Channel Myanmar

JTBC Studios

Green Mothers’ Club (2022) [Complete] 5
Green Mothers’ Club (2022) [Complete] Green Mothers' Club (2022) ဇာတ်လမ်းတွဲ [အစ-အဆုံး] အပိုင်း - ၁၆ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ) "Thirty-Nine" နေရာမှာ အစားဝင်တဲ့ကားလေးဖြစ်ပါတယ်။ ဒီတစ်ခါလည်း လက်တွေ့ဘဝကို ရိုက်ကူးပုံဖော်ထားတဲ့ နောက်ထပ် ဒရမ်မာ အသစ်လေးပါ။ မတူတာကတော့ သူငယ်ချင်းသံယောဇဥ်အစား မိခင်တွေကြားက ခင်မင်မှုနဲ့ ကလေးတွေအပေါ်ထားရှိတဲ့ မိခင်မေတ္တာကို တွေ့ရှိရမှာပါ။မူလတန်းအရွယ်ကလေးတွေအတွက် တွေ့ဆုံစုစည်းမိခဲ့ကြတဲ့ မတူညီတဲ့ မိခင် ၅ ယောက်...ဒီငါးယောက်လုံးမှာ သူတို့မကျော်လွှားနိုင်တဲ့ အခက်အခဲတွေကိုယ်စီ ရှိကြပါတယ်ကလေးတွေအကြောင်းပြုပြီး ဆက်ဆံရေးစတင်ခဲ့ကြတဲ့သူတို့တတွေ ရှေ့လျှောက်ဘယ်လိုပတ်သက်သွားကြမလဲ?အချင်းချင်း ပြိုင်ဆိုင်တိုက်ခိုက်သွားကြမလား?ခင်မင်မှုသံယောဇဥ်တွေပဲ တိုးလာမလား? ဆိုတာကတော့ ဒီကားလေးထဲမှာပဲ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်နော်။ (အညွှန်းကိုတော့ Ei Phyu Khin က ရေးပေးထားတာပါ) Aired: April 6, 2022 --  Aired On: Wednesday - Thursday Genres: Drama, Mystery Duration: 1hr Episodes: 16 File Size: 1080p(~1GB) ...
5
TMDb: 5/10 1 votes
tv

Green Mothers’ Club (2022) [Complete]

2022
I Haven’t Done My Best Yet (2022) [Completed]
I Haven’t Done My Best Yet (2022) [Completed] I Haven't Done My Best Yet (2022) ဇာတ်လမ်းတွဲအညွှန်း အပိုင်းသစ် (၁၂) (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ) အဖေဖြစ်သူ၊ သမီးဖြစ်သူတို့နဲ့ အတူနေထိုင်တဲ့ အသက် ၄၀ အရွယ် နမ်ဂွန်းဖီ တစ်ယောက် ရုတ်တရက်ကြီး အလုပ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မိသားစုဝင်တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်ပြစ်တင်မှုတွေ ခံခဲ့ရပေမဲ့ သူကတော့ ဂရုမပြုခဲ့ပါဘူး။နောက်ဆုံး အရက်သောက်ဖို့တောင် သူငယ်ချင်းဆီကနေ ဂုန်းဆင်းတဲ့ ဘဝရောက်လာခဲ့ပါပြီ။ ဒီလိုနဲ့ အပြင်ပန်းကကြည့်ရင် အလုပ်လက်မဲ့လို့ ထင်ရတဲ့ အိမ်နီးချင်း အမျိုးသားတစ်ယောက်က တကယ့်လက်တွေ့မှာတော့ ဝင်ငွေများစွာ ရရှိတဲ့ webcomic ရေးဆွဲသူဖြစ်တယ်ဆိုတာကို နမ်ဂွန်းဖီ တစ်ယောက် အမှတ်မထင် သိလိုက်ရချိန်မှာ ... ကိုယ်တိုင် webcomic ရေးဆွဲသူတစ်ယောက်ဖြစ်လာဖို့ ကြိုးစားရင်း နမ်ဂွန်းဖီတစ်ယောက် ဘာတွေ ကြုံတွေ့ရမလဲ?အသက် ၄၀ အရွယ်ရောက်မှ အသက်မွေးဝမ်းကြောင်း ပညာရပ်ပြောင်းပြီး လုပ်ကိုင်ဖို့ ဆုံးဖြတ်တဲ့ နမ်ဂွန်းဖီတစ်ယောက် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ ...

I Haven’t Done My Best Yet (2022) [Completed]

2022
Forecasting Love and Weather ( 2022 ) 10
Forecasting Love and Weather ( 2022 ) အရိုတစ်လိုင်းကြိုက်သူတို့အတွက် အခုတစ်ခေါက် CM ကနေတင်ဆက်ပေးလိုက်တာကတော့ မိုးလေဝသဌာနက အထက်အရာရှိမမနဲ့ရာသီဥတုကိုခန့်မှန်းရာမှာကျွမ်းကျင်တဲ့မောင်လေးတို့ရဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဂျင်ဟာဂယောင်းဟာ အရမ်းကိုသံသယကြီးလွန်းတဲ့မိုးလေဝသဌာနကအရာရှိတစ်ယောက်ပါ။ သူ့မှာ ၁၀နှစ်တာလက်တွဲခဲ့တဲ့ဂီဂျွန်းဆိုတဲ့ ရုပ်ချော ငွေပေါပြီး အလုပ်အကိုင်လည်းကောင်းတဲ့ ကောင်လေးရှိပါတယ်။ရှီဝူကတော့ ဘဝကိုပျော်ပျော်နေတတ်တဲ့ မိုးလေဝသခန့်မှန်းရာမှာတော်တဲ့ကောင်လေးဖြစ်ပြီး သတင်းထောက်ကောင်မလေးတစ်ယောက်ကို ချစ်နေသူပါ။ဒါပေမဲ့ ကံကြမ္မာက ဆိုင်သူရှိပြီးသားသူတို့နှစ်ဦးကိုမိုးလေဝသခန့်မှန်းရေးသတင်းဌာနမှာ ရေစက်ဆုံဖို့ ဖန်လိုက်တဲ့အခါ...မိုးလေဝသဆိုတာ ခန့်မှန်းရခက်ပေမယ့် အချက်ပြတဲ့ signal လေးတွေရှိတတ်ပါတယ်။ဒါဆို တရားသေသတ်မှတ်ထားလို့မရတဲ့ ဘဝကြီးထဲမှာ ပေါက်ဖွားလာမယ့်အချစ်ကရော signal ပြမှာလား ? ရုတ်တရက်ကြီး ဝင်ရောက်လာမှာလား ?သိချင်ကြတယ်ဆိုရင်တော့ မမနဲ့မောင်လေးတို့နဲ့အတူ မိုးလေဝသခန့်မှန်းရင်းအပတ်စဥ် စနေတနင်္ဂနွေတိုင်း CM မှာ ကြည့်ရှုလိုက်ရအောင်နော်။ Quality : NF WEB-DL 720pFormat : mp4Genres : DramaTotal Episodes : 16Subtitle : Myanmar Subtitle ( Hardsub )Translated by CM ...
10
TMDb: 10/10 1 votes
tv

Forecasting Love and Weather ( 2022 )

2022
Thirty-Nine (2022) (Complete) 10
Thirty-Nine (2022) (Complete) Thirty-Nine (2022) ဇာတ်လမ်းတွဲအညွှန်း******************************** အပိုင်း - ၁၂ (ဇာတ်သိမ်းပိုင်း)(အစ-အဆုံး ရပါပြီ) ဒီတစ်ခါမှာတော့ CM ပရိသတ်တွေအတွက် နာမည်ကြီးမင်းသမီးကြီး သုံးယောက်ဖြစ်တဲ့ Son Ye Jin, Jeon Mi Do နဲ့ Kim Ji Hyun တို့ပါဝင်ထားတဲ့ " Thirty Nine" ဆိုတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။အသက် ၃၉ နှစ်အရွယ် သူငယ်ချင်း အမျိုးသမီးသုံးယောက်ရဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ~ *၃၉နှစ်အရွယ် အရေပြားအထူးကုဆရာဝန် - Cha Mi Joo*၃၉နှစ်အရွယ် သရုပ်ဆောင်ဆရာမ - Jung Chan Young*၃၉နှစ်အရွယ် အလှကုန်မန်နေဂျာ - Jang Joo Hee အထက်တန်းဒုတိယနှစ်မှာ စတွေ့ခဲ့ကြပြီး အသက် ၄၀ ပြည့်ခါနီး သက်တမ်းတစ်လျှောက်လုံး အကောင်းအဆိုး အတူဖြတ်ကျော်ရင်း ခင်မင်မှုသံယောဇဥ်တွေမြဲခဲ့ကြတဲ့ သူတို့သုံးယောက် ...သာမန်အမျိုးသမီးသုံးယောက်ရဲ့ နေ့စဥ်ဘဝမှာဖြစ်ပေါ်လာတဲ့ အချစ်၊ ...
10
TMDb: 10/10 3 votes
tv

Thirty-Nine (2022) (Complete)

2022
Be Melodramatic (2019) 8.7
Be Melodramatic (2019) Be Melodramatic(2019) ==============================ကိုရီယားဇာတ်လမ်းတွဲတွေထဲ ဒရာမာအပြည့်နဲ့ အတော်သားနားတဲ့ ဇာတ်လမ်းတွဲတွေကို ကျွန်တော်အပါအ၀င် အတော်များများ သဘောကျကြတယ်မဟုတ်လား။ဥပမာ- Reply Seriesပေါ့။ အဲ့ဒီ Vibeမျိုးလို့ ဆိုလို့ရတယ်။ Personallyအရတော့ Reply တို့ Hospital Playlist တို့ What Happens to my family တို့နဲ့ မတိမ်းမယိမ်းလောက် သဘောကျတယ်။သို့ပေမဲ့ ဒီဇာတ်လမ်းတွဲက သူတို့လို ချစ်စရာ ကောင်းတာတွေနဲ့ပဲ ဖွဲ့စည်းထားတာလည်းမဟုတ်ဘူး။ ၈၀%လောက်က အရှိတရားတွေ။ အရှိတရားဆိုတာက ..... နေ့စဉ်ဘ၀က... သမီးရည်းစားဆက်ဆံရေးတွေက.. ကျန်တဲ့ဆက်ဆံရေးတွေက.. အရှိတရားတွေကို ဆိုလိုတာ။ကျန်တဲ့20%က ရုပ်ရှင်နာမည်အတိုင်းပေါ့။ ဒါကလည်း တကယ့်အရှိမှာလည်း ရုပ်ရှင်ဆန်ဆန်နေတတ်ဖို့ လိုတဲ့အခါတွေ ရှိတဲ့အကြောင်းပါပဲ။Genreက Rom-Com ဆိုတော့ ထက်၀က်နီးပါးကတော့ အရမ်းမဟုတ်ပေမဲ့ တခြား K Rom-Comတွေလို ရယ်ရတယ်။ ပြောရရင် Replyရဲ့ ရယ်ရခြင်းမျိူးပေါ့။ စာရေးဆရာမကလည်း Replyကို Inspiration ယူထားပုံပါပဲ ခဏခဏကို ထည့်ပြောတယ်။နောက် လောင်ရတာမျိုးကိုလည်း ပြတယ်။ လောင်ရတာဆိုတာက ကျွန်တော်တို့ဘ၀နဲ့ကင်းကွာတဲ့ အကြီးကြီးတွေနဲ့ လျှောက်လောင်တာ တော့မဟုတ်ဘူး။ ကျွန်တော်တို့ဘ၀တွေလိုပဲ သမီးရည်းစားကိစ္စတွေ အလုပ်အဆင်မပြေမှုတွေ လောကရဲ့ အနိမ့်အမြင့်တွေနဲ့ပဲ လောင်ကြတာ။ ပါးပါးလေးပါပဲ။ ဒါပေမဲ့ လူတိုင်းတကယ် ကြုံနေရတာတွေနဲ့ တစ်ခုမဟုတ်တစ်ခုတူနေမှာဆိုတော့ ထိတော့ထိတယ်။ ပြီးကာမှ မလောင်အောင် ...
8.7
TMDb: 8.7/10 8 votes
tv

Be Melodramatic (2019)

2019
Artificial City (2021)
Artificial City (2021) Artificial City(2021)ဒီလောကကြီးဟာ ငွေမရှိရင် ရှင်သန်လို့မရတဲ့နေရာ...ငွေမရှိရင် ခိုင်မာတဲ့အိမ်ထောင်ရေးတစ်ခုကိုတည်ဆောက်လို့မရတဲ့ နေရာ….ဒီလိုလောကကြီးထဲမှာ ရှင်သန်နေတဲ့ ယွန်းဂျယ်ဟီးဆိုတဲ့အမျိုးသမီးဟာနှစ်ရှည်လများချစ်ကြိုက်ခဲ့တဲ့ ချစ်သူကိုစွန့်ခွာပြီးဆုန်းဂျင်းမိသားစုက ဂျန်ဂျွန်ဟျော့နဲ့လက်ထပ်ခဲ့တယ်သိပ်ကိုချမ်းသာလွန်းတဲ့ မိသားစုထဲဝင်ရတာ ယွန်းဂျယ်ဟီးအတွက် ဘယ်လောက်ခက်ခဲခဲ့မယ်ထင်လဲအဲ့ဒီထဲကမှ ဂျန်ဂျွန်ဟျော့ဆိုတာ ဆုန်းဂျင်းမိသားစုရဲ့
တရားဝင်သားမဟုတ်နေတဲ့အခါ....ငွေဆိုတာ လူကိုပိုပိုပြီးလောဘတက်စေတဲ့အရာခင်ပွန်းဖြစ်သူက တရားမဝင်တဲ့သားဖြစ်နေတာကြောင့်ဆုန်းဂျင်းကိုဆက်ခံနိုင်သူဖြစ်ဖို့ အခွင့်အလမ်းနည်းမှန်း ယွန်းဂျယ်ဟီးက မသိဘဲမနေပါဘူးအာဏာဆိုတာလည်း လောကကို ထိန်းချုပ်နိုင်တဲ့နည်းတစ်မျိုးပဲမဟုတ်လားယွန်းဂျယ်ဟီးဟာ ခင်ပွန်းဖြစ်သူကို ဆက်ခံပိုင်ခွင့်ရအောင်နိုင်ငံရေးနယ်ပယ်ဘက်ကနေ လွှမ်းမိုးဖို့ကြိုးစားရင်း....အတောမသတ်နိုင်တဲ့ လောဘတွေဟာလူတွေကို ဘယ်လောက်အနေအထားအထိ အဆိုးဆုံးရောက်အောင် ဆွဲချနိုင်ပါသလဲ???အပတ်စဉ် ဗုဒ္ဓဟူးနဲ့ကြာသပတေးနေ့တိုင်း Channel Myanmar မှာတင်ဆက်ပေးသွားမှာမလို့စောင့်မျှော်ကြည့်ရှုပေးကြပါဦး File Size –700MB @EpisodeQuality – 720pDuration – minute (@Episode)Total Episodes: 20 EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama MysteryTranslator – CM TeamEncoder – YK  VIP Member - Click Here ...

Artificial City (2021)

2021
Snowdrop(2021)
Snowdrop(2021) Snowdrop(2021)ဇာတ်လမ်းတွဲအညွှန်း*******************************အပိုင်း( ၁ မှ ၁၆)ထိ စ/ဆုံးBlackpink ဂျီဆူလေးရဲ့ ပွဲဦးထွက်၊ အပြုံးချိုချိုလေးနဲ့ Romantic drama kingတွေထဲကတစ်ယောက်ဖြစ်တဲ့ ဂျောင်ဟယ်အင်းတို့ရဲ့ အချစ်ဇာတ်လမ်းလေး Snowdrop.... ဒီကားထဲမှာ ဂင်ဂျီဆူက အင်္ဂလိပ်စာစာပေမေဂျာအထူးပြု ထူးချွန်ကျောင်းသူအွန်းယောင်းရိုအဖြစ်၊ ဂျောင်ဟယ်အင်းက ဂုဏ်သရေရှိတက္ကသိုလ်ကျောင်းမှဘွဲ့ရကျောင်းသားအင်းမ်ဆူဟိုအဖြစ် အသီးသီးပါဝင်သရုပ်ဆောင်ထားကြပါတယ်.... မြင်မြင်ချင်းအချစ်ဆိုတာကို ယုံကြလားရှင့် အွန်းယောင်းရိုလေးကတော့အင်းမ်ဆူဟိုကို ပထမဆုံး ဒိတ်လုပ်တဲ့နေ့မှာပဲ မြင်မြင်ချင်းချစ်မိသွားတာပါတဲ့... ဒီကားလေးကို ၁၉၈၇ မှာ ကိုရီးယားကို စစ်အာဏာရှင်တွေအုပ်စိုးချိန်ကိုအခြေခံပြီး ဇာတ်အိမ်တည်ထားပါတယ်။ သွေးတွေပေပွေနေပြီး ဟိုဆူအမျိုးသမီးတက္ကသိုလ်ရဲ့ မိန်းကလေးဆောင်ကိုခိုးဝင်ရောက်နေတဲ့ ဆူဟိုကို တိတ်တဆိတ်ခေါ်ထားပေးတဲ့ ယောင်းရိုနဲ့ဘယ်လိုအချစ်ဇာတ်လမ်းလေးတွေဖြစ်မလဲ..... အဲ့ကအဆောင်သူလေးတွေနဲ့ သူတို့အားလုံး ဘယ်ကိစ္စမှာ ပါဝင်ပြီးအရှုပ်တော်ပုံတွေဖြစ်မလဲဆိုတာ အပတ်စဉ် စနေ တနင်္ဂနွေ စိတ်ဝင်စားစွာနဲ့ စောင့်မျှော်အားပေးရမှာပါရှင့်.... Episodes: 16Aired:  18-12-2021 - Feb 6, 2022Aired On:  Saturday , SundayGenres:DramaTranslated by ChitThe, Win,Yumeko & Shoon Thu Thu ...

Snowdrop(2021)

2021
All of Us Are Dead (2022) 10
All of Us Are Dead (2022) All of Us Are Dead (2022) ဇာတ်လမ်းတွဲအညွှန်း******************************************အပိုင်း ၁ မှ ၁၂ (အစ-အဆုံး) "ဇွန်ဘီတွေက ရုပ်ရှင်ထဲမှာပဲ ရှိရမှာလေ...ဘာလို့ ငါတို့ကျောင်းမှာလဲ?" သာမန်နေ့တစ်နေ့ကိုပဲ ဖြတ်သန်းနေတဲ့ Hyosan အထက်တန်းကျောင်းက ကျောင်းသားတွေ...ကျောင်းမှာ ဇွန်ဘီဗိုင်းရပ်စ် ကူးစက်လာပြီး သူငယ်ချင်းတွေက ဇွန်ဘီတွေဖြစ်သွားတဲ့ အခိုက်အတန့်...ဒါ့အပြင် ပိတ်မိနေတာတောင် ကူကယ်မယ့်သူမရှိဘဲ ကိုယ့်လွတ်လမ်းကိုရှာဖွေပြီး အသက်ရှင်ဖို့ကြိုးပမ်းရတဲ့အခါမှာတော့...ကျောင်းသားတွေရဲ့စာအံသံ၊ စလိုက်နောက်လိုက် ရန်ဖြစ်သံတွေနဲ့ ပြည့်နေတဲ့ကျောင်းလေးမှာ သွေးသံတရဲရဲ အော်ဟစ်သံတွေက ကြောက်မက်ဖွယ် ဖုံးလွှမ်းသွားပါတော့တယ်။ ဒီကားလေးထဲမှာ မျက်နှာသစ်သရုပ်ဆောင်အများစုကို သုံးထားပြီး လက်တွေ့ဆန်အောင်ရိုက်ကူးထားတဲ့အတွက် ကိုယ့်ကျောင်းမှာ တကယ်ဖြစ်နေသလိုခံစားရစေမှာပါ။ပိုကောင်းကောင်းခံစားချင်ရင် အခန်းမီးမှိန်မှိန်မှာ အသံကျယ်ကျယ်ဖွင့်ကြည့်ဖို့လည်း ဒါရိုက်တာတစ်ယောက်က recommend ပေးထားပါသေးတယ်^^ တစ်ပြိုင်တည်း ၁၂ပိုင်းလုံးထွက်ရှိမှာဖြစ်လို့ သောကြာနေ့ညကို ကုန်ဆုံးဖို့ ဇာတ်လမ်းကောင်းရှာနေတဲ့ CM ပရိသတ်ကြီးအတွက် ဒီကားလေးကို ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေနော် ...(အညွှန်းကို Ei Phyu Khin က ရေးသားပေးထားပါတယ်) Aired: January ...
10
TMDb: 10/10 3 votes
tv

All of Us Are Dead (2022)

2022
Reflection of You ( 2021 )
Reflection of You ( 2021 ) ဇာတ်လမ်းအညွှန်းသူမရဲ့လိုအင်ဆန္ဒတွေကို ယုံကြည်မှုအပြည့်ရှိခဲ့အမျိုးသမီးတစ်ဦးနဲ့တခြားအမျိုးသမီးတစ်ဦးနဲ့ တွေ့ဆုံမှုကြောင့် သူမရဲ့ဘဝအလင်းရောင်ပျောက်ဆုံးသွားရတဲ့ အမျိုးသမီးလေးတစ်ဦး သူတိုနှစ်ဦးကြားကအချစ် သစ္စာဖောက်မှု အကျင့်ပျက်မှုနဲ့ လက်စားချေမှုတွေကို ထုတ်ဖော်ပြသထားတဲ့ ဇာတ်ကားလေးHee Joo ဟာ ငယ်ရွယ်စဥ်အခါက ဆင်းရဲပြီး ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေရှိခဲ့ပါတယ်သိုပေမယ့် အခုချိန်မှာတော့ သူမဟာ အောင်မြင်တဲ့ ပန်းချီဆရာမနဲ့essayist တစ်ဦးဖြစ်လာတဲ့အပြင် သူမရဲ့ခင်ပွန်းဟာဆိုရင်လည်းအောင်မြင်နေတဲ့လူတစ်ဦးဖြစ်ပြီး သူတိုကလေးနှစ်ယောက်ရှိပါတယ်အရမ်းကို အားကျစရာကောင်းတဲ့ မိသားစုလေးပေါ့ဒါပေမယ့် အပေါ်ယံကြည့်ပြီး မဆုံးဖြတ်လိုက်ပါနဲ့ အရာရာပြည့်စုံနေတဲ့Hee Joo ဟာ သူမရဲ့ဘဝကို အဓိပ္ပါယ်မဲ့စွာနဲ့ ကုန်ဆုံးနေရတယ်လို ခံစားလာရပါတယ်အဲအချိန်မှာ သူ့ရဲ့ငယ်ဘဝနဲ့ တစ်ထပ်တည်းတူတဲ့ အမျိုးသမီးတစ်ဦးနဲ့တွေ့ဆုံခဲ့ပါတယ် သိုသော်လည်း ထိုအမျိုးသမီးလေးဟာ ဆင်းရဲပေမယ့်အမြဲတမ်းတောက်ပနေတာကို မြင်လိုက်ရတဲ့အချိန် Hee Joo တစ်ယောက်ဘယ်လိုတွေတွေးမြင်မိမလဲ အဲ့အမျိုးသမီးလေးနဲ့ ဇာတ်လမ်းလေးကရောဘာတွေများလဲ ဆိုတာကိုတော့....အပတ်စဥ် Wednesday နဲ့ Thursday မှာထွက်ရှိမယ့်ဒီဇာတ်ကားလေးမှာ စောင့်ကြည့်အားပေးနိုင်ပါတယ်အပိုင်းကတော့ ၂၀ ပိုင်း ပါဝင်မှာဖြစ်ပါတယ် Quality : NF-WEBDL Format : mp4Total Episodes ...

Reflection of You ( 2021 )

2021
Welcome to Waikiki Season 1 (2018) and Season 2 (2019) 8.5
Welcome to Waikiki Season 1 (2018) and Season 2 (2019) Welcome to Waikiki (2018)ကိုယ့်ဘဝမှာ မှန်းချက်နဲ့နှမ်းထွက်မကိုက်တာ​တွေပဲ အမြဲကြုံ​နေရလား၊ ကိုယ်ကြံစည်ထားသမျှ အမြဲလွဲ​ချော်​နေလား၊ဒါဆိုရင်​တော့ ဒီဇာတ်လမ်းတွဲထဲက ဇာတ်​ကောင်​တွေက သင်တို့ကို ခပ်​​ထေ့​ထေ့​လေးကြည့်ပြီး ရယ်​နေပါလိမ့်မယ်၊ ဘာ​ကြောင့်လဲဆိုရင် သူတို့​​တွေလောက် ဘယ်သူမှ မလွဲနိုင်လို့ပါပဲ2018မှာ JTBCက ထုတ်လွှင့်ခဲ့ပြီး တစ်ကားလုံးက အရယ်သန်သူဆို ခွက်ထိုးခွက်လန်ရယ်၊ အရယ်မသန်တဲ့သူဆို ပါးစပ်မစိနိုင်​အောင်ဖြစ်​​စေခဲ့တဲ့ နာမည်ကြီးဇာတ်လမ်းတွဲ Welcome to Waikikiကို တင်ဆက်​ပေးလိုက်ပါပြီ"ဂင်ချားနား" တစ်ခွန်းထဲနဲ့ မသိသူမရှိလောက်အောင် အောင်မြင်ခဲ့တဲ့ ဒီဇာတ်လမ်းတွဲဟာ စိတ်ပင်ပန်း​စရာ​တွေ၊ စိတ်ဓါတ်ကျစရာ​တွေများနေတဲ့ ခုလိုအချိန်မှာ စိတ်အပန်း​ဖြေဖို့၊ ဘဝကိုဟားတိုက်ရယ်​မောပစ်ဖို့ အ​​ကောင်းဆုံးဓါတ်စာဖြစ်နိုင်မယ်လို့ ​မျှော်လင့်ပါတယ်ဇာတ်လမ်းအညွှန်းက​တော့ ..... ရည်မှန်းချက်ကို မိုးထိ​အောင်ကြီးတဲ့ သူငယ်ချင်းသုံး​ယောက်ဖြစ်တဲ့ဒါရိုက်တာရူး Dong Goo ( Kim Jung Hyun) မင်းသားရူး Jong Ki ( Lee Yi Kyung) နဲ့ စာ​ရေးဆရာပိုးထ​နေတဲ့ Doo Sik ( Son Seung Won) တို့ဟာကမ္ဘာလှည့်ခရီးသွား​တွေ အလည်အပတ်များတဲ့ ကိုရီးယားနိုင်ငံ အီထယ်ဝန်းအရပ်မှာ Waikiki (ဝိုင်ကီကီ) အမည်နဲ့ တည်းခိုရိပ်သာ​လေးဖွင့်ကာ အဲ့ဒီကအမြတ်အစွန်း​တွေနဲ့ ရုပ်ရှင်တစ်ကားရိုက်ပြီး "လာသွားမယ် ...
8.5
TMDb: 8.5/10 28 votes
tv

Welcome to Waikiki Season 1 (2018) and Season 2 (2019)

2018
Lost (2021)
Lost (2021) Lost [2021]"မမက လမ်းပျောက်နေခဲ့တယ် ကျွန်တော်က ကြောက်ရွံ့နေခဲ့တယ်မမ နဲ့ ကျွန်တော်ဆုံခဲ့တယ်။တကယ်လို့ မမ နဲ့ ကျွန်တော်ထပ်ဆုံကြရင် ကျွန်တော်တို့ အတူတူသတ်သေကြမလား.... " ======================================================= JTBC ရဲ့ ၁၀ နှစ်ပြည့်အထူးအစီအစဉ်အနေနဲ့ ထုတ်လွှင့်တဲ့ Lost ဇာတ်လမ်းတွဲ လာပါပြီ။မြို့ပြရဲ့ ကျဉ်းကြပ်လှတဲ့ လူနေမှုဘဝကို လှပတဲ့ မနဲ့မောင် ဇာတ်လမ်းတစ်ပုဒ်နဲ့အတူ ခင်းကျင်းပြသထားတာမို့ ကြည့်နေကျ ဇာတ်လမ်းတွေနဲ့ မတူဘဲ တစိမ့်စိမ့်နဲ့ ရင်ထဲကို ရောက်လာမယ့် ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။မြို့ပြလူမှုဘဝနဲ့ တွေ့ကြုံနေရတဲ့ လူတွေအဖို့တော့ ရင်ဘတ် နဲ့ ခံစားချက် ထပ်တူကျပါလိမ့်ဦးမယ်။========================================================အများနည်းတူ မွေးဖွားခဲ့ကြပေမယ့် တစ်ချို့လူသားတွေအဖို့ လောကကြီးကရော ကံကြမ္မာကပါ မျက်နှာသာမပေးဘူးဆိုတာ သင်တို့တွေ ယုံချင်မှယုံပါလိမ့်မယ်။ဘယ်လောက်ပဲ ကြိုးစားပါစေ အခွင့်အလမ်းတွေ သိပ်မရှိတော့တဲ့ သက်လတ်ပိုင်းအရွယ် အီဘူဂျောင်း (Jeon Do-Yeon)နဲ့ဖြစ်ချင်တာတွေမဖြစ်လာဘဲ အဓိပ္ပါယ်မဲ့စွာ မသေဆုံးချင်တဲ့ အသက် ၂၇ နှစ်အရွယ် ကောင်လေး အီဂန်ဂျယ်( Ryu Jun Yeol) ....အပူတွေကိုယ်စီနဲ့ပြည့်နှက်နေတဲ့ ဘူဂျောင်းနဲ့ ဂန်ဂျယ်တို့နှစ်ယောက်သား လွတ်မြောက်ရာလမ်းကိုပဲရွေးချယ်ကြမလား... တစ်ယောက်ကိုတစ်ယောက်ဖေးမရင်းနဲ့ လောကငရဲကို ဖြတ်ကျော်မလား... ========================================================အားလုံးရဲ့အချစ်တော် Reply 1988 က ကျန်ရစ်လေး ဂျောင်ဟွမ် ရဲ့ ဒရမ်မာအသစ်စက်စက်လေးဖြစ်ပြီး ငြိမ့်ငြိမ့်ညောင်းညောင်းလေး ...

Lost (2021)

2021
Man to Man (2017) 8
Man to Man (2017)   နာမည်ကြီးကြည့်ပြီး ကျော်မသွားကြနဲ့နော်အညွှန်းလေးတော့ဆုံးအောင်ဖတ်ကြည့်ကြပါလို့Devil Judge ထဲက ဗီလိန်မမ Kim Min Jung ရယ်My Love From The Star ရဲ့ ဒုတိယမင်းသား Park Hye jin မှmain cast အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကြီး Park Sung Woongပါဝင်အားဖြည့်ထားတဲ့ အက်ရှင်ဒရမ်မာဇာတ်လမ်းလေးကို တင်ဆက်ပေးချင်ပါတယ် အေးဂျင့်ကေဟာ ကိုရီးယားနိုင်ငံရဲ့ဗဟိုထောက်လှမ်းရေးအဖွဲ့အစည်းရဲ့ထိပ်တန်းဖြစ်တဲ့ အမည်မဲ့အေးဂျင်ဖြစ်ပြီးတော့ နိုင်ငံတကာမှာ missionတွေထမ်းဆောင်သူလည်းဖြစ်ပါတယ် သူ့ကို နိုင်ငံတော်အဆင့်ထိပ်ပိုင်းရာထူးကြီးတချို့ပဲ သိထားကြပါတယ်တနေ့မှာ Missionထမ်းဆောင်နေတဲ့အေးဂျင့်တစ်ယောက် စာတစ်စောင်ပို့ပြီးနောက်ပျောက်သွားတဲ့အတွက်ကြောင့် ဒီကိစ္စကို အေးဂျင့်ကေတစ်ယောက်စုံစမ်းဖို့ဖြစ်လာပါတော့တယ်Missionကိုဆောင်ရွက်ဖို့အတွက်အေးဂျင့်ကေက နာမည်ကျော်မင်းသားယိုအွန်းဂန်းရဲ့ သက်တော်စောင့်ရဲ့အဖြစ်ဟန်ဆောင်ပြီးတော့ယိုအွန်းဂန်းရဲ့ Big Fan တဖြစ်မန်နေဂျာဖြစ်သူ ချာဒိုဟာရဲ့ အချစ်ကိုအသုံးချဖို့လုပ်ပါတော့တယ် အေးဂျင့်ကေစုံစမ်းနေရတဲ့အမှု နောက်ကွယ်မှာ နိုင်ငံရေးလောကအဘတွေ အရှုပ်ထွေးများကြီးပါဝင်ပတ်သတ်နေကြောင်းတဖြည်းဖြည်းသိလာတဲ့ခါမှာ....... အချစ်ကိုအယုံအကြည်မရှိဘဲနဲ့ အချစ်ရေးကို ...
8
TMDb: 8/10 25 votes
tv

Man to Man (2017)

2017
Nevertheless (2021) Complete 8.5
Nevertheless (2021) Complete ကဲ အားလုံးပဲ စောင့်မျှော်နေကြတဲ့ အရို စီးရီးလေးလာပါပြီအရိုဆိုတာထပ်ကို နည်းနည်းလား များများလား မသိကို လွန်လွန်ကဲကဲ ပိုပါတယ်ဘာလို့ဆို သူရဲ့ rated ကိုက 18+ Restricted (violence & profanity) ဖြစ်နေလို့ပါဆိုတော့ကား ဆက်လမ်းအကြောင်းလေးကို ဆက်ပြောမယ်ပေါ့နော် ဘတ်ဂျယ်အွန်းဆိုတဲ့ ကောင်လေးက ရည်းစားထားရတာကို စိတ်ကုန်နေတဲ့သူတစ်ယောက်ပါဒါပေမယ့်သူက ကောင်မလေးတွေကို အပျော်စိတ်ကစား ဆွဲဆောင်တဲ့နေရာမှာတော့ ဆရာတစ်ဆူပါပဲယူနာဘီ ကတော့ အချစ်ကို အယုံအကြည်မဲ့နေတဲ့ ကောင်မလေးပေါ့သူတို့နှစ်ယောက် တွေ့ရာကနေ ဘယ်လိုတွေ ရိုပြီး ဘယ်လိုတွေစောင်ကိုက် ကြည့်ရမလဲကိုတော့ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှု့ကြရအောင်နော် ။ Native Title: 알고있지만, Episodes: 10 Aired: Jun 19, 2021 - Aug 21, 2021 Aired On: Saturday Original Network: jTBC, Netflix, Netflix, ...
8.5
TMDb: 8.5/10 7,256 votes
tv

Nevertheless (2021) Complete

2021
Monthly Magazine Home(2021)
Monthly Magazine Home(2021) Monthly Magazine Home(2021) ဇာတ်လမ်းတွဲအညွှန်း**********************************************အပိုင်းသစ်(၁ မှ ၁၆ ထိ) စ/ဆုံးMonthly magazine house ရဲ့အယ်ဒီတာတစ်ဦးဖြစ်တဲ့ Na Young Won ဟာ ဆယ်နှစ်ကျော် အလုပ်တွေအများကြီးလုပ်ခဲ့ပေမယ့်အခုချိန်ထိ အိမ်တစ်လုံးတောင် မပိုင်ဆိုင်နိုင်သေးတဲ့ မိန်းကလေးတစ်ဦးပေါ့ ...လက်ရှိမှာ အိမ်ငှားဘဝနဲ့ နေနေပြီး   ဒီအခန်းလေးဟာ သူမအတွက် နွေးထွေးမှုအပေးနိုင်ဆုံးနှစ်သိမ့်မှုအပေးနိုင်ဆုံး တန်ဘိုးထား ခိုလှုံရာလေးတစ်ခုပေါ့....ဒီအခန်းကိုသံယော်ဇဉ်တွယ်နေပေမဲ့လည်း သူမ ကံမကေားရှာဘူး ...အိမ်ငှါးပြဿနာတစ်ချို့တက်လို့  နေရာပြောင်းရဖို့ဖြစ်လာတယ်....သူမရဲ့ကုမ္ပဏီက ကိုယ်စားလှယ် Yoo JuSung ရဲ့အိမ်မှာ နေရဖို့ဖြစ်လာပါတယ်..Yoo JuSung ဆိုတာ ဘုဘောက်အတော်ကျတဲ့သူပါ... သူမှန်တယ်ထင်ရင် ဘာမဆိုပြောဖို့ဝန်မလေးတဲ့သူပေါ့....Yoo JaSung အတွက်ကတော့ အိမ်ဆိုတာ ပိုင်ဆိုင်မှုတိုးပွားစေတဲ့အရာဖြစ်ပြီးအိပ်စရာနေရာတစ်ခုလို့ပဲ သတ်မှတ်ထားပါတယ် ...အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုတွေနဲ့ ချမ်းသာ အောင်မြင်လာတဲ့ Yoo JaSung တစ်ယောက် အိမ်ပိုင်မရှိတဲ့Na Young Won နဲ့တွေ့ဆုံတဲ့အခါမှာတော့ အိမ် ဆိုတဲ့အရာအပေါ် အဓိပ္ပါယ်ဖွင့်ဆိုပုံချင်းမတူကြတဲ့သူတို့နှစ်ဦး ...

Monthly Magazine Home(2021)

2021
My Roommate Is a Gumiho(2021)
My Roommate Is a Gumiho(2021) My Roommate Is a Gumiho(2021)အညွှန်း**************************************အပိုင်းသစ်(၁ မှ ၁၆ ) ထိ စ/ဆုံးအမြီးကိုး‌ချောင်းမြေခွေးဂူမီဟိုဆိုတာကို ကိုရီးယားဒရာမာပရိသတ်တို့အနေနဲ့ မစိမ်းလောက်ဘူးထင်ပါတယ်....ဒါပေမယ့် အခုဒီကားလေးထဲက မြေခွေးကတော့ အသက်999နှစ်ရှိပြီဖြစ်တဲ့ မြေခွေးထီးချောချောလေးပါနော် ...ဒီမြေခွေးထီးလေးရဲ့ အမြုတေကို တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်က အမှတ်မထင်မြိုချမိလိုက်တဲ့အခါဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ စခွီထရင်းကြည့်ရမယ့် comedy fantasy လေးပါ.....မင်းသမီးကလည်း အားလုံးလည်းသိကြတဲ့ Idol ကနေသရုပ်ဆောင်ဘက်မှာလည်း အောင်မြင်မှုတွေရထားတဲ့Reply 1988 ထဲက မင်းသမီး Hyeri ပါ ဆိုတော့ကာ ရင်ခုန်စွာနဲ့ကြည့်ရှုပေးကြပါဦး....Episodes: 16Aired: May 26, 2021 - Jul 15, 2021Aired On: Wednesday, ThursdayGenres: Comedy, Romance, FantasyTranslator –Hnin Pale,Ichika Satoru,Su Myat Myat Aung & Myo Myo HtetEncoder –  Phyo Pyae  Episode ...

My Roommate Is a Gumiho(2021)

2021
Undercover (2021) 10
Undercover (2021) Undercover (2021)၁၉၉၁ ခုနှစ်က ဆန္ဒပြမှု ကနေ စခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ် .....ဒုက္ခတောတွေကြားက ဆွတ်ပျံ့ကြည်နူးဖွယ်ရာ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကနေ ...... ပျော်ရွှင်ဖွယ်ရာ နွေးထွေးတဲ့ မိသားစု ဘဝလေး တစ်ခုဆီသို့ ......ဟန်ဂျောင်ဟွန်း ဆိုတဲ့ ကောင်လေး နဲ့ ချွဲယွန်းဆူ ဆိုတဲ့ ကောင်မလေး ရဲ့ အချစ်ဇာတ်လမ်းကနေ ......လျှို့ဝှက်ပြီး သည်းထိတ်ရင်ဖို ဖြစ်ရတဲ့ နိုင်ငံရေးဇာတ်လမ်းတစ်ပုဒ် ဖြစ်လာခဲ့ပါတော့တယ်။ရှေ့နေမလေး ချွဲယွန်းဆူ က ရိုးသားပြီး အရည်အချင်းရှိတဲ့ ကောင်မလေး။သူ မသိလိုက်တာက သူ့အမျိုးသားက ထိပ်တန်းလျှို့ဝှက် သူလျှိုတစ်ယောက်။ဒီကိစ္စတွေကို ချွဲယွန်ဆူးတစ်ယောက် ဘယ်အချိန်မှာ သိရှိလိုက်ရတာလဲဆိုတာကတော့ အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးဌာနမှူး အဖြစ် သူမကို လျာထားလိုက်တဲ့အချိန်မှာ စပါတော့တယ်။သူတို့မိသားစုထဲကို ထင်မှတ်မထားတဲ့အချိန်တစ်ခုက ရောက်ရှိလာပါတော့တယ် .....နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွဲကောင်း တစ်ပုဒ်ဖြစ်ပြီးတော့ ၂၀၁၆ ခုနှစ်က BBC က ထုတ်လွှင့်ခဲ့တဲ့ Undercover ဆိုတဲ့ ဇာတ်လမ်းတွဲကို နာမည် မပြောင်းလဲဘဲ ထုတ်လွှင့်ခဲ့တာပါ။မူရင်းဇာတ်လမ်းတွဲတုန်းကလည်း ...
10
TMDb: 10/10 1 votes
tv

Undercover (2021)

2021
Law School(2021)
Law School(2021) Law School(2021) အညွှန်း**********************အပိုင်း( ၁ မှ ၁၆) ထိ စ/ဆုံးYang Jong Hoon ဟာ အမှုစစ်ဟောင်း ဖြစ်ပြီး အခုချိန်မှာ ထိပ်တန်းဥပဒေကျောင်းတစ်ကျောင်းရဲ့ ပါမောက္ခအဖြစ် စာသင်ကြားပေးနေတဲ့သူပါ။သူ့ရဲ့ ဒဲ့တိုးဆန်တဲ့ အပြောအဆိုတွေနဲ့ တင်းကြပ်တဲ့သင်ကြားနည်းတွေကြောင့် ကျောင်းသားတွေက သဘောမကျကြပါဘူး။ဒါပေမယ့် သူကတော့ ကျောင်းသားတွေရဲ့ အမြင်ကိုဂရုမစိုက်ဘဲ ဥပဒေနယ်ပယ်မှာ အရည်အချင်းပြည့်ဝသူတွေကိုမွေးထုတ်ပေးဖို့သာ အာရုံစိုက်ထားတဲ့သူပဲဖြစ်ပါတယ်။ သူ့လိုဘုဂလန့်လူတစ်ယောက်နဲ့ပွင့်လင်းစွာပြောဆိုနိုင်တဲ့ တစ်ဦးတည်းသောသူကတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ပါမောက္ခ Kim Eun Sook ပဲရှိပါတယ်။Kang Sol နဲ့ Han Joon-Hwi တို့ကတော့ ပထမနှစ်ဥပဒေကျောင်းသားတွေဖြစ်ပါတယ်။ဆင်းရဲတဲ့နောက်ခံကလာတဲ့ Kang Solအတွက်တော့ အထူးဝင်ခွင့်နဲ့ဝင်ရောက်လာခဲ့ရပြီးချမ်းသာပြီးထက်မြက်တဲ့သူတွေကြားမှာ ရှေ့နေကောင်းတစ်ယောက်ဖြစ်လာဖို့ ကြိုးစားနေသူပါ။Han Joon Hwi ကတော့ ဆွဲဆောင်မှုနဲ့ခေါင်းဆောင်မှုအရည်အချင်းရှိတဲ့ ထိပ်တန်းကျောင်းသားတစ်ယောက်ဖြစ်လို့ ပြည့်စုံတဲ့သူလို့ဆိုနိုင်ပေမယ့် လူမသိအောင်ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခုရှိနေတဲ့သူပဲဖြစ်ပါတယ်။ဒီလိုလူမျိုးတွေရှိနေတဲ့ ထိပ်တန်းဥပဒေကျောင်းတစ်ခုမှာ ဆိုးဝါးရက်စက်တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပေါ်လာတဲ့အခါမှာတော့ ပါမောက္ခနဲ့ကျောင်းသားတွေ ဥပဒေနဲ့အညီ တရားမျှတမှုကို ...

Law School(2021)

2021
Beyond Evil (2021)
Beyond Evil (2021) Beyond Evil (2021) ဇာတ်လမ်းတွဲအညွှန်း******************************အပိုင်းသစ် (၁ မှ ၁၆)ထိ စ/ဆုံးLee Dong-Sik ဟာ တစ်ချိန်ကအရည်အချင်းရှိတဲ့စုံထောက်တစ်ယောက်ဖြစ်ခဲ့ပါတယ်အခုချိန်မှာတော့ မြို့ငယ်လေးတစ်ခုရဲ့ ရဲစခန်းမှာ အောက်‌ခြေသိမ်း အလုပ်ကအစ လုပ်ကိုင်ရင်းဘဝကိုအေးအေးဆေးဆေးဖြတ်သန်းနေသူဖြစ်ပါတယ်တစ်ရက်မှာတော့ အဲ့ဒီရဲစခန်းကို Han Joo Won လို့ခေါ်တဲ့ စုံထောက်တစ်ယောက်ပြောင်းရွှေ့လာခဲ့ပြီးLee Dong-Sik ရဲ့အထက်လူကြီး လုပ်ဖော်ကိုင်ဖက်အဖြစ် တာဝန်ထမ်းဆောင်ရပါတယ်Han Joo-Won ကတော့ ထက်မြက်တဲ့စုံထောက်တစ်ယောက်ဖြစ်ပြီးဂုဏ်ရှိတဲ့အသိုင်းအဝိုင်းက လာသူဖြစ်ပါတယ်သူ့မှာ လျို့ဝှက်ချက်တွေရှိပြီး အဖေဖြစ်သူကတော့အမျိုးသားရဲဌာနရဲ့ စခန်းမှူးဖြစ်ဖို့ အလားအလာကောင်းရှိသူဖြစ်ပါတယ်ဒီအေးချမ်းတဲ့ မြို့ငယ်လေးမှာ လွန်ခဲ့တဲ့ နှစ် 20 တုန်းကဖြစ်ပွားခဲ့တဲ့ကွင်းဆက်လူသတ်မှုနဲ့ ဆင်တူအမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်ဒီကွင်းဆက်လူသတ်မှုဟာဆိုရင် Lee Dong Sik ရဲ့ဘဝကိုပြောင်းလဲသွားစေခဲ့ပါတယ်ဒီကွင်းဆက်လူသတ်မှုအဖြစ်မှန်ပေါ်ရေးအတွက်စုံထောက်နှစ်ယောက်ပူးပေါင်းပြီး လူသတ်သမားကို ဘယ်လိုဖမ်းမလဲဆိုတာ စိတ်ဝင်တစားကြည့်ရမယ့်ကားကောင်းလေးတစ်ကားဖြစ်လို့ လက်လွတ်မခံသင့်ပါဘူးနော်စီးရီးလေးကိုဘာသာပြန်အားဖြည့်ပေးကြသူတွေကတော့ Hnin ...

Beyond Evil (2021)

2021
Sisyphus: The Myth (2021) 9.5
Sisyphus: The Myth (2021) Sisyphus : The Mythဆစ်စဖတ် ဆိုတာကတော့ ဂရိဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ပါးပဲ ဖြစ်ပါတယ်။ သူ့ကို ကျောက်တုံးကြီးတစ်တုံးကို တောင်ထိပ်ရောက်အောင် တွန်းဖို့ အပြစ်ပေးခံထားရပါတယ်။ ဒါပေ1မယ့် တောင်ပေါ်ရောက်မယ် ကြံရင်း အစကနေ ပြန်လှိမ့်ရပြန်ရင်းနဲ့ သံသရာလည်နေပါတော့တယ်။ ပင်ပန်းပေမယ့် အချည်းနှီး ဖြစ်ရတယ်ဆိုရင်တောင် ဆစ်စဖီယန် ဆိုပြီး စကားရပ်အနေနဲ့ သုံးကြပါတယ်။ဒီကားကတော့ Time Loop နဲ့ သက်ဆိုင်တဲ့ ဇာတ်ကားပါပဲ။ အချိန်သံသရာ ဘယ်လိုလည်ကြမလဲ ဆိုတာတော့ ကျွန်တော်တို့ ဇာတ်လမ်းထဲမှာ ကြည့်ရပါမယ်။ဇာတ်လမ်းအကျဉ်းကတော့ ..... ဟန်ထယ်ဆူ လို့ ခေါ်တဲ့ ဉာဏ်ကြီးရှင် အင်ဂျင်နီယာက အတိတ်ကို ပြန်သွားဖို့ စီစဉ်သလို ဂန်ဆောဟယ် ဆိုတဲ့ ကောင်မလေးကလည်း အနာဂတ်ကနေ ပစ္စုပ္ပန်ကာလကို လာခဲ့တဲ့အချိန်မှာတော့ .....ဂန်ဆောဟယ် ရဲ့ အဖေက သူ့သမီးကို ဟန်ထယ်ဆူ နဲ့ မတွေ့ဖို့ မှာလိုက်ပါတယ်။ ဘာလို့ မှာခဲ့တာလဲ ဆိုတာကတော့ ဖန်သားပြင်ထက်မှာ ဆက်လက်ရှုစားကြပါစို့ဗျာ။ခေါင်းဆောင်မင်းသမီးအနေနဲ့ ပတ်ရှင်ဟေး က ...
9.5
TMDb: 9.5/10 2 votes
tv

Sisyphus: The Myth (2021)

2021
Hush (2020)
Hush (2020) Hush ၂၀၂၀ •••••••••••••••••••••••••••••••••••   ဒီတစ်ခါတော့ ကိုးရီးယားဒရမ်မာတွေကကြားကနေ   တစ်မူကွဲထွက်နေတဲ့ ဇာတ်လမ်းလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်   Hush ဆိုတဲ့ ဒီဇာတ်လမ်းတွဲကတော့   သတင်းထောက်တွေရဲ့ နေ့စဉ်ဘဝဖြတ်သန်းမှုတွေ အခက်အခဲတွေနဲ့   ကြုံတွေ့ရတဲ့ ပြသနာတွေကို ရိုက်ကူးပုံဖော်ထားတဲ့   Office drama ပါ   ဝါရင့်သတင်းထောက်တစ်ယောက်ဖြစ်တဲ့ ဟန်ဂျွန်ဟျော့ဟာ   အစပိုင်းမှာတော့ တရားမျှတမှုတွေကိုဖော်ထုတ်ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ အလုပ်ဝင်ခဲ့သူပါ   ကြာလာတော့ စိတ်ကူးနဲ့လက်တွေ့ကြားထဲမှာ လမ်းပျောက်နေတဲ့သူပေါ့   ခင်ပွန်းသည်တစ်ယောက်အဖြစ်ရော ဖခင်တစ်ယောက်အဖြစ်ပါ တာဝန်ယူထားရတဲ့သူဟာ   ကိုယ်ရေးကိုယ်တာပြသနာတွေနဲ့ လုံးထွေးနေရပါတယ်   လီဂျီဆူကတော့ မှန်တယ်ထင်ရင် ဘာမဆိုပြောတတ် လုပ်တတ်တဲ့သူပါ   သူသတင်းထောက်အဖြစ်အလုပ်ဝင်တော့   ဟန်ဂျွန်ဟျော့နဲ့တွေ့ပြီး သတင်းထောက်စစ်စစ်တစ်ယောက်ဖြစ်လာဖို့ ကြိုးစားရင်း   ဘယ်လိုတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ ကြည့်ရှုရမှာပါ   သတင်းထောက်တွေရဲ့ စိတ်ကူးနဲ့လက်တွေ့   ကွာဟချက်များပဲ ဖြစ်ပါတယ်   အပတ်စဉ် သောကြာနေ့နဲ့ စနေနေ့တိုင်း   JTBC ကနေ ထုတ်လွင့်ပြသသွားမှာပါ    Review by ~ Amelia Translated by : Thin Zar Htet ~ Jerrica ~ Thet Hnin Hsu ~ Phue Nge ~ Amelia ~ Hazel ~ Emily ~ May Tu ...

Hush (2020)

2020