Channel Myanmar

Left Bank Pictures

Everything Now (2023) 6.7
Everything Now (2023) Everything Now (2023) ================= IMDb Rating - 6.7/10ပရိတ်သတ်ကြီးတို့အနေနဲ့ ကျောင်းရက်ရှည်ပျက်ဖူးတာမျိုးရှိပါသလား။ ကျောင်းရက်ရှည်ပျက်ပြီး ကျောင်းပြန်တက်တဲ့အခါ စာသင်ခန်းထဲ ခြေချ လိုက်တာနဲ့ စာတွေရော၊ အတန်းထဲဖြစ်ပျက်တဲ့ကိစ္စတွေဘာတွေရော ခေတ် တစ်ခေတ်စာလောက် နောက်ကျသွားသလိုမျိုး ခံစားရတယ်ဟုတ်။မီယာဟာ 'Anorexia'ဆိုတဲ့ စိုးရိမ်ဖွယ်အဆင့် ခံတွင်းပျက်ခြင်း၊ အလွန် အမင်းကိုယ်အလေးချိန်ကျဆင်းတဲ့ရောဂါကြောင့် ကျောင်း(၇)လနားပြီး ဆေးရုံတက်ခဲ့ရတဲ့ အသက် (၁၆)နှစ်အရွယ် ကောင်မလေးတစ်ယောက်ပါ။ သူကျောင်းပြန်တက်ရတဲ့အချိန်မှာ သူငယ်ချင်းတွေရော၊ ကျောင်းကအခြေ အနေတွေရောက သူ့ထက် အများကြီး‌ ခေတ်ရှေ့ရောက်နေသလို ခံစားလိုက် ရပါတယ်။ အဲဒါကြောင့် သူလည်းတခြားသူတွေလို ရေစီးကြောင်းကို လိုက်မီဖို့ ဆယ်ကျော်သက်ပီပီ အသည်းအသန်ကြိုးစားတော့တာပေါ့။ဒါပေမဲ့ သူ့ရောဂါက လုံးဝအရှင်းမပျောက်သေးတဲ့အပြင် ပစ်ထားလိုက်လို့ ရတဲ့ရောဂါမျိုးလည်း ဟုတ်မနေပါဘူး။ ဆိုတော့ကာ (၇)လခေတ်နောက်ကျ သွားပြီး အရိပ်မည်းကြီးလိုလိုက်နေတဲ့ရောဂါအခံရှိတဲ့ ဆယ်ကျော်သက်ကျောင်း သူလေးမီယာတစ်ယောက် ရွယ်တူတွေကြားမှာကြိုးစားနေထိုင်‌ရတဲ့ဘဝကို "Everything Now"ဆိုတဲ့ Comedy-Drama series လေးထဲမှာ ကြည့်ရှုခံ စားရမှာဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး သူများကတော့ CM Team မှဖြစ်ပါတယ်။)File Size.............(300 MB) / (700 ...
6.7
TMDb: 6.7/10 1800 votes
tv

Everything Now (2023)

2023
Who Is Erin Carter? (2023) 6.5
Who Is Erin Carter? (2023) Who Is Erin Carter? (2023) ===================One Man , Two Life ဆိုတဲ့ စကားကိုကြားဖူးကြမယ်ထင်ပါတယ်။ လူတစ်ကိုယ် ဘဝနှစ်ခုပေါ့..လူတော်တော်များများမှာ အများမသိစေ ချင်တဲ့ ကိုယ့်ရဲ့ အမှောင်ခြမ်းဆိုတာ ရှိကြပါတယ်။ ဒါဆို အယ်ရင်ကာ တာ ဆိုတဲ့ အမျိုးသမီးတစ်ယောက်မှာရော၊ သူ(မ)မှာလည်း သေချာ ပေါက်ရှိနေပါတယ်။ ဒါပေမဲ့ ချစ်ရတဲ့ သမီးလေးကို ပိုင်ဆိုင်လာရတဲ့ အချိန်မှာတော့ ဒါတွေ အကုန်လုံးကို ပြည်ဖုံးကားချပြီး အကုန်လုံးကို ကျောခိုင်းထွက်လာပြီး နေရာအသစ် အလုပ်အသစ်နဲ့ မိသားစုနဲ့အတူ နေထိုင်ခဲ့ပါတော့တယ်။ဒါပေမဲ့ တစ်ရက်မှာတော့ သမီးဖြစ်သူနဲ့ ရှော့ပင်းမောလ်မှာ ဈေးဝယ် နေရင်း လုယက်မှုတစ်ခုနဲ့ တိုးသွားချိန်မှာတော့ သူနဲ့ သူရဲ့ မိသားစုကြား ဝေးကွာဖို့ စတင်အကြောင်းဖန်လာပါတော့တယ်။ ဓားပြတွေလက်ထဲ ကနေ သမီးဖြစ်သူကို ကယ်တင်ဖို့ ဓားပြတွေထဲက တစ်ယောက်ကို အယ် ရင် တစ်ယောက် ပစ်သတ်လိုက်တဲ့အချိန်ကစပြီး သူ့ရဲ့ အတိတ်ဆိုးတွေက သူနောက်ကို ပြန်လိုက်လာတဲ့ အခါမှာတော့ အယ်ရင်ရဲ့ အရင်ဘဝက ဘယ်လိုမျိုးဖြစ်မလဲ၊ လက်ရှိအလုပ်အကိုင်က ဆရာမဆိုပေမဲ့ တစ်ကယ့် အစစ်အမှန် ...
6.5
TMDb: 6.5/10 4900 votes
tv

Who Is Erin Carter? (2023)

2023
Without Sin (2022) 5.7
Without Sin (2022) IMDB 6.9/10 ရရှိထားတဲ့ Crime/Drama/Thriller အမျိုးအစား British mini series လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စုံထောက်ကားတွေ အရိုက်များတဲ့ UK မင်းသမီး Vicky Ann McClure (Line of Duty)နဲ့ မင်းသား Johnny Harris (Jawbone)တို့ အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဇာတ်လမ်းအကျဉ်း သမီးဖြစ်သူ အသတ်ခံလိုက်ရတာကြောင့် ဘဝကိုရှေ့ဆက်နိုင်ဖို့ အခက်အခဲဖြစ်နေခဲ့တဲ့ မိခင်ဖြစ်သူစတယ်လာက သူ့သမီးကို သတ်လိုက်တဲ့ ထောင်ကျနေတဲ့ လူသတ်သမားဆီကနေ သူနဲ့လာတွေ့ပေးပါဆိုတဲ့ တောင်းဆိုချက်ကို လက်ခံရခဲ့ပါတယ်။ ကားသော့ခိုးရင်း လူသတ်တယ်ဆိုတာကိုသာ သိပြီး အခင်းနေရာမှာ သမီးရဲ့ဖုန်းရော၊ လူသတ်လက်နက်ရော ရှာမတွေ့ခဲ့တာမို့ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ အမှန်အတိုင်း သိနိုင်ဖို့၊ လူသတ်သမားချားလ်စ်ဆီကို စတယ်လာက အားတင်းပြီး သွားတွေ့ခဲ့ပါတော့တယ်။ စတွေ့ကာစမှာတော့ ချားလ်စ်က စာနာနားလည်မှုတွေအကြောင်း ပြောခဲ့ပေမယ့် လူသတ်ရတဲ့အကြောင်းအရင်းကို မေးတဲ့အချိန်မှာတော့ ရုတ်တရက်ကြီး သူသတ်ခဲ့တာမဟုတ်ကြောင်း၊ ...
5.7
TMDb: 5.7/10 6 votes
tv

Without Sin (2022)

2022
Three Pines (2022) 5
Three Pines (2022) Three Oines (2022)ဒီတစ်ခါမှာတော့ ပရိသတ်တွေအတွက် တိုဘီမက်ဂွိုင်းယား Spider-Man ထဲက ဒေါက်တာအော်တိုပက်စ် ‌‌နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ အချစ်တော် ဘီးကျဲကြီး Alfred Molina က ခေါင်းဆောင်မင်းသားအဖြစ်ပါ၀င်ထားတဲ့ Myestery ဇာတ်လမ်းတွဲလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ စုံထောက်ဦးစီးဂါမာ့ခ်ျဟာ အလုပ်မှာ ထူးချွန်တဲ့လူတစ်ယောက်ဖြစ်ပြီး ကြင်နာတတ်တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ တစ်‌နေ့မှာတော့ သူတို့ရုံးရှေ့က ဆန္ဒပြပွဲမှာပါ၀င်တဲ့ မိသားစုတစ်စုကို ကားမောင်းပြီး အိမ်ပြန်လိုက်ပို့ပေးမိလို့ စုံထောက်ဂါမာ့ခ်ျတစ်ယောက် နှင်းတွေလွှမ်းနေတဲ့ သရီးပိုင်းစ် ဆိုတဲ့နယ်မြို့လေးကို လူသေမှုစုံစမ်းဖို့ အပို့ခံလိုက်ရပါတော့တယ်။ နယ်မြို့လေးကို ရောက်လာတဲ့ ထူးချွန်တဲ့စုံထောက်ဂါမာ့ခ်ျတစ်ယောက်ဟာ ဘယ်လိုအမှုမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ရမလဲ ဂါမာ့ခ်ျကိုယ်တိုင်ကရော ဘယ်လိုအခက်ခဲတွေကို ဉာဏ်သုံးဖြေရှင်းရမလဲဆိုတာ တစိမ့်စိမ့်တွေးရင်း ခံစားလိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Chuck ပဲ ဖြစ်ပါတယ်။Genre..... Crime, Mystery Quality…. 1080p | 720p File size… 800MB | 400MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Chuck Encoder ...
5
TMDb: 5/10 3 votes
tv

Three Pines (2022)

2022
The Fear Index (2022) 7.6
The Fear Index (2022) The Fear Index (2022)အကြောက်တရား ညွှန်းကိန်း ဆိုတာ ဘာလဲ။လူတွေက ကြောက်တရားပေါ်မူတည်ပြီး အလုပ်လုပ်ကြတယ်။ ဆုံးရှုံးရမှာကြောက်တယ်၊ ဒဏ်ရိုက်ခံရမှာကြောက်တယ်၊ ကားမမီမှာကြောက်တယ် အစသဖြင့် အကြောက်တရား နဲ့ နေ့စဥ်ဘဝမှာ ရှင်သန်နေကြပါတယ်။ထိုအကြောက်တရားကို စီးပွား‌ရေးလုပ်ငန်းရှင် အဲလက်စ်န္ဒြားဟော့ဖ်မန်း ကတော့ အသုံးချပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအောင်မြင်ဖို့ ကြံစည်ပါတော့တယ်။တစ်ရက်မှာတော့ သူလိုချင်တဲ့တာ ကြာပြီဖြစ်တဲ့ စာအုပ်တစ်အုပ်က ဘယ်သူဝယ်ပေးမှန်းမသိရဘဲ ထူးထူးခြားခြားနဲ သူ့အိမ်ကို ရောက်လာပါတယ်။ စာအုပ်ရောက်လာတဲ့ ညမှာပဲ အမည်မသိကျူးကျော်သူ ဝင်ရောက်လာပြီး တိုက်ခိုက်တာ ခံလိုက်ရပါတယ်။ တိုက်ခိုက်တဲ့သူကရော ဘယ်သူလဲ စာအုပ်နဲ့ဘယ်လိုပတ်သတ်နေလဲ။ ဖန်သားပြင်မှာ ဆက်လက်ကြည့်ရှု့လိုက်ကြပါဦး။အညွှန်းကိုတော့ Leonard Lin က ရေးသားပေးထားပြီးတော့ဘာသာပြန်ထားတာကတော့ Leonard Lin, Thwal Yadi, Loon Swal Eain နဲ့ Roman NoX တို့ပဲ ဖြစ်ကြပါတယ်။Genre.....Drama Quality….WEB-DL 1080p File size…650MB Format…mp4 Duration….45min Subtitle….Myanmar Subtitle (Hardsub) Translator .....Leonard Lin, Thwal Yadi, Loon Swal Eain, ...
7.6
TMDb: 7.6/10 7 votes
tv

The Fear Index (2022)

2022
Behind Her Eyes (2021) 7.5
Behind Her Eyes (2021) Behind her eyes (2021)သူ့မျက်ဝန်းနောက်ကွယ် .....အကြည့်တွေကို အပြုံးနဲ့ဖုံးတယ်။အပြုံးနဲ့ မဖုံးဘဲ ထားတဲ့ တစ်နေရာ ရှိတယ်။နှလုံးသား ..... တဲ့။နှလုံးသားထဲ စိတ်ထဲက အရာကို လူတိုင်း ကွယ်ဝှက်ထားတတ်ကြပါတယ်။လူတစ်ယောက်ကို သွင်ပြင် ကြည့်ရုံနဲ့ ခန့်မှန်းမရတာ ခံစားချက်တို့၊ စိတ် တို့ပါပဲ။ဒီဇာတ်လမ်းထဲမှာရော .....ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။လူဝိစ် ဆိုတဲ့ တစ်ဦးတည်းသောမိခင်ဟာ တစ်ခုလပ် သားသည်မိခင် ဖြစ်ပါတယ်။မမျှော်လင့်ဘဲ ကိုလူချောလေး ဒေးဗစ် နဲ့ ဆုံဖို့ရာ ကံကြမ္မာက ဖန်လာပြန်ပါတော့တယ်။ကံဆိုးစွာနဲ့ တစ်ခုလပ်မလေးရဲ့ကံကြမ္မာဟာ ကံဆိုးမသွားရာကို မိုးက လိုက်လို့ရွာနေတာပါပဲ။ဒေးဗစ်ဟာ အိမ်ထောင်သည် တစ်ဦးဖြစ်ပြီး သူ့အမျိုးသမီးကတော့ အဒဲလ် ပါ။တစ်နေ့မှာ အဒဲလ် နဲ့ လူဝိစ် တို့ တွေ့ဖို့ အကြောင်းဖန်လာချိန်မှာတော့ ......Psychosexual Thriller အမျိုးအစား ဖြစ်တာကြောင့် ကြည့်နေကျ ဇာတ်လမ်းဇာတ်အိမ်ထဲက ကွဲထွက်နေပါလိမ့်မယ်။Netflix စီးရီးတွေကတော့ စိတ်ချရလောက်အောင် ကောင်းမွန်ဆဲပါပဲ။IMDb ...
7.5
TMDb: 7.5/10 216 votes
tv

Behind Her Eyes (2021)

2021