ်လိုတွေတွေးမြင်မိမလဲ အဲ့အမျိုးသမီးလေးနဲ့ ဇာတ်လမ်းလေးကရောဘာတွေများလဲ ဆိုတာကိုတော့....အပတ်စဥ် Wednesday နဲ့ Thursday မှာထွက်ရှိမယ့်ဒီဇာတ်ကားလေးမှာ စောင့်ကြည့်အားပေးနိုင်ပါတယ်အပိုင်းကတော့ ၂၀ ပိုင်း ပါဝင်မှာဖြစ်ပါတယ် Quality : NF-WEBDL Format : mp4Total Episodes ...

Reflection of You ( 2021 )

2021
Would you like a Cup of Coffee? (2021)
Would you like a Cup of Coffee? (2021) Would you like a cup of coffee (2021)ကဲ .. ဒီနေ့တော့ ကော်ဖီလေးတစ်ခွက်လောက်သောက်လိုက်ကြရအောင်လား?အားလုံးလောင်ခဲ့ကြတဲ့ Penthhouse က ဂျင်းနီလေးတို့ဖေဖေရယ် Wanna One အဖွဲ့ဝင်လည်းဖြစ် ဇာတ်လမ်းတွေအများကြီးရိုက်ကူးထားပြီး အောင်မြင်နေတဲ့မင်းသားချောလေး Ong Seong Wu တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ကော်ဖီချိုခါးလေးတစ်ခွက်ကို တင်ဆက်ပေးလိုက်ပါတယ်။Park Seok က 2nd Generation Coffee လို့ခေါ်တဲ့ ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ထားပြီး ပိုင်ရှင်လည်းသူ အဖျော်ဆရာလည်းသူပေါ့။ ကြီးကြီးမားမားဆိုင်ကြီးတော့မဟုတ်ပေမယ့် သူကိုယ်တိုင်ကလည်း ကော်ဖီကိုချစ်မြတ်နိုးသလို သူ့လိုပဲ ကော်ဖီချစ်သူ သစ္စာရှိဖောက်သည်တချို့ရဲ့အားပေးမှုကြောင့် အတော်အသင့်လေး အောင်မြင်နေတဲ့ဆိုင်လေးပေါ့။ဒီလိုနဲ့ တစ်နေ့မှာ Kang Go Bi လို့ခေါ်တဲ့ ကောင်လေးတစ်ယောက် သူ့ဆိုင်ကိုရောက်လာပြီး သူ့ရဲ့ကော်ဖီကိုမြည်းစမ်းကြည့်ရာကနေ များစွာသောကော်ဖီအမျိုးအစားတွေရဲ့အကြောင်းကို စိတ်ဝင်စားသွားပြီး အချိန်ပိုင်းအလုပ်သမားဖြစ်ဖို့ ကြိုးစားလာတဲ့အခါ ......ကော်ဖီအမျိုးအစားပေါင်းများစွာရဲ့ ကွဲပြားတဲ့အနံ့အရသာတွေ၊ အနက်အဓိပ္ပာယ်တွေစတာတွေကို ပေါ့ပေါ့ပါးပါးလေးကြည့်ရှိုနိုင်မှာမို့ ကော်ဖီကိုချစ်မြတ်နိုးသူတွေအဖို့စိတ်ဝင်စားစရာဖြစ်မယ့်ကားကောင်းလေးမို့ ကြည့်ရှုဖို့ညွှန်းလိုက်ပါတယ်နော်။အောက်တိုဘာ ၂၄ ရက်နေ့က စတင်ပြီး ၁၂ ပိုင်း ထုတ်လွှင့်သွားမှာ ဖြစ်ပြီးတော့ တနင်္ဂနွေနေ့ နဲ့ ကြာသပတေးနေ့များမှာ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။အညွှန်းကိုတော့ Lai Laii ...

Would you like a Cup of Coffee? (2021)

2021
True Story (2021) Mini Series 8.4
True Story (2021) Mini Series စိတ်၀င်စားဖို့ ကောင်းတဲ့ Crime-Drama မီနီစိးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက် comedian Kid ရဲ့ ကာရိုက်တာကို အပြင်မှာ တကယ့် comedian တစ်ယောက်ဖြစ်တဲ့ Kevin Hart က သရုပ်ဆောင်ထားပြီး ကျွန်တော်တို့ ငယ်ငယ်က အရမ်းကြိုက်ခဲ့ကြတဲ့ Blade ကားတွေရဲ့ မင်းသားကြီး Wesley Snipes က Kid ရဲ့ အစ်ကို ဖြစ်သူ Carlton အဖြစ် ပါ၀င်ထားပါတယ်ဇာတ်လမ်းအကျဉ်းKid ဟာ အောင်မြင်ကျော်ကြားပြီး ပရိသတ်ချစ်တဲ့ comedian တစ်ယာက်ပါ။ King of Comedy လို့တင်စားရလောက်တဲ့ထိအောင် သူ့ရဲ့ ပြက်လုံးတွေက လူတွေအပေါ် လွှမ်းမိုးထားပါတယ်။ ဒီတော့ ခြုံပြောရရင် သာယာတဲ့ ဘ၀ကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်လို့ ဆိုရပါမယ်။ ဒါပေမဲ့ သာယာနေတဲ့ သူ့ဘ၀ဟာ နယ်လှည့်ဖျော်ဖြေရေးအတွက် သူ့ရဲ့ ...
8.4
TMDb: 8.4/10 8 votes
tv

True Story (2021) Mini Series

2021
Work Later, Drink Now (2021) 8.1
Work Later, Drink Now (2021) Work Later, Drink Now (2021)======================နာမည်နဲ့ တင်စိတ်ဝင်စားသွားကြပြီ ဟုတ်။နေ့စဉ်ဘဝတွေရဲ့ ငြီးငွေ့မှုတွေ ဖိအားတွေကနေ ရုန်းထွက်နိုင်ဖို့ လူတိုင်းမှာ စိတ်ဖြေရာတစ်ခုစီရှိကြပါတယ်။ အဲထဲမှာ ဆိုဂျူဆိုတဲ့အရက်သောက်ခြင်းကလည်း ကိုရီးယားယဉ်ကျေးမှုမှာ တစ်ခုအပါအဝင်ပါပဲ။ မိန်းကလေးတစ်ယောက်အနေနဲ့ ဘယ်လောက်ထိသောက်နိုင်သလဲ... အဲထင်မြင်ချက်တွေထက် ကျော်လွန်ပြီး ကျွန်မတို့ ဇာတ်ကောင် သုံးယောက်က ပြသပေးသွားမှာပါ။ရသစုံအစီအစဉ်ရဲ့ စာရေးဆရာမဖြစ်တဲ့ အန်းဆိုဟီး၊ ယောဂသင်ကြားပေးသူဖြစ်တဲ့ ဂျီယောင်း၊ You tube တင်ဆက်သူဖြစ်တဲ့ ဂျီဂူ၊တက္ကသိုလ်ကတည်းက သူငယ်ချင်းတွေက အသက် သုံးဆယ်ကျော်တဲ့အထိ အမြဲတမ်း သောက်ဖော်သောက်ဖက်ဖြစ်ခဲ့တဲ့သူတို့နဲ့ရသစုံအစီအစဉ်ရဲ့ ပီဒီ ဂန်ဘုဂူတို့ တွဲမိတဲ့အခါမှာတော့....သူတို့ရဲ့သောက်နိုင်စွမ်းကို တစ်ပိုင်းပြီး တစ်ပိုင်း ဘယ်လိုတွေ ပြသသွားမလဲဆိုတာ စောင့်မျှော်အားပေးကြပါဦး။Cast အနေနဲ့ကလည်း Lee Sun Bin, Han Sun Hwa, Jung Eun Ji နဲ့ ကျွန်မတို့ရဲ့ Super Junior Siwon ...
8.1
TMDb: 8.1/10 4000 votes
tv

Work Later, Drink Now (2021)

2021
House of Secrets: The Burari Deaths (2021) 7.6
House of Secrets: The Burari Deaths (2021) House of Secrets : The Brurari Deaths (2021)ကြမ္မာငင်တယ် ဆိုတဲ့ အရာက ဘာ​ကြောင့်ဖြစ်လာသလဲ? ဘဝ​ပေးကံ​ကြောင့်လား၊ အကုသိုလ်​တွေ များလို့လား၊ကိုယ်တိုင်က ကြမ္မာငင်တာ နဲ့ တည့်တည့်ဝင်တိုးတဲ့အထိ အသိဉာဏ်နည်းတာလား၊ ဒါမှမဟုတ် အထက်ပါအချက်​တွေအားလုံး ကျိုး​ကြောင်းဆီလျော်စွာ စုံသွားတာလား၊ဘာ​ကြောင့်ပဲဖြစ်ဖြစ် ကြမ္မာငင်တယ် ဆိုတဲ့ အရာကိုက ဇာတ်သိမ်းမလှတတ်ဘူး မဟုတ်လားဒီ Seriesဟာ ၂၀၁၈ခုနှစ် ဇွန်လ၃၀ရက် အိန္ဒိယနိုင်ငံ ​ဒေလီမြို့မှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်မှုခင်းကို Documentaryပုံစံ ပြန်လည်ရိုက်ကူးထားတဲ့ အပိုင်း၃ပိုင်းပါဝင်တဲ့ limied crime horror seriesပဲဖြစ်ပါတယ်​ကြေးရတတ် ပညာတတ်မိသားစုဖြစ်တဲ့ ဘာတီယာမိသားစုဟာ ​ ဒေလီမြို့ ဘူရာရီရပ်ကွက်မှာ စိတ်သ​ဘောမ​နော​ကောင်းမှုနဲ့ နာမည်ကြီးသလို လူချစ်လူခင်လည်း အရမ်းများပါတယ်၊ စည်းစိမ်ဥစ္စာလည်း ပူပင်စရာမရှိဘဲ တင့်​တောင့်​တင့်တယ်​နေနိုင်တဲ့ မိသားစုကြီးတစ်စုပါတစ်​နေ့မှာ​တော့ ဘာတီယာမိသားစုဝင် "၁၁ ​ယောက်လုံး" ​နေအိမ်မှာပဲ ကြိုးဆွဲချသတ်​သေသွားခဲ့ပါတယ်၊ ဒီမှုခင်းဟာ ​အသတ်ခံရတာလား သွေးရိုးသားရိုး​သတ်​သေမှုဟုတ်ရဲ့လား စုံစမ်းရာမှ ​ ကြောက်မက်ဖွယ် လျှို့ဝှက်ချက်​​တွေ တန်းစီထွက်​ပေါ်လာတဲ့အခါ....ဒီ Documentary အ​ခြေခံရိုက်ကူးထားတဲ့ မှုခင်းဖြစ်ရပ်မှန်ဟာ ၂၀၁၈ခုနှစ်အတွင်း အိန္ဒိယနိုင်ငံတစ်ခုလုံး ...
7.6
TMDb: 7.6/10 14 votes
tv

House of Secrets: The Burari Deaths (2021)

2021
Rebirth For You ( 2021 ) Complete
Rebirth For You ( 2021 ) Complete အားလုံး​ မျှော်နေတဲ့ထိပ်တန်းမင်းသား zeng shun xiနဲ့ မင်းသမီး Ju Jingyi တို့ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးလာပါပြီဒီကားလေးဟာတရုတ်နိုင်ငံရဲ့နာမည်ကျော် စာရေးဆရာမ ကျေးကျေးရဲ့ဝတ္ထုကိုရိုက်ကူးထားတာပါဇာတ်လမ်းကတော့ ငယ်ကတည်းကနန်းတွင်းမှာအပူအပင်ကင်းစွာကြီးပြင်းလာတဲ့ မင်းသမီး ကျန်းပေါင်နင်ဟာ နန်းတွင်းမှာမလွတ်လပ်တာကိုခံစားမိပြီး နန်းတွင်းထဲမှာကြိုးဆွဲရ ကရတဲ့နယ်ရုပ်လေးမဖြစ်ချင်စိတ်တွေများပြားလာပါတယ်...စက်မှုလက်နက်တွေကိုတီထွင်ရာမှာဝါသနာပါတဲ့သူမဟာတိုင်းပြည်ရေးရာမှာဘယ်လို ပါဝင်လာမှာလဲ..တစ်ဖက်မှာလဲ တပ်သားမျိုးရိုးကဆင်းသက်လာတဲ့လီချန်းဟာ လျို့ဝှက်ချက်တစ်ခုကိုဖော်ထုတ်ဖို့နန်းတွင်းမှာ ရာထူးကြီးကြီးရနိုင်ဖို့ကြိုးစားပါတော့တယ်..အမူအကျင့်ချင်းမတူတဲ့သူတို့နှစ်ယောက်ဟာမထင်မှတ်စွာတွေ့ဆုံကြရင်းသံယောဇဥ်တွေဖြစ်လာပါတယ်..ကိုယ့်ရဲ့ကံကြမ္မာပြောင်းလဲနိုင်ဖို့ အတူကြိုးစားရင်း ချစ်ရတဲသူနဲ့ပေါင်းစည်းနိုင်ဖို့ဘယ်လိုတွေ လုပ်ဆောင်ကြမလဲဆိုတာ...အဆင့်အတန်းချင်းကွာခြားလှတဲ့သူတို့နှစ်ယောက်အပြန်အလှန်ချစ်ကြိုက်မိရင်း ဘယ်လိုတွေကာကွယ်ပေးကြမလဲဆိုတာ ..ဆက်လက်စောင့်ကြည့်ပါ Quality : WEB-DL 720pFormat : mp4Genres : Drama , Romance , Fantasty , HistorySubtitle : Myanmar Subtitle ( Hardsub )Translated By CCF & F&E TeamEncoded By LK  Episode 1 Yoteshin / MegaUp / Usersdrive / Meganz / ...

Rebirth For You ( 2021 ) Complete

2021
Hellbound (2021) 10
Hellbound (2021) Hellbound (2021)အားလုံးမျှော်လင့်နေကြတဲ့ Hellbound ကတော့ ထွက်ရှိလို့လာပါပြီHellbound ဆိုတာ ဘယ်လိုဇာတ်လမ်းမျိုးလဲ??Webtoon ကို အခြေခံထားပြီး နာမည်ကြီး Train to Busan ရုပ်ရှင်ရဲ့ ဒါရိုက်တာ ကိုယ်တိုင် ရိုက်ကူးပုံဖော်ပေးထားတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ် ဒါရိုက်တာတင် နာမည်ကြီးရုံမကပါဘူး Yoo Ah In,Woo jin A,Kim Hyun Joo စတဲ့ နာမည်ကြီးမင်းသားမင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတာမလို့ ပရိတ်သတ်အားလုံး အကြိုက်တွေ့စေမှာ သေချာပါတယ်"မင်းမကြာခင်သေဆုံးတော့မယ်" ဆိုတဲ့ စကားကိုကြားမိရင် တုန်လှုပ်မိမှာလား ဒါမှမဟုတ် မဖြစ်နိုင်တဲ့ ပေါက်ကရစကားတွေကို နားကြားမှားတာလို့ ထင်မိကြမှာလား????ဒီဇာတ်လမ်းလေးမှာတော့ လူတွေဟာ သူတို့သေဆုံးတော့မယ်ဆိုရင် ကြိုတင်နိမိတ်ပြတဲ့အနေနဲ့ "မင်းမကြာခင်သေဆုံးတော့မယ်"ဆိုတဲ့စကားကို ကြားရလေ့ရှိပါတယ် အဲ့လိုကြားပြီး သေဆုံးမဲ့အချိန်မှာမှ ငရဲသားတမန်တော်က သူတို့ရှေ့မှာပေါ်လာပြီးတော့ သူတို့ကိုသတ်ပစ်တာပါဇာတ်ကောင်တွေကို မိတ်ဆက်ကြည့်ရအောင်...Jung Jin Soo ကတော့ ဘာသာရေးအသင်းအဖွဲ့ အသစ် Saejinrihwe ရဲ့ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ် သူက ဒီငရဲသားတမန်တော်တွေက ငရဲကလာတဲ့အကြောင်း ဘုရားသခင်ရဲ့တည်ရှိမှုကိုဖော်ပြတဲ့အကြောင်း စတဲ့ ဘာသာရေးအယူဝါဒတွေကို ဟောပြောတဲ့သူပါJin Soo ...
10
TMDb: 10/10 1 votes
tv

Hellbound (2021)

2021
Cowboy Bebop Season 1 (2021) 7.3
Cowboy Bebop Season 1 (2021) တစ်ချိန်ကနာမည်ကြီးခဲ့တဲ့ classic anime ကြီးကို အခြေခံထားတဲ့ အမိုက်စားစီးရီးဖြစ်ပါတယ်။ အနာဂတ်ခေတ် sci-fi အမျိုးအစားကိုမှ ရှေးခေတ်အငွေ့အသက်တွေနဲ့ ရောနှောထားပြီး anime တုန်းအတိုင်းပဲ jazz ဂီတစတိုင်နောက်ခံတီးလုံးတွေနဲ့ ကြည့်ရတာထူးခြားနေမှာပါ။ ​ဆုငွေထုတ်ထားတဲ့ ရာဇဝတ်သားတွေကို လိုက်ဖမ်းကြတဲ့ အာကာသကောင်းဘွိုင် စပိုက်ခ်စပီဂယ်နဲ့ ဂျတ်တို့ဟာ Bebop ဆိုတဲ့ယာဥ်ပျံနဲ့ အာကာသအနှံ့လူဆိုးလိုက်ဖမ်းရင် း ကြုံရတဲ့စွန့်စားခန်းတွေကို အထူးပြုလုပ်ချက်တွေ ပီပီပြင်ပြင် ရိုက်ချက်အမိုက်စားတွေနဲ့ပြန်တွေ့ရမှာပါ။ စပိုက်ခ်တို့ဟာ ဂျတ်ရဲ့သူငယ်ချင်းပေးတဲ့ အလုပ်တစ်ခုကိုလက်ခံလိုက်ရာမှာ သာမန်လူဆိုးဖမ်းအလုပ်ကနေ စပိုက်ခ်ရှောင်တိမ်းနေခဲ့တဲ့ အတိတ်ကအရိပ်မည်းကြီးနဲ့ ပတ်သတ်လာတဲ့အခါ အတိတ်ကိုပြန်ရင်ဆိုင်ဖို့ဖြစ်လာပါပြီ။ အရင်anime ကို မကြည့်ရသေးတဲ့သူတွေရေ ာ ကြည့်ဖူးတဲ့သူတွေအတွက်ပါ ကျေနပ်စေမယ့် anime live action ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ်။ Translated by Pyi T Nyein, MTA, Yoon Sandi Aung, Thaung Hitke Zaw Encoded by Mr. Anderson Genre - Action, Adventure, Sci-fi Fantasy Episode 1 VIP / Yoteshin / Megaup / Usersdrive/ Meganz /  ...
7.3
TMDb: 7.3/10 3 votes
tv

Cowboy Bebop Season 1 (2021)

2021
Dan Brown’s The Lost Symbol (2021) 8.4
Dan Brown’s The Lost Symbol (2021) Dan Brown's The Lost Symbol (2021)IMDb - 7.3/10မင်းသားကြီး Tom Hanks ရဲ့ The Davinci's Code တို့ Angels and demons တို့ကိုကြည့်ဖူးကြရင် ဒီကားနာမည်နဲ့ မစိမ်းလောက်ပါဘူး။အနောက်တိုင်းဘာသာရေးဂိုဏ်းတွေရဲ့ ပဟေဠိတွေ ဖြေရှင်းတာကို အသက်ရှူဖို့မေ့လောက်အောင် စိတ်ဝင်တစားကြည့်ခဲ့ရပါတယ်။ဒီစီးရီးဟာလည်း အဲ့ဇာတ်လမ်းတွေရဲ့အဆက်ဖြစ်ပြီး သရုပ်ဆောင်တွေပဲပြောင်းသွားတာပါ။စာရေးဆရာ Dan Brown ရဲ့ဝတ္ထုတွေထဲက The Lost Symbol ကို အခြေခံပြီး ရိုက်ကူးထားပဲ ဖြစ်ပါတယ်။ ပရော်ဖက်ဆာရောဘတ်လန်ဒန်ဟာ ဟားဗက်တက္ကသိုလ်မှာ သင်္ကေတဘာသာရပ်ကို သင်ကြားနေသူဖြစ်ပြီး ဘာသာရေးကိစ္စတွေကို ရင်းနီးကျွမ်းဝင်သူပါ။ တစ်နေ့မှာလူစိမ်းတစ်ယောက်ဟာ သူ့ဆရာပီတာကိုပြန်ပေးဆွဲထားကြောင်း ဖုန်းဆက်လာပြီး လျှို့ဝှက်ဝင်ပေါက်တစ်ခုကိုရှာပေးဖို့ ခြိမ်းခြောက်ကာ သဲလွန်စတွေပေးသွားပါတယ်။ဆရာဖြစ်သူကိုကယ်ဖို့ ရောဘတ်ရဲ့ပဟေဠိဝှက်စာဖော်စကေးတွေနဲ့ စွန့်စားအ​ဖြေရှာပုံတွေကို စိတ်ဝင်တစားကြည့်ကြရမှာဖြစ်ပါတယ်။Dan Brown စာအုပ်တွေရဲ့ အရင်ဇာတ်လမ်းတွေကိုကြည့်ဖူးတဲ့သူတွေကတော့ သေချာပေါက်ကြည့်သင့်တဲ့စီးရီးဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ် ပဟေဠိအမျိုးအစားတွေကြိုက်ကြရင်လည်း လုံးဝလက်လွှတ်မခံဖို့ပြောချင်ပါတယ်။အပတ်စဉ် ကြာသပတေးနေ့တိုင်း တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Pyi Ti Nyein က ရေးသားပေးထားပြီးတော့ဘာသာပြန်ထားတာကတော့ Pyi Ti Nyein နဲ့ Jerrica ပဲ ဖြစ်ပါတယ်။Quality…. 1080p File ...
8.4
TMDb: 8.4/10 7 votes
tv

Dan Brown’s The Lost Symbol (2021)

2021