Channel Myanmar

Drama Republic

One Day (2024) 7.755
One Day (2024) ကဲ ... ယောက်ျားအရင့်အမာကြီးတွေတောင် ဒူးနဲ့မျက်ရည်သုတ်နေရတယ်လို့ နာမည်ကြီးနေတဲ့ 14 ပိုင်းရှိ Netflix အချစ် အလွမ်းစီးရီးတစ်ခု လာပါပြီ။ ဒီစီးရီးဟာ 2011 ခုနှစ်က ထွက်ရှိခဲ့ဖူးတဲ့ One Day movie ကို ပြန်လည် ဆွဲဆန့် ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ဇာတ်လမ်းလေးကို အကျဉ်းပြောရရင်တော့ ဒက်စ်တာဆိုတဲ့ သူဌေးသားလေးရယ် အမ်မာဆိုတဲ့ နယ်မြို့လေးက သာမန်လူတန်းစား ကောင်မလေးရယ်က ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက်တွေပေါ့။ မီးနဲ့ရေ အဖြူနဲ့အမည်းလို ကွာခြားလှတဲ့ ဒက်စ်နဲ့ အမ်တို့ဟာ ဆန့်ကျင်ဘက်တွေက အချင်းချင်း ဆွဲဆောင်ကြတယ်ဆိုတဲ့ စကားအတိုင်း တစ်ယောက်နဲ့တစ်ယောက် ကြိတ်ကြိုက်နေကြပါတယ်။ဒါပေမဲ့လည်း လူကြီးမင်းတို့နဲ့ လူကြီးမင်းတို့ရဲ့ အချစ်ရေးလိုပဲ သူတို့ရဲ့ အချစ်ရေးဟာလည်း ဖရန့်ဇုန်ထဲမှာ ပိတ်မိနေခဲ့ပါတယ်။ အဝေးရောက်နေချိန် စာပေးစာယူရှိကြတယ်။ထွေးပွေ့မှုတွေ လိုအပ်နေချိန်မှာ တစ်ယောက်အတွက် တစ်ယောက်ရှိပေးကြတယ်။ ဒါပေမဲ့ အဆင့်က တက်မလာပါဘူး။ဒီလိုနဲ့ နှစ်တွေလတွေ ကြာသွားရင်း အသက်တွေကြီးသွားရင်း ...
7.755
TMDb: 7.755/10 48 votes
tv

One Day (2024)

2024
The Lovers (2023) 7.4
The Lovers (2023) The Lovers (2023) ============== IMDb Rating - 7.3/10IMDb 7.4 ရထားတဲ့ အချစ်ဟာသ စီးရီးလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရှေးမက်စ်က နာမည်ကြီး အစီအစဉ် တင်ဆက်သူပါ။ သူ့ ဇာတိမြို့ဖြစ်တဲ့ ဘဲလ်ဖက်စ်ကို အလုပ်ကိစ္စကြောင့် ပြန်ရောက်သွားတယ်။ ဒါပေမဲ့ စကားမှား သွားမိလို့ လူငယ်တွေဆီက ဝိုင်းရိုက်ခံရတဲ့အတွက် ထွက်ပြေးရင်းကနေ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ လုပ်နေတဲ့ ဂျန်နက်နဲ့ တွေ့သွားတယ်။ ဒီလိုမျိုး ပုံမှန်မဟုတ်တဲ့ တွေ့ဆုံမှုမျိုးနဲ့ ဆုံခဲ့ရတဲ့ သူတို့နှစ်ယောက်က တစ်ရက်ပဲ တွေ့လိုက်ရပေမဲ့ သက်ရောက်မှုက ကြီးပါတယ်။ အထူးသဖြင့် ဂျန်နက်ကိုပေါ့။အပေါက်ဆိုး အဆဲကြမ်းပြီး သတ်သေချင်စိတ်ပေါက်နေတဲ့ ဂျန်နက်က ရှေးမက်စ်နဲ့ တွေ့ပြီးတဲ့နောက်မှာ သူ့အလုပ်သူပြန်သွားပြီး သူများတွေနဲ့ အဆင်ပြေအောင် နေတဲ့ထိပါပဲ။ ဒါပေမဲ့ ရှေးမက်စ်မှာ သရုပ်ဆောင်လုပ် နေတဲ့ ချစ်သူကောင်မလေး ရှိနေမှန်း မဂ္ဂဇင်း အင်တာဗျူးကနေ တွေ့လိုက် ရပါတယ်။ ဂျန်နက်တို့နှစ်ယောက်က Right person, wrong time တွေ ဖြစ်နေလား။ ဆိုင်သူရှိနေတဲ့ ရှေးမက်စ်ကရော ဘယ်လိုရှေ့ဆက်မလဲ။ ဂျန်နက်တစ်ယောက် ...
7.4
TMDb: 7.4/10 1400 votes
tv

The Lovers (2023)

2023
The Irregulars (2021) 5.8
The Irregulars (2021) The Irregulars (2021) - Season 01========================IMDb Rating - 5.7/10ရှားလော့ ဇာတ်လမ်းမဟုတ်တဲ့ ရှားလော့ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါမယ်။ ၂၂၁ ဘီ ဘေကာလမ်းက ကျွန်တော်တို့ရဲ့ မိတ်ဆွေကြီး ရှားလော့ဟုမ်းက ဒီဇာတ်လမ်းမှာတော့ အဓိကဇာတ်ဆောင်မဟုတ်ပါဘူး။ မူရင်း ရှားလော့ဟုမ်း ဇာတ်လမ်းမှာ လမ်းပေါ်ကကလေးတွေကို စုံထောက်ခိုင်းတာကို မှတ်မိကြမှာပါ။ အဲဒီကလေးတွေထဲက တစ်စုလို့ပြောလို့ရတာပေါ့။ အဲဒီကလေးတွေ အုပ်စုမှာ ရှားလော့လို ဉာဏ်ကောင်းတဲ့ ကောင်မလေးတစ်ယောက်၊ စိတ်စွမ်းအားရှင်ကောင်မလေးတစ်ယောက်၊ ဘာလာလာထိုးမယ်ဆိုတဲ့ ခပ်ကြမ်းကြမ်းကောင်လေးတစ်ယောက်၊ ပေါင်းသင်းဆက်ဆံရေးမှာ အရမ်းဆရာကျတဲ့ ကောင်လေးတစ်ယောက် နဲ့ ဗဟုသုတကြွယ်တဲ့ အထိမခံရွှေပန်းကန်မင်းသားတစ်ပါးပါပါတယ်။ ရှားလော့ဇာတ်လမ်းဆိုတဲ့ ထုံးစံအတိုင်း ခပ်ဆန်းဆန်းအမှုတွေကို စုံစမ်းတာဆိုပေမဲ့ ဒီတစ်ခါကတော့ ပိုထူးဆန်းပါတယ်။ သာမန်အမှုမျိုးတွေမဟုတ်ဘဲ သဘာဝလွန်ဖြစ်ရပ်တွေကိုပါ စုံစမ်းထောက်လှမ်းကြတာပါ။ ရှားလော့မှာ ဂမ္ဘီရမှတ်တမ်းပါရှိပါသေးတယ်။ သူတို့ကလေးတွေအဖွဲ့ကို ရှားလော့ရဲ့မိတ်ဆွေကြီး ဒေါက်တာဝက်ဆန် က မွေးကင်းစ ကလေးတွေထူးထူးဆန်းဆန်း ပျောက်သွားတဲ့ ...
5.8
TMDb: 5.8/10 7407 votes
tv

The Irregulars (2021)

2021