Channel Myanmar

Beta Film

The Invisible Girl (2023) 7.2
The Invisible Girl (2023) The Invisible Girl (2023) ==================စာသင်ကျောင်းတစ်ကျောင်းက ကျောင်းသူလေးတစ်ဦး အသတ်ခံ ရပြီးနောက်မှာ ကာဒေနားမြို့တစ်မြို့လုံးလှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ ပါတယ်။ ယခင်ငြိမ်းချမ်းခဲ့သော မြို့လေးအဖြစ်ကနေ အခုတော့ လူအားလုံးဟာ သံသယရှိသူတွေဖြစ်လာပါတော့တယ်။ ဂျူလီယာနဲ့ သူရဲ့အဖေတို့ဟာလည်း ဒီအမှုကိစ္စမှာ တစ်နည်းတစ်ဖုံပတ်သတ်လာ ပါတော့တယ်။သူငယ်ချင်းဖြစ်သူရဲ့သေဆုံးမှုအတွက် တရားခံကိုကြိုးစားရှာဖွေမယ့် ဂျူလီယာနဲ့ အဖေဖြစ်သူရဲ့မှူးတို့ဟာ အမှုကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဖြေရှာကြရင်း နှစ်ဦးကြားက ဆက်ဆံရေးအခြေအနေတွေ တင်း မာလာပါတော့တယ်။ ဒီစီးရီးဟာ စာအုပ်အနေနဲ့ အောင်မြင်ခဲ့ပြီး ယခုဇာတ်လမ်းတွဲအနေနဲ့ ပြန်လည်အသက်သွင်းလိုက်တဲ့ စပိန် မှုခင်း ဒရာမာ စီးရီးအမျိုးအစားလေး ဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းကို Zaw Myo Thu မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ Zaw Myo Thu, Leonard Lin ဖြစ်ပါတယ်။)File Size.............(250 MB) / (1 GB) Quality...............WEB-DL 720p / 1080p Duration............36Min(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Drama, Thriller Translator..........Zaw Myo Thu, Leonard Lin Encoder..............SWM720P (200 Mb)-----------------------------------Episode(1) - Yoteshin /  ...
7.2
TMDb: 7.2/10 5 votes
tv

The Invisible Girl (2023)

2023
The Pier (2020) 6.8
The Pier (2020) ကျွန်မ တည်ငြိမ်နေတဲ့ ရေပြင်ကျယ်ကြီးကို ငေးကြည့်နေမိတယ် မောင်။ ကျွန်မ ဘဝကလည်း ဒီရေပြင်လို တည်ငြိမ်အေးချမ်းနေခဲ့ဖူးတယ်လေ။ ကျွန်မဘဝက လှတယ် အေးချမ်းတယ် ပျော်ရွှင်မှုအပြည့်နဲ့ အောင်မြင်နေတဲ့ ဗိသုကာပညာရှင်တစ်ယောက်။ ပြီးတော့ ကျွန်မကို သိပ်ချစ်တဲ့ မောင်လည်းရှိတယ်။ ဒါပေမယ့် ရေပြင်ကျယ်ဟာ မာယာများတယ် ပြောင်းလဲလွယ်တယ် တည်ငြိမ်နေရာကနေ ရုတ်တရက် မုန်တိုင်းထန်လာတတ်တယ်။ မောင်လည်း ဟောဒီရေပြင်ကျယ်လိုပဲ။ ၁၅နှစ်လုံးလုံး အေးချမ်းတည်ငြိမ်နေတဲ့ ကျွန်မဘဝထဲကို မောင်ဟာ အဆိုးရွားဆုံး မုန်တိုင်းတွေကို ယူဆောင်လာခဲ့တယ်။ မုန်တိုင်းတွေကို သယ်ဆောင်လာတဲ့မောင်ဟာ အေးအတူပူအမျှ အတူတကွနေကြပါမယ်ဆိုတဲ့ လက်ထပ်စဉ်က ကတိသစ္စာတွေကို ဖောက်ဖျက်ပြီး ပြန်မဆုံနိုင်သော ခွဲခွာခြင်းမျိုးနဲ့ သောကမုန်တိုင်းအလယ်မှာ ကျွန်မကို တစ်ယောက်တည်း ထားပစ်ခဲ့ပြန်တယ်။ လူတွေက ဒီဆိပ်ကမ်းမှာ အပန်းလာဖြေနေကြတယ်။ ဒီဆိပ်ကမ်းမှာ လာပျော်ရွှင်နေကြတယ်။ ကျွန်မကတော့ ဒီ ဆိပ်ကမ်းကို သိပ် မုန်းတယ် မောင်။ အလုပ်ကိစ္စနဲ့ ခရီးထွက်မယ်လို့ ကျွန်မကို မောင် ပြောသွားခဲ့တယ်။ မကြာသေးခင်ကမှ ကျွန်မတို့ ဘဝအတွက် အစီအစဉ်တွေချရင်း ပျော်ရွှင်ရယ်မောနေကြသေးတယ်လေ။ အခုတော့ ကျွန်မ ပြန်တွေ့ရတာ ဟောဒီဆိပ်ကမ်းမှာတင်နေတဲ့ မောင့်ရဲ့ အသက်မဲ့တဲ့ ခန္တာကိုယ်တဲ့လား။ ကျွန်မတို့ ပျော်ရွှင်နေကြတာလေ ဒါပေမယ့် မောင်က ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသွားတာတဲ့လား။ မယုံနိုင်ဘူး မောင်ရယ်။ ကျွန်မ အပူတွေမှ မဆုံးသေးဘူး။ ၁၅ နှစ်တာလုံး ...
6.8
TMDb: 6.8/10 19 votes
tv

The Pier (2020)

2019