Channel Myanmar

Apple

The Last Days of Ptolemy Grey (2023) 8
The Last Days of Ptolemy Grey (2023) The Last Days of Potlemy Grey (2023)ပဟေဠိဆန်ဆန် စိတ်ကူးယဥ်ဇာတ်လမ်းတွေကို စိတ်ဝင်စားသူတွေ အကြိုက်တွေ့ဦးမယ့် Samuel L.Jackson အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ series ကောင်းတစ်ခုပါ။ စီးရီးနာမည်က "တော်မီဂရေးရဲ့ နောက်ဆုံးနေ့ရက်များ" ပေါ့။တော်မီဆိုတာကတော့ အတိတ်မေ့ဝေဒနာကို ခံစားနေရတဲ့ ၉၁ နှစ်အရွယ် အဖိုးကြီးတစ်ယောက်ပါ။ ဒီလိုအဖိုးကြီးရဲ့ နောက်ဆုံးနေ့ရက်တွေမှာ ဘာတွေများထူးထူးခြားခြားဖြစ်နိုင်မှာမို့လို့လဲပေါ့။ တော်မီက မိသားစုမိတ်ဆွေတော်တော်များများကို မမှတ်မိနိုင်တော့ပါဘူး။ သူ့ကိုယ်သူတောင်သေချာမမှတ်မိဘဲ အတိတ်ရဲ့ပုံရိပ်တွေကလဲလာလာခြောက်လှန့်နေတာကိုခံနေရသူပါ။ သူနဲ့လောကကြီးကြားက တစ်ခုထဲသောအဆက်အသွယ်ကတော့ သူ့မြေးဖြစ်သူရက်ဂျီပါ။ တစ်နေ့မှာရက်ဂျီတစ်ယောက် အသတ်ခံလိုက်ရချိန်မှာတော့ တော်မီလဲကူကယ်ရာမဲ့ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ တော်မီ့အတွက် ရက်ဂျီ့နေရာကိုအစားဝင်သူလို့ခေါ်ရမယ့်မိန်းကလေးတစ်ယောက်နဲ့ သူ့ရဲ့အတိတ်မေ့ရောဂါအတွက် စမ်းသပ်နေဆဲဆေးအသစ်တစ်မျိုးကိုရလိုက်ချိန်မှာတော့ တော်မီက သူ့ရဲ့နောက်ဆုံးနေ့ရက်တွေမှာ ဆန်းပြားလွန်းတဲ့သူရဲ့သမိုင်းကိုရေးသွားပုံကိုကြည့်ရှုရမှာပါ။ဒီဇာတ်လမ်းတစ်ခုလုံးက ဒီဆေးပေါ်မှာပဲ အခြေခံထားတာဖြစ်ပြီး အပြင်လောကမှာတော့တကယ်မရှိပါဘူး။ ဆေးရဲ့အလုပ်လုပ်ပုံကတော့ တော်မီ့အနေနဲ့ ရက်အနည်းငယ်ကြာ မှတ်ဥာဏ်ပြန်ကောင်းမှာဖြစ်ပေမယ့် ပြီးသွားရင်တော့သူ့ရောဂါက အရင်ထက်ဆိုးရွားပြီးအသက်အန္တရာယ်ပါရှိလာမှာပါ။ ဒီဆေးကတကယ်မရှိပေမယ့် ဒီစီးရီးထဲမှာတော့ အတိတ်မေ့ဝေဒနာခံစားနေရတဲ့ လူကြီးတွေရဲ့ဘဝ၊ သူတို့ရဲ့ရုန်းကန်ရမှုတွေ၊ ချစ်ခင်ရသူတွေနဲ့ရော ကိုယ်ကိုယ်တိုင်နဲ့ပါအဆက်အသွယ်ပြတ်မှုတွေကို ကောင်းကောင်းကြီးမီးမောင်းထိုးပြထားတာကြောင့် ပညာလဲရ စိတ်ဝင်စားစရာလဲကောင်းတဲ့ limited series ပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p ...
8
TMDb: 8/10 25 votes
tv

The Last Days of Ptolemy Grey (2023)

2022
Surface (2022) 6
Surface (2022) Surface (2022)၂၀၂၂ မှ Apple Tv ကနေ လက်တလောပူပူနွေးနွေးထွက်ရှိလာတဲ့ Thriller စီးရီးအသစ်လေး တင်ဆက်ပေးချင်ပါတယ်။ဆိုဖီ ဟာ ခေါင်းကို ထိခိုက်မိပြီးတော့ အတိတ်မေ့ရောဂါဖြစ်နေတဲ့သူပါ။ သူဟာ လှေပေါ်ကနေ ပင်လယ်ထဲခုန်ချပြီး သတ်သေဖို့လုပ်ခဲ့ပေမယ့် ကံကောင်းထောက်မစွာပဲ မသေခဲ့ဘဲ ခေါင်းကို ခိုက်မိသွားပြီး အတိတ်မေ့သွားခဲ့တာပါ။ ဆိုဖီရဲ့ ခင်ပွန်းဖြစ်သူ ဂျိမ်းကတော့ သူ့ကို စောင့်ရှောက်ပေးနေပါတော့တယ်။ တစ်နေ့မှာတော့ လူတစ်ယောက် ပေါ်လာပြီး သူဖြစ်ခဲ့တဲ့ ကိစ္စဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ လုပ်တာမဟုတ်ဘူးဆိုပြီး ပြောလာပါတော့တယ်။ ဆိုဖီလည်း သံသယဝင်လာခဲ့ပြီး ပျောက်ဆုံးသွားတဲ့ မှတ်ဉာဏ်တွေကို လိုက်လံရှာဖွေဖို့ ကြိုးစားလာပါတော့တယ်။ ထိုလူကရော ဘယ်သူလဲ၊ ဆိုဖီနဲ့ ဘယ်လိုပတ်သက်နေလဲ။ ဆိုဖီသတ်သေဖို့ ကြိုးစားတာကရော သူ့ခင်ပွန်းနဲ့ ပတ်သက်နေလားဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှု့ရမယ် စီးရီးကောင်းလေးတစ်ခုဖြစ်ပါတယ်။စုစုပေါင်း ၈ ပိုင်းရှိပြီး အပတ်စဉ် သောကြာနေ့တိုင်း ပုံမှန်တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်အားပေးကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။Genre..... Drama, Thriller Quality…. 1080p | 720p File ...
6
TMDb: 6/10 6 votes
tv

Surface (2022)

2022
Black Bird (2022) 8.519
Black Bird (2022)     ဒီတစ်ခါတော့ စိတ္တဇလူသတ်သမားကိုမှ ထောင်ထဲမှာ မိတ်ဖွဲပြီး သတ်ထားတဲ့ သူတွေရဲ့ အလောင်းကို ရှာခိုင်းမဲ့ စုံထောက်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဂျင်မီ ဆိုတဲ့ ဆေးရောင်းသမားဟာ ရဲတွေရဲ့ ဝင်စီးတာကို ခံရပြီး လက်နက်မှု ဆေးရောင်းမှုကြောင့် ထောင် ၁၀နှစ် ကျနေတုန်းမှာပဲ ကောင်မလေး ၁၄ယောက်ကို သတ်ထားတဲ့ ကွင်းဆက်လူသတ်သမားကို သက်သေမခိုင်လုံလို ပြန်လွှတ်ပေးရတော့မဲ့ အခြေအနေဖြစ်နေခဲ့တာပါအဲဒါနဲ့ ရုပ်ချောပြီး စကားအပြောကောင်းတဲ့ ဂျင်မီ ကို ကွင်းဆက်လူသတ်ဖမ်းထားတဲ့ ထောင်ဆီလွှတ်ပြီး ဖျောက်ထားတဲ့ အလောင်းတွေကို ရှာဖွေဖို ရဲတပ်ဖွဲက သဘောတူညီချက်တစ်ခုလုပ်ပါတော့တယ် အဲဒီတော့……ဂျင်မီ မိတ်ဖွဲရမဲ့သူက တကယ်ပဲသတ်ထားတာလား စိတ္တဇပဲဖြစ်နေတာလား ပုံမှန်လူကိုမှ ရူးချင်ယောင်ဆောင်ထားတာလား ဆိုတာကိုတော့ ဆက်လက်ရှုစားရင်း အဖြေရှာလိုက် ကြပါဦးခင်ဗျာ File size…500 Mb Quality….Webrip 720p Format…mp4 Duration….1HR Genre... Drama / Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by GarfieldDownload LinkEpisode ...
8.519
TMDb: 8.519/10 27 votes
tv

Black Bird (2022)

2022