Channel Myanmar

Sonar Entertainment

Hunters – Season (01),(02) 7.2
Hunters – Season (01),(02) Hunters - Season (01),(02) =================== IMDb Rating - 7.2/10၁၉၇၀ ခုနှစ်ပတ်ဝန်းကျင်ကိုဇာတ်အိမ်တည်ထားပြီး အကြမ်းဖျဥ်းအားဖြင့် ပြောရရင်တော့ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်ပြည်ထောင်စုမှာ ဇာတ် မြှုပ်နေတဲ့ နာဇီလက်ကျန်တွေကို၊ နာမည်ကျော်ဂျူးလူမျိုးတုန်းသတ်ဖြတ်မှု ကြီးကနေရှင်ကျန်ခဲ့တဲ့သူတွေကပြန်ကလဲ့စားချေဖို့ စုစည်းကြတဲ့အကြောင်းပါပဲ။ ကလဲ့စားချေတယ်ဆိုပေမယ့်ဂျူးတွေဖက်ကပဲမီးပြန်မွှေးတာမဟုတ်ပဲနဲ့ နာဇီလက်ကျန်တွေနဲ့သူတို့အသိုင်းအဝိုင်းတွေကလည်း ဒီဂျူးလက်ကျန်တွေကို ဆက်လက်မုန်းတီးပြီးအမြစ်ဖြတ်ဖို့ကြံစည်နေကြဆဲပါ။ ဒီတော့ကလဲ့စားချေတယ် ဆိုတာထက်ဦးသူစားစတမ်းဆိုတဲ့ပုံစံနဲ့အပြန်အလှန် ဗျင်းကြတဲ့သဘောပါပဲ။ဒီဇာတ်လမ်းမှာ Conspiracy လို့ခေါ်တဲ့စိတ်ကူးယဥ်သီအိုရီတွေလည်းပါပေမယ့် များသောအားဖြင့် ဖြစ်ရပ်မှန်တွေကိုအခြေခံထားတယ်လို့ဆိုပါတယ်။ ဆိုလိုတာက ဒီဂျူးတွေဖွဲ့စည်းထားတဲ့ Hunters ဆိုတဲ့အဖွဲ့နဲ့ နာဇီလက်ကျန်တွေရဲ့မြေအောက် တိုက်ပွဲက လက်တွေ့မှာတကယ်ရှိခဲ့လားမရှိခဲ့လားဆိုတာမသေချာပါဘူး။ မည်သို့ပင် ဆိုစေကာမူ ဒုတိယကမ္ဘာစစ်ကြီး၊ ဟစ်တလာ၊ နာဇီတွေ လူမျိုးတုန်းသတ်ဖြတ်ခံခဲ့ရတဲ့ ဂျူးခြောက်သန်းကတော့ အမှန်တကယ်ပဲရှိခဲ့ပါတယ်။ သဘောအကျဆုံးအချက်ကို ပြောပါဆိုရင်တော့ ဖြစ်ရပ်မှန်နဲ့ Conspiracy ကိုဟာကွက်မရှိအောင်ပေါင်းစပ်ပြီး ချပြသွားနိုင်တာပါပဲ။ယူတတ်မယ်ဆိုရင်သူတို့ပြောသွားတဲ့ဒိုင်ယာလော့ဂ်တွေ ဇာတ်ဝင်ခန်းတွေကနေ ကိုယ် မသိသေးတဲ့နိုင်ငံရေးနဲ့ပတ်သက်တဲ့အမြင်တွေ ဗဟုသုတတွေအများကြီးရနိုင်ပါတယ်။ Rating/Review တွေလည်းကောင်းတဲ့အပြင် ဆုနှစ်ခုနဲ့ ဇကာတင်ရွေးချယ်ခံရမှုကိုးကြိမ် ထိ ပါဝင်ထားတဲ့စီးရီးဖြစ်တာကြောင့် အများကြီးညွှန်းနေစရာလိုတော့မယ်မထင်ပါဘူး။ နောက်ဆုံးအနေနဲ့ပြောရရင် သမိုင်းကြောင်းတွေကိုအခြေခံတဲ့စီးရီးတွေကို ကြိုက်တတ် ရင်တော့တကယ်ကိုလက်မလွှတ်သင့်တဲ့စီးရီးတစ်ခုပါပဲ။ (ဒီစီးရီးရဲ့ အညွှန်းကို Min Khant Boမှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများ ကတော့ Min Khant Bo, San Thu Aung, Htet Kyaw ...
7.2
TMDb: 7.2/10 38000 votes
tv

Hunters – Season (01),(02)

2020
The Mysterious Benedict Society Season 1 (2021)+ SEASON (2) 7.8
The Mysterious Benedict Society Season 1 (2021)+ SEASON (2) ဒစ်စနေးကတော့ စီးရီးကောင်းတွေချည်းပဲ ချနေတာပါပဲ။ဒီဟာလည်း rating 7.8 ရထားပါတယ်။နာမည်ကျော် စာအုပ်တွဲတွေကို ပြန်ရိုက်ထားတာပါပဲ။ကလေး ဟာသ စုံထောက် အမျိုးအစားပါ။ဇာတ်လမ်းအကျဉ်းကတော့ လူတွေကြားထဲမှာ အရေးပေါ်ကိစ္စ ဆိုတဲ့အရာကြီး ပြန့်နှံ့နေပါတယ်။ဘာဖြစ်မှာလဲမသိ ဘယ်တော့ဖြစ်မှာလဲမသိဘဲနဲ့ ဒီအတိုင်း လူတွေကြောက်လန့်နေကြပြီး ဝရုန်းသုန်းကားတွေ ဖြစ်နေတာပါ။ဒါကို ဖြေရှင်းဖို့အတွက် ဘန်နီဒစ်ဆိုတဲ့ သိပ္ပံပညာရှင် လူထူးဆန်းကြီးကပညာသင်ဆုပေးမယ်ဆိုပြီး စာမေးပွဲတစ်ခု စစ်လိုက်ပါတယ်။လာပြီးဖြေကြတဲ့ ကလေးတွေကို ထူးဆန်းတဲ့ စာမေးပွဲတွေ စစ်ပြီးထူးခြားတဲ့ စွမ်းရည်ကိုယ်စီနဲ့ ကလေးလေးယောက်ကို ရွေးချယ်လိုက်ပါတယ်။တစ်ယောက်ကတော့ ဖတ်သမျှ၊မြင်သမျှ အကုန်မှတ်မိနေတဲ့ ဉာဏ်ကြီးရှင်၊နောက်တစ်ယောက်ကလည်း သချာင်္တွေ ဘာသာစကားတွေ ဗဟုသုတတွေ အကုန်တော်တဲ့ကလေး၊နောက်တစ်ယောက်က ဆပ်ကပ်ကနေ လာတဲ့ ကျွမ်းဘားနဲ့အတိုက်အခိုက်သမား၊နောက်တစ်ယောက်ကတော့ ဘာမှန်းမသိဘဲ တွေ့သမျှ အမှန်တွေချည်းပြောတဲ့ ဘုကလန့် ကလေးမ တစ်ယောက်ပါ။သူတို့ လေးယောက်သား အဖွဲ့ဖွဲ့ပြီး တစ်နိုင်ငံလုံးကို ဆိုက်ကိုထည့်နေတဲ့ နောက်ကွယ်က လူဆိုးတွေကို ဘယ်လို အဖြေရှာပြီးဖြေရှင်းကြမလဲဆိုတာ... Translated and Encoded ...
7.8
TMDb: 7.8/10 8 votes
tv

The Mysterious Benedict Society Season 1 (2021)+ SEASON (2)

2021