Channel Myanmar

BBC Studios

Good Omens Season 2 8
Good Omens Season 2 Good Omens (2019-2023) Genre – Comedy, Fantasy IMDB – 8.0/10၂၀၁၉ ခုနှစ်တုန်း Season 1 ထွက်ရှိထားပြီး Supernatural လိုမျိုး ခရစ်ယာန်အယူဝါဒတွေကောင်းဘင်ဘုံတို့ ငရဲပြည်တို့ နတ်ဆိုးတွေ တမန်တော်တွေ စသဖြင့် ပါဝင်ပြီးရယ်မောစရာလေးတွေနဲ့ လူကြိုက်များ ဟာသဒရမ်မာစီးရီးလေး ပြန်လာတာ ဖြစ်ပါတယ်။သူက ကောင်းဆို Stardust ရုပ်ရှင်တို့ Netflix ပေါက်စီးရီး Sandman တို့အရင်တုန်းက American Gods စီးရီးတို့လို Fantansy စိတ်ကူးယဉ်စာအုပ်တွေရေးသားခဲ့တဲ့ စာရေးဆရာကြီး Neil Gaiman ရဲ့ Good Omen ကိုပဲပြန်လည် Adaptation လုပ်ထားတာ ဖြစ်လို့ပါ။အဓိကဇာတ်လိုက်ကျော် ၂ ယောက်ကတော့ စိတ်ထားစေတနာအလွန်ကောင်းပြီးအကောင်းမြင်တတ်တဲ့ တမန်တော်ဟောင်း အဲဇာရက်ဖဲလ်ရယ်သူနဲ့ အရာရာနီးပါး ဆန့်ကျင်ဖက်ဖြစ်ပြီး စေတန်ရဲ့လက်ပါးစေတစ်ယောက် ခရိုလီတို့ ဖြစ်ကြပါတယ်။Season 1 မှာတုန်းကတော့ နှစ်ယောက်သား ဘုနဲ့ဘောက် ...
8
TMDb: 8/10 1525 votes
tv

Good Omens Season 2

2023
Dead Pixels (2023) Complete 7
Dead Pixels (2023) Complete Dead Pixels (India)(TV Series 2023) IMDb-7.4/102019ခုနှစ်က ထွက်ရှိခဲ့တဲ့ ဗြိတိန်ဇာတ်လမ်းတွဲကိုပဲ remake လုပ်ထားတဲ့ စီးရီးလေးပါ။ဂိမ်မာတွေ အချင်းချင်းကြားက ချစ်ခင်ရင်းနှီးမှု၊သူတို့ ဘ၀နေထိုင်မှုတွေ လက်တွေ့ဘ၀မှာ ဖြတ်သန်းကြပုံတွေကို တင်ဆက်ပေးထားတဲ့ ဇာတ်ကြောင်းကို စီးရီးနာမည်မပြောင်းဘဲ အရသာတမျိုးလေး ခံစားရစေမှာပါ။နောက်မတူတာတခုက ဗြိတိန်ဇာတ်လမ်းထဲမှာ ဆော့တဲ့ဂိမ်းက Kingdom Scrolls ဖြစ်တာရယ် ဒီအိန္ဒိယစီးရီးလေးထဲမှာတော့ Battle of Thrones ဂိမ်းကိုဆော့ကြတာပါ။ဇာတ်လမ်းအကျဉ်း ဂါယာသရီဆိုတဲ့ ကောင်မလေးရယ် ဘဟာဂဗ်နဲ့ အာနန်ဆိုတဲ့ ဘဲနှစ်ပွေရယ်က ဂိမ်မာတွေပါ၊ ဂါယာသရီမှာ အိုက်ရှ်ဝါရီယာဆိုတဲ့ သူငယ်ချင်းအလန်းလေးရှိပြီး သူတို့၂ယောက်ရယ် ဘဟာဂဗ်ရယ် တိုက်ခန်းတခုထဲမှာ အတူတူစုနေကြတာပါ။ဂါယာသရီနဲ့ ဘဟာဂဗ်က ရုံးတခုမှာ အလုပ်အတူတူ၊တရက် သူတို့ရုံးကို အသစ်ရောက်လာတဲ့ ရိုနန်ဆိုတဲ့ ဘဲခပ်ချောချောလေးကို ဂါယာသရီက နှာဘူးထပြီး ဂိမ်းထဲမှာ အတူဆော့ဖို့ ခေါ်လာပါရော။အဲဒီမှာ သူတို့သူငယ်ချင်းသုံးယောက်ပေါင်းပြီး ရိုနန်ကို ဝိုင်းဆေးထိုးကြပါတယ်။ ဒီဇာတ်လမ်းလေးမှာ သူတို့မျှော်လင့်ထားသလို ဂိမ်းရဲ့နောက်ဆုံးပန်းတိုင်ကို ရောက်အောင် သွားနိုင်ကြမလား။ဂိမ်းကပဲ သူတို့ဘ၀ထဲကို လက်တွေ့ဆန်တဲ့ထိတွေ့မှုတွေ ယူလာပေးမလားဆိုတာ ကြည့်ကြည့်ကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ CM Bollywood Team မှ ဖြစ်ပါတယ်)File ...
7
TMDb: 7/10 1 votes
tv

Dead Pixels (2023) Complete

2023
Better (2023) 7
Better (2023) Better (2023) Completed Mini-Series ~ IMDb - 6.4/10, Rotten Tomatoes - 89% ~ အဂတိလိုက်စားမှုတွေ၊ ကိုယ်ကျင့်တရား၊ အသိစိတ်ဓာတ်နဲ့ အမှားအမှန်ခွဲခြားသိမြင်မှု၊ Friendship တွေကို စုံစုံလင်လင် မြင်တွေ့ရမယ့် မှုခင်း ဒရာမာစီးရီးအမျိုးအစားဖြစ်ပါတယ်။ လက်တွေ့ကမ္ဘာကို ရောင်ပြန်ဟပ်နေတဲ့ ငွေနောက်လိုက်တဲ့သူတွေ၊ အကျင့်ပျက်ခြစားနေတဲ့ ရဲတွေ၊ မကောင်းမှုတွေ ကြီးစိုးနေတဲ့လောကကြီး အကြောင်းကို ပေါ်လွင်အောင် ပုံဖော်ထားတာဖြစ်တဲ့အတွက် ကြည့်ရမှာတန်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ စုံထောက်စစ်ဆေးရေးမှူး ဆလက်ဟာ သူ့အဖေခြေရာနင်းပြီး ထူးချွန် တာ၀န်‌ကျေတဲ့ ရဲတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ ခင်ပွန်းနဲ့ ဆယ်ကျော်သက်အရွယ် အို၀မ်ဆိုတဲ့သားတစ်ယောက်ရှိပါတယ်။ တစ်ရက်မှာ အို၀မ်က ဦးနှောက်အမြှေးရောင်ရောဂါနဲ့ သေလုမျောပါးဖြစ်ပြီး ဆေးရုံရောက်သွားပါတယ်။ အဲဒီအချိန်မှာပဲ ဆလက်က သူ အနှစ်၂၀လောက် ကျူးလွန်ခဲ့တဲ့ အမှားတွေကို ပြန်မြင်ယောင်ပြီး အသိ၀င်လာပါတော့တယ်။ တကယ်တော့ သူဟာ အများထင်သလို ပြည်သူ့ဘက်တော်သားတစ်ယောက်မဟုတ်ပါဘူး။ သူ့ငယ်သူငယ်ချင်း ...
7
TMDb: 7/10 5 votes
tv

Better (2023)

2023
Rain Dogs (2023) 6.4
Rain Dogs (2023) Rain Dogs (2023) Season 01 Complete ~ IMDb - 6.3/10, Rotten Tomatoes - 100% ~ "A family like no other" Rain Dogs ဟာ HBO ရဲ့ 2023 ထွက် အသစ်စက်စက် British Series တစ်ခုပဲဖြစ်ပါတယ်။ သာမန် လူလတ်တန်းစားတွေ၊ လူကုံထံတွေအကြောင်းကို ရိုက်ထားတဲ့ ဇာတ်ကားတွေကနေ ကွဲထွက်ပြီး စားဖို့သောက်ဖို့၊ နေစရာရှိဖို့အတွက် ရုန်းကန်ကြရတဲ့ လက်လုပ်လက်စား လူတန်းစားတစ်ရပ်အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ Dark Comedy, Drama စီးရီးလေးတစ်ခုပါပဲ။ ဇာတ်လမ်းရဲ့အစမှာ Single Mother တစ်ဦးဖြစ်တဲ့ Costello Jones ဟာ ခက်ခဲတဲ့အနေအထားတစ်ရပ်နဲ့ရင်ဆိုင်နေရပြီး သူ့ရဲ့ ချစ်စရာသမီးချောလေး Iris ဟာလည်း မိခင်ဖြစ်သူကိုနားလည်ပြီး ဖြစ်သမျှကို စိတ်မညစ်စွာ အတူတူရင်ဆိုင်ရဲတဲ့ ကလေးလေးဖြစ်ပါတယ်။ ...
6.4
TMDb: 6.4/10 8 votes
tv

Rain Dogs (2023)

2023
The Diplomat (2023) 5
The Diplomat (2023) The Diplomat (2023) Complete ~ IMDb rating - 6.5/10 ~ 2023 မှာထွက်ရှိထားတဲ့ ဒရာမာ သည်းထိတ်ရင်ဖို မှုခင်းစီးရီး​လေးဖြစ်တဲ့ The Diplomat ​လေးနဲ့ မိတ်ဆက်​ပေးပါရ​စေ။ သံတမန်​ရေးရာ​ရော အမှုအ​ကြောင်း​တွေ​ရောသာမက ဒရာမာ​ခန်း​တွေပါ အဘက်ဘက်က ပြည့်စုံ​အောင် ရိုက်ထားတဲ့စီးရီး​လေးဖြစ်လို့ ကြည့်သင့်တဲ့ စီးရီး​လေးတစ်ခုလည်းဖြစ်ပါတယ်။ လော်ရာဟာ ကက်တန်လန်မြို့ကလေးမှာနေနေတဲ့ တိုင်းတစ်ပါးရောက်ဗြိတိန်သူတစ်ယောက်ပါ။ သူက အဲဒီမြို့ကိုရောက်လာတဲ့ ဗြိတိန်နိုင်ငံသားတွေရဲ့ ပြဿနာတွေကို လိုက်လံဖြေရှင်းပေးရတဲ့ အလုပ်လုပ်ပါတယ်။ တစ်​နေ့ ဗြိတိန်နိုင်ငံသားတစ်ဦး အသတ်ခံလိုက်ရတဲ့အချိန်မှာ သံတမန်​ရေးရာ​ ဘောင်ထဲက​နေမလွန်ဆန်နိုင်ဘဲ သူ့သူငယ်ချင်း ကက်တန်လန်မြို့သူ အယ်ဘာနဲ့ အမှုကို ​ဘယ်လို ဖြေရှင်းသွားမလဲ၊ အမှုမှန်ရဲ့​နောက်ကွယ်မှာ​ရော ဘယ်သူ​တွေရှိ​နေတာလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် စီးရီး​လေးဖြစ်ပါတယ်။ အပိုင်းတိုင်းမှာလည်း အမှုအ​ကြောင်းချည်းမဟုတ်ဘဲ ဖြစ်​လေ့ဖြစ်ထရှိတဲ့ သံတမန်ကိစ္စ​လေး​​တွေကို ထည့်ရိုက်​ပေးထားတာ​ကြောင့် ကြည့်ရတာနှစ်ထပ်ကွမ်းတန်တဲ့ စီးရီး​လေးတစ်ခုဖြစ်ပါတယ်လို့ညွှန်းလိုက်ပါရ​​စေ။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ DB ပဲဖြစ်ပါတယ်)Size ~ 550MB+ Total ...
5
TMDb: 5/10 1 votes
tv

The Diplomat (2023)

2023
Good Omens Season 1 8
Good Omens Season 1 ခရစ်ယာန်အယူဝါဒ အရကမ္ဘာဦးအစမှာဖန်ဆင်းရှင်ဟာ ဖန်ဆင်းမှု ၆ခုကို ဖန်ဆင်းတော်မူခဲ့တယ်၆ရက်မြောက်နေ့ ဘုရားသခင်ရဲ့ဖန်ဆင်းမှု ကြောင့် ကျွန်တော်တို့ လူသားတွေဖြစ်တည်လာရတာပေါ့အားလုံးသိကြတဲ့ အာဒမ် နဲ့အေဝဆိုတဲ့အမျိုးသားနဲ့အမျိုးသမီးတဦး ပေါ်ထွန်းလာခဲ့တယ် ဘုရားသခင်ဟာအဆိုပါလူသား၂ဦးကို ဧဒင်ဥယျာဥ်ထဲမှာပဲ ထားတယ် အဲ့ဧဒင်ဥယျာဥ်ထဲက ပန်းသီးပင်က ပန်းသီးကို မစားဖို့ လူသား၂ဦးကို အတန်တန်မှာ ကြားခဲ့တယ်ဘုရားသခင်ရဲ့ ဖန်ဆင်းမှုတွေထဲမှာ တမန်တော်တွေရဲ့ အခန်းကဏ္ဍကလဲကမ္ဘာဦး အစမှာတည်းကအရေးပါခဲ့တယ်ဘယ်နေရာဖြစ်ဖြစ် အကောင်းကိုပြုမယ့် အဇီရာဖေးဆိုတဲ့တမန်တော်ရှိရင် သူနဲ့တွဲဖက်စေတန်ရဲ့အစေပါးဖြစ်တဲ့ ခရိုလီ ဟာ ပန်းသီးပင်က ပန်းသီးကို အေဝတယောက်စားမိအောင် စေ့ဆော်မိတဲ့နေ့ကစပီးလူသားတွေရဲ့ရာဇဝင်အဆက်ဆက်နဲ့ The Good Omens ဆိုတဲ့ဇာတ်လမ်းတပုဒ်ပေါ် ထွက်လာတော့တာပဲဒီ seriesဟာ နာမည်ကြီး ဝတ္ထုကိုပြန် ရိုက်ထားတဲ့ adaptation ဖြစ်ပေမယ့်လို့အခြားadaptation တွေလို မ fail ခဲ့ပါဘူး wonderful series ဆိုပီး recommend တွေအများကြီးရခဲ့တယ်rating ပိုင်းလဲပြောစရာမလိုဘူး acting ပိုင်း cast တွေ ...
8
TMDb: 8/10 1236 votes
tv

Good Omens Season 1

2019
Peaky Blinders Seasons 1-6 8.3
Peaky Blinders Seasons 1-6 အကောင်းဆုံး ရုပ်သံဇာတ်လမ်းတွဲတွေကို ပြောကြမယ်ဆိုရင် Peaky Blinders စီးရီးကိုလည်း ထည့်ပြောရမှာပါပဲ။ ဒီဇာတ်လမ်းကတော့ ဂန်းစတားဇာတ်လမ်းတွဲပါ။ Peaky Blinders ဆိုတဲ့ လူဆိုးအဖွဲ့က အင်္ဂလန်မှာ တကယ်ရှိခဲ့ဖူးပါတယ်။ ခေတ်ကတော့ ပထမကမ္ဘာစစ်အပြီး ကာလပါပဲ။ ဒါပေမယ့် ဒီဇာတ်လမ်းကတော့ စိတ်ကူးယဉ်ဇာတ်လမ်းပါ။ အရင်ဆုံးက Peaky Blinders ဆိုတဲ့ နာမည်အဓိပ္ပါယ်ကနေ စမိတ်ဆက်ရမယ်ထင်ပါတယ်။ Peaky ဆိုတာကတော့ ဒီဇာတ်လမ်းတွဲထဲက ရှဲလ်ဘီ မိသားစုတွေ ဆောင်းကြတဲ့ နံပြားဦးထုပ်၊ လျှာထိုးဦးထုပ်အပျော့လေးတွေကို ခေါ်တာပါ။ Blinders ဆိုတာကတော့ အဲဒီခေတ်အသုံးအနှုန်းမှာ တစ်နေရာရာမှာ တော်တဲ့တတ်တဲ့၊ စမတ်ကျကျ၊ ကြည့်ကောင်းကောင်းသူတွေကို ခေါ်တာမျိုးပါ။ ဒီတော့ နံပြားဦးထုပ်နဲ့ ဆရာကြီးတွေ လို့ ပြောရမှာပေါ့လေ။ Blinders ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်သွားတဲ့ ထူးခြားချက်ကလည်း ရှိပါတယ်သေးတယ်။ သူတို့ရဲ့ ဦးထုပ်တွေထဲမှာ ဓားသွားတွေ ထည့်ထားပြီး ရန်ဖြစ်တာနဲ့ မျက်နှာကို ခုတ်ချလိုက်တာမျိုးက ပိကီဘလိုင်ဒါတွေရဲ့ မူပိုင်ကွက်ပါပဲ။ ဒီဇာတ်လမ်းတွဲကို ကြည့်ရင် သူတို့တွေရဲ့ ငွေကြေးအမျိုးအစားနဲ့ တန်ဖိုးလေးတွေကို သိထားရင် ပိုအဆင်ပြေပါတယ်။ အဲဒီခေတ်ကတော့ ဂီနီ၊ ပေါင်၊ သျှီလင်တွေကို သုံးကြပါတယ်။ ဂီနီကတော့ အခုခေတ်မှာ မသုံးတော့တဲ့ ဒင်္ဂါးတွေပါ။ တစ်ဂီနီ ...
8.3
TMDb: 8.3/10 690 votes
tv

Peaky Blinders Seasons 1-6

2013