Channel Myanmar

K10 Global Content

The Whisperer (2023) 10
The Whisperer (2023) ဘဝခြားက တီးတိုးခေါ်သံ (၂၀၂၃)(function(f,b,n,j,x,e){})();အလောင်BLတွေ အက်ရှင်BLတွေ ရိုမန့်စ်BLတွေကြားက ရှားရှားပါးပါး Horror genre နဲ့ The Whisperer ဆိုတဲ့ BLကားလေးကို CMချစ်ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။ အတန်ငယ်ကြမ်းတမ်းတာလေးတွေ‌ပါတဲ့အတွက် ဖူဂျိုမမများ 18 ယောက်ပြည့်အောင် လူစုပြီးကြည့်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။အစ်ကိုနဲ့မရီးဖြစ်သူ ယာဉ်မတော်တဆမှုကြောင့် ကိုယ့်ရှေ့တင် အရှင်လတ်လတ်မီးလောင်ပြီးသေဆုံးခဲ့ရတာကိုမြင်လိုက်ရတဲ့ ခွန်တစ်ယောက် အဲဒီနေ့ကစလို့ နိုးထလာတိုင်းမှာ နာကျင်မှုတွေ မွန်းကြပ်မှုတွေခံစားနေရတဲ့အပြင် 'သေ...သေ' ဆိုတဲ့အသံကြီးကို အမြဲကြားယောင်နေရတာပေါ့။ ဒါပေမဲ့ အစ်ကို့သားလေး တန်ကျိုင်ကို စောင့်ရှောက်ရမယ့်တာဝန်ကလည်းရှိ၊ ချစ်သူ "တောင်" ရဲ့ ဖေးမမှုနဲ့ ခွန်တစ်ယောက် ခက်ခက်ခဲခဲရှင်သန်နေရတာပေါ့။ ဒါပေမဲ့ အစ်ကိုနဲ့မရီးဖြစ်သူရဲ့ဝိညာဉ်ကိုတော့ တစ်ချက်တစ်ချက်မြင်နေရတုန်းပါပဲ။အတိတ်ရဲ့အရိပ်ကနေ ချစ်သူ‌ကိုလွတ်မြောက်စေချင်တဲ့အပြင် အကြွေးရှင်တွေလိုက်တဲ့ဘေးကပါငြိမ်းသွားအောင် အိမ်ရောင်းပြီး ကြွေးဆပ်ဖို့ ခွန်ကိုတိုက်တွန်းပြီး ချောင်ကျတဲ့နေရာက အိမ်လေးကိုပြောင်းလာဖို့စီစဉ်ခါမှ ကလေးပျောက်ဆုံးတဲ့သတင်းကတစ်ဖုံ၊ ‌အိမ်နေရာက သင်္ချိုင်းဖြစ်ခဲ့ဖူးတာကတစ်မျိုး၊ ကြားထဲက သံသယဝင်စရာကောင်းလောက်အောင် သဘောကောင်းပြနေတဲ့ သရဲဝတ္ထုရေးဆရာ အမည်ခံ BL 18+ ficရေးတဲ့ အိမ်နီးချင်းဝစ်ကတစ်ဖက်နဲ့ ငြိမ်နေတဲ့ခွန်ရဲ့စိတ်ထဲကို အနှောင့်အယှက်တွေ ပြုံဝင်လာချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားကြပါဦး။အညွှန်းကိုတော့ Mary Christ က ...
10
TMDb: 10/10 1 votes
tv

The Whisperer (2023)

2023
My Ride (2022)
My Ride (2022) My Ride (2022)  စ/ဆုံး----------------------------------------ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးအတွက် အချိုတွေ ရှယ်ကျွေးမယ့် BL ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ဘဝအခြေအနေနှစ်ခု ကွာခြားလွန်းရင် အချစ်တစ်ခု တည်ဆောက်နိုင်မယ်လို ယုံပါသလား။ မော့လိုခေါ်တဲ့ ဆိုင်ကယ်ကယ်ရီဆွဲတဲ့ကောင်လေးတစ်ယောက်....ချစ်သူကောင်မလေးဖြစ်သူက ကယ်ရီသမားမို့ တွဲရမှာရှက်တာနဲ့ လမ်းခွဲခံလိုက်ရပါတယ်။နောက်တော့ တဝမ်လိုခေါ်တဲ့ ဆေးကျောင်းသားလေးကို ဆိုင်ကယ်ကယ်ရီ ပိုပေးပါများရင်း ခံစားချက် ရှိလာပါတော့တယ်...ယောက်ျားလေးတွေကို သဘောမကျဘူးလို ခံယူထားတဲ့ မော့တစ်ယောက် ကိုယ့်ခံစားချက်အပေါ် မယုံနိုင် ဖြစ်နေချိန်မှာပဲဆိုင်ကယ်ကယ်ရီသမားနဲ့ ဆေးကျောင်းသား ဖြစ်နိုင်ပါ့မလားဆိုတဲ့ အတွေးတွေ ဝင်လာပါလေရော။ဒီလိုနဲ့ မော့နဲ့ တဝမ်တို နှစ်ယောက်ကြား ဘယ်လိုတွေ ရှေ့ဆက်ဖြစ်ကြမလဲ...."ချစ်ခြင်းအစ မုန်းခြင်းက" ဆိုသလို အနေအေးတဲ့ ဆေးကျောင်းသား အလုပ်သင်ဆရာဝန်လေးနဲ့အရမ်းစနောက်တတ်၊ လိုက်ရှုပ်တတ်တဲ့ တစ်နှစ်ငယ် ဂျူနီယာ ဆေးကျောင်းသားတိုနှစ်ယောက်....ဂျူနီယာလေးက စီနီယာကို လိုက်စရင်း နောက်ရင်းနဲ့ အစပိုင်းမှာတော့ ကတောက်ကဆတွေ ဖြစ်ပြီး နောက်ပိုင်းဘယ်လိုတွေ သံယောဇဉ်တွယ်လာကြမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။BL ကားလေး ဖြစ်ပေမဲ့လည်း ...

My Ride (2022)

2022