Channel Myanmar

Plimsoll Productions

A Real Bug’s Life (2024) 9.5
A Real Bug’s Life (2024) A Real Bug's Life (2024) IMDb - 6.9အင်းဆက်ပိုးကောင်လေးတွေရဲ့ ကမ္ဘာငယ်လေးတွေဆီကို အလည်သွားကြည့်ကြရအောင်။ အခုစီးရီးကတော့ National Geographic ကရိုက်ကူးထားပြီးDisney+ မှာထုတ်လွှင့်ပြသခဲ့တဲ့ Documentary Series အသစ်လေးဖြစ်ပြီး"A Bug's Life" ဆိုတဲ့ Disney နဲ့ Pixar ထုတ် ကာတွန်းစီးရီးကို မှီငြိမ်းထားတာပါ။ သဘာဝတရားကြီးထဲကို လူတွေကျူးကျော်လာတာနဲ့အမျှပိုးကောင်လေးတွေရဲ့ ကျက်စားနေရာလေးတွေလည်းပျက်စီးလာခဲ့ပြီးဂေဟစနစ်ဟန်ချက်ပျက်လာခဲ့ပါပြီ။ အင်းဆက်ပိုးကောင်လေးတွေဟာလည်းအရွယ်သာငယ်ပေမဲ့ သူတို့ရဲ့ လုပ်နိုင်စွမ်းတွေနဲ့ သဘာဝဂေဟစနစ်ကိုဟန်ချက်ညီအောင် ထိန်းသိမ်းပေးတဲ့နေရာမှာအံ့သြဖို့ကောင်းလောက်အောင်ကို အရေးပါတဲ့ကဏ္ဍက ပါဝင်နေကြပါတယ်။ ဒီ Documentary ထဲမှာတော့ နယူးယော့ခ်မြို့ရဲ့ လမ်းပေါ်မှာနားခိုရာနေရာသစ်ရှာဖွေနေရတဲ့ ပင့်ကူငယ်လေးကနေကိုစတာရီကာ သစ်ခွပျားလေးရဲ့ ရနံ့ရှာဖွေတဲ့ စွန့်စားခန်းအထိသေးငယ်လှတဲ့ ပိုးကောင်လေးတွေရဲ့ဘဝကို ရိုက်ကူးထားတဲ့အပြင်မြို့‌ပေါ်နဲ့ တောတွင်းမှာနေထိုင်ကျက်စားကြတဲ့ ပိုးကောင်လေးတွေနေ့စဉ်ဖြတ်ကျော်ရတဲ့အခက်အခဲအတားအဆီးတွေ၊ အရွယ်သာငယ်ပေမဲ့သူတို့ပါဝင်တဲ့ ကဏ္ဍကအရေးပါပုံတွေ၊ သဘာဝတရားကြီးကိုဟန်ချက်ညီနေအောင် လုပ်ဆောင်ပေးကြပုံတွေ၊ အချင်းချင်းစုစည်းညီညွတ်စွာဝီရိယရှိရှိနဲ့ အလုပ်ကြိုးစားကြပြီး အခက်အခဲကျော်လွှားကြပုံတွေအပြင်အင်းဆက်ပိုးကောင်လေးတွေရဲ့ အမူအကျင့်တွေနဲ့ လုပ်နိုင်စွမ်းတွေကိုအနီးကပ် macro shot တွေနဲ့ရိုက်ကူးထားလို့ ရပ်သပ်ရှုမောဖွယ် ကြည့်ရှုကြရမှာပါ။ သရုပ်ဆောင်မင်းသမီး ...
9.5
TMDb: 9.5/10 2 votes
tv

A Real Bug’s Life (2024)

2024