Channel Myanmar

Bandai Spirits

Ranking of Kings (2021) 8.195
Ranking of Kings (2021) Ousama Ranking ............................ Myanimelist 8.6/10 IMDb 8.6/10ကျ​နော်တို့ငယ်ငယ်တုန်းကဆိုရင် လူတိုင်း အိပ်ခါနီးတိုင်း ပုံပြင်​ပြောပြလုပ်ဖူးခဲ့ကြမှာ​သေချာပါတယ်။ ပုံပြင်​ကောင်း​ကောင်းတပုဒ်ကို​နား​ထောင်ရတဲ့ည​တွေဆိုရင် အိပ်ကိုမအိပ်​တော့ပဲ ပုံပြင်ဆုံးတဲ့အထိစိတ်ဝင်တစားနား​ထောင်ဖူးကြတာမျိုးလည်း ကြုံဖူးမယ်ထင်ပါတယ်။ အခုဒီကားတွန်း​လေးဟာလည်း ငယ်ငယ်ကအိပ်ယာဝင်ပုံပြင်တစ်ပုဒ်ကိုနား​ထောင်ရတဲ့အလား ဖြစ်​စေတယ်ဗျ။ ကာတွန်းဆန်တဲ့ရုပ်ထွက်​ပေမဲ့ သမာရိုးကျဇာတ်လမ်း​တွေနဲ့မတူတဲ့ ပုံပြင်​ကောင်း​လေးတစ်ပုဒ်လို့ပဲ ကျ​နော်က​တော့ဆိုချင်ပါတယ်။ ဒီစီးရီးကိုကြည့်တုန်းကဆိုရင် ဘာဖြစ်​တော့မယ်လို့ထင်ထားတာ​တွေလည်း တစ်ခုမှကိုမမှန်တဲ့အထိ ဇာတ်လမ်းအသွားအလာက လုံးဝခန့်မှန်းလို့မရပါဘူး။ ​သေချာတာတခုက​တော့ ဒီစီးရီးကိုကြည့်ရင် စိတ်ဝင်စားဖို့လုံးဝ​ကောင်း​စေရမယ်။ ဆန်းကြယ်တဲ့စိတ်ကူးယဥ်စွန့်စား​ရေးခရီးတခုကိုထွက်​နေရတဲ့အလား ဖြစ်​စေရမယ်လို့ အာမခံပါတယ်။ ဇာတ်လမ်းအမြည်း​လေးကို​ပြောပြရရင်​တော့....ဟိုး​ရှေး​ရှေးတုန်းက ​ဘော့စ်တိုင်းပြည်မှာ ဘုရင်ကြီးတပါးအုပ်ချုပ်ပါတယ်။ အဲ့ဒီဘုရင်ကြီးမှာ သား​တော်နှစ်ပါးရှိပြီး ပထမသား​တော်ကြီးက​တော့ ​မွေးကတည်းက ဆွံ့အနားမကြားပဲ အားအင်လည်းမရှိသူဖြစ်ပါတယ်။ သား​တော်အငယ်​လေးက​တော့ တိုက်ရည်ခိုက်ရည်ပါရမီရှိတာမလို့ သက်ဦးဆံပိုင်ဘုရင်​ခေတ်မှာ သား​တော်အငယ်က ထီးနန်းဆက်ခံဖို့​​ရေပန်းစားပါတယ်။ အဲ့လိုနဲ့ တ​နေ့မှာ​တော့ ဘုရင်ကြီးဟာ နာမကျန်းဖြစ်လာခဲ့ပြီး ထူးဆန်းတဲ့ကိစ္စကြီးတခုလည်းဖြစ်လာခဲ့ကာ တခါမှမမြင်ဖူးတဲ့စွန့်စား​ရေးခရီးရှည်ကြီးဟာလည်း ပရိသတ်​ရှေ့​​မှောက်ကို​ရောက်လာခဲ့ပါ​တော့တယ်။File Size – 300MBQuality – 1080p WEB DL AAC2.0CHDuration –23m Total Episodes: 23EpisodeSubtitle – Myanmar HardsubFormat – Mp4Genre : Animation , Action , AdventureTranslator ...
8.195
TMDb: 8.195/10 141 votes
tv

Ranking of Kings (2021)

2021