Channel Myanmar

2021

Midnight Mass(2021) 8
Midnight Mass(2021) Midnight Mass(2021) ဇာတ်လမ်းတွဲအညွှန်း***********************************IMDb...8.0အပိုင်းသစ်( ၁ မှ ၇) ထိ စ/ဆုံးThe Haunting of Hill House , Doctor Sleep နဲ့  Gerald's Game တို့လိုအမိုက်စား Horror တွေရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Mike Flanagan ရဲ့  စီးရီးသစ်လာပါပြီဗျာ...လူဦးရေထူထပ်ပြီး ငါးဖမ်းလုပ်ငန်းဖြင့်အသက်မွေးကြသော ခရော့ကတ်ကျွန်းလေးမှာထူးဆန်းတဲ့အရာတွေဖြစ်လို့လာပါတယ်...မြို့ထဲကို ပေါလ် ဆိုတဲ့သင်းအုပ်ဆရာတစ်ဦးရောက်လာပြီးနောက်မှာ ပုံမှန်မဟုတ်တဲ့အရာတွေစတင်ဖြစ်ပေါ်လာပါတယ်...ပြင်းထန်တဲ့မုန်တိုင်းတစ်ခုနှင့်အတူ ကမ်းခြေတွင်ကြောင်သေအလောင်းများ ပျံ့ကျဲကာတင်ကျန်လျက်ရှိကာဘာကြောင့်သေနေရတယ်မသိခဲ့ရ........ ရိုင်လီတစ်ယောက် ပြူတင်းပေါက်ကနေလှမ်းမြင်လိုက်ရတဲ့ လေတွေမိုးတွေကြားမှစစ်မိုးကာနဲ့လူကြီးတစ်ဦး..... ရိုင့်လီရဲ့ညီလေးတွေ့လိုက်ရတဲ့ အမှောင်ထဲကမျက်လုံးဝင်းဝင်းကြီးတစ်စုံ......မြို့နယ်ဆရာဝန်မလေးရဲ့ မိခင်အိုကြီးလည်းမူမမှန်ဖြစ်လာတယ် ဒါတွေဟာစိတ်ထင်နေတာတွေလား ....ဘာအကြောင်းကြောင့်ဖြစ်လာတာလဲဆိုတာကို Supernatural horror ဆန်ဆန် Mystery ဆန်ဆန်ကြည့်ရှုခံစားရမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်.....  Episodes  : 7 Quality : NFWeb-dl 720p Format…mp4 Duration…00:55:00 Genre : Horror, Mystery , Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
8
TMDb: 8/10 1 votes
tv

Midnight Mass(2021)

2021
Forever and Ever ( 2021 ) Complete
Forever and Ever ( 2021 ) Complete One and only မှာ ကံကြမ္မာရဲ့ လှည့်စားမှုကြောင့် ရှင်လည်းဘယ်လိုနည်းနဲ့မညားတဲ့အပြင် ရက်ရက်စက်စက် သေကွဲကွဲခဲ့ရတဲ့ ရှီယိနဲ့ ကျိုးရှန်ချန် တိုဒုတိယဘဝမှာ ဘယ်လိုတွေ အတိုးချရိုပြီး ဘယ်လိုတွေ ချစ်ပြတတ်ကြင်နာတတ်တယ်ဆိုတာ စောင်ကိုက်ရင်းကြည့်ရမယ့်romance ဒရာမာလေးကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်။Oath of love က ပြမယ့်ရက် နောက်ရွေ့ထားတော့ သူ့အစားဒီအရိုတစ်လိုင်းလေးကြည့်ပြီး ဖြေသိမ့်ကြတာပေါ့...ဇာတ်လမ်းအကျဉ်းလေး ပြောပြရရင်တော့ချစ်စရာကောင်းပြီး ရိုးရိုးအေးအေး အသံနောက်ခံသရုပ်ဆောင်ရှီယိလေးက သွေးအေးပြီး မချစ်တတ်ဘူးထင်ရလောက်တဲ့chemistry ပရော်ဖက်ဆာကျိုးရှန်ချန်နဲ့ လေဆိပ်မှာအမှတ်မထင်ဆုံတွေ့ရာကနေ အတိတ်ဘဝက ရေစက်ကြောင့်မြင်လျှင်မြင်ချင်း စိတ်ဝင်စားခဲ့ရာကနေ တစ်ဖြည်းဖြည်းတစ်ယောက်အကြောင်းတစ်ယောက် နားလည်လာပြီးအဆင့်တွေ ဖြည်းဖြည်းချင်းတက်ကာ ထာဝရရွှေလက်တွဲကြလေသတည်းပေါ့...One and only မှာ ငိုခဲ့ရသမျှ ဒီမှာ မကျေပွဲ စောင်ပြန်ကိုက်ရမယ့်အရိုတစ်လိုင်းမို အရိုလေးတွေကြည့်ပြီး စိတ်ဖိစီးမှုတွေဖြေလျှော့ချင်သူတွေအတွက် မကြည့်လိုက်ရလိုနောင်တရနိုင်တဲ့ ဇာတ်ကားလေးမို ကြည့်ဖြစ်အောင် ကြည့်လိုက်ကြနော်.. Quality : WEB-DL 720pFormat : mp4During : 45min ...

Forever and Ever ( 2021 ) Complete

2021
Jaguar (2021) 7.0
Jaguar (2021) Jaguar (2021)============IMDb Rating - 7.0/10Netflix ကနေ 22 Sept 2021 မှာထွက်ရှိလာတဲ့ အသစ်စက်စက် စပိန်စီးရီးအလန်းစားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒုတိယကမ္ဘာစစ်အပြီး ၁၉၆၀ ခုနှစ်တွေမှာ စပိန်နိုင်ငံဟာ နာဇီစစ်ဆေးရေးစခန်းကနေ အသက်ရှင်လွတ်မြောက်လာသူတွေရဲ့ ခိုလှုံရာတိုင်းပြည်တစ်ခုပါ။ဒီလိုလွတ်မြောက်လာသူတွေထဲမှာ အစ်စဘယ်ဆိုတဲ့ ကောင်မလေးလည်းပါဝင်လာတယ်။ အစ်စဘယ်က သူငယ်စဉ်ကသူ့အဖေကို သတ်ဖြတ်ခဲ့တဲ့ နာဇီအရှာရှိတစ်ယောက်နောက်ကို လက်စားချေဖို့ လိုက်နေတာပေါ့။ အဲ့ဒီအရာရှိဟာလည်းဥရောပတစ်ခွင်မှာ အန္တရာယ်အရှိဆုံးပုဂ္ဂိုလ်လို့ သတ်မှတ်ခံထားရတော့ အစ်စဘယ်တစ်ယောက် လွယ်လွယ်နဲ့ ခြေရာခံလို့မရခဲ့ဘူး။ ဒီလိုနဲ့ အစ်စဘယ်ဟာ မမြင်နိုင်တဲ့အန္တရာယ်တွေကြားတိုးဝင်ရင်း သူနဲ့ရည်မှန်းချက်တူတဲ့ အဖွဲ့အစည်းတစ်ခုနဲ့ပေါင်းစည်းမိသွားရာကနေ . တကယ့်ရက်စက်ယုတ်မာလွန်းလှတဲ့ နာဇီအရာရှိဟောင်းများကို လက်စားချေဖို့ ကြိုးပမ်းကြတာကိုရိုက်ကူးထားတဲ့ အက်ရှင်စီးရီး​လေးပါ။အပိုင်း (၆) ပိုင်းပါဝင်ပြီး အက်ရှင်ကြမ်းကြမ်းရမ်းရမ်းများကို ကြည့်ရှုခံစားရမှာဖြစ်လို့ လက်မလွှတ်ကြဖို့တိုက်တွန်းချင်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Thet Hnin Hsu မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ F&R Team မှဖြစ်ပါတယ်။) Quality – 1080p, ...
7.0
TMDb: 7.0/10 2300 votes
tv

Jaguar (2021)

2021
Hospital Playlist Goes Camping (2021) 9
Hospital Playlist Goes Camping (2021) Hospital Playlist Goes Camping (2021)Hospital Playlist နဲ့ Camping ဆိုရင် တွဲမြင်ကြပြီးသား ဖြစ်မှာပါ။Mi Do Fa La Sol အဖွဲ့လေးဟာဆိုရင်လည်း စခန်းချခရီးစဉ် အတူသွားဖြစ်ခဲ့ရာကနေ စတင်လာခဲ့တာပါ။စခန်းချခရီးစဉ် ဆိုတာကတော့ သူငယ်ချင်းတွေ ပျော်ပျော်ပါးပါးနဲ့ တောင်ပေါ်ကို ညအိပ်ညနေ သွားကြတာမျိုးပါ။အခုခေတ် လူမှုဘဝနဲ့ ယှဉ်ရင် စခန်းချခရီးစဉ် သွားတဲ့အချိန်မှာ နှလုံးသားချင်းတွေ ပိုပြီး နီးကပ်နိုင်ကြပါတဘ်။တောကြီးမျက်မည်းထဲမှာ ဖြစ်တဲ့အတွက် စကားပြောမယ့်လူက သွားတဲ့ ခရီးသွားအဖွဲ့တစ်ဖွဲ့ပဲ ဖြစ်မှာပါ။ ဒီတော့ လူမှုကွန်ရက်တို့ ဖုန်းတို့နဲ့ ကင်းဝေးပြီး လူလူချင်း စကားတွေ ဖောင်ဖွဲ့နေအောင် ပြောနိုင်ကြမယ့် အခွင့်အရေးပဲ ဖြစ်ပါတယ်။ရင်းနှီးတဲ့လူတွေ သွားရင်တော့ နှလုံးသားတွေ ပိုလို့ နွေးထွေးရတာပေါ့။ အခင်မင်ဆုံးသူငယ်ချင်းတွေ သွားတဲ့ ခရီးစဉ်ဟာ သံယောဇဉ်ကြိုးတွေကို ပိုလို့ တိုးစေမှာ အမှန်ပါပဲ။ဒီအစီအစဉ်လေးကတော့ နွေးထွေးမှုရှိပြီးသား ဖြစ်တဲ့ Hospital Playlist Squad ထဲက သူငယ်ချင်း ၅ ယောက်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား၊ မင်းသမီးတွေရဲ့ ...
9
TMDb: 9/10 1 votes
tv

Hospital Playlist Goes Camping (2021)

2021
Bangkok Breaking(2021)
Bangkok Breaking(2021) Bangkok Breaking(2021)ထိုင်းဇာတ်လမ်းတွဲအညွှန်း********************************************အပိုင်းသစ်( ၁ မှ ၆ )ထိ စ/ဆုံးဒီဇာတ်ကားလေးကတော့ Netflix ကုမ္ပဏီက ကိုယ်တိုင် ရိုက်ကူးထုတ်လုပ်ထားပြီး လျို့ဝှက်ဆန်းကြယ်တဲ့ ထိုင်းအက်ရှင်ဇာတ်ကားကောင်းတစ်ကောင်းပါ.... အပိုင်းအရေအတွက်အားဖြင့် (၆) ပိုင်းတိတိ တစ်ပြိုင်တည်း ထွက်ထားပါတယ်....Casts:ဝမ်ချိုင် အဖြစ် Weir Sukollawat ကတ် အဖြစ် Aom Susharဇာတ်လမ်းအစမှာတော့ ထူးဆန်းပြီး ကြီးမားလွန်းတဲ့ ကားအက်ဆီးဒင့်တစ်ခုကနေ စခဲ့တာပါ.... နယ်ဘက်ကနေ ဘန်ကောက်ကို အလုပ်လာလုပ်ဖို့ တက်လာတဲ့ ဝမ်ချိုင်တစ်ယောက် ဘန်ကောက်ကို ရောက်ရောက်ချင်း အစ်ကိုဖြစ်သူ လာအကြိုကို ကားမှတ်တိုင်မှာ ‌စောင့်နေခဲ့ပါတော့တယ်... ကတ်ဆိုတဲ့ ကောင်မလေးကတော့ ဘန်ကောက်မှာ သတင်းထောက်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူတစ်ယောက်ပေါ့ အဲ့ဒီအက်ဆီးဒင့်မဖြစ်ပွားမှီ ကတ်တစ်ယောက် သူ့ဦးလေးဖြစ်သူနဲ့ ကုမ္ပဏီစီအီးအိုအသစ် ကြိုဆိုပွဲအတွက် လောလောနဲ့ ကားကို အရှိန်ပြင်းစွာ မောင်းလာခဲ့ပါတယ် တစ်ဖက်မှာလည်း ဝမ်ချိုင့်အစ်ကို ပါလာတဲ့ ကားတစ်စီးဟာ အရှိန်ပြင်းစွာ မောင်းနှင်လာခဲ့ရာ အရှိန်မသတ်နိုင်တော့ပဲ ကြီးမားတဲ့ ကားအက်ဆီးဒင့်တစ်ခုဖြစ်ခဲ့ရပါတော့တယ် ဒါပေမယ့် ထူးခြားတာတစ်ခုက အဲ့ဒီအက်ဆီးဒင့်ဟာ အတွင်းကျကျ လျို့ဝှက်စွာနဲ့ လုပ်ကြံခံလိုက်ရခြင်းပါ.....တရားခံအစစ်ကို လုံးဝရှာမရပဲ ပျောက်ပျက်သွားပါတော့တယ်.. အဲ့နောက်တော့ ဒီလျှို့ဝှပ်ဆန်းကြယ်လှတဲ့တရားခံက ...

Bangkok Breaking(2021)

2021
Nakaab(2021)
Nakaab(2021) Nakaab (2021)စိန်ရွှေကျောက်မျက်ရတနာကိုသာ အကဲခတ်ရလွယ်တော့ လူကဲခတ်ဖို့ကတော့ အင်မတန်ကို ခက်ခဲလှပါတယ်လူဆိုတာ ကိုယ်ချပြချင်တဲ့အရာကိုပဲ ပတ်ဝန်းကျင်ကို ချပြတတ်တဲ့အမျိုးမဟုတ်လားလောကကြီးမှာ ကိုယ့်ရဲ့အခက်အခဲတွေ ဒုက္ခတွေကို ဟန်ဆောင်မျက်နှာဖုံးကိုယ်စီ တပ်ပြီး ဖုံးကွယ်ထားကြတဲ့လူတွေ လက်ညှိုးထိုးမလွဲပါပဲဒီလိုပါပဲ အောင်မြင်ချိန်မှာ အပေါ်ယံ ပြုံးပြနှုတ်ဆက်ပြီး ဖော်ရွေကြပေမဲ့ ကျရှုံးသွားတဲ့အချိန်မှာတော့ သူတို့ရဲ့အဲ့ဒီဟန်​ဆောင်မျက်နှာဖုံးတွေ ကွာကျပြီး အကျည်းတန်မှုတွေကို ထုတ်ဖော်ပြသလာပါလိမ့်မယ်ဒီဇာတ်လမ်းလေးမှာလည်း ဒီလိုပါပဲရဲမေတစ်ဦးဖြစ်တဲ့ အဒီတီ အာမဲဟာ တစ်နေ့မှာတော့ နာမည်ကျော် မင်းသမီး ဗစ်ဟာဒက်တာရဲ့သေဆုံးမှုအကြောင်း စုံစမ်းဖို့ တာဝန်ကျလာခဲ့ပါတယ် .ဗစ်ဟာဒက်တာဆိုတာ ရုပ်ရည် အရည်အချင်းအဘက်ဘက်က ပြည့်စုံပြီး အားလုံးက စံထားနေရတဲ့ နာမည်ကျော်မင်းသမီးပါဒီလိုနဲ့ အဒီတီတစ်ယောက် အမှုစုံစမ်းနေရင်း မင်းသမီး ဗစ်ဟာရဲ့ ကျော်ကြားမှုမျက်နှာဖုံးနောက်ကွယ်က မထင်မှတ်ထားတဲ့ ကြောက်စရာ လျှို့ဝှက်ချက်ကို သိရှိလိုက်ရတဲ့အခါ....??တိုက်ပေါ်က ပြုတ်ကျသေဆုံးခဲ့တဲ့ ဗစ်ဟာရဲ့ သေဆုံးမှုကရော သေကြောင်းကြံစည်တာလား?? မဟုတ်ရင် လုပ်ကြံခံရတာလား??ရဲမေအဒီတီ သူ့ရဲ့ပိုင်ဆိုင်မှု မိသားစု နောက်ဆုံး သူ့ကိုယ်သူပါ စတေးခံပြီး ...

Nakaab(2021)

2021
Too Hot to Handle Season 2 (2021) 10k
Too Hot to Handle Season 2 (2021) Too Hot To Handle Season 2စားဘဲကြီး၊ စားစော်ကြီးတို့ရဲ့ ရီရယ်လတီရှိုးအသစ်ကတော့ အလန်းလေး၁၀ယောက်နဲ့အတူ ပြန်လာပါပြီ။စီစန်၁ ကြည့်ပြီးသားသူတွေကတော့သိကြမှာပါအလွန်ထန်တဲ့ အချောလေးတို့တစ်သိုက် လိင်ကိစ္စပိတ်ပင်ထားတဲ့ အပန်းဖြေစခန်းကြီးမှာမှ စုမိကြတဲ့ရီရယ်လတီရှိုးပါ။ဒီစီစန်၂ မှာပါတဲ့ cast ၁၀ယောက်နဲ့ မိတ်ဆက်ပေးပါရစေ နယူးယောက်က‌မော်ဒယ်လေး မယ်လင်ဒါ ကနေဒါက အကြောတင်းတဲ့အချောလေး ကာလီ လန်ဒန်က ဘဲကြည်စော်လေး အမ်မလီ နယူးဇီလန်က ရှေ့နေမလေး လာရီဆာ ဖိလစ်ပိုင်-အမေရိကန်သူ အဖျော်ဆရာမလေး ကေလာတက္ကဆက်မှာနေတဲ့ အင်္ဂလန်သား stripper နေသန် ဆီရက်တယ်လ်က ဘောလုံးသမားချေ့စ် နယူးပို့တ်က ထရိန်နာကမ် နယူးယောက်က thirst trap tiktoker ပီတာ ပြင်သစ်ချောကလက်အညိုဆင်ကြီး မာဗင် တို့ပဲ ဖြစ်ပါတယ်အားလုံးက social media cele တွေဖြစ်ပြီး အပြင်မှာအခုထိတကယ်တွဲသွားကြတဲ့သူတွေလည်း ရှိတာမို့ စိတ်ဝင်စားစရာ လက်တွေ့ဘဝပြိုင်ပွဲ‌ ရီရယ်လတီရှိုးလေးပါ ကြည့်လိုက်ကြပါဦးReview by - MTAQuality….1080p File size… 700 MB Format…mp4 Duration….40min Subtitle….Myanmar Subtitle (Hardsub) Translator ..... MTA, JoJoVa, Jerrica, Amelia, HWL, Thet ...
10k
TMDb: 10k/10 votes
tv

Too Hot to Handle Season 2 (2021)

2021
The Mind Game(2021)
The Mind Game(2021) The Mind Game(2021)ထိုင်းဇာတ်လမ်းတွဲအညွှန်း******************************************အပိုင်းသစ် (၁ မှ ၁၁)ထိ စ/ဆုံးဝင်္ကပါကစားပွဲထက်ထိုင်အဖြစ် Bank Thiti ခင် အဖြစ် Peak Pattarasayaဇာတ်လမ်းအကျဉ်းစီးပွားရေးလုပ်ငန်းကြီးတစ်စုရဲ့ အမွေဆက်ခံသူဖြစ်သူ ထက်ထိုင်ဟာ သူ့အတွက် အရာအားလုံးဟာ ပန်းခင်းလမ်းပါပဲ..လက်ညှိုးညွှန်ရာ ရေဖြစ်သလိုလက်ဖျောက်တစ်ချက်အတွင်း သူလိုချင်တာ ရနိုင်တဲ့အနေအထားမျိုးပါပဲ..သူ့အပျော်တွေနဲ့ သူဌေးလေးဘဝဟာ ကြာကြာတော့မခံပါဘူး...တစ်နေ့တော့မသမာသူ လူတစ်စုဟာ စနစ်တကျနဲ့ အမှုဆင်ပြီး တရားခံဖြစ်အောင် ထက်ထိုင်ကို ကြံစည်ကြပါတယ်..ဒီ လူယုတ်မာအဖွဲ့ရဲ့ လက်ချက်ကြောင့် ထက်ထိုင်တစ်ယောက် ဖျင်လေးတစ်နေရာစာတောင်ထိုင်လို့မရအောင်ဒုက္ခရောက်ပါတော့တယ်... သက်သေအားလုံးသူ့ကိုပဲ ညွှန်းဆိုနေလို့ ကယ်ဖို့လည်းလူမရှိနဲ့ နောက်ဆုံး ဒီကိစ္စကြီးတစ်ခုလုံးကို တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားပါတော့တယ်... သူ့မှာ တစ်ခြားသူတွေနဲ့မတူတဲ့ထူးခြားစွမ်းအင်လည်းရှိတာကြောင့် ဒီစွမ်းရည်ကိုအသုံးချပြီး ပြဿနာပေါင်းစုံကိုဖြေရှင်းပါတော့တယ်...အချိန်မရွေးအသက်ပျောက်နိုင်တဲ့မသမာသူတွေကြားမှာ သူဘယ်လိုရုန်းထွက်မလဲ...ဝင်္ကပါဆန်ပြီး ရှုပ်ထွေးလွန်းတဲ့ ကစားပွဲထဲကနေ လွတ်မြောက်နိုင်ပါ့မလား? ထိုင်းနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး Aum Patcharapa ရဲ့ နာမည်ကြီး အက်ရှင်ဇာတ်ကားကို ပြန်လည်ရိုက်ကူးထားတာဖြစ်လို့ ဇာတ်လမ်းက လုံးဝကောင်းမွန်နေမှာမလွဲပါ [ဇာတ်လမ်းအညွှန်းကို Mann Mawkunn မှ ရေးသားပေးထားပါတယ်]  Drama: The Mind GameCountry: ThailandEpisodes: 10Genres: Action, Psychological, Romance, SupernaturalTranslated ...

The Mind Game(2021)

2021
Sea of Hope (2021)
Sea of Hope (2021) Sea of Hope (2021)"မျှော်လင့်ခြင်း ပင်လယ်"ပင်လယ် ..... ပင်လယ်ဆိုတာ စိတ်ထွက်ပေါက်ရနိုင်တဲ့ အကောင်းဆုံးနေရာမြို့ပြရဲ့မွန်းကြပ်မှုတွေကနေ ထွက်ပြေးလွတ်မြောက်နိုင်တဲ့နေရာ ..... ရိုးအီနေတဲ့ နေ့စဉ်ဘဝတွေကနေ လွတ်မြောက်ရာနေရာ .....ပင်လယ်လေလေးကို တစ်ဝ ရှူရှိုက်ပြီး အရက်ကောင်းကောင်းလေးတစ်ခွက်ရယ် ..... ငြိမ့်ငြောင်းတဲ့ သံစဉ် ပျော့ပျော့ပျောင်းပျောင်းလေးတွေနဲ့ ဆိုရင် စိတ်ဟာ အနည်းနဲ့အများတော့ သက်သာရာ ရတာပါပဲ။ဒီတော့ နာမည်ကြီး အနုပညာရှင်တွေ ပါဝင်တင်ဆက်ထားတဲ့ ရသစုံရှိုးတစ်ခု ဖြစ်တဲ့ ...... "မျှော်လင့်ခြင်း ပင်လယ်" ဆိုတဲ့ ဘားလေးဆီကို ကျွန်တော်တို့ အလည်တစ်ခေါက် သွားကြရအောင်ပါ။အဲဒီဘားလေးမှာ ဘယ်သူတွေ ရှိမလဲ ဆိုတာကတော့ .....Bartendr အဖြစ် နာမည်ကြီးသရုပ်ဆောင် မင်းသား Lee Dong Wook စားဖိုမှူးအဖြစ် နာမည်ကြီး သရုပ်ဆောင် မင်းသမီး Lee Ji-Ah ပင်လယ်က သက်တော်စောင့် အဖြစ် နာမည်ကြီး သရုပ်ဆောင် မင်းသမီး Kim Go-Eun မုန့်ဖုတ်သမားအဖြစ် နာမည်ကျော် အဆိုတော် တစ်ဦးဖြစ်တဲ့ Shinee ...

Sea of Hope (2021)

2021
Squid Game (2021)
Squid Game (2021) Squid Game (2021)Squid Game ဆိုတာကတော့ ဒေါ်လာ သန်း ၄၀ ဆုကြေးအနေနဲ့ ရရှိမယ့် Survival Game ပဲ ဖြစ်ပါတယ်။ဂီဟွန်းက အလုပ်ထုတ်ခံလိုက်ရပြီးတဲ့နောက်မှာ ဒီဂိမ်းကို ဝင်ကစားဖို့ ဖြစ်လာခဲ့ပါတယ်။ဆန်ဝူးကတော့ ဂီဟွန်းရဲ့ကလေးဘဝကတည်းက သူငယ်ချင်းပါ။ သူလည်း အလုပ်တွေ ဘယ်လောက်ပဲ လုပ်လုပ် လူရာအသွင်းမခံရ အလုပ်မှာ အဆင်မပြေတာတွေနဲ့ ကြုံရတာမို့ သူလည်း ဒီဂိမ်းကို ပြိုင်ပြီး ပိုက်ဆံရှာဖို့ ဖြစ်လာခဲ့ပါတယ်။Squid Game ဆိုတာ ဂီဟွန်း နဲ့ ဆန်ဝူး ကလေးဘဝက အတူတူကစားခဲ့ကြတဲ့ လမ်းပေါ်ကဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ခန္ဓာကိုယ်ကို သုံးပြီး ဆော့ရတဲ့ ကစားနည်းတစ်ခုဖြစ်ပြီးတော့ နောက်ဆုံး အနိုင်ရရှိသူက တစ်ဦးပဲ ရှိမှာပါ။ သူတို့ အခုကစားတဲ့ Survival ဂိမ်းလိုမျိုးပါပဲ။ဒီဂိမ်းကို ဘာလို့ ကင်းမွန်လို့ နာမည်ပေးထားရသလဲဆိုတော့ ဂိမ်းနာမည်အတိုင်း မြေပြင်အနေအထားပေါ်မူတည်ပြီး ပုံစံအမျိုးမျိုး ပြောင်းနေရတဲ့ ကင်းမွန်လိုမျိုး ဖြစ်နေလို့ပါပဲ။Netflix စီးရီးတစ်ခု ဖြစ်ပြီးတော့ R-Rated အဆင့်ရှိတဲ့ စီးရီးတစ်ခုပါ။ သွေးထွက်သံယို အခန်းတွေ ပါတာမို့ အသည်းငယ်သူတွေတော့ ...

Squid Game (2021)

2021
Hospital Playlist Season 2 (2021) 8.8
Hospital Playlist Season 2 (2021) Hospital Playlist Season 2 (2021)Hospital Playlist ဆိုတာနဲ့ ဘာပြေးမြင်မိလဲ?ကျွန်တော်ကတော့ "နွေးထွေးမှု" ပဲ ပြေးမြင်မိတယ်။နွေးထွေးမှုထဲမှာမှ လူသားဆန်တဲ့ နွေးထွေးမှု၊ လူသားဆန်တဲ့ ချစ်ခြင်းတရား။နွေးထွေးမှုဆိုတာ ဘာကို ပြောပါသလဲ?ကိုယ်အဆင်မပြေတဲ့အချိန် ကိုယ်အခက်ကြုံနေချိန်မှာ ကိုယ်နဲ့အတူ ရပ်တည်ပေးတဲ့လူရှိလို့ ရလာတဲ့ ခံစားမှုက နွေးထွေးမှုပါပဲ။ကိုယ်အဆင်ပြေတဲ့အချိန် ကိုယ်အောင်မြင်တဲ့အချိန်မှာ ကိုယ်နဲ့အတူ ပျော်ရွှင်မှုကို မျှဝေခံစားပေးတာက နွေးထွေးမှုပါပဲ။ဘဝ ဆိုတဲ့လမ်းက ကြမ်းပါတယ်။ ကြမ်းတမ်းတဲ့ ဘဝလမ်းမှာ နွေးထွေးမှုလေးတွေနဲ့ လျှောက်လှမ်းရရင်တော့ ဘယ်လောက်ခက်ခဲပါစေ ရင်ဆိုင်နိုင်ကြမှာပါပဲ။သက်ဆုံးတိုင်လျှောက်ရမယ့်ဘဝမှာ နွေးထွေးမှုတွေနဲ့ ကမ်းလင့်ပေးတဲ့ လက်အစုံကို လူတိုင်း လိုချင်ကြတာပေါ့။ဒီလိုကမ်းလင့်တတ်တဲ့ လက်အစုံကို လူတိုင်း မရနိုင်ပါဘူး။ ရတဲ့လူတွေက ကံကောင်းတဲ့လူတွေပါပဲ။လူမှန်ရင် ရုပ်ပိုင်းဆိုင်ရာချည်း ဖွဲ့စည်းထားတာ မဟုတ်တဲ့အတွက် ဘဝဆိုတဲ့ ခရီးလမ်းကို လျှောက်လှမ်းချိန်မှာ စိတ်ဓာတ်ခွန်အား ပြည့်ဝနေဖို့လည်း လိုပါတယ်။ဒီလို စိတ်ဓာတ်ခွန်အားမျိုးကို မေတ္တာတရားကနေပဲ ရနိုင်ပါတယ်။ဒီဇာတ်လမ်းကတော့ သူငယ်ချင်းတွေရဲ့မိသားစုဆန်တဲ့ မေတ္တာတရားမျိုးကို အမွှမ်းတင် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။မေတ္တာတရားက ...
8.8
TMDb: 8.8/10 23 votes
tv

Hospital Playlist Season 2 (2021)

2021
Dug Days (2021) Complete 7.7
Dug Days (2021) Complete IMDb Rating (8.4)Up 2009 ကာတွန်းဇာတ်ကားထဲက အဘိုးကြီး Carl ရဲ့ ငယ်ချစ် Ellie အပေါ်ထားတဲ့ချစ်မေတ္တာဟာ ခုထိပြောစမှတ်ပြုစရာပဲမလားCarl အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Ed Asner ကတော့ 29-8-2021 လွန်ခဲ့တဲ့လကပဲ ဆုံးသွားခဲ့ပြီ..သူဆုံးသွားပေမယ့် သူ့ဇာတ်ကောင်ရဲ့မေတ္တာတွေက Movie ချစ်သူတွေကြား ထာဝရ ရှင်သန်နေမှာပါ...ဒီစီးရီးလေးမှာ Carl တစ်ယောက် ရေတံခွန်ကခေါ်လာတဲ့ခွေးလေး dug နဲ့အတူအိမ်အသစ်လေးမှာ ဖြတ်သန်းနေတဲ့ ဘဝနေဝင်ချိန်လေးတွေကို တွေ့ရမှာပါဘယ်လောက်ကြာကြာ ချစ်ဇနီး ellie ကို မေ့မရခဲ့တဲ့ Carl အတွက်စကားပြောတတ်တဲ့ ခွေးလေး Carl ဟာ ဘဝအဖော်မွန်ပါပဲမေတ္တာတရားဆိုတာ ရောင်ပြန်ဟပ်ပါတယ်ဆိုတာ Disney ထုံးစံအတိုင်းပါးပါးလေး ပြပေးဦးမှာပါကိုယ့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ သစ္စာရှိပုံတွေ ပတ်ဝန်းကျင်က တိရိစ္ဆာန်လေးတွေကို ကြင်နာသနားသင့်တာတွေသံယောဇဉ် မေတ္တာတရားကို တိုတိုနဲ့ ထိထိမိမိဖော်ပြထားတဲ့ ဒီစီးရီးဟာခံစားတတ်သူတွေ အတွက် မျက်ရည်ဝဲ‌လောက်စရာဇာတ်ဝင်ခန်းတွေ..ကြောင်နဲ့ကြွက်ကားထဲကလို ခွေးလေး Dug ...
7.7
TMDb: 7.7/10 104 votes
tv

Dug Days (2021) Complete

2021
Blue Birthday (2021)
Blue Birthday (2021) Blue Birthday [2021]အားလုံးအတွက် မွေးနေ့ဆိုတာကတော့ ပျော်ရွှင်စရာတွေ ၊ ဝမ်းသာစရာတွေနဲ့ ပြည့်နှက်နေစမြဲပါ...ဒါပေမယ့်...၁၈ နှစ်ပြည့်မွေးနေ့မှာ ချစ်ရသူကို ဖွင့်ပြောဖို့ပြင်ဆင်ထားတဲ့ အိုဟာရင်း (Yeri) ဆိုတဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက်သူမရဲ့မွေးနေ့မှာပဲ ချစ်ရတဲ့သူ ဂျီဆောဂျွန်း (Hongseok) က ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါတယ်။အချိန်တွေကြာလာပေမယ့် အချစ်ဦးကိုအမြဲ တမ်းတရင်းနဲ့ တစ်နေ့မှာတော့ အချစ်ဦးသိမ်းထားခဲ့တဲ့ ဓာတ်ပုံတွေကိုတွေ့ရှိသွားပြီးလွန်ခဲ့တဲ့ဆယ်နှစ်တာအချိန်ကိုပြန်ရောက်သွားခဲ့ပါတော့တယ်။အတိတ်ကိုပြန်ရောက်ရှိသွားတဲ့ အိုဟာရင်း တစ်ယောက် ဆောဂျွန်း ဘာကြောင့် အဆုံးစီရင်သွားရတယ်ဆိုတာကို ရှာဖွေရင်းအဆုံးစီရင်တာကို တားနိုင်မလား?Red Velvet အဖွဲ့ဝင် Yeri လေးနဲ့ PENTAGON အဖွဲ့ဝင် Hongseok တို့ရဲ့ fantasy romance ကားလေးကိုအပတ်စဥ်သောကြာနဲ့စနေနေ့တိုင်း Channel Myanmar မှာခံစားကြည့်ရှုလိုက်ပါဦး ။အညွှန်းကို HAW က ရေးသားပေးထားပြီးတော့ဘာသာပြန်ထားတာကတော့ HAW နဲ့ Amelia ပဲ ဖြစ်ပါတယ်။Encoder - AugustEpisodes: 16 Aired: Jul 23, ...

Blue Birthday (2021)

2021
The Road: The Tragedy of One(2021)
The Road: The Tragedy of One(2021) The Road: The Tragedy of One(2021)ဇာတ်လမ်းတွဲအညွှန်း**************************************************အပိုင်းသစ်(၁ မှ ၁၂)ထိ စ/ဆုံးအချစ်ဇာတ်လမ်းတွေဆက်တိုက်ထွက်လာတဲ့အချိန်မှာ တစ်ချို့ငြီးငွေ့နေတဲ့သူတွေအတွက်ဒီဇာတ်လမ်းတွဲဟာရွှေလို့ပြောလို့ရပါတယ်.. အဓိက သရုပ်ဆောင်တွေရော  ဗီလိန်တွေကိုရော တကယ့်အထင်ကရတွေချည်းသုံးထားတဲ့ဒီစီးရီး အပိုင်း(၁)မှာတင်တော်တော် ကြမ်းတယ်ပြောရမှာပဲ..." Royal Hill '' ဆိုတာကတော့ ကိုရီးယားရဲ့ထိပ်တန်းအကျဆုံးလူကုံထံ ၁ ရာခိုင်နှုန်းမျှသာနေထိုင်နိုင်တဲ့အဆင့်အတန်းမြင့်အိမ်ရာတစ်ခုပေါ့.....စီးပွားရေးဘက်ပိုင်းမှာလည်း အရေးပါကြသလို အစိုးရပိုင်းနဲ့ ဉပဒေဘက်ပိုင်းမှာပါလွှမ်းမိုးရှိလေတော့ ဒီအိမ်ရာကလူတွေကို တော်ရုံမထိရဲကြဘူးပေါ့...အိမ်ပိုင်ရှင်တွေကလည်း  လိုချင်တာဘာမဆိုရအောင်ဖန်တီးနိုင်ကြပြီးပြဿနာအားလုံးကို လက်ဖျောက်တစ်ချက်အတွင်းဖြေရှင်းနိုင်တဲ့ ထက်မြက်ပါးနပ်တဲ့ မြေခွေးလိုလူတွေပါပဲ...အားလုံးလက်ရှောင်နေကြတဲ့ ဒီအိမ်ရာကလူတွေကို တစ်နေ့တော့ နာမည်ကြီးသတင်းဌါနလူတစ်ယောက်ကသူတို့နောက်ကွယ်ကလုပ်ရပ်အချို့က ဖော်ထုတ်ပြီးတစ်နိုင်ငံလုံးသိအောင် စကြေငြာလိုက်တယ်...ပြောရရင် တစ်ယောက်ထဲနဲ့ အကောင်ကြီးကြီးတွေကိုစိန်ခေါ်လိုက်တာပါပဲ....ရိုက်ချက်တွေလည်းအတော်လန်းပါတယ်...တမူထူးတဲ့မှုခင်းဇာတ်လမ်းတွဲဖြစ်လို့ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့အတော်စိတ်ဝင်စားစရာပါပဲ...စောင့်မျှော်ကြည့်ရှုကြရအောင်ဗျို့... Episodes-12Air Date-Aug 4, 2021 - Sep 9, 2021Aired On: Wednesday, ThursdayGenres: Thriller, Mystery, Crime, DramaTranslated by lwin Lwin Aung, Ichika Satoru,Hnin Wut Yi& Shoon Thu ...

The Road: The Tragedy of One(2021)

2021
The Yearbook (2021)
The Yearbook (2021) The Yearbook (2021)Yearbook လို့ ခေါ်တဲ့ "တစ်နှစ်တာမှတ်စု" စာအုပ်ထဲက သူငယ်ချင်းတွေကို မှတ်မိကြပါရဲ့လား?????ဒီဇာတ်လမ်းကတော့ ဒီစာအုပ်လေးကို အခြေခံထားတဲ့ ၂၀၀၀ ခုနှစ် အစောပိုင်းကာလများဆီကို ပြန်လည်ခေါ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။"ရေးပေးပါ" ဆိုတဲ့ စာအုပ်ကို မှတ်မိကြပါသလား?ဒီကားကြည့်ရင်း အဲဒီစာအုပ်ပိုင်ဆိုင်ဖူးတဲ့လူတွေဆိုရင် တသသနဲ့ ဖြစ်နေမှာ အမှန်ပါပဲ။ဒီဇာတ်လမ်းကတော့ ဖော့ဘ် နဲ့ နတ် ဆိုတဲ့ သူငယ်ချင်းနှစ်ယောက် သူတို့ရဲ့စိတ်ကူးအိပ်မက်တွေကို အတူတူ ဖော်ဆောင်ကြရင်း ဖြစ်ပေါ်လာခဲ့ကြတဲ့ နက်ရှိုင်းတဲ့ သံယောဇဉ်ကို ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ကံဆိုးတာကတော့ တစ်ယောက်သောသူက ကတိမတည်ခဲ့ပါဘူး။ဒီဖြစ်ရပ်ကြောင့် သူတို့ကြားမှာ နာကျင်မှုသာ ကြွင်းကျန်ခဲ့ရပါတယ်။နောက်ဆုံးမှာ သူတို့တွေ ကွဲကွာခဲ့ကြပြီး ၄ နှစ် အကြာမှာတော့ ..... အမှန်တရားတချို့နဲ့အတူ တစ်နှစ်တာမှတ်စု စာအုပ်ကနေ သူငယ်ချင်းတစ်ယောက်ကို ပြန်လည်ခေါ်ဆောင်လာမှာပဲ ဖြစ်ပါတယ်။အဆုံးသတ်မှာ သူတို့ရဲ့ခင်မင်မှု တွေ ပြန်ရလာမလား? အိပ်မက်တွေ အကောင်အထည် ပေါ်လာကြမှာလား ဆိုတာကိုတော့တစ်နှစ်တာမှတ်စု စာအုပ်ရဲ့ အမှတ်တရတွေနဲ့ အတူတူ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။အညွှန်းကို August ...

The Yearbook (2021)

2021
Check Out the Event(2021)
Check Out the Event(2021) Check Out the Event(2021)ဇာတ်လမ်းတွဲအညွှန်း*****************************************အပိုင်းသစ်( ၁ မှ ၄)ထိ စ/ဆုံးဟာဆွန်းရီဆိုတဲ့ တက်တက်ကြွကြွနေတတ်တဲ့ကောင်မလေးဟာပတ်ဒိုဂယွန်းလို့ခေါ်တဲ့ ကောင်လေးနဲ့ အရမ်းချစ်တဲ့ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။သို့သော်လည်း ပတ်ဒိုဂယွန်းဘက်က လမ်းခွဲ ကြဖို့ဆုံးဖြတ်လိုက်ပါတယ်....တစ်ဖက်သတ်ထားခဲ့ခံရလို့ အသဲကွဲနေတဲ့အချိန်မှာပဲ ဟာဆွန်းရီဟာ လွန်ခဲ့တဲ့ ၂လကလျှောက်ထားခဲ့တဲ့ စုံတွဲခရီးသွားခွင့်လက်မှတ်ကို မဲထပေါက်ပါတော့တယ်။ရည်းစားဟောင်းကို စိတ်မ​ပြတ်နိုင်သေးတဲ့ ဟာဆွန်းရီက ပတ်ဒိုဂယွန်းနဲ့ဆက်တွဲနေသေးသလို ဟန်ဆောင်ပြီး ခရီးသွားကြဖို့ စီစဥ်ပါတော့တယ်။ခရီးမှာ ဆောဂျီဂန်းဆိုတဲ့ ကောင်လေးကလည်း သူတို့အတွဲရဲ့ ခရီးသွားလမ်းညွှန်အဖြစ်ပါလာခဲ့ပါတယ်။ဆောဂျီဂန်းက ဟာဆွန်းရီကို တဖြည်းဖြည်း စိတ်ဝင်စားလာတဲ့အခါမှာဟာဆွန်းရီကဘယ်လိုတုန့်ပြန်မလဲ။ပတ်ဒိုဂယွန်းကရော သဝန်တိုစိတ်နဲ့ ဟာဆွန်းရီဆီပြန်လာမလားဆိုတာကိုစိတ်ဝင်စားဖို့ကောင်းစွာ ကြည့်ရှူရမဲ့ ၃ပွင့်ဆိုင်ဇာတ်လမ်းလေးဖြစ်ပါတယ်။  Episodes: 4Aired: Aug 14, 2021 - Sep 4, 2021Aired On: Monday, Tuesday, Wednesday, Thursday, FridayGenres: Romance, Youth, Drama, MelodramaTranslated by  Myat Thet  & Mi Moe SetEncoded by  ...

Check Out the Event(2021)

2021
Love Under the Moonlight(2021)
Love Under the Moonlight(2021) Love Under the Moonlight(2021) ဇာတ်လမ်းတွဲအညွှန်း*****************************************အပိုင်းသစ်(၁ မှ ၁၅)ထိ စ/ဆုံး"လရောင်အောက်ကချစ်ဦးငယ်"Ice Preechayaဆိုတဲ့ မင်းသမီးကို နာမည်ရင်း သာမသိရင် မသိကြမယ်.....I Fine..Thank You..Love You  ထဲမှာယောင်္ယျားလေးပရိတ်သတ်တွေကိုတင်မက မိန်းကလေးပရိတ်သတ်တွေကိုပါဆွဲဆောင်နိုင်ခဲ့တဲ့ အင်္ဂလိပ်ဆရာမလေးဆိုရင်တော့ အတော်များများသိကြမှာပါ... သူ့ရဲ့ စီးရီးအသစ်လေးထွက်လို့လာပါပြီ....ထတ် / နတ်ချာ အဖြစ် Ken Theeradethမယ့်အင် / ဂျန် အဖြစ် Ice Preechaya ချစ်ရသူ ကောင်မလေးကို တစ်ဘဝလုံးစာ စောင့်မျှော်လာခဲ့တဲ့ နတ်ချာတစ်ယောက် ၂၁ ရာစုမှာ သူချစ်ရတဲ့ မိန်းကလေး မယ့်အင်နဲ့ရုပ်ချင်းချွတ်စွတ်တူတဲ့ ဂျန်ဆိုတဲ့ ကောင်မလေးတစ်ယောက်ကို တိုက်ဆိုင်စွာနဲ့ ဆုံတွေ့ခဲ့ပါတော့တယ် ....နတ်ချာတစ်ယောက် ဂျန်ဆိုတဲ့ ကောင်မလေးကို မယ့်အင် လူပြန်ဝင်စားလာတာဟု ကောက်ချက်ချပြီး အရင်ကြာညောင်းလေပြီးသော ခေတ်တစ်ခုက သူတို့နှစ်ဦး ဆက်ဆံရေးကို ဂျန့်ကို ပြန်မှတ်မိအောင် ...

Love Under the Moonlight(2021)

2021
Reuan Rom Ngiw (2021)
Reuan Rom Ngiw (2021) Reuan Rom Ngiw-ရန်ငြိုးမပျယ်သောစံအိမ်( (2021)ထိုင်းဇာတ်လမ်းတွဲအညွှန်း*****************************************************************အပိုင်းသစ်(၁ မှ ၂၇ ထိ)စ/ဆုံးမာလိုင် အဖြစ် Pinky Savika ဒတ် အဖြစ် Golf Anuwat လွမ် အဖြစ် Aun Witayaတိတ်ဆိတ်တဲ့ညမှာ သူခိုးဓားပြအဖွဲ့ဟာအမှောင်ကိုအခွင့်ကောင်းယူပြီး လူသူအစောင့်ကင်းမဲ့တဲ့စံအိမ်ကြီးတစ်ခုထဲကို ဝင်လာကြတယ်...အံအားသင့်စရာကောင်းတာက အစောင့်မရှိ လူမရှိတာတောင်မှ စံအိမ်တော်ကြီးထဲမှာအဖိုးတန်ပစ္စည်းတွေ တစ်ခုတစ်လေတောင်မပျောက်ဘဲတည်ရှိနေတာပါပဲ...သူခိုးတွေအတွက် ပွပေါက်ပေါ့...တန်ဘိုးကြီးတဲ့ရွှေကလပ်တွေ လက်ဝတ်ရတနာတွေယူနေတုန်းမှာပဲ ဗြုန်းဆိုမျက်နှာကျက်နဲ့ နံရံမှာ သွေးကွက်တွေပေါ်လာတယ်...အလွန်ကြောက်စရာကောင်းတဲ့ သရဲမဟာ ဒီစံအိမ်ထဲဝင်ပြီး ပစ္စည်းတွေခိုးတဲ့သူတွေကို ဂုတ်ကိုခွစီးပြီး လည်ပင်းတွေချိုးပစ်လိုက်တယ်....ဘဝခြားနေတာတောင် ဒီသရဲမဟာ လူတွေကိုသတ်ပစ်နိုင်စွမ်း ဝင်ပူးနိုင်စွမ်းရှိတဲ့ အငြိုးကြီးသရဲမဖြစ်ပုံရပါတယ်....တကယ်တော့ဒီခြံကြီးနဲ့အိမ်မှာပိုင်ရှင်တွေရှိပါတယ်...အိမ်ကြီးကိုရောင်းချင်ပေမဲ့ သရဲကြမ်းတဲ့အတွက်ကြောင့် ရောင်းဖို့ခက်ခဲနေတာကြောင့်အတော်ဆုံးအောက်လမ်းဆရာကိုပင့်ဖိတ်ပြီး သရဲမကိုနှိမ်နှင်းဖို့ကြိုးစားပါတယ်....သရဲမဟာ ပရိတ်ကြိုးလိုအရာမျိုးတွေကိုဖြတ်ပစ်တဲ့အပြင်အောက်လမ်းဆရာကိုရော အိမ်ပိုင်ရှင်လင်မယားကိုပါထပ်သတ်ပစ်လိုက်တယ်...အဲ့ဒီနောက်မှာတော့...ဒီကားလေးကတော့ မြန်မာပရိတ်သတ်တွေနဲ့ မစိမ်းလှတဲ့ ထိုင်းနိုင်ငံရဲ့ စီနီယာ မင်းသမီးကြီး Pinky ပါဝင်ထားတဲ့ သရဲကားပါ....ဘယ်လိုအငြိုးအတေးတွေကြောင့် မကျွတ်မလွတ်တဲ့သရဲမဖြစ်လာတာလဲ...ဒီစံအိမ်ကြီးဟာရှေးတုန်းက ဘယ်လိုဇာတ်လမ်းမျိုးတွေရှိခဲ့တာလဲ...သူမကို ဒီလိုဘဝမျိုးတွေဖြစ်အောင်ဘယ်သူတွေကလုပ်ခဲ့တာလဲ...စိတ်ဝင်စားစရာကောင်းလွန်းတဲ့ဒီထိုင်းစီးရီး" ရန်ငြိုးမပျယ်သောစံအိမ် " ကို ခံစားကြည့်လိုက်ပါဉီး.... [ဇာတ်လမ်းအကျဉ်းကို Mann Mawkunn မှ ရေးသားပေးထားပါသည်] Drama: ...

Reuan Rom Ngiw (2021)

2021
Dream of Chang’an (2021) ( Completed )
Dream of Chang’an (2021) ( Completed ) အားလုံးမျှော်လင့်စောင့်စားနေတဲ့ကားလေး လာပါပြီနော်Ratingတွေအများကြီးနဲ့ ပရိတ်သတ်အသည်းကို သိမ်းသွားခဲ့တဲ့ love and redemption လေးကိုမှတ်မိကြတယ်မို့လား ဒီတစ်ခေါက်တော့ CMက ​အဲ့ဒီ ဇာတ်ကားလေးထဲက မင်းသား ယွီစီဖုန်းလေးနဲ့ မင်းသမီးရဲ့အမ ချူလင်းလုံတို့ အတူတွဲဖက်ပြီး ရိုက်ကူးထားတဲ့ကားလေးကို တင်ဆက်ပေးချင်ပါတယ်ဇာတ်ကြောင်းလေးကတော့... ထန်မင်းဆက်ရဲ့ ဝမ်ကျုံးမင်းခေတ်မှာ မိန်းမစိုးတွေဟာ မင်းကြီးထက်ပိုပြီး အာဏာကုန်ရထားကြပါတယ် အဲ့လို့ အာဏာလွှမ်းမိုးနေတာကို ကြည့်မနေနိုင်တဲ့ ဝမ်ကျုံးမင်းကြီးဟာ ဝန်ကြီးဝမ်ယန်နဲ့ ပူးပေါင်းပြီး မိန်းမစိုးခေါင်းဆောင် ချိုဇီလျန်ကို အကွက်ချဖို့စီစဉ်ပါတော့တယ် ဒါပေမဲ့ သူတို့ရဲ့ အကြံအစဉ်ဟာ အကြီးအကျယ်ရှုံးနိမ့်ပြီး ဝန်ကြီး ဝမ်ယန်တို့ အိမ်တော်တစ်ခုလုံးလည်း သေဒဏ်ချမှတ်ခံခဲ့ရပါတယ်ကံကောင်းထောက်မစွာ ဝမ်ယန်ရဲ့ မြေးအမွှာနှစ်ယောက်ကတော့ လွှတ်မြောက်သွားခဲ့ပါတယ် ဒါပေမဲ့လည်း ကံကြမ္မာကမျက်နှာသာမပေးဘဲ ညီအမနှစ်ယောက် ကွဲသွားရှာတော့တယ် သူတို့ညီအစ်မနှစ်ယောက်ထဲက အမကြီး ယွီပင်အာဟာ ဇီယီဌာနက မွေးစားခံခဲ့ရပြီး သွေးကြွေးပြန်ချေဖို့ ယန်ကျီလို့ နာမည်ပြောင်းကာ ချိုရှစ်လျန်ရဲ့ မွေးစားသမီးအဖြစ်ခံယူလိုက်ပါတယ်နောက် ခုနှစ်နှစ်ကြာပြီး မင်းကြီး လီယန် နန်းတတ်လာတဲ့အခါမှာတော့ လီယန်က ဇီယီဌာနကို သုံးပြီး ချိုရှစ်လျန်ကို ဆန့်ကျင်ဖို့ ကြံပါတော့တယ် အဲ့ဒီအချိန်မှာ အမွှာညီအမနှစ်ယောက် ရန်သူအဖြစ်နဲ့ ပြန်တွေ့ကြပြီး ဘယ်လိုကံကြမ္မာဆိုးတွေက ...

Dream of Chang’an (2021) ( Completed )

2021
Dare to Love (2021) 8.0
Dare to Love (2021) တက်သစ်စမင်းသားလေး Peak နဲ့ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်တဲ့ Bella တို့က အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ 💏"မင်းအတွက်ဆိုချစ်ရဲတယ်" 💏ဇာတ်လမ်းတွဲအညွှန်းလေး •••••••••••••••••••••••••••••••••••••••••••••••••• ~ခီယူအဖြစ် Peak ~ရှေ့နေမလေးထိချာကွန်အဖြစ်Bella တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး မြန်မာပရိသတ်တွေနဲ့မစိမ်းတဲ့ ~မင်းသမီး Pinky ကလည်း ခါမီလီယာဆိုတဲ့ ရှေ့နေမလေးတစ်ဦး အနေနဲ့ ဇာတ်ပို့နေရာကနေ ပါဝင်ထားပါသေးတယ် 🥀ခီယူ (Peak) ဟာကျောင်းသားအရွယ်ကတည်းက စီနီယာမမဖြစ်တဲ့ ထိချာကွန် (Bella ) ကို တိတ်တခိုးကြိတ်ချစ်နေတဲ့သူပေါ့💏🥀ဒီလိုနဲ့ အချိန်တွေကြာလာတာနဲ့အမျှ........ ထိချာကွန်လည်းဘွဲ့ရသွားပြီး ထက်လည်းထက်မြက် စမတ်လည်းကျတဲ့ရှေ့နေမလေးတစ်ဦးဖြစ်လာခဲ့တယ်🥀ခီယူကလည်းကျောင်းပြီးသွားတဲ့နောက်..... သူကြိတ်ချစ်ရတဲ့စီနီယာရှေ့နေမမရဲ့ အချစ်ကို ရယူဖို့ ကြိုးစားပါတော့တယ်🥀ဒါ့ကြောင့်မို့ မမနဲ့အနေနီးဖို့ သူပါရှေ့နေပညာကို အပတ်တကုတ်ကြိုးစားလေ့လာတော့တာပေါ့ (အချစ်ကြီးတဲ့မောင်လေး☺️)🥀ရှေ့နေမလေးထိချာကွန်က ခီယူ အပေါ်ခံစားချက်ကောင်းတွေရှိနေပေမယ့်လည်း ခီယူရဲ့အချစ်တွေကိုလက်ခံဖို့ဆိုတာ သူမအတွက် ဒွိဟတွေ ဖြစ်နေခဲ့ရတယ်🥀ဘာလို့ဒွိဟတွေဖြစ်နေရလဲဆိုရင်....... သူမနဲ့အသက်ချင်းကွာတဲ့ခီယူဆီက အချစ်ကို မယုံရဲတာကတစ်ကြောင်းနောက်တစ်ချက်က..... တော်ပြီးအရည်အချင်းပြည့်ဝတဲ့သူတစ်‌ယောက်ကလည်း သူမကိုချဉ်းကပ်နေတာကြောင့်မို့လို့ပါပဲ( ရှေ့နေမလေးထိချာကွန်တော့ ကိုကိုနဲ့မောင်လေးကြားအရွေးရခက်ပြီပေါ့☺️)🥀ဒီလိုဒွိဟတွေဖြစ်နေတဲ့နောက် ရှေ့ဆက်ပြီးတော့ရော...ခီယူက ထိချာကွန်ရဲ့အချစ်တွေရဖို့ဘယ်လိုတွေကြိုးစားမလဲ?မောင်လေးခီယူရဲ့အချစ်ကိုမယုံမကြည်ဖြစ်နေတဲ့ ရှေ့နေမမထိချာကွန်ကရော ? ဘယ်လိုအရာတွေကများ သူမကိုချစ်လာရဲအောင်လုပ်ဆောင်ပေးမလဲဆိုတာ ဇာတ်ကားလေးထဲမှာရင်ခုန်စွာကြည့်ရှုခံစားကြည့်ကြရအောင်ပါနော်🙆ရင်ခုန်စရာကောင်းတဲ့မောင်နဲ့မကြားက ရိုမန်တစ်ဆန်တာတွေအပြင် ရှေ့နေမလေးထိချာကွန်နဲ့ ရှေ့နေမလေးခါမီလီယာတို့ကြား အပြိုင်အဆိုင်တွေကိုလည်း စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်😍ရသစုံလင်မယ့်ဇာတ်လမ်းတွဲကောင်းလေး တစ်ကားဖြစ်တာမို့ လက်မလွတ်ဘဲ စောင့်ကြည့်သင့်ကြောင်း ပြောပါရစေရှင်❤️(အညွှန်းအား Bella Campen Myanmar Fanclubမှရေးသားထားပါသည်) Translated by Kyi Nue Zin ,Lang ...
8.0
TMDb: 8.0/10 2,386 votes
tv

Dare to Love (2021)

2021