Channel Myanmar

Captains of the World (2023)

Captains of the World

1 Seasons 6 Episodes
Ended

Captains of the World (2023)

8.8
TMDb: 8.8/10 42 votes

General information

Original nameCaptains of the World

Backdrops

Captains of the World (2023)
Captains of the World (2023)
Captains of the World (2023)
Captains of the World (2023)

Synopsis of Captains of the World (2023)

Captains of the World (2023) A Netflix Mini Series

 

~ IMDb – 8.4/10, Rotten Tomatoes – 97% ~

 

ကမ္ဘာ့ဖလား… ကမ္ဘာရဲ့ ဖလား…

ကမ္ဘာပေါ်က တိုက်ကြီး ၇ တိုက် နိုင်ငံပေါင်းရာနဲ့ချီကြားက ကမ္ဘာ့အကောင်းဆုံး နိုင်ငံအသင်းတစ်ခုတည်းကပဲ ရနိုင်မယ့်ဖလား…

 

တချို့တွေအိပ်မက်မက်ခဲ့ကြတယ်။ တချို့တွေ အိပ်မက်ကို အကောင်အထည်ဖော်ခဲ့ကြတယ်။ ခေတ်တိုင်းရဲ့ အခမ်းနားဆုံးကစားသမားတွေဟာ သူတို့ရဲ့ ခမ်းနားမှုကို သကာဆင့်ဖို့ ဒါမှမဟုတ် သက်သေတည်ဖို့ ဒီရွှေသားကို တမ်းတခဲ့ကြတယ်။ ၄ နှစ် တစ်ကြိမ်… အခွင့်အရေးဆိုတာ လူတစ်ယောက်အတွက် ၅ ခါထက်ပိုမလာနိုင်ဘူး…အခမ်းနားဆုံးပါဆိုတဲ့ ကစားသမားတွေအတွက်ဆိုရင်တောင်ပေါ့။ ကမ္ဘာ့ဖလားဆိုတာ အမှားအယွင်းတွေဖြစ်သွားဖို့ အလွယ်ကူဆုံးပြိုင်ပွဲပဲ။ ထပ်မံကြိုးစားခွင့်ကို ဘုရားသခင်ဆီမှာတောင် တောင်းခံလို့မရ။ ကြားထဲက အချိန် ၄ နှစ်မှာ ရင်ထဲ မီးကိုမွေးပြီး ပြိုင်ပွဲစတဲ့အချိန် အစွမ်းကုန်လောင်ကျွမ်းပြဖို့ပဲ ရှိမယ်။ ကမ္ဘာ့ဖလားရဲ့ ထူးခြားချက်က အဲဒါပဲ။ အစွမ်းကုန်လောင်ကျွမ်းပြတဲ့ ကစားသမားတွေကို မြင်ရမယ်။ အစွမ်းကုန် ‌မီးတင်ပေးတဲ့ ပရိသတ်တွေကို မြင်ရမယ်။ အစွမ်းကုန် တွေအားလုံးကို ဟင်းလေးအိုးကြီးတဲ့ရောထည့်လိုက်တဲ့အခါ အစွမ်းကုန် ခမ်းနားတဲ့ ပြိုင်ပွဲကြီးကိုရလိမ့်မယ်။

 

ကမ္ဘာ့ဖလားကို အရှိန်အဝါအရှိဆုံး ဖလားတစ်လုံးလို့ သတ်မှတ်ဖို့ အကြောင်းအရာတွေအများကြီးရှိတယ်။ ရာဇဝင်လား… စိတ်လှုပ်ရှားမှုလား… သမိုင်းကြောင်းလား… ဒရာမာတွေလား… ဘယ်ရှုထောင့်ကကြည့်ကြည့် ကမ္ဘာ့ဖလားဆိုတာ ဘောလုံးဘာသာရေးမှာ ယေရှုရဲ့ သောက်ရေခွက်တော်အလားပဲ။ ထိုသောက်ရေခွက်တော်ကို ထိုက်သူသာ တွေ့အံ့။ ထိုက်သူသာ ပင့်ဆောင်နိုင်အံ့။ အမည်မသိကျိန်စာအောက် အခမ်းနားဆုံးဆိုတဲ့ ကစားသမားတွေ ငိုကြွေးခဲ့ရဖူးတယ်။

 

၂၀၂၂ ကာတာ ကမ္ဘာ့ဖလားကတော့ ပိုလို့တောင် ဒရာမာတွေ များခဲ့တယ်။ ဆော်ဒီကို အာဂျင်တီးနားက ရှုံးသတဲ့လား။ မော်ရိုကိုသားတွေ ဆာဟာရကို ကာတာအထိ ယူဆောင်လာကြ။ ဆာမူရိုင်းတွေရဲ့ ဘူရှီဒိုလမ်းစဉ်က ပြန်လာခြင်းလမ်းတွေကိုဖောက်ခဲ့။ ပြင်သစ်မှာ တစ်ကိုယ်ရည်ပျံသန်းတဲ့ ငှက်တစ်ကောင်။ ဆမ်ဘာတေးသံတွေ ထင်သလောက် အသံမကျယ်ခဲ့ခြင်းများ။ ပေါ်တူဂီအင်ပါယာသမိုင်း တကျော့ပြန်လည်ခြင်း။ ဒက်ကလန်ရိုက်စ် မသုံးလိုက်ရတဲ့ ကမ္ဘာ့ဖလားထည့်ဖို့အိတ်…

 

အဲဒါတွေအပြင် ကျွန်တော်တို့ ငယ်ငယ်က ကြည့်လာခဲ့ရတဲ့ ဘောလုံးခေတ်တစ်ခုက ကစားသမားအများစုရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်နေခြင်းကလည်း ဒီပြိုင်ပွဲကို အရောင်တင်ပေးခဲ့တယ်။ ခေတ်တစ်ခုရဲ့အဆုံးမှာ ခေတ်သစ်တစ်ခုကို စောင်းပါးရိပ်ချည် မြင်ခဲ့ရတယ်။ ကမ္ဘာ့ဖလားရဲ့ ဖိအားဟာ သိပ်ကြောက်ဖို့ကောင်းတယ်။ စိန်ဟာ သိပ်ကြီးမားတဲ့ဖိအားအောက်မှာမှ ဖြစ်ထွန်းတယ်။ ကမ္ဘာ့ဖလားဖိအားကလည်း အကြံ့ခိုင်ဆုံး စစ်သည်တွေကို သွန်းလုပ်ပေးတယ်။ ဒါပေမဲ့ အရေးအပါဆုံးက ဘယ်သူတွေလဲ။ အရေးအပါဆုံးဆိုတာထက် အရာအားလုံးကို ဦးဆောင်တဲ့သူ၊ ခေါင်းခံတဲ့သူ၊ ကိုယ်စားပြုထားတဲ့သူတွေက ဘယ်သူတွေလဲ။ သူတို့ကိုတော့ အသင်းခေါင်းဆောင် ကပ္ပတိန်တွေလို့ ခေါ်ပါတယ်။ ကပ္ပတိန်တွေရဲ့ အခန်းကဏ္ဍဟာ ကစားသမားတွေရဲ့ကွင်းတွင်းကွင်းပြင် စိတ်ပိုင်းဆိုင်ရာ‌အတွက် သိပ်ကိုအရေးပါတယ်။ ကစားသမားတစ်ယောက်က တစ်ရာဖိုးလောက် စိတ်ဓာတ်ကြံ့ခိုင်ရရင် ကပ္ပတိန်တစ်ယောက်က တစ်သောင်းဖိုးလောက် ကြံ့ခိုင်နေမှ တော်ကာကျပါလိမ့်မယ်။ ကပ္ပတိန်ဆိုတာ အဲဒီလို စိတ်ဓာတ်မျိုးနဲ့ ကစားသမားတွေပါ။

 

ဒီ စီးရီးမှာတော့ ကိုယ့်အသင်းကို ကမ္ဘာ့ဖလားဆီဦးဆောင်ခဲ့တဲ့ ကပ္ပတိန်တွေအကြောင်းနဲ့ ကမ္ဘာ့ဖလားရဲ့ အဝတ်လဲခန်း ဒရာမာတွေကို ရိုက်ကူးပြထားတယ်။ ခုနောက်ပိုင်း နက်ဖလစ်ရဲ့ အားကစား ဒိုကူမန်တရီတွေရဲ့ ကွာလတီက အတော်‌ကိုကောင်းလာတာ မြင်ပြီးသားဖြစ်မှာပါ။ Commentary ကိုလည်း တကယ့်ပွဲသံကိုသုံးထားတာကြောင့် တခြားလူမဟုတ်တဲ့ Peter Drury ရဲ့အသံနဲ့ ကမ္ဘာ့ဖလားပွဲတွေကို ပြန်လည်ခံစားရမှာပါ။ ကမ္ဘာ့ဖလားအပြီး ၁ နှစ် အကြာမှာ ထုတ်ခဲ့တာဆိုတော့ ကမ္ဘာ့ဖလားအလွမ်းပြေအဖြစ်‌ကော… အခမ်းနားဆုံးကစားသမားတွေရဲ့ နောက်ဆုံးကခုန်ခြင်းအဖြစ်ပါ ကြည့်ရှုဖို့အတွက် အတော်ကောင်းတဲ့ ဒိုကူမန်ထရီတစ်ခုပါပဲ။

 

(ဒီဒိုကူစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ Min Thant Bo ပဲဖြစ်ပါတယ်။)

Size ~ 950MB+
Total – 6 Episodes
Quality – 1080p
Duration ~ 45min+ (@Episode)
Subtitle – Myanmar Hardsub
Format – Mp4
Genre : Documentary, Sport
Source : NF.Web-dl.1080p
Translator – Min Thant Bo
Encoder – Y


Zip File Download (Yoteshin)

Ep 01 to 03 / Ep 04 to 06

 

Episode 1 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid

 

Episode 2 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid

 

Episode 3 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid

 

Episode 4 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid

 

Episode 5 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid

 

Episode 6 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid


 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Airs On
Release Year
Firt air date
Last air date2023-12-30
TypeDocumentary
Episode runtime47 min
Popularity62.44
TV StatusEnded

Seasons and episodes

No data available


Videos

Comments