Channel Myanmar

2024

In Cold Blood (2024)
In Cold Blood (2024) In Cold Blood (2024)**********************အပိုင်းသစ် (၆၉) အပူအလောင်လေးတွေပါမှ ကြည့်ရတာ အရသာရှိပါတယ်ဆိုတဲ့သူတွေအတွက်အလောင်တစ်လိုင်း ဇာတ်ကားသစ်လေးလာပါပြီ။မိဘတွေရဲ့ကွာရှင်းမှုကြောင့် တစ်ယောက်တစ်နေရာစီ ကွဲသွားခဲ့ကြတဲ့ ညီအစ်မနှစ်ယောက်ဟာအနှစ်၂၀အကြာမှာ တစ်ယောက်ကိုတစ်ယောက် မသိတဲ့ ဆက်ဆံရေးအဖြစ်ပြန်တွေ့ဖို့ ဖြစ်လာကြတဲ့အခါ..လောင်းကစားမက်တဲ့အမေ​ကြောင့် ဘဝပျက်ခဲ့ရတဲ့ ညီမဖြစ်သူ Lee HyeJi (Ha YeonJoo) ဟာအဖေ့ဘက်ပါသွားပြီး ကောင်းမွန်စွာကြီးပျင်းလာခဲ့တဲ့ အစ်မဖြစ်သူ Lee HyeWon(Lee SoYeon) ကိုမနာလိုစိတ်နဲ့အတူ မုန်းတီးမှုတွေ ပေါက်ဖွားလာပါတော့တယ်။ဒါအပြင် အစ်မဖြစ်သူက Lee HyeJi (Ha Yeon Joo) ဖောက်ပြန်ပြီးချူစားနေခဲ့တဲ့ကုမ္ပဏီပိုင်ရှင်သူဌေးကြီးရဲ့သားဖြစ်သူနဲ့ မကြာခင်လက်ထပ်ကြတော့မှာကို သိလိုက်ရတဲ့အခါ...သူ့ထက်ပိုပျော်ရွှင်ပြီး ချမ်းသာသွားမှာကို မမြင်ချင်တဲ့ LeeHyeJi တစ်ယောက် သူ့ကိုယ်သူ မိထွေးအရာနေပြီးသူ့အစ်မကို လက်မထပ်ဖြစ်အောင် ဘယ်လိုအနှောင့်အယှက်တွေပေးသွားမလဲ...Lee HyeWon ကရော သူ့ညီမမှန်းမသိဘဲ လက်စားပြန်ချေသွားမလား..ညီအစ်မနှစ်ယောက်ကြား ဘယ်လိုအရှုပ်တွေဖြစ်လာမလဲဆိုတာကို ရင်ခုန်စွာနဲ့စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။အစ်မဖြစ်သူ Lee HyeWon အနေနဲ့ကတော့ ဒုံယီကားထဲမှာ အရမ်းကြွေခဲ့ရတဲ့ မယ်မယ် Lee ...

In Cold Blood (2024)

2024
Su ji And U ri (2024)
Su ji And U ri (2024) Su ji And U ri (2024) ********************အပိုင်းသစ် ( ၂၄ )  ဂျင်ဆူဂျီဟာ ဟယ်ဒေးဆေးရုံရဲ့ စိတ်ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်ပြီး ရသစုံရှိုးတွေမှာ လူသိများကျော်ကြားတဲ့သူလည်း ဖြစ်ပါတယ်..ဒါကြောင့် သူမဟာ ရုပ်သံထုတ်လွှင့်မှု၊ စာအုပ်ဖျော်‌ဖြေပွဲ၊ပရိသတ်လက်မှတ်ထိုးပွဲစတဲ့ ကျပ်တည်းလွန်းတဲ့အချိန်ဇယားတွေကြောင့် တစ်နေ့ကို ၃နာရီထက်ပိုမအိပ်ဖူးတဲ့သူပါ..ဒါပေမဲ့ သူမရဲ့ ပြီးပြည့်စုံတဲ့ဘဝက ချယ်အူရီဆိုတဲ့ဆရာဝန်သစ်လေးကြောင့် ပြိုလဲစပြုလာပါတယ်..ချယ်အူရီဟာ အရည်အချင်းရှိပြီး ဟာသဉာဏ်ရွှင်ပြီးတရားမျှတမှုရှိတဲ့အတွက် တခြားဆရာဝန်တွေနဲ့လူနာတွေရဲ့ယုံကြည်မှုကိုရရှိပြီး ထိပ်တန်းဦးစားပေးခံရသူဖြစ်လာပါတယ်.ဂျင်ဆူဂျီကိုတော့ သူမရဲ့အောင်မြင်မှုကိုပဲ ဂရုစိုက်တတ်တဲ့တစ်ကိုယ်ကောင်းဆန်တဲ့သူအဖြစ် မြင်လာကြပါတယ်ဒီလိုနဲ့ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ရန်သူတွေဖြစ်လာကြပါတယ်.ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုအမြင်ကြည်လာပြီး ရန်သူတွေကနေ ချစ်သူတွေဖြစ်သွားကြမလဲဆိုတာရင်ခုန်စွာနဲ့ စောင့်ကြည့်ရမယ့် ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်.. (Castတွေအနေနဲ့ကတော့ T-araအဖွဲ့ဝင် Hahm Eun Jungနဲ့Love in Eyes, Melody of loveစတဲ့ ဇာတ်ကားတွေမှာပါဝင်ခဲ့တဲ့ မင်းသား Baek Sung Hyunတို့ပဲ ဖြစ်ပါတယ်) File Size – 530MB / 271 ...

Su ji And U ri (2024)

2024
Goodbye Earth (2024)
Goodbye Earth (2024) Goodbye Earth (2024)***********************အပိုင်းသစ် (၁ မှ ၁၂) စ/ဆုံး "ရက် ၂၀၀ အတွင်း ကမ္ဘာပျက်မယ်ဆိုရင် သင်ဘာလုပ်မလဲ"ဂျပန်၀တ္ထုကို အခြေခံရိုက်ကူးထားပြီး Netflix ကနေ ထုတ်လွှင့်သွားမဲ့ဒီစီရီးမှာတော့ တစ်နှစ်တာအကောင်းဆုံးဇာတ်လမ်းတွဲဆုကိုရရှိသွားခဲ့တဲ့"My Dearest" ထဲက မင်းသမီး Ahn Eun-Jin ၊ "Seoul Vibe, Hellbound " ထဲကYoo Ah-in ၊ "The Fiery Priest" ထဲက ဖာသာလေးဖြစ်တဲ့ Jeong Sung-Woo ၊"Shooting Star" ထဲက Kim Yoon-Hye တို့အပြင် ဝါရင့်အနုပညာရှင်ကြီးတွေ ပါဝင်ထားပါတယ်။ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုဟာ ကမ္ဘာကြီးပေါ်ကို ရက် 200 အတွင်းကျရောက်ပြီးကမ္ဘာကြီးပျက်သုဥ်းတော့မယ်လို့ လူသားတွေသိသွားကြတဲ့အခါမှာကမ္ဘာမြေကြီးမှာ ဝရုန်းသုန်းကားတွေ ဖြစ်သွားပါတော့တယ်။ဒီသတင်းကို သိသွားတဲ့အချိန်မှာတော့ အလယ်တန်းဆရာမလေး တစ်ယောက်ဖြစ်တဲ့Jin Se-Kyung (Ahn Eun-Jin) ဟာ အန္တရာယ်ကျရောက်နေတဲ့ကလေးတွေကိုကယ်တင်ဖို့အတွက် ကျောင်းဆရာမအလုပ်ကနေထွက်ပြီးတော့ ...

Goodbye Earth (2024)

2024
Like the Earth (2024)
Like the Earth (2024) ကမ္ဘာမြေကြီးအတိုင်း (၂၀၂၄)ါလာက မိသားစုကို ကြိုးစားပြီးရှာကျွေးနေတဲ့ အသံပါရမီရှင်လေးပေါ့ သူမက တူနဲ့တူမကိုစောင့်ရှောက်ရမယ်ဆိုတော့ အိမ်ထောင်မပြုဘဲ နေလာခဲ့သူပါ သူမကိုချစ်တဲ့ထီယူကတော့ ဒါလာကိုအဝေးကပဲစောင့်ရှောက်နေခဲ့ရတာ တစ်ရက် ဖူတာဝမ်းက သူတို့နယ်ဘက်ကို လာလည်နေစဉ် ဒါလာရဲ့သီချင်းသံကိုကြားရပြီးတဲ့နောက် ဖူတာဝမ်းက ဒါလာအပေါ်မေတ္တာရှိသွားခဲ့ရာမှာ ဒါလာကတော့ ထီယူနဲ့ဖူတာဝမ်း ဘယ်သူ့ကိုရွေးချယ်သွားမလဲ သူတို့နှစ်ယောက်ကရော ဒါလာ့အချစ်ကိုရဖို့ဘယ်လိုကြိုးစားသွားမလဲဆိုတာကဒီလိုကျေးလက်အချစ်ဇာတ်လမ်းလေးဖြစ်တဲ့ “ကမ္ဘာမြေကြီးအတိုင်း”ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုလိုက်ရအောင်ပါအညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei Wutyi Tun, Nang Mwe Kham, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 900MB | 400MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei Wutyi Tun, Nang Mwe Kham, Fake Love Encoder ..... Aaron720pEpisode 01 - ...

Like the Earth (2024)

2024
Emergency Couple (2024)
Emergency Couple (2024) ကသောင်းကနင်းနိုင်တဲ့အချစ် (၂၀၂၄)မမ ဆုန်းဂျီဟိုတို့ အောင်မြင်ခဲ့တဲ့ Emergency Couple ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲရဲ့ remake ဇာတ်လမ်းလေး လာပါပြီနော်။ဇာတ်လမ်းအကျဉ်းကတော့ ... ဆရာဝန်ပန်တို့စုံတွဲက ကွာရှင်းထားတဲ့လင်မယားတွေ ဖြစ်ပြီးတော့ကွာရှင်းပြီး ၆နှစ်လောက်အကြာမှာ ဆေးရုံတစ်ခုရဲ့ အရေးပေါ်ဌာနမှာ အလုပ်သင်လာလုပ်ကြရင်း ပြန်ဆုံဆည်းခဲ့ကြရာမှာတော့ပန်နှစ်ပန်စုံတွဲတို့ရဲ့အလွဲပေါင်းများစွာကို “ကသောင်းကနင်းနိုင်တဲ့အချစ်”ဇာတ်လမ်းတွဲလေးမှာ ကြည့်လိုက်ရအောင်ပါအညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Nang Mwe Kham, Lei Wutyi Tun, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Drama, Medical Quality…. 1080p | 720p File size… 600MB | 200MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Nang Mwe Kham, Lei Wutyi Tun, Fake Love Encoder ..... Aaron720pEpisode 01 ...

Emergency Couple (2024)

2024
Dhevaprom (2024)
Dhevaprom (2024) ထည်ဝါခမ်းနား ချစ်ပုံပြင်များ (၂၀၂၄)လအွန်ကျန်၂၀၁၃ ခုနှစ် CH3ရဲ့ 46 နှစ်မြောက်အထိမ်းအမှတ်အနေနဲ့ ထွက်ရှိထားပြီး ထိတ်ထိတ်ကြဲcastတွေနဲ့ပွဲထုတ်ခဲ့တဲ့ Gentlemen of Jutathep ရဲ့ အတွဲ ၂ ကတော့ ဆယ်စုနှစ်တစ်ခုအကြာမှာ ပရိသတ်တောင်းဆိုချက်အတိုင်း ထွက်ရှိလာပါပြီ။ အရင်ဇာတ်လမ်းတွဲရဲ့အရှိန်အဝါကမသေးတာမလို့ ခုဇာတ်လမ်းတွဲမှာရော အရင်ဇာတ်လမ်းရဲ့ဂုဏ်သတင်းကို ဆက်ထိန်းထားနိုင်မလားဆိုတာ ရှုစားလိုက်ပါစို့လား။ဂျူထာထေ့ပ်မျိုးဆက်ဖြစ်တဲ့ ဖူသယ်နက် ဂျူ‌ထာထေ့ပ်က အဖိုးတန်ရတနာတစ်ပါးဖြစ်တဲ့ "အာဈနာချက္ကရာလည်ဆွဲ" ကို ထိန်းသိမ်းရဖို့ တာဝန်ယူထားရသူပေါ့။ အကြောင်းအရင်းကတော့ ဒီရှားပါးကျောက်မျက်ရတနာတွေနဲ့လုပ်ထားတဲ့ လည်ဆွဲကို ဖူသယ်နက်ပိုင်တဲ့ JT Centerမှာ ခင်းကျင်းပြသထားလို့ပါပဲ။ အဖိုးတန်ရတနာပီပီ လိုချင်သူတွေက လောကတက်သူတွေ ဒုနဲ့ဒေးမလို့ လုံခြုံရေးအထပ်ထပ်ချထားရသူပေါ့။ ဒီလူတွေထဲက တစ်ယောက်ကတော့ လအွန်ကျန်ပါပဲ။လအွန်ကျန်က ဒီလည်ဆွဲအတွက်နဲ့ပဲ ပြင်သစ်ကနေ ဘန်ကောက်ကိုပြန်လာတဲ့သူဖြစ်ပြီး လည်ဆွဲခိုးဖို့ရည်ရွယ်ချက်နဲ့ပဲ ဖူသယ်နက်ရဲ့အတွင်းရေးမှူးအဖြစ် ချဉ်းကပ်လာတဲ့အခါ... တစ်ဖက်က ဖူသယ်နက်ကလည်း အကြံသမားလေးဖြစ်တဲ့ လအွန်ကျန်ကိုမှ မြင်မြင်ချင်း အချစ်ကြီးချစ်မိလေတော့...ရန်သူဖြစ်ဖို့ကံပါပေမဲ့ မျက်ကန်းအချစ်က သူတို့နှစ်ယောက်ကြားမှာ ဇာတ်ဆရာအလိုကျ ဖြစ်တည်လာတော့ သူတို့ဘယ်လိုတွေရှေ့ဆက်ကြမလဲ Action Romance Drama အပြင် Mystery‌ လေးပါ ရောစပ်ရိုက်ကူးထားတာဖြစ်လို့ ရှုစားလိုက်ကြရအောင်ပါ။အညွှန်းကိုတော့ Mary ...

Dhevaprom (2024)

2024
23.5 (2024)
23.5 (2024) ၂၃.၅ ဒီဂရီ တိမ်းစောင်းနေတဲ့အချစ် (၂၀၂၄)အုန်ဆာ/ အတ် အဖြစ် Milk pansa ဆန်း အဖြစ် Love Pattraniteဇာတ်လမ်းအကျဉ်းIntrovert တစ်ယောက်ဖြစ်ပြီး လူတွေအမြင်ကို အရမ်းဂရုစိုက် ရှက်တတ်တဲ့ အုန်ဆာဆိုတဲ့ ကောင်မလေးတစ်ယောက်က ဆယ်တန်းနှစ်မှာတော့ သူ့ဇာတိ ဖူးခက်ကနေ ဘန်ကောက်ကို ကျောင်းပြောင်းလာတက်ခဲ့ရတယ်အုန်ဆာ့လို အေးတဲ့သူတစ်ယောက် အိမ်၊ကျောင်း၊သူငယ်ချင်းအသစ်နဲ့တွေ့ရတာ မတူညီတဲ့ စကြဝဠာကြီး တစ်ခုကို ရောက်သွားသလိုပါပဲဒါပေမဲ့ အုန်ဆာက စကြဝဠာသစ်ကြီးရဲ့ နေမင်းကြီးဖြစ်တဲ့ ဆန်းဆိုတဲ့ သွက်လက်ချစ်စရာကောင်းတဲ့ ကောင်မလေးကိုတွေ့ပြီး သဘောကျသွားချိန်မှာတော့ IG မှာ follow ခဲ့ပါတော့တယ်အုန်ဆာနဲ့ ဆန်းတို့ စကားစပြောရာက အုန်ဆာက သူ့ကိုယ်သူ နေမင်းကြီးကို ၂၃.၅ ဒီဂရီတိမ်းစောင်းရင်း လှည့်ပတ်နေတဲ့ ကမ္ဘာကြီး(အတ်) လို့ မိတ်ဆက်လိုက်ရာက ဆန်းက သူ့ကို ယောက်ျားလေးလို့ ထင်သွားခဲ့ပါတော့တယ် ရှက်တတ်တဲ့ အုန်ဆာ တစ်ယောက် ဆန်းကို သဘောကျတဲ့ ခံစားချက်တွေကို ဖွင့်ပြောနိုင်ပါ့မလား ဆန်းကရော စကားပြောနေခဲ့တဲ့ အတ်က ယောက်ျားလေးမဟုတ်ဘဲ အုန်ဆာဆိုတာ သိသွားမှာလား ချစ်စရာမိန်းမပျိုလေးနှစ်ယောက်ကြားက သူငယ်ချင်းကနေ ...

23.5 (2024)

2024
Chief Detective 1958(2024)
Chief Detective 1958(2024) Chief Detective 1958(2024)*************************အပိုင်းသစ်( ၃) ဒီတစ်ခေါက် Channel Myanmar ကနေတင်ဆက်ပေးမဲ့Drama လေးကတော့Chief Detective 1958 ပဲဖြစ်ပါတယ်။ ဒီ Drama ဟာ 1971ကနေ 1989အထိကိုရီးယားနိုင်ငံအတွင်းမှာ အောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ Chief Inspector ဆိုတဲ့ Series ရဲ့ Prequelဇာတ်လမ်းဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကလည်း Taxi Driver မင်းသားလို့ပြောလိုက်ရင်မသိသူမရှိတဲ့ မင်းသား Lee Je Hoonနဲ့ Reply 1988 ဇာတ်လမ်းတွဲမှာ မြန်မာပရိသတ်တွေရင်းနှီးပြီးသားအတည်ပေါက်နဲ့နောက်တဲ့မင်းသား Lee Dong Hwi တို့အပြင် အခြားသောနာမည်ရသရုပ်ဆောင်များစွာလည်းပါဝင်သရုပ်ဆောင်ထားပါတယ်။ Park Young-Han (Lee Je Hoon) ဟာ ငယ်ရွယ်ထက်မြက်တဲ့စုံထောက်တစ်ယောက်ဖြစ်ပြီး သူခိုးကြမ်းပိုး ဒုစရိုက်သမားတွေကို နှိမ်နင်းတဲ့နေရာမှာတော်လွန်းတဲ့စုံထောက်တစ်ယောက်ပါ။ ဒါပေမဲ့ လူ့အဖွဲ့အစည်းအတွင်းက ပိုကြီးမားတဲ့ပြဿနာတွေဖြစ်တဲ့အကျင့်ပျက်ခြစားမှုတွေ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ရင်ဆိုင်ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။အဲဒီအခါမှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် စုံထောက်တွေဖြစ်တဲ့Jongnamရဲစခန်းရဲ့ခွေးရူးလို့ခေါ်ကြတဲ့ Kim Sang-sun ...

Chief Detective 1958(2024)

2024
The Indrani Mukerjea Story: Buried Truth (2024) 7
The Indrani Mukerjea Story: Buried Truth (2024) The Indrani Mukerjea Story: Buried Truth (2024) "မြှုပ်နှံထားသော အမှန်တရား" IMDb - 6.3/10Netflixကနေ ဆက်တိုက်ဆိုသလို အိန္ဒိယဖြစ်ရပ်မှန်မှုခင်းမှတ်တမ်းရုပ်ရှင်တွေ ထုတ်လွှင့်လာခဲ့ရာမှာ ဒီမှတ်တမ်းရုပ်သံဇာတ်လမ်းတွဲကတော့ အတော်လေးကို ဇာတ်အလှည့်အပြောင်းများပြီး စိတ်ကူးယဉ်ဇာတ်လမ်းတွေထက်တောင် ပိုပြီးစိတ်ကူးယဉ်ဆန်နေတာကို တွေ့ရပါတယ်။၂၀၁၅ခုနှစ်မှာ ရှီနာဘိုရာလူသတ်မှုဆိုပြီး အိန္ဒိယပြည်သူတွေကြား ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တာပေါ့။နာမည်ကြီးမီဒီယာတစ်ခုရဲ့ စီအီးအိုအင်ဒရာနီကို ညီမဖြစ်သူ ရှီနာကိုသတ်တဲ့အမှုနဲ့ မွမ်ဘိုင်းရဲတွေဖမ်းဆီးခဲ့ပါတယ်။ ၂၀၁၂က ပျောက်ဆုံးသွားခဲ့တဲ့ ရှီနာဘိုရာကို ၂၀၁၅ခုနှစ်မှ အသတ်ခံရမှန်းသိပြီး တရားခံအင်ဒရာနီကိုဖမ်းဆီးခဲ့တာပါ။ ဒီလိုဖမ်းဆီးခံရတော့မှ ရှီနာဟာ အင်ဒရာနီရဲ့ညီမမဟုတ်ဘဲ သမီးအရင်းဖြစ်နေတာ ပေါ်လာခဲ့ပါတော့တယ်။ကိုယ့်သမီးအရင်းကို သတ်တဲ့အမေဆိုပြီး ပြည်သူတွေရဲ့ ပြစ်တင်ရှုံ့ချခြင်းကိုလည်း ခံခဲ့ရတယ်။ ဒါပေမဲ့ အင်ဒရာနီကတော့ သူ့သမီးက အမေရိကမှာကျောင်းတက်နေတာ... သူမသတ်ပါဘူးဆိုပြီး ဘူးခံလို့ငြင်းကောင်းတုန်းပါပဲ။သပွတ်အူလိုရှုပ်ထွေးလှတဲ့ မိသားစုအသိုင်းအဝိုင်းဆက်နွယ်မှုတွေနဲ့အတူ တကယ့်အဖြစ်မှန်ကဘာလဲဆိုတာ စိတ်ဝင်တစားကြည့်ရမဲ့ဇာတ်လမ်းတွဲမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL ~ ToMo ~ Yunni တို့ပဲဖြစ်ပါတယ်)File Size –700MB (Appx;)@EpisodeQuality – 1080p NF WEB DLDuration ...
7
TMDb: 7/10 4 votes
tv

The Indrani Mukerjea Story: Buried Truth (2024)

2024
The Escape of the Seven: Resurrection (2024) 6.8
The Escape of the Seven: Resurrection (2024) The Escape of the Seven: Resurrection (2024)********************************************အပိုင်းသစ် (၉) အားလုံးစောင့်မျှော်နေတဲ့ The escape of seven ရဲ့Season-2 ပြန်လည်ရောက်ရှိလို့လာပါပြီ။Cast တွေကတော့ S1 ကအတိုင်း Uhm Ki Joon၊ Hwang Jung Eum၊ Lee Joon၊Lee Yoobiစတဲ့ မင်းသားမင်းသမီးတွေက အဓိကပြန်လည်ပါဝင်ထားပါတယ်။ဘိုဘယ် မတော်တဆမှုကနေတစ်ဆင့် လက်စားချေမှုစတင်ခဲ့ကာသွေးကြွေးနဲ့အဆုံးသတ်ခဲ့ပြီးတော့ Do Hyuk က တရားခံဖြစ်လာပြီးသူ့ဘဝကိုဆုံးရှုံးခဲ့ရပေမဲ့ အသက်ရှင်ကျန်ရစ်ခဲ့တယ်။Do Hyuk က Matthew ရဲ့ ပုံစံအစစ်အမှန်ကို လူတိုင်းကိုချပြပြီးလက်စားချေဖို့ဒေါသတကြီးနဲ့ပြန်ရောက်လာခဲ့ကာ Kang Ki Tak နဲ့Medusa လို့အမည်ရတဲ့လူထူးဆန်းတစ်ယောက်က Do Hyuk ကိုကူညီဖို့ပေါ်လာခဲ့တယ်။Matthew က သူရဲ့ကိုယ်ရေးရာဇဝင်အတုနဲ့ တစ်လောကလုံးကိုလှည့်စားနေတာကို ရပ်မဲ့ပုံမပေါ်သလို သူရဲ့လက်စားချေမှု ပြီးမြောက်ဖို့အတွက်Do Hyuk ရဲ့အဖေဖြစ်သူ သူ့ဘဝနဲ့ရင်းပြီး တည်ထောင်ခဲ့တဲ့ Saungchan ...
6.8
TMDb: 6.8/10 18 votes
tv

The Escape of the Seven: Resurrection (2024)

2024
My Stand-In (2024)
My Stand-In (2024) အဖြည့်ခံပန်းလေးတစ်ပွင့် (၂၀၂၄)ဝိဉာဉ်ကူးပြောင်းနေတဲ့ ဇာတ်လမ်းတွေ ရေပန်းစားနေချိန်၊ ဒီတစ်ခါမှာတော့ ထိုင်းဝိဉာဉ်ကူးပြောင်းခြင်း ဇာတ်လမ်းတွဲတွေ ယူဆောင်ပေးလို့လာပါပြီ။ဇာတ်လမ်းအကျဉ်းကတော့... လူစားထိုးစတန့်သမား ဂျိုးတစ်ယောက် ရိုက်ကွင်းမှာ မတော်တဆဖြစ်ပြီး ချောက်ကမ်းပါးစွန်းက ပြုတ်ကျသေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ ထူးဆန်းတာက သူပြန်သတိရလာချိန်မှာ သူနဲ့နာမည်တူဂျိုးဆိုတဲ့ ကောင်လေးခန္ဓာကိုယ်ထဲ ရောက်နေတာပါပဲ။ ဒီလိုနဲ့ သာမန်ဘဝကို နေထိုင်ရင်း အရင်ဘဝက ရေစက်ဆုံခဲ့တဲ့သူတွေနဲ့ တစ်ကွေ့ ပြန်ဆုံပြန်ပါတယ်။ အတိတ်ဘဝက မှတ်ဉာဏ်တွေ သယ်ဆောင်ထားတဲ့ ဂျိုးတစ်ယောက် ဒီမှတ်ဉာဏ်တွေနဲ့ ဘယ်လိုရှေ့ဆက်သွားမလဲ။ ရေစက်ဟောင်းတွေကို ဘယ်လို ပြင်ဆင်ဖို့ လုပ်မလဲဆိုတာကို သိချင်စိတ်အပြည့်နဲ့ ကြည့်ရမယ့် ဇာတ်လမ်းတစ်ခု ဖြစ်လာမှာ အသေအချာပါပဲ။အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Blue, Laris M တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration…. 40min Subtitle…. ...

My Stand-In (2024)

2024
Club Friday Season 16 : Hot Love Issue, Depression or Just Selfishness (2024)
Club Friday Season 16 : Hot Love Issue, Depression or Just Selfishness (2024) Club Friday Season 16: Depression or Just Selfishness (2024)Club Friday ရဲ့ season 16 ရဲ့ ဧပြီလအတွက် စီးရီးလေး လာပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ ဒါရင်းက သူ အလုပ်တွေမပြီးလို့ Freelancer တစ်ယောက်ဖြစ်တဲ့ နွန့်ကိုအလုပ်ကူပေးဖို့ငှားလိုက်ရာက နွန်က ဒါရင်းရဲ့သူငယ်ချင်းဖြစ်တဲ့ နာဒီယာ့ကိုသဘောကျသွားခဲ့ရာက စပါတယ်။နောက်ပိုင်းနွန်က ဒီယာ့ကိုသဘောကျနေတာသိတော့ ရင်း ဘက်က နွန့်ကိုသဘောကျနေရက်နဲ့ အလိုက်တသိရှောင်ပေးခဲ့ပြီး နောက်ဆုံး ဒီယာဆုံးသွားခဲ့ပြီးနောက်မှာတောင် နွန်နဲ့ရင်းတို့မဆုံဖြစ်ကြပါဘူး။တစ်နေ့ နွန်နဲ့ရင်းတို့ တစ်‌ေနရာတည်းမှာ အလုပ်လုပ်အတူတူလုပ်ရတဲ့အခါ အရင်ကမိတ်ဆွေတွေဖြစ်လို့ ပိုရင်းနှီးလာခဲ့ပြီး နွန့်ရဲ့ရည်းစားဟောင်းဒီယာ့သေဆုံးသွားတာကို နွန်က ဒီယာတကယ်ရှိနေသေးသလိုပြုမူနေတဲ့ထူးခြားချက်ကိုသတိပြုမိလာခဲ့ပါတယ်။နောက်ဆုံးဒီယာ့ကိုယ်စား နွန့်ကိုပျော်‌ရွှင်အောင်လုပ်ပေးဖို့အဆင့်တက်ချင်ပေမဲ့ နွန့်ဘက်ကဒီယာနဲ့ပက်သက်ရင် လုံးဝကိုအထိမခံတဲ့အခါ.... ဟိုးစစတွေ့ကတည်းက နွန့်ကိုသဘောကျခဲ့တဲ့ ဒါရင်းကလက်လျှော့လိုက်မှာလား.... ဒါမှမဟုတ် သူ့ကိုနွန်ဂရုစိုက်လာအောင် ဘယ်လိုနည်းတွေသုံးပြီး လုပ်သွားမှာလဲ..... ဒီလိုမျိုး နွန် နဲ့ ရင်းတို့ကြားဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို သိချင်ရင်တော့ "အတ္တနွယ်တဲ့ မေတ္တာ" ဆိုတဲ့ စီးရီးလေးထဲမှာ ဆက်ကြည့်ကြည့်လိုက်ကြပါနော်။အညွှန်းကိုတော့ Kim က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Su Myat, Blue, Summer, Kim ...

Club Friday Season 16 : Hot Love Issue, Depression or Just Selfishness (2024)

2024
The Substitute Princess’s Love
The Substitute Princess’s Love ဒီတစ်ခါတော့ အချိုတွေရော အငိုတွေပါပေးမယ့် ဦးနဲ့ကလေးရဲ့ ချစ်ဇာတ်လမ်းကိုCM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြီနော်ဇာတ်လမ်းအညွှန်းစစ်နတ်ဘုရားလို့ တင်စားခံရတဲ့ မင်းသားကျင့်ဟာ မင်္ဂလာပွဲနေ့မှာပဲ စစ်မြေပြင်မှာတိုက်ပွဲကျသွားပြီလို့ နန်းမြို့တော်ကို သတင်းရောက်လာတာကြောင့် တိုင်းပြည်တစ်ခုလုံးဝမ်းနည်းပူဆွေးရမယ့်အချိန်ကျရောက်လာခဲ့ပါတယ်အဲဒီအခါမှာ မင်းသားနဲ့ လက်ထပ်ရမယ့် အမတ်ချုပ်ရှန်အိမ်တော်က တရားဝင်သမီးဖြစ်သူဟာမုဆိုးမဘဝ မရောက်ချင်တာကြောင့် တရားမဝင်သမီးဖြစ်တဲ့ ရှန်ခယ်ယီကိုလူစားထိုးပြီး မင်္ဂလာဆောင်ခိုင်းလိုက်ပါတော့တယ်မင်းသားကျင့် ကွယ်လွန်သွားတာကြောင့် အဲဒီခေတ်က ထုံးတမ်းစဥ်လာအရရှန်ခယ်ယီပါ အတူတူလိုက်သေရမှာဖြစ်ပေမဲ့ မင်းသားကျင့် ရောက်လာခဲ့ပြီးရှန်ခယ်ယီကို ကယ်ခဲ့ပါတယ်။ ရှန်ခယ်ယီ သတိရလာတဲ့အခါ ရှန်အိမ်တော်က မင်းသားကျင့်ဆီကနေကျောက်စိမ်းပြား ခိုးပေးဖို့ ရှန်ခယ်ယီကို သူ့အထိန်းတော်ကြီးရဲ့ အသက်နဲ့ အကြပ်ကိုင်ပြီးခြိမ်းခြောက်ပါတော့တယ်။ ရှန်ခယ်ယီအတွက် သာမန်ကျောက်စိမ်းပြားတစ်ခုဖြစ်ပေမဲ့အဲဒီကျောက်စိမ်းပြားကရော လက်တွေ့မှာဘယ်လောက်တောင် အဖိုးတန်နေလဲအမတ်ချုပ်ရှန် ကြားထဲကနေ အလွဲသုံးစားလုပ်ထားလို့ ထောင်သောင်းချီတဲ့စစ်သည်တွေအဝတ်အစားနဲ့ရိက္ခာမရှိဘဲ သေဆုံးခဲ့ရတဲ့ ရန်ငြိုးကို မင်းသားကျင့်တစ်ယောက်ဘယ်လိုသက်သေတွေရှာပြီး အဖြစ်မှန်ဖော်ထုတ်မှာလဲပျော်ပျော်နေတတ်ပြီး ဖြူစင်တဲ့ ရှန်ခယ်ယီနဲ့ အေးတိအေးစက်နိုင်တဲ့ မင်းသားကျင့်တို့ကြားမှာဧကရာဇ်မင်းက စုံဖက်ပေးလိုက်လို့သာ လက်ထပ်လိုက်ရပေမဲ့ ချစ်ခြင်းမေတ္တာတွေပေါက်ဖွားလာတဲ့အခါမှာရော သက်ထက်ဆုံး လက်တွဲသွားနိုင်ပါမ့လားဆိုတာဒီဇာတ်လမ်းတွဲလေးမှာ စောင့်ကြည့်ကြပါဦး====================================Quality : ...

The Substitute Princess’s Love

2024
Will Love In Spring
Will Love In Spring မြိုပြလူနေမှုကြားမှာ နွေးထွေးတဲ့ဇာတ်ရုပ်တွေနဲ့ အချစ်ကိုအဓိကထားတဲ့ နွေးထွေးတဲ့ Healing Drama လေးတင်ဆက်ပေးနေပါပြီ။ ဒီဇာတ်ကားမှာ Li Xian နဲ့ Zhou Yu Tong တိုအဓိက သရုပ်ဆောင်ထားတဲ့အတွက်စောင့်ကြည့်ဖိုထိုက်တန်တဲ့ကားလေးပဲဖြစ်ပါတယ်နော်။ လူငယ်ဘဝတုန်းက ပုန်ကန်ပြီးခေါင်းမာတတ်တဲ့ ချန်မိုင့်သုန်းဟာ ဘဝရဲအချိုးအကွေ့တွေကြုံတွေ့ပြီးနောက် အလောင်းပြင်ဆရာဖြစ်လာခဲ့တယ်။ ကျွမ်းကျယ်ဟာ ကားအက်စီးဒင့်ကြောင့် ဒုက္ခိတဖြစ်ခဲ့ရတယ်ဒါပေမယ့် ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်ဖိုအတွက် ကြိုးစားရင်း မြိုပြရဲ့လုပ်ငန်းခွင်မှာထိပ်တန်းဖြစ်လာခဲ့တယ်။ ပုန်ကန်တတ်တဲ့စရိုက်ရှိပေမယ့် အထီးကျန်တဲ့အလောင်းပြင်ဆရာတစ်ယောက်နဲ့ ခန္ဓာကိုယ်မှာချိုယွင်းချက်ရှိပေမယ့် သတ္တိရှိပြီးတောက်ပနေတဲ့ ထက်မြက်တဲ့မိန်းကလေးတစ်ယောက်တိုကြားက ရုန်းကန်ရင်း နားလည်မှုတွေတိုးပြီး အပြန်အလှန်လေးစားမှုတွေနဲ့ချစ်ကြည်နူးကြမယ့် Healing ဖြစ်စေမယ့် ဇာတ်လမ်းလေးကိုစောင့်ကြည့်လိုက်ပါဦးနော်။=================================================Quality : WEB-DL 1080p , 720p Total Episodes : 21 Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK=====================================Ep 1 ...

Will Love In Spring

2024
In the Name of the Brother
In the Name of the Brother ဒီတစ်ခေါက် CM ကနေတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့တရုတ်ဇာတ်လမ်း‌တွဲတွေရဲ့ ဘုရင်မတစ်ပါးလည်းဖြစ် 80's flower တွေထဲကနာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ မမ Yang Mi ဗီလိန်လုပ်မဲ့ ‌၁၉၄၀ လောက်ကဇာတ်ကားကောင်းလေးကိုကြည့်ရမှာပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်း‌လေးအနေနဲ့ -၁၉၄၀ ခုနှစ်ဝန်းကျင်က ဟာ့ပင်းမြို့ မန်ချူးတွေရဲ့‌လက်အောက်ရောက်နေတဲ့အချိန်ဖြစ်ပါတယ် ။အဲဒီအချိန် မြေအောက်တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စုန့်ကျော်ဝမ်ကမန်ချူးအဖွဲ့ထဲကိုဝင်ဖို့နည်းလမ်းရှာနေတဲ့အချိန်လည်းဖြစ်ပါတယ် ။ဒါပေမဲ့ မန်ချူးတွေရဲ့လက်အောက်ခံဟာ့ပင်းရဲဌာနရဲ့ ဌာနမှူးဖြစ်တဲ့ကွမ်းရွှယ်ရဲ့အကူအညီနဲ့အတူ ဟာ့ပင်းရဲဌာနကိုဝင်ခွင့်ရသွားခဲ့ပါတယ် ။ဌာနမှူးကွမ်းရွှယ်က စုန့်ကျော်ဝမ်ကိုဌာနကိုဝင်ခွင့်ပေးလိုက်တာကလည်း အကြောင်းအရင်းရှိပါတယ် ။ဒီလိုနဲ့ မန်ချူးတွေကိုဆန့်ကျင်ဖို့အတွက် ရဲတပ်ဖွဲ့ထဲဝင်လာတဲ့ စုန့်ကျော်ဝမ်နဲ့မန်ချူးလက်အောက်ခံရဲဌာနက ရဲမေမမတို့နှစ်ယောက် ရှေ့ဆက်ပြီးအပြန်အလှန်ဘယ်လိုထိုးစစ်ဆင်ကြမလဲ ? ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှု့ရမှာဖြစ်လို့ ဆက်ဆက်စောင့်ကြည့်ကြဖို့မမေ့ပါနဲ့နော် ။=================================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by ...

In the Name of the Brother

2024
Lady Revenger Returns From the Fire
Lady Revenger Returns From the Fire လော်အိမ်ရဲ့သမီးအကြီးဆုံးဖြစ်တဲ့ လော်အိုက်လျန်ဟာ မမျှော်လင့်ထားတဲ့အရှုပ်အထွေးတွေကြားမှာ ဖခင်ဖြစ်သူသေဆုံးခဲ့ရပြီး၊ သူမကို လူသတ်တရားခံအဖြစ်လည်းစွပ်စွဲခံခဲ့ရပါတယ်။ ညတွင်းချင်းမှာ အိမ်တော်တစ်ခုလုံးပြိုလဲသွားခဲ့ပြီး အရာအားလုံးကိုဆုံးရှုံးလိုက်ရတဲ့သူမဟာ ဖခင်ဖြစ်သူကိုသတ်တဲ့တရားခံကို ဖော်ထုတ်ဖို့ကြိုးစားရင်း အသက်အန္တရာယ်ထိ ထိခိုက်ခဲ့ပြန်ပါတယ်။လော်အိုက်လျန်တစ်ယောက် သေဆုံးသွားပြီလို့အများကထင်ခဲ့ကြပေမယ့်သူမဟာသေရွာကပြန်ပြီး ပို့ဆောင်ရေးဂိုဏ်းတစ်ခုဖြစ်တဲ့ ရှန်အိမ်ရဲ့သမီးကြီးရှန်တန်းချင်းအဖြစ် ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။အရင်းနှီးဆုံးလူတွေဆီက သစ္စာဖောက်ခံခဲ့ရတဲ့သူမဟာ ပျော့ညံ့ပြီးယုံလွယ်တဲ့မိန်းမငယ်လေးအဖြစ်ကနေ သန်မာရက်စက်တဲ့အမျိုးသမီးတစ်ဦးဖြစ်လာခဲ့ပါတယ်။ ရန်သူတွေပတ်လည်ဝိုင်းနေတဲ့သူမရဲ့ကလဲ့စားခရီးစဥ်မှာပါဝင်လာသူကတော့ မြို့စောင့်စစ်သူကြီး ရွှီချန်ဖုန်းပါ။ပျောက်ဆုံးနေတဲ့ဘဏ္ဍာတွေကိုရှာနေတဲ့စစ်သူကြီးရွှီနဲ့အတူ သူမရဲ့ကလဲ့စားချေမယ့်လမ်းမှာအနိမ့်အမြင့်အတက်အကျတွေကို ကြုံတွေ့ပြီးနောက်မှာတော့ သူတို့နှစ်ဦးကြားမှာသံယောဇဥ်ကြိုးလေးတွေရစ်နှောင်မိကြတဲ့အခါမှာတော့ စိတ်လှုပ်ရှားဖွယ်ရာဇာတ်လမ်းတစ်ပုဒ် ဖြစ်ပေါ်လာပါတော့တယ်။====================================Quality : WEB-DL 1080p , 720p Total Episodes : 24 Format : mp4 Genres : Romance, Historical, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Yin Wai Phyo Encoded by LK===================================== Ep 1 (720p) ...

Lady Revenger Returns From the Fire

2024
Alice & Jack (2024) 3
Alice & Jack (2024) အရှက်အကြောက်ကြီးတဲ့ ဆေးသိပ္ပံသုတေသနပညာရှင်တစ်ယောက်ဖြစ်တဲ့ ဂျက် ဟာ ငွေကြေးပိုင်ဆိုင်ရာ အလုပ်လုပ်နေတဲ့ အဲလစ်ဆိုတဲ့ အမျိုးသမီးလေးနဲ့ ညတစ်ညမှာ ချိန်းတွေ့ကြရင်း ချစ်ကြိုက်မိသွားပါတော့တယ်။သို့သော်လည်း ချစ်မိကြတဲ့သူတို့နှစ်ယောက်ဟာ အဲလစ်ရဲ့ ခန့်မှန်းရခက်တဲ့အပြုအမူတွေ စိတ်မထင်ရင် မထင်သလို အဆက်အသွယ်ဖျက်မှုတွေကြောင့် ဝေးကွာခဲ့ရာမှ တစ်နေ့မှာ အဲလစ် ပြန်ဆက်သွယ်လာသောအခါ တည်ငြိမ်စပြုလာတဲ့ ဂျက် ဘဝမှာ ဘယ်လို ဂယက်တွေထလာမလဲ...သူတို့နှစ်ဦးရော ပြန်လည်စုံစည်းနိုင်ပါ့မလား... ဆိုတာကို ရင်ခုန်စွာနဲ့ကြည့်ရှုရမည့် အချစ်ဇာတ်လမ်းတွဲ လေးပဲဖြစ်ပါတယ်။ File size… (400 Mb) Quality….Webrip  720p Format…mp4 Duration….00:45:08 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice Season (1)Episode 1 720p  -  Yoteshin / Megaup / Meganz / Usersdrive / Streamwish Episode 2 720p  -  Yoteshin / Megaup / Meganz ...
3
TMDb: 3/10 1 votes
tv

Alice & Jack (2024)

2024
My Precious The Series (2024)
My Precious The Series (2024) မြတ်နိုးရတဲ့ အဖိုးတန်လေး (၂၀၂၄)ကျောင်းတော်ကြီးနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာနေသူတွေ အလွမ်းပြေစေဖို့အတွက် Teen dramaထဲမှာ လျှမ်းလျှမ်းတောက်‌ အောင်မြင်ခဲ့တဲ့ You are the apple of my eyesရဲ့ thai remake version‌ ဖြစ်တဲ့ My Precious ဆိုတဲ့ ထိုင်းရုပ်ရှင်ကားလေးက စီးရီးအနေနဲ့ ထွက်ရှိလာပါပြီ။ Bad Buddyထဲက Ohmနဲ့ Nanonအပြင် Dangerous romance ထဲက ဟိုက်ပါလေးChimonနဲ့ Only friendsထဲက စားဘဲလေးNeoကိုပါ ဗရုတ်သုတ်ခသူငယ်ချင်းတစ်စုအဖြစ် မြင်တွေ့ရမှာပါ။အတန်းထဲမှာ စာအတော်ဆုံးကျောင်းသားဆိုတာကို ငယ်စဉ်က‌တော့ အားကျတတ်ကြ‌ပေမဲ့ အချိန်တွေကြာတဲ့အထိ အတန်း‌ဖော်တွေ ဆရာ ဆရာမတွေအားလုံး ရင်မှာစွဲကျန်တတ်တဲ့ကျောင်းသားတွေကတော့ အတန်းထဲမှာ ဆိုးပေ့ဆိုတဲ့ ရွှတ်နောက်နောက်ဇိုးတစ်သိုက်ပါပဲ။ တုန် ဒုံ မိုင် ပေါင်နဲ့ ဘန့်ဆို‌တဲ့ သူငယ်ချင်း ၅ ယောက်ဟာ အတန်းထဲမှာ ဆရာဆရာမမှန်သမျှ လက်ရောခြေပါမြှောက်ထားရတဲ့ ဗရုတ်တစ်သိုက်ပါ။ ဒီထဲမှာမှ မနိုင်စိန်ကတော့ ခေါင်းဆောင်ကြီး တုန် ပေါ့။တစ်နေ့မှာ တုန်တို့အဖွဲ့က ထုံးစံအတိုင်း ...

My Precious The Series (2024)

2024
Wind Breaker (2024) 9.2
Wind Breaker (2024) Wind Breaker (2024) Genre – Anime, Action, Adventure IMDB – 7.5/10 MyAnimeList – 7.9/10လတ်တလောကမှ ထွက်ရှိထားပြီး Tokyo Revengers ထက်ကောင်းတယ်ဆိုပြီး သတင်းထွက်နေတဲ့ နောက်ထပ်ကျောင်းသားငဖိုက် Anime အသစ်လေးကို တင်ဆက်ပေးပါ့မယ်ဗျ။ အစပဲရှိသေးတာရော ဇာတ်လမ်းတည်ဆောက်ပုံ မတူတဲ့အတွက်TR ကောင်းမကောင်းဆိုတာတော့ ဖန်တွေကြားအငြင်းပွားစရာ ဖြစ်နေကြမှာပါ။ သိချင်ရင်တော့ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်တာတော့ အကောင်းဆုံးပေါ့လေ။ကျွန်တော့်အတွက်တော့ ဒီထဲက MC ဖြစ်တဲ့ Sakura ကအစပိုင်းကတည်းက ကြမ်းနေပြီး TR က MC ဖြစ်တဲ့Takemichi ထက်တော့ သာတယ်လို့ မြင်မိတယ်ဒါကလည်း TR မှာက Side character တွေက အဓိကကြမ်းတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ဒီ ...
9.2
TMDb: 9.2/10 4 votes
tv

Wind Breaker (2024)

2024
Two Worlds (2024)
Two Worlds (2024) ကမ္ဘာနှစ်ခု (၂၀၂၄)ကမ္ဘာခြားတဲ့ချစ်ခြင်းလေးလာပါပြီနော် ခရမ် ရဲ့ချစ်ရသူ ဖူဖာ အသတ်ခံရပြီးတဲ့နောက်မှာ ခရမ်ဟာအမှတ်မထင် ကမ္ဘာတစ်ခုကိုရောက်ရှိသွားခဲ့ပါတယ်အဲဒီတစ်ဖက်ကမ္ဘာမှာတော့ ထိုင် ဆိုတဲ့ကောင်လေးနဲ့ ခရမ် ဟာ လွန်ခဲ့တဲ့ ၁၂ နှစ်က ချစ်ကျွမ်းဝင်ခဲ့တဲ့ချစ်သူတွေဖြစ်နေပါတယ်ဒါပေမဲ့ ခရမ် က ထိုင် အဖေသတ်လို့ သေခဲ့ပြီးပါပြီ ဒါပေမဲ့ တစ်ဖက်ကမ္ဘာကနေရောက်လာတဲ့ သူ့ရဲ့သေသွားတဲ့ချစ်သူနဲ့တူနေတဲ့ ခရမ် ကို ထိုင် တစ်ယောက် အမှတ်မထင် ပြန်မြင်လိုက်ရတဲ့အခါ ...ကမ္ဘာနှစ်ခုခြားနေတဲ့ချစ်သူနှစ်ယောက် ဒီကမ္ဘာမှာရော ရေစက်ပြန်ဆုံကြမလားဆိုတာကို အတူစောင့်ကြည့်လိုက်ရအောင်လားရှင်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin, Cali, Noe တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator .....  Shin, Cali, Noe Encoder ..... Aaron720pEpisode 01 - Userdrive ...

Two Worlds (2024)

2024