Channel Myanmar

Kodansha

Wind Breaker (2024) 9.2
Wind Breaker (2024) Wind Breaker (2024) Genre – Anime, Action, Adventure IMDB – 7.5/10 MyAnimeList – 7.9/10လတ်တလောကမှ ထွက်ရှိထားပြီး Tokyo Revengers ထက်ကောင်းတယ်ဆိုပြီး သတင်းထွက်နေတဲ့ နောက်ထပ်ကျောင်းသားငဖိုက် Anime အသစ်လေးကို တင်ဆက်ပေးပါ့မယ်ဗျ။ အစပဲရှိသေးတာရော ဇာတ်လမ်းတည်ဆောက်ပုံ မတူတဲ့အတွက်TR ကောင်းမကောင်းဆိုတာတော့ ဖန်တွေကြားအငြင်းပွားစရာ ဖြစ်နေကြမှာပါ။ သိချင်ရင်တော့ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်တာတော့ အကောင်းဆုံးပေါ့လေ။ကျွန်တော့်အတွက်တော့ ဒီထဲက MC ဖြစ်တဲ့ Sakura ကအစပိုင်းကတည်းက ကြမ်းနေပြီး TR က MC ဖြစ်တဲ့Takemichi ထက်တော့ သာတယ်လို့ မြင်မိတယ်ဒါကလည်း TR မှာက Side character တွေက အဓိကကြမ်းတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ဒီ ...
9.2
TMDb: 9.2/10 4 votes
tv

Wind Breaker (2024)

2024
A Sign of Affection (2024) 8
A Sign of Affection (2024) A Sign of Affection (2024) (Original Title - Yubisaki to Renren) Genre – Anime, Comedy, Drama, Romance IMDB – 7.8/10 MyAnimeList – 8.3/10 ကျွန်မ ကမ္ဘာလေးထဲမှာ မွေးဖွားလာကတည်းက အသံတွေဆိုတာ မရှိခဲ့ပါဘူး…။ဟုတ်ပါတယ် ကျွန်မက ဆွံ့အနားမကြားတဲ့ ကောလိပ်ကျောင်းသူတစ်ယောက်ပါ။နာမည်က Yuki တဲ့ ပြောရမယ်ဆို နှင်းစက်လေးပေါ့။အဲဒါကြောင့် စဉ်းစားမိသေးတယ် အချစ်ဆိုတာလည်းကောင်းကင်ပေါ်က ဆင်းသက်လာတဲ့ နှင်းစက်လေးတွေလိုအရည်ပျော်သွားသလားပေါ့လေ။ အချစ်အကြောင်းဆိုလို့ တစ်ရက်ကျ မီးရထားပေါ်မှာ စကားမပြောတတ်တဲ့ကျွန်မကို နိုင်ငံခြားသားတစ်ယောက်က လမ်းလာမေးပါလေရော…စကားမပြောနိုင်တဲ့လူမို့ လက်ဟန်ခြေဟန်နဲ့ ဒုက္ခရောက်နေတုန်းအရပ်ရှည်ရှည် ဆံပင်ငွေရောင်နဲ့ ယောက်ျားတစ်ယောက်ကကူညီပေးသွားခဲ့ပါတယ်။ သူ့ကို ကျွန်မရဲ့ လက်ဟန်ပြဘာသာစကားနဲ့ ကျေးဇူးတင်နေတုန်းမှာကျွန်မကို ထူးဆန်းတဲ့သတ္တဝါလေးတစ်ကောင်လိုတအံ့တသြနဲ့ စူးစူးစိုက်စိုက် ကြည့်သွားခဲ့ပြီး ခေါင်းကိုလည်းသာသာလေးပုတ်ခတ်သွားကာ နောက်မှတွေ့မယ်နော်ဆိုပြီးထွက်ခွာသွားချိန် ကျွန်မရဲ့ နှလုံးသားတစ်စုံလည်းသူနဲ့အတူတူ ပါသွားလေရဲ့…။ ဘာများဆက်ဖြစ်လာမလဲ နောက်ထပ်တွေ့ခွင့်ရှိမလားကျဉ်းမြောင်းတဲ့ကျွန်မရဲ့ ကမ္ဘာလေးက ကျယ်ပြန့်လာမလားနှင်းစက်တွေလိုပဲ အရည်ပျော်သွားမှာလား ဆိုတာကတော့…..။ရိုမန်တစ်ဆန်တာမျိုး ကြည့်ချင်သပဆိုတဲ့လူများ ...
8
TMDb: 8/10 4 votes
tv

A Sign of Affection (2024)

2024
Burn the House Down (2023) 6
Burn the House Down (2023) Burn the house down (2023)လက်စားချေခြင်းဟာ ပူလောင်တယ်ဆိုပေမဲ့ ကိုယ့်ရဲ့အရာအားလုံးကို လုယူသွားတဲ့လူ ကိုယ့်ရဲ့ဘဝကို ချနင်းသွားတဲ့လူက ချမ်းသာပျော်ရွှင်နေတာကို ဒီအတိုင်းလက်ပိုက်ကြည့်နေဖို့ဆိုတာဖြစ်နိုင်ပါ့မလား...သင်သာ ဒီလိုအဖြစ်မျိုးကြုံခဲ့ရင်ရော ဘယ်လိုရွေးချယ်မှုကိုလုပ်မှာလဲ။မီထာရာအီမိသားစုဟာ မျိုးရိုးစဉ်ဆက် ဆေးရုံဖွင့်ခဲ့ကြတဲ့ ချမ်းသာကြွယ်ဝတဲ့မိသားစုတစ်ခုပါ။ ပျော်ရွှင်မှုရော ချမ်းသာကြွယ်ဝမှုနဲ့ပါပြည့်စုံတဲ့ လူတကာအားကျရတဲ့ နွေးထွေးတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပေါ့။ဒါပေမဲ့ ပျော်ရွှင်မှုအတိပြီးတဲ့ ဒီမိသားစုဘဝလေးကို ပြောင်းပြန်လှန်ပစ်ခဲ့တဲ့ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုအတွက် အမေဖြစ်သူကိုအပြစ်တင်ပြီး ကွာရှင်းပြီး‌တော့ သမီးနှစ်ယောက်ကိုပါ ထားခဲ့တဲ့ အမေ့ရဲ့သူငယ်ချင်းဖြစ်သူနဲ့ နောက်အိမ်ထောင်ပြုသွားတဲ့ အဖေဖြစ်သူအပြစ်ရှိစိတ်နဲ့နောင်တတွေကို ရင်ဝယ်ပိုက်ရင်းနဲ့ ကိုယ်ရောစိတ်ပါပြိုလဲခဲ့ရတဲ့ သမီးဖြစ်သူကိုပါ မေ့လျော့သွားခဲ့တဲ့ အတိ‌တ်မေ့ရောဂါသည်အမေလူတကာအားကျရတဲ့ သူဌေးသမီးလေးဘဝကနေ နေ့ချင်းညချင်း မိသားစုပြိုကွဲပြီး လမ်းပေါ်ရောက်ခဲ့ရတဲ့အန်ဇူတစ်ယောက် ၁၃ နှစ်အကြာမှာ အမေ့ရဲ့သူငယ်ချင်းဖြစ်တဲ့ အဖေ့ရဲ့နောက်မိန်းမ မာကိကိုကို လက်စားချေနိုင်ဖို့နဲ့ လွန်ခဲ့တဲ့ ၁၃ နှစ်က သူ့ရဲ့အိမ် သူ့ရဲ့မိသားစု သူ့ရဲ့ဘဝကိုပါ ပြာပုံအတိဖြစ်စေခဲ့တဲ့ မီးလောင်မှုရဲ့ဖြစ်ရပ်မှန်ကို ပြန်လည်စုံစမ်းဖို့ အိမ်အကူအဖြစ် မီထာရာအီအိမ်ကြီးဆီကို တဖန်ခြေချဖို့ဖြစ်လာပါတော့တယ်။ဒီမီးလောင်မှုရဲ့နောက်ကွယ်မှာရှိနေတာ ဘယ်သူဖြစ်မလဲ။ အန်ဇူထင်ထားသလိုပဲ အဖေ့ရဲ့မယားငယ်မာကိကိုဖြစ်နေခဲ့တာလား။ နာမည်အတုနဲ့ဝင်လာတဲ့ အန်ဇူကရော တစ်ချိန်ကသူ့ရဲ့ဘဝကို နင်းခြေခဲ့တဲ့လူတွေကို ...
6
TMDb: 6/10 1 votes
tv

Burn the House Down (2023)

2023
Heavenly Delusion (2023) 8
Heavenly Delusion (2023)  IMDb 8.2/10 MyAnimeList 8.1/10ဒီဂျပန်ကာတွန်းက​တော့ သပွတ်အူဇာတ်လမ်းမျိုးကိုကြိုက်တဲ့လူ​တွေအတွက်အထူးသင့်​လျော်ပါတယ်။ပြီး​တော့ promise neverlandတို့၊ aotတို့လို vibeမျိုးလည်း နည်းနည်းရတယ်ဗျ။(တူတယ်​ပြောတာမဟုတ်ဘူး​နော်။ တံတိုင်းကာထားတာတို့၊ ​က​လေး​တွေကို သင်ကြားတာတို့မှာတူတာပါ)။ပြီး​​တော့ ဇာတ်လမ်းအစပိုင်း​တွေမှာ မြို့ပျက်ကြီးထဲ နှစ်​ယောက်ထဲ​လျှောက်သွား​နေပုံကလည်းthe last of usတို့ဘာတို့ကို​ပြေးမြင်တယ်ဗျ။ မူလ မန်ဂရုပ်ပြကို​တော့ဆရာMasakazu Ishiguroက ​ရေးဆွဲခဲ့တာဖြစ်ပြီး ၂၀၁၈ခုနှစ်ကတည်းက ထွက်ရှိခဲ့တာပါ။အတွဲ (volume) ၈တွဲအထိထွက်ရှိထားပြီး ဆက်လက်ထွက်ရှိ​နေတုန်းပါ။Animeထွက်ထားသ​လောက် ဇာတ်လမ်းကို​ပြောရရင်​တော့ပြိုပျက်ခြင်းဆိုတဲ့ကပ်ဆိုးကြီးအပြီးမှာ​တံတိုင်းပတ်လည်ကာထားတဲ့ ကျောင်း​တော်ကြီးတစ်ခုကMimihimeဆိုတဲ့​ကောင်မ​လေးဟာ တံတိုင်းရဲ့အပြင်ဘက်မှာ ကမ္ဘာတစ်ခုရှိ​နေတာကိုရိပ်မိလာခဲ့ပါတယ်။ထို့အတူပဲ Tokioဆိုတဲ့တစ်​ယောက်ဟာလည်း အတန်း​စာ​မေးပွဲ​ဖြေ​နေစဥ်မှာအပြင်ရဲ့အပြင်ကိုထွက်ကြည့်ချင်လားဆိုတဲ့စာတစ်​စောင်​​ရောက်လာခဲ့ပါတယ်။အပြင်ဆိုတာရှိလားလို့ ​ကျောင်းရဲ့ညွှန်ချုပ်ကို​မေးကြည့်လိုက်တဲ့အခါမှာ​တော့အပြင်​လောကဆိုတာရှိပြီး အလွန်စက်ဆုပ်ဖို့​ကောင်းတဲ့မ​ကောင်းဆိုးဝါး​တွေနဲ့ပြည့်​နေတာပါလို့ ပြန်​ဖြေပါ​တော့တယ်။အပြင်ဘက်​လောကထဲမှာ​တော့ Tokioနဲ့ရုပ်ချင်းတူတဲ့ Maruဆိုတဲ့ဘဲ​လေးဟာKirukoဆိုတဲ့​​​​စော်​လေးကို ​ဘော်ဒီဂတ်ငှားပြီး ​ကောင်းကင်ဘုံဆိုတဲ့​နေရာကိုလိုက်ရှာ​နေတာပါ။Maruဆီမှာလည်း ​ဆေးထိုးအပ်နဲ့​ဆေးတစ်မျိုးရှိ​နေပြီး Maruနဲ့ရုပ်တူတဲ့လူကို​တွေ့တာနဲ့ထိုး​ပေးဖို့ပါညွှန်ကြားခံထားရပါတယ်။အဲ့လိုနဲ့မြို့ပျက်ကြီးအတိုင်းဖြတ်သန်းပြီး ခရီးထွက်လာ​ရင်းနဲ့ ထူးဆန်းတဲ့တည်းခိုခန်းကို​ရောက်ရှိသွားတဲ့အခါမှာ​တော့..... Spoiler ............သိမ်းငှက်သူရဲ​ကောင်းသိုင်းကားကြိုက်သူများအတွက်ဂူးဂူးနဲ့သစ်ပင်​အောက်ကဇာတ်ဝင်ခန်းလိုမျိုးဇာတ်ဝင်ခန်းလည်း ​နောက်ပိုင်းပါပါတယ်။အသဲမခိုင်သူများကြည့်မိမှာစိုးလို့ပါ😁 Genres: Animation, Action, Mystery Duration: 23 mins Episodes: 13 Original Network: Tokyo MX File Size: 1080p (300 MB) Translated by Dr ...
8
TMDb: 8/10 7 votes
tv

Heavenly Delusion (2023)

2023