Menu
Movies
Series
How To Download
Contact Us
Search
Movies
Series
How To Download
Contact Us
Search
Years
Movies
Series
How To Download
Contact Us
Rubicon TV AS
7.367
Lilyhammer Season 1+2+3 (2012)
Frank Tagliano ဟာနယူးယောက်မြို့တော်အခြေစိုက် အမေရိကန်မာဖီးယားဂိုဏ်းမိသားစုရဲ့ လက်ထောက်ဂိုဏ်းခေါင်းဆောင်အဆင့် ဖြစ်ခဲ့ပြီး သူ့ဘော့စ်သေဆုံးတဲ့အချိန်မှာ ဂိုဏ်းခေါင်းဆောင်နေရာကို ဘော့စ်ရဲ့ညီတက်လာတဲ့အချိန်မှာ မကျေနပ်ပဲ အဲ့ဒီငနဲကို အက်ဖ်ဘီအိုင်နဲ့လက်ဝါးချင်းရိုက်ပြီးလက်ထောက်ချခဲ့ပါတယ်။ အဲ့ဒီနောက်မှာ အက်ဖ်ဘီအိုင်ကသူ့ကိုမျက်မြင်သက်သေကာကွယ်ရေး အစီအစဉ်အနေနဲ့ တစ်နေရာမှာ နာမည်သစ်လူသစ်နဲ့ဘဝသစ်စဖို့အခွင့်အလမ်းပေးလာခဲ့တဲ့နောက် သူက နော်ဝေးနိုင်ငံက လီလီဟမ်းမားဆိုတဲ့ နယ်မြို့လေးတစ်မြို့ကိုရွေးချယ်ခဲ့ပါတယ်။ အက်ဖ်ဘီအိုင်ကလူတွေက သူ့အတွက်လိုအပ်တာတွေအားလုံးစီစဉ်ကူညီပေးခဲ့ပြီး မသွားခင် တစ်ခွန်းပဲမှာလိုက်ပါတယ်။ အဲ့ဒါကတော့ ''ရဲတွေနဲ့ပြဿနာမတက်ပါစေနဲ့ တက်ခဲ့ရင်ကိုယ့်ဟာကိုယ်ရှင်း'' ဆိုတာပါပဲ။ ဒါပေမယ့်လဲ ဂန်းစတားဗီဇမဖျောက်နိုင်တဲ့ ဖရန့်တစ်ယောက် အဲ့ဒီတောမြို့လေးမှာအခြေချဖို့ကြိုးစားရင်း ဂွတီးဂွကျ လက်ပေါက်ကပ်တဲ့ဒေသခံတွေနဲ့ ဘုဘောက်ကျ ဉာဏ်ချင်းယှဉ်ပြိုင်ကြမဲ့ အဖြစ်အပျက်တွေကို ဟာသနှောပြီးတင်ဆက်ထားတာကို ရှုစားရမှာဖြစ်ပါတယ်။ ဖရန့်ဟာ တစ်ချိန်က နယူးယောက်လိုမြို့တော်မှာ မာဖီးယားဂိုဏ်းကြီးတစ်ခုကိုတာဝန်ယူခဲ့တဲ့သူဖြစ်တဲ့အတွက် သူလိုချင်တဲ့အရာကို အနုနည်းနဲ့တစ်မျိုး အကြမ်းနည်းနဲ့တစ်မျိုး လက်တစ်လုံးခြားလှည့်ပတ်ရယူပုံတွေကိုမြင်တေ့ွရမှာပါ။သူမတော်တဆရန်ငြိုးဖွဲ့မိခဲ့တဲ့သူတွေထဲမှာ မြို့ရဲ့ရဲချုပ်နဲ့သူ့လက်ထောက်တွေပါပါဝင်တဲ့အတွက် ဟိုဘက်ကမျက်စိဒေါက်ထောက်စောင့်ကြည့်ခံရသလို တွေ့ကြုံလာတဲ့အကျပ်အတည်းတွေ ပြဿနာတွေကြားက လှည့်ပတ်ရုန်းထွက်ပုံတွေကလဲ ခွီနေရတာပါ။ဂန်းစတားကားပရိသတ်တွေရော ဟာသပရိသတ်တွေရောအကြိုက်တွေ့မယ့်ကားဖြစ်ပါတယ်။ ဖရန့် တစ်ဖြစ်လဲ ဂျီယိုဗန်နီအဖြစ် ပရိသတ်နဲ့မစိမ်းတဲ့ Steven Van Zandt (The Sopranos,The Irishman) ကခေါင်းဆောင်ပါဝင်ထားပါတယ်။File size…(800MB)/(400MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:01:00 Genre...Drama,Comdey,Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
7.367
TMDb:
7.367/10
180 votes
tv
Lilyhammer Season 1+2+3 (2012)
2012