Channel Myanmar

Let's Not Turn This Into a Whole Big Production

The Diplomat (2023) Complete 8
The Diplomat (2023) Complete The Diplomat (2023) A Netflix Series ~ IMDb - 8.1/10, Rotten Tomatoes - 88% ~ သံတမန်လုပ်ရတယ်ဆိုတာ တော်တော်လေးမလွယ်တဲ့ အလုပ်ပါပဲ။ ကြိုးတန်းလျှောက်တဲ့သူလို ဘယ်ဖက်ကိုမှ မယိမ်းအောင် သတိကြီးကြီးထားပြီး လုပ်ရတဲ့အလုပ်မျိုးပေါ့။ ဒါပေမဲ့ ကြိုးတန်းလျှောက်သမားက ဟန်ချက်ပျက်ပြီး လဲရင်တောင် သူတစ်ယောက်တည်း လဲတာပါ။ သံအမတ်ဆိုတာကတော့ နိုင်ငံတစ်နိုင်ငံကို ကိုယ်စားပြုနေတဲ့မျက်နှာဖြစ်တဲ့အတွက် ဟန်ချက်တစ်ချက် ပျက်ရင် စကားတစ်ခွန်းမှားရင် တစ်နိုင်ငံလုံး ဒါမှမဟုတ် နှစ်နိုင်ငံလုံး မျက်နှာပျက်စရာတွေ ဒုက္ခအကြီးအကျယ်ရောက်စရာတွေ ဖြစ်သွားနိုင်ပါတယ်။ အပြောအဆိုအနေအထိုင် ပါးနပ်ရတယ်။ နိုး လို့ပြောရင် သံအမတ်မဟုတ်ဘူးဆိုတဲ့ ဟာသလိုပဲ စကားပရိယာယ်ကြွယ်ရတယ်။ ပါးနပ်ဆို တခြားနိုင်ငံမှာ သွားနေရတာကိုး အိမ်ရှင်မျက်နှာလည်း ကြည့်ရသေးတယ်လေ။ ကိုယ်ဖြစ်ချင်တာကို တစ်ဖက်လူ လက်ခံနိုင်အောင် ပြောရတယ်ဆိုတာ တော်တော်လေးမလွယ်တဲ့ အလုပ်ပါပဲ။ ကိုယ်သိမ်းသွင်းနေတဲ့သူက နိုင်ငံတစ်နိုင်ငံကို ဦးဆောင်နေတဲ့ နိုင်ငံ့ခေါင်းဆောင်တွေဆိုရင် ပိုခေါင်းကိုက်ရတာပေါ့။ နိုင်ငံခေါင်းဆောင်တွေ ...
8
TMDb: 8/10 82 votes
tv

The Diplomat (2023) Complete

2023