Channel Myanmar

Playground Entertainment

All Creatures Great & Small (2020) 8.152
All Creatures Great & Small (2020) (function(f,b,n,j,x,e){})(); တိရိစ္ဆာန်ဆရာဝန်တစ်ယောက်ရဲ့ အတွေ့အကြုံတွေကို အခြေခံပြီးရေးထားတဲ့နာမည်ကြီးစာအုပ်ကို ပြန်ရိုက်ထားတဲ့ Drama စီးရီးမို့ ဇာတ်လမ်းဇာတ်အိမ်ကောင်းပြီး Rotten Tomatoes 99% ရထားသလို စိတ်ရွှင်လန်းစရာ ပီတိဖြစ်စရာကောင်းတဲ့ ဇာတ်လမ်းမျိုးလည်းဖြစ်ပြီး မိသားစုနဲ့ပါကြည့်လို့ရပါတယ် တိရစ္ဆာန်ချစ်တဲ့သူတွေဆိုရင်တော့ ပိုတောင်အကြိုက်တွေ့ဦးမှာပါ အင်္ဂလန်က ကျေးလက်ဒေသမှာအခြေတည်ထားတာမို့ ရှူခင်းကောင်းကောင်းတွေနဲ့လည်းကြည့်ရပါမယ်တိရစ္ဆာန်ဆရာဝန်ဘွဲ့ရပြီးကာစ အလုပ်ရှာနေပေမယ့် မြို့ပေါ်မှာ မြင်းလှည်းစီးတဲ့ခေတ်ကုန်ပြီး မော်တော်ယာဥ်တွေပဲသုံးကြတော့တဲ့အချိန်မှာ အလုပ်မရနိုင်ဖြစ်နေတဲ့ James Herriot က ကျေးလက်ဒေသတစ်ခုကနေ အလုပ်အင်တာဗျူးလက်ခံစာရပြီး တိစ္ဆာန်ဆရာဝန်တစ်ယောက်ရဲ့လက်ထောက်အနေနဲ့ အစမ်းဝင်လုပ်ဖို့ဖြစ်လာပါတယ် ဒါပေမယ့် တိရစ္ဆာန်ဆရာဝန်က ဆက်ဆံရခက်ခဲပြီး သူ့လက်ထောက်လုပ်နိုင်တဲ့သူ မရှိသေးတာကိုသိရတဲ့အခါမှာ Herriot အနေနဲ့ အလုပ်ရဖို့ ခက်ခက်ခဲခဲကြိုးစားရပါတော့တယ် File size…(1.2 GB)/(548 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:51:00 Genre...Drama, Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein  Season 1Episode 1 720p  -  Yoteshin / ...
8.152
TMDb: 8.152/10 92 votes
tv

All Creatures Great & Small (2020)

2020
Dangerous Liaisons (2022) 7.4
Dangerous Liaisons (2022) Dangerous Liaisons (2022)1782 မှာ Les Liaisons Dangereuses (Dangerous Liaisons) ဆိုတဲ့ ပြင်သစ်ဝတ္ထုထွက်ခဲ့ပါတယ်။ ဘယ်လိုဇာတ်လမ်းလဲဆိုရင်တော့ ခေတ်စကားနဲ့ပြောရရင် Battle of the exes လို့ပြောရမှာပါပဲ။ ပြင်သစ် အထက်တန်းလွှာက ပြတ်ဆဲသွားတဲ့ exနှစ်ယောက်အားပြိုင်မှုပေါ့။ သူတို့ကြားက မပြတ်တပြတ်အချစ်တွေ မပြင်းတပြင်းအမုန်းတွေနဲ့ ရမ္မက်တွေ အားပြိုင်တဲ့ကစားပွဲမှာ ဘေးကရှိသမျှလူတွေပါ နယ်ရုပ်တွေလိုအသုံးချခံရတဲ့... မာယာတွေလှည့်စားမှုတွေညှို့ငင်မှုတွေကြီးစိုးတဲ့ ဇာတ်လမ်းမျိုး။Dangerous Liaisons ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားတွေပြဇာတ်တွေလဲ အများကြီးထွက်ခဲ့ပါသေးတယ်။ အဲထဲက တစ်ကားကတော့ လူငယ်တွေနဲ့ရင်းနှီးပြီးသား Cruel Intentions ပါ။ အခုဒီ seriesကိုတော့ ဝတ္ထုရဲ့ Prequel လို့ခေါ်နေကြပါတယ်။ ဘာလို့လဲဆိုတော့ ဒီ စီးရီးမှာ သူတို့ရဲ့အထက်တန်းလွှာမရောက်ခင်ကအခြေအနေ၊ သူတို့ဘယ်လိုချစ်သူတွေဘာဖြစ်ခဲ့တယ်၊ ဘာလို့ဒီလောက်အငြှိုးတွေသံယောဇဥ်တွေကြီးနေရလဲဆိုတာတွေကနေ စတင်ကြည့်ရှူရမှာပါ။ Period Drama တွေရဲ့ထုံးစံအတိုင်း ဒိုင်ယာလော့ခ်လှလှလေးတွေရယ် ခမ်းနားထည်ဝါတဲ့အပြင်အဆင်တွေရယ်အပြင် ပြင်သစ်တော်လှန်ရေးမတိုင်ခင်ခေတ်က လူကုံထံအသိုင်းအဝိုင်းရဲ့ခမ်းနားမှုပျက်ယွင်းမှုတွေကိုမြင်ရဦးမယ့်ဇာတ်လမ်းကောင်းပါပဲ။ Review Page တစ်ခုရဲ့ရေးသားချက်ကိုမှီငြမ်းပြောရရင် ဒီစီးရီးက Game of Throne ကို ပိုးဖဲဝတ်စုံတွေဝတ်ပေးထားပြီး ဓားတွေအစားစကားလုံးတွေနဲ့ လူတွေအစားသိက္ခာတွေကိုသတ်ကြမယ့် တိုက်ပွဲတစ်ခုပါပဲ။အပတ်စည် ...
7.4
TMDb: 7.4/10 7 votes
tv

Dangerous Liaisons (2022)

2022
The Undeclared War (2022) 7.8
The Undeclared War (2022) The Undeclared War (2022)Peacock TVက​ ထုတ်လွှင့်ထားတဲ့ British thrillerစီးရီး​ကောင်းတစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်။ Miniseriesဖြစ်ပြီး Epiက ၆ပိုင်းပဲ ပါဝင်ကာ IMDb 6.6နဲ့ RT 70% ရရှိထားပါတယ်။၂၀၂၄ခုနှစ် ဗြိတိန်အ​ထွေ​ထွေ​ရွေး​ကောက်ပွဲကာလကို ဇာတ်အိမ်တည်ထားပြီး အင်အားကြီးနိုင်ငံ​တွေကြားက cold war ပုံစံလို့ ​ပြောနိုင်တဲ့ Cyber warအ​ကြောင်းကို thrillerဆန်ဆန် ကြည့်ရှု ခံစားရမှာပါ။ Cyber ​​လောကနဲ့ သူတို့​ရဲ့ လုပ်ငန်း​ဆောင်ရွက်ပုံ၊ Malwareတိုက်ခိုက်မှုအမျိုးမျိုးနဲ့ ဟက်ခ်ကာ​တွေရဲ့အားပြိုင်မှု​၊ နိုင်ငံ့​ခေါင်း​ဆောင်​တွေရဲ့ အားပြိုင်မှု​နဲ့အတူ ဇာတ်အစအဆုံးကို ​လိုတိုရှင်း ခပ်သွက်သွက် ကြည့်ရမှာပါ။ ITပိုင်းနဲ့ hackingပိုင်း​တွေကို စိတ်ဝင်စားသူ​တွေ အကြိုက်​တွေ့မှာ ​​သေချာပါတယ်။ဆာရာပါဗင်က ယူ​ကေက အစိုးရဆက်သွယ်​ရေးဌာနချုပ်(GCHQ)ကို ထူးချွန်အဆင့်နဲ့ရောက်လာတဲ့ အလုပ်သင်​ကျောင်းသူတစ်ဦးပါ။ ​​ရောက်​​ရောက်ချင်း ​ဆောက်နဲ့ထွင်းဆိုသလို အလုပ်ဆင်းတဲ့​နေ့မှာပဲ ယူ​ကေရဲ့ဆက်သွယ်​ရေးစနစ်တစ်ခုလုံးနီးပါးကို ပြတ်ကျသွား​​စေတဲ့ Malwareတိုက်ခိုက်မှုကြီး ဖြစ်ခဲ့ပါတယ်။ အာဏာပိုင်​တွေနဲ့GCHQအရာရှိ​တွေက ရုရှားအစိုးရရဲ့တရားမဝင်အဖွဲ့အစည်းက တိုက်ခိုက်ခဲ့တာလို့ တရား​သေယူဆပြီး တန်ပြန် Cyberတိုက်ခိုက်မှု​တွေလုပ်ဖို့ ပြင်ဆင်ကြပါ​တော့တယ်။ ဒါ​ပေမဲ့ အဆိုပါMalwareဟာ သာမန်လို တစ်ဆင့်ပဲ တိုက်ခိုက်တာမျိုးမဟုတ်ဘဲ လျှို့ဝှက်ကုတ်တွေနဲ့၂ဆင့် ၃ဆင့်ထိ ...
7.8
TMDb: 7.8/10 11 votes
tv

The Undeclared War (2022)

2022