Channel Myanmar

Posham Pa Pictures

Maamla Legal Hai (2024) 8.5
Maamla Legal Hai (2024) Maamla Legal Hai (ရှေ့နေများရဲ့ဘဝ) IMDb - 8.3/10ဒီတစ်ခေါက်မှာတော့ အိန္ဒိယရှေ့နေစီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးလေးမှာတော့ အိန္ဒိယရဲ့ ရှေ့နေလောကမှာ တကယ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာလေးများကို အခြေခံပြီးတော့ ဟာသလေးတွေရောပြီး တင်ဆက်ပြသပေးထားတာပဲဖြစ်ပါတယ်။ပတ်ပါဂျန်တရားရုံးမှာ ဖြစ်နေတဲ့ ဖြစ်ရပ်မှန်အကြောင်းလေးတွေကို အခြေခံပြီးတော့ ရှေ့နေတွေရဲ့ ရုန်းကန်လှုပ်ရှားနေရပုံတွေ အမှုလိုက်ပုံလိုက်နည်းတွေ တရားမှုမတရားမှုတွေကို တင်ဆက်ပြသထားပါတယ်။အဲဒီတရားရုံးကို ဟားဗက်ကနေ ရှေ့နေဘွဲ့ယူလာပြီး အတွေ့အကြုံရချင်လို့ အလုပ်လုပ်ဖို့ရောက်လာတဲ့ အန်နယာရှရော့ဖ်တစ်ယောက်ရော ဘယ်လိုတွေ တွေ့ကြုံရဦးမလဲ .......ဘယ်လိုစိတ်ဝင်စားဖို့ကောင်းတဲ့အမှုတွေကို မြင်တွေ့ရမလဲဆိုတာတွေကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni~BpL~V~Alex~ToMo တို့ပဲဖြစ်ပါတယ်)File Size – 600MB(Appx;)@EpisodeQuality – 1080p WEB DLDuration – 38 minute (@Episode)Total Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy ~ DramaTranslator – Yunni~BpL~V~Alex~ToMo Encoder – YK Episode 1 - Yoteshin | Userdrive | Megaup ...
8.5
TMDb: 8.5/10 4 votes
tv

Maamla Legal Hai (2024)

2024
Kaala Paani (2023) 7
Kaala Paani (2023) Kaala Paani (2023) "သဘာ၀တရားရဲ့ဒဏ်ခတ်ခြင်း" IMDb - 8.1/10Netflixကနေ ထုတ်လွှင့်လိုက်တဲ့ ကပ်ရောဂါဘေးဇာတ်လမ်းတွဲ အမိုက်စားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ 3Idiotsဇာတ်ကားထဲမှာ မင်းသမီးရဲ့အစ်မဖြစ်သူနေရာက ဖုန်စုတ်စက်နဲ့ မီးဖွားခဲ့ရတဲ့ မင်းသမီးမိုနာဆင်းဂ်က ဒေါက်တာဆင်းဂ်အဖြစ် အဓိကသရုပ်ဆောင်ထားပါတယ်။ရေပတ်လည်ဝန်းရံနေတဲ့ ဆိပ်ကမ်းမြို့လေးတစ်ခု။ပွဲတော်ကြီးကျင်းပမှာမို့ ခရီးသွားတွေထောင်ချီလာရောက်လည်ပတ်ကြမယ့်နေရာ။ ရှားပါးသစ်ပင်ပန်းမန်တွေနဲ့ လူမျိုးနွယ်စုတွေ နေထိုင်နေတဲ့ တောတောင်တွေနဲ့။ အဲဒီလိုသဘာ၀တရားကြီးက ပေးထားတဲ့ကောင်းခြင်းတွေတည်ရှိရာနေရာ။ ရှားပါးလူရိုင်းမျိုးနွယ်စုနဲ့ တောတောင်ရေမြေပြုန်းတီးမှာစိုးရိမ်လို့ သဘာ၀တရားကြီးကိုကာကွယ်ပေးချင်သူတစ်စု။ သဘာ၀တရားကို ဖျက်ဆီးပြီး တကိုယ်ရည်ကောင်းကျိုးကိုရှာချင်ကြတဲ့လူက တစ်စု။အဲဒါတွေကြားထဲမှာ ကိုယ်လုပ်စရာရှိတာလုပ်ပြီး ထင်ရာစိုင်းခေါင်းမာတတ်တဲ့ ဒေါက်တာဆင်းဂ်။ ကိုဗစ်ကပ်ရောဂါကြီးအပြီး အဲဒီရေပတ်လည်ဝန်းရံနေတဲ့ ကျွန်းတွေထဲက အဒါမန်နဲ့ နီကိုဘာဆိုတဲ့ ကျွန်းပေါ်မှာ LHF-27 ဆိုတဲ့ကူးစက်မြန်ရောဂါပိုးတစ်ခုပျံ့နှံ့ဖြစ်ပွားလာပါတော့တယ်။ ဒီရောဂါပိုးကိုစတင်တွေ့ရှိခဲ့တာကတော့ ဒေါက်တာဆင်းဂ်။ရောဂါပိုးက အခုမှာဖြစ်တာတော့မဟုတ်။ လွန်ခဲ့တဲ့နှစ်လေးဆယ်ကလည်းဖြစ်ခဲ့ပြီး အဲဒီတုန်းကလည်း စုစုပေါင်းခုနစ်ယောက်ပဲသေခဲ့တာဆိုတော့ ဒေါက်တာဆင်းဂ်ပြောတာဆိုတာ ပိတ်ပင်တားဆီးတာတွေ ဘယ်သူကမှနားမထောင်။ ဒီလိုနဲ့ ကပ်ရောဂါကြီးက အရှိန်အဟုန်နဲ့ကူးစက်ပါတော့တယ်။လူ့ဘဝမှာ ပျော်ရွှင်စရာအဆုံးသတ်ဆိုတာ မရှိပါဘူး။ ဘာလို့လဲဆိုတော့ အဆုံးသတ်ဆိုတာကိုက မရှိလို့ပါတဲ့။ လူတွေကသေပြီးသွားရင် ကိုယ့်ကိုချစ်တဲ့လူတွေဆီမှာ မျက်ရည်တစ်ဖြစ် အပြုံးတစ်ဖုံနဲ့ ရှိနေတတ်ကြပါတယ်တဲ့။ အိုရ နာရ သေရတဲ့ ဒီတိုတောင်းလှတဲ့ဘဝလေးအတွင်း လူအများသိကြတဲ့ ကိုဗစ်ဗိုင်းရပ်စ်လိုမျိုး ကူးစက်မြန်ကပ်ရောဂါပျံ့နှံ့မှုကြောင့် ရှင်သန်ဖို့နည်းကို အသည်းအသန်ရှာကြရတဲ့ ဇာတ်လမ်းတွေထဲက စီးရီကောင်းလေးတစ်ခုမို့ ...
7
TMDb: 7/10 5 votes
tv

Kaala Paani (2023)

2023