Channel Myanmar

The Viral Fever

Cubicles  (2019) 8.1
Cubicles (2019) Cubicles (2019) ကြုံရဆုံရ လူ့ဘဝIMDb - 8.2/10 Sony LIVကနေ ထုတ်လွှင့်ခဲ့တဲ့ အမိုက်စားဝက်ဘ်စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ရုပ်သံဇာတ်လမ်းတွဲကောင်းကောင်းကို စီစဉ်ရိုက်ကူးပြီး သူတို့အက်ပ်နဲ့ ယူကျုတွေပေါ်မှာ လွှင့်တဲ့ TVFက ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။ ပီယုရှ်ဆိုတဲ့ဘဲက အိုင်တီကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ လူလတ်တန်းစားမိသားစုကဆင်းသက်လာတဲ့သူ။လုပ်ချင် ပြောချင်မိပြီဆို ရှေ့နောက်မကြည့်ဘဲ သူထင်ရာဇွတ်လုပ်တတ်တဲ့ ငနဲ။ အတွက်အချက်တော်ပြီး စည်းကမ်းကြီးတဲ့ဖခင်နဲ့ တစ်နေ့ဖုန်းမဆက်ရင် ပွစိပွစိလုပ်တတ်တဲ့မိခင်ဖြစ်သူတို့ရဲ့ သားတော်မောင်။ပထမဆုံး အလုပ်စဝင်တော့ လစာကို လကုန်တဲ့ည ၁၂နာရီမှာရောက်မလားထိုင်စောင့်ပြီး မရောက်လာလို့ ကုမ္ပဏီလူကြီးဆီဖုန်းဆက်ပြီး ကွန်ပလိန်းတက်တဲ့ ငနှောက်။ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်နဲ့ အခန်းအတူငှားနေရင်း အလုပ်လုပ်နေတဲ့သူ။ ဒီလိုအသိုင်းအဝိုင်းကြားမှာ သူနေထိုင်သွားလာ လုပ်ကိုင်နေပုံကို မပျင်းရအောင် ကြည့်ရမှာပါပဲ။အိန္ဒိယရုပ်ရှင် နှစ်သက်သူတို့ လက်မလွှတ်သင့်တဲ့ဇာတ်လမ်းမို့ ရှာဖွေတင်ဆက်ပေးခြင်းဖြစ်လို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)File Size – 600MB(Appx;)@EpisodeQuality – 1080p WEB DLDuration – minute (@Episode)Total Episodes: ...
8.1
TMDb: 8.1/10 9 votes
tv

Cubicles (2019)

2019
Mera Bhai (2024) 7
Mera Bhai (2024) Mera Bhai (2024) ညီအစ်ကိုကြားက သံယောဇဉ်ကြိုး IMDb - 8.5/10မတည့်အတူနေ ညီအစ်ကိုနှစ်ယောက်ကြားက ချစ်ခြင်းတရားနဲ့ ရန်ပွဲတွေကို ပေါ့ပေါ့ပါးပါးနဲ့ ကြည်နူးဖွယ်ရာ ကြည့်ရှုရမဲ့ မိသားစုဒရာမာဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဘစ်တူက ကောလိပ်နောက်ဆုံးနှစ် တက်နေပြီး အလုပ်ရှာဖို့ကြိုးစားနေတဲ့သူ။ ဆစ်တူက ဆယ်တန်းတက်နေပြီး စာမကြိုးစားဘဲ ပေါ့တီးပေါ့ဆနဲ့နေတဲ့သူ။ဒီညီအစ်ကိုနှစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ညီအစ်ကိုသံယောဇဉ်ကို သဘာဝကျကျနဲ့ ရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)File Size – 300MB (Appx;)@EpisodeQuality – 1080p WEB DLDuration – 21minute (@Episode)Total Episodes: 5EpsSubtitle – Myanmar HardsubFormat – Mp4Genre :  Comedy ~ DramaTranslator – CM Bollywood TeamEncoder – YK Episode 1 - ...
7
TMDb: 7/10 1 votes
tv

Mera Bhai (2024)

2024
Who’s Your Gynac (2023) 5.5
Who’s Your Gynac (2023) Whos your gynac? ( သားဖွားမီးယပ်ဆရာဝန်မလေး ဒေါက်တာဗီဒူရှီ)imdb 7.1/10 ယခုတစ်ခါတင်ဆက်ပေးချင်တာကတော့ Amazon TV ကနေ ထုတ်လွှင့်ပြသ‌ထားတဲ့ အိန္ဒိယ comedy drama serie လေးပဲဖြစ်ပါတယ် IMDb 7.1 တောင်ရရှိထားပြီး Amazon လိုမျိုး Streaming Service ကနေတင်ဆက်ပေးထားတာမို့ ဇာတ်လမ်းဇာတ်အိမ်သဘာဝကျပြီး ကြည့်ကောင်းတဲ့ စီးရီးလေးတစ်ခုပါပဲဒေါက်တာဗီဒူရှီဟာ သားဖွားမီးယပ်ဆရာဝန်တစ်ယောက်ပါ ဆေးခန်းလေးတစ်ခုလဲ ဖွင့်ထားပါတယ် သူ့ဆေးခန်းက လူနာတွေများချက်က လူနာတွေတန်းစီရတာ ရုရှားကနေပါလာပြတဲ့ထိကို ကမ္ဘာကျော်ပါတယ်တဲ့ အမှန်ကတော့ ဒါ ဒေါက်တာဗီဒူရှီရဲ့ နေ့ခင်းဆေးခန်းမှာ လူမရှိလို့ အိပ်ငိုက်ရင်း ရုရှားတွေပါ လူနာအဖြစ်လာပြတယ်လို့ ထည့်မက်ပစ်တာပါအဲဒီလိုမျိုး အတွေ့အကြုံများပြား အလွန်တော်တဲ့ ဒေါက်တာဗီဒူရှီလေးလိုချင်တာက ကလေးတစ်ယောက်လောက် မွေး‌ပေးချင်တာပါပဲ တစ်နေ့မှာတော့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ဆွာရာကဗိုက်ကြီးပါတော့တယ် သူငယ်ချင်းတွေရော အားလုံးက ဒီဗိုက်ကို ဆွာရာအနေနဲ့ အချစ်ဆုံးသားဖွားမီးယပ်အထူးကုကြီး ဒေါက်တာဗီဒူရှီဆီမှာပဲ ဗိုက်အပ်မယ်ထင်ခဲ့ပေမဲ့ ဆွာရာကတော့ စိတ်ချယုံကြည်စွာပဲ မအပ်ခဲ့ပါဘူး အဲဒါကို ဗီဒူရှီတစ်ယောက်သိပြီး စိတ်ထိခိုက်သွားကာ ဘာတွေဆက်ဖြစ်လာမလဲ ဒေါက်တာဗီဒူရှီတစ်ယောက် အောင်မြင်တဲ့ သားဖွားဆရာဝန်တစ်ယောက်ဖြစ်လာမှာလား စသည်ဖြင့် ဟာသလေးလည်းပါ ဒရာမာလေးနဲ့အတူ ...
5.5
TMDb: 5.5/10 3 votes
tv

Who’s Your Gynac (2023)

2023
Aspirants (2023) Season 2 7.446
Aspirants (2023) Season 2 Aspirants Season 2(2023) (သို့) ဇွဲဆုရှင်IMDb-9.2/10အရာရှိဖြစ်ဖို့ UPSC စာမေးပွဲဝင်ဖြေခဲ့ရတဲ့ အဘီလာ့ရှ့်ရဲ့ အခက်အခဲအ‌ဖုံဖုံအကြောင်း ၂၀၂၁ Season 1 မှာ ကြည့်ရှူခဲ့ပြီးတဲ့ CM ပရိသတ်ကြီးအတွက် Season 2 ထပ်မံထွက်ရှိလာပါပြီဒီမှာတော့ အဘီလာ့ရှ်တစ်ယောက်ဟာ သိပ်လိုချင်ခဲ့တဲ့ အရာရှိရာထူးနေရာကိုရရှိသွားခဲ့ပါပြီ ဒါပေမဲ့ မကုန်မခန်းနိုင် ပိုမိုခက်ခဲတဲ့ ဘဝအရည်အချင်းစစ်စာမေးပွဲကြီးနဲ့ တစ်ခါနဖူးတွေ့ဒူးတွေ့ကြုံရပြန်‌ပါတော့တယ်အတူတူခင်မင်ကြီးပြင်းလာပြီး ဘဝအတွက် ကိုယ့်လမ်းကိုယ်ရွေးချယ်ခဲ့ကြတဲ့ SK ဂူရီနဲ့ အဘီလာ့ရှ်တို့ သုံးယောက်သားရဲ့ လုပ်ငန်းချင်းနီးစပ်ရာက ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေ ၊ ဌာနအတွင်း ခက်ခဲအားပြိုင်ပြင်းထန်မှုတွေ ၊ တာဝန်ကျေအောင်ဆောင်ရွက်ရင်းက ကြုံတွေ့လာရတဲ့ ဘေးပတ်ဝန်းကျင်က စိတ်ရှုပ်စရာတွေ ၊ ဖိအားမျိုးစုံရဲ့ ဒဏ်တွေဟာ သူခက်ခက်ခဲခဲဖြေဆိုခဲ့ရတဲ့စာမေးပွဲထက် ခက်ခဲနေချိန်မှာတော့...ဒီအခက်အခဲတွေ ဘယ်လိုကျော်လွှားပြသွားမလဲ ခံစားကြည့်ပါဦး( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ...
7.446
TMDb: 7.446/10 28 votes
tv

Aspirants (2023) Season 2

2023
Hostel Days (2023)
Hostel Days (2023) Hostel Days(TV Series)(2023) IMDb-8.1/10အင်ယာကျောင်းတော်ကြီးကို အလွမ်းသယ်ဖို့နောက်ထပ်စီးရီးအသစ်လေးတခုလာပါပြီ။ ဒီလိုဇာတ်လမ်းတွေကြည့်ရင် တချိန်ကတက္ကသိုလ်ကိုသတိရမိတာအမှန်ပဲ။ကျောင်းတက်ဘဲလ်မြည်တဲ့အသံလေးရယ် ဘဲလ်ပျက်နေရင် ကျောင်းတက်ရမှာမသိတာလိုလို ယောင်လည်လည်နဲ့ အတန်းနောက်ကျခဲ့တာတွေ။ ရိုးကောလ်မပြည့်လို့ မိသားစုဆရာမနောက် တကောက်ကောက်လိုက်ပြီး အပူကပ်ရတာတွေ။ သူငယ်ချင်းနှစ်ယောက်စကားများပြီး ကျောင်းနားကလယ်ကွင်းထဲ ဆိုင်ကယ်တစီးတည်းစီးသွား မောနေအောင်နပမ်းလုံးပြီး အတူတူကျောင်းကိုပြန်လာခဲ့ကြတာတွေ။တညလုံးမအိပ်ဘဲ မိန်းကလေးဆောင်တွေဂစ်တာလိုက်တီးပြီး အလင်းဆိုင်လေးမှာထမင်းဆီဆမ်းနဲ့ကြက်ဥခေါက်ကြော်စားခဲ့တာတွေ။ တညအိပ်နှစ်ရက်ဖဲထိုင်ရိုက်ခဲ့တာတွေ။ စနေ၊တနင်္ဂနွေ နှစ်ရက်လုံး ထန်းရည်ဆိုင်ကမပြန်ခဲ့တာတွေ။ အဲဒီလို စတာတွေက အဆောင်နေကျောင်းသားတွေအတွက်တော့ ပြန်တမ်းတအောက်မေ့မိတဲ့အတိတ်ကပုံရိပ်တွေပေါ့။ ကြည့်နေရင်း ကြည့်နေရင်း ငါတို့တုန်းကလည်း ဒါမျိုးတွေလုပ်ခဲ့တာလေဆိုတဲ့ဇာတ်ဝင်ခန်းတွေနဲ့။ဗရုတ်တကောင်ပါမယ်။စာကြမ်းပိုးတကောင်ပါမယ်။ဖွန်ကြောင်တဲ့တကောင်ရှိမယ်။နှစ်ဆွေးအရက်သမားကြီးတကောင်ပါမယ်။ ဒါဆိုကျောင်းသားကားတစ်ကားအတွက်က ပြည့်စုံနေပါပြီ။တစ်ခန်းကို လူနှစ်ယောက်ပဲနေရပေမယ့် အခန်းနံပါတ် ၂၀၉မှာ ယာဒါ့ဗ်၊ချီတာ၊စိုင်းဆိုတဲ့ ဒီသုံးယောက်ကဘာလို့အတူနေရတာလဲဆိုတာကအစ၊ သုံယောက်ပေါင်းပြီး ဘယ်လိုတွေဗရုတ်ကျကြမလဲ၊အမေဖြစ်သူရဲ့ချုပ်ချယ်မှုအောက်ကနေ လွတ်မြောက်လာဖို့အတွက် အင်ဂျင်နီယာကျောင်းတော်ကြီးကို လာတက်တဲ့ကာဗယာတယောက် သူလိုချင်တဲ့လွပ်လပ်မှုတွေရမှာလား။ သေးသေးမွှားမွှားကိစ္စလေးကအစ အဖေဖြစ်သူနဲ့တိုင်ပင်တတ်တဲ့ ရီသီကာတစ်ယောက်ကရော သမီးအလိမ္မာလေးအဖြစ်နဲ့ဆက်ရှိနေမှာလားဆိုတာ။ အပိုင်းငါးပိုင်းပဲပါတဲ့ ဒီစီးရီးလေးကိုကြည့်ရင်း ကျောင်းသားဘ၀ကိုပြန်လည်အောက်မေ့လိုက်ကြတာပေါ့။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~Moon~Yunni~BpLတို့ပဲဖြစ်ပါတယ်)File Size – 500MB / 250MBQuality – 1080p / 720pDuration – 33minsTotal Episodes: 5EpsSubtitle – Myanmar HardsubFormat – Mp4Genre : ...

Hostel Days (2023)

2023