Channel Myanmar

Studio S

Cheer Up (2022) 8.5
Cheer Up (2022) Cheer Up (2022) =============ဒီတစ်ခေါက်မှတော့ ပရိတ်သတ်တွေ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် COMEDY/ ROMANCE အမျိုးအစား ကျောင်းသားဇာတ်လမ်းတွဲလေး တင်ဆက်ပေး လိုက်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ တက္ကသိုလ်ကျောင်းသားဘဝရဲ့ ပျော်စရာ လေးတွေ၊ ရယ်မောစရာလေးတွေကို သေချာပုံဖော်ပြသထားလို့ ပရိတ်သတ် ကြီးလည်း အကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ်။ဇာတ်လမ်းအကျဉ်း ----------------------------------- ထက်မြက်ပြီး ဇွဲကြီးတဲ့ ဒိုဟယ်အီဆိုတဲ့ ကောင်မလေးက တက္ကသိုလ်ကျောင်းသူ တစ်ယောက်ဖြစ်ပေမဲ့ မိဘရဲ့ ငွေကြေးမပြည့်စုံတဲ့ အခြေအနေကြောင့် ကျောင်း တက်ဖို့ထက် ငွေရှာဖို့ကိုပဲ အမြဲဦးစားပေးရပါတယ်။ တစ်ရက်မှာတော့ ယွန်ဟီး တက္ကသိုလ်ရဲ့ cheering squad အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်လိုက်ပါတယ်။ Teyia လို့ခေါ်တဲ့ cheering squad ဟာ ကျောင်းမှာ နှစ် ၅၀ ကြာ သက်တမ်းရှိနေတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။ သူမဒီအဖွဲ့ထဲကို ဝင်ရတဲ့ အဓိက ရည်ရွယ်ချက်က ငွေကြေး ထောက်ပံ့မှုပေးတဲ့ အတွက်ကြောင့်ဆိုပေမယ့် တကယ်တမ်းအဖွဲ့မှာ ပါဝင်လုပ်ဆောင်တဲ့ အခါမှာတော့ ဒိုဟယ်အီတစ်ယောက် တက္ကသိုလ်ရဲ့ ပျော်ရွှင်မှုတွေကို စပြီးခံစား လာရပါတော့တယ်။ဒီအဖွဲ့လေးမှာ Teyia ရဲ့ အဖွဲ့ဝင်တွေနဲ့ တွေ့ခဲ့ရပြီး၊ cheering squad ...
8.5
TMDb: 8.5/10 2300 votes
tv

Cheer Up (2022)

2022
One Dollar Lawyer(2022)[Complete]
One Dollar Lawyer(2022)[Complete] One Dollar Lawyer(2022)***********************အပိုင်း ( ၁ မှ ၁၂ ) ထိ စ/ဆုံးNamkoong Min ရဲ့ ဇာတ်ရုပ်အများစုဟာအပြုံးအရယ်နည်းတယ်..ဉာဏ်ရည်မြင့်တဲ့ဇာတ်ရုပ်တွေနဲ့ထီမထင်သူ့ဟန်ပန်ကြောင့် အတော်များများသဘောကျကြတယ်..ဟာသ အချစ်တွေ နဲ့ အပန်းဖြေဇာတ်ကွက်တွေ တစ်စက်တောင်မပါလင့် ကစား ဒီဘဲကြီးရဲ့စီးရီးတွေ နင်းကန်ကြည့်ကောင်းနေတယ်... Doctor Prisoner,Hot Stove League,Awaken, The Veil တို့ တင်မဟုတ် Remember: War of the Son , Can You Hear My Heartတို့လိုဗီလိန်ဇာတ်ရုပ် ထဲတောင်ကြွေအောင်သရုပ်ဆောင်နိုင်တဲ့ဒီဘဲကြီးဟာ အခု စီးရီးကလည်း လန်းဖို့အတော်များတယ်.. ဒီစီးရီးထဲမှာ သူဟာ  ရှေ့နေဖြစ်တယ်..ထူးဆန်းတာက သူ့ရဲ့ ရှေ့နေငှါးခကတော့ တစ်ဒေါ်လာပဲကျသင့်ပါသတဲ့... သို့ပေမဲ့ ရှေ့နေအသိုင်းအဝန်းထဲမှာတော့ သူဟာ ဆရာကျတဲ့အထဲမှာပါတယ်... သူ့ရဲ့ အဓိက ပစ်မှတ်တွေကတော့ လူကုံထံ ငညစ်တွေနဲ့ အဲ့အသိုင်းအဝိုင်းကို ရှေ့နေ့လုပ်ပေးပြီး ဉပဒေလက်တစ်လုံးခြာလုပ်နေတဲ့ အဖွဲ့တွေကို ကောင်းကောင်းကြီး ရိုက်ချိုး သမဖို့ပါတဲ့..ဘယ်လိုတွေ လန်းနေမလဲဆိုတာကိုတော့ ....Episodes: 16 Aired: Sep 23, 2022 - Nov 12, 2022 Aired ...

One Dollar Lawyer(2022)[Complete]

2022
Why Her?(2022)
Why Her?(2022) Why Her?(2022) ဇာတ်လမ်းတွဲ***************************အပိုင်း ( ၁ မှ ၁၆ ) အထိ စ/ဆုံးကိုရီးယားရဲ့အကြီးမားဆုံး Tk Group ဉပဒေရုံး ကြီ:ရှိတယ်... အူဆူဂျယ်ဆိုတဲ့အမျိုးသမီးဟာ မထင်မရှားကျောင်းလေးကနေ ဥပဒေဘွဲ့ရရှိပြီးနောက် အလုပ်သင်ရှေ့နေ့ အဖြစ် TK မှာ ဝင်ရောက်လုပ်ကိုင်ခဲ့တယ်.... အမျိုးသမီးလည်းဖြစ်တယ် ... ကျောင်းကလည်းအထင်ကြီးစရာ မရှိ ပုံစံကလည်း ချမ်းသာတဲ့မိသားစုက ဆင်းသက်လာတဲ့ ပုံမဟုတ်တဲ့အတွက် စီနီယာတွေက ရုံးစာပို့အဆင့်လောက် သာဆက်ဆံကြတယ်...အစည်းအဝေးခန်းထဲက ခွေးလိုမောင်းထုတ် ပစ်တာတွေ...စားသောက်ပွဲတွေမှာ တစ်ယောက်တည်း ချန်ထားခဲ့တာတွေ... အခြားနိုင်လိုမင်းထက်များစွာနဲ့ ဆက်ဆံခံရတယ်.. .ဒီလို အနိုင်ကျင့်ခံရမှုတွေ ကြောင့်ပဲ အူဆူဂျယ်ဆိုတဲ့ မိန်းကလေးအပေါ် တစ်နေ့အမြင့်ဆုံးကို ငါရောက် ရမယ်ဆိုတဲ့ အားအင်တွေဖြစ်လာပုံရတယ်... ဒီစိတ်ကြောင့်ပဲ အချိန်ပြည့်အလုပ်ကို အာရုံစိုက်တဲ့အပြင် ထက်မြက်ပါးနပ်တဲ့ သူ့ဉာဏ်ရည်ကြောင့် တဖြည်းဖြည်းနဲ့ TKမှာ သူ့ အရှိန်အဝါဟာ ကြီ:မားလာတယ်.. ကုမ္ပဏီရဲ့ ငွေကြေးအများဆုံး ရှာပေးနိုင်တဲ့သူ ဖြစ်လာသလို အခြား အဖွဲ့အစည်းပေါင်းများစွာကလည်း ကမ်းလှမ်းခံလာရတယ်...ဒီလိုထိပ်ဆုံးကိုရောက်လာတဲ့ သူမဟာလည်း ငယ်ငယ်တုန်းက ထိုးနှက်ခံရတဲ့လူတွေကြောင့် လက်ရှိပတ်ဝန်းကျင်မှာလည်း လိုက်လျောညီထွေဖြစ်မနေဘူး.. ဒါ့ကြောင့်ပဲ ရန်သူတွေ မနာလိုတဲ့ သူတွေပတ်လည်ဝိုင်းနေသလို ဖြစ်နေတယ်...အဆိုးဆုံးက သူမှန်တက်ထင်ရင် အစိုးရပိုင်းက အကြီးအကဲတွေ တက်သမဖို့ အထိ အူဆူဂျယ်ဆိုတဲ့ အမျိုးသမီးဟာ လက်တွန့်မနေခဲ့ဘူး.... ဒီကားက ကားနာမည်အတိုင်း female lead ပေါ့..မင်းသမီးကြီး Seo Hyun Jin က အူဆူဂျယ်အဖြစ် သရုပ်ဆောင်ထားတယ်.. သူ့ဇာတ်လိုဖြစ်နေတဲ့အတွက်ကြောင့် လုပ်ကွက်တွေအများကြီး ရသလို မင်းသမီ:ကြီးက ...

Why Her?(2022)

2022
Woori The Virgin (2022) Complete 8
Woori The Virgin (2022) Complete Woori The Virgin (အညွှန်း)===================SBS ကနေဒီနေ့မှာစပြသတဲ့ Romcom series လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးက 2014 တုန်းက USမှာထုတ်လွှင့်ခဲ့တဲ့ Jane The Virgin ကို remake ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး Im Soo Hyang, Sung Hoon, Shin Dong Wook, Hong JiYeon တို့က အဓိကပါဝင်ထားတာပဲဖြစ်ပါတယ်။Woori >> နာမည်ကြီးဇာတ်လမ်းတွဲတွေရဲ့လက်ထောက်စာရေးဆရာမတစ်ယောက်ဖြစ်ပြီး အသက် ၁၅နှစ်အရွယ်ကတည်းက ဘုရားသခင်ထံမှာ လက်မထပ်ခင်အချိန်အထိ အပျိုစင်ဘဝကိုထိန်းသိမ်းထားပါ့မယ်လို့ ကတိကဝတ်ပြုထားသူပါ။ ဒီလိုနဲ့အရွယ်ရောက်လာတော့ Gang Jae ဆိုတဲ့စုံထောက်နဲ့တွဲနေပြီး ရည်းစားသက်တမ်း ၂နှစ်ကြာအထိသူ့ရဲ့အပျိုစင်ဘဝကိုထိန်းသိမ်းထားတုန်းပါပဲ။ ရည်းစားဖြစ်သူကလည်း Woori ရဲ့ဆန္ဒကိုလေးစားပေးတဲ့သူပါ။Raphael >> Cosmetics ကုမ္ပဏီတစ်ခုရဲ့ CEO ဖြစ်ပြီး အပြင်ပန်းအရတော့သွေးအေးတဲ့ပုံစံဆိုပေမယ့် တကယ်ကအရမ်းရိုဆန်တတ်ပြီး တကယ်ချစ်ရတဲ့မိန်းကလေးနဲ့ဆုံစည်းလိုတဲ့သူပါ။ ဒါပေမယ့် တကယ့်လက်တွေ့ဘဝမှာတော့ Lee Ma Ri ဆိုတဲ့အမျိုးသမီးရဲ့အကွက်ချလက်ထပ်တာကိုခံထားရတဲ့ သနားစရာသူဌေးလေးဖြစ်နေပါတော့တယ်။ဒီလိုနဲ့တစ်နေ့မှာ Woori တစ်ယောက် ကျန်းမာရေးစစ်ဆေးမှုလုပ်ရင်း OG ရဲ့မှားယွင်းမှုကြောင့် ဖန်ပြွန်သန္ဓေတည်သွားပါတော့တယ်။ ဒီကလေးရဲ့အဖေဖြစ်သူက အိမ်ထောင်သည် Raphael ဖြစ်နေတဲ့အခါ Woori တစ်ယောက် ...
8
TMDb: 8/10 8 votes
tv

Woori The Virgin (2022) Complete

2022
Defendant(2017) 8.2
Defendant(2017) Defendant(2017) ဇာတ်လမ်းတွဲအညွှန်း**********************************အပိုင်း (၁ မှ ၁၈) အထိ  စ/ဆုံး"ကျွန်တော့်သမီးလေးဘယ်မှာလဲ....ကျွန်တော့်မိန်းမရော....မနေ့က အိမ်မှာကိုအခုကျွန်တော်ဘယ်ရောက်နေတာလဲ...."သွေးရူးသွေးတမ်းနဲ့ လူတစ်ယောက်အော်ဟစ်နေတယ်...တကယ်တော့သူဟာ ထောင်ထဲရောက်နေတာပါ...မိန်းမနဲ့မွေးထားတဲ့သမီးလေးကိုသတ်မှုနဲ့ သေဒဏ်ကျခံဖို့စောင့်နေရတဲ့ လူတစ်ယောက်... သို့ပေမဲ့ထောင်ထဲရောက်တာ တရားရင်ဆိုင်ရင်းနဲ့ဆို ၄လ ကာလ အချိန်ရှိနေပေမဲ့ သူ့မှတ်ဉာဏ်က အိပ်ရာက နိုးလိုက်တာနဲ့သမီးလေးမွေးနေ့ကျင်းပပြီးတဲ့လွန်ခဲ့တဲ့ ၄လဆီကကိစ္စကိုပဲမှတ်မိနေပြီး တခြားကိစ္စတွေတော့ဘာမမှတ်မိတော့ပါဘူး...သူ့ဘဝရဲ့အပြောင်းအလဲဟာ လူတိုင်းအတွက်မယုံနိုင်စရာကောင်းတယ်..သူဟာအရင်တုန်းက သိပ်ထက်မြက်တဲ့အမှုစစ်တစ်ယောက်....နားလည်ပေးတတ်တဲ့ ဇနီးသည်ရယ် ချစ်စရာကောင်းတဲ့ သမီးလေးရယ်နဲ့သူ့ဘဝဟာသိပ်ကိုကျေနပ်စရာကောင်းခဲ့တာ...ဒီလိုလူက ဇနီ:နဲ့သမီးကိုပြန်သတ်ခဲ့ပြီး ထောင်ထဲရောက်တော့လည်း မှတ်ဉာဏ်တွေဆုံးရှုံးနေတာ ဘာ့ကြောင့်လဲ....ဒီဇာတ်လမ်းတွဲဟာ အပိုင်းတိုင်းမှာ Twist တွေ တလှေကြီးပါသလို နည်းနည်းလေးတောင် ကျော်ကြည့်လို့မသင့်တဲ့စီးရီးတစ်ခုပါ...ချစ်ကြိုက်ကွဲငြားတွေ အရိုတစ်လိုင်းသမားတွေတော့လက်ရှောင်သင့်ပါတယ်.....ဗီလိန်နဲ့အဓိက ဇာတ်လိုက်တို့အားပြိုင်တာကလည်းတကယ်ကိုပွဲကြီ:ပွဲကောင်းပဲ...Penthouse မှာ ဂျူထန်းဒယ်အဖြစ်လူတွေပိုသိခဲ့တဲ့ မျက်လုံးမှေးကျဉ်းကျဉ်းဘိုးတော်ပေါ့...Drama of the Year ဆုကိုလည်း ကောင်းကောင်းကြီးသိမ်းပိုက်နိုင်ခဲ့ပါသေးတယ်....နှိုင်းသင့်လားမသိပေမဲ့ ဒီကားရိုက်တဲ့ဒါရိုက်တာက မိုက်ကယ်စကိုးဖီးတို့ရဲ့ Prison Break ကို တော်တော်စွဲလမ်းပုံရတယ်...အဲ့ဒီဟန်ပန်အချို့လည်းပါနေတယ်....ဇာတ်ရှိန်ကျတဲ့အခန်းကို မရှိပါဘူး..Thriller, Mystery, Law,Crime တွေလုံးဝစိတ်ဝင်စားတယ်ဆိုရင် 100% ညွှန်းဆိုပါတယ်....ကြည့်ကြပါလို့....Episodes: 18Duration: 60 MinQuality ...
8.2
TMDb: 8.2/10 18 votes
tv

Defendant(2017)

2017
Through the Darkness ( 2022 )
Through the Darkness ( 2022 ) မှုခင်းသည်းထိတ်ရင်ဖိုကားတွေကိုမှ ရင်တလှပ်လှပ်နဲ့ကြည့်ချင်သူCM ပရိသတ်ကြီးအတွက် ဒီတစ်ခေါက်မှာတော့Through the darkness ဆိုတဲ့ ကိုရီးယားစီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကတော့ ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး profiler(မှုခင်းပုံဖော်သူ) အကြောင်းကိုရိုက်ကူးထားတာပါ။ကိုရီးယားနိုင်ငံအဝှမ်းမှာ ဖြစ်ပေါ်နေတဲ့ထိတ်လန့်ဖွယ်ရာကွင်းဆက်လူသတ်မှုရဲ့နောက်ကွယ်ကလူသတ်သမားကို ရဲဌာနကမလိုက်နိုင်တဲ့အခါမှာတော့အမေရိကန် FBI ရဲ့ Profile နည်းကို အသုံးချပြီးလူသတ်သမားကိုဖမ်းဖိုကြိုးစားကြပါတော့တယ်။ဒီလိုProfile ကိုလေ့လာတဲ့နည်းနဲ့ လူသတ်သမားရဲ့အတွင်းစိတ်ရိုင်းကို ပုံဖော်ပြီး အမှုလိုက်ကြမယ့်သူတွေကတော့ကိုရီးယားရဲ့ပထမဆုံးမှုခင်းပုံဖော်သူ Song Ha-young အဖြစ်မြန်မာပရိသတ်နဲ့မစိမ်းတဲ့ ဒေါသကြီးတဲ့ဖာသာလေး Kim Nam gilမှုခင်းကောက်ကြောင်းလိုက်တဲ့ဌာနရဲ့ ဌာနမှူးGook Young-soo အဖြစ် Jin Seon-kyuSMPA အဖွဲမှ စစ်ဆေးရေးအဖွဲမှူး Yoon Tae-goo အဖြစ်Kim So-jin တိုက ပါဝင်သွားမှာဖြစ်ပါတယ်။ဒီဇာတ်ကားလေးကိုကြည့်ရင်းရှုပ်ထွေးပြီးကြောက်စရာကောင်းတဲ့အမှုတွေကို သူတိုတွေ ဘယ်လိုဖြေရှင်းကြမလဲ ?သူတိုရဲ့ Profile ကောက်တဲ့နည်းကရော အောင်မြင်နိုင်ပါ့မလား ?နောက်ကွယ်မှာရော ဘယ်လိုအရှုပ်အထွေးတွေ ရှိနေဦးမလဲ ?ဆိုတာကို အသည်းတအေးအေးနဲ့ အဖြေရှာလိုက်ကြရအောင်နော်။  Quality : HDTV 720p Format : ...

Through the Darkness ( 2022 )

2022
Now, We Are Breaking Up(2021) 8
Now, We Are Breaking Up(2021) Now, We Are Breaking Up(2021) ဇာတ်လမ်းတွဲအညွှန်း***********************************************အပိုင်း - ၁၆ (ဇာတ်သိမ်းပိုင်း)နာမည်ကြီး ဖက်ရှင်ကုမ္ပဏီ ရဲ့ ဒီဇိုင်းအဖွဲ့မှူး ဟာယောင်းအွန်းဟာဖက်ရှင်လောကမှ နေရာ တစ်နေရာ ရထားသူ တစ်ဦး။အလုပ်မှာဆိုရင် ထက်မြက်တယ် ၊ခေတ်ရေစီးကြောင်းကို နားလည်တယ် ၊အလုပ်ဆို ကြိုးကြိုးစားစား လုပ်တတ်တယ်ဆိုပေမဲ့ အချစ်ရေးမှာတော့ သူမဟာတမူကွဲပြားနေပြန်တယ်။ လက်တွေ့ဆန်ဆန် အမှန်အမှား တွက်ချက်နေတတ်ပြီးသွေးအေးအေးနဲ့ တည်ငြိမ်မှုကို ဦးစားပေးကာ ရပ်တည်နေသူတစ်ဦးဖြစ်တယ်။အလုပ်မှာရော အချစ်ရေးမှာရော သွေးအေးတယ် ထင်ချင်ထင် တုပ်တုပ်မလှုပ်ပေမဲ့ ယွန်းဂျယ်ဂုဆိုတဲ့ နာမည်ကျော်ဖက်ရှင်ဓာတ်ပုံဆရာလေးနဲ့ တွေ့ဆုံခဲ့ရာမှာတော့ အပြောင်းအလဲလေးဖြစ်လာခဲ့တယ်။ ပြီးပြည့်စုံမှုရဲ့ပြယုဒ် ဂျယ်ဂုဟာ စည်းစိမ်, ရုပ်ရည်ချောမောမှု,ထက်မြက်မှု တွေကိုပိုင်ဆိုင်ထားသူ တစ်ဦး ။ဒါပေမဲ့ ဒါတွေက ‌ယောင်းအွန်းကို ဆွဲဆောင်နိုင်တာမျိုးတော့ မဟုတ်ပါဘူး ...ဒါပေမဲ့ ပုံပြင်တိုင်းဟာ ပျော်ရွှင်စရာ ဇာတ်သိမ်းတော့ မရှိနိုင်ဘူးလေ...ဒါကြောင့်မို့ ယောင်အွန်းနဲ့ ဂျယ်ဂု တို့ရဲ့ ဇာတ်လမ်းလေးဟာကြည့်ရှုသူတွေရဲ့ နှလုံးသားကို ...
8
TMDb: 8/10 2 votes
tv

Now, We Are Breaking Up(2021)

2021
One the Woman ( 2021 )
One the Woman ( 2021 ) One the Woman ( 2021 )ဇာတ်လမ်းတွဲအညွှန်း***************************************ရုပ်ချင်းတစ်ပုံစံတည်းတူတဲ့ အမှုစစ်နဲ့ သူဌေးအိမ်က ချွေးမတို့ရဲ့မျက်လှည့်ဆန်ဆန်ဇာတ်လမ်းလေးတစ်ပုဒ် Cho Yeon Joo ဟာအမှုစစ်တစ်ယောက်ဖြစ်ပြီး ခရီးတစ်ခုကို သွားရင်းက ကားတိုက်မှုဖြစ်ခဲ့ပါတယ်ကိုမာဝင်ရာက သတိပြန်ရလာတဲ့အခါမှာ အတိတ်မေ့ကာ ဟန်ဂျူဂရုရဲ့ချွေးမတစ်ဦးဖြစ်တဲ့ Kang Mi Na ရဲ့နေရာကို ရောက်သွားခဲ့ပါတယ်Kang Mi Na ဟာ သူဌေးမိသားစုတစ်စုရဲ့ အငယ်ဆုံးသမီးဖြစ်ပေမယ့်ယောက္ခမအိမ်မှာတော့ လူရာမဝင်တဲ့လူတစ်ယောက်အဖြစ် နေခဲ့ရတဲ့မိန်းမသားတစ်ဦးပါHan Seung Wook ကတော့ ငယ်ချစ်ဦးကို တမ်းတနေတဲ့လူဖြစ်ပြီးကိုရီးယားကနေ အကြောင်းရင်းတစ်ခုကြောင့် ထွက်သွားခဲ့ရာကသူ့အဖေရဲ့သေဆုံးမှုအကြောင်း စုံစမ်းဖို့ရာအတွက် ပြန်ရောက်လာခဲ့ပါတယ်ဒီတော့ ပိုက်ဆံဆိုအရမ်းသဘောကျတတ်တဲ့ Cho Yeon Joo တစ်ယောက်Kang Mi Na အဖြစ်နဲ့နေရင်း ဘယ်လိုတွေနှစ်ပါးသွားမလဲ Kang Mi Naအစစ်ကရော ဘယ်တွေရောက်သွားမလဲ Han Seung Wook ရဲ့အချစ်ဦးကရောဘယ်သူများလဲ ဒါ့အပြင် မိသားစုအရှုပ်အရှင်းတွေကြားထဲကစိတ်ဝင်စားစရာကောင်းတာတွေကို ရင်တထိတ်ထိတ်နဲ့ ...

One the Woman ( 2021 )

2021
Lovers of the Red Sky ( 2021 )
Lovers of the Red Sky ( 2021 ) Lovers of the Red Sky ( 2021) ဇာတ်လမ်းတွဲအညွှန်း*********************************************အပိုင်းသစ် (၁၄)ဂျိုဆွန်းခေတ်မှာဆိုရင် Hong Cheon Ki ဟာ ထက်မြက်တဲ့ပန်းချီပညာစွမ်းရည်ရှိတဲ့ အမျိုးသမီး ပန်ချီပညာရှင်ဖြစ်ပါတယ်သူမဟာ ပထမဆုံး Dohwaseo (Korea Royal Academy of Painting)ကနေ အရွေးချယ်ခံလိုက်ရတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး လှပပြီးကိုယ့်ကျင့်သိက္ခာကောင်းမွန်တဲ့ မိန်းကလေးလည်းဖြစ်ပါတယ်သူမအတွက် ပန်းချီဆွဲခြင်းက အရာရာဖြစ်ပြီးတော့ တစ်နေ့မှာ Ha Ram ဆိုသူနဲ့ တွေ့ဆုံခဲ့ရပါတယ်Ha Ram ကတော့ Seowoongwan ကအရာရှိတစ်ဦးဖြစ်ပြီး နက္ခတ္တဗေဒဘူမိဗေဒ ဂမ္ဘီရဉာဏ်နဲ့ မိုးလေဝသပညာရပ်ဆိုင်ရာတွေကို တာဝန်ယူထားရတဲ့သူတစ်ဦးဖြစ်ပါတယ် သူငယ်စဥ်အခါက မတော်တဆမှုတစ်ခုဖြစ်ကာမျက်စိကွယ်ခဲ့ရပါတယ် Hong Cheon Ki ဟာ အဲလိုမျက်ကန်းလေးကိုချစ်ကျွမ်းဝင်သွားပြီး Ha Ram တစ်ယောက် သူ့ကိုယ်သူပြန်လည်ရှာတွေ့နိုင်တဲ့စောင့်ဆိုင်းကာ Ha Ram အနားကို ချဥ်းကပ်လာပါတော့တယ်Cheon Ki ရဲ့အချစ်က Ha ...

Lovers of the Red Sky ( 2021 )

2021
You Raise Me Up(2021)
You Raise Me Up(2021) You Raise Me Up(2021) ဇာတ်လမ်းတွဲအညွှန်း***************************************အပိုင်းသစ်( ၁ မှ ၈)ထိ စ/ဆုံးအဓိက သရုပ်ဆောင်တွေကတော့ High Kick 2 ကနေတဆင့် ပရိတ်သတ်တွေ သတိထားမိခဲ့တဲ့ကလေးဆန်တဲ့မျက်နှာပိုင်ရှင် မင်းသားလေး (ယွန်းရှီယွန်း)၊ လူသိများတဲ့ Girl Group <EXID> ရဲ့အဖွဲ့ဝင်ဖြစ်ပြီး နောက်ပိုင်း သရုပ်ဆောင်လောကကိုပါ နယ်ချဲ့လာနိုင်တဲ့ မင်းသမီးလေး (ဟာနီ) နဲ့ မင်းသား (ပတ်ဂီအူး) တို့ဖြစ်ပြီးသူလေးကိုတော့ မြန်မာပြည်က ပရိသတ်တွေက My Tutor Friend 2 နဲ့ Cheese in the Trap (Movie) ဇာတ်လမ်းတို့မှာသတိထားမိကြမယ် ထင်ပါတယ်။ အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ဒိုယောင်ရှစ် (ယွန်းရှီယွန်း) ဟာအစိုးရဝန်ထမ်းလုပ်ဖို့အတွက် ဝင်ခွင့်စာမေးပွဲကို နှစ်တော်တော်ကြာ ဖြေဆိုလာပြီးအခုချိန်ထိ မအောင်မြင်နိုင်သေးတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ဘာမှဖြစ်ဖြစ်မြောက်မြောက် မရှိသေးပေမဲ့ မလိုအပ်တဲ့နေရာမှာတော်လွန်းတယ်လို့ တလွဲဂုဏ်ယူနေတဲ့သူလည်းဖြစ်ပါတယ်....တစ်နေ့တော့ သူ့မှာရောဂါတစ်ခုရှိလာပြီး အထူးကုပါရဂူနဲ့ ...

You Raise Me Up(2021)

2021
Joseon Exorcist(2021)
Joseon Exorcist(2021) Joseon Exorcist(2021)ဇာတ်လမ်းတွဲအညွှန်း***************************************အပိုင်းသစ်(၂)ဒီဇာတ်ကားလေးကတော့ ဂျိုဆွန်းခေတ် ထယ်ဂျုံးမင်းတရားကြီးလက်ထက်မြို့ရွာအနှံ့ကို ဒုက္ခပေးရုံတင်မက နန်းတွင်းထိပါ ပျံ့နှံ့ဝင်ရောက်လာတဲ့ ဖုတ်ကောင်နတ်ဆိုးတွေနဲ့သူတို့ရဲ့ဘေးရန်ကနေ ပြည်သူတွေကိုကာကွယ်ပေးဖို့ကြိုးစားကြမယ့် မင်းသား၂ပါးရဲ့တိုက်ပွဲကို ရိုက်ကူးထားတဲ့ နန်းတွင်း သည်းထိတ်ရင်ဖိုကားလေးပဲဖြစ်ပါတယ်။သွေးအေးပြီး အာဏာရဖို့ပဲတစိုက်မတ်မတ်ကြိုးစားခဲ့တဲ့ မင်းသားလီဘန်းဝန်ဟာလူများစွာကိုသတ်ဖြတ်ပြီး ထယ်ဂျူံးမင်းကြီးအဖြစ် ထီးနန်းစိုးစံခဲ့ရပြီးနောက်မှာနတ်ဆိုးတွေရဲ့ နှောင့်ယှက်မှုကို နိုင်ငံအဝှမ်းကြုံတွေ့ခဲ့ရပါတယ်။အိမ်ရှေ့စံမင်းသား Yangnyeong ကတော့ ဖခင်ရဲ့အသိအမှတ်ပြုခံရဖို့အမြဲကြိုးစားရင်း ပူပင်သောကများနေရတဲ့မင်းသားတစ်ပါးဖြစ်ပြီးမင်းသား Chungnyeong ကတော့ အေးေဆေးဆေးနေတတ်တဲ့ စာပေလေ့လာသူတစ်ဦးဖြစ်ပါတယ်။စာပေလေ့လာသူတစ်ဦးဖြစ်တဲ့ မင်းသား Chungnyeong တစ်ယောက်နတ်ဆိုးတွေရဲ့တိုက်ပွဲကြားရောက်ခဲ့တဲ့အခါမှာတော့ညီအစ်ကို၂ဦး နတ်ဆိုးတွေရန်ကနေ ပြည်သူတွေကို ဘယ်လိုအကူအညီပေးဖို့ ကြိုးစားသွားမလဲသူတို့ကြားက နန်းတွင်းတိုက်ပွဲတွေကရော ဘယ်လိုဖြစ်လာမလဲ ဆိုတာကို ကြမး်ပေ့ရမ်းပေး အက်ရှင်ခန်းပေါင်းများစွာနဲ့ ရင်တမမ မြင်တွေ့ခံစားရမှာပဲဖြစ်ပါတယ်။ Quality – 720p Duration – 1hr (@Episode) Subtitle – Myanmar HardsubGenres: Action, Historical, Drama, FantasyTranslator – Lwin Lwin Aung,Ei Phyu Khin ,Khine Khine Wai & ...

Joseon Exorcist(2021)

2021
ALICE(2020)[ စ/ဆုံး]
ALICE(2020)[ စ/ဆုံး] ALICE(2020)ဇာတ်လမ်းတွဲအညွှန်း*****************************အပိုင်း(၁ မှ ၁၆) စ/ဆုံးမိုးသည်းတဲ့ညတစ်ညမှာ ပါရဂူတစ်ယောက်ရဲ့အိမ်ကို လုပ်ကြံရေးသမားတစ်ယောက်ဝင်လာတယ်...ဒီလူက ပါရဂူဆီကနေ ထူးဆန်းတဲ့စာအုပ်တစ်အုပ်ယူပြီး ပါရဂူကိုသတ်ပစ်လိုက်တယ်....အားလုံးလက်စသတ်မယ့်အချိန်မှာ နောက်ထပ်တိုက်ခိုက်ရေးအတွက်အထူးကျွမ်းကျင်တဲ့လင်မယား(၂)ဉီးရောက်လာပြီးလုပ်ကြံရေးသမားကို သတ်ပြီး စာအုပ်ကိုဆက်လုသွားတယ်...ဒီစာအုပ်ကိုဖတ်ပြီးတော့ကိုယ်ဝန်ရှိခါစ ဇနီးဖြစ်သူဟာ သူတို့လင်မယားအတွက်အနာဂတ်စိတ်ကူးအချို့ကို ပြောင်းလဲလိုက်ဖို့ကြံလိုက်ပုံပါပဲ..ကိုယ်ဝန်ဖျက်ချစေချင်တဲ့ ယောင်္ကျားကိုထားခဲ့ပြီး လုလာတဲ့ စာအုပ်ကို ယူခါ တစ်ယောက်ထဲ တိတ်တဆိတ်ကလေးကိုမွေးဖွားခဲ့တယ်...အဲ့ဒီနောက်တော့ ထူးဆန်းတဲ့ဖြစ်ရပ်ပေါင်းများစွာဆက်ဖြစ်တော့တာပါပဲ...ဒီစီးရီးက မင်းသား Joo Woonနဲ့ မင်းသမီးချော Kim Hee Sunတို့အဓိကပါဝင်သရုပ်ဆောင်ထားတယ်...အချိန်ခရီးသွားတွေ..အက်ရှင်ခန်းတွေနဲ့ သရုပ်ဆောင်တွေရဲ့ စရိုက်ဆန်းဆန်းတွေနဲ့စီးရီးရဲ့ဇာတ်အိမ်ကို ခပ်မိုက်မိုက်ဖွဲ့စည်းထားတယ်...တော်တော်စိတ်ဝင်စားစရာကောင်းတဲ့အပြင် သိပ္ပံခေတ်လွန်ဖြစ်ရပ်ဆန်းတွေမို့ဇာတ်လမ်းတွဲခပ်မိုက်မိုက်ကြိုက်သူတို့လက်မလွှတ်သင့်ပါကြောင်းတိုက်တွန်းပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Lwin Lwin Aung,Shoon Thu Thu Chain,Ei Phyu Khin & Hnin Paleတို့ပဲဖြစ်ပါတယ်....Quality – HDTV  720pDuration – 60Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genres- Mystery, Drama, Sci-Fi, Fantasy, MelodramaTranslated by Lwin Lwin Aung,Shoon Thu ...

ALICE(2020)[ စ/ဆုံး]

2020