Channel Myanmar

Bad Wolf

The Winter King (2023) 5.0
The Winter King (2023) The Winter King (2023) ==================Bernard Cornwellရဲ့ The Warlord Chronicles ကို အခြေခံရိုက် ကူးထားတဲ့ Historical Fiction, Fantasy Drama ဖြစ်ပြီး အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ မာလင်၊ အာသာ၊ မောဒရက်၊ အူသာ ပန်ဒရာဂွန် တို့ကို မြင်တွေ့ရဦးမှာပါ။ ဇာတ်လမ်းဇာတ်ကြောင်းကတော့ Arthurian legend ကို ဇာတ်ကြောင်းပြန်ပြောထားတာဖြစ်ပြီး ဗြိတိသျှအမှောင်ခေတ် ကာလကို နောက်ခံဝန်းကျင်ထား ရိုက်ကူးထားပါတယ်။စစ်နယ်ရှင် အာသာပန်ဒရာဂွန် နယ်နှင်ခံလိုက်ရချိန်နောက်ပိုင်း အရိုက် အရာဆက်ခံသူ ကင်းမဲ့နေတဲ့ တိုင်းပြည်ကြီးကို ဖခင်ဖြစ်သူ အူသာဟာ ထီးနန်းကို နမော်နမဲ့ အုပ်ချုပ်နေခဲ့ပါတယ်။ တိုင်းပြည်ရဲ့ နယ်စပ်ဒေသ တွေမှာလည်း ရန်သူ့တပ်တွေက အခွင့်ရရင်ရသလို ဝင်စီးနေချိန်လည်း ဖြစ်တယ်။အချိန်တစ်ခုရောက်တော့ နန်းအရာ ဆက်ခံမယ့် မြေးဖြစ်သူ မော်ဒရက် မွေးဖွားလာတယ်။ ဒါပေမဲ့ မာလင့်ရဲ့ နိမိတ်အရ ဒီကလေးက တိုင်းပြည်ကို ဇောက်နက်ထဲထိ ဆွဲချမယ့် လူသား။ အာသာတစ်ဦးတည်းကသာ တိုင်းပြည် ကို ကယ်တင်နိုင်မယ့်သူဖြစ်လို့ မာလင်တစ်ယောက် ပန်ဒရာဂွန်သွေးစစ်သူကို ရှာဖွေရင်းနဲ့ ဒီဇာတ်လမ်း ...
5.0
TMDb: 5.0/10 1768 votes
tv

The Winter King (2023)

2023
His Dark Materials (2022)( Season 1+2+3 ) 8
His Dark Materials (2022)( Season 1+2+3 )   His Dark Materials ဆိုတဲ့ series ကတော့ ကျွန်တော်တို့ ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ ၀က်ဝံနှစ်ကောင်ဖိုက်ကြတဲ့ the golden compass ဆိုတဲ့ကားရဲ့ extended series ပေါ့ ဒီဇာတ်လမ်းအခြေတည်ထားတဲ့ Universe ကိုကအဆန်း လူတွေက ရုပ်နဲ့ နာမ် ပေါင်းစည်းနေရမဲ့အစား သူတို့ နာမ် တနည်းအားဖြင့် soul က တိရစ္ဆာန်တွေအဖြစ်တည်ရှိနေတယ် လူတိုင်းမှာ soul creature တစ်​ကောင်စီရှိကြတယ် အဲ့ soul creature ကို daemon လို့ခေါ်တယ် daemon တွေဟာ သူ့ခန္တာပိုင်ရှင် စိတ်နေသဘောထားအတိုင်း form အမျိုးမျိုးလိုက်ပြောင်းကြတယ် ခန္တာပိုင်ရှင် အရွယ်ရောက်သွားမှ သူတို့နောက်ဆုံး form မှာပဲအနည်ထိုင်သွားကြတယ် ဇာတ်လမ်းအစမှာကတည်းက လိုင်ရာဆိုတဲ့ကောင်မလေးနဲ့ သူ့ daemon ကိုတွေ့ရမှာပါ series ဖြစ်တဲ့အတွက် plot ပိုင်းတော့သိပ်မပြောတော့ဘူး extraordinary ဖြစ်တဲ့ story ကိုမှကြည့်ချင်သူတွေအတွက်တော့ရှယ်ပဲ တစ်ကားလုံးအဆန်းတွေကြီး harry potter တို့လိုမဟုတ်ပဲ other universe တစ်ခုကိုရောက်သွားတဲ့ feel မျိုးရစေမှာပါ rating ကလဲ IMDb မှာ 8.7 rotten tomatoes မှာ 83% လတ်လတ်ဆတ်ဆတ်ကြီးဆိုတော့ ကြည့်သင့်တဲ့ series ...
8
TMDb: 8/10 1219 votes
tv

His Dark Materials (2022)( Season 1+2+3 )

2019
A Discovery of Witches – Season 03 8.0
A Discovery of Witches – Season 03 A Discovery of Witches - Season 03===========================IMDb Rating - 8.0/10 | Rotten Tamatoes 94%******** Spoiler Alert ***********S1, S2 မကြည့်ရသေးသူတွေအတွက်တော့ စပွိုင်လာလေးတွေ ပါနိုင်ပါတယ်နော် S2 တုန်းက ၁၆ရာစုကို အချိန်ခရီးသွားခဲ့ကြတဲ့ မက်သရူးနဲ့ ဒိုင်ယာနာတို့နှစ်ယောက် ဒီစီစန်မှာတော့ အခုလက်ရှိကာလကို ပြန်လည်ရောက်ရှိလာပါပြီ။ သူတို့ရောက်ရောက်ချင်းမှာပဲ ဆီးကြိုလိုက်တဲ့သတင်းကတော့ စိတ်မကောင်းစရာပါ ဒိုင်ယာနာ့ရဲ့ အမေလိုချစ်ခင်ရတဲ့ အမ်မလီတစ်‌ယောက် ပီတာနော့စ်သတ်တာ ခံလိုက်ရတာပါ ပြီးတော့ မက်သရူးရဲ့အစ်ကိုဖြစ်သူ ဘောလ်ဒွင်းကလည်း ဆပ်တောစ်မှာ စုန်း၊ နတ်ဆိုး၊ လူ၊ ဗန်ပိုင်းယားအစုံ ဘော်‌ဒါဆောင်လို စုနေနေကြတာကို သဘောမတွေ့ဘဲ ဒီကလာမွန့်မိသားစု မဟုတ်သူအားလုံးကို နှင်ထုတ်လိုက်ပါတယ်။ နောက်ပြီး သွေးဆာလောင်မှုရောဂါရှိနေတဲ့ ဗန်းပိုင်းယားတစ်ကောင် လူ‌တွေကိုလိုက်သတ်နေတယ်ဆိုတဲ့ သတင်းကလည်း လူတွေ ကြားမှာရော သတ္တဝါတွေကြားမှာပါ အတော်ကိုပျံ့နှံ့နေပြီဆိုတော့ ဒီပြဿနာတွေကို သူတို့ဘယ်လိုဖြေရှင်းပြီး ဘယ်လိုရှေ့ဆက်ကြမယ်ဆိုတာ Season 3 မှာ ဆက်လက်ကြည့်ရှု ကြပါဦး။ (ဒီစီးရီးရဲ့ အညွှန်းကို MTA ...
8.0
TMDb: 8.0/10 356 votes
tv

A Discovery of Witches – Season 03

2022
A Discovery of Witches – Season 02 8.0
A Discovery of Witches – Season 02 A Discovery of Witches - Season 02===========================IMDb Rating - 8.0/10 | Rotten Tamatoes 94%အားလုံးမျှော်နေတဲ့Discovery of Witches ရဲ့ season(2)လာပါပြီ။ season(1)မှာ မျိုးစိတ်တွေ အားလုံးလိုချင်နေကြတဲ့စာအုပ်ကို ဆင့်ခေါ်နိုင်ပြီးရရှိသွားတဲ့ စုန်းမလေးဒိုင်ယာနာက ဗန်ပိုင်းယား မက်သရူးနဲ့ပါချစ်ကြိုက်မိသွားလို့ အန္တရာယ်ပတ်ချာလည်ဝိုင်းသွားပြီး အန္တရာယ်တွေကိုနှစ်ယောက် သားဖြတ်ကျော်နေရတာပါ။ season(2)မှာတော့ ဒိုင်ယာနာနဲ့မက်သရူးတို့ ရိုမီယိုနဲ့ဂျူးလီယက်လို နှစ်ယောက်သားချစ်ကြပါလျက်နဲ့ ပတ်ဝန်းကျင်ကြောင့်ကွဲကွာကြမလား၊ စာအုပ်ကိုပိုင်ဆိုင်ထားတဲ့ ဒိုင်ယာနာလေးကရော မျိုးစိတ်တွေရဲ့အန္တရာယ်ကနေလွတ်မြောက်နိုင်ပါ့မလားကတော့ အေးအေး ဆေးဆေးခံစားကြည့်ရှုကြပါဦးလို့။(ဒီစီးရီးရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size - (800 MB) Quality – BLURAY 1080p 5.1CH Duration - 40 mins (@Episode) Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Fantasy, Romance Translator ...
8.0
TMDb: 8.0/10 346 votes
tv

A Discovery of Witches – Season 02

2021
A Discovery of Witches – Season 01 8.0
A Discovery of Witches – Season 01 A Discovery of Witches - Season 01===========================IMDb Rating - 8.0/10 | Rotten Tamatoes 94%" တစ်ချိန်က ကမ္ဘာကြီးဟာ ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတယ်။ အခုတော့ ဒီနေရာကို လူတွေ မင်းမူသွားပြီ။ နတ်ဆိုး၊ သွေးစုပ်ဖုတ်ကောင်တွေနဲ့ စုန်းစတဲ့ သတ္တဝါတွေဟာ ပုန်းလျှိုးပျောက်ကွယ်သွားကြရတယ်။လူတွေ့မခံရဲကြတော့ဘူး။ အချင်း ချင်းတောင်မှ ရှက်ရွံ့လာကြရတယ်။ဒိုင်ယာနာ ဘစ်ရှော့ဟာလည်း လူတွေနဲ့ ရောယှက်နေထိုင်ရင်း သမိုင်းသုတေသီအဖြစ် ဘ၀ကိုကျောင်းနေသူ စုန်းတစ်ယောက်ပါ။ ကျန်သူတွေနဲ့ တစ်ခုကွဲပြားမှုဆိုရင် သူဟာ စုန်းဆိုတဲ့ ဖြစ်တည်မှုကို ကိုယ်တိုင်ကိုယ်၌ကကို လက်မခံချင်သူဖြစ်သလို မှော်ပညာကို အားမကိုးသူမလို့ သူ့ရဲ့ အစွမ်းကိုလည်း ကောင်းစွာ မထိန်းချုပ်နိုင်သူပါ။ ဤကဲ့သို့သော ဒိုင်ယာနာဘစ်ရှော့လို လူမျိုးကိုမှ အမှောင်လောကထဲကို ပြန်ဆွဲသွင်းလိုက်တဲ့အရာကတော့ Bodleian စာကြည့်တိုက်က Ashmole 782 ဆိုတဲ့ စာအုပ်ပါပဲ။ စာအုပ်သူ့လက်ထဲရောက် ရောက်ချင်းမှာပဲ ငြိမ်သက်နေတဲ့ ရေပြင်ကို ခဲတစ်လုံးပစ်လိုက်သလို အမှောင်လောကဟာ ပြန်အသက်၀င်လာတယ်။ဒိုင်ယာနာ့ရဲ့ ပတ်၀န်းကျင်မှာ မူမမှန်တာတွေ ဖြစ်လာတယ်။ ...
8.0
TMDb: 8.0/10 41000 votes
tv

A Discovery of Witches – Season 01

2018