Channel Myanmar

Easy Tiger

Colin from Accounts (2022) 8.1
Colin from Accounts (2022) Colin from Accounts (2022) ===================== IMDb Rating - 8.1/10ကျွန်တော်တို့ ရုပ်ရှင်လောကမှာ အတွေ့ရနည်းတဲ့ ဩဇီမြေက ဇာတ်လမ်း တွဲလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဟာသဇာတ်လမ်းတွဲလေး ဖြစ်တာနဲ့အညီ ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမော ကြည့်ရှုရမှာပါ။ ကဲ အမျိုး သားအပေါင်း သူတော်ကောင်းတို့။ ခင်ဗျားတို့ကားမောင်းလာတုန်း ကားရှေ့ ကနေ လမ်းဖြတ်ကူးသွားတဲ့ စကီအလန်းဇယားလေးက စနေနှစ်ခိုင်ထဲက တစ်ခိုင်ကို ခင်ဗျားမြင်အောင် အင်္ကျီလည်ပင်းကနေ ဆွဲချပြီး ပြသွားတယ် ဆိုရင် ဘယ်လိုဖြစ်မလဲ တွေးကြည့်ပေါ့ဗျာ။မိန်းမ‌လှလေးရင်ဘက်က သော်တာလဝန်း နှစ်စင်းလုံးမဟုတ်ပေမဲ့ လတစင်း နဲ့တင် တစ်လောကလုံး ထွန်းလင်းလောက်ပါရဲ့။ ဒီတော့ စက်ရာခုတင်မှာ လသာတာအကြောင်းမဟုတ်ပေမဲ့ လမ်းပေါ်မှာ ကားမောင်းနေရင်း ရင်သား ဖြူနုနုကို မြင်လိုက်ရတော့ တိုက်ကုန်ပြီပေါ့လေ။ ဟုတ်ကဲ့။ ဝင်တိုက်မိသွား ပါတယ်။ သနားစရာ ခွေးကလေးတစ်ကောင်ကိုပါ။ ဒီခွေးလေးကို ဆေးကုပေး ရာမှာ ဆေးဖိုးဝါးခ အရမ်းကြီးသွားတာကြောင့် နှစ်ဦးပူးပေါင်းပြီး အကြွေးစာ ရင်းဖွင့် ဆေးကုပေးခဲ့ရတယ်။ ဒီတော့ ကင်ဆာဝေဒနာရှင် အရက်ချက်စက်ရုံ ငယ်ပိုင်ရှင်လေးတစ်ယောက်နဲ့ ဆဌမနှစ်ဆေးကျောင်းသူလေးတစ်ယောက်တို့ စိတ်ရူးထပြီး လှန်ပြလိုက်တာကစတဲ့ ဇာတ်လမ်းက တခိခိရယ်ရင်း ...
8.1
TMDb: 8.1/10 7800 votes
tv

Colin from Accounts (2022)

2022
Scrublands (2023) 7.4
Scrublands (2023) Scrublands (2023) Completed Mini Series ဒီတစ်‌ခါတော့ ဩဇီ Crime Thriller အမျိုးအစား စီးရီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မိုးခေါင်ရေကြီး ရာသီဥတုဖောက်ပြန်တာတွေ အမြဲကြုံတွေ့ရတဲ့ လူဦးရေကျိုးတို့ကျဲတဲနဲ့ ရေးဗားဆန်းဆိုတဲ့ မြို့လေးမှာ ရက်စက်ကြမ်းကြုတ်တဲ့ အစုအလိုက်အပြုံလိုက်လူသတ်မှုဖြစ်ခဲ့တာကနေ ဇာတ်လမ်းစပါတယ်။ သတ်တဲ့တရားခံကလည်း မြို့သားတွေ လေးစားချစ်ခင်တဲ့၊ မြို့အတွက်ကောင်းတာတွေ အများကြီး လုပ်ပေးခဲ့တဲ့ ဖာသာဆွစ်ဖ် ပါတဲ့။ ဘုရားကျောင်းရှေ့မှာ လူ၅ယောက်ကို သူ သေနတ်နဲ့ပစ်သတ်အပြီးမှာပဲ ရဲအရာရှိက သူ့ကိုပစ်သတ်ခဲ့ပါတယ်။ ဖာသာဆွစ်ဖ်ကလည်း ကလေးမုဒိန်းကျင့်တဲ့သူအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားပြီး မီဒီယာတွေက ထင်သလိုရေးကြပါတော့တယ်။ ဒီအဖြစ်ဆိုးကြီး ကြုံရပြီး တစ်နှစ်လောက်နေတော့ ဂျာနယ်လစ်မာတင်ဆိုသူက ဒီအမှုနဲ့ ပတ်သက်ပြီး သတင်းစာအတွက် ဇာတ်လမ်းရေးဖို့ ရေးဗားဆန်းကို ရောက်လာပါတယ်။ အသတ်ခံရတဲ့သူတွေက ကလေးတွေ အမျိုးသမီး‌တွေမပါဘဲ ယောကျာ်းတွေချည်း ဖြစ်နေတာရယ်၊ မြို့သူမြို့သားအချို့ကို အင်တာဗျူးပြီး မတူတဲ့အမြင်တွေရလာတာရယ်ကြောင့် ဖာသာဆွစ်ဖ်အကြောင်းကို ပိုစုံစမ်းဖို့ရာဖြစ်လာပါတယ်။ ဖာသာဆွစ်ဖ်နဲ့ သေသွားတဲ့သူတွေ ...
7.4
TMDb: 7.4/10 5 votes
tv

Scrublands (2023)

2023