Channel Myanmar

CJ ENM

Our Little Summer Vacation (2020) 9.5
Our Little Summer Vacation (2020) Our Little Summer Vacation (2020)ချွဲဝူရှစ်နဲ့ ဂျောင်ယူမီတို့ရဲ့ ၂၀၂၀ က ထွက်ရှိခဲ့တဲ့healing program လေးနဲ့ ပြန်လည်မိတ်ဆက်ပေးပါရစေ။အရင်ဆုံး main cast လေးနှစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ။ချွဲဝူရှစ်ကတော့ အားလုံးသိကြတဲ့အတိုင်း our beloved summer ထဲကချွဲအွန်းဖြစ်ပြီး အဲဒီတုန်းကတော့ Parasite ဇာတ်ကားနဲ့ အတော်လေးနာမည်ကြီးနေတဲ့ ကာလပါ။ဂျောင်ယူမီကတော့ Train to Busan မှာ မာဒုန်ဆော့ရဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်နောက်ဆုံး survivor အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူပါ။ ဝူရှစ်နဲ့လည်း တစ်ကားတည်း သရုပ်ဆောင်ခဲ့တာပေါ့နော်။ကဲ အစီအစဉ်အကျဉ်းလေး ပြောပြပေးပါမယ်။Healing program တို့ ထုံးစံအတိုင်း အလုပ်တွေများပြီး မွန်းကြပ်တဲ့နေ့စဉ်ဘဝကနေ ‌ခဏတာရုန်းထွက်ပြီး ကျေးလက်ကမ်း‌ခြေမြို့လေးမှာ တစ်လနီးပါး သွားနေကြမှာပါ။နယ်မြို့လေးဆိုပေမဲ့ သူတို့ရဲ့ နေ့စဉ်ဘဝက အပ်ကြောင်းထပ်မနေပါဘူး။အိမ်ခြံဝန်းလေးထဲမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်းသီးဟင်းရွက်စိုက်ခင်းလေးလည်းရှိပြီးတစ်နေ့နဲ့တစ်နေ့ မတူညီတဲ့ ဟင်းလျာအမျိုးမျိုး ချက်စားကြတယ်။မုန့်တွေဖုတ်ကြတယ်။ ဆန်အရက်တွေလုပ်ကြတယ်ပေါ့။ဗုဒ္ဓဘုရားကျောင်းသွားပြီး ထုံးတမ်းဓလေ့တွေလည်း လေ့လာကြတယ်။ကမ်းခြေနဲ့နီးတဲ့အတွက် ...
9.5
TMDb: 9.5/10 2 votes
tv

Our Little Summer Vacation (2020)

2020
House on Wheels
House on Wheels House on Wheels Season 3Season 3 Episode 1အိမ်လိုမျိုး ကုတင် မီးဖိုချောင် စတဲ့အသုံး‌အဆောင်ပစ္စည်းလေးတွေပါတဲ့ကားမျိုးလေးနဲ့ ခရီးသွားဖူးချင်တာ လူတော်တော်များများရဲ့ အိပ်မက်ဖြစ်မယ်ထင်ပါတယ်။ဒီ House on Wheels ဆိုတဲ့အစီအစဉ်လေးကလည်း နာမည်အတိုင်းဘီးတပ်အိမ်လေးနဲ့ လှပတဲ့ဒေသလေးတွေဆီသွားပြီး camping ထွက်ကြတာမျိုးပါ။Camping ဆိုတဲ့အတိုင်း တဲထိုးမယ် အပန်းဖြေမယ် စကားတွေပြောမယ် စားကြသောက်ကြမယ်ပေါ့နော်။ပြီးတော့ ဘီးတပ်အိမ်လေးတစ်လုံးထဲမှာ တကယ့်အိမ်လိုပြည့်စုံအောင်ဘယ်လိုဖန်တီးထားလဲဆိုတာကိုလည်း စိတ်ဝင်စားဖွယ်ကြည့်ကြရမှာပါ။Season 3 မှာတော့ Wollyu Peak ဆိုတဲ့ စိမ်းစိုပြီး အရမ်းလှတဲ့တောင်တန်းဒေသလေးမှာ အပန်းဖြေကြမှာပါ။မန်ဘာတွေအနေနဲ့ ရှေ့စီစန်တွေက နာမည်ကျော်မင်းသားကြီး Sung Dong Il နဲ့Kim Hee Won တို့အပြင် Lovers of the Red Sky ထဲကယန်မြောင်မင်းသားလေး Gong Myung တို့ပါ ပါဝင်သွားမှာပါ။Guest အနေနဲ့ ဒီအပိုင်း၁ မှာတော့ ...

House on Wheels

2020
The Great Escape 9.5
The Great Escape The Great Escape (Season4)လူသားတွေဟာ ရှင်သန်နိုင်ဖို့ ကြိုးစားကြတဲ့နေရာမှာ ခွန်အား ဉာဏ်အား အကုန်လုံးကို အသုံးပြုတတ်တဲ့ မျိုးနွယ်စုပဲဖြစ်ပါတယ်။Survival Show တွေထဲမှာမှ အောင်မြင်ကျော်ကြားပြီး စိတ်လှုပ်ရှားဖို့အရမ်းကောင်းတဲ့ The Great Escape ရဲ့ Season 4 ကို တင်ဆက်ပေးလိုက်ပါတယ်။ဒီရှိုးထဲမှာတော့ ပါ၀င်သူခြောက်ယောက်က မတူညီတဲ့ နေရာမျိုးစုံကိုသွားပြီးတော့ ရှင်သန်နိုင်‌အောင်ကြိုးစားပြီး လွတ်မြောက်အောင်ထွက်ပြေးရမှာပဲ ဖြစ်ပါတယ်။မတူညီတဲ့နေရာတွေက ဘယ်လိုမျိုးတွေလဲဆိုတော့ ခြောက်ခြားစရာဆေးရုံပျက်၊ လူသူကင်းမဲ့တဲ့ စက်မှုဇုန်ဟောင်းကြီး၊ သွေးပျက်စရာ ထောင် စသဖြင့် အလန်းစားနေရာတွေအပြင် Event တွေအနေနဲ့ ဖုတ်ကောင်ပျက်ကပ်၊ အကြမ်းဖက်အဖွဲ့အစည်းအန္တရာယ်၊ Robot များအပြင် စုန်း၊ တစ္ဆေ၊ သရဲများနဲ့နှင့် ရင်ဆိုင်ကျော်လွှားရတဲ့ event တွေပါ ပါ၀င်သွားမှာမို့ Season 4 ကတော့ လုံး၀အလန်းစား Show တစ်ခုပဲ ဖြစ်ပါတယ်။အဖွဲ့၀င်များကတော့ Super Junior အဖွဲ့၀င် Shindong, Variety show တွေရဲ့ သမ္ဘာရင့် ဝါရင့် Kang Ho Dong, ဟာသနဲ့ ...
9.5
TMDb: 9.5/10 2 votes
tv

The Great Escape

2018
High School Mystery Club (2021) 9
High School Mystery Club (2021) Girls' High School Mystery Class (Season 1)ဆယ်ရာ မိန်းကလေးအထက်တန်းကျောင်းမှာ အံ့ဩစရာအဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပါတယ်။သေဆုံးပြီးသားလူဆီက စာတစ်စောင် ရောက်ရှိလာတာပါပဲ။ဒီတော့ ဒီလို ထူးဆန်းတဲ့ အဖြစ်အပျက်တွေ .....ဆယ်ရာမိန်းက​လေးအထက်တန်းကျောင်းက လျှို့ဝှက်ဆန်းကြယ်မှုတွေကို​ဖော်ထုတ်ကြမယ့် Mystery Adventure Show လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ဒီမိန်းက​လေး​ကျောင်းမှာဆိုရင်တော့ သာမန်လူ​တွေ တက်ခွင့်မရှိဘဲနာမည်ကြီး၊ ရာထူးကြီး အထက်တန်းလွှာက မိန်းက​လေး​တွေသာ တက်ခွင့်ရတဲ့​ကျောင်းဖြစ်ပါတယ်။Park Ji Yoon, Jang Do Yeon, Jae Jae, Bibi နဲ့ IZ*ONE အဖွဲ့က Yena တို့ကထူးဆန်းတဲ့အတန်းက ​ကျောင်းသား​တွေအဖြစ်ပါဝင်ပြီး လျှို့ဝှက်ချက်​တွေကို ​​ဖော်ထုတ်ကြမှာပဲဖြစ်ပါတယ်။ရသစုံရှိုး ဆိုပေမယ့် ဇာတ်လမ်းတစ်ခုကို ကြည့်နေရသလိုမျိုး ဖြစ်တဲ့အထိဆွဲဆောင်နိုင်စွမ်း ရှိတာမို့ တစ်ပိုင်းပြီးတစ်ပိုင်း ကြည့်ချင်စိတ် ဖြစ်လာမိမှာ အမှန်ပါပဲ။၂၀၂၁ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ Season 2 ထုတ်လွှင့်မှာဖြစ်လို့Season 2 ...
9
TMDb: 9/10 3 votes
tv

High School Mystery Club (2021)

2021
Hospital Playlist Season 2 (2021) 8.8
Hospital Playlist Season 2 (2021) Hospital Playlist Season 2 (2021)Hospital Playlist ဆိုတာနဲ့ ဘာပြေးမြင်မိလဲ?ကျွန်တော်ကတော့ "နွေးထွေးမှု" ပဲ ပြေးမြင်မိတယ်။နွေးထွေးမှုထဲမှာမှ လူသားဆန်တဲ့ နွေးထွေးမှု၊ လူသားဆန်တဲ့ ချစ်ခြင်းတရား။နွေးထွေးမှုဆိုတာ ဘာကို ပြောပါသလဲ?ကိုယ်အဆင်မပြေတဲ့အချိန် ကိုယ်အခက်ကြုံနေချိန်မှာ ကိုယ်နဲ့အတူ ရပ်တည်ပေးတဲ့လူရှိလို့ ရလာတဲ့ ခံစားမှုက နွေးထွေးမှုပါပဲ။ကိုယ်အဆင်ပြေတဲ့အချိန် ကိုယ်အောင်မြင်တဲ့အချိန်မှာ ကိုယ်နဲ့အတူ ပျော်ရွှင်မှုကို မျှဝေခံစားပေးတာက နွေးထွေးမှုပါပဲ။ဘဝ ဆိုတဲ့လမ်းက ကြမ်းပါတယ်။ ကြမ်းတမ်းတဲ့ ဘဝလမ်းမှာ နွေးထွေးမှုလေးတွေနဲ့ လျှောက်လှမ်းရရင်တော့ ဘယ်လောက်ခက်ခဲပါစေ ရင်ဆိုင်နိုင်ကြမှာပါပဲ။သက်ဆုံးတိုင်လျှောက်ရမယ့်ဘဝမှာ နွေးထွေးမှုတွေနဲ့ ကမ်းလင့်ပေးတဲ့ လက်အစုံကို လူတိုင်း လိုချင်ကြတာပေါ့။ဒီလိုကမ်းလင့်တတ်တဲ့ လက်အစုံကို လူတိုင်း မရနိုင်ပါဘူး။ ရတဲ့လူတွေက ကံကောင်းတဲ့လူတွေပါပဲ။လူမှန်ရင် ရုပ်ပိုင်းဆိုင်ရာချည်း ဖွဲ့စည်းထားတာ မဟုတ်တဲ့အတွက် ဘဝဆိုတဲ့ ခရီးလမ်းကို လျှောက်လှမ်းချိန်မှာ စိတ်ဓာတ်ခွန်အား ပြည့်ဝနေဖို့လည်း လိုပါတယ်။ဒီလို စိတ်ဓာတ်ခွန်အားမျိုးကို မေတ္တာတရားကနေပဲ ရနိုင်ပါတယ်။ဒီဇာတ်လမ်းကတော့ သူငယ်ချင်းတွေရဲ့မိသားစုဆန်တဲ့ မေတ္တာတရားမျိုးကို အမွှမ်းတင် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။မေတ္တာတရားက ...
8.8
TMDb: 8.8/10 23 votes
tv

Hospital Playlist Season 2 (2021)

2021