Channel Myanmar

Groenlandia

Supersex (2024) 7.346
Supersex (2024)  ဒီတစ်ခေါက်မှာတော့ CM ပရိတ်သတ်ကြီးများအတွက်Netflix ကအသစ်စက်စက်ထွက်ရှိထားတဲ့ Italian seriesတစ်ခုကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ဒီစီးရီးဟာ Italian pornstar Rocco Siffredi ရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Rocco ရဲ့ငယ်ဘဝဇာတ်ကြောင်းတွေ ၊သူအပြာရုပ်ရှင်မင်းသားဖြစ်လာမယ့်လမ်းကြောင်းကို ဘယ်လိုရောက်ခဲ့တယ်ဆိုတဲ့အကြောင်း‌တွေနဲ့အဲ့ကနေမှရရှိခဲ့တဲ့  Trauma တွေ၊ စိတ်ရောဂါတွေ၊ ဒါတွေကိုဇာတ်လမ်းတင်ဆက်ပုံကောင်းကောင်းနဲ့ ကြည့်ရှုရမှာပါ။မိတ်ဆွေတိုကြည့်ဖူးနေကျ pornတွေရဲ့နောက်ကွယ်မှာဘယ်လိုဖိအားတွေရှိနေမလဲ၊ အဲ့ဒီဇာတ်ရုပ်ကိုသရုပ်ဆောင်ကြတဲ့သူတွေကရော ဘာတွေပေးဆပ်ခဲ့ရတာလဲ၊ သူတိုဘာလိုဒီလောကထဲကိုဝင်ဖိုဆုံးဖြတ်ခဲ့ကြတာလဲဆိုတဲ့ မေးခွန်းတွေကိုဒီစီးရီးကအဖြေပေးသွားပါလိမ့်မယ်။Pornstar တစ်ယောက်ရဲ့ biography ကားဖြစ်တဲ့အလျှောက်အဖော်အချွတ်ခန်းတွေအများကြီးပါဝင်တာမို အသက် 18နှစ်အောက်များအတွက်တော့ ကြည့်ရှုဖိုမသင့်တော်ပါဘူး။ထပ်တိုးပြောချင်တာကတော့ ဒီစီးရီးဟာအဖော်အချွတ်ဆိုတာထက်ပိုတဲ့တွေးစရာရသတစ်ခုကို အမှန်တကယ် ပေးစွမ်းနိုင်မှာဖြစ်တာကြောင့်အချိန်ပေးကြည့်ရတာတန်ပါလိမ့်မယ်လို ညွှန်းဆိုလိုက်ပါရစေ။  File Size –  798 MB / 358 MB (@Episode)Quality –WEB-DL 1080p , 720pDuration – 50 Min  (@Episode)Total Episodes: 7 EpsSubtitle – Myanmar HardsubFormat – ...
7.346
TMDb: 7.346/10 13 votes
tv

Supersex (2024)

2024
The Law According to Lidia Poët (2023) 7.5
The Law According to Lidia Poët (2023) The Law According to Lidia Poët (2023) ============================ IMDb Rating 7.5/10 Rotten Tomatoes 86%သွယ်ဝိုက်နာမည်တပ်ရမယ်ဆိုရင် "ရှေ့နေမလေးလေဒီယာနှင့် သူ၏အမှုတွဲများ"ပေါ့။ဒီဇာတ်လမ်းတွဲဟာ နာမည်လေးဖတ်ကြည့်ပြီး အရမ်းရိုးရှင်းမယ်၊ ပေါ့ပေါ့ပါးပါးလေးပါလို့ ထင်ရသလောက်ကို မရိုးရှင်းတဲ့၊ မပေါ့ပါး လှတဲ့ စီးရီးတစ်ခုပါ။ အီတလီတင်မက ကမ္ဘာနဲ့ချီပြီး ဒီစီးရီး ရေပန်း စားနေရတဲ့ အဓိကအကြောင်းအရင်း‌တွေထဲက တစ်ခုကတော့ တ ကယ့်ဖြစ်ရပ်မှန်ကို အခြေခံထားတာကြောင့်ပဲ ဖြစ်လိမ့်မယ်ထင် ပါတယ်။ဤလောကမြေကမ္ဘာမှာ ကြီးမားလှတဲ့ ပြောင်းလဲမှုပေါင်းများစွာ ရှိခဲ့ပါတယ်။ ယခုနှစ်ဆိုရင်လည်း AI တွေ ထွန်းကားတော့မယ့် နှစ်ပဲ ဆိုပါတော့ဗျာ။ ဒီလိုပြောင်းလဲမှုပေါင်းများစွာထဲမှာ အသိမ်မွေ့ဆုံးနဲ့ အလှပဆုံးပြောင်းလဲမှုကို ပြောပါဆိုရင် ဖိုဝါဒီကို တိုက်ထုတ်ဖို့ကြိုး စားခဲ့ကြတဲ့ အမျိုးသမီးထုကြီးတွေရဲ့ကြိုးပမ်းမှုတွေ ဖြစ်လိမ့်မယ်။ ဒီအမျိုးသမီးတွေဟာ သဘာဝတရားကြီးကြောင့် အားနည်းတဲ့ပုံပေါ် နေကြသော်ငြား၊ အမှန်တကယ်အားနည်းကြသော်ငြား မာကြောဖို့ လိုလာပြီဆိုရင်လည်း သူမတူအောင်မာကျောနိုင်စွမ်းရှိကြတယ်ဆို တာကို နိုင်ငံအနှံ့အပြားက အမျိုးသမီးတွေရဲ့ကြံ့ကြံ့ခံတွန်းလှန်ခဲ့မှု တွေက သက်သေပြခဲ့ကြပြီးပြီလည်းဖြစ်ပါတယ်။ဒါဆို ဒီစီးရီးကရော ဘယ်ရပ်ဘယ်ဝန်းကျင်မှာ အမျိုးသမီးတွေဘယ်လို ရုန်းကန်ရတာလဲဆိုတာကို ခန့်မှန်းမိကြလိမ့်မယ်ထင်ပါတယ်။ လေဒီ ယာဟာ ဥပဒေအရာရှိကြီးတစ်ဦးဖြစ်တဲ့ ဖခင်ဖြစ်သူရဲ့သမီးဖြစ်တာနဲ့ အညီ ရှေ့နေတစ်ယောက်ဖြစ်ရဖို့ကို ငယ်ငယ်တည်းက စိတ်ကူးယဉ် အိပ်မက်ခဲ့ရသူပါ။ သို့ပေမဲ့လို့ ...
7.5
TMDb: 7.5/10 2800 votes
tv

The Law According to Lidia Poët (2023)

2023