ဒီတခေါက်တင်ဆက်ပေးမယ့် စီးရီးကတော့ ဘောလိဝုဒ်ပရိသတ်တို့အကြိုက် အက်ရှင်ဇာတ်ကြမ်းပဲဖြစ်ပြီး
၇ပိုင်းနဲ့ netflix ကနေ တင်ဆက်ပေးထားပါတယ်…
ရိတ်တင်မှာဆိုရင်လဲ 6.8/10ကို voting users 12kကပေးထားတာဖြစ်ပြီး
ဘောလိဝုဒ်နာမည်ကြီးမင်းသားတဦးဖြစ်တဲ့ အင်မရန်းဟရှ်မီက ခေါင်းဆောင်းမင်းသားအဖြစ်
ပါဝင်ထားပြီး Night Manager စီးရီးတည်းက အတော်လန်းတဲ့မင်းသမီးဆိုဘီသာကပါ ပါဝင်အားဖြည့်ထားတာကြောင့်
တပိုင်းပြီးတပိုင်း ဆက်ကြည့်ချင်မယ့်စီးရီးမျိုးဆိုလဲ မမှားပါဘူး…
အညွှန်း
——-
အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ အေးဂျင့်ဗစ်ကရမ်နဲ့ အဘီရ်နှစ်ဦးသားဟာ
ဘာလိုချီစတန်မြို့ကို မစ်ရှင်တခုရှိတာကြောင့် သွားရင်း မထင်မှတ်ထားပဲ
လမ်းမှာ တိုက်ခိုက်မှုနဲ့ကြုံတွေ့ခဲ့ရပါတယ်…
ကြိုတင်ပြင်ဆင်မထားပဲ တိုက်ခိုက်ရတာကြောင့် အဘီရ်ကိုဆုံးရှုံးလိုက်ရပြီး
ဌာနချုပ်ကလဲ မသေတဲ့ ဗစ်ကရမ်ကို ရာထူးဖြုတ်ချ ကြိုးစားခဲ့သမျှကို အသိအမှတ်တောင်မပြုပဲ
အေဂျင်စီကနေ ထုတ်လိုက်တဲ့အခါ….
သူငယ်ချင်းဖြစ်သူကိုလဲ ဆုံးရှုံးရ ရာထူးလဲဖြုတ်ချခဲ့ရတဲ့
ဗစ်ကရမ်ဟာ စိတ်ထိခိုက်ပြီး ကျောင်းဆရာအဖြစ်နဲ့ အသက်မွေးရင်း
အတိတ်ကဒဏ်ရာတွေကို ကုစားနေတုန်း သူ့ရဲ့ဆရာဟောင်းဆာဒစ်
ရောက်လာပြီး မစ်ရှင်တခုကို ဆောင်ရွက်ပေးဖို့ တောင်းဆိုလာတဲ့အခါ
ဒီမစ်ရှင်ကရော ဘာများလဲ …..သူ့သူငယ်ချင်းသေဆုံးမှုကရော
သွေးရိုးသားရိုးဟုတ်ရဲ့လား…စတဲ့ စိတ်ဝင်စားဖွယ်မေးခွန်းတွေနဲ့
တပိုင်းပြီးတပိုင်း ဆက်လက်ဆွဲခေါ်သွားမယ့် စီးရီးကောင်းတခုပဲဖြစ်ပါတယ်
Quality : 1080p WEB DL / 720p
Total Episodes : 7Eps
Format : mp4
Genres : Action & Adventure, Drama
Duration : 47mins
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Bollywood Team
Encoded by YK
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။